ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း - ၃၃
(Unicode)
"ငယ့် ကိုကြီးပျင်းတယ် အပြင်သွားမယ်လေနော်"
"ဒီနေ့လေးပဲ ကိုကြီးကနားတာလေ အိမ်မှာပဲနေပါ"
"လိုက်ခဲ့ပါငယ်ရယ်နော် နော်လို့..အပြင်သွားကြမယ်လေ"
လူကိုလက်မောင်းမှလာဖက်၍ ချွဲနေသည်က ကိုကြီးဖြစ်လေသည်။
"ပြီးရော လူကြီးဖြစ်ပြီးအရမ်းချွဲတာပဲခဏစောင့်အုံး အင်းကျီလဲမလို့"
"Ok ဗျာ"
ခွန်းလှေခါးဘက်ကြည့်မိတော့ အဝါရောင်ဂါဝန်လေးက လွင့်၍ ခွန်းသိပ်ချစ်ရသည့်ခလေးငယ်လေးနှင့် သိပ်လိုက်ဖက်လွန်းနေသည်။ ဖြူဖြူဖွေးဖွေးအသားရောင်လေးနှင့်ဂါဝန်အဝါလေးနှင့်က ဟပ်၍နေလေသည်။ ငယ်ကဒါကြောင့်အဝါရောင်ကြိုက်တာနေမှာ။
"တော်ရုံကြည့်ပါနော် ကိုကြီးကလဲ"
"ငယ် အရမ်းလှနေတယ်"
"ဟီး ဟုတ်လားအန်တီမေဝယ်ပေးထားတဲ့အင်းကျီလေးလေ"
"ကိုကြီးက လူကိုပြောတာလေ"
"တော်ပါနော်"
"လာပါအုံးမွှေးလားလို့"
ငယ့်လက်လေးကိုဆွဲ၍ ရင်ခွင်ထဲ ငယ့်ခန္ဓာကိုယ်လေးထည့်လိုက်တော့ နွေးခနဲအခိုက်တန့်လေးမှာ ရလိုက်တဲ့ ကိုယ်သင်းနံ့သင်းသင်းလေးက ခွန်းအတွက်နှစ်လိုဖွယ်ရာအတိ။
"ကိုကြီးလွှတ်ပါ တစ်ယောက်ယောက်ကြည့်နေသလိုပဲ"
ခွန်းဘေးကိုကြည့်မိတော့မည်သူမှမရှိပေ။
"ဘယ်သူမှမရှိပါဘူးငယ်ရဲ့"
"ဟင် ဖြူငယ့်ကိုတစ်ယောက်ယောက်ကြည့်နေတယ်ထင်တာ"
"ကိုကြီးနေမှာပေါ့ "
"ထားလိုက်တော့ သွားမယ်လေလာ "
ပျင်းသည်ဆိုပြီးခေါ်လာသည်က ကော်ဖီဆိုင်တစ်ခုဖြစ်နေသည်။ လှပသေသပ်သည့်အ ပြင်ဆင်ကြောင့် မျက်စိအေးနေသည်ထက် တိတ်ဆိတ်လှသည်ကြောင့် ဖြူငယ်အတွက်အဆင်ပြေလှသည်။ ကိုကြီးနှင့်အေးအေးလူလူထိုင်နေ၍ ဖြူငယ်ကတော့အအေးသောက်ကာ ကိုကြီးက Coffee သောက်လေသည်။
"ငယ် ဒီနေရာလေးကြိုက်လား"
"အွန်း မဆိုးဘူးနော် အေးချမ်းတယ်"
"ဟိုမှာတွေ့လား stage..."
"အင်း"
"ဆိုချင်တဲ့လူ တတ်ဆိုလို့ရတယ် ကိုကြီီီးဆိုရမလားငယ့်အတွက်"
"ဟင့်အင်း အခြားလူတွေကြားကုန်မှာပေါ့
ဖြူငယ့်တစ်ယောက်ထဲအတွက်ပဲဆိုပြရမှာ အဲ့လိုကြီးတက်မဆိုရပါဘူး"
"ဟား.. ငယ်ကသဝန်တိုနေတာပဲ"
"မသိဘူး မဆိုရဘူးပဲ "
"ဟုတ်ကဲ့ပါဗျာ "
ကိတ်မုန့်စားနေသည့်ဖြူငယ် အပေါက်ဝဘက်ကိုကြည့်လိုက်မှထသီးတော့သည်။
"ဖူး.. အဟွတ် အဟွတ် .."
"ငယ့် ဖြေးဖြေးစားလေကွာ"
"ကိုကြီး ဟိုမှာ အဟွတ်.."
"ဘယ်မှာလဲငယ်ရဲ့"
ခွန်းလှည့်ကြည့်လိုက်တော့ မမြင်ချင်သည့်မျက်ခွက်များဖြစ်သည်။
"တွေ့ရတာဝမ်းသာပါတယ်ဗျ"
"မင်းမေကြီးတော်ကိုဝမ်းသာရမှာလား"
"အဲ့လိုနော် မင်းက"
"မင်းတို့က ဘာလာလုပ်တာလဲ နေရာတကာရှုပ်နေတာပဲ"
"ဒီဆိုင်လေးကောင်းတယ်ဆိုလို့လာတာ လဒရဲ့ "
"ဖြူငယ် ကြိုဆိုတယ်မို့လားအကိုတို့ကို "
"ဟမ်း ရောက်လာပြီပဲ လာပါကြိုဆိုပါတယ်"
"တွေ့လား မင်းပဲ မိစ္ဆာဖြစ်နေတာ "
ဘုန်းသစ်က ပြောရင်းငယ့်ဘေးဝင်ထိုင်မည်လုပ်နေလေသည်။
"ငယ့်အနားမထိုင်နဲ့ ငါထိုင်မှာ"
"ဖြစ်နေလိုက်တာအတွဲတွေများ လာကြွခဲ့"
ငယ်နဲ့နှစ်ယောက်ထဲနေချင်လို့ လာပါတယ်ဆိုမှ လဒသုံးကောင်က ဘယ်ကအနံ့ရမှန်းမသိ ရောက်လာကြသည်လေ။ တောက်.. ဒီကောင်တွေနဲ့အလှူအတူလုပ်ခဲ့တာတွေမှားပြီထင်တယ် သွားလေရာနေရာကိုရေစက်ဆုံနေတော့တာပဲဟူး..။
"ဟေ့ကောင်မဆိုးဘူးနော် အဲ့ကောင်လေးဆိုတာမိုက်တယ်"
ဖြူငယ်လဲသီးချင်းလေးကြိုက်ပါသည်။ အသံလေးလဲကောင်းသည်မို့ ဖြူငယ်လဲလှည့်ကြည့်မိသည်။
"ဟယ်တော့ ဟိုကောင်လေး"
"ဟင်း ဟင်း သိနေတယ်နော် သိနေတယ်"
အံကြီးကျိတ်လို့ပြောလာလေသည်။
"မင်းက ဘာသိတာလဲခွန်း အရင်းမရှိအရင်းမရှိနဲ့"
"အဖျားတော့လုပ်လိုက်"
"ငါက မြန်မာစကားသိပ် မကျွမ်းဘူးခွင့်လွှတ်..."
"ပြောစမ်းပါဘယ်သူလဲ"
"ငယ့်ကိုကြောင်နေတဲ့ကောင်..."
