ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း -၂၄
(Unicode)
ဖြူငယ်အလုပ်ရောက်သည့်အချိန်ထဲက ဘာအလုပ်မှမလုပ်ရ ကိုကြီးထိုင်ခိုင်းသည့်နေရာတွင်ထိုင်၍ ကိုကြီးအလုပ်လုပ်နေသည်ကိုသာထိုင်၍ကြည့်နေရသည်။ ကြာလာတော့ပျင်းလာရ၍ ဖုန်းကြည့်လိုက် ကော်ဖီသောက်လိုက်နှင့် ဖြူငယ့်ဒီအလုပ်ကြီးကိုပျင်းလာရသည်။ ဒါတောင်ပထမဆုံးရက်ပဲရှိသေးသည်ပင်။
"ငယ် ငိုနေတာလား"
မျက်လုံးလေးပွတ်နေသလို Tissue လေးနှင့်သုတ်နေသည်ကြောင့် ခွန်းမေးမိသည်။
"ကိုကြီးပဲ TV နဲ့ အကျင့်လုပ်လို့လေ
အခုဖုန်းကြည့်တော့ မျက်ရည်ကျနေပြီကြည့်"
"ငယ် မျက်လုံးထိခိုက်မယ်နော် မကြည့်ရတော့ဘူး...အဲ့ဖုန်း ပေး"
"ဖြူငယ်ဇာတ်ကားကြည့်ချင်တာကို "
"ရဘူးလို့ပြောနေတယ်လေငယ်"
"ဖြူငယ်လဲမရဘူးကြည့်မှာပဲ မပေးဘူး..."
"ပြောမရပါလားငယ် လာဒီကို... ကိုကြီး ကွန်ပျူတာနဲ့လာကြည့်"
"အဲ့မှာလား..."
"ကိုကြီးက ဒီ Laptop အသေးနဲ့လုပ်လိုက်မယ် ငယ်ကဒီအကြီးနဲ့လာကြည့်လာ... "
"အဲ့လိုက ရလို့လား ..."
"ရတာပေါ့ ငယ် ဒီအခန်းထဲမှာမှမဟုတ်ဘူး ဘယ်နေနေရာဖြစ်ဖြစ်ကြိုက်တာလုပ်လို့ရတယ် အဲ့တာမှတ်ထား ..."
"အာ့ဆိုလာပြီနော် "
"လာပါဆိုကွာ"
ခွန်းရဲ့ဘေးလာရပ်ကာ ဖုန်းလေးပေးလာလေသည်။
"ဒီကားကြည့်ချင်တာ"
"Ok ဗျာ ..."
ခွန်းနေရာကိုငယ့်ကိုထိုင်စေ၍ ဇာတ်ကားကြည့်စေကာ Laptop အသေးကိုယူ၍ ဆိုဖာပေါ့သို့ခွန်းထိုင်လိုက်တော့သည်။
"Boss ဒီဖိုင်လေးလက်မှတ်ထိုးပေးဖို့..."
"ဟီး ...မမ ဟိုမှာ ကိုကြီးက..."
"ငါ့ခန္ဓာကိုယ်က အဲ့လောက်သေးလား စမိုင်း"
"ဟို... စမိုင်းသေချာမကြည့်မိလိုက်ဘူး..."
"ယူခဲ့အဲ့ဖိုင်တွေ..."
Boss ထိုင်သည့်ခုန်တွင် မေးထောက်ပြီး ဇာတ်ကားကြည့်နေသည့် ကောင်မလေးတစ်ယောက်။ Boss ကတော့ ဟိုဘက်ဆိုဖာနှင့်ခုံတွင် Coat အင်းကျီနက်ပြာရောင်ကို စမတ်ကျစွာဝတ်ထားပြီး စာရွက်စာတန်းတွေအ
ပြည့်ဖြင့် အလုပ်လုပ်နေလေသည်။ Boss ရဲ့ ကွန်ပျူတာထိုင်ရိုက်နေသည့်ပုံမှာ စမိုင်းအတွက်အတော်ကြာငေးနေဖို့အတွက်လုံလောက်သည်မို့ ထိုကောင်မလေးကိုမေ့၍ ငေးမိပါသည်။
"အဟမ်း..."
"လာပြီ လာပြီ Boss"
"ခစ်ခစ် အရမ်းရယ်ရတယ်သိလားကိုကြီး ခိခိ ပြီးရင်လာကြည့်လှည့်အုံး"
"ကိုကြီးပြီးရင်လာခဲ့မယ်..."
မမတစ်ယောက်ရောက်နေသည်မို့ ဖြူငယ်ထိန်းဖို့ကြိုးစားနေပေမယ့်လဲ ရယ်ရလွန်း၍မနေနိုင်ရယ်မိသွားလေသည်။
"သူကဘယ်သူလဲ Boss "
"ငါ့ bodyguard "
"ရှင်..."
Boss ရဲ့အတွင်းရေးမှူးဖြစ်သည့်စမိုင်းအတွက် အထူးအဆန်းဖြစ်နေရသည်။ အို ဒီသေးသေးလေးက Boss ရဲ့ bodyguard တဲ့လေ။စမိုင်းလုပ်သက် ၅ နှစ်အတွင်း ပထမဆုံးကြားဖူးခြင်းနှင့် ထူးဆန်းဖြစ်ရပ်ကိုပထမဆုံးမြင်ဖူးခြင်းပင်။
စမိုင်းအတွက် Boss က အကိုတစ်ယောက်လိုခင်ရပြီး လေးစားရသည့်လူဖြစ်သည်။ စမိုင်းလို ဆင်းရဲသည့်မိန်းခလေးတစ်ယောက်ကို အလုပ်ပေးထားပြိး Boss ရဲ့အတွင်းရေးမှူးရာထူးထိပေးထားသည့်အတွက်လဲ ကျေးဇူးတင်ရသည်။
ဇာတ်ကားလဲတစ်ကားပြီးသွားပြီဖြစ်သလို ဖြူငယ်လဲဗိုက်ဆာလာရသည်။ ကိုကြီးကထမင်းထုတ်မယူဘူး အပြင်ထွက်စားမှာဟုပြောထား၍ ဖြူငယ်ကိုကြီးနားသို့သွားကာ ကိုကြီးဘေးတွင်ထိုင်လိုက်တော့သည်။
"ကိုကြီး ဖြူငယ်ဗိုက်ဆာတယ်"
ခလေးတစ်ယောက်သဖွယ် အနားကပ်ပြောလာသည့်အခါ ခွန်းသဘောကျနေရသည်။
"ငယ် ဘာစားချင်လဲ "
"ခေါက်ဆွဲပြုတ်"
"အင်းကိုကြီးလုပ်ပေးမယ် "
"ဟမ် ကိုကြီးလုပ်ပေးမှာဆိုမစားတော့ဘူး အလုပ်ရှိသေးတယ်လေကိုကြီးက"
"အလုပ်ကနောက်မှလုပ်လဲရပါတယ် "
"မှာလိုက်ရင်ရတာကို ကိုကြီးကကိုယ်တိုင်လုပ်ပေးမလို့လား"
"ခေါက်ဆွဲပြုတ်ဆို ကိုကြီးပြုတ်ပေးတာပဲစားရမယ် အပြင်ကဟာမစားရဘူးနော်ငယ်တစ်ခါထဲပြောထားမယ်"
"အဲ့တာဆိုတစ်ခြားဟာပဲစားတော့မယ် "
"စားချင်နေတာကိုကွာ နေပါကိုကြီးပဲပြုတ်ပေးမယ် ငြင်းမနေနဲ့တော့ "
"ဟီး အဲ့တာဆိုလဲပြီးရော အရွက်တွေအများကြီးနော် ငုံးဥလေးရော"
"သိပါတယ်ဗျာ ..."
