ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(C...
Від KaKyoePhyu85
708K 14.9K 707
အချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေ... Більше
Part🍀 1 (U&Z)
Part 🍀2 (U&Z)
Part 🍀3 (U&Z)
Part🍀 4 (U&Z)
Part🍀5 (U&Z)
Part🍀 6 (U&Z)
Part🍀 7 (U&Z)
Part🍀 8 (U&Z)
Part🍀 9 (U&Z)
Part🍀 10 (U&Z)
Part🍀 11 (U&Z)
Part🍀 12 (U&Z)
Part🍀 13 (U&Z)
Part🍀 14 (U&Z)
Part🍀 16 (U&Z)
Part🍀 17 (U&Z)
Part🍀 18 (U&Z)
Part🍀 19 (U&Z)
Part🍀 20 (U&Z)
Part🍀 21(U&Z)
Part🍀 22 (U&Z)
Part🍀 23 (U&Z)
Part🍀 24 (U&Z)
Part🍀 25 (U&Z)
Part🍀 26 (U&Z)
Part🍀 27 (U&Z)
Part🍀 28 (U&Z)
Part🍀 29 (U&Z)
Part🍀 30 (U&Z)
Part🍀 31 (U&Z)
Part🍀 32 (U&Z)
Part🍀 33 (U&Z)
Part🍀 34 (U&Z)
Part🍀 35 (U&Z)
Part🍀 36 (U&Z)
Part🍀 37 (U&Z)
Part🍀 38 (U&Z)
Part🍀 39 (U&Z)
Part🍀 40 🔞
Part🍀 41 (U&Z)
Part🍀 42 (U&Z)
Part🍀 43 🔞
Part🍀 44 (U&Z)
End 🍀 (U&Z)
Extra🍀 (U&Z)
Part🍀 15 (U&Z)
13.2K 311 10
Від KaKyoePhyu85
ခွန်းရဲ့နှောင်ကြိုးငယ်🍀🍀 အပိုင်း - ၁၅
(Unicode)
"ဟိတ် ဆက်ပြောလေ အဲ့လိုချန်ခဲ့လို့မရဘူး"
ဖြူငယ်ထမည်လုပ်တော့ လက်ကိုဆွဲထားကာ အိပ်နေရာမှထထိုင်လိုက်သည့်ကိုကြီးကြောင့် ဖြူငယ် အနည်းငယ်တော့နေရခက်နေ၏။
"ဟမ် ကိုကြီးဘယ်အချိန်ထဲကနိုးနေတာလဲ.."
"အင်း စောင်ခြုံပေးထဲကပဲဆိုပါတော့ ..."
အစထဲကနိုးနေရက်နဲ့ကိုကြီးကလဲ။ ဖြူငယ်ရယ် သွားကလိတာတွေတော့ လူမိပါပြီ။
"အင်း..နိုးနေရက်နဲ့ဘာလို့မထတာလဲပြောကိုကြီးက"
"ကိုကြီးက အိပ်နေတာလေ ငယ်လာလို့နိုးသွားတာအခုက"
"အာ့ဆိုထတော့ "
မျက်နှာအောက်ငုံးပြီး ပါးတေရဲနေပုံထောက်လျှင် သေချာပါသည်။ ရှက်နေပြီဖြစ်သည်။
"ဟိတ် အဲ့လိုသွားလို့မရဘူးလေ ဆက်ပြောရမယ်လာခဲ့"
ထပြီးပြေးမယ်ကြံနေသည့်ခလေးမကိုလက်လှမ်းဆွဲထားလိုက်တော့ ကိုယ်လေးဟန်ချက်ပျက်စွာ ဆိုဖာပေါ်ထိုင်ရက်သားလေးကျလာ၏။ ခန္ဓာကိုယ်အိအိလေးဟာလဲ ခွန်းရင်ခွင်ထဲအခန့်သားကျလာသည့်အခါ အလိုက်သင့်လေးဖက်ထားလိုက်၏။
အားကြီးနဲ့ဆွဲတော့ ထိုင်နေသည့်​ကိုကြီးရင်ခွင်ထဲရောက်သွားရောလေတော့သည်။ အဲ့လိုတွေအနေနီးလျှင် ရင်တုန်ပါတတ်ပါသည်ဆိုမှ ဖက်ထားရက်လေးဖြစ်သွားရသည်ကြောင့် ချက်ချင်းထ၍ ဘေးတွင်ထိုင်လိုက်ပြီး ကိုကြီးမျက်နှာကိုသေချာကြည့်၍
"ပြောစေချင်လား..."