"ဟ မဆိုးပါဘူးဟ မင်းပြိုင်ဘက်က "
"သေလိုက်လေ ဘာပြိုင်ဘက်လဲ "
"ဘာလို့ဖြူငယ့်ကိုကြောင်တဲ့လူရမှာလဲ ဖြူငယ်ဖြင့်သူ့အကြောင်း သိတောင်မသိဘူး..."
"ငယ်ကမသိပေမယ့် ဟိုမှာကြည့် ဘယ်ကိုကြည့်နေလဲဆိုတာ"
"ဟမ် အဲ့တာ ကိုကြီးကိုကြည့်တာလဲဖြစ်ရင်လဲဖြစ်မှာပေါ့"
ခွန်းတို့မှာကိုယ့်လူနဲ့ကိုယ် များလွန်း၍ စကားတွေဟိုရောက်ဒီရောက်မို့ သီချင်းဆိုနေသည်ကိုဂရုမစိုက်မိပေမယ့် အခုကြည့်မိမှ ဟိုသေနာလေးက မမသီချင်းတွေ တတ်ဆိုနေခြင်းဖြစ်သည်။ ဒီလိုအသက်မပြည့်ကောင်လေးကများ ငယ့်ကိုလာကြူးနေလိုက်သေးတယ် ခြေထောက်ဆွဲပြီးကိုင်ပေါက်လိုက်ရင်လဲ ကမ္ဘာအပြင်ဘက်ရောက်သွားအုံးမယ်။
ကိုကြီးပြောမှကြည့်မိတော့ တဂယ်ကြီးဖြူငယ့်ကိုကြည့်ပြီးဆိုနေသည်လေ ဖြူငယ့်ဘက်က ကိုကြီးနှင့်ကွယ်နေသည်မို့တော်သေး ခုံလေး ကိုကြီးဘက်တိုး၍ ပုန်းပြီး Cake ပြန်စားနေလိုက်သည်။ ဖြူငယ်ကိုကြည့်လို့ခဏအနေကြပ်ရုံလေးပဲ ကျန်တာဘာမှမဖြစ်ဘူးလေဖြူငယ်က။
"ပူမနေနဲ့ မင်းဟာလေးက အစားတစ်လိုင်း"
"အင်း အဲ့လိုဘာမှမသိလို့ပူနေရတာငါ့မှာ"
ခွန်းတို့ပြောနေသည်ကိုဂရုမစိုက်ပဲ မှာထားသမျှ Cake အကုန်စားနေပြီး တစ်ယောက်ထဲအေးချမ်းရာရနေသည့်ငယ်က အပူပင်မရှိဖြစ်လေသည်။ ဟိုသေနာလေးက ခွန်းကိုတောင်ဂရုစိုက်သည်မဟုတ် စတွေ့ထဲက ဂျစ်ကန်ကန်မို့ စိတ်ချလို့ကမရပေ။
"ကျွန်တော်ဒီသီချင်းကို ဟိုထောင့်ဝိုင်က မမအတွက်ရည်ညွှန်းတာမို့ လက်ခုပ်လေး..."
ဟိုလဒသုံးကောင်က လက်ခုပ်တီးလျှက် အံ့ဩတဲ့မျက်နှာဘေးနဲ့ငယ့်ကိုကြည့်နေကြသည်လေ ငယ်ကတော့ဘာမှမသိ သူများလက်ခုပ်တီးလို့လိုက်တီးနေပြီလေအခုလဲ။
"မမ "
"ဟမ်"
"မင်းက ဘာလာလုပ်တာလဲ"
"ဘဲကြီး ပါစပ်ပိတ်ထားစမ်းပါ"
"ဘာကွ!..."
"ဟုတ်တယ်လေ မမနဲ့စကားပြောမလို့"
"ပြောလို့မရဘူး ငယ့် လာပြန်မယ် "
"အွန်း "
"မမကလဲ ခဏလေးနေပါအုံး အစောနသီချင်းကြိုက်လား"
"မသိဘူး ကိုကြီးပြန်မယ်ဆို"
ငယ့်ဘေးလာထိုင်နေ၍ ပြန်မည်အလုပ်ကာ ငယ့်လက်ဆွဲ၍ ထွက်လာသည်ကို လက်လိုက်ဆွဲသည့် ထိုသေနာလေးကြောင့် ခွန်းတို့ရပ်တန့်သွားရတော့သည်။
"ဟေ့ကောင် ငါ့လက်ကိုလွှတ်စမ်း..."
"ဘဲကြီးလဲ မမလက်ကိုလွှတ်လေ "
"ငါ့ငယ်ရဲ့လက်ကိုဆွဲတာ ဘာဖြစ်လဲ "
"ကျွန်တော်လဲ ဘဲကြီးလက် ဆွဲတာဘာဖြစ်လဲ"
"ငါရိုက်လိုက်လို့ ထမင်းမစားနိုင်ဘဲ ဆန်ပြုတ်တစ်လလောက်သောင်နေရမယ် မင်းတော့..."
"ဘဲကြီးကလဲစိတ်ပဲ လွှတ်ပြီ လွှတ်ပြီ
မမနောက်နေ့တွေ့မယ်နော် ..."
ငယ့်လက်ကိုဆွဲ၍ ဆိုင်ထဲမှဒေါသတစ်ကြီးထွက်လာခဲ့သည့်ခွန်းမှာ ချွေးတွေတောင်ပျံလာရတော့သည်။
ဖြူငယ်ထင်မိပါရဲ့ မသိရင် ဟိုကောင်လေးက ဖြူငယ့်နောက်လိုက်နေတာနဲ့မတူဘဲ ကိုကြီးနောက်လိုက်နေသလိုနှင့် ဖြူငယ့်မှာ Third wheel လိုလို ရယ်လဲရယ်ချင်မိသည်။ ကိုကြီးက Daddy type ဟိုကောင်လေးက cute type လေးရုတ်တရက်တွေးမိလိုက်သည်က ဟင်းဟင်း ...
"ငယ့် ဘာရယ်နေတာလဲ ကိုကြီကစိတ်တိုနေတာလေ"
"ဟီး ဘာမှမဟုတ်ဘူး "
"အဲ့သေနာလေးဆွဲလိုက်တာငယ့်လက်ဆိုရင် ကိုကြီး အဲ့နေရာမှာဆွဲထိုးပစ်မှာအဲ့ကောင်ကို"
"ကိုကြီးကလဲ ဟိုက ခလေးပဲရှိသေးတာကို"
"ဘာ ..ခလေးဟုတ်လား..."
"အင်းလေ ဖြူငယ့်ထက်ငယ်တာကို"
"ငယ့်ကိုဟိုက လိုက်ကြံနေတာလေ"
"ကြံပါစေပေါ့ ဖြူငယ့်ဘေးမှာ ဒီလောက်ပြီးပြည့်စုံတဲ့ ကိုကြီးရှိတယ်လေ "
"အွန်း ဟုတ်သားပဲနော့ "
ကိုကြီးမျက်နှာကြီးက ပြုံးလာလေသည်။
"အဲ့တာပြောတာလေ ဒါနဲ့ဟိုသုံးယောက်ရော"
"သေသွားပြီနေမှာပေါ့ အစောထဲက ထိုင်ကြည့်နေကြတာလေ ထမလာဘူး"
"ဟီး ကြောက်လို့နေမှာကိုကြီးကို ပြန်မယ်လာ"
အိမ်ပြန်ရောက်တော့ ဖြူငယ်ခေါင်းကိုက်သည်နှင့် ခေါင်းတမင်လျှော်လိုက်သည်။ အဲ့လိုအရွဲ့လေးတွေလုပ်ပေးမှ ရောဂါကပျောက်တာမလို့ တမင်ကိုလျှော်လိုက်ခြင်းဖြစ်သည်။
"ကိုကြီးရေ ကိုကြီး..."