ခေါင်းလေးပုတ်၍ ပြောလိုက်တော့ ငယ်ကရယ်ပြနေလေသည်။
"Boss ခေါက်ဆွဲပြုတ်ပဲမို့လား စမိုင်းလုပ်ပေးလိုက်ပါ့မယ် "
"မလိုဘူး ဒီပစ္စည်းတွေပဲ သွားဝယ်လာခဲ့"
"ဟုတ်ကဲ့ Boss"
ဝယ်ခိုင်းလိုက်သည်က ခေါက်ဆွဲပြုတ်ရန်အိုး၊ ခေါက်ဆွဲ၊ အသီးအရွက် အို ..စုံနေတာပဲ။ ဒီကောင်မလေးက Boss အတွက်သာမာန်လူဖြစ်ပုံမပေါ်ပေ။ စည်းကမ်းကြီးသည့် Boss က သူထိုင်သည့်ခုံတွင်ထိုင်ခိုင်းပြီး ဇာတ်ကားကြည့်စေသည်တဲ့လေ မြင်ရကြားရသည်က လုံးဝအဆန်းပင်ဖြစ်သည်။ ထိုကောင်မလေးကစာချင်သည်ပြော၍ ခေါက်ဆွဲပြုတ်တောင် ကိုယ်တိုင်ပြုတ်ပေးမည်တဲ့လေ။ စမိုင်းတို့ရဲ့ Boss က ဒီလောက်အလိုလိုက်ပြီး ဂရုစိုက်သည့်မိန်းခလေးကို စမိုင်းပထမဦးဆုံးတွေ့ဖူးခြင်း။
"Boss အကုန်လုံးစုံပြီရှင့်"
"ထားခဲ့လိုက်"
ခေါက်ဆွဲပြုတ်ရန် အလုပ်ရှုပ်နေသည့်ကိုကြီးကို ဖြူငယ်ကူပေးလို့ရပါသည်။ သို့ပေမယ့်လဲဖြူငယ်မကူပေးဘေးတွင်ထိုင်၍သာ နေနေလိုက်သည်။ ဟုတ်တယ်လေ သူများကိုညာပြီးတော့များ မကူပါဘူးနော်။ ဖြူငယ်စိတ်ခုနေတာလေးကို ဒီနည်းလမ်းနှင့်သာဖြေဖျောက်ဖို့ကြိုးစားရတော့သည်။ Cost အင်းကျီကိုချွတ်၍ ရှပ်အဖြူလက်ရှည်ကိုခေါက်တင်လျှက် စာရွက်များရှင်းပြီး စားပွဲပေါ်တွင် ခေါက်ဆွဲပြုတ်နေသည့်ကိုကြီးကို ဖြူငယ် လိုက်ကြည့်နေမိသည်။
"ကိုကြီးဘာလို့အဲ့လောက်ချောတာလဲ"
"အရပ်ကြီးရောရှည်နေရော ဟီး ..."
"ပြီးတော့ဖြူငယ့်အကြိုက် Daddy Type ကြီး..."
"ငယ် ကျယ်ကျယ်ပြော ကိုကြီးမကြားရဘူး"
"ကိုကြီးကိုမပြောပါဘူးနော်"
ခွန်းကိုကြည့်၍ တိုးတိုးလေးပြောနေသည်မို့မေးလိုက်တော့ မပြောပါဘူးဟုပေါ်တင်ကိုငြင်းလေသည်။
"ဗိုက်ဆာနေပြီလား ခဏပဲစောင့်နော် ရတော့မယ် "
"ဟုတ်"
ဒီကောင်မလေးက အပြောလေးသာစိတ်မကောက်ဘူးဟုပြောပြီး စိတ်ထဲကတော့ကောက်နေမှန်းသိသည့်ခွန်းအတွက် သူမလေးလိုချင်တာ ဖြည့်ဆည်းပေးရန်အသင့်ရှိသည်မို့ ခေါက်ဆွဲပြုတ်ပေးလိုက်တော့ ရူးရှဲတွေဖြစ်ပြီး စားနေလေသည်။ ပါးလေးဖောင်းကာစားနေသူလေးကို ကြည့်၍ ခွန်းလဲပျော်နေရသည်။ ငယ့်အတွက်ဒီလိုတွေလုပ်ပေးခွင့်ရတာ ကိုကြီးအတွက်ဆုလောဒ်ဆိုတာ ငယ်သိရင်တော့ကောင်းမှာကွာ။
"ငယ်ကြိုက်လား"
"အင်း ကိုကြီးလဲစားလေ"
"ကိုကြီးမစားတော့ဘူး ငယ်ပဲစားပါ"
"အများကြီးကို ဖြူငယ်မကုန်ဘူးလေ
ဒါလေးစားကြည့် ဟ အာ...."
"အာ ...အဟွတ် အဟွတ်..."
"ကိုကြီးသီးသွားတာလား ရေမြန်မြန်သောက်လိုက်နော် လာ...."
ငယ်ကိုယ်တိုင်ခွံ့ကျွေးသည်မို့ စားလိုက်ပေ
မယ့် အစပ်မကြိုက်သည့် ခွန်းအတွက် သီးသွားသည်ကို ကလေးတစ်ယောက်လို ရေခွက်ကိုင်ပေးပြီးတိုက်လာသည့်ငယ်
ကြောင့် ခွန်းရင်ခုန်ရသည်။ ကျောကိုလာပွတ်ပေးပြီး သေချာမစားလို့ဆူနေသည့်ငယ်က နှုတ်ခမ်းလေးဆူလို့ပင်ဖြစ်သည်။
"ဒါလေးစားတာကိုနော် လူကြီးဖြစ်ပြီးသီးတယ်ပေါ့"
"ငယ် အစပ်တွေထပ်ထည့်လိုက်တာမို့လား တော်တော်စပ်တာပဲ"
"ဟွန် ဖြူငယ်စားနေကျလောက်ပါပဲ
ကိုကြီးကိုက ဂရုမစိုက်ပဲနဲ့..."
"အဲ့လောက်စပ်နေရင်မစားရတော့ဘူး..."
"ဗုဒ္ဓေါ ...မရဘူး စားမှာပဲ "
"အဲ့တာပဲစား ကျန်တာလွှတ်ပစ်တော့ "
"မလွှတ်ပစ်ပါဘူး အများကြီးလေ ဟိုမမကိုမေးပြီးဝန်ထမ်းတွေနဲ့ဝေစားခိုင်းလိုက်မယ်လေ"
"မပေးရဘူး ဘယ့်နှယ့် ကိုကြီးလက်ရာကို တွေ့တဲ့သူတိုင်းကျွေးလို့ရမလား"
"အဟွတ် အဟွတ်...
ဖြူငယ်ကျတော့ရတယ်ပေါ့ ..."
ဖြူငယ်လဲ အနည်းငယ်သီးသွားရသည်။
"ငယ်ကရတယ် ကျန်တဲ့လူမရဘူး"
ဒီကိုကြီးတစ်ယောက်ကိုမနိုင်ဘူး အစားအသောက်လဲ မစားရတော့ဘူးလုပ်လို့လုပ် ပေးလိုက်မယ်ဆိုတော့လဲ မပေးရဘူးပြောလို့ပြော မနိူင်ဘူး တဂယ်ပဲ။
"Boss အလုပ်မဆင်းသေးဘူးလား"
"ငယ်အိပ်နေလို့ ငယ်နိုးမှဆင်းလိုက်မယ် အလုပ်တွေပြီးရင်မင်းပြန်လို့ရပြီ"
"ဟုတ်ကဲ့ Boss"
အလုပ်မရှိလို့ပျင်းတယ်ဆိုပြီး စာကလေးပေါက်စလို တစ်တွတ်တွတ်ပြောနေပြီး မောသွားပြီမို့ အိပ်နေပြီဖြစ်သည်။ Coat အင်းကျီလေးခြုံပေးထားတော့ အရပ်ပုသည့်ငယ့်အတွက် ဒူးလောက်ထိဖုံးနေသည်ကို ခွန်းကြည့်ပြီးရယ်နေရသေးသည်။
ဖြူငယ်နိုးလာတော့ ညနေ 5 နာရီထိုးပြီဖြစ်သည်။ 4 နာရီအိမ်ပြန်မယ်ပြောပြီး
ခုကြည့်မနှိုးဘူးဖြူငယ့်ကို။
"ကိုကြီး ဘာလို့ဖြူငယ့်ကိုမနှိုးတာလဲ"
"ငယ်အိပ်နေတာ ဘာလို့နှိုးရမှာလဲ "
ဟောကြည့် ဘာပြောရမှန်းကိုမသိတော့ဘူး။
"ဖြူငယ်အကြာကြီးအိပ်မိသွားတာလေ အဲ့တာကိုနှိုးပေါ့လို့.. "
ခွန်းအလုပ်လုပ်သည့်ခုံဆီ လျှာက်လာသည့်ငယ်ဟာ ရောက်ခါနီးမှထိုင်ချလိုက်လေသည်ကြောင့် ခွန်းစိတ်ပူစွာ ငယ့်ဆီပြေးလာမိသည်။ ကြမ်းပြင်ကိုလက်လေးထောက်ကာ ခွေခွေလေးထိုင်နေသည့်ငယ့်ကို ခွန်းပခုံးလေးမှထိန်း၍ကိုင်ပေးထားလိုက်သည်။
"ငယ်ဘာဖြစ်လို့လဲ နေလို့မကောင်းလို့လား "
"ခေါင်းကိုက်လို့ "
"အိပ်ရေးမဝလို့လား"
"ဟမ်.. ဒီလောက်ဖြူငယ်အိပ်ထားတာကို
မသိဘူး အခန့်မသင့်လိုနေမှာကိုကြီးရဲ့"
"အင်း ခဏလေး"
ဖြူငယ့်ကိုပွေ့ချီလိုက်သည့်အခါ ဖြူငယ်ကိုကြီး၏လည်ပင်းကိုသိုင်းဖက်ထားလိုက်သည်။
ငယ့်နဖူးလေးစမ်းကြည့်တော့ ကိုယ်ကအေးနေသေးသည်။ သို့ပေမယ့်ထိုင်ချလောက်ရသည့်အထိ ခေါင်းကိုက်နေသည်ဆိုတော့ ငယ်အရမ်းခေါင်း၍ဖြစ်မည်။
"ကိုကြီးဆေးသွားဝယ်ပေးမယ်နော်"
"ဖြူငယ်ဘယ်တုန်းကဆေးသောက်လို့လဲရပြီ မကိုက်တော့ဘူး"
ဆေးကြောက်သည့်ငယ်ဟာ ချက်ချင်းကိုကောင်းသွားလေသည်။
"သေချာလား"
"ခဏလေးပဲကိုက်တာခေါင်းက ခုမကိုက်တော့ဘူးကိုကြီးရဲ့"
"အိမ်ပြန်မယ်နော် အိမ်ရောက်မှနားလိုက်အဲ့တာဆို "
"ဟုတ်"
အိမ်ရောက်သည်နှင့် အန်တီမေက စာအုပ်ဖက်နေသည်ကိုပြေးဖက်လိုက်သည့်ဖြူငယ့်မှာ မေမေ့ကိုလွမ်းနေသည်ကြောင့် မေ့မေ့အစားဖတ်လိုက်ခြင်းပင်။ ခေါင်းကိုက်လိုက်တော့ မေမေ့ကိုလွမ်းလာရောလေ။ ဖြူငယ်အရင်က ယခုလိုချွဲတတ်သည့်လူမဟုတ်ပေ ရှေ့ကအဖြစ်ပျက်ကြီးဖြစ်ပြီးသွားထဲက ဖြူငယ်အားကိုးရာကိုရှာလာမိသည်။ ဖြူငယ့်ကိုလုံခြုံမှုပေးသည့်လူဆို ဖြူငယ်သဘောကျသလို ထိုလူ၏အကာကွယ်ခံ အချစ်ခံလေးဖြစ်လာချင်သည်။ ဥပမာ ကိုကြီးရယ် အန်တီမေရယ်လိုလူမျိူးဆီကနေပေါ့။
"သမီးလေး အလုပ်မှာအဆင်ပြေခဲ့လား"
"ဟင့်အင်းအန်တီမေ မပြေဘူး ..."
