ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း- ၁၁
(Unicode)
အလုပ်ရောက်သည်နှင့် Counter ထိုင်ရက်ဖြစ်၍ ဖြူငယ် ထမင်းချိုင့်များသိမ်း၍ Counter သို့လာခဲ့သည်။
"ဖြူငယ် လာလေ ဒို့စောင့်နေတာကြာပြီ "
"လာပြီ လာပြီ ဇာတ်ကားကြည့်ခဲ့လား နိုရာ "
"အင်းကြည့်ခဲ့တယ်သိလား မင်းသားနှစ်ယောက်ကလေ အရမ်းချစ်ဖို့ကောင်းတာပဲသိလား "
"ဖြူငယ်ပြောပါတယ် နိုရာကြိုက်မှာပါလို့ "
နိုရာကအခြားလူတွေနှင့်မတူ ဖြူငယ့်ကိုစိတ်ရင်းမှန်နှင့်ခင်သည်ကို သိ၍နိုရာနှင့်သာအခေါ်အပြောလုပ်ဖြစ်သည်။ ဘယ်တော့ဖြစ်ဖြစ်နိုရာနှင့်သာအမြဲလဲ ထမင်းစား အတူသွားလာဖြစ်သည်ကြောင့် ညီမတွေလိုတောင်ခင်နေကြပြီဖြစ်တော့သည်။
"ဖြူငယ်သိလား နေ့လည် Duty ဝန်ထမ်းကောင်လေးအသစ်ရောက်မယ်တဲ့ "
"ဟမ် ဖြူငယ်မသိဘူး "
"အရမ်းဆိုးတာတဲ့ဖြူငယ်ရယ် သူ့အဖေကချမ်းသာတယ်ဆိုပြီး ဝုန်းဒိုင်းကျဲနေတာတဲ့လေ ဒို့တော့သိပ်ကြောက်တာပဲဖြူငယ်ရယ်တော်သေး Duty မတူလို့ "
"ဖြူငယ်နဲ့ကတွေ့ရအုံးမှာပေါ့ အဲ့တာဆို "
"ဖြူငယ်သတိထားနော် ဘေးမှာ ဒို့လဲမရှိဘူးဟိုဟာမတွေကလဲ အကျင့်ကောင်းတာမဟုတ်ဘူး.."
"အင်းပါ နိုရာရဲ့ စိတ်ပူပေးလို့အိုက်နီ မွ..."
နိုရာ့ကို ဖက်ပြီး ကလေးသဖွယ်ပြုမူလိုက်မိသည့်ဖြူငယ့်ကို နိုရာလဲပြန်ဖက်ပြီး စနောက်နေသည်။အဲ့တစ်ယောက်က ကြောက်စရာကောင်းတော့လဲဖြူငယ်ကကိုယ့်ဘာသာနေမှာပဲ ဖြူငယ်နဲ့တော့ထိပ်တိုက်ကြီးတွေ့ပြီးရန်မဖြစ်လောက်ပါဘူးနော်။ ဖြူငယ်ကယောက်ကျားလေးတွေနှင့်လဲအရောတဝင်မနေတတ်သူမို့ ရှော့မရှိလောက်ပါဘူးတွေး၍ အနည်းငယ်စိတ်သက်သာရာရနေတော့သည်။
"ပြန်ပြီနော် ဖြူငယ် ဟိုလမ်းသရဲကပထမနေ့မှာတင်ဗီဇပြပြီး နောက်ကျနေပြီတွေ့လား ဖြူငယ်ဂရုစိုက်အုံးနော်"
"အင်းပါ နိုရာရဲ့ ဂရုစိုက်အုံးလမ်းမှာ..."
