ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း - ၁၉
(Unicode)
"ကိုကြီး ပတ်တီးဖြေပေးတော့ "
"မရသေးဘူး"
"ဟမ် သုံးရက်ရှိနေပြီနော်ကိုကြီး ဖြူငယ်ဖြစ်တာနဲနဲလေးဆို..."
"ပိုးဝင်မှာဆိုးလို့လေ"
"မရဘူး ဖြူငယ်ကိုယ့်ဘာသာကို
ကတ်ကြေးနဲ့ ကိုက်ပစ်မှာနော်..."
"လက်ထိခိုက်မှာပေါ့
အင်းပါ အင်းပါ ဖြေပေးမယ်နော်..."
"ဟီး ...ဟုတ်"
အရမ်းဆိုးသည့်ခလေးမကို ခွန်းလဲမနိုင်ပေ။ ချစ်လွန်းလို့အလိုလိုက်ရတော့လဲ ပြောသမျှလေးလက်ခံ လုပ်ပေးရုံကလွဲ၍ ခွန်းလဲမတတ်နိုင်ပေ။
"ခုမှပဲလက်ညောင်းတာသက်သာတော့တယ် ရေသွားချိုးတော့မယ် ဘိုင့်ဘိုင်..."
ပတ်တီးဖြေပေးလိုက်တော့ လက်တွေတစ်ဖြောင်းဖြောင်းချိုးပြီး ပြေးသွားသည့်ငယ့်ပုံစံလေးကို ခွန်းချစ်ရည်ရွှမ်းစွာ လိုက်ကြည့်မိသည်။ တဂယ့်ကလေးပေါက်စပါဆိုကွာ။
ဖြူငယ်အလုပ်သို့ရောက်တော့ အားလုံးဟာပုံမှန်အတိုင်းဖြစ်သော်လည်း နှင်းနှင်းတစ်ယောက်ထဲသာအူယားဖားယားပြေးလာသည်ကိုတွေ့ရသည်။ ဟွန်း မတွေ့ချင်ပါဘူးဆို ကျက်သရေတုန်းကို တွေ့နေရတယ်။
"ဖြူငယ်ရေ နှင်းနှင်းကို စိတ်ဆိုးတုန်းလားဟင်"
"ဘာပြောမို့လဲနှင်းနှင်း လိုရင်ပဲပြော"
"အဲ့တာကလေ ...နောက် Duty က နှင်းနှင်းသူငယ်ချင်း စမိုင်းလေ မနက်ဖြန်သူ့မွေးနေ့ "
"အဲ့ဒီ့တော့ "
"ဖြူငယ် Duty လဲပေးလို့ရလားဟင် ဒီလထဲသူကထွက်တော့မှာမို့ သူမွေးနေ့လေးတူတူရှိချင်လို့ပါ နှင်းနှင်းက "
"ဖြူငယ့် Duty တော့ သူကဆင်းပေးနိုင်တယ်ပေါ့..."
"ညကျရင်Party လုပ်ချင်လို့ပါ နော်.. ဖြူငယ် နော် ...ကူညီပါနော်လို့..."
ဖြူငယ့်လက်ကိုဆွဲကာလာပြောနေသည်ကြောင့် ဖြူငယ်ခါထုတ်ပစ်လိုက်သည်။ သို့ပေမယ့်နှင်းနှင်းဟာ သိပ်အကြောတင်းလှသည်။ ဖြူငယ်သဘောမတူမချင်းကို အနားကမခွာ အတင်းအကျပ်ကိုပြောနေလေသည်။
"ဘယ်အချိန်လဲ "
"မနက်ဖြန် နောက်ဆုံး Duty ဖြူငယ်
ကူညီပြီလို့မှတ်လိုက်ပြီနော်..."
နှင်းနှင်းရဲ့အကြံတွေဖြစ်မြောက်တော့မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပြသနာ ဖြစ်ရင်တောင်နှင်းနှင်းကအလွတ်ကြီးလေ ဟိုအရူးမင်းသစ္စာပေါ်ပဲ ကိုခွန်းစေရာက မဲမှာမို့လား ။နှင်းနှင်းကို မိဘကအစ စွန့်လွှတ်အောင်လုပ်တဲ့ခွန်းစေရာလဲ ရူးနေလောက်မှာပေါ့ အဲ့အချိန်။ သူ့ပိုင်နက်ထဲမှာ သူကာကွယ်ပေးနေတဲ့ကောင်မကို မကယ်နိုင်လို့လေ။ ဘာတတ်နိုင်သေးလဲ ဖြူငယ်ရယ် နင်ငါ့ကို မယှဉ်နိူင်ပါဘူး ဒီပွဲမှာ ငါက နိုင်ကွက်ရပြီးသားအစထဲက။
"အကို နှင်းနှင်းစီစဥ်ပြီးပြီ"
"ဘယ်မှာလဲ "
"ဒီမှာပဲပေါ့"
"ရူးနေလား နှင်း တစ်ခုခုဆို ဘယ်အထိရောက်သွားမလဲဆိုတာ မင်းသိတယ်မို့လား"
"နှင်းနှင်းတောင်မကြောက်တာ
အကိုကကြောက်နေတာလား ..."
"ငါဆိုတဲ့ကောင်က ဘယ်အရာမှမကြောက်ဘူး ပြီးတော့ သူ့လို မိန်းခလေးက ငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ..."
"နှင်းနှင်းက အဲ့တာပြောတာပေါ့"
"Ok မနက်ဖြန်တွေ့မယ်..."
ထမင်းစားပြီး TV ကြည့်နေသည့် ဖြူငယ်နှင့်ကိုကြီးဟာ ထုံးစံအတိုင်းအသီးလေးစား၍ အေးချမ်းစွာ ကြည့်နေကြတော့သည်။ ကိုကြီးက ဘာကားတွေပြမှန်းမသိနမ်းတဲ့အခန်းတွေပါလေသည်ကြောင့် ဖြူငယ်ကာတွန်းကားသာကြည့်နေလိုက်သည်။ ဟုတ်တယ်လေ ပြီးရင်နမ်းနည်းသင်ပေးမယ်ဆိုပြီး နမ်းအုံးမည်။ ဘယ်ရမလဲ ဖြူငယ်လဲလည်တာပေါ့။
"ငယ် ကိုကြီး ဒီကားတွေမကြိုက်ဘူးနော်"
"ဖြူငယ် ကြိုက်တယ်လေ"
"ပြောင်းလိုက်မယ်လေနော်"
"ချလိုက် ချလိုက် ...မပြောင်းရဘူးဆို မပြောင်းရဘူးပဲ ဖြူငယ့်ကိုဘာမှတ်နေတာလဲ ဖြူငယ်ဒီကားပဲကြိုက်တာပါဆို"
"အင်း"
Remove ကို လက်လှမ်းနေသည့်ကိုကြီးကို လေသံမာမာနှင့် ကြိုပြောထားလိုက်တော့ ဘာမှဆက်မပြောပဲ ပြန်၍ထိုင်ကာ Tv ကြည့်နေလေသည်။ ဒါမှပေါ့ မဟုတ်ရင်အနမ်းခံရမှာ ဖြူငယ်အသိဆုံး။
"ကိုကြီး မနက်ဖြန် လာကြိုပေးပါလား"
"အင်း ကြိုပေးမှာပေါ့ ဘာဖြစ်လို့လဲငယ် "
တစ်ခါမှ ကြိုပေးဖို့်မပြောဖူး ဒါဟာပထမဆုံးဖြစ်လေသည်။
"Duty ချိန်းထားလို့ "
"ဘယ်အချိန်လဲ"
"ည ၁ နာရီ "
"ဟမ် အဲ့လောက်နောက်ကျရလား"
"လန့်လိုက်တာ ကိုကြီးကလဲ အကူညီတောင်းထားလို့တစ်ရက်ပဲ..."
"ကူညီလိုက်တယ်ပေါ့"
"အင်းလေ"
သဘောတွေဇွတ်ကောင်းနေကွာ အိပ်ရေးတွေတော့ပျက်တော့မှာပဲငယ်ရယ်။
မနက် 10 နာရီမှအိပ်ယာထပြီး ထမင်းစားပြီး ပြန်အိပ်သည့်ဖြူငယ်မှာ ည 6 နာရီမှနိုးလေသည်။ ရေအမြန်ချိုးကာ အင်းကျီလဲ၍ ကိုကြီးအခန်းဆီ အသိဝင်ပေးလိုက်တော့သည်။
"ကိုကြီးရေ နောက်ကျနေပြီ လာကြိုနော်..."