"ငယ့် ကိုကြီးစာဖက်ခန်းထဲမှာ"
"ဖြူငယ့်ကို တစ်ခုကူပါအုံး "
"လာပါပြီဗျာ"
ခွန်းစာဖက်ခန်းမှထွက်လာတော့ ဆံပင်ရေအစိုတွေနှင့်ငယ့်ကိုတွေ့လိုက်ရတော့သည်။
"ငယ့် ခေါင်းလျှော်လာတာလား"
"ဟုတ်တယ် ခေါင်းကိုက်လို့"
"ဟာကွာ အဲ့လိုမလုပ်ရဘူးလေ "
"Dryer မှုတ်ပေးနော် ဖြူငယ်လက်ညောင်းလို့"
"ပြောစကားနားမထောင်ဘူးပေါ့ငယ်က"
"ကိုကြီးကလဲ လုပ်ပြီးသွားပြီကိုမပြောနဲ့တော့နော် အိပ်ချင်နေပြီဖြူငယ်က"
ငေါက်လဲမငေါက်ရက်သည်မို့ ခွန်းကသာအလျှော့ပေးရပြန်သည်။
"အင်း ခဏလေးပဲနော် ပြီးမှအိပ်"
"ဟုတ်"
ခေါင်းခြောက်ရင်အိပ်မယ်ပြောပြီး အခုတော့ခွန်းရင်ခွင်ထဲဝင်၍ ခွန်းဆွဲထားသည့်ပုံတွေလိုက်ကြည့်နေလေသည်။
"ကိုကြီးက တော်တယ်နော် ဖြူငယ်က ပုံဆွဲမတော်ဘူး"
"ငယ်ထင်လို့ပါ ကိုကြီးကမတော်ပါဘူးကွ
ငယ် ဘာလုပ်ရတာကြိုက်လဲ ဘာလုပ်ချင်လဲ ဝါသနာရော ဘာပါလဲ ပြောပြပါအုံး..."
"အင်း ဖြူငယ်အရင်က ဆရာဝန်မကြီးဖြစ်ချင်တာ နောက်ပိုင်းဖေကြီးမရှိတော့ရည်မှန်းချက်လဲမထားတော့ဘူး ဝါသနာရောပဲ"
"ဘာလို့လဲငယ်ရဲ့"
"ဖြူငယ့်အတွက်မလိုတော့ဘူးလေ ဆရာဝန်ဖြစ်ဖို့က ပိုက်ဆံကုန်ရတယ် ဝါသနာပါတာလေးလုပ်ကြည့်ချင်တော့လဲ မတတ်နိုင်ပြန်ဘူး ဖြူငယ်အကုန်လုံးလက်လွှတ်လိုက်တယ်အဓိကက ဖြူငယ်အလုပ်တစ်ခုအမြန်ရပြီး ပိုက်ဆံရှာနိုင်ဖို့ပဲ အဲ့ပိုက်ဆံကလက်တွေ့မှာ သိပ်စကားပြောတာကိုကြီးရဲ့..."
ငယ့်အကြောင်းပြောမပြတတ်သည့်ငယ်က အခုပြောပြနေတော့ ခွန်းမှာဝမ်းသာရမည်လား ဝမ်းနည်းရမည်လားမသဲကွဲပေ။ သူမလေးကတော့ ရင့်ကျက်လွန်းသည့်လူကြီးလေးသဖွယ် တည်ငြိမ်ပြီးပြောပြနေသည်မို့ တစ်မျိုးလဲကျေနပ်ရပြန်သည်။
"ဖြူငယ်သူများတွေကို အားမကျပါဘူး ဖြူငယ့်မှာ အရမ်းတော်ပြီးဇနီးနဲ့ သားသမီးတွေကိုသိပ်ချစ်တဲ့ ဖေကြီးရှိတယ်လေ ပြီးတော့ စိတ်ဓာတ်ကြံကြံခိုင်ပြီး လောကဓံကိုအံတုနေတဲ့မေမေလဲရှိတယ် အမြဲမတည့်ပေမယ့် ဖြူငယ့်ကိုဂရုစိုက်တဲ့မောင်လေးလဲရှိသေးတယ် လုံလောက်ပြီဖြူငယ့်အတွက် အခြားမိသားစုတွေကို အားကျဖို့မလိုတော့ဘူး.. တွေးမိတာလေးတစ်ခုတော့ရှိတယ် ဖြူငယ့် ဖေကြီးဒီလောကကြီးထဲရှိနေသေးရင် ဘယ်လောက်များပြီးပြည့်စုံလိုက်မလဲ ဖြူငယ့်ဘဝကြီးဘယ်လောက်တောင် အရောင်စုံလိုက်မလဲလို့ တွေးမိဘူးတယ် အမြဲပဲ"
"အင်း ငယ်ခက်ခဲခဲ့မှာပဲနော်"
"ခက်ခဲတယ်ဆိုတဲ့ စကားလုံးက ဖြူငယ်တို့မိသားစုမှာမလိုဘူးလေ အဆင်မပြေခဲ့တာ ဘာလုပ်လုပ် အဆင်ကိုမပြေခဲ့တာ ဖြူငယ်တို့ဘယ်လောက်ကြိုးစားကြိုးစား ကံတရားကမျက်နှာသာမပေးလို့ထင်ပါတယ် အဆင်မပြေဘူး အမျိုးတွေထဲမှာလဲအပယ်ခံရတယ်လေ သူငယ်ချင်းတွေရော အပေါင်းသင်းလုပ်မယ့်လူက ရှားတယ် အဲ့တာဘာလို့လဲသိလား ဖြူငယ်တို့ အဆင်မပြေလို့ပေါ့"
ခွန်းရင်ခွင်ကိုမှီ၍ ပြောပြနေသူလေးကိုငုံ့ကြည့်၍ သနားပိုမိသည်။
"ငယ်ရော အခုအဆင်ပြေရဲ့လား"
"အရင်ကထက်စာရင် အများကြီးအဆင်ပြေတာပေါ့ ဖြူငယ်အခုအခြေနေကြီးကို အိမ်မက်ဖြစ်မှာတောင်ကြောက်မိတဲ့အထိပဲ ဖြူငယ်အခုပျော်ရတာရယ် ကိုကြီး ဖြူငယ့်ဘဝထဲရောက်လာတာရယ် ဒီဟာကြီးကို ဖြူငယ်အိမ်မက်ဖြစ်မှာကြောက်နေရတာလေးတစ်ခုပဲ ကျန်တာအဆင်ပြေပါတယ်"
"ငယ်က လူကြီးလေးပဲ..."