"အင်းအင်း"
နိုရာချိုင့်လေးဆွဲ၍ ပြန်သွားသည်နှင့်ဖြူငယ်လဲ Counter ထဲတွင်သာထိုင်နေတော့သည်။ ဟုတ်ပါသည် ပထမနေ့တွင်အလုပ်ချိန်နောက်ကျနေသည်က ထိုသူတစ်ယောက်ထဲသာဖြစ်တော့သည်။
မကြာလိုက်ပါ လက်နှစ်ဖက်လုံး Tattoo အပြည့်၊ ဝတ်ထားသည်က အပေါက်အပြဲအင်းကျီများနှင့် အရပ်ရှည်ရှည်လူတစ်ယောက်ဝင်လာသည်နှင့် Counter တွင်ဖြူငယ်နှင့်တူတူထိုင်နေသည့်နှင်းနှင်းပြေးသွားလေသည်။
"အကို နှင်းနှင်းတို့က မျှော်နေတာကို ခုမှလာတယ်နော် "
"အကို့ကိုမျှော်နေတာပေါ့ မဒီလေးတွေက "
"ဒါပေါ့လို့ အကို့Uniform လေးရော့ ဟိုဘက်မှာအဝတ်လဲခန်းနော် နှင်းနှင်းတို့စောင့်နေမယ်..."
နှင့်နှင်းလက်ထဲအသင့်ပါလာသည့် အသစ်စက်စက် uniform လေးကပေးလိုက်တော့ အကိုမင်းသစ္စာကဆွဲယူသွားတော့သည်။
"OK "
ဘယ်လိုပဲဆိုးတယ်ပြောပြော ချမ်းသာသည့်မျိုးဆက်ဖြစ်လို့ နှင်းနှင်းတို့အဖွဲကပ်နေကြခြင်းဖြစ်သည်။ တစ်ချို့ကလဲ ဆိုးလွန်း၍ကြောက်လို့တမင်ဟန်လုပ်ကာ ရင်းနှီးချင်ယောင်ဆောင်နေကြခြင်း။ ဒါမှသူတို့ကိုအနိုင်မကျင့်ကြမှာလေ။ နှင်းနှင်းကတော့မကြောက်ပါဘူး အကိုမင်းသစ္စာနဲ့ရင်းနှီးချင်ပါသည်။ အကိုမင်းသစ္စာကလဲခေသူမှမဟုတ်ပဲလေ။
"ဖြူငယ်သိလား
အဲ့တာ အကိုမင်းသစ္စာလေ အရမ်းချောတာပဲမို့လား "
"အင်း ဖြူငယ်မကြည့်လိုက်မိဘူး "
"ဖြူငယ်တစ်ယောက်ထဲ Counter ထိုင်းလို့ရလား "
"ရပါတယ် ဖြူငယ်တစ်ယောက်ထဲလဲရတယ်လေ "
"Ok ကျေးဇူး "
ပေါ့ပျက်ပျက်နှင့်ပြောသွားသည့်နှင်းနှင်းကို ဖြူငယ်ခေါင်းပဲညိမ့်ပြလိုက်သည်။
"အကိုဒီမှာထိုင်လေ အလုပ်က လုပ်စရာမရှိပါဘူး "
"အကိုကလဲ အလုပ်လာလုပ်တာမှမဟုတ်ပဲ ဒီမှာစော်လေးတွေလန်းတယ်ဆိုလို့လာတာလေကွာ "
"ခစ်ခစ် အကိုကတော့လုပ်ပြီ "
"ဒါနဲ့ အဲ့တစ်ယောက်က ဘယ်သူလဲ "