"ဟုတ်ကဲ့ပါဗျာ ထမင်းချိုင့် ထမင်းချိုင့်.."
"ဟုတ် ဟုတ် "
"လိုက်မပို့ရဘူးလား"
"ဖြူငယ်ပြေးတော့မှာ လိုက်မပို့တော့နဲ့
ဘိုင့်ဘိုင်..."
ထမင်းချိုင့်ခြင်းလေးဆွဲယူကာ အတင်းပြေးသွားသည့်ငယ့်ကို ခွန်းအပြင်ထိလိုက်ပို့၍ ပြေးသွားပုံလေးကို ကြည့်နေလိုက်တော့သည်။
အလုပ်ရောက်တော့ နောက် Duty ကလူတွေနှင့် ဖြူငယ်သိပ်မသိ၍ ဒီတိုင်းတစ်ယောက်ထဲပဲနေနေလိုက်သည်။ ဖြူငယ်ကအဲ့လိုပါပဲလေ ခင်မယ့်သူရှားသလို ကိုယ်တိုင်ကလဲ စပြီးမိတ်မဖွဲ့တတ်တော့ တစ်ယောက်ထဲသာနေဖြစ်သည်။
"ဟူး အချိန်ကုန်တာလဲနှေးလိုက်တာနော်
ခုမှ 9 နာရိပဲရှိသေးတယ် ဗိုက်ကဆာလာပြန်ပြီ"
ဖြူငယ်တစ်ယောက်ထဲ ရေရွတ်ကာ ရှေ့က ကောင်မလေးအနားသို့သွားလိုက်တော့သည်။
"ဟိုဟာလေ ဖြူငယ်ထမင်းသွားစားချင်လို့လေ Counter ကြည့်ပေးထားလို့ရလားဟင်..."
"ရတယ်လေ ဒို့ကြည့်ပေးထားမယ်"
"ကျေးဇူးပဲနော်"
ဖြူငယ်ထမင်းစားခန်းဆီရောက်တော့ ထမင်းချိုင့်ဖွင့်ပြီး ထမင်းစားမယ်လုပ်တော့ တွေ့လိုက်ရသည်က နှင်းနှင်းပင်ဖြစ်သည်။
"ဟယ် နှင်းနှင်း ဘာလာလုပ်တာလဲ Birthday Party သွားမယ်ဆို "
"ဖြူငယ်ခဏလိုက်ခဲ့ပေးပါလား စတိုခန်းထဲ နှင်းနှင်းလက်ဆောင်ဗူးကျန်ခဲ့လို့ "
"ဟင် "
"နှင်းနှင်းတစ်ယောက်ထဲမသွားရဲလို့ပါ ဖြူငယ်လိုက်ခဲ့ပေးလေနော်"
"အင်း"
စတိုခန်းထဲဖြူငယ်တို့ဝင်လာသည်နှင့် တံခါးပိတ်သံကို ဖြူငယ်ကြားလိုက်ရတော့သည်။ အနည်းငယ်စိတ်ထဲမသန့်၍ နောက်လှည့်ကြည့်မိတော့ ဟိုလမ်းသရဲ ဖြစ်နေလေသည်။
"ဘာလုပ်တာလဲအဲ့တာ "
"ဘာလုပ်လို့လဲကိုယ်က "
"နှင်းနှင်းဒါကဘာလဲ "
နှင်းနှင်းဟာ တဟားဟားနှင့်ရယ်ကာ ဖြူငယ့်ရှေ့သို့တိုးလာလေသည်။ စိတ်ထဲတွင်လဲ မကောင်းတာဖြစ်တော့မည်ဆိုသည့်အသိနှင့် မျက်စိရှေ့ကနှစ်ယောက်ကိုကြောက်နေမိသည်။
"ဘာရမှာလဲ နင်ငါ့ကိုရိုက်ထားတာအတွက်လေ မမှတ်မိဘူးလား"
"ဘာတွေလဲအခုက ဖြူငယ်ပြန်မယ်"
ဖြူငယ့်ပခုံးကို တစ်ချက်တွန်းလိုက်သည့်နှင်းနှင်းမျက်လုံးတွေဟာ ကြောက်စရာကောင်းလှပါသည်။
"သိချင်လား နင့်ဘဝပျက်မယ့်နေ့လေ"
ပြောပြီးသည်နှင့် မထင်မှတ်ထားစွာ ဖြူငယ့်ကို ပါးတစ်ချက်ရိုက်၍ တွန်းလိုက်လေရာ ဖြူငယ်ကြမ်းပြင်သို့ပုံ့ပုံ့လေးလဲကျသွားရသည်။ ဖြူငယ်ကြိမ်းစပ်သွားသည့်ပါးပြင်မှ နာကျင်မှုနှင့်အတူလန့်နေရသော်လည်း ကြိုးတစ်ချောင်းကိုင်ကာ ဖြူငယ့်လက်တွေကို ဖမ်းဆွဲနေသော နှင်းနှင်းရဲ့လက်တွေကို ဖြူငယ်ကြောက်လန့်တကြားရုန်းကန်နေမိသည်။
"နှင်းနှင်း နင်ဘာလုပ်တာလဲ ငါ့ကိုလွှတ်ပေး နှင်းနှင်း"
လက်နှစ်ဖက်လုံးဟာ ရုန်းမရကြိုးနှင့်တုပ်နှောင်ခံလိုက်ရတော့သည်။
"နှင်းက ဘာမှမလုပ်ပါဘူး
လုပ်မယ့်လူက ဒီကလူ..."
ဖြူငယ့်မော့ကြည့်မိတော့ လူယုတ်မာအပြုံးနှင့် ဆီးကြိုနေသူကို တွေ့လိုက်ရသည်။ ပါးပြင်ထက် မျက်ရည်တွေဟာလဲ ကြိုဆိုမှုမရှိသည်တောင် အတင်းတိုးဝင်၍ စီးကျလာရတော့သည်။ ဖြူငယ်ကြောက်ပါသည်။
"နင်တို့ မယုတ်မာနဲ့နော် "
ငိုသံစွပ်ကာ ပြောလိုက်ပေမယ့် သနားကြင်နာမှုတော့ ပြန်မရပေ။
"ယုတ်မာတော့ဘာဖြစ်လဲ နင့်ကို ဘယ်သူလာကယ်မှာမို့လို့လဲ ဟမ်"
"နှင်းက စကားရှည်လိုက်တာကွာ ကိုယ်က
မစောင့်နိုင်တော့ဘူးနော် ..."
အစောကလဲကျသွားသောကြောင့် ဖြူငယ့်ဂါဝန်လေးဟာအပေါ်သို့လိတ်တတ်နေပြီး ပေါင်ထိပေါ်နေသည်ကို အရသာခံကြည့်ပြီး လျှာကိုသပ်တင်နေသည့် အယုတ်တမာကြီး၏ မျက်လုံးတွေကို ဖောက်ထုတ်လိုက်ချင်ပါသည်။
"အကိုကလဲခဏလေးပဲစောင့်
နှင်းနှင်းလုပ်စရာရှိလို့ပါ ..."
ထိုလူနှစ်ယောက်ဟာ ဖြူငယ့်ကိုဒုက္ခပေးဖို့ ဝေစုခွဲနေကြသည့်အချိန် ဖြူငယ်အပြင်သို့အော်၍ အကူညီတောင်းရန်အခွင့်အခါရခဲ့ပေသည်။
"ကယ်ကြပါအုံးရှင့် ဟင့် ..အပြင်မှာဘယ်သူရှိလဲ ဖြူငယ့်ကိုကယ်ပါအုံး"
အာခေါင်ရှစ်အော်လိုက်မှုတွေဟာ ခဏသာအချိန်ရပြီး ဖြူငယ့်ပါးစပ်ကို အတင်းလာပိတ်သည့်နှင်းနှင့်ကြောင့် အော်ဟစ်မှုတွေဟာရပ်တန့်သွားရတော့သည်။
"နှင်း လွှတ်လိုက်...
အော်လေ အပြင်ကလူတွေက အခုလိုဖြစ်နေတာကိုမသိဘူးထင်လို့လား Baby က..."
"ရှင် "
"ကိုယ့်လိုလူကို ဘယ်သူကငြင်းဆန်ရဲလို့လဲ
အော်ရင်တော့ နားညီးမှာပေါ့ ...အဲ့တော့ "
ဖြူငယ့်ပါးစပ်ကို တိတ်နှင့်လာကပ်သည့်ထိုလူကို ဖြူငယ်တဂယ်ကြောက်မိသည်။ ဖြူငယ်အသားတွေတုန်လာရသလို ထိုင်ခုံပေါ်အကျနထိုက်နေသည့်နှင်းနှင်းကို မော့၍ကြည့်လိုက်တော့ နှင်းနှင်းထ၍လာလေတော့သည်။
"နင့် မာနတွေ ဘာမှမရှိအောင်ငါလုပ်ပြမယ် "
"နင့်အရှက်တွေရော..."