"သားလေးက ဘာတွေလုပ်ခိုင်းတာလဲသမီးကို အန်တီမေ့ကိုပြော"
"ဘာမှမခိုင်းလို့အန်တီမေ အဲ့မှာကိုကြီးကသမီးကိုဘာမှလဲပေးမလုပ်ဘူး "
"မေမေ့သမီးက အလုပ်မရှိလို့ပျင်းနေတာတဲ့လေ"
"သမီးလေးကလဲ bodyguard ပါဆို သားလေးအနားရှိနေပေးရင်ရပြီလေသမီးရဲ့ ဘာမှလုပ်စရာမလိုဘူး"
"သမီးအဲ့အတိုင်းကြီးမနေချင်ဘူးအန်တီမေ လစာတွေကအများကြီးလေ အလုပ်မခိုင်းရင် သမီးမလုပ်တော့ဘူးအဲ့အလုပ်ကြီး "
"1 နှစ်စာချုပ်နော်ငယ် "
"မသိဘူး အန်တီမေတွေ့လား အနိုင်ကျင့်နေပြန်ပြီစာချုပ်နဲ့"
"ဒီလိုလုပ်ပါလားသားရဲ့ သမီးလေးကိုနောက်နေ့ Center ကိုပတ်ကြည့်ခိုင်းပေါ့ သားလိုက်စစ်နေစရာမလိုတော့ဘူး သမီးလေးကိုခိုင်းလိုက်လေသားရဲ့"
သားတော်မောင်ကို မျက်လုံးမှိတ်ပြ၍ ပြောလိုက်သည့်အခါ အလိုက်သိသည့်သားက ခေါင်းငြိမ့်ပြလေသည်။
"ဟုတ်သားပဲမေမေရယ် သားမေ့နေတာ ငယ့်ကိုအဲ့အလုပ်တာဝန်ပေးလို့ရတာပဲ"
အလုပ်တာဝန်ပေးမယ်ဆိုတော့ မေမေ့ရင်ခွင်ထဲက ထွက်လာသည့်ငယ်ဟာ ခွန်းကိုတဂယ်လားဆိုသည့်အကြည့်လေးနှင့်ကြည့်လာလေသည်။
"ကဲနောက်နေ့ကစပြီး သမီးလေး Center ကိုပတ်ပြီး အဆင်မပြေတာတွေ့ခဲ့ရင် သားကိုပြောပေါ့"
"ဟီး တဂယ်နော် တော်သေးသမီးအလုပ်ရှိသွားလို့ အဲ့တာကြောင့်အန်တီမေ့ကိုချစ်တာအာဘွား..."
မေမေ့ပါးကိုနမ်းလိုက်သည့်အခါ ခွန်းမနာလိုဖြစ်ရသည်။
"ကိုကြီးရော..."
"ဆုတောင်းလေ အန်တီမေ့အကြံလေ ကိုကြီးအကြံမှမဟုတ်တာ "
မေမေ့ကိုဖက်ပြီး ချွဲနေသည့် အချွဲမလေးကို ချစ်မဝဖြစ်နေရသည့်ခွန်းမှာ အားဘွားမရ၍နဲနဲတော့ အလိုမကျပေ။ အာဘွားပေးပါဆိုတော့ပေးဘူးပဲပြောကာ မျက်စောင်းထိုး၍ရန်စနေသည့်ငယ့်ကို နောက်နေ့ ပညာပြန်ပေးရမည်။
အလုပ်ရောက်ထဲက ဘေးလွယ်အိပ်ပေါက်စလေးတစ်လုံးလွယ်၍ အပြင်ထွက်ရန်တကဲကဲပြင်နေလေသည့်ငယ်ဟာ ဘယ်သွားဖို့ပြင်နေမှန်း ခွန်းသိပါလျှင်နှင့်မေးကြည့်လိုက်သည်။
"ငယ် ဘယ်သွားမလို့လဲ"
"အလုပ်သွားလုပ်မို့လေ"
"ငယ့်ပိုက်ဆံအိတ်က "
"ဟီး.. 5000 ပဲပါတာ ရူးတိုးတိုး.. မမစမိုင်းနဲ့ကိုကြီးပဲသိတာနော် အယောင်ပြလေးယူသွားမလို့ဒါလေးက"
အိတ်သေးသေးလေးကိုမြှောက်ပြလေသူငယ်ဟာ ဂါဝန်လေးနှင့်ချစ်ဖို့ကောင်းနေလေသည်။
"ဟားဟား... ငယ်ပြောမှသိကုန်တော့မယ်ကွာ ရော့ကိုကြီးကဒ်ယူသွား ကြိုက်တာဝယ်ခဲ့"
"No ပါ ဖြူငယ်ပြီးရင်ပြန်လာခဲ့မယ်နော် ဘိုင့်ဘိုင်..."
ဂါဝန်ခရမ်းနုလေးထက် ပိုက်ဆံအိတ်လေးလွယ်၍ ဝယ်ပေးထားသည့် ဒေါက်ဖိနပ်တွေမစီးတတ်သည့်ငယ်ဟာ ကွင်းထိုးဖိနပ်လေးသာစီးထားလေသည်။ မတိုမရှည် ဆံပင်လေးကို ဖားလျားချလျှက် ချစ်စရာမျက်နှာလေးနှင့် ခလေးပေါက်စအတိုင်းပြေးသွားလေသည့်အခါ ခွန်းစိတ်မချဖြစ်သွားရသည်။
ရေသာမခိုတတ်သည့်ဝန်ထမ်းများက စည်းစနစ်ကျကြသည်မို့ ဖြူငယ် ဒီတိုင်းလျှောက်ပတ်ကြည့်နေကာ အလွှာအတော်များများထိရောက်ခဲ့သည်။ အပေါ်ပြန်တတ်ရန်ပြင်နေသည့်ဖြူငယ့်အနားသို့ ကောင်လေးတစ်ယောက်ဟာ အတင်းပြေးလာလေတော့သည်။
"မမ ...မမ ကျွန်တော်လေ မင်းခ"
"အော် ဟိုကောင်လေး"
"မမ ဒီကိုရောက်နေတာလား"
"အင်း ..မင်းကရော "
"ဖွားက ကျွန်တော်လူတစ်ယောက်ကြောင့်စာမလုပ်လို့တဲ့ ဒီကိုပို့လိုက်တာ မထင်ထားဘူး အဲ့လူကိုဒီမှာတွေ့ရမယ်လို့"
"ဟေ့ကောင် မင်းရဲ့မမလား..."
"ဟွန်..."
ဘေးမှဝင်ပြောသည့်ကောင်လေးစကားကို ဖြူငယ်နားမလည်ပေ။
"ဘာမှမဟုတ်ဘူးမမ ဒီကောင်လျှောက်ပြောနေတာ မင်းအသာနေပါ..."