ကိုမင်းသစ္စာ မေးငေါ့ပြရာကြည့်မိတော့ ဝယ်သူကို Bill ဖြတ်ပေးနေသည့်ဖြူငယ်ဖြစ်နေလေသည်။ ဒီဟာမ မလွယ်ပါလား အခုမှရောက်တဲ့လူတောင် ဘယ်အချိန်မြူဆွယ်လိုက်မှန်းမသိမြန်လွန်းလှသည်။ နှင်းနှင်းအံတစ်ချက်ကျိတ်လိုက်ပြီး ပြန်၍ဘာမှမဖြစ်သလိုပြုံးလိုက်တော့သည်။
"အော် သျှင်ယွန်းဖြူငယ်လားဒီအတိုင်းသာမာန်လူပါပဲ အကိုရယ် ဘာတွေဘယ်လိုပေးဆပ်ပြီး ဒီဝင်လာလဲမသိဘူး "
"အင်း နောက်ခံအင်အားမရှိဘူးပေါ့ "
"No ပါ လုံးဝမရှိဘူး "
"ကစားလို့ကောင်းမှာပေါ့အဲ့တာဆို "
"အကိုပျော်ဖို့လား "
"အင်း သိပ်မသေချာသေးဘူး "
ဝင်လာထဲက ထိုင်ရာကမထပဲ အလုပ်ပဲလုပ်နေသည့်သူမ တစ်ချက်တောင် မင်းသစ္စာကို မကြည့်သည်မို့ ဘာကောင်ဆိုတာပြရန်စဥ်းစားထားပြီး အခုတော့ဘာအင်အားမှမရှိတာသိ၍
စမ်းကြည့်ချင်သည်။ ဒါမျိုးလေးတွေက စမ်းကြည့်လဲအရှုံးမရှိပါဘူးလေ။
"နှင်းနှင်း ဖြူငယ်ပြန်တော့မယ် "
"အင်း "
ထမင်းချိုင့်သွားယူရန် ဝန်ထမ်းများနားနေခန်းသို့ ဖြူငယ်လာခဲ့ပြီး ချိုင့်လေးယူကာထွက်လာသည်နှင့် ဖြူငယ့်ရှေ့ပိတ်ရက်လာသည့်နေ့လည်ကသရဲ။
"ဟေ့ ပြန်တော့မို့လား"
ဖြူငယ်ထိုလူကိုစကားပြန်မပြောချင်ပေမယ့်လဲ ထိုလူကလမ်းသရဲကြောက်ရသည်ဟုကြားထား၍ သည်းခံပြန်ပြောလိုက်တော့သည်။
"ဟုတ် "
"နာမည်လေးက သျှင်ယွန်းဖြူငယ်ဆို "
"ဟုတ် "
"ဒါနဲ့ ဘာရေမွှေးသုံးတာလဲ မွေးနေတာပဲ ဟား..."
ဖြူငယ့်ကိုယ်လေးနား တိုးလာပြီး ဟား ဆိုပြီး ရှူရှိုက်လာသည့် ထိုလူကြောင့် ဖြူငယ်လက်ဖျားများအေးလာရတော့သည်။ ထို့အတူ ခြေထောက်များကနောက်သို့အလိုလိုဆုတ်သွားမိ၍ ထိုလူကိုလန့်သွားသလိုအနည်းငယ်လဲကြောက်မိသွားတော့သည်။
"ဟင့်အင်း ဖြူငယ်ရေမွှေးမသုံးဘူး "
"ဟုတ်လား ကိုယ်သင်းရနံ့လေးမွှေးနေလို့ "
"ဖြူငယ်ပြန်တော့မယ် "
စကားတောင်ဆက်မပြောလိုက်ရ မပြေးရုံတမယ်အနားကထွက်သွားတော့သည်။ ဒီလောက်လေးကိုကြောက်နေသည်တဲ့လား သေချာကြည့်မိလိုက်တော့လဲ ရုပ်လေးမဆိုးပါဘူးလေ။ သေးသွယ်သည့်ခန္ဓာကိုယ်နှင့် ချစ်စရာဒီကောင်မလေးကို ချစ်ကြည့်ပြီး လွှတ်ပစ်ရမှာနှမျောစရာပဲဟုတွေး၍ မင်းသစ္စာနှုတ်ခမ်းတို့သပ်နေမိတော့သည်။ ။