"ဗြိ ဗြိ... ဗြဲ"
ဖြူငယ့်ရဲ့အင်းကျီလေးကို ဆွဲဖြဲလိုက်တော့ အတော်လေးပြဲသွားလေတော့သည်။ ထို့နောက် လည်ပင်းကနေဘေးတစ်ဖက်သို့ဆွဲချလိုက်သည့်အခါ ဖြူငယ့်အတွင်းဝတ် ဘရာအနက်လေးဟာအလုံအခြုံကင်းမဲ့စွာ ပေါ်လာလေတော့သည်။ ဖြူငယ် ရှက်တာရော ကြောက်တာရောပေါင်း၍ မျက်ရည်တွေဟာ အရင်ကထက် အထိန်းအကွပ်မဲ့စွာကျဆင်းလာရပြန်သည်။
ဖြူငယ်ရှက်ရသည်။ သေလောက်အောင်ကိုရှက်ရပါသည်။ ဒီလိုဖြစ်နေတာကိုရော ဒီလိုပုံစံကိုအရသာခံကြည့်နေသည့်လူကိုရော ဒီပုံစံဖြစ်အောင်လုပ်တဲ့လူကိုရော မုန်းရသည်။
"အခုမှပဲ ပြီးပြည့်စုံတော့တယ်သိလား
အရမ်း Sexy ကျတာပဲ ဖြူငယ်က
အကိုကြိုက်တယ်မို့လားဟင်"
"ဒါပေါ့ ဒါမှမကြိုက်ရင် အကိုက သုံးစားမရဖြစ်သွားမှာပေါ့..."
"ဓာတ်ပုံလေးရိုက်မယ်နော် အမှတ်တရပေါ့
ရောင်းစားရင်လဲ အများကြီးရလောက်တယ်နော် အကို "
"နဲနဲလေး ထပ်ဖော်ပါအုံးနှင်းရဲ့
ပိုပြည့်စုံအောင်..."
ဂါဝန်ကိုပေါင်ရင်းထိဆွဲလိုက်သလို အင်းကျီကိုလဲ ပိုပြီးဖြဲ၍ ဓာတ်ပုံရိုက်နေသည့်နှင်းနှင်းကို ပါးစပ်ပိတ်ထားသည်ကြောင့် တဝူးဝူးအဝဲဝဲနှင့်ခေါင်းခါငြင်းဆန်သည့်အလုပ်သာ ဖြူငယ်တတ်နိုင်ပါသည်။
"ဒီတိုင်းရော "
ပြောပြီး ဆံပင်ကိုစောင့်ဆွဲ၍ ဓာတ်ပုံရိုက်နေသည့်နှင်းနှင်း။
အပေါ်ပိုင်းတွေလဲအကုန်လုံးနီးပါးပေါ်နေသလို အောက်ပိုင်းတို့တွင်လဲ အတွင်းခံလေးတောင်မြင်ရလောက်သည်ထိရှိနေလေသည်။ ဖြူငယ့်အရှက်တွေတော့ကွဲပါပြီ ဖြူငယ့်ဘဝလေးတော့ ပျက်ပါပြီ။ ဒီပုံတွေသာပြန့်သွားရင် ဖြူငယ်သေပစ်လိုက်တော့မှာဟု စိတ်ထဲတွေး၍ ကိုကြီးလာကယ်ဖို့သာ တောင်းတမိပါသည်။
"ပြီးပြီလို့မထင်လိုက်နဲ့နော်
အခုမှငါကစမှာ..."
လဲနေသည့်ဖြူငယ့်ကိုထူလိုက်ပြီး ဖြူငယ့်ပါးပြင်ပေါ်ကျလာသည့် လက်တစ်စုံကြောင့် ပြန်လဲကျသွားရသည်။
"လဲကျတိုင်း ဒို့က တော်မတဲ့လား "
ခါးကိုကိုင်းလာပြီး ထပ်ပြီးနောက်ထပ်ပါးပြင်ပေါ်ကျရောက်လာသည့်လက်တစ်စုံကြောင့် ဖြူငယ်သေလောက်အောင်ပင်နာကျင်နေရတော့သည်။
မျက်ရည်တွေရွဲနေသော်လည်း ဘယ်သူမှမမြင် ဘယ်သူမှကူဖော်မရ တဂယ်ပဲဖြူငယ့်ဘဝကြီးကပြီးသွားပြီလား။
သူတို့ပြုသမျှကို ဒီတိုင်းပဲခံနေရတော့မှာလား။
ဖြူငယ့်အပေါ်ဘာလို့ဒီလောက်ရက်စက်ရတာလဲ။
ဖြူငယ်အမှားဘာလုပ်မိလို့လဲ ဖြူငယ်စပြီးမှားထားတာမရှိဘူးလေ ဖြူငယ့်ကိုဘာလို့ဒီလိုလုပ်ရတာလဲ။
"နှင်း တော်တော့ "
ခွန်း ရင်ထဲမကောင်း၍ထိုင်မရထမရဖြစ်နေသည်ကြောင့် ငယ့်အကြောင်းသာတွေးနေမိသည်။
"ရုတ်တရက် Duty ဘာလို့ချိန်းတာလဲ
ဒီနေ့မှဘာလို့ရင်တွေလေးနေရတာလဲ
ငယ်က ဘာလို့ အလုပ်မှာကြောက်ရတဲ့လူရှိရ တာလဲ ပုံမှန်တော့မဟုတ်တာသေချာတယ် "
တစ်ယောက်ထဲရေရွတ်နေရာမှ တွေးလိုက်မိသည်က ...
"မင်းသစ္စာက ဒီရောက်နေတာဆို
Center မှာလဲမတွေ့မိပါလား ဘယ်ရောက်နေတာလဲအဲတာဆို..."
ခွန်းနောက်ဆုံး ဖုန်းဆက်သာလှမ်းမေးလိုက်တော့သည်။
"Hello စက်ဆံ"
"ဟုတ်ကဲ့ သူဌေးလေး "
"Mart မှာ မင်းသစ္စာ ရှိတာလား "
"ဟုတ်ကဲ့သူဌေးလေး Center မှာအဆင်မပြေလို့ဆိုပြီး ဝန်ထမ်းရေးရာဌာနက Mart ကိုပို့လိုက်တာပဲသူဌေးလေး ..."
"ဘယ်လို ငါ့ကိုအဲ့အကြောင်းဘာလို့ မတင်ပြတာလဲ ဟမ်..."
"ကျွန်တော်က မလိုလောက်ဘူးထင်လို့"
"အခု မင်းဘယ်မှာလဲ "
"Center သွားတဲ့လမ်းမှာ သူဌေးလေး"
"တောက် ...ကွာ ..."
ပြောပြီးဖုန်းချလိုက်၍ Mart သို့ အားကုန်သုံး၍ ပြေးလာခဲ့လိုက်သည်။
"ငယ် ဘာမှမဖြစ်ပါနဲ့
ငယ်ဘေးကင်းရမယ်နော်
ကိုယ်ရင်လေးနေတာက ငယ်ဒုက္ခရောက်နေလို့မဟုတ်ဘူးမလား ငယ်ဘာမှမဖြစ်ရဘူး "
အတွေးတွေဟာ မရိုးသားနိုင်တော့ ငယ်အန္တရယ်ကြုံနေပြီပဲ ခွန်းတွေးမိတော့သည်။
"ငယ့်လက်ချောင်းလေးကိုထိရင်တောင် အကုန်သတ်ပစ်လိုက်မယ်..."
ဖြူငယ် ငိုယိုနေဖို့တောင်မအားမရှိလောက်သည်အထိ အငိုတွေဆက်နေမိသည်။
"ငိုနေစမ်းပါ ငိုလွန်းပြီးမေ့လဲနေလဲ ကိုယ်က လုပ်စရာရှိတာလုပ်ရမှာပဲ
အဲ့မျက်ရည်တွေက အသုံးမဝင်ဘူးလို့ ..."