"အင်း"
"ယောက်ကျားပီသတယ်လို့ပြောမလို့ ..."
ဒါလေးပဲကို ဖြူငယ့်အတွက်ခက်ခဲတာမှတ်လို့။
"ဒါပဲလား"
"ဒါပဲလေ ပြီးပြီလေ ထမင်းစားမယ်လို့ ထ ..."
အော် ရင်ခုန်ဖို့လေးတောင်အချိန်မပေးပါလားကွာ။ ဗိုက်ဆာနေပြီဆိုတော့လဲ ကြည်နူးချိန်လေးတောင်မရလိုက် အမြန်ပင်ထကာ မျက်နှာသစ်လိုက်ရတော့သည်။
ထမင်းစားရင်းဒီနေ့ပိတ်ရက်ဖြစ်လို့ အိမ်ပြန်မှာလားမေးမိတော့ မပြန်ဘူးတဲ့လေ ကိုယ့်ခလေးမက။
"အိမ်မပြန်ရင် ဘာလုပ်မှာလဲဒီနေ့ "
"စားပြီး ပြန်အိပ်မယ်လေ "
"ပြန်တော့မအိပ်ရဘူး သက်သာ​ပြီလားငယ် ဗိုက်အောင့်သေးလား"
"ဘာမှမဖြစ်တော့ဘူး စိတ်ချ "
"အပြင်သွားမယ်လေအဲ့တာဆိုဘယ်သွားချင်လဲပြော ကိုကြီးအကုန်လိုက်ပို့မယ်..."
"တဂယ်ပေါ့ "
"အင်း ပြောသာပြော ငယ့်သဘောပဲ "
"ဖြူငယ့်ကို ရုပ်ရှင်ပြပါလား တစ်ခါမှမကြည့်ဖူးဖူးရုပ်ရှင်ရုံမှာ..."
"ok ဗျာ..."
"နှစ်ကားကြည့်မှာနော်..."
"ငယ့်သဘောပါဆို"
"ရေး ....တိမ်လွှာတို့ပါခေါ်ရအောင်လေနော် "
လက်ခုပ်လေးထတီးကာ ပြုံးရွှင်နေသည့်အခါ ခွန်းပါပျော်သွားရတော့သည်။
"ကိုကြီး စည်သူ့ကိုဆက်လိုက်မယ်"
"ဟုတ်"
ရုပ်ရှင်ပြမည်ဆိုလို့ အခန်းကိုအပြေးပြန်လာပြီး ကိုကြီးဝယ်ပေးထားသည့်ထဲမှ အပြာနုရောင်ဂါဝန်လေးကိုထုတ်ဝတ်လိုက်၏။ မိတ်ကပ်မလိမ်းတတ်သည့်ဖြူငယ့်အတွက် အောက်ခံ fair lovely လေးလူးပြီးအပေါ်မှသနပ်းခါးမှုံမှူံလေးလိမ်း၍ နှုတ်ခမ်းနီးပါးပါးလေးဆိုးလိုက်သည့်အခါ နဲနဲတော့ကြည့်ကောင်းလည၏။ ဆံပင်လေးစုစည်းပြီးသည်နှင့် ဖုန်းလေးတစ်လုံးသာယူကာ ကိုကြီးအခန်းဆီလာခဲ့သည်။ ပိုက်ဆံလေးနဲနဲရှိသည်ကလဲ ဖုန်း cover လေးထဲမှာမို့ ပိုက်ဆံအိတ်တို့ကိုထူးပြီးမယူတော့ပေ။
"ကိုကြီးဘာမှလုပ်ရသေးဘူးလား ဖြူငယ်ကပြီးသွားပြီ မြန်မြန်လုပ်သွား..."