ဖွားပြောသလို မင်းခဆယ်တန်းအောင်မှ မမကိုအတည်ပေါက်လိုက်မည်ဖြစ်၍ အခုတော့မမကိုခဏလွှတ်ပေးထားရန်ဆုံးဖြတ်ထားသည်။
"သွားတော့လေ အစ်မလဲသွားတော့မယ်"
"ဟုတ်မမ ထပ်တွေ့ကြမယ်နော်"
ဖြူငယ်ပြုံးပြ၍သာ ရပ်ပြီးစကားပြောရာမှထွက်လာခဲ့သည်။ဖြူငယ်ရောက်နေသည်က ဒုထိယထပ်ဖြစ်သလို ဖြူငယ့်ကိုတစ်ယောက်ယောက်က အပေါ်မှကြည့်နေသလိုဖြူငယ်ခံစားနေရသည်မို့ အပေါ်မော့ကြည့်မိတော့ ၅ ထပ်မြောက်ဝရံတာလက်ရန်းတွင် လက်ထောက်ထားပြီး မျက်လုံးကျွတ်ကျမတတ်ကြည့်နေသည့်ကိုကြီးကိုတွေ့ရလေသည်။ အနီးနားရောက်တော့မှသေချာမြင်ရသည်က ဘာတွေကိုစိတ်တို၍တိုနေမှန်းမသိ ဒေါသထွက်နေသည့်ပုံစံပင်ဖြစ်သည်။
"လိုက်လာခဲ့"
"အာ့.."
လက်မှဆောင့်ဆွဲသွားသည့်အခါ ဖြူငယ်နာသွားရသည်။ ကိုကြီးအလုပ်ခန်းရောက်သည်နှင့် ကိုကြီးဒေါသတွေဟာ ဘာ့ကြောင့်မှန်းမသိ ပေါက်ကွဲလာလေသည်။
"အဲ့ကောင်ဘယ်သူလဲပြော ဘာလို့စကားရပ်ပြောနေရတာလဲ ဟမ်..."
ကိုကြီးဟာ လေသံခပ်ကျယ်ကျယ်နှင့် အံကျိတ်ကာမေးလာလေသည်။
"အဲ့ကောင်လေးလား ကိုကြီးလဲသိတာပဲကို ဟိုရုပ်ရှင်ကြည့်တဲ့တစ်ယောက်လေ"
"အဲ့ကောင်က ဒီအထိဘာလို့လိုက်လာတာလဲ"
"သူပြောတာတော့ သူ့အဖွားကဒီပို့လိုက်တာတဲ့..."
"ငယ်... ယုံတယ်ပေါ့အဲ့စကားကို"
"အင်းလေ"
"ငယ့်အပေါ်အဲ့ကောင် မရိုးသားဘူးဆိုတာသိရဲ့လားကွ ဟမ်..."
"ဖြူငယ်နဲ့ဘာဆိုင်လို့လဲ ပြီးတော့ဖြူငယ်မသိဘူးအဲ့လိုတွေ"
"ငယ်မသိပေမယ့် ကိုကြီးသိတယ် ကိုကြီးဇနီးလောင်းကိုလာကြောင်နေတာကို ဒီအတိုင်းလွှတ်မထားနိုင်ဘူးကွ"
ကိုကြီးလေသံက မြင့်လာသလို ဇနီးလောင်းဆိုသည့်နာမ်စားကိုဖြူငယ်နားမလည်ပေ။
"လူကို ဘာလို့အော်နေတာလဲ.. ပြီးတော့ကိုကြီးဇနီးလောင်းဆိုတာ ဘယ်သူ့ကိုပြောနေတာလဲ"
"ငယ်လေ ဟော့ဒီ့ကငယ်လေ.. ဘာလဲမသိတော့တာလား မသိချင်ယောင်ဆောင်နေတာလား..."
"ကိုကြီး ဘယ်လိုတွေလာပြောနေတာလဲ ဖြူငယ်က ကိုကြီးရည်းစားမှမဟုတ်တာ ဘယ်လိုတွေလာသုံးနှုန်းနေတာလဲလို့..."
ဖြူငယ်လေသံမာမာပင်ပြန်မေးလိုက်သည်။ ဒီကိစ္စကရှင်းမှရမှာပင်။
"ဟမ် ..ငယ့်က ကိုကြီးရည်းစား ကိုကြီးလက်ထပ်မယ့်မိန်းခလေးမှန်း တစ်လောကလုံးသိတယ် ငယ်ဘာလို့မသိတာလဲ..ဟမ်..."
"အော်ပြန်ပြီ ဘယ်အချိန်က ဖြူငယ်က ကိုကြီးရည်းစားဖြစ်သွားတာလဲပြောပြပါအုံး ဖြူငယ်လဲမသိလိုက်ရဘူး..."
"ငယ် စကားကိုကပ်မပြောစမ်းနဲ့ကွာ "
"ကပ်ပြီးပြောနေတာကိုကြီးလေ"
တစ်ခွန်းမကျန်ကိုပြောခံပြောတတ်သူလေးပါလားကွာ။
"ရည်းစားမဟုတ်ပဲငယ်ဘာလို့ ရုပ်ရှင်ရုံထဲမှာကိုကြီးကိုနမ်းလဲ ပြောအဲ့တာပြော..."
"အဲ့တာက.. အဲ့တာကမတော်တဆလေ ဖြူငယ်အဲ့နေ့ကအနမ်းကိုပြန်နှုတ်ပေးတယ်လေ ကျေတယ်လေ.."
"ဒီကြားထဲ ကိုကြီးနမ်းငယ့်ကိုတာတွေကရော ဘာလဲအဲ့တာဆို..."
"ပထမတစ်ခေါက်ကနမ်းတာသင်ပြတာဆို အဲ့တာလဲနောက်တစ်ခါထပ်နမ်းပြီး ပြန်နှုတ်သွားတယ်လေ အဲ့နေ့ကလဲနှစ်ခါ ...ကျေပြီလေ..."
"ကားပေါ်ကရောအဲ့တာဆို..."
"ကားပေါ်ကလဲ ပြောစကားနားမထောင်လို့နမ်းတာဆို ပြန်နှုတ်သွားတာပဲလေ အဲ့နေ့ကလဲနှစ်ခါပဲကို ကျေပြီပေါ့ ...ဘာကျန်သေးလို့လဲ..."
အေးရောကွာ။ တစ်ခါနဲ့မဝလို့ နှစ်ခါနမ်းတတ်တဲ့ခွန်းစေရာတို့ ငယ်နဲ့တွေ့တော့ ရှယ်ကိုခံလိုက်ရတာပါလားဗျာ။ ဒီဟာလေးစဉ်းစားပုံကို လက်လန်တယ်ကွာ။ မျက်နှာလေးတည် လက်လေးနှစ်ချောင်းကိုအလှည့်ကျချိုး၍ ရှင်းပြနေပုံများ အမလေးဗျာ ငိုတောင်ငိုချင်လာပြီ။
"ငယ်က ကိုကြီးအချစ်မပါပဲငယ့်ကို နမ်းတယ်ထင်နေတာလားကွ"
"ကိုကြီးကပြောလို့လား..."
"ပြောစရာလိုသေးလို့လား ငယ်ရယ်"
"ဒီအတိုင်းကြုံလို့ နမ်းလိုက်တာ မဟုတ်ဘူးလား"
"ငယ်နော် ငယ့်ကို ချစ်လို့နမ်းတာလေ ဒီကောင်က ငယ့်ကိုသိပ်ချစ်လို့နမ်းတာလေကွာ"
ရှင်းပြရင်း ငိုသံတောင်ပါလာရသလို ဝမ်းလဲနည်းမိပါသည်။ ငယ်ကဒီဂြိုလ်ကမဟုတ်ဘူး အင်္ဂါဂြိုလ်ကဖြစ်မည်။
Words 3540
(Zawgyi)
ခြန္းရဲ႕ႏွောင္ႀကိဳးငယ္ အပိုင္း -၂၄
ျဖဴငယ္အလုပ္ေရာက္သည့္အခ်ိန္ထဲက ဘာအလုပ္မွမလုပ္ရ ကိုႀကီးထိုင္ခိုင္းသည့္ေနရာတြင္ထိုင္၍ ကိုႀကီးအလုပ္လုပ္ေနသည္ကိုသာထိုင္၍ၾကည့္ေနရသည္။ ၾကာလာေတာ့ပ်င္းလာရ၍ ဖုန္းၾကည့္လိုက္ ေကာ္ဖီေသာက္လိုက္ႏွင့္ ျဖဴငယ့္ဒီအလုပ္ႀကီးကိုပ်င္းလာရသည္။ ဒါေတာင္ပထမဆုံးရက္ပဲရွိေသးသည္ပင္။
"ငယ္ ငိုေနတာလား"
မ်က္လုံးေလးပြတ္ေနသလို Tissue ေလးႏွင့္သုတ္ေနသည္ေၾကာင့္ ခြန္းေမးမိသည္။
"ကိုႀကီးပဲ TV နဲ႕ အက်င့္လုပ္လို႔ေလ
အခုဖုန္းၾကည့္ေတာ့ မ်က္ရည္က်ေနၿပီၾကည့္"
"ငယ္ မ်က္လုံးထိခိုက္မယ္ေနာ္ မၾကည့္ရေတာ့ဘူး...အဲ့ဖုန္း ေပး"
"ျဖဴငယ္ဇာတ္ကားၾကည့္ခ်င္တာကို "
"ရဘူးလို႔ေျပာေနတယ္ေလငယ္"
"ျဖဴငယ္လဲမရဘူးၾကည့္မွာပဲ မေပးဘူး..."