"အကို ဘယ်လိုလဲ "
"အင်းသေချာသွားပြီ "
"နှင်းနှင်းတို့စီစဥ်ပေးမယ် စိတ်ချ "
"မလောသေးနဲ့အုံးလေ နှင်းရဲ့ သူနဲ့က နောက်မှ ကိုယ့်အလန်းလေးတွေနဲ့က အရင်ကဲကြမယ် ဒီညအကိုတိုက်မယ် "
"ရေး နှင်းနှင်း သူငယ်ချင်းတွေပါခေါ်ခဲ့မယ်နော် "
"စိတ်ကြိုက်ပဲ "
စောင့်ကြည့်နေစမ်းပါဖြူငယ်ရယ် အကိုမင်းသစ္စာလိုစားဘဲကြီးလက်ထဲမှာ နင့်ဘဝပျက်စီးသွားစေရမယ် ကူရာမဲ့ဖြစ်နေမယ့်နင့်ကို ဘယ်စပွန်ဆာက လာကယ်မလဲ ငါစောင့်ကြည့်နေမယ်။ အတွေးနှင့်တင်ကျေနပ်မိသွားသလို နှင်းနှင်းမဲ့ပြုံးတစ်ချက်ပြုံးလိုက်တော့သည်။
Words 1274
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
အလုပ္ေရာက္သည္ႏွင့္ Counter ထိုင္ရက္ျဖစ္၍ ျဖဴငယ္ ထမင္းခ်ိဳင့္မ်ားသိမ္း၍ Counter သို႔လာခဲ့သည္။
"ျဖဴငယ္ လာေလ ဒို႔ေစာင့္ေနတာၾကာၿပီ "
"လာၿပီ လာၿပီ ဇာတ္ကားၾကည့္ခဲ့လား နိုရာ "
"အင္းၾကည့္ခဲ့တယ္သိလား မင္းသားႏွစ္ေယာက္ကေလ အရမ္းခ်စ္ဖို႔ေကာင္းတာပဲသိလား "
"ျဖဴငယ္ေျပာပါတယ္ နိုရာႀကိဳက္မွာပါလို႔ "
နိုရာကအျခားလူေတြႏွင့္မတူ ျဖဴငယ့္ကိုစိတ္ရင္းမွန္ႏွင့္ခင္သည္ကို သိ၍နိုရာႏွင့္သာအေခၚအေျပာလုပ္ျဖစ္သည္။ ဘယ္ေတာ့ျဖစ္ျဖစ္နိုရာႏွင့္သာအၿမဲလဲ ထမင္းစား အတူသြားလာျဖစ္သည္ေၾကာင့္ ညီမေတြလိုေတာင္ခင္ေနၾကၿပီျဖစ္ေတာ့သည္။
"ျဖဴငယ္သိလား ေန႕လည္ Duty ဝန္ထမ္းေကာင္ေလးအသစ္ေရာက္မယ္တဲ့ "
"ဟမ္ ျဖဴငယ္မသိဘူး "
"အရမ္းဆိုးတာတဲ့ျဖဴငယ္ရယ္ သူ႕အေဖကခ်မ္းသာတယ္ဆိုၿပီး ဝုန္းဒိုင္းက်ဲေနတာတဲ့ေလ ဒို႔ေတာ့သိပ္ေၾကာက္တာပဲျဖဴငယ္ရယ္ေတာ္ေသး Duty မတူလို႔ "
"ျဖဴငယ္နဲ႕ကေတြ႕ရအုံးမွာေပါ့ အဲ့တာဆို "
"ျဖဴငယ္သတိထားေနာ္ ေဘးမွာ ဒို႔လဲမရွိဘူးဟိုဟာမေတြကလဲ အက်င့္ေကာင္းတာမဟုတ္ဘူး.."
"အင္းပါ နိုရာရဲ႕ စိတ္ပူေပးလို႔အိုက္နီ မြ..."