ဖြူငယ့်မျက်ရည်တွေကိုလာထိပြီးပြောနေ
သည့်လူကို သိပ်မုန်းသည်။ ရုန်းကုန်နေပေ
မယ့်အရာမဝင်လှ ထွက်ပြေးလို့လဲမရ မျက်နှာကနေနယ်ကျော်နေပြီဖြစ်တဲ့ဒီလူကို တားဆီး၍လဲမရ။
ကိုကြီးရေ ဖြူငယ့်ကိုကယ်ပါအုံး ဖြူငယ့်ကိုကယ်ပါအုံးကိုကြီးရယ်....။
"Baby က အလှလေးပဲ
ပြီးတော့ အနံ့လေးရောပဲ ဟား..."
လက်မောင်းတစ်လျှောက် ပွတ်သပ်နေပြီး အနားတိုး၍ ရူရိုက်နေလေသည်။ ဒီလူရဲ့အသက်ရူသံပါကြားနေရ၍ ဒီအနေအထားကြီးကိုလဲမုန်းသည်။
"အကို နှင်းပြန်တော့မယ်
နှင်းလိုချင်တာရပြီလေ "
"Ok နှင်း"
"ပျော်ရွှင်ပါစေနော် ဖြူငယ်"
ဖြူငယ့်ဘဝကြီးက ဘာဆက်ဖြစ်လာပါမလဲ ဖြူငယ်အတွေးလေးနှင့်တောင် ဆက်၍ပုံဖော်ဖို့တောင်ကြောက်ရသည်။
Center တွင်းမှ ဟိုတစ်နေ့က ကောင်မထွက်လာတာမြင်မိသော်လည်း ခွန်း အရေးမစိုက်နိုင်သေးပေ။ အရေးကြီးတာငယ် ငယ့်ကိုအရင်ရှာမှဖြစ်မည်။
"ငယ်ရော ...ငယ်ရောလို့...."
"ရှင် ....အကိုခွန်းစေရာမို့လား
ဘယ်ကငယ်လဲဟင်...."
"ဖြူငယ်လေ ...ဖြူငယ်ရောလို့... ဟမ်..."
"ဟိုဟာ ..ဟိုဟာ ..
ထမင်းစားမယ်ဆိုပြီးထွက်သွားတယ်..."
ထမင်းစားခန်းဟာဘယ်မှာမှန်းမသိပေမယ့် ပြေးလွှားသွားကြည့်တော့ တွေ့ပြီ ခုံပေါ်မှာ ဒီတိုင်းလှပ်ထားတဲ့ထမင်းချိုင့်လေးဟာ ပုံမပျက်သေးပေ။
"ငယ် ငယ် ငယ်ဘယ်မှာလဲလို့ ငယ် "
နေရာကုန်လိုက်ရှာပေမယ့်မတွေ့ ရင်တွေပူနေရသည်မှာလဲ နေဆယ်ဆင်းလောက်တစ်ပြိုင်ထဲထွက်နေသည့်အလားဖြစ်သည်။
"ဘယ်အချိန်ကထွက်သွားတာလဲငါ့ကိုပြော"
"နာရီဝက်လောက်ရှိပြီ သူဌေး "
"ဘယ်သူတွေ့လိုက်သေးလဲ ငယ့်ကို ဟမ်... ဘယ်သူတွေ့လိုက်သေးလဲလို့ ...."
အသံကုန်အော်ဟစ်ပြီး အပြေးအလွှားရှာနေသည့် ခွန်းစေရာကြောင့် ဘယ်သူမှမဟရဲ မျက်စိပျက်မျက်နှာပျက်နှင့် ရပ်နေကြလေသည်။
"CCTV ရော CCTV ဘယ်မှာလဲ..."
"ဒီဘက်မှာသူဌေး"
ပတ်ရှာကြည့်တော့ တစ်ယောက်ယောက်လာခေါ်သွား၍ နောက်ကလိုက်သွားသည့်ငယ့်ကို အတိုင်းသားတွေ့ရသည်။ သို့ပေမယ့် ဘယ်ကိုမှန်းတော့မသိ ဘယ်ကိုငယ်ရောက်သွားမှန်းလဲမသိ ဘာမှမပေါ်လာတော့ပေ။
"ဘာလို့မပေါ်တော့တာလဲဟမ် "
"အဲ့တာ စတိုဘက်သွားတဲ့လမ်းပဲ Cctv ပျက်နေတာ နှစ်ရက်လောက်ရှိပြီ သူဌေး..."
စတိုခန်းဘက်ပြေးသွားလိုက်တော့ တစ်ခုထဲရှိသည့်တံခါးကိုတွေ့လိုက်ရသည်။ သေချာတယ်ငယ်ဒီထဲမှာ။ ခွန်းတံခါးကို တွန့်ဖွင့်သော်လည်း ဖွင့်မရပေ အထဲမှ lock ချထားလေသည်။
"ငယ် ငယ် အထဲမှာရှိလား... ငယ်"
"သော့သွားရှာခဲ့သွား "
ပါလာတဲ့ဝန်ထမ်းတွေကိုအော်လွှတ်လိုက်
သည့်ခွန်းမှာ ကိုယ်တိုင်လဲသော့ရောက်လာဖို့မစောင့်နိုင် အတင်းကန်ဆောင့်၍ဖွင့်နေမိသည်။
ဟမ် ဖြူငယ်ကိုကြီးအသံကြားလိုက်ရတာလား ကိုကြီးမို့လား ကိုကြီးရေ ဖြူငယ့်ကိုကယ်ပါအုံး အော်နေပေမယ့် အသံထွက်ခွင့်မရတဲ့ဖြူငယ့်အဖို့ အချည်းနှီးပင်ဖြစ်သည်။ သို့ပေမယ့် အားတွေတော့တတ်လာရသည်။ ဖြူငယ့်ကိုကယ်မယ့်လူက ရှေ့မှာရောက်နေပြီမဟုတ်လား။
"ဘယ်ကောင်လဲ
ငါ့အစီစဥ်ကို ဖျက်ချင်နေပြန်ပြီ
လွတ်ပြီမထင်နဲ့နော် Baby... ကဲစကြမယ်..."
ပြောပြီး ဖြူငယ့် ပါးစပ်က တိတ်ကိုဆွဲခွာလိုက်ပြီး အော်ချိန်တောင်မရလိုက် အနမ်းခံလိုက်ရသည် လက်ကလဲ တွန်း၍မရ ရုန်းကန်နေသော်လည်း သူ့အတွက်မထိရောက် ဒီတိုင်းသာအနမ်းခံနေရသည်။ ဖြူငယ်ကြောက်သည် ဒီလိုအခြေနေကြီးကိုကြောက်သည်။ ဖြူငယ့်ကို အကြမ်းပတမ်းနမ်းနေသည့်ဒီလူကြီးကိုလဲကြောက်သည်။ ဖြူငယ့်ဘဝလေး ဒီ့လူ့ဆီမှာ တဂယ်ပေးပစ်လိုက်ရမှာကို ပို၍ကြောက်ပါသည်။
ကိုကြီးရယ် ဖြူငယ်တော့ဘဝပျက်ပါပြီကိုကြီးရယ်...။
Words 3274
(Zawgyi)
ခြန္းရဲ႕ႏွောင္ႀကိဳးငယ္ အပိုင္း - ၁၉
"ကိုႀကီး ပတ္တီးေျဖေပးေတာ့ "
"မရေသးဘူး"
"ဟမ္ သုံးရက္ရွိေနၿပီေနာ္ကိုႀကီး ျဖဴငယ္ျဖစ္တာနဲနဲေလးဆို..."
"ပိုးဝင္မွာဆိုးလို႔ေလ"
"မရဘူး ျဖဴငယ္ကိုယ့္ဘာသာကို
ကတ္ေၾကးနဲ႕ ကိုက္ပစ္မွာေနာ္..."
"လက္ထိခိုက္မွာေပါ့
အင္းပါ အင္းပါ ေျဖေပးမယ္ေနာ္..."
"ဟီး ...ဟုတ္"
အရမ္းဆိုးသည့္ခေလးမကို ခြန္းလဲမနိုင္ေပ။ ခ်စ္လြန္းလို႔အလိုလိုက္ရေတာ့လဲ ေျပာသမွ်ေလးလက္ခံ လုပ္ေပး႐ုံကလြဲ၍ ခြန္းလဲမတတ္နိုင္ေပ။
"ခုမွပဲလက္ေညာင္းတာသက္သာေတာ့တယ္ ေရသြားခ်ိဳးေတာ့မယ္ ဘိုင့္ဘိုင္..."