"ေျပာမရပါလားငယ္ လာဒီကို... ကိုႀကီး ကြန္ပ်ဴတာနဲ႕လာၾကည့္"
"အဲ့မွာလား..."
"ကိုႀကီးက ဒီ Laptop အေသးနဲ႕လုပ္လိုက္မယ္ ငယ္ကဒီအႀကီးနဲ႕လာၾကည့္လာ... "
"အဲ့လိုက ရလို႔လား ..."
"ရတာေပါ့ ငယ္ ဒီအခန္းထဲမွာမွမဟုတ္ဘူး ဘယ္ေနေနရာျဖစ္ျဖစ္ႀကိဳက္တာလုပ္လို႔ရတယ္ အဲ့တာမွတ္ထား ..."
"အာ့ဆိုလာၿပီေနာ္ "
"လာပါဆိုကြာ"
ခြန္းရဲ႕ေဘးလာရပ္ကာ ဖုန္းေလးေပးလာေလသည္။
"ဒီကားၾကည့္ခ်င္တာ"
"Ok ဗ်ာ ..."
ခြန္းေနရာကိုငယ့္ကိုထိုင္ေစ၍ ဇာတ္ကားၾကည့္ေစကာ Laptop အေသးကိုယူ၍ ဆိုဖာေပါ့သို႔ခြန္းထိုင္လိုက္ေတာ့သည္။
"Boss ဒီဖိုင္ေလးလက္မွတ္ထိုးေပးဖို႔..."
"ဟီး ...မမ ဟိုမွာ ကိုႀကီးက..."
"ငါ့ခႏၶာကိုယ္က အဲ့ေလာက္ေသးလား စမိုင္း"
"ဟို... စမိုင္းေသခ်ာမၾကည့္မိလိုက္ဘူး..."
"ယူခဲ့အဲ့ဖိုင္ေတြ..."
Boss ထိုင္သည့္ခုန္တြင္ ေမးေထာက္ၿပီး ဇာတ္ကားၾကည့္ေနသည့္ ေကာင္မေလးတစ္ေယာက္။ Boss ကေတာ့ ဟိုဘက္ဆိုဖာႏွင့္ခုံတြင္ Coat အင္းက်ီနက္ျပာေရာင္ကို စမတ္က်စြာဝတ္ထားၿပီး စာ႐ြက္စာတန္းေတြအ
ျပည့္ျဖင့္ အလုပ္လုပ္ေနေလသည္။ Boss ရဲ႕ ကြန္ပ်ဴတာထိုင္ရိုက္ေနသည့္ပုံမွာ စမိုင္းအတြက္အေတာ္ၾကာေငးေနဖို႔အတြက္လုံေလာက္သည္မို႔ ထိုေကာင္မေလးကိုေမ့၍ ေငးမိပါသည္။
"အဟမ္း..."
"လာၿပီ လာၿပီ Boss"
"ခစ္ခစ္ အရမ္းရယ္ရတယ္သိလားကိုႀကီး ခိခိ ၿပီးရင္လာၾကည့္လွည့္အုံး"
"ကိုႀကီးၿပီးရင္လာခဲ့မယ္..."
မမတစ္ေယာက္ေရာက္ေနသည္မို႔ ျဖဴငယ္ထိန္းဖို႔ႀကိဳးစားေနေပမယ့္လဲ ရယ္ရလြန္း၍မေနနိုင္ရယ္မိသြားေလသည္။
"သူကဘယ္သူလဲ Boss "
"ငါ့ bodyguard "
"ရွင္..."
Boss ရဲ႕အတြင္းေရးမႉးျဖစ္သည့္စမိုင္းအတြက္ အထူးအဆန္းျဖစ္ေနရသည္။ အို ဒီေသးေသးေလးက Boss ရဲ႕ bodyguard တဲ့ေလ။စမိုင္းလုပ္သက္ ၅ ႏွစ္အတြင္း ပထမဆုံးၾကားဖူးျခင္းႏွင့္ ထူးဆန္းျဖစ္ရပ္ကိုပထမဆုံးျမင္ဖူးျခင္းပင္။
စမိုင္းအတြက္ Boss က အကိုတစ္ေယာက္လိုခင္ရၿပီး ေလးစားရသည့္လူျဖစ္သည္။ စမိုင္းလို ဆင္းရဲသည့္မိန္းခေလးတစ္ေယာက္ကို အလုပ္ေပးထားၿပိး Boss ရဲ႕အတြင္းေရးမႉးရာထူးထိေပးထားသည့္အတြက္လဲ ေက်းဇူးတင္ရသည္။
ဇာတ္ကားလဲတစ္ကားၿပီးသြားၿပီျဖစ္သလို ျဖဴငယ္လဲဗိုက္ဆာလာရသည္။ ကိုႀကီးကထမင္းထုတ္မယူဘူး အျပင္ထြက္စားမွာဟုေျပာထား၍ ျဖဴငယ္ကိုႀကီးနားသို႔သြားကာ ကိုႀကီးေဘးတြင္ထိုင္လိုက္ေတာ့သည္။
"ကိုႀကီး ျဖဴငယ္ဗိုက္ဆာတယ္"
ခေလးတစ္ေယာက္သဖြယ္ အနားကပ္ေျပာလာသည့္အခါ ခြန္းသေဘာက်ေနရသည္။
"ငယ္ ဘာစားခ်င္လဲ "
"ေခါက္ဆြဲျပဳတ္"
"အင္းကိုႀကီးလုပ္ေပးမယ္ "
"ဟမ္ ကိုႀကီးလုပ္ေပးမွာဆိုမစားေတာ့ဘူး အလုပ္ရွိေသးတယ္ေလကိုႀကီးက"
"အလုပ္ကေနာက္မွလုပ္လဲရပါတယ္ "
"မွာလိုက္ရင္ရတာကို ကိုႀကီးကကိုယ္တိုင္လုပ္ေပးမလို႔လား"
"ေခါက္ဆြဲျပဳတ္ဆို ကိုႀကီးျပဳတ္ေပးတာပဲစားရမယ္ အျပင္ကဟာမစားရဘူးေနာ္ငယ္တစ္ခါထဲေျပာထားမယ္"
"အဲ့တာဆိုတစ္ျခားဟာပဲစားေတာ့မယ္ "
"စားခ်င္ေနတာကိုကြာ ေနပါကိုႀကီးပဲျပဳတ္ေပးမယ္ ျငင္းမေနနဲ႕ေတာ့ "
"ဟီး အဲ့တာဆိုလဲၿပီးေရာ အ႐ြက္ေတြအမ်ားႀကီးေနာ္ ငုံးဥေလးေရာ"
"သိပါတယ္ဗ်ာ ..."
ေခါင္းေလးပုတ္၍ ေျပာလိုက္ေတာ့ ငယ္ကရယ္ျပေနေလသည္။
"Boss ေခါက္ဆြဲျပဳတ္ပဲမို႔လား စမိုင္းလုပ္ေပးလိုက္ပါ့မယ္ "
"မလိုဘူး ဒီပစၥည္းေတြပဲ သြားဝယ္လာခဲ့"
"ဟုတ္ကဲ့ Boss"
ဝယ္ခိုင္းလိုက္သည္က ေခါက္ဆြဲျပဳတ္ရန္အိုး၊ ေခါက္ဆြဲ၊ အသီးအ႐ြက္ အို ..စုံေနတာပဲ။ ဒီေကာင္မေလးက Boss အတြက္သာမာန္လူျဖစ္ပုံမေပၚေပ။ စည္းကမ္းႀကီးသည့္ Boss က သူထိုင္သည့္ခုံတြင္ထိုင္ခိုင္းၿပီး ဇာတ္ကားၾကည့္ေစသည္တဲ့ေလ ျမင္ရၾကားရသည္က လုံးဝအဆန္းပင္ျဖစ္သည္။ ထိုေကာင္မေလးကစာခ်င္သည္ေျပာ၍ ေခါက္ဆြဲျပဳတ္ေတာင္ ကိုယ္တိုင္ျပဳတ္ေပးမည္တဲ့ေလ။ စမိုင္းတို႔ရဲ႕ Boss က ဒီေလာက္အလိုလိုက္ၿပီး ဂ႐ုစိုက္သည့္မိန္းခေလးကို စမိုင္းပထမဦးဆုံးေတြ႕ဖူးျခင္း။
"Boss အကုန္လုံးစုံၿပီရွင့္"
"ထားခဲ့လိုက္"
ေခါက္ဆြဲျပဳတ္ရန္ အလုပ္ရႈပ္ေနသည့္ကိုႀကီးကို ျဖဴငယ္ကူေပးလို႔ရပါသည္။ သို႔ေပမယ့္လဲျဖဴငယ္မကူေပးေဘးတြင္ထိုင္၍သာ ေနေနလိုက္သည္။ ဟုတ္တယ္ေလ သူမ်ားကိုညာၿပီးေတာ့မ်ား မကူပါဘူးေနာ္။ ျဖဴငယ္စိတ္ခုေနတာေလးကို ဒီနည္းလမ္းႏွင့္သာေျဖေဖ်ာက္ဖို႔ႀကိဳးစားရေတာ့သည္။ Cost အင္းက်ီကိုခြၽတ္၍ ရွပ္အျဖဴလက္ရွည္ကိုေခါက္တင္လွ်က္ စာ႐ြက္မ်ားရွင္းၿပီး စားပြဲေပၚတြင္ ေခါက္ဆြဲျပဳတ္ေနသည့္ကိုႀကီးကို ျဖဴငယ္ လိုက္ၾကည့္ေနမိသည္။
"ကိုႀကီးဘာလို႔အဲ့ေလာက္ေခ်ာတာလဲ"
"အရပ္ႀကီးေရာရွည္ေနေရာ ဟီး ..."