နိုရာ့ကို ဖက္ၿပီး ကေလးသဖြယ္ျပဳမူလိုက္မိသည့္ျဖဴငယ့္ကို နိုရာလဲျပန္ဖက္ၿပီး စေနာက္ေနသည္။အဲ့တစ္ေယာက္က ေၾကာက္စရာေကာင္းေတာ့လဲျဖဴငယ္ကကိုယ့္ဘာသာေနမွာပဲ ျဖဴငယ္နဲ႕ေတာ့ထိပ္တိုက္ႀကီးေတြ႕ၿပီးရန္မျဖစ္ေလာက္ပါဘူးေနာ္။ ျဖဴငယ္ကေယာက္က်ားေလးေတြႏွင့္လဲအေရာတဝင္မေနတတ္သူမို႔ ေရွာ့မရွိေလာက္ပါဘူးေတြး၍ အနည္းငယ္စိတ္သက္သာရာရေနေတာ့သည္။
"ျပန္ၿပီေနာ္ ျဖဴငယ္ ဟိုလမ္းသရဲကပထမေန႕မွာတင္ဗီဇျပၿပီး ေနာက္က်ေနၿပီေတြ႕လား ျဖဴငယ္ဂ႐ုစိုက္အုံးေနာ္"
"အင္းပါ နိုရာရဲ႕ ဂ႐ုစိုက္အုံးလမ္းမွာ..."
"အင္းအင္း"
နိုရာခ်ိဳင့္ေလးဆြဲ၍ ျပန္သြားသည္ႏွင့္ျဖဴငယ္လဲ Counter ထဲတြင္သာထိုင္ေနေတာ့သည္။ ဟုတ္ပါသည္ ပထမေန႕တြင္အလုပ္ခ်ိန္ေနာက္က်ေနသည္က ထိုသူတစ္ေယာက္ထဲသာျဖစ္ေတာ့သည္။
မၾကာလိုက္ပါ လက္ႏွစ္ဖက္လုံး Tattoo အျပည့္၊ ဝတ္ထားသည္က အေပါက္အၿပဲအင္းက်ီမ်ားႏွင့္ အရပ္ရွည္ရွည္လူတစ္ေယာက္ဝင္လာသည္ႏွင့္ Counter တြင္ျဖဴငယ္ႏွင့္တူတူထိုင္ေနသည့္ႏွင္းႏွင္းေျပးသြားေလသည္။
"အကို ႏွင္းႏွင္းတို႔က ေမွ်ာ္ေနတာကို ခုမွလာတယ္ေနာ္ "
"အကို႔ကိုေမွ်ာ္ေနတာေပါ့ မဒီေလးေတြက "
"ဒါေပါ့လို႔ အကို႔Uniform ေလးေရာ့ ဟိုဘက္မွာအဝတ္လဲခန္းေနာ္ ႏွင္းႏွင္းတို႔ေစာင့္ေနမယ္..."