ပတ္တီးေျဖေပးလိုက္ေတာ့ လက္ေတြတစ္ေျဖာင္းေျဖာင္းခ်ိဳးၿပီး ေျပးသြားသည့္ငယ့္ပုံစံေလးကို ခြန္းခ်စ္ရည္႐ႊမ္းစြာ လိုက္ၾကည့္မိသည္။ တဂယ့္ကေလးေပါက္စပါဆိုကြာ။
ျဖဴငယ္အလုပ္သို႔ေရာက္ေတာ့ အားလုံးဟာပုံမွန္အတိုင္းျဖစ္ေသာ္လည္း ႏွင္းႏွင္းတစ္ေယာက္ထဲသာအူယားဖားယားေျပးလာသည္ကိုေတြ႕ရသည္။ ဟြန္း မေတြ႕ခ်င္ပါဘူးဆို က်က္သေရတုန္းကို ေတြ႕ေနရတယ္။
"ျဖဴငယ္ေရ ႏွင္းႏွင္းကို စိတ္ဆိုးတုန္းလားဟင္"
"ဘာေျပာမို႔လဲႏွင္းႏွင္း လိုရင္ပဲေျပာ"
"အဲ့တာကေလ ...ေနာက္ Duty က ႏွင္းႏွင္းသူငယ္ခ်င္း စမိုင္းေလ မနက္ျဖန္သူ႕ေမြးေန႕ "
"အဲ့ဒီ့ေတာ့ "
"ျဖဴငယ္ Duty လဲေပးလို႔ရလားဟင္ ဒီလထဲသူကထြက္ေတာ့မွာမို႔ သူေမြးေန႕ေလးတူတူရွိခ်င္လို႔ပါ ႏွင္းႏွင္းက "
"ျဖဴငယ့္ Duty ေတာ့ သူကဆင္းေပးနိုင္တယ္ေပါ့..."
"ညက်ရင္Party လုပ္ခ်င္လို႔ပါ ေနာ္.. ျဖဴငယ္ ေနာ္ ...ကူညီပါေနာ္လို႔..."
ျဖဴငယ့္လက္ကိုဆြဲကာလာေျပာေနသည္ေၾကာင့္ ျဖဴငယ္ခါထုတ္ပစ္လိုက္သည္။ သို႔ေပမယ့္ႏွင္းႏွင္းဟာ သိပ္အေၾကာတင္းလွသည္။ ျဖဴငယ္သေဘာမတူမခ်င္းကို အနားကမခြာ အတင္းအက်ပ္ကိုေျပာေနေလသည္။
"ဘယ္အခ်ိန္လဲ "
"မနက္ျဖန္ ေနာက္ဆုံး Duty ျဖဴငယ္
ကူညီၿပီလို႔မွတ္လိုက္ၿပီေနာ္..."
ႏွင္းႏွင္းရဲ႕အႀကံေတြျဖစ္ေျမာက္ေတာ့မွာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ ျပသနာ ျဖစ္ရင္ေတာင္ႏွင္းႏွင္းကအလြတ္ႀကီးေလ ဟိုအ႐ူးမင္းသစၥာေပၚပဲ ကိုခြန္းေစရာက မဲမွာမို႔လား ။ႏွင္းႏွင္းကို မိဘကအစ စြန့္လႊတ္ေအာင္လုပ္တဲ့ခြန္းေစရာလဲ ႐ူးေနေလာက္မွာေပါ့ အဲ့အခ်ိန္။ သူ႕ပိုင္နက္ထဲမွာ သူကာကြယ္ေပးေနတဲ့ေကာင္မကို မကယ္နိုင္လို႔ေလ။ ဘာတတ္နိုင္ေသးလဲ ျဖဴငယ္ရယ္ နင္ငါ့ကို မယွဥ္နိူင္ပါဘူး ဒီပြဲမွာ ငါက နိုင္ကြက္ရၿပီးသားအစထဲက။
"အကို ႏွင္းႏွင္းစီစဥ္ၿပီးၿပီ"
"ဘယ္မွာလဲ "
"ဒီမွာပဲေပါ့"
"႐ူးေနလား ႏွင္း တစ္ခုခုဆို ဘယ္အထိေရာက္သြားမလဲဆိုတာ မင္းသိတယ္မို႔လား"
"ႏွင္းႏွင္းေတာင္မေၾကာက္တာ
အကိုကေၾကာက္ေနတာလား ..."
"ငါဆိုတဲ့ေကာင္က ဘယ္အရာမွမေၾကာက္ဘူး ၿပီးေတာ့ သူ႕လို မိန္းခေလးက ငါ့ကိုဘာလုပ္နိုင္မွာမို႔လို႔လဲ..."
"ႏွင္းႏွင္းက အဲ့တာေျပာတာေပါ့"
"Ok မနက္ျဖန္ေတြ႕မယ္..."
ထမင္းစားၿပီး TV ၾကည့္ေနသည့္ ျဖဴငယ္ႏွင့္ကိုႀကီးဟာ ထုံးစံအတိုင္းအသီးေလးစား၍ ေအးခ်မ္းစြာ ၾကည့္ေနၾကေတာ့သည္။ ကိုႀကီးက ဘာကားေတြျပမွန္းမသိနမ္းတဲ့အခန္းေတြပါေလသည္ေၾကာင့္ ျဖဴငယ္ကာတြန္းကားသာၾကည့္ေနလိုက္သည္။ ဟုတ္တယ္ေလ ၿပီးရင္နမ္းနည္းသင္ေပးမယ္ဆိုၿပီး နမ္းအုံးမည္။ ဘယ္ရမလဲ ျဖဴငယ္လဲလည္တာေပါ့။
"ငယ္ ကိုႀကီး ဒီကားေတြမႀကိဳက္ဘူးေနာ္"
"ျဖဴငယ္ ႀကိဳက္တယ္ေလ"
"ေျပာင္းလိုက္မယ္ေလေနာ္"
"ခ်လိဳက္ ခ်လိဳက္ ...မေျပာင္းရဘူးဆို မေျပာင္းရဘူးပဲ ျဖဴငယ့္ကိုဘာမွတ္ေနတာလဲ ျဖဴငယ္ဒီကားပဲႀကိဳက္တာပါဆို"
"အင္း"
Remove ကို လက္လွမ္းေနသည့္ကိုႀကီးကို ေလသံမာမာႏွင့္ ႀကိဳေျပာထားလိုက္ေတာ့ ဘာမွဆက္မေျပာပဲ ျပန္၍ထိုင္ကာ Tv ၾကည့္ေနေလသည္။ ဒါမွေပါ့ မဟုတ္ရင္အနမ္းခံရမွာ ျဖဴငယ္အသိဆုံး။
"ကိုႀကီး မနက္ျဖန္ လာႀကိဳေပးပါလား"
"အင္း ႀကိဳေပးမွာေပါ့ ဘာျဖစ္လို႔လဲငယ္ "
တစ္ခါမွ ႀကိဳေပးဖို႔္မေျပာဖူး ဒါဟာပထမဆုံးျဖစ္ေလသည္။
"Duty ခ်ိန္းထားလို႔ "
"ဘယ္အခ်ိန္လဲ"
"ည ၁ နာရီ "
"ဟမ္ အဲ့ေလာက္ေနာက္က်ရလား"
"လန့္လိုက္တာ ကိုႀကီးကလဲ အကူညီေတာင္းထားလို႔တစ္ရက္ပဲ..."
"ကူညီလိုက္တယ္ေပါ့"
"အင္းေလ"
သေဘာေတြဇြတ္ေကာင္းေနကြာ အိပ္ေရးေတြေတာ့ပ်က္ေတာ့မွာပဲငယ္ရယ္။
မနက္ 10 နာရီမွအိပ္ယာထၿပီး ထမင္းစားၿပီး ျပန္အိပ္သည့္ျဖဴငယ္မွာ ည 6 နာရီမွနိုးေလသည္။ ေရအျမန္ခ်ိဳးကာ အင္းက်ီလဲ၍ ကိုႀကီးအခန္းဆီ အသိဝင္ေပးလိုက္ေတာ့သည္။
"ကိုႀကီးေရ ေနာက္က်ေနၿပီ လာႀကိဳေနာ္..."
"ဟုတ္ကဲ့ပါဗ်ာ ထမင္းခ်ိဳင့္ ထမင္းခ်ိဳင့္.."
"ဟုတ္ ဟုတ္ "
"လိုက္မပို႔ရဘူးလား"
"ျဖဴငယ္ေျပးေတာ့မွာ လိုက္မပို႔ေတာ့နဲ႕
ဘိုင့္ဘိုင္..."