"ၿပီးေတာ့ျဖဴငယ့္အႀကိဳက္ Daddy Type ႀကီး..."
"ငယ္ က်ယ္က်ယ္ေျပာ ကိုႀကီးမၾကားရဘူး"
"ကိုႀကီးကိုမေျပာပါဘူးေနာ္"
ခြန္းကိုၾကည့္၍ တိုးတိုးေလးေျပာေနသည္မို႔ေမးလိုက္ေတာ့ မေျပာပါဘူးဟုေပၚတင္ကိုျငင္းေလသည္။
"ဗိုက္ဆာေနၿပီလား ခဏပဲေစာင့္ေနာ္ ရေတာ့မယ္ "
"ဟုတ္"
ဒီေကာင္မေလးက အေျပာေလးသာစိတ္မေကာက္ဘူးဟုေျပာၿပီး စိတ္ထဲကေတာ့ေကာက္ေနမွန္းသိသည့္ခြန္းအတြက္ သူမေလးလိုခ်င္တာ ျဖည့္ဆည္းေပးရန္အသင့္ရွိသည္မို႔ ေခါက္ဆြဲျပဳတ္ေပးလိုက္ေတာ့ ႐ူးရွဲေတြျဖစ္ၿပီး စားေနေလသည္။ ပါးေလးေဖာင္းကာစားေနသူေလးကို ၾကည့္၍ ခြန္းလဲေပ်ာ္ေနရသည္။ ငယ့္အတြက္ဒီလိုေတြလုပ္ေပးခြင့္ရတာ ကိုႀကီးအတြက္ဆုေလာဒ္ဆိုတာ ငယ္သိရင္ေတာ့ေကာင္းမွာကြာ။
"ငယ္ႀကိဳက္လား"
"အင္း ကိုႀကီးလဲစားေလ"
"ကိုႀကီးမစားေတာ့ဘူး ငယ္ပဲစားပါ"
"အမ်ားႀကီးကို ျဖဴငယ္မကုန္ဘူးေလ
ဒါေလးစားၾကည့္ ဟ အာ...."
"အာ ...အဟြတ္ အဟြတ္..."
"ကိုႀကီးသီးသြားတာလား ေရျမန္ျမန္ေသာက္လိုက္ေနာ္ လာ...."
ငယ္ကိုယ္တိုင္ခြံ႕ေကြၽးသည္မို႔ စားလိုက္ေပ
မယ့္ အစပ္မႀကိဳက္သည့္ ခြန္းအတြက္ သီးသြားသည္ကို ကေလးတစ္ေယာက္လို ေရခြက္ကိုင္ေပးၿပီးတိုက္လာသည့္ငယ္
ေၾကာင့္ ခြန္းရင္ခုန္ရသည္။ ေက်ာကိုလာပြတ္ေပးၿပီး ေသခ်ာမစားလို႔ဆူေနသည့္ငယ္က ႏႈတ္ခမ္းေလးဆူလို႔ပင္ျဖစ္သည္။
"ဒါေလးစားတာကိုေနာ္ လူႀကီးျဖစ္ၿပီးသီးတယ္ေပါ့"
"ငယ္ အစပ္ေတြထပ္ထည့္လိုက္တာမို႔လား ေတာ္ေတာ္စပ္တာပဲ"
"ဟြန္ ျဖဴငယ္စားေနက်ေလာက္ပါပဲ
ကိုႀကီးကိုက ဂ႐ုမစိုက္ပဲနဲ႕..."
"အဲ့ေလာက္စပ္ေနရင္မစားရေတာ့ဘူး..."
"ဗုေဒၶါ ...မရဘူး စားမွာပဲ "
"အဲ့တာပဲစား က်န္တာလႊတ္ပစ္ေတာ့ "
"မလႊတ္ပစ္ပါဘူး အမ်ားႀကီးေလ ဟိုမမကိုေမးၿပီးဝန္ထမ္းေတြနဲ႕ေဝစားခိုင္းလိုက္မယ္ေလ"
"မေပးရဘူး ဘယ့္ႏွယ့္ ကိုႀကီးလက္ရာကို ေတြ႕တဲ့သူတိုင္းေကြၽးလို႔ရမလား"
"အဟြတ္ အဟြတ္...
ျဖဴငယ္က်ေတာ့ရတယ္ေပါ့ ..."
ျဖဴငယ္လဲ အနည္းငယ္သီးသြားရသည္။
"ငယ္ကရတယ္ က်န္တဲ့လူမရဘူး"
ဒီကိုႀကီးတစ္ေယာက္ကိုမနိုင္ဘူး အစားအေသာက္လဲ မစားရေတာ့ဘူးလုပ္လို႔လုပ္ ေပးလိုက္မယ္ဆိုေတာ့လဲ မေပးရဘူးေျပာလို႔ေျပာ မနိူင္ဘူး တဂယ္ပဲ။
"Boss အလုပ္မဆင္းေသးဘူးလား"
"ငယ္အိပ္ေနလို႔ ငယ္နိုးမွဆင္းလိုက္မယ္ အလုပ္ေတြၿပီးရင္မင္းျပန္လို႔ရၿပီ"
"ဟုတ္ကဲ့ Boss"
အလုပ္မရွိလို႔ပ်င္းတယ္ဆိုၿပီး စာကေလးေပါက္စလို တစ္တြတ္တြတ္ေျပာေနၿပီး ေမာသြားၿပီမို႔ အိပ္ေနၿပီျဖစ္သည္။ Coat အင္းက်ီေလးၿခဳံေပးထားေတာ့ အရပ္ပုသည့္ငယ့္အတြက္ ဒူးေလာက္ထိဖုံးေနသည္ကို ခြန္းၾကည့္ၿပီးရယ္ေနရေသးသည္။
ျဖဴငယ္နိုးလာေတာ့ ညေန 5 နာရီထိုးၿပီျဖစ္သည္။ 4 နာရီအိမ္ျပန္မယ္ေျပာၿပီး
ခုၾကည့္မႏွိုးဘူးျဖဴငယ့္ကို။
"ကိုႀကီး ဘာလို႔ျဖဴငယ့္ကိုမႏွိုးတာလဲ"
"ငယ္အိပ္ေနတာ ဘာလို႔ႏွိုးရမွာလဲ "
ေဟာၾကည့္ ဘာေျပာရမွန္းကိုမသိေတာ့ဘူး။
"ျဖဴငယ္အၾကာႀကီးအိပ္မိသြားတာေလ အဲ့တာကိုႏွိုးေပါ့လို႔.. "
ခြန္းအလုပ္လုပ္သည့္ခုံဆီ လွ်ာက္လာသည့္ငယ္ဟာ ေရာက္ခါနီးမွထိုင္ခ်လိဳက္ေလသည္ေၾကာင့္ ခြန္းစိတ္ပူစြာ ငယ့္ဆီေျပးလာမိသည္။ ၾကမ္းျပင္ကိုလက္ေလးေထာက္ကာ ေခြေခြေလးထိုင္ေနသည့္ငယ့္ကို ခြန္းပခုံးေလးမွထိန္း၍ကိုင္ေပးထားလိုက္သည္။
"ငယ္ဘာျဖစ္လို႔လဲ ေနလို႔မေကာင္းလို႔လား "
"ေခါင္းကိုက္လို႔ "
"အိပ္ေရးမဝလို႔လား"
"ဟမ္.. ဒီေလာက္ျဖဴငယ္အိပ္ထားတာကို
မသိဘူး အခန့္မသင့္လိုေနမွာကိုႀကီးရဲ႕"
"အင္း ခဏေလး"
ျဖဴငယ့္ကိုေပြ႕ခ်ီလိုက္သည့္အခါ ျဖဴငယ္ကိုႀကီး၏လည္ပင္းကိုသိုင္းဖက္ထားလိုက္သည္။
ငယ့္နဖူးေလးစမ္းၾကည့္ေတာ့ ကိုယ္ကေအးေနေသးသည္။ သို႔ေပမယ့္ထိုင္ခ်ေလာက္ရသည့္အထိ ေခါင္းကိုက္ေနသည္ဆိုေတာ့ ငယ္အရမ္းေခါင္း၍ျဖစ္မည္။
"ကိုႀကီးေဆးသြားဝယ္ေပးမယ္ေနာ္"
"ျဖဴငယ္ဘယ္တုန္းကေဆးေသာက္လို႔လဲရၿပီ မကိုက္ေတာ့ဘူး"
ေဆးေၾကာက္သည့္ငယ္ဟာ ခ်က္ခ်င္းကိုေကာင္းသြားေလသည္။
"ေသခ်ာလား"
"ခဏေလးပဲကိုက္တာေခါင္းက ခုမကိုက္ေတာ့ဘူးကိုႀကီးရဲ႕"
"အိမ္ျပန္မယ္ေနာ္ အိမ္ေရာက္မွနားလိုက္အဲ့တာဆို "
"ဟုတ္"
အိမ္ေရာက္သည္ႏွင့္ အန္တီေမက စာအုပ္ဖက္ေနသည္ကိုေျပးဖက္လိုက္သည့္ျဖဴငယ့္မွာ ေမေမ့ကိုလြမ္းေနသည္ေၾကာင့္ ေမ့ေမ့အစားဖတ္လိုက္ျခင္းပင္။ ေခါင္းကိုက္လိုက္ေတာ့ ေမေမ့ကိုလြမ္းလာေရာေလ။ ျဖဴငယ္အရင္က ယခုလိုခြၽဲတတ္သည့္လူမဟုတ္ေပ ေရွ႕ကအျဖစ္ပ်က္ႀကီးျဖစ္ၿပီးသြားထဲက ျဖဴငယ္အားကိုးရာကိုရွာလာမိသည္။ ျဖဴငယ့္ကိုလုံၿခဳံမႈေပးသည့္လူဆို ျဖဴငယ္သေဘာက်သလို ထိုလူ၏အကာကြယ္ခံ အခ်စ္ခံေလးျဖစ္လာခ်င္သည္။ ဥပမာ ကိုႀကီးရယ္ အန္တီေမရယ္လိုလူမ်ိဴးဆီကေနေပါ့။
"သမီးေလး အလုပ္မွာအဆင္ေျပခဲ့လား"
"ဟင့္အင္းအန္တီေမ မေျပဘူး ..."