ႏွင့္ႏွင္းလက္ထဲအသင့္ပါလာသည့္ အသစ္စက္စက္ uniform ေလးကေပးလိုက္ေတာ့ အကိုမင္းသစၥာကဆြဲယူသြားေတာ့သည္။
"OK "
ဘယ္လိုပဲဆိုးတယ္ေျပာေျပာ ခ်မ္းသာသည့္မ်ိဳးဆက္ျဖစ္လို႔ ႏွင္းႏွင္းတို႔အဖြဲကပ္ေနၾကျခင္းျဖစ္သည္။ တစ္ခ်ိဳ႕ကလဲ ဆိုးလြန္း၍ေၾကာက္လို႔တမင္ဟန္လုပ္ကာ ရင္းႏွီးခ်င္ေယာင္ေဆာင္ေနၾကျခင္း။ ဒါမွသူတို႔ကိုအနိုင္မက်င့္ၾကမွာေလ။ ႏွင္းႏွင္းကေတာ့မေၾကာက္ပါဘူး အကိုမင္းသစၥာနဲ႕ရင္းႏွီးခ်င္ပါသည္။ အကိုမင္းသစၥာကလဲေခသူမွမဟုတ္ပဲေလ။
"ျဖဴငယ္သိလား
အဲ့တာ အကိုမင္းသစၥာေလ အရမ္းေခ်ာတာပဲမို႔လား "
"အင္း ျဖဴငယ္မၾကည့္လိုက္မိဘူး "
"ျဖဴငယ္တစ္ေယာက္ထဲ Counter ထိုင္းလို႔ရလား "
"ရပါတယ္ ျဖဴငယ္တစ္ေယာက္ထဲလဲရတယ္ေလ "
"Ok ေက်းဇူး "
ေပါ့ပ်က္ပ်က္ႏွင့္ေျပာသြားသည့္ႏွင္းႏွင္းကို ျဖဴငယ္ေခါင္းပဲညိမ့္ျပလိုက္သည္။
"အကိုဒီမွာထိုင္ေလ အလုပ္က လုပ္စရာမရွိပါဘူး "
"အကိုကလဲ အလုပ္လာလုပ္တာမွမဟုတ္ပဲ ဒီမွာေစာ္ေလးေတြလန္းတယ္ဆိုလို႔လာတာေလကြာ "
"ခစ္ခစ္ အကိုကေတာ့လုပ္ၿပီ "
"ဒါနဲ႕ အဲ့တစ္ေယာက္က ဘယ္သူလဲ "
ကိုမင္းသစၥာ ေမးေငါ့ျပရာၾကည့္မိေတာ့ ဝယ္သူကို Bill ျဖတ္ေပးေနသည့္ျဖဴငယ္ျဖစ္ေနေလသည္။ ဒီဟာမ မလြယ္ပါလား အခုမွေရာက္တဲ့လူေတာင္ ဘယ္အခ်ိန္ျမဴဆြယ္လိုက္မွန္းမသိျမန္လြန္းလွသည္။ ႏွင္းႏွင္းအံတစ္ခ်က္က်ိတ္လိုက္ၿပီး ျပန္၍ဘာမွမျဖစ္သလိုၿပဳံးလိုက္ေတာ့သည္။
"ေအာ္ သွ်င္ယြန္းျဖဴငယ္လားဒီအတိုင္းသာမာန္လူပါပဲ အကိုရယ္ ဘာေတြဘယ္လိုေပးဆပ္ၿပီး ဒီဝင္လာလဲမသိဘူး "
"အင္း ေနာက္ခံအင္အားမရွိဘူးေပါ့ "
"No ပါ လုံးဝမရွိဘူး "
"ကစားလို႔ေကာင္းမွာေပါ့အဲ့တာဆို "
"အကိုေပ်ာ္ဖို႔လား "
"အင္း သိပ္မေသခ်ာေသးဘူး "
ဝင္လာထဲက ထိုင္ရာကမထပဲ အလုပ္ပဲလုပ္ေနသည့္သူမ တစ္ခ်က္ေတာင္ မင္းသစၥာကို မၾကည့္သည္မို႔ ဘာေကာင္ဆိုတာျပရန္စဥ္းစားထားၿပီး အခုေတာ့ဘာအင္အားမွမရွိတာသိ၍
စမ္းၾကည့္ခ်င္သည္။ ဒါမ်ိဳးေလးေတြက စမ္းၾကည့္လဲအရႈံးမရွိပါဘူးေလ။
"ႏွင္းႏွင္း ျဖဴငယ္ျပန္ေတာ့မယ္ "
"အင္း "
ထမင္းခ်ိဳင့္သြားယူရန္ ဝန္ထမ္းမ်ားနားေနခန္းသို႔ ျဖဴငယ္လာခဲ့ၿပီး ခ်ိဳင့္ေလးယူကာထြက္လာသည္ႏွင့္ ျဖဴငယ့္ေရွ႕ပိတ္ရက္လာသည့္ေန႕လည္ကသရဲ။
"ေဟ့ ျပန္ေတာ့မို႔လား"
ျဖဴငယ္ထိုလူကိုစကားျပန္မေျပာခ်င္ေပမယ့္လဲ ထိုလူကလမ္းသရဲေၾကာက္ရသည္ဟုၾကားထား၍ သည္းခံျပန္ေျပာလိုက္ေတာ့သည္။
"ဟုတ္ "
"နာမည္ေလးက သွ်င္ယြန္းျဖဴငယ္ဆို "
"ဟုတ္ "
"ဒါနဲ႕ ဘာေရေမႊးသုံးတာလဲ ေမြးေနတာပဲ ဟား..."