"ဖြစ်ချင်တာပါကိုကြီးရယ် အဲ့လူကြီးလေး "
"ငယ်အခုဘာကိုအလုပ်ချင်ဆုံးလဲ"
"ပိုက်ဆံစုမယ် ဖြူငယ်လိုချင်တဲ့ ပိုက်ဆံပမာဏရပြီဆိုရင် လုပ်စရာရှိတယ်..."
"ပြောပြလေကွာ"
"ဟင့်အင်း နောက်မှပြောပြမယ်နော်"
"အခုကစပြီး ငယ်လုပ်ချင်တာ ငယ်ဝါသနာပါတာမှန်သမျှကိုကြီးဖြည့်ဆည်းပေးမယ် "
"ဟွန် အဲ့လိုကြီးမလုပ်ချင်ပါဘူး"
"ငယ့်ကိုကြီးက Sugar ကိုကြီးလေ"
"ခိခိ sugar daddy လဲမဟုတ်ဘူး"
အတည်ကြီးပြောနေရာမှ ထရယ်နေသည့်ငယ်က ဟန်ဆောင်ရယ်နေသည်ထင်ပါရဲ့ ငယ့်ရည်မှန်းချက်တွေအကြောင်းပြောတုန်းကဆို လေးကန်နေသည့်စကားလုံးများက ငယ်ဝမ်းနည်းနေမှန်းသိသာလွန်းလှသည်။
ငယ့်အတွေးတွေအဲ့လောက်လေးနက်လိမ့်မယ်လို့ ကိုကြီးမထင်ခဲ့မိဘူး။ ဒီအရာတွေကိုအခုထိတွေးပြီးနေလာတဲ့ ငယ်ဘဝလေးပင်ပန်းနေမှာပေါ့ ကိုကြီးငယ့်ဘဝထဲကို ဘာလို့နောက်ကျမှရောက်လာရတာလဲကွာ ကိုကြီးစောရောက်ခဲ့သင့်တာ။
ဖြူငယ့်အကြောင်းပြောရတာမကြိုက်ပေမယ့် ကိုကြီးကိုတော့ အနည်းအကျဥ်းပြောပြမိလိုက်သည်မို့ ဖြူငယ်က ကိုကြီးကို အပူတွေပေးမိပြီမို့လားကိုကြီးရယ်။ ပျော်စရာမဟုတ်ပဲ ဝမ်းနည်းစရာအတိတ်ကိုမရည်ရွယ်ပဲပြောမိသွားတယ် ဒါမယ့် ဖြူငယ့်အတွက် ဒီအရာလေးတွေက အပေါ်ယံပဲရှိသေးတယ်ဆိုတာ ကိုကြီးမသိရင်ကောင်းမယ်။
ပုံတွေကြည့်ရင်း ခွန်းကိုမှီ၍ အိပ်ပျော်နေပြီဖြစ်တဲ့ငယ့်ကို ငုံ့ကြည့်မိတော့ မှိတ်ကျနေသည့် မျက်လုံးထောင့်လေးနား လဲ့နေသည့် မျက်ရည်ကြည်လေးအနည်းငယ်က ငယ်အဆင်မပြေဘူးဆိုသည့်သက်သေလေးဖြစ်မည်။ ငယ့်ကိုအခန်းဆီပြန်မပို့တော့ပဲ ခွန်းရဲ့ကုတင်ဆီမှာပဲအိပ်ရန်ပွေ့လာခဲ့လိုက်တော့သည်။ ဒီလိုပုံဆို တစ်ရေးနိုးရင်တစ်ယောက်ထဲ ငိုနေမှာသေချာသည်မို့ ငယ့်အခန်းမပို့ခြင်းဖြစ်သည်။
မိုးလင်းတဲ့အထိ ရင်ခွင်ထဲကကောင်မလေးက မနိုးသေး ခွန်းလက်မောင်းကိုခေါင်းအုံးကာ မျက်နှာလေးခွန်းဘက်လှည့်၍ အိပ်နေပုံလေးက တဂယ်အူယားဖွယ်ရာလေးဖြစ်သည်။ ငယ့်မျက်နှာပေါ်ကျနေသည့် ဆံပင်လေးများကို အသာသပ်တင်ပေး၍ ဖြေးညှင်းစွာ ခေါင်းအုံးပေါ်ချပေးပြီး ထပ်ပြီးအိပ်စေလိုက်သည်။ ခွန်းသာကုတင်ပေါ်ငယ့်ကို ဒီလိုဖက်အိပ်နေတာသာသိရင် စိတ်ဆိုးလို့ပြီးမှာမဟုတ်တော့ဘူးလေဗျာ။
ခွန်းရေချိုးပြီးထွက်လာချိန် တံခါးလာခေါက်နေသည်ကြောင့် အင်းကျီပင်မလဲနိုင်ပဲ တံခါးပြေးဖွင့်ရသည်။
"အကိုလေး ဟမ်...အင်းကျီမဝတ်ရသေးဘူးလား..."
"အခုမှရေချိုးပြီတာလေ ဘာလဲတင့်တင့် "
"ဟိုဟာ လျှော်ရမယ့်အင်းကျီလာယူတာပါ တင့်တင့်က"
"အင်း ခဏနေမှလာယူ ငယ်အိပ်နေလို့"
"ရှင် "
"ဘာတွေရှင်နေတာလဲ ငယ်အိပ်နေတယ်လို့ နိုးသွားလိမ့်မယ်သွားတော့"
"ဟုတ် ဟုတ်ကဲ့"
တင့်တင့် အနည်းငယ်ဟနေသည့် တံခါးလေးကနေအထဲကိုကြည့်မိတော့ အကိုလေးကုတင်ပေါ်တွင် အိပ်နေသည့်မမလေး အို တင်တင့်ထင်သလိုမဟုတ်လောက်ပါဘူးနော်။ ဒါနဲ့အကိုလေးက အင်းကျီချွတ်ကြီးနဲ့လေ တစ်ယောက်ထဲတွေး၍ တင့်တင့် ပြန်ဆင်းလာခဲ့သည်။
Words 2819
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
ခြန္းရဲ႕ႏွောင္ႀကိဳးငယ္ အပိုင္း - ၃၃
"ငယ့္ ကိုႀကီးပ်င္းတယ္ အျပင္သြားမယ္ေလေနာ္"
"ဒီေန႕ေလးပဲ ကိုႀကီးကနားတာေလ အိမ္မွာပဲေနပါ"
"လိုက္ခဲ့ပါငယ္ရယ္ေနာ္ ေနာ္လို႔..အျပင္သြားၾကမယ္ေလ"
လူကိုလက္ေမာင္းမွလာဖက္၍ ခြၽဲေနသည္က ကိုႀကီးျဖစ္ေလသည္။
"ၿပီးေရာ လူႀကီးျဖစ္ၿပီးအရမ္းခြၽဲတာပဲခဏေစာင့္အုံး အင္းက်ီလဲမလို႔"