"သားေလးက ဘာေတြလုပ္ခိုင္းတာလဲသမီးကို အန္တီေမ့ကိုေျပာ"
"ဘာမွမခိုင္းလို႔အန္တီေမ အဲ့မွာကိုႀကီးကသမီးကိုဘာမွလဲေပးမလုပ္ဘူး "
"ေမေမ့သမီးက အလုပ္မရွိလို႔ပ်င္းေနတာတဲ့ေလ"
"သမီးေလးကလဲ bodyguard ပါဆို သားေလးအနားရွိေနေပးရင္ရၿပီေလသမီးရဲ႕ ဘာမွလုပ္စရာမလိုဘူး"
"သမီးအဲ့အတိုင္းႀကီးမေနခ်င္ဘူးအန္တီေမ လစာေတြကအမ်ားႀကီးေလ အလုပ္မခိုင္းရင္ သမီးမလုပ္ေတာ့ဘူးအဲ့အလုပ္ႀကီး "
"1 ႏွစ္စာခ်ဳပ္ေနာ္ငယ္ "
"မသိဘူး အန္တီေမေတြ႕လား အနိုင္က်င့္ေနျပန္ၿပီစာခ်ဳပ္နဲ႕"
"ဒီလိုလုပ္ပါလားသားရဲ႕ သမီးေလးကိုေနာက္ေန႕ Center ကိုပတ္ၾကည့္ခိုင္းေပါ့ သားလိုက္စစ္ေနစရာမလိုေတာ့ဘူး သမီးေလးကိုခိုင္းလိုက္ေလသားရဲ႕"
သားေတာ္ေမာင္ကို မ်က္လုံးမွိတ္ျပ၍ ေျပာလိုက္သည့္အခါ အလိုက္သိသည့္သားက ေခါင္းၿငိမ့္ျပေလသည္။
"ဟုတ္သားပဲေမေမရယ္ သားေမ့ေနတာ ငယ့္ကိုအဲ့အလုပ္တာဝန္ေပးလို႔ရတာပဲ"
အလုပ္တာဝန္ေပးမယ္ဆိုေတာ့ ေမေမ့ရင္ခြင္ထဲက ထြက္လာသည့္ငယ္ဟာ ခြန္းကိုတဂယ္လားဆိုသည့္အၾကည့္ေလးႏွင့္ၾကည့္လာေလသည္။
"ကဲေနာက္ေန႕ကစၿပီး သမီးေလး Center ကိုပတ္ၿပီး အဆင္မေျပတာေတြ႕ခဲ့ရင္ သားကိုေျပာေပါ့"
"ဟီး တဂယ္ေနာ္ ေတာ္ေသးသမီးအလုပ္ရွိသြားလို႔ အဲ့တာေၾကာင့္အန္တီေမ့ကိုခ်စ္တာအာဘြား..."
ေမေမ့ပါးကိုနမ္းလိုက္သည့္အခါ ခြန္းမနာလိုျဖစ္ရသည္။
"ကိုႀကီးေရာ..."
"ဆုေတာင္းေလ အန္တီေမ့အႀကံေလ ကိုႀကီးအႀကံမွမဟုတ္တာ "
ေမေမ့ကိုဖက္ၿပီး ခြၽဲေနသည့္ အခြၽဲမေလးကို ခ်စ္မဝျဖစ္ေနရသည့္ခြန္းမွာ အားဘြားမရ၍နဲနဲေတာ့ အလိုမက်ေပ။ အာဘြားေပးပါဆိုေတာ့ေပးဘူးပဲေျပာကာ မ်က္ေစာင္းထိုး၍ရန္စေနသည့္ငယ့္ကို ေနာက္ေန႕ ပညာျပန္ေပးရမည္။
အလုပ္ေရာက္ထဲက ေဘးလြယ္အိပ္ေပါက္စေလးတစ္လုံးလြယ္၍ အျပင္ထြက္ရန္တကဲကဲျပင္ေနေလသည့္ငယ္ဟာ ဘယ္သြားဖို႔ျပင္ေနမွန္း ခြန္းသိပါလွ်င္ႏွင့္ေမးၾကည့္လိုက္သည္။
"ငယ္ ဘယ္သြားမလို႔လဲ"
"အလုပ္သြားလုပ္မို႔ေလ"
"ငယ့္ပိုက္ဆံအိတ္က "
"ဟီး.. 5000 ပဲပါတာ ႐ူးတိုးတိုး.. မမစမိုင္းနဲ႕ကိုႀကီးပဲသိတာေနာ္ အေယာင္ျပေလးယူသြားမလို႔ဒါေလးက"
အိတ္ေသးေသးေလးကိုျမႇောက္ျပေလသူငယ္ဟာ ဂါဝန္ေလးႏွင့္ခ်စ္ဖို႔ေကာင္းေနေလသည္။
"ဟားဟား... ငယ္ေျပာမွသိကုန္ေတာ့မယ္ကြာ ေရာ့ကိုႀကီးကဒ္ယူသြား ႀကိဳက္တာဝယ္ခဲ့"
"No ပါ ျဖဴငယ္ၿပီးရင္ျပန္လာခဲ့မယ္ေနာ္ ဘိုင့္ဘိုင္..."
ဂါဝန္ခရမ္းႏုေလးထက္ ပိုက္ဆံအိတ္ေလးလြယ္၍ ဝယ္ေပးထားသည့္ ေဒါက္ဖိနပ္ေတြမစီးတတ္သည့္ငယ္ဟာ ကြင္းထိုးဖိနပ္ေလးသာစီးထားေလသည္။ မတိုမရွည္ ဆံပင္ေလးကို ဖားလ်ားခ်လွ်က္ ခ်စ္စရာမ်က္ႏွာေလးႏွင့္ ခေလးေပါက္စအတိုင္းေျပးသြားေလသည့္အခါ ခြန္းစိတ္မခ်ျဖစ္သြားရသည္။
ေရသာမခိုတတ္သည့္ဝန္ထမ္းမ်ားက စည္းစနစ္က်ၾကသည္မို႔ ျဖဴငယ္ ဒီတိုင္းေလွ်ာက္ပတ္ၾကည့္ေနကာ အလႊာအေတာ္မ်ားမ်ားထိေရာက္ခဲ့သည္။ အေပၚျပန္တတ္ရန္ျပင္ေနသည့္ျဖဴငယ့္အနားသို႔ ေကာင္ေလးတစ္ေယာက္ဟာ အတင္းေျပးလာေလေတာ့သည္။
"မမ ...မမ ကြၽန္ေတာ္ေလ မင္းခ"
"ေအာ္ ဟိုေကာင္ေလး"
"မမ ဒီကိုေရာက္ေနတာလား"
"အင္း ..မင္းကေရာ "
"ဖြားက ကြၽန္ေတာ္လူတစ္ေယာက္ေၾကာင့္စာမလုပ္လို႔တဲ့ ဒီကိုပို႔လိုက္တာ မထင္ထားဘူး အဲ့လူကိုဒီမွာေတြ႕ရမယ္လို႔"
"ေဟ့ေကာင္ မင္းရဲ႕မမလား..."