ျဖဴငယ့္ကိုယ္ေလးနား တိုးလာၿပီး ဟား ဆိုၿပီး ရႉရွိုက္လာသည့္ ထိုလူေၾကာင့္ ျဖဴငယ္လက္ဖ်ားမ်ားေအးလာရေတာ့သည္။ ထို႔အတူ ေျခေထာက္မ်ားကေနာက္သို႔အလိုလိုဆုတ္သြားမိ၍ ထိုလူကိုလန့္သြားသလိုအနည္းငယ္လဲေၾကာက္မိသြားေတာ့သည္။
"ဟင့္အင္း ျဖဴငယ္ေရေမႊးမသုံးဘူး "
"ဟုတ္လား ကိုယ္သင္းရနံ႕ေလးေမႊးေနလို႔ "
"ျဖဴငယ္ျပန္ေတာ့မယ္ "
စကားေတာင္ဆက္မေျပာလိုက္ရ မေျပး႐ုံတမယ္အနားကထြက္သြားေတာ့သည္။ ဒီေလာက္ေလးကိုေၾကာက္ေနသည္တဲ့လား ေသခ်ာၾကည့္မိလိုက္ေတာ့လဲ ႐ုပ္ေလးမဆိုးပါဘူးေလ။ ေသးသြယ္သည့္ခႏၶာကိုယ္ႏွင့္ ခ်စ္စရာဒီေကာင္မေလးကို ခ်စ္ၾကည့္ၿပီး လႊတ္ပစ္ရမွာႏွေမ်ာစရာပဲဟုေတြး၍ မင္းသစၥာႏႈတ္ခမ္းတို႔သပ္ေနမိေတာ့သည္။ ။
"အကို ဘယ္လိုလဲ "
"အင္းေသခ်ာသြားၿပီ "
"ႏွင္းႏွင္းတို႔စီစဥ္ေပးမယ္ စိတ္ခ် "
"မေလာေသးနဲ႕အုံးေလ ႏွင္းရဲ႕ သူနဲ႕က ေနာက္မွ ကိုယ့္အလန္းေလးေတြနဲ႕က အရင္ကဲၾကမယ္ ဒီညအကိုတိုက္မယ္ "
"ေရး ႏွင္းႏွင္း သူငယ္ခ်င္းေတြပါေခၚခဲ့မယ္ေနာ္ "
"စိတ္ႀကိဳက္ပဲ "
ေစာင့္ၾကည့္ေနစမ္းပါျဖဴငယ္ရယ္ အကိုမင္းသစၥာလိုစားဘဲႀကီးလက္ထဲမွာ နင့္ဘဝပ်က္စီးသြားေစရမယ္ ကူရာမဲ့ျဖစ္ေနမယ့္နင့္ကို ဘယ္စပြန္ဆာက လာကယ္မလဲ ငါေစာင့္ၾကည့္ေနမယ္။ အေတြးႏွင့္တင္ေက်နပ္မိသြားသလို ႏွင္းႏွင္းမဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္ေတာ့သည္။
Words 1274
ဆက္လက္ႀကိဳးစားသြားပါမည္။