"Ok ဗ်ာ"
ခြန္းေလွခါးဘက္ၾကည့္မိေတာ့ အဝါေရာင္ဂါဝန္ေလးက လြင့္၍ ခြန္းသိပ္ခ်စ္ရသည့္ခေလးငယ္ေလးႏွင့္ သိပ္လိုက္ဖက္လြန္းေနသည္။ ျဖဴျဖဴေဖြးေဖြးအသားေရာင္ေလးႏွင့္ဂါဝန္အဝါေလးႏွင့္က ဟပ္၍ေနေလသည္။ ငယ္ကဒါေၾကာင့္အဝါေရာင္ႀကိဳက္တာေနမွာ။
"ေတာ္႐ုံၾကည့္ပါေနာ္ ကိုႀကီးကလဲ"
"ငယ္ အရမ္းလွေနတယ္"
"ဟီး ဟုတ္လားအန္တီေမဝယ္ေပးထားတဲ့အင္းက်ီေလးေလ"
"ကိုႀကီးက လူကိုေျပာတာေလ"
"ေတာ္ပါေနာ္"
"လာပါအုံးေမႊးလားလို႔"
ငယ့္လက္ေလးကိုဆြဲ၍ ရင္ခြင္ထဲ ငယ့္ခႏၶာကိုယ္ေလးထည့္လိုက္ေတာ့ ႏြေးခနဲအခိုက္တန့္ေလးမွာ ရလိုက္တဲ့ ကိုယ္သင္းနံ႕သင္းသင္းေလးက ခြန္းအတြက္ႏွစ္လိုဖြယ္ရာအတိ။
"ကိုႀကီးလႊတ္ပါ တစ္ေယာက္ေယာက္ၾကည့္ေနသလိုပဲ"
ခြန္းေဘးကိုၾကည့္မိေတာ့မည္သူမွမရွိေပ။
"ဘယ္သူမွမရွိပါဘူးငယ္ရဲ႕"
"ဟင္ ျဖဴငယ့္ကိုတစ္ေယာက္ေယာက္ၾကည့္ေနတယ္ထင္တာ"
"ကိုႀကီးေနမွာေပါ့ "
"ထားလိုက္ေတာ့ သြားမယ္ေလလာ "
ပ်င္းသည္ဆိုၿပီးေခၚလာသည္က ေကာ္ဖီဆိုင္တစ္ခုျဖစ္ေနသည္။ လွပေသသပ္သည့္အ ျပင္ဆင္ေၾကာင့္ မ်က္စိေအးေနသည္ထက္ တိတ္ဆိတ္လွသည္ေၾကာင့္ ျဖဴငယ္အတြက္အဆင္ေျပလွသည္။ ကိုႀကီးႏွင့္ေအးေအးလူလူထိုင္ေန၍ ျဖဴငယ္ကေတာ့အေအးေသာက္ကာ ကိုႀကီးက Coffee ေသာက္ေလသည္။
"ငယ္ ဒီေနရာေလးႀကိဳက္လား"
"အြန္း မဆိုးဘူးေနာ္ ေအးခ်မ္းတယ္"
"ဟိုမွာေတြ႕လား stage..."
"အင္း"
"ဆိုခ်င္တဲ့လူ တတ္ဆိုလို႔ရတယ္ ကိုႀကီီီးဆိုရမလားငယ့္အတြက္"
"ဟင့္အင္း အျခားလူေတြၾကားကုန္မွာေပါ့
ျဖဴငယ့္တစ္ေယာက္ထဲအတြက္ပဲဆိုျပရမွာ အဲ့လိုႀကီးတက္မဆိုရပါဘူး"
"ဟား.. ငယ္ကသဝန္တိုေနတာပဲ"
"မသိဘူး မဆိုရဘူးပဲ "
"ဟုတ္ကဲ့ပါဗ်ာ "
ကိတ္မုန့္စားေနသည့္ျဖဴငယ္ အေပါက္ဝဘက္ကိုၾကည့္လိုက္မွထသီးေတာ့သည္။
"ဖူး.. အဟြတ္ အဟြတ္ .."
"ငယ့္ ေျဖးေျဖးစားေလကြာ"
"ကိုႀကီး ဟိုမွာ အဟြတ္.."
"ဘယ္မွာလဲငယ္ရဲ႕"
ခြန္းလွည့္ၾကည့္လိုက္ေတာ့ မျမင္ခ်င္သည့္မ်က္ခြက္မ်ားျဖစ္သည္။
"ေတြ႕ရတာဝမ္းသာပါတယ္ဗ်"
"မင္းေမႀကီးေတာ္ကိုဝမ္းသာရမွာလား"
"အဲ့လိုေနာ္ မင္းက"
"မင္းတို႔က ဘာလာလုပ္တာလဲ ေနရာတကာရႈပ္ေနတာပဲ"
"ဒီဆိုင္ေလးေကာင္းတယ္ဆိုလို႔လာတာ လဒရဲ႕ "
"ျဖဴငယ္ ႀကိဳဆိုတယ္မို႔လားအကိုတို႔ကို "
"ဟမ္း ေရာက္လာၿပီပဲ လာပါႀကိဳဆိုပါတယ္"
"ေတြ႕လား မင္းပဲ မိစ္ဆာျဖစ္ေနတာ "
ဘုန္းသစ္က ေျပာရင္းငယ့္ေဘးဝင္ထိုင္မည္လုပ္ေနေလသည္။
"ငယ့္အနားမထိုင္နဲ႕ ငါထိုင္မွာ"
"ျဖစ္ေနလိုက္တာအတြဲေတြမ်ား လာႂကြခဲ့"
ငယ္နဲ႕ႏွစ္ေယာက္ထဲေနခ်င္လို႔ လာပါတယ္ဆိုမွ လဒသုံးေကာင္က ဘယ္ကအနံ႕ရမွန္းမသိ ေရာက္လာၾကသည္ေလ။ ေတာက္.. ဒီေကာင္ေတြနဲ႕အလႉအတူလုပ္ခဲ့တာေတြမွားၿပီထင္တယ္ သြားေလရာေနရာကိုေရစက္ဆုံေနေတာ့တာပဲဟူး..။
"ေဟ့ေကာင္မဆိုးဘူးေနာ္ အဲ့ေကာင္ေလးဆိုတာမိုက္တယ္"
ျဖဴငယ္လဲသီးခ်င္းေလးႀကိဳက္ပါသည္။ အသံေလးလဲေကာင္းသည္မို႔ ျဖဴငယ္လဲလွည့္ၾကည့္မိသည္။
"ဟယ္ေတာ့ ဟိုေကာင္ေလး"
"ဟင္း ဟင္း သိေနတယ္ေနာ္ သိေနတယ္"
အံႀကီးက်ိတ္လို႔ေျပာလာေလသည္။
"မင္းက ဘာသိတာလဲခြန္း အရင္းမရွိအရင္းမရွိနဲ႕"
"အဖ်ားေတာ့လုပ္လိုက္"
"ငါက ျမန္မာစကားသိပ္ မကြၽမ္းဘူးခြင့္လႊတ္..."
"ေျပာစမ္းပါဘယ္သူလဲ"
"ငယ့္ကိုေၾကာင္ေနတဲ့ေကာင္..."
"ဟ မဆိုးပါဘူးဟ မင္းၿပိဳင္ဘက္က "
"ေသလိုက္ေလ ဘာၿပိဳင္ဘက္လဲ "
"ဘာလို႔ျဖဴငယ့္ကိုေၾကာင္တဲ့လူရမွာလဲ ျဖဴငယ္ျဖင့္သူ႕အေၾကာင္း သိေတာင္မသိဘူး..."