"ဟုတ်ပါပြီဗျာ ခဏလေးပဲစောင့် "
စည်သူနှင့်ဖုန်းပြောသည်ကကြာသွားသလို ဟိုငနဲတွေကပါ ဖုန်းခေါ်နေ၍ပြောနေလိုက်သည်မှာအချိန်ကြာသွားသည်ထင်၏ ခလေးမတောင်အကုန်ပြင်ဆင်၍ပြီးနေပြီဖြစ်သည်။အခန်းထဲရောက်သည်နှင့် အင်္ကျီလဲမဝတ်အားသေးပဲ Center ကိုဖုန်းခေါ်လိုက်၏။
"Hello သူဌေးလေး ..."
"အင်း ငါဒီနေ့ Center ကိုလာရင် ငါ့ကိုလာနှုတ်ဆက်တဲ့လူမှန်သမျှအကုန် အလုပ်ဖြုတ်ပစ်မယ်လို့ ဝန်ထမ်းရေးရာဌာနကိုပြောထားလိုက်..."
"ဗျာ .."
"အေး ..ဘယ်ဝန်ထမ်းမှ အဲ့သူဌေးလေးလို့လာခေါ်တာမလိုချင်ဘူးနော် အကုန်သေချာမှာထားဟုတ်ပြီလား"
"ဟုတ်ကဲ့ သူဌေးလေး"
အင်းကျီလဲပြီး အပြင်ထွက်လာသည်ကို
ကိုယ့်ခလေးမက စိုက်ကြည့်နေလေရဲ့ ဒါပဲလေ ကြွေသွားပြီမို့လားကွာ။ ခွန်းတမင်ကိုရပ်၍ ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်ကာ ခလေးမကိုစိုက်၍ကြည့်လိုက်တော့သည်။
"ဝိုး ...ဒို့ကိုကြီးကမိုက်သားပဲ..."
"ခုမှသိတာလား"
"အင်း ...ဒါနဲ့အင်းကျီကအရောင်တူနေတယ်ဖြူငယ်နဲ့..."
"ကိုကြီးလဲတွေ့တာဝတ်လာတာပဲ ဟုတ်တယ်နော်တူနေတယ် "
"အင်း ထားလိုက်ပါ ဖြူငယ်တို့မောင်နှမက စိတ်တူနေလို့အရောင်တူသွားတာနေမှာပေါ့ သွားမယ်လေလာ "
တမင်းအရောင်တူတာရှာပြီး ရွေးဝတ်လာသည်ကိုတော့ခွန်းကိုယ်တိုင်သာ အသိဆုံးဖြစ်၏။ ဘာတဲ့ဗျာ ပြောသွားတာမောင်နှမတဲ့ ဒီခလေးမ ဘယ့်နှင့်မောင်နှမဇုန်ထဲအတင်းထည့်နေရတာလဲကွာ။
"နေဦး "
"ဟမ်"
"ဆံပင်မစီးရဘူး"
"ဖြူငယ်ခေါင်းစီးကြိုးအသစ်လေးထုတ်စီးလာတာလေ "
"မရဘူး ဆံပင်ချခဲ့ "