ထမင္းခ်ိဳင့္ျခင္းေလးဆြဲယူကာ အတင္းေျပးသြားသည့္ငယ့္ကို ခြန္းအျပင္ထိလိုက္ပို႔၍ ေျပးသြားပုံေလးကို ၾကည့္ေနလိုက္ေတာ့သည္။
အလုပ္ေရာက္ေတာ့ ေနာက္ Duty ကလူေတြႏွင့္ ျဖဴငယ္သိပ္မသိ၍ ဒီတိုင္းတစ္ေယာက္ထဲပဲေနေနလိုက္သည္။ ျဖဴငယ္ကအဲ့လိုပါပဲေလ ခင္မယ့္သူရွားသလို ကိုယ္တိုင္ကလဲ စၿပီးမိတ္မဖြဲ႕တတ္ေတာ့ တစ္ေယာက္ထဲသာေနျဖစ္သည္။
"ဟူး အခ်ိန္ကုန္တာလဲႏွေးလိုက္တာေနာ္
ခုမွ 9 နာရိပဲရွိေသးတယ္ ဗိုက္ကဆာလာျပန္ၿပီ"
ျဖဴငယ္တစ္ေယာက္ထဲ ေရ႐ြတ္ကာ ေရွ႕က ေကာင္မေလးအနားသို႔သြားလိုက္ေတာ့သည္။
"ဟိုဟာေလ ျဖဴငယ္ထမင္းသြားစားခ်င္လို႔ေလ Counter ၾကည့္ေပးထားလို႔ရလားဟင္..."
"ရတယ္ေလ ဒို႔ၾကည့္ေပးထားမယ္"
"ေက်းဇူးပဲေနာ္"
ျဖဴငယ္ထမင္းစားခန္းဆီေရာက္ေတာ့ ထမင္းခ်ိဳင့္ဖြင့္ၿပီး ထမင္းစားမယ္လုပ္ေတာ့ ေတြ႕လိုက္ရသည္က ႏွင္းႏွင္းပင္ျဖစ္သည္။
"ဟယ္ ႏွင္းႏွင္း ဘာလာလုပ္တာလဲ Birthday Party သြားမယ္ဆို "
"ျဖဴငယ္ခဏလိုက္ခဲ့ေပးပါလား စတိုခန္းထဲ ႏွင္းႏွင္းလက္ေဆာင္ဗူးက်န္ခဲ့လို႔ "
"ဟင္ "
"ႏွင္းႏွင္းတစ္ေယာက္ထဲမသြားရဲလို႔ပါ ျဖဴငယ္လိုက္ခဲ့ေပးေလေနာ္"
"အင္း"
စတိုခန္းထဲျဖဴငယ္တို႔ဝင္လာသည္ႏွင့္ တံခါးပိတ္သံကို ျဖဴငယ္ၾကားလိုက္ရေတာ့သည္။ အနည္းငယ္စိတ္ထဲမသန့္၍ ေနာက္လွည့္ၾကည့္မိေတာ့ ဟိုလမ္းသရဲ ျဖစ္ေနေလသည္။
"ဘာလုပ္တာလဲအဲ့တာ "
"ဘာလုပ္လို႔လဲကိုယ္က "
"ႏွင္းႏွင္းဒါကဘာလဲ "
ႏွင္းႏွင္းဟာ တဟားဟားႏွင့္ရယ္ကာ ျဖဴငယ့္ေရွ႕သို႔တိုးလာေလသည္။ စိတ္ထဲတြင္လဲ မေကာင္းတာျဖစ္ေတာ့မည္ဆိုသည့္အသိႏွင့္ မ်က္စိေရွ႕ကႏွစ္ေယာက္ကိုေၾကာက္ေနမိသည္။
"ဘာရမွာလဲ နင္ငါ့ကိုရိုက္ထားတာအတြက္ေလ မမွတ္မိဘူးလား"
"ဘာေတြလဲအခုက ျဖဴငယ္ျပန္မယ္"
ျဖဴငယ့္ပခုံးကို တစ္ခ်က္တြန္းလိုက္သည့္ႏွင္းႏွင္းမ်က္လုံးေတြဟာ ေၾကာက္စရာေကာင္းလွပါသည္။
"သိခ်င္လား နင့္ဘဝပ်က္မယ့္ေန႕ေလ"
ေျပာၿပီးသည္ႏွင့္ မထင္မွတ္ထားစြာ ျဖဴငယ့္ကို ပါးတစ္ခ်က္ရိုက္၍ တြန္းလိုက္ေလရာ ျဖဴငယ္ၾကမ္းျပင္သို႔ပုံ႕ပုံ႕ေလးလဲက်သြားရသည္။ ျဖဴငယ္ႀကိမ္းစပ္သြားသည့္ပါးျပင္မွ နာက်င္မႈႏွင့္အတူလန့္ေနရေသာ္လည္း ႀကိဳးတစ္ေခ်ာင္းကိုင္ကာ ျဖဴငယ့္လက္ေတြကို ဖမ္းဆြဲေနေသာ ႏွင္းႏွင္းရဲ႕လက္ေတြကို ျဖဴငယ္ေၾကာက္လန့္တၾကား႐ုန္းကန္ေနမိသည္။
"ႏွင္းႏွင္း နင္ဘာလုပ္တာလဲ ငါ့ကိုလႊတ္ေပး ႏွင္းႏွင္း"
လက္ႏွစ္ဖက္လုံးဟာ ႐ုန္းမရႀကိဳးႏွင့္တုပ္ႏွောင္ခံလိုက္ရေတာ့သည္။
"ႏွင္းက ဘာမွမလုပ္ပါဘူး
လုပ္မယ့္လူက ဒီကလူ..."
ျဖဴငယ့္ေမာ့ၾကည့္မိေတာ့ လူယုတ္မာအၿပဳံးႏွင့္ ဆီးႀကိဳေနသူကို ေတြ႕လိုက္ရသည္။ ပါးျပင္ထက္ မ်က္ရည္ေတြဟာလဲ ႀကိဳဆိုမႈမရွိသည္ေတာင္ အတင္းတိုးဝင္၍ စီးက်လာရေတာ့သည္။ ျဖဴငယ္ေၾကာက္ပါသည္။
"နင္တို႔ မယုတ္မာနဲ႕ေနာ္ "
ငိုသံစြပ္ကာ ေျပာလိုက္ေပမယ့္ သနားၾကင္နာမႈေတာ့ ျပန္မရေပ။
"ယုတ္မာေတာ့ဘာျဖစ္လဲ နင့္ကို ဘယ္သူလာကယ္မွာမို႔လို႔လဲ ဟမ္"
"ႏွင္းက စကားရွည္လိုက္တာကြာ ကိုယ္က
မေစာင့္နိုင္ေတာ့ဘူးေနာ္ ..."
အေစာကလဲက်သြားေသာေၾကာင့္ ျဖဴငယ့္ဂါဝန္ေလးဟာအေပၚသို႔လိတ္တတ္ေနၿပီး ေပါင္ထိေပၚေနသည္ကို အရသာခံၾကည့္ၿပီး လွ်ာကိုသပ္တင္ေနသည့္ အယုတ္တမာႀကီး၏ မ်က္လုံးေတြကို ေဖာက္ထုတ္လိုက္ခ်င္ပါသည္။
"အကိုကလဲခဏေလးပဲေစာင့္
ႏွင္းႏွင္းလုပ္စရာရွိလို႔ပါ ..."
ထိုလူႏွစ္ေယာက္ဟာ ျဖဴငယ့္ကိုဒုကၡေပးဖို႔ ေဝစုခြဲေနၾကသည့္အခ်ိန္ ျဖဴငယ္အျပင္သို႔ေအာ္၍ အကူညီေတာင္းရန္အခြင့္အခါရခဲ့ေပသည္။
"ကယ္ၾကပါအုံးရွင့္ ဟင့္ ..အျပင္မွာဘယ္သူရွိလဲ ျဖဴငယ့္ကိုကယ္ပါအုံး"
အာေခါင္ရွစ္ေအာ္လိုက္မႈေတြဟာ ခဏသာအခ်ိန္ရၿပီး ျဖဴငယ့္ပါးစပ္ကို အတင္းလာပိတ္သည့္ႏွင္းႏွင့္ေၾကာင့္ ေအာ္ဟစ္မႈေတြဟာရပ္တန့္သြားရေတာ့သည္။
"ႏွင္း လႊတ္လိုက္...
ေအာ္ေလ အျပင္ကလူေတြက အခုလိုျဖစ္ေနတာကိုမသိဘူးထင္လို႔လား Baby က..."