"ငယ္ကမသိေပမယ့္ ဟိုမွာၾကည့္ ဘယ္ကိုၾကည့္ေနလဲဆိုတာ"
"ဟမ္ အဲ့တာ ကိုႀကီးကိုၾကည့္တာလဲျဖစ္ရင္လဲျဖစ္မွာေပါ့"
ခြန္းတို႔မွာကိုယ့္လူနဲ႕ကိုယ္ မ်ားလြန္း၍ စကားေတြဟိုေရာက္ဒီေရာက္မို႔ သီခ်င္းဆိုေနသည္ကိုဂ႐ုမစိုက္မိေပမယ့္ အခုၾကည့္မိမွ ဟိုေသနာေလးက မမသီခ်င္းေတြ တတ္ဆိုေနျခင္းျဖစ္သည္။ ဒီလိုအသက္မျပည့္ေကာင္ေလးကမ်ား ငယ့္ကိုလာၾကဴးေနလိုက္ေသးတယ္ ေျခေထာက္ဆြဲၿပီးကိုင္ေပါက္လိုက္ရင္လဲ ကမၻာအျပင္ဘက္ေရာက္သြားအုံးမယ္။
ကိုႀကီးေျပာမွၾကည့္မိေတာ့ တဂယ္ႀကီးျဖဴငယ့္ကိုၾကည့္ၿပီးဆိုေနသည္ေလ ျဖဴငယ့္ဘက္က ကိုႀကီးႏွင့္ကြယ္ေနသည္မို႔ေတာ္ေသး ခုံေလး ကိုႀကီးဘက္တိုး၍ ပုန္းၿပီး Cake ျပန္စားေနလိုက္သည္။ ျဖဴငယ္ကိုၾကည့္လို႔ခဏအေနၾကပ္႐ုံေလးပဲ က်န္တာဘာမွမျဖစ္ဘူးေလျဖဴငယ္က။
"ပူမေနနဲ႕ မင္းဟာေလးက အစားတစ္လိုင္း"
"အင္း အဲ့လိုဘာမွမသိလို႔ပူေနရတာငါ့မွာ"
ခြန္းတို႔ေျပာေနသည္ကိုဂ႐ုမစိုက္ပဲ မွာထားသမွ် Cake အကုန္စားေနၿပီး တစ္ေယာက္ထဲေအးခ်မ္းရာရေနသည့္ငယ္က အပူပင္မရွိျဖစ္ေလသည္။ ဟိုေသနာေလးက ခြန္းကိုေတာင္ဂ႐ုစိုက္သည္မဟုတ္ စေတြ႕ထဲက ဂ်စ္ကန္ကန္မို႔ စိတ္ခ်လိဳ႕ကမရေပ။
"ကြၽန္ေတာ္ဒီသီခ်င္းကို ဟိုေထာင့္ဝိုင္က မမအတြက္ရည္ၫႊန္းတာမို႔ လက္ခုပ္ေလး..."
ဟိုလဒသုံးေကာင္က လက္ခုပ္တီးလွ်က္ အံ့ဩတဲ့မ်က္ႏွာေဘးနဲ႕ငယ့္ကိုၾကည့္ေနၾကသည္ေလ ငယ္ကေတာ့ဘာမွမသိ သူမ်ားလက္ခုပ္တီးလို႔လိုက္တီးေနၿပီေလအခုလဲ။
"မမ "
"ဟမ္"
"မင္းက ဘာလာလုပ္တာလဲ"
"ဘဲႀကီး ပါစပ္ပိတ္ထားစမ္းပါ"
"ဘာကြ!..."
"ဟုတ္တယ္ေလ မမနဲ႕စကားေျပာမလို႔"
"ေျပာလို႔မရဘူး ငယ့္ လာျပန္မယ္ "
"အြန္း "
"မမကလဲ ခဏေလးေနပါအုံး အေစာနသီခ်င္းႀကိဳက္လား"
"မသိဘူး ကိုႀကီးျပန္မယ္ဆို"
ငယ့္ေဘးလာထိုင္ေန၍ ျပန္မည္အလုပ္ကာ ငယ့္လက္ဆြဲ၍ ထြက္လာသည္ကို လက္လိုက္ဆြဲသည့္ ထိုေသနာေလးေၾကာင့္ ခြန္းတို႔ရပ္တန့္သြားရေတာ့သည္။
"ေဟ့ေကာင္ ငါ့လက္ကိုလႊတ္စမ္း..."
"ဘဲႀကီးလဲ မမလက္ကိုလႊတ္ေလ "
"ငါ့ငယ္ရဲ႕လက္ကိုဆြဲတာ ဘာျဖစ္လဲ "
"ကြၽန္ေတာ္လဲ ဘဲႀကီးလက္ ဆြဲတာဘာျဖစ္လဲ"
"ငါရိုက္လိုက္လို႔ ထမင္းမစားနိုင္ဘဲ ဆန္ျပဳတ္တစ္လေလာက္ေသာင္ေနရမယ္ မင္းေတာ့..."
"ဘဲႀကီးကလဲစိတ္ပဲ လႊတ္ၿပီ လႊတ္ၿပီ
မမေနာက္ေန႕ေတြ႕မယ္ေနာ္ ..."
ငယ့္လက္ကိုဆြဲ၍ ဆိုင္ထဲမွေဒါသတစ္ႀကီးထြက္လာခဲ့သည့္ခြန္းမွာ ေခြၽးေတြေတာင္ပ်ံလာရေတာ့သည္။
ျဖဴငယ္ထင္မိပါရဲ႕ မသိရင္ ဟိုေကာင္ေလးက ျဖဴငယ့္ေနာက္လိုက္ေနတာနဲ႕မတူဘဲ ကိုႀကီးေနာက္လိုက္ေနသလိုႏွင့္ ျဖဴငယ့္မွာ Third wheel လိုလို ရယ္လဲရယ္ခ်င္မိသည္။ ကိုႀကီးက Daddy type ဟိုေကာင္ေလးက cute type ေလး႐ုတ္တရက္ေတြးမိလိုက္သည္က ဟင္းဟင္း ...
"ငယ့္ ဘာရယ္ေနတာလဲ ကိုႀကီကစိတ္တိုေနတာေလ"
"ဟီး ဘာမွမဟုတ္ဘူး "
"အဲ့ေသနာေလးဆြဲလိုက္တာငယ့္လက္ဆိုရင္ ကိုႀကီး အဲ့ေနရာမွာဆြဲထိုးပစ္မွာအဲ့ေကာင္ကို"
"ကိုႀကီးကလဲ ဟိုက ခေလးပဲရွိေသးတာကို"
"ဘာ ..ခေလးဟုတ္လား..."
"အင္းေလ ျဖဴငယ့္ထက္ငယ္တာကို"
"ငယ့္ကိုဟိုက လိုက္ႀကံေနတာေလ"
"ႀကံပါေစေပါ့ ျဖဴငယ့္ေဘးမွာ ဒီေလာက္ၿပီးျပည့္စုံတဲ့ ကိုႀကီးရွိတယ္ေလ "
"အြန္း ဟုတ္သားပဲေနာ့ "
ကိုႀကီးမ်က္ႏွာႀကီးက ၿပဳံးလာေလသည္။
"အဲ့တာေျပာတာေလ ဒါနဲ႕ဟိုသုံးေယာက္ေရာ"
"ေသသြားၿပီေနမွာေပါ့ အေစာထဲက ထိုင္ၾကည့္ေနၾကတာေလ ထမလာဘူး"
"ဟီး ေၾကာက္လို႔ေနမွာကိုႀကီးကို ျပန္မယ္လာ"
အိမ္ျပန္ေရာက္ေတာ့ ျဖဴငယ္ေခါင္းကိုက္သည္ႏွင့္ ေခါင္းတမင္ေလွ်ာ္လိုက္သည္။ အဲ့လိုအ႐ြဲ႕ေလးေတြလုပ္ေပးမွ ေရာဂါကေပ်ာက္တာမလို႔ တမင္ကိုေလွ်ာ္လိုက္ျခင္းျဖစ္သည္။
"ကိုႀကီးေရ ကိုႀကီး..."