ခလေးမခေါင်းစီးကြိုးကို အသာလေးဆွဲဖြုတ်ပေး၍ ကြိုးသေးသေးလေးကို ခွန်းလက်ကိုဝတ်လိုက်ပြီး ရှေ့ကထွက်လာခဲ့သည်။ ဘယ်နှယ့်ဗျာ အဲ့လိုစီးထားတော့ ဒီလောက်ချစ်စရာကောင်းတဲ့မျက်နှာလေးကို မြင်ကုန်တော့မှာပေါ့။ ဆံပင်စီးထားတာလေးနှင့်ပုံစံက မျက်နှာလေးရှင်းနေကာ ငေးချင်စရာမို့ အူတိုပြီး တမင်မစီးခိုင်းခြင်းဖြစ်သည်။
Family Mart ရဲ့ Main Center ဖြစ်သည့် Family Center သို့ခေါ်လာသည့်ကိုကြီး။ ကားပေါ်ကဆင်းသည်နှင့် ဝန်ထမ်းများကပြူးတိပြူးပြဲနှင့် လိုက်ကြည့်နေကြသည်ကိုဖြူငယ်သတိထားမိသည်။ အင်းပေါ့လေ ဒို့ကိုကြီးကဒီလောက်ချောတာ boy ရော girl ရောကြည့်ကြမှာပေါ့။
"ဖြူငယ် ဒီမှာ"
Center တွင်းရှိ ရုပ်ရှင်ရုံရှေ့တွင် တိမ်လွှာတို့အဖွဲ့ဟာ လက်ပြ၍ အော်ခေါ်လေတော့သည်။
"ကိုကြီးဟိုမှာ"
"အင်း "
ဖြူငယ်တို့အဖွဲ့တွေစုံသွားတော့ ကိုကြီးနှင့် ကိုကြီးစည်သူတို့က လက်မှတ်သွားဖြတ်လေတော့သည်။
"ငါက နှစ်ကားကြည့်မှာနော်"
"ငါတို့တော့မကြည့်နိုင်ပါဘူး တစ်ကားပဲကြည့်ပြီးရင် ဈေးပတ်ဝယ်မလို့"
"မကြည့်နဲ့ပေါ့ ကိုကြီးကအဖော်ကြည့်ပေးမယ်တဲ့..."
"အင်းပါတော် ကြည့်ကြည့်"
"ညီလေး အတွဲခုံသုံးခုံရယ်ရိုးရိုးက 2 ခုံစာပေး"
"ဟုတ်ကဲ့ဗျ"
ခွန်းပြောလိုက်တော့ ဝန်ထမ်းကောင်လေးကခေါင်းလေးငြိမ့်ပြကာ လုပ်စရာရှိတာလုပ်နေလေ၏။ မဆိုးပါဘူးမှာထားသည့်အတိုင်း မည်သည့်ဝန်ထမ်းမှနှုတ်မဆက်လို့။
"အစောန ရိုးရိုးနှစ်ခုံနဲ့ကပ်ရပ် ကျွန်တော့ကိုတစ်ခုံပေး..."
စည်သူနှင့်ခွန်း လက်မှတ်စောင့်နေသည့်အခါ  ဘေးကပ်ရပ်ခုံကိုတမင်လာဝယ်သည်မို့ကြည့်လိုက်တော့ ဟိုအပတ်က ညဈေးမှာတွေ့ခဲ့သည့်ဖြူငယ့်ကိုကြောင်သွားသည့်ချာတိတ်ပင်ဖြစ်နေ၏။
"ရပြီအကို ညီလေးလဲရပြီ"
"ok"
မင်းခန့်လက်မှတ်ယူပြီး မမလှလှနားသွားရပ်လိုက်သည်။
"တွေ့ပြန်ပြီနော်မမ..."