"ရွင္ "
"ကိုယ့္လိုလူကို ဘယ္သူကျငင္းဆန္ရဲလို႔လဲ
ေအာ္ရင္ေတာ့ နားညီးမွာေပါ့ ...အဲ့ေတာ့ "
ျဖဴငယ့္ပါးစပ္ကို တိတ္ႏွင့္လာကပ္သည့္ထိုလူကို ျဖဴငယ္တဂယ္ေၾကာက္မိသည္။ ျဖဴငယ္အသားေတြတုန္လာရသလို ထိုင္ခုံေပၚအက်နထိုက္ေနသည့္ႏွင္းႏွင္းကို ေမာ့၍ၾကည့္လိုက္ေတာ့ ႏွင္းႏွင္းထ၍လာေလေတာ့သည္။
"နင့္ မာနေတြ ဘာမွမရွိေအာင္ငါလုပ္ျပမယ္ "
"နင့္အရွက္ေတြေရာ..."
"ၿဗိ ၿဗိ... ၿဗဲ"
ျဖဴငယ့္ရဲ႕အင္းက်ီေလးကို ဆြဲၿဖဲလိုက္ေတာ့ အေတာ္ေလးၿပဲသြားေလေတာ့သည္။ ထို႔ေနာက္ လည္ပင္းကေနေဘးတစ္ဖက္သို႔ဆြဲခ်လိဳက္သည့္အခါ ျဖဴငယ့္အတြင္းဝတ္ ဘရာအနက္ေလးဟာအလုံအၿခဳံကင္းမဲ့စြာ ေပၚလာေလေတာ့သည္။ ျဖဴငယ္ ရွက္တာေရာ ေၾကာက္တာေရာေပါင္း၍ မ်က္ရည္ေတြဟာ အရင္ကထက္ အထိန္းအကြပ္မဲ့စြာက်ဆင္းလာရျပန္သည္။
ျဖဴငယ္ရွက္ရသည္။ ေသေလာက္ေအာင္ကိုရွက္ရပါသည္။ ဒီလိုျဖစ္ေနတာကိုေရာ ဒီလိုပုံစံကိုအရသာခံၾကည့္ေနသည့္လူကိုေရာ ဒီပုံစံျဖစ္ေအာင္လုပ္တဲ့လူကိုေရာ မုန္းရသည္။
"အခုမွပဲ ၿပီးျပည့္စုံေတာ့တယ္သိလား
အရမ္း Sexy က်တာပဲ ျဖဴငယ္က
အကိုႀကိဳက္တယ္မို႔လားဟင္"
"ဒါေပါ့ ဒါမွမႀကိဳက္ရင္ အကိုက သုံးစားမရျဖစ္သြားမွာေပါ့..."
"ဓာတ္ပုံေလးရိုက္မယ္ေနာ္ အမွတ္တရေပါ့
ေရာင္းစားရင္လဲ အမ်ားႀကီးရေလာက္တယ္ေနာ္ အကို "
"နဲနဲေလး ထပ္ေဖာ္ပါအုံးႏွင္းရဲ႕
ပိုျပည့္စုံေအာင္..."
ဂါဝန္ကိုေပါင္ရင္းထိဆြဲလိုက္သလို အင္းက်ီကိုလဲ ပိုၿပီးၿဖဲ၍ ဓာတ္ပုံရိုက္ေနသည့္ႏွင္းႏွင္းကို ပါးစပ္ပိတ္ထားသည္ေၾကာင့္ တဝူးဝူးအဝဲဝဲႏွင့္ေခါင္းခါျငင္းဆန္သည့္အလုပ္သာ ျဖဴငယ္တတ္နိုင္ပါသည္။
"ဒီတိုင္းေရာ "
ေျပာၿပီး ဆံပင္ကိုေစာင့္ဆြဲ၍ ဓာတ္ပုံရိုက္ေနသည့္ႏွင္းႏွင္း။
အေပၚပိုင္းေတြလဲအကုန္လုံးနီးပါးေပၚေနသလို ေအာက္ပိုင္းတို႔တြင္လဲ အတြင္းခံေလးေတာင္ျမင္ရေလာက္သည္ထိရွိေနေလသည္။ ျဖဴငယ့္အရွက္ေတြေတာ့ကြဲပါၿပီ ျဖဴငယ့္ဘဝေလးေတာ့ ပ်က္ပါၿပီ။ ဒီပုံေတြသာျပန့္သြားရင္ ျဖဴငယ္ေသပစ္လိုက္ေတာ့မွာဟု စိတ္ထဲေတြး၍ ကိုႀကီးလာကယ္ဖို႔သာ ေတာင္းတမိပါသည္။
"ၿပီးၿပီလို႔မထင္လိုက္နဲ႕ေနာ္
အခုမွငါကစမွာ..."
လဲေနသည့္ျဖဴငယ့္ကိုထူလိုက္ၿပီး ျဖဴငယ့္ပါးျပင္ေပၚက်လာသည့္ လက္တစ္စုံေၾကာင့္ ျပန္လဲက်သြားရသည္။
"လဲက်တိဳင္း ဒို႔က ေတာ္မတဲ့လား "
ခါးကိုကိုင္းလာၿပီး ထပ္ၿပီးေနာက္ထပ္ပါးျပင္ေပၚက်ေရာက္လာသည့္လက္တစ္စုံေၾကာင့္ ျဖဴငယ္ေသေလာက္ေအာင္ပင္နာက်င္ေနရေတာ့သည္။
မ်က္ရည္ေတြ႐ြဲေနေသာ္လည္း ဘယ္သူမွမျမင္ ဘယ္သူမွကူေဖာ္မရ တဂယ္ပဲျဖဴငယ့္ဘဝႀကီးကၿပီးသြားၿပီလား။
သူတို႔ျပဳသမွ်ကို ဒီတိုင္းပဲခံေနရေတာ့မွာလား။
ျဖဴငယ့္အေပၚဘာလို႔ဒီေလာက္ရက္စက္ရတာလဲ။
ျဖဴငယ္အမွားဘာလုပ္မိလို႔လဲ ျဖဴငယ္စၿပီးမွားထားတာမရွိဘူးေလ ျဖဴငယ့္ကိုဘာလို႔ဒီလိုလုပ္ရတာလဲ။
"ႏွင္း ေတာ္ေတာ့ "
ခြန္း ရင္ထဲမေကာင္း၍ထိုင္မရထမရျဖစ္ေနသည္ေၾကာင့္ ငယ့္အေၾကာင္းသာေတြးေနမိသည္။
"႐ုတ္တရက္ Duty ဘာလို႔ခ်ိန္းတာလဲ
ဒီေန႕မွဘာလို႔ရင္ေတြေလးေနရတာလဲ
ငယ္က ဘာလို႔ အလုပ္မွာေၾကာက္ရတဲ့လူရွိရ တာလဲ ပုံမွန္ေတာ့မဟုတ္တာေသခ်ာတယ္ "
တစ္ေယာက္ထဲေရ႐ြတ္ေနရာမွ ေတြးလိုက္မိသည္က ...
"မင္းသစၥာက ဒီေရာက္ေနတာဆို
Center မွာလဲမေတြ႕မိပါလား ဘယ္ေရာက္ေနတာလဲအဲတာဆို..."
ခြန္းေနာက္ဆုံး ဖုန္းဆက္သာလွမ္းေမးလိုက္ေတာ့သည္။
"Hello စက္ဆံ"
"ဟုတ္ကဲ့ သူေဌးေလး "
"Mart မွာ မင္းသစၥာ ရွိတာလား "
"ဟုတ္ကဲ့သူေဌးေလး Center မွာအဆင္မေျပလို႔ဆိုၿပီး ဝန္ထမ္းေရးရာဌာနက Mart ကိုပို႔လိုက္တာပဲသူေဌးေလး ..."
"ဘယ္လို ငါ့ကိုအဲ့အေၾကာင္းဘာလို႔ မတင္ျပတာလဲ ဟမ္..."
"ကြၽန္ေတာ္က မလိုေလာက္ဘူးထင္လို႔"
"အခု မင္းဘယ္မွာလဲ "
"Center သြားတဲ့လမ္းမွာ သူေဌးေလး"
"ေတာက္ ...ကြာ ..."
ေျပာၿပီးဖုန္းခ်လိဳက္၍ Mart သို႔ အားကုန္သုံး၍ ေျပးလာခဲ့လိုက္သည္။
"ငယ္ ဘာမွမျဖစ္ပါနဲ႕
ငယ္ေဘးကင္းရမယ္ေနာ္
ကိုယ္ရင္ေလးေနတာက ငယ္ဒုကၡေရာက္ေနလို႔မဟုတ္ဘူးမလား ငယ္ဘာမွမျဖစ္ရဘူး "
အေတြးေတြဟာ မရိုးသားနိုင္ေတာ့ ငယ္အႏၱရယ္ႀကဳံေနၿပီပဲ ခြန္းေတြးမိေတာ့သည္။
"ငယ့္လက္ေခ်ာင္းေလးကိုထိရင္ေတာင္ အကုန္သတ္ပစ္လိုက္မယ္..."