"ငယ့္ ကိုႀကီးစာဖက္ခန္းထဲမွာ"
"ျဖဴငယ့္ကို တစ္ခုကူပါအုံး "
"လာပါၿပီဗ်ာ"
ခြန္းစာဖက္ခန္းမွထြက္လာေတာ့ ဆံပင္ေရအစိုေတြႏွင့္ငယ့္ကိုေတြ႕လိုက္ရေတာ့သည္။
"ငယ့္ ေခါင္းေလွ်ာ္လာတာလား"
"ဟုတ္တယ္ ေခါင္းကိုက္လို႔"
"ဟာကြာ အဲ့လိုမလုပ္ရဘူးေလ "
"Dryer မႈတ္ေပးေနာ္ ျဖဴငယ္လက္ေညာင္းလို႔"
"ေျပာစကားနားမေထာင္ဘူးေပါ့ငယ္က"
"ကိုႀကီးကလဲ လုပ္ၿပီးသြားၿပီကိုမေျပာနဲ႕ေတာ့ေနာ္ အိပ္ခ်င္ေနၿပီျဖဴငယ္က"
ေငါက္လဲမေငါက္ရက္သည္မို႔ ခြန္းကသာအေလွ်ာ့ေပးရျပန္သည္။
"အင္း ခဏေလးပဲေနာ္ ၿပီးမွအိပ္"
"ဟုတ္"
ေခါင္းေျခာက္ရင္အိပ္မယ္ေျပာၿပီး အခုေတာ့ခြန္းရင္ခြင္ထဲဝင္၍ ခြန္းဆြဲထားသည့္ပုံေတြလိုက္ၾကည့္ေနေလသည္။
"ကိုႀကီးက ေတာ္တယ္ေနာ္ ျဖဴငယ္က ပုံဆြဲမေတာ္ဘူး"
"ငယ္ထင္လို႔ပါ ကိုႀကီးကမေတာ္ပါဘူးကြ
ငယ္ ဘာလုပ္ရတာႀကိဳက္လဲ ဘာလုပ္ခ်င္လဲ ဝါသနာေရာ ဘာပါလဲ ေျပာျပပါအုံး..."
"အင္း ျဖဴငယ္အရင္က ဆရာဝန္မႀကီးျဖစ္ခ်င္တာ ေနာက္ပိုင္းေဖႀကီးမရွိေတာ့ရည္မွန္းခ်က္လဲမထားေတာ့ဘူး ဝါသနာေရာပဲ"
"ဘာလို႔လဲငယ္ရဲ႕"
"ျဖဴငယ့္အတြက္မလိုေတာ့ဘူးေလ ဆရာဝန္ျဖစ္ဖို႔က ပိုက္ဆံကုန္ရတယ္ ဝါသနာပါတာေလးလုပ္ၾကည့္ခ်င္ေတာ့လဲ မတတ္နိုင္ျပန္ဘူး ျဖဴငယ္အကုန္လုံးလက္လႊတ္လိုက္တယ္အဓိကက ျဖဴငယ္အလုပ္တစ္ခုအျမန္ရၿပီး ပိုက္ဆံရွာနိုင္ဖို႔ပဲ အဲ့ပိုက္ဆံကလက္ေတြ႕မွာ သိပ္စကားေျပာတာကိုႀကီးရဲ႕..."
ငယ့္အေၾကာင္းေျပာမျပတတ္သည့္ငယ္က အခုေျပာျပေနေတာ့ ခြန္းမွာဝမ္းသာရမည္လား ဝမ္းနည္းရမည္လားမသဲကြဲေပ။ သူမေလးကေတာ့ ရင့္က်က္လြန္းသည့္လူႀကီးေလးသဖြယ္ တည္ၿငိမ္ၿပီးေျပာျပေနသည္မို႔ တစ္မ်ိဳးလဲေက်နပ္ရျပန္သည္။
"ျဖဴငယ္သူမ်ားေတြကို အားမက်ပါဘူး ျဖဴငယ့္မွာ အရမ္းေတာ္ၿပီးဇနီးနဲ႕ သားသမီးေတြကိုသိပ္ခ်စ္တဲ့ ေဖႀကီးရွိတယ္ေလ ၿပီးေတာ့ စိတ္ဓာတ္ႀကံႀကံခိုင္ၿပီး ေလာကဓံကိုအံတုေနတဲ့ေမေမလဲရွိတယ္ အၿမဲမတည့္ေပမယ့္ ျဖဴငယ့္ကိုဂ႐ုစိုက္တဲ့ေမာင္ေလးလဲရွိေသးတယ္ လုံေလာက္ၿပီျဖဴငယ့္အတြက္ အျခားမိသားစုေတြကို အားက်ဖိဳ႕မလိုေတာ့ဘူး.. ေတြးမိတာေလးတစ္ခုေတာ့ရွိတယ္ ျဖဴငယ့္ ေဖႀကီးဒီေလာကႀကီးထဲရွိေနေသးရင္ ဘယ္ေလာက္မ်ားၿပီးျပည့္စုံလိုက္မလဲ ျဖဴငယ့္ဘဝႀကီးဘယ္ေလာက္ေတာင္ အေရာင္စုံလိုက္မလဲလို႔ ေတြးမိဘူးတယ္ အၿမဲပဲ"
"အင္း ငယ္ခက္ခဲခဲ့မွာပဲေနာ္"
"ခက္ခဲတယ္ဆိုတဲ့ စကားလုံးက ျဖဴငယ္တို႔မိသားစုမွာမလိုဘူးေလ အဆင္မေျပခဲ့တာ ဘာလုပ္လုပ္ အဆင္ကိုမေျပခဲ့တာ ျဖဴငယ္တို႔ဘယ္ေလာက္ႀကိဳးစားႀကိဳးစား ကံတရားကမ်က္ႏွာသာမေပးလို႔ထင္ပါတယ္ အဆင္မေျပဘူး အမ်ိဳးေတြထဲမွာလဲအပယ္ခံရတယ္ေလ သူငယ္ခ်င္းေတြေရာ အေပါင္းသင္းလုပ္မယ့္လူက ရွားတယ္ အဲ့တာဘာလို႔လဲသိလား ျဖဴငယ္တို႔ အဆင္မေျပလို႔ေပါ့"
ခြန္းရင္ခြင္ကိုမွီ၍ ေျပာျပေနသူေလးကိုငုံ႕ၾကည့္၍ သနားပိုမိသည္။
"ငယ္ေရာ အခုအဆင္ေျပရဲ႕လား"
"အရင္ကထက္စာရင္ အမ်ားႀကီးအဆင္ေျပတာေပါ့ ျဖဴငယ္အခုအေျခေနႀကီးကို အိမ္မက္ျဖစ္မွာေတာင္ေၾကာက္မိတဲ့အထိပဲ ျဖဴငယ္အခုေပ်ာ္ရတာရယ္ ကိုႀကီး ျဖဴငယ့္ဘဝထဲေရာက္လာတာရယ္ ဒီဟာႀကီးကို ျဖဴငယ္အိမ္မက္ျဖစ္မွာေၾကာက္ေနရတာေလးတစ္ခုပဲ က်န္တာအဆင္ေျပပါတယ္"
"ငယ္က လူႀကီးေလးပဲ..."