ဖြူငယ့်ရှေ့လာရပ်ပြီးမေးသည်မို့ ကြောင်
ကြည့်နေမိပြီး ခဏကြာမှ ဟိုတစ်ခေါက်ကကောင်လေးမှန်း မှတ်မိလေတော့၏။
"အင်း မှတ်မိပြီ "
"ရုပ်ရှင်ကြည့်မှာမို့လား တူတူကြည့်မယ်နော်မမနဲ့ "
စည်သူ့ကိုမေးငေါ့ပြတော့ ခေါင်းညိမ့်ပြသည်နှင့် ခွန်းသိိလိုက်ပြီ ဟိုတစ်လောကကိုယ့်
ခလေးမကိုပိုင်ဆိုးပိုင်နင်းလုပ်သွားသည့်ကောင်။ သဝန်တိုတာတွေနောက်သို့ထားကာ ငယ် ဒီကောင့်ကို ဘယ်လိုတုန့်ပြန်မလဲသိချင်၍ ရပ်ပြီးပဲအသာကြည့်နေလိုက်သည်။
ဘယ်လိုရောက်လာမှန်းမသိပေမယ့် ဒီကောင်လေးကြည့်ရသည်က တစ်မျိုးဖြစ်နေကာ ခင်သည့်သူလဲမဟုတ်သည်ကြောင့် ကိုကြီးနားသို့ဖြူငယ်ကပ်နေလိုက်သည်။
ခွန်းကျေနပ်သွားရသလို တစ်ချက်ပြုံးကာ ခလေးမနှင့်အတူ ရုပ်ရှင်ရုံထဲဝင်ခဲ့တော့၏။
ရုပ်ရှင်ရုံထဲရောက်သည်နှင့် ဘေးတစ်ဖက်မှာက ရုပ်တည်ကြီးနှင့်ထိုင်နေသည့်ကိုကြီး ဒီဘက်ဘေးမှာက စပ်တိစပ်ဖြဲနှင့်ရီပြနေသည့် ကောင်လေး ဟူးး။
"မမ အအေးဗူးနဲ့ပေါက်ပေါက်ဗူးပေး သရဲကားဆိုတော့ လန့်ပြီးမမပေါ်မှောက်မှာဆိုးလို့..."
လက်ထဲကအတင်းယူသွားသည့် ကောင်လေးကြောင့်စိတ်ညစ်ရပြန်သည် အေးဆေးကြည့်ချင်ပါတယ်ဆို။ ကိုကြီးကိုကြည့်တော့လဲ ခုမှစသည့်ရုပ်ရှင်ကို ရုပ်တည်ကြီးနှင့်စိုက်ကြည့်နေလေသည်ကြောင့် ဘာမှမပြောရဲငြိမ်၍နေနေလိုက်ရတော့သည်။
ရုပ်ရှင်စထဲကကြောက်စရာပါသည်မို့ ခလေးမကိုကြည့်မိတော့ မျက်လုံးကိုလက်နှင့်အုပ်ပြီး လက်ချောင်းကြားလေးတွေထဲက ခိုး
ကြည့်နေလေရဲ့ဗျာ။ အအေးဘူးတွေယူသွားတာကိုဘာမှလူကိုလာမတိုင်သည်ကြောင့် စိတ်တိုနေသည်ပင်ပျောက်သွားရတော့သည်။ ကြည့်နေပုံလေးက ချစ်စရာလဲကောင်းကာ တော်တော်လေးလဲအူယားစရာကောင်းသည်မို့ ရုပ်ရှင်ကိုမကြည့်တော့ပဲ ခေါင်းငဲ့၍သာ ခလေးမကိုကြည့်နေလိုက်တော့သည်။
သရဲပေါ် မလာသည့်အခန်းဖြစ်၍ အအေးလေးသောက် ပေါက်ပေါက်လေးစားနှင့်သာယာနေ သည့်ဖြူငယ့်အတွက်ကြာကြာမခံပေ။ ဟိုကောင်လေးက ဖြူငယ်ကိုင်ထားသည့်ပေါက်ပေါက်ဗူးထဲလာနှိုက်စားနေ၍ ဖြူငယ်ပေါက်ပေါက်ယူသည့်အချိန် သူကပါလိုက်ယူသည်ကြောင့် ဖြူငယ့်လက်ကိုထိုကောင်လေးဟာ ကိုင်မိသွားသလိုဖြစ်သွားတော့၏။
"မမ sory နော် လက်ကိုကိုင်မိသွားလို့..."