"ဟြန္..."
ေဘးမွဝင္ေျပာသည့္ေကာင္ေလးစကားကို ျဖဴငယ္နားမလည္ေပ။
"ဘာမွမဟုတ္ဘူးမမ ဒီေကာင္ေလွ်ာက္ေျပာေနတာ မင္းအသာေနပါ..."
ဖြားေျပာသလို မင္းခဆယ္တန္းေအာင္မွ မမကိုအတည္ေပါက္လိုက္မည္ျဖစ္၍ အခုေတာ့မမကိုခဏလႊတ္ေပးထားရန္ဆုံးျဖတ္ထားသည္။
"သြားေတာ့ေလ အစ္မလဲသြားေတာ့မယ္"
"ဟုတ္မမ ထပ္ေတြ႕ၾကမယ္ေနာ္"
ျဖဴငယ္ၿပဳံးျပ၍သာ ရပ္ၿပီးစကားေျပာရာမွထြက္လာခဲ့သည္။ျဖဴငယ္ေရာက္ေနသည္က ဒုထိယထပ္ျဖစ္သလို ျဖဴငယ့္ကိုတစ္ေယာက္ေယာက္က အေပၚမွၾကည့္ေနသလိုျဖဴငယ္ခံစားေနရသည္မို႔ အေပၚေမာ့ၾကည့္မိေတာ့ ၅ ထပ္ေျမာက္ဝရံတာလက္ရန္းတြင္ လက္ေထာက္ထားၿပီး မ်က္လုံးကြၽတ္က်မတတ္ၾကည့္ေနသည့္ကိုႀကီးကိုေတြ႕ရေလသည္။ အနီးနားေရာက္ေတာ့မွေသခ်ာျမင္ရသည္က ဘာေတြကိုစိတ္တို၍တိုေနမွန္းမသိ ေဒါသထြက္ေနသည့္ပုံစံပင္ျဖစ္သည္။
"လိုက္လာခဲ့"
"အာ့.."
လက္မွေဆာင့္ဆြဲသြားသည့္အခါ ျဖဴငယ္နာသြားရသည္။ ကိုႀကီးအလုပ္ခန္းေရာက္သည္ႏွင့္ ကိုႀကီးေဒါသေတြဟာ ဘာ့ေၾကာင့္မွန္းမသိ ေပါက္ကြဲလာေလသည္။
"အဲ့ေကာင္ဘယ္သူလဲေျပာ ဘာလို႔စကားရပ္ေျပာေနရတာလဲ ဟမ္..."
ကိုႀကီးဟာ ေလသံခပ္က်ယ္က်ယ္ႏွင့္ အံက်ိတ္ကာေမးလာေလသည္။
"အဲ့ေကာင္ေလးလား ကိုႀကီးလဲသိတာပဲကို ဟို႐ုပ္ရွင္ၾကည့္တဲ့တစ္ေယာက္ေလ"
"အဲ့ေကာင္က ဒီအထိဘာလို႔လိုက္လာတာလဲ"
"သူေျပာတာေတာ့ သူ႕အဖြားကဒီပို႔လိုက္တာတဲ့..."
"ငယ္... ယုံတယ္ေပါ့အဲ့စကားကို"
"အင္းေလ"
"ငယ့္အေပၚအဲ့ေကာင္ မရိုးသားဘူးဆိုတာသိရဲ႕လားကြ ဟမ္..."
"ျဖဴငယ္နဲ႕ဘာဆိုင္လို႔လဲ ၿပီးေတာ့ျဖဴငယ္မသိဘူးအဲ့လိုေတြ"
"ငယ္မသိေပမယ့္ ကိုႀကီးသိတယ္ ကိုႀကီးဇနီးေလာင္းကိုလာေၾကာင္ေနတာကို ဒီအတိုင္းလႊတ္မထားနိုင္ဘူးကြ"
ကိုႀကီးေလသံက ျမင့္လာသလို ဇနီးေလာင္းဆိုသည့္နာမ္စားကိုျဖဴငယ္နားမလည္ေပ။
"လူကို ဘာလို႔ေအာ္ေနတာလဲ.. ၿပီးေတာ့ကိုႀကီးဇနီးေလာင္းဆိုတာ ဘယ္သူ႕ကိုေျပာေနတာလဲ"
"ငယ္ေလ ေဟာ့ဒီ့ကငယ္ေလ.. ဘာလဲမသိေတာ့တာလား မသိခ်င္ေယာင္ေဆာင္ေနတာလား..."
"ကိုႀကီး ဘယ္လိုေတြလာေျပာေနတာလဲ ျဖဴငယ္က ကိုႀကီးရည္းစားမွမဟုတ္တာ ဘယ္လိုေတြလာသုံးႏႈန္းေနတာလဲလို႔..."
ျဖဴငယ္ေလသံမာမာပင္ျပန္ေမးလိုက္သည္။ ဒီကိစၥကရွင္းမွရမွာပင္။
"ဟမ္ ..ငယ့္က ကိုႀကီးရည္းစား ကိုႀကီးလက္ထပ္မယ့္မိန္းခေလးမွန္း တစ္ေလာကလုံးသိတယ္ ငယ္ဘာလို႔မသိတာလဲ..ဟမ္..."
"ေအာ္ျပန္ၿပီ ဘယ္အခ်ိန္က ျဖဴငယ္က ကိုႀကီးရည္းစားျဖစ္သြားတာလဲေျပာျပပါအုံး ျဖဴငယ္လဲမသိလိုက္ရဘူး..."
"ငယ္ စကားကိုကပ္မေျပာစမ္းနဲ႕ကြာ "
"ကပ္ၿပီးေျပာေနတာကိုႀကီးေလ"
တစ္ခြန္းမက်န္ကိုေျပာခံေျပာတတ္သူေလးပါလားကြာ။
"ရည္းစားမဟုတ္ပဲငယ္ဘာလို႔ ႐ုပ္ရွင္႐ုံထဲမွာကိုႀကီးကိုနမ္းလဲ ေျပာအဲ့တာေျပာ..."
"အဲ့တာက.. အဲ့တာကမေတာ္တဆေလ ျဖဴငယ္အဲ့ေန႕ကအနမ္းကိုျပန္ႏႈတ္ေပးတယ္ေလ ေက်တယ္ေလ.."
"ဒီၾကားထဲ ကိုႀကီးနမ္းငယ့္ကိုတာေတြကေရာ ဘာလဲအဲ့တာဆို..."
"ပထမတစ္ေခါက္ကနမ္းတာသင္ျပတာဆို အဲ့တာလဲေနာက္တစ္ခါထပ္နမ္းၿပီး ျပန္ႏႈတ္သြားတယ္ေလ အဲ့ေန႕ကလဲႏွစ္ခါ ...ေက်ၿပီေလ..."
"ကားေပၚကေရာအဲ့တာဆို..."
"ကားေပၚကလဲ ေျပာစကားနားမေထာင္လို႔နမ္းတာဆို ျပန္ႏႈတ္သြားတာပဲေလ အဲ့ေန႕ကလဲႏွစ္ခါပဲကို ေက်ၿပီေပါ့ ...ဘာက်န္ေသးလို႔လဲ..."
ေအးေရာကြာ။ တစ္ခါနဲ႕မဝလို႔ ႏွစ္ခါနမ္းတတ္တဲ့ခြန္းေစရာတို႔ ငယ္နဲ႕ေတြ႕ေတာ့ ရွယ္ကိုခံလိုက္ရတာပါလားဗ်ာ။ ဒီဟာေလးစဥ္းစားပုံကို လက္လန္တယ္ကြာ။ မ်က္ႏွာေလးတည္ လက္ေလးႏွစ္ေခ်ာင္းကိုအလွည့္က်ခ်ိဳး၍ ရွင္းျပေနပုံမ်ား အမေလးဗ်ာ ငိုေတာင္ငိုခ်င္လာၿပီ။
"ငယ္က ကိုႀကီးအခ်စ္မပါပဲငယ့္ကို နမ္းတယ္ထင္ေနတာလားကြ"
"ကိုႀကီးကေျပာလို႔လား..."
"ေျပာစရာလိုေသးလို႔လား ငယ္ရယ္"
"ဒီအတိုင္းႀကဳံလို႔ နမ္းလိုက္တာ မဟုတ္ဘူးလား"
"ငယ္ေနာ္ ငယ့္ကို ခ်စ္လို႔နမ္းတာေလ ဒီေကာင္က ငယ့္ကိုသိပ္ခ်စ္လို႔နမ္းတာေလကြာ"
ရွင္းျပရင္း ငိုသံေတာင္ပါလာရသလို ဝမ္းလဲနည္းမိပါသည္။ ငယ္ကဒီၿဂိဳလ္ကမဟုတ္ဘူး အဂၤါၿဂိဳလ္ကျဖစ္မည္။
Words 3540