"ျဖစ္ခ်င္တာပါကိုႀကီးရယ္ အဲ့လူႀကီးေလး "
"ငယ္အခုဘာကိုအလုပ္ခ်င္ဆုံးလဲ"
"ပိုက္ဆံစုမယ္ ျဖဴငယ္လိုခ်င္တဲ့ ပိုက္ဆံပမာဏရၿပီဆိုရင္ လုပ္စရာရွိတယ္..."
"ေျပာျပေလကြာ"
"ဟင့္အင္း ေနာက္မွေျပာျပမယ္ေနာ္"
"အခုကစၿပီး ငယ္လုပ္ခ်င္တာ ငယ္ဝါသနာပါတာမွန္သမွ်ကိုႀကီးျဖည့္ဆည္းေပးမယ္ "
"ဟြန္ အဲ့လိုႀကီးမလုပ္ခ်င္ပါဘူး"
"ငယ့္ကိုႀကီးက Sugar ကိုႀကီးေလ"
"ခိခိ sugar daddy လဲမဟုတ္ဘူး"
အတည္ႀကီးေျပာေနရာမွ ထရယ္ေနသည့္ငယ္က ဟန္ေဆာင္ရယ္ေနသည္ထင္ပါရဲ႕ ငယ့္ရည္မွန္းခ်က္ေတြအေၾကာင္းေျပာတုန္းကဆို ေလးကန္ေနသည့္စကားလုံးမ်ားက ငယ္ဝမ္းနည္းေနမွန္းသိသာလြန္းလွသည္။
ငယ့္အေတြးေတြအဲ့ေလာက္ေလးနက္လိမ့္မယ္လို႔ ကိုႀကီးမထင္ခဲ့မိဘူး။ ဒီအရာေတြကိုအခုထိေတြးၿပီးေနလာတဲ့ ငယ္ဘဝေလးပင္ပန္းေနမွာေပါ့ ကိုႀကီးငယ့္ဘဝထဲကို ဘာလို႔ေနာက္က်မွေရာက္လာရတာလဲကြာ ကိုႀကီးေစာေရာက္ခဲ့သင့္တာ။
ျဖဴငယ့္အေၾကာင္းေျပာရတာမႀကိဳက္ေပမယ့္ ကိုႀကီးကိုေတာ့ အနည္းအက်ဥ္းေျပာျပမိလိုက္သည္မို႔ ျဖဴငယ္က ကိုႀကီးကို အပူေတြေပးမိၿပီမို႔လားကိုႀကီးရယ္။ ေပ်ာ္စရာမဟုတ္ပဲ ဝမ္းနည္းစရာအတိတ္ကိုမရည္႐ြယ္ပဲေျပာမိသြားတယ္ ဒါမယ့္ ျဖဴငယ့္အတြက္ ဒီအရာေလးေတြက အေပၚယံပဲရွိေသးတယ္ဆိုတာ ကိုႀကီးမသိရင္ေကာင္းမယ္။
ပုံေတြၾကည့္ရင္း ခြန္းကိုမွီ၍ အိပ္ေပ်ာ္ေနၿပီျဖစ္တဲ့ငယ့္ကို ငုံ႕ၾကည့္မိေတာ့ မွိတ္က်ေနသည့္ မ်က္လုံးေထာင့္ေလးနား လဲ့ေနသည့္ မ်က္ရည္ၾကည္ေလးအနည္းငယ္က ငယ္အဆင္မေျပဘူးဆိုသည့္သက္ေသေလးျဖစ္မည္။ ငယ့္ကိုအခန္းဆီျပန္မပို႔ေတာ့ပဲ ခြန္းရဲ႕ကုတင္ဆီမွာပဲအိပ္ရန္ေပြ႕လာခဲ့လိုက္ေတာ့သည္။ ဒီလိုပုံဆို တစ္ေရးနိုးရင္တစ္ေယာက္ထဲ ငိုေနမွာေသခ်ာသည္မို႔ ငယ့္အခန္းမပို႔ျခင္းျဖစ္သည္။
မိုးလင္းတဲ့အထိ ရင္ခြင္ထဲကေကာင္မေလးက မနိုးေသး ခြန္းလက္ေမာင္းကိုေခါင္းအုံးကာ မ်က္ႏွာေလးခြန္းဘက္လွည့္၍ အိပ္ေနပုံေလးက တဂယ္အူယားဖြယ္ရာေလးျဖစ္သည္။ ငယ့္မ်က္ႏွာေပၚက်ေနသည့္ ဆံပင္ေလးမ်ားကို အသာသပ္တင္ေပး၍ ေျဖးညွင္းစြာ ေခါင္းအုံးေပၚခ်ေပးၿပီး ထပ္ၿပီးအိပ္ေစလိုက္သည္။ ခြန္းသာကုတင္ေပၚငယ့္ကို ဒီလိုဖက္အိပ္ေနတာသာသိရင္ စိတ္ဆိုးလို႔ၿပီးမွာမဟုတ္ေတာ့ဘူးေလဗ်ာ။
ခြန္းေရခ်ိဳးၿပီးထြက္လာခ်ိန္ တံခါးလာေခါက္ေနသည္ေၾကာင့္ အင္းက်ီပင္မလဲနိုင္ပဲ တံခါးေျပးဖြင့္ရသည္။
"အကိုေလး ဟမ္...အင္းက်ီမဝတ္ရေသးဘူးလား..."
"အခုမွေရခ်ိဳးၿပီတာေလ ဘာလဲတင့္တင့္ "
"ဟိုဟာ ေလွ်ာ္ရမယ့္အင္းက်ီလာယူတာပါ တင့္တင့္က"
"အင္း ခဏေနမွလာယူ ငယ္အိပ္ေနလို႔"
"ရွင္ "
"ဘာေတြရွင္ေနတာလဲ ငယ္အိပ္ေနတယ္လို႔ နိုးသြားလိမ့္မယ္သြားေတာ့"
"ဟုတ္ ဟုတ္ကဲ့"
တင့္တင့္ အနည္းငယ္ဟေနသည့္ တံခါးေလးကေနအထဲကိုၾကည့္မိေတာ့ အကိုေလးကုတင္ေပၚတြင္ အိပ္ေနသည့္မမေလး အို တင္တင့္ထင္သလိုမဟုတ္ေလာက္ပါဘူးေနာ္။ ဒါနဲ႕အကိုေလးက အင္းက်ီခြၽတ္ႀကီးနဲ႕ေလ တစ္ေယာက္ထဲေတြး၍ တင့္တင့္ ျပန္ဆင္းလာခဲ့သည္။
Words 2819
ဆက္လက္ႀကိဳးစားသြားပါမည္။