"အင့် အမ မစားတော့ဘူး "
စလာပြီ ဇာတ်လမ်းတွေ စလာပြီ ခွန်းသိသည်ဒီကောင်တမင်လုပ်မှန်း။ ဆွဲထိုးချင်လာသော်လည်း ကြမ်းတမ်းမိလျှင်ကိုယ့်ကို ငယ်လန့်သွားမည်ဆိုး၍ ဒေါသအတင်းထိန်းထားရသည်။
"ငယ် အေးနေလား..."
"နဲနဲအေးတယ်ကိုကြီး "
အေးတယ်ပြောတော့ ယူလာသည့် ကုတ်အင်းကျီကို ခလေးမဆီသေချာခြုံပေးလိုက်သည်။
"ကိုကြီး ကျေးဇူး..."
ဖြူငယ့်ဘက်ကိုကိုင်းပြီး အင်းကျီခြုံပေးနေသည့်ကိုကြီးကို ကျေးဇူးလို့လှည့်အပြော ထိတွေ့လိုက်ရသည့်အထိတွေ့ကြောင့် ဖြူငယ်မျက်လုံးပင်ပြူးသွားရသည်။ အဲ့လောက်အနားကပ်နေမှန်းမသိ၍ လှည့်လိုက်သည်ကို အခန့်မသင့်၍ ကိုကြီးနှုတ်ခမ်းကိုနမ်းမိသွား၏။
"ကိုကြီး တောင်ပန်ပါတယ်နော် ဖြူငယ် တမင်လုပ်တာမဟုတ်ပါဘူး..."
"ခဏလေးပြန်နှုတ်ပေးမယ်နော်ကိုကြီး "
ခွန်းမမျှော်လင့်ထားသည့်အခြေနေမို့ ရင်ခုန်လွန်းနေ၍ ဘာမှမပြောနိုင်ပဲကြည့်နေမိသည်ကို မျက်နှာကိုဆွဲယူပြီး ထပ်အနမ်းခံလိုက်သည်ကြောင့် ပို၍ပင်အံအားသင့်သွားရတော့၏။ မတော်တဆနမ်းမိလို့ အနမ်းပြန်နှုတ်ပေးတာတဲ့ဗျာ ဟားဟား ဒီခလေးမအတော်လေးလည်ပါလားဗျာ။
ရောင်ရမ်းပြီး လုပ်မိလုပ်ရာလုပ်လိုက်မိသည့်ဖြူငယ်မှာ နှစ်ကြိမ်နမ်းလိုက်မိသည်ကို သတိထားမိသွားမှ တဂယ်ပင်ရှက်သွားရသည်။ နမ်းမိတာတောင် ပြန်နှုတ်ပေးလိုက်သေး သွားပါပြီဖြူငယ်ရယ် ကိုကြီးကိုဘယ်လိုမျက်နှာပြရမလဲ။
"မမ ဘာလို့ အဲ့လိုပြန်နှုတ်ပေးလိုက်တာလဲ"
"မသိတော့ဘူး"
ရှက်ပါတယ်ဆိုမှ ဘာတွေလာမေးမှန်းမသိဘူးဒီတစ်ယောက်နှင့်လဲ။
"အဲ့တာဆိုကျွန်တော့ကိုလဲ ပြန်နှုတ်ပေး"
ပြောပြောဆိုဆိုနှင့် ခလေးမနားကပ်လာသည်မို့ ခလေးမနောက်ကလက်ဝင်ပြီး ဟိုကောင့်ခေါင်းကိုလှမ်းတွန်းထားသည်။ မျက်နှာမဖော်ပဲ အောက်ငုံ့နေသည့်ခလးမကတော့ ခွန်းတို့အဖြစ်ကို သိပုံမပေါ်ပေ။ ရှက်နေမှာပေါ့ နမ်းမယ်လို့ စတာတောင်အတော်ရှက်နေတာကို တဂယ်နမ်းလိုက်ရတော့ ပြောမနေပါနှင့်လား ခလေးကတော့အနားကတောင်ထွက်ပြေးချင်နေပြီထင်ပါသည်။
"ရုပ်ရှင်ပဲကြည့်စမ်းပါမင်းက..."