ျဖဴငယ္ ငိုယိုေနဖို႔ေတာင္မအားမရွိေလာက္သည္အထိ အငိုေတြဆက္ေနမိသည္။
"ငိုေနစမ္းပါ ငိုလြန္းၿပီးေမ့လဲေနလဲ ကိုယ္က လုပ္စရာရွိတာလုပ္ရမွာပဲ
အဲ့မ်က္ရည္ေတြက အသုံးမဝင္ဘူးလို႔ ..."
ျဖဴငယ့္မ်က္ရည္ေတြကိုလာထိၿပီးေျပာေန
သည့္လူကို သိပ္မုန္းသည္။ ႐ုန္းကုန္ေနေပ
မယ့္အရာမဝင္လွ ထြက္ေျပးလို႔လဲမရ မ်က္ႏွာကေနနယ္ေက်ာ္ေနၿပီျဖစ္တဲ့ဒီလူကို တားဆီး၍လဲမရ။
ကိုႀကီးေရ ျဖဴငယ့္ကိုကယ္ပါအုံး ျဖဴငယ့္ကိုကယ္ပါအုံးကိုႀကီးရယ္....။
"Baby က အလွေလးပဲ
ၿပီးေတာ့ အနံ႕ေလးေရာပဲ ဟား..."
လက္ေမာင္းတစ္ေလွ်ာက္ ပြတ္သပ္ေနၿပီး အနားတိုး၍ ႐ူရိုက္ေနေလသည္။ ဒီလူရဲ႕အသက္႐ူသံပါၾကားေနရ၍ ဒီအေနအထားႀကီးကိုလဲမုန္းသည္။
"အကို ႏွင္းျပန္ေတာ့မယ္
ႏွင္းလိုခ်င္တာရၿပီေလ "
"Ok ႏွင္း"
"ေပ်ာ္႐ႊင္ပါေစေနာ္ ျဖဴငယ္"
ျဖဴငယ့္ဘဝႀကီးက ဘာဆက္ျဖစ္လာပါမလဲ ျဖဴငယ္အေတြးေလးႏွင့္ေတာင္ ဆက္၍ပုံေဖာ္ဖို႔ေတာင္ေၾကာက္ရသည္။
Center တြင္းမွ ဟိုတစ္ေန႕က ေကာင္မထြက္လာတာျမင္မိေသာ္လည္း ခြန္း အေရးမစိုက္နိုင္ေသးေပ။ အေရးႀကီးတာငယ္ ငယ့္ကိုအရင္ရွာမွျဖစ္မည္။
"ငယ္ေရာ ...ငယ္ေရာလို႔...."
"ရွင္ ....အကိုခြန္းေစရာမို႔လား
ဘယ္ကငယ္လဲဟင္...."
"ျဖဴငယ္ေလ ...ျဖဴငယ္ေရာလို႔... ဟမ္..."
"ဟိုဟာ ..ဟိုဟာ ..
ထမင္းစားမယ္ဆိုၿပီးထြက္သြားတယ္..."
ထမင္းစားခန္းဟာဘယ္မွာမွန္းမသိေပမယ့္ ေျပးလႊားသြားၾကည့္ေတာ့ ေတြ႕ၿပီ ခုံေပၚမွာ ဒီတိုင္းလွပ္ထားတဲ့ထမင္းခ်ိဳင့္ေလးဟာ ပုံမပ်က္ေသးေပ။
"ငယ္ ငယ္ ငယ္ဘယ္မွာလဲလို႔ ငယ္ "
ေနရာကုန္လိုက္ရွာေပမယ့္မေတြ႕ ရင္ေတြပူေနရသည္မွာလဲ ေနဆယ္ဆင္းေလာက္တစ္ၿပိဳင္ထဲထြက္ေနသည့္အလားျဖစ္သည္။
"ဘယ္အခ်ိန္ကထြက္သြားတာလဲငါ့ကိုေျပာ"
"နာရီဝက္ေလာက္ရွိၿပီ သူေဌး "
"ဘယ္သူေတြ႕လိုက္ေသးလဲ ငယ့္ကို ဟမ္... ဘယ္သူေတြ႕လိုက္ေသးလဲလို႔ ...."
အသံကုန္ေအာ္ဟစ္ၿပီး အေျပးအလႊားရွာေနသည့္ ခြန္းေစရာေၾကာင့္ ဘယ္သူမွမဟရဲ မ်က္စိပ်က္မ်က္ႏွာပ်က္ႏွင့္ ရပ္ေနၾကေလသည္။
"CCTV ေရာ CCTV ဘယ္မွာလဲ..."
"ဒီဘက္မွာသူေဌး"
ပတ္ရွာၾကည့္ေတာ့ တစ္ေယာက္ေယာက္လာေခၚသြား၍ ေနာက္ကလိုက္သြားသည့္ငယ့္ကို အတိုင္းသားေတြ႕ရသည္။ သို႔ေပမယ့္ ဘယ္ကိုမွန္းေတာ့မသိ ဘယ္ကိုငယ္ေရာက္သြားမွန္းလဲမသိ ဘာမွမေပၚလာေတာ့ေပ။
"ဘာလို႔မေပၚေတာ့တာလဲဟမ္ "
"အဲ့တာ စတိုဘက္သြားတဲ့လမ္းပဲ Cctv ပ်က္ေနတာ ႏွစ္ရက္ေလာက္ရွိၿပီ သူေဌး..."
စတိုခန္းဘက္ေျပးသြားလိုက္ေတာ့ တစ္ခုထဲရွိသည့္တံခါးကိုေတြ႕လိုက္ရသည္။ ေသခ်ာတယ္ငယ္ဒီထဲမွာ။ ခြန္းတံခါးကို တြန့္ဖြင့္ေသာ္လည္း ဖြင့္မရေပ အထဲမွ lock ခ်ထားေလသည္။
"ငယ္ ငယ္ အထဲမွာရွိလား... ငယ္"
"ေသာ့သြားရွာခဲ့သြား "
ပါလာတဲ့ဝန္ထမ္းေတြကိုေအာ္လႊတ္လိုက္
သည့္ခြန္းမွာ ကိုယ္တိုင္လဲေသာ့ေရာက္လာဖို႔မေစာင့္နိုင္ အတင္းကန္ေဆာင့္၍ဖြင့္ေနမိသည္။
ဟမ္ ျဖဴငယ္ကိုႀကီးအသံၾကားလိုက္ရတာလား ကိုႀကီးမို႔လား ကိုႀကီးေရ ျဖဴငယ့္ကိုကယ္ပါအုံး ေအာ္ေနေပမယ့္ အသံထြက္ခြင့္မရတဲ့ျဖဴငယ့္အဖို႔ အခ်ည္းႏွီးပင္ျဖစ္သည္။ သို႔ေပမယ့္ အားေတြေတာ့တတ္လာရသည္။ ျဖဴငယ့္ကိုကယ္မယ့္လူက ေရွ႕မွာေရာက္ေနၿပီမဟုတ္လား။
"ဘယ္ေကာင္လဲ
ငါ့အစီစဥ္ကို ဖ်က္ခ်င္ေနျပန္ၿပီ
လြတ္ၿပီမထင္နဲ႕ေနာ္ Baby... ကဲစၾကမယ္..."
ေျပာၿပီး ျဖဴငယ့္ ပါးစပ္က တိတ္ကိုဆြဲခြာလိုက္ၿပီး ေအာ္ခ်ိန္ေတာင္မရလိုက္ အနမ္းခံလိုက္ရသည္ လက္ကလဲ တြန္း၍မရ ႐ုန္းကန္ေနေသာ္လည္း သူ႕အတြက္မထိေရာက္ ဒီတိုင္းသာအနမ္းခံေနရသည္။ ျဖဴငယ္ေၾကာက္သည္ ဒီလိုအေျခေနႀကီးကိုေၾကာက္သည္။ ျဖဴငယ့္ကို အၾကမ္းပတမ္းနမ္းေနသည့္ဒီလူႀကီးကိုလဲေၾကာက္သည္။ ျဖဴငယ့္ဘဝေလး ဒီ့လူ႕ဆီမွာ တဂယ္ေပးပစ္လိုက္ရမွာကို ပို၍ေၾကာက္ပါသည္။
ကိုႀကီးရယ္ ျဖဴငယ္ေတာ့ဘဝပ်က္ပါၿပီကိုႀကီးရယ္...။
Words 3274