တမင်လုပ်သည့်မင်းခန့်က လက်ပဲကိုင်လိုက်ရပြီး ဟိုကိုကြီးက နမ်းတောင်နမ်းလိုက်ရသည်မို့ မင်းခန့်စိတ်တိုနေရသည်။ထိုစဉ်မင်းခန့်ဆီဖုန်းဝင်လာသည်မို့...
"Hello ပြော"
"ဟေ့ကောင်မင်းခန့် မင်းအဘွားမူးလဲလို့ အမြန်ပြန်လာခဲ့ ..."
"အေးအေး ငါအခုပြန်လာပြီ"
"မမ နောက်မှထပ်လာခဲ့မယ်နော် ..."
ပြောပြီးပြေးထွက်လာခဲ့သည်။ ကိုထက်အဆက်နှင့် မမသူငယ်ချင်းကေကေကိုအသာကပ်၍ ဒီနေ့ရုပ်ရှင်ကြည့်မည်ဆိုလို့ မနည်းအချိန်လုပြေးလာခဲ့သည်ကို ယခုတော့လဲ ပြန်ပြေးရပြီမို့လား။
"မကြည့်ရဲရင်မကြည်တော့နဲ့ အဲ့လို​အောက်ပဲငုံနေတော့မှာလား မဟုတ်ရင်လဲပြန်ကြမယ်..."
"ကြည့်မှာ "
ရှက်နေတာရော ရင်တုန်တာရောပေါင်းပြီး ထွက်ပြေးချင်နေပါတယ်ဆို သူကတော့ဘာမှမဖြစ်သည့်အတိုင်း လာဆူနေလေရဲ့ ကိုကြီးနဲ့လဲ ခက် တော်တော်ကို​ခက်။ သူများကရုပ်ရှင်အရမ်းကြည့်ချင်ပါတယ်ဆိုမှ ရုပ်ရှင်ရုံထဲစဝင်ထဲက ပရမ်းပတာတွေကြည့်စဖြစ်နေသည်မို့ စိတ်တောင်ညစ်လာရတော့၏။
Words 2397
(Zawgyi)
"အာ့ဆိုထတော့ "
"ပြောစေချင်လား..."
"အင်း"
"ဒါပဲလား"
"တဂယ်ပေါ့ "
"ok ဗျာ..."
"နှစ်ကားကြည့်မှာနော်..."
"ငယ့်သဘောပါဆို"
"ဟုတ်"
"Hello သူဌေးလေး ..."
"ဗျာ .."
"ဟုတ်ကဲ့ သူဌေးလေး"
"ခုမှသိတာလား"
"နေဦး "
"ဟမ်"
"ဆံပင်မစီးရဘူး"
"မရဘူး ဆံပင်ချခဲ့ "
"ဖြူငယ် ဒီမှာ"
"ကိုကြီးဟိုမှာ"
"အင်း "
"ဟုတ်ကဲ့ဗျ"
"ရပြီအကို ညီလေးလဲရပြီ"
"ok"
"တွေ့ပြန်ပြီနော်မမ..."
"အင်း မှတ်မိပြီ "
စည်သူ့ကိုမေးငေါ့ပြတော့ ခေါင်းညိမ့်ပြသည်နှင့် ခွန်းသိလိုက်ပြီ ဟိုတစ်လောကကိုယ့်
"အင့် အမ မစားတော့ဘူး "
"ငယ် အေးနေလား..."
"နဲနဲအေးတယ်ကိုကြီး "
"ကိုကြီး ကျေးဇူး..."
"မသိတော့ဘူး"
"Hello ပြော"
"ကြည့်မှာ "
Words 2397
Продовжити читання
Вам також сподобається
601K 74.8K 106
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
271K 18.7K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
344K 35.7K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
495K 11.9K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."