ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း- ၃
(Unicode)
အိမ်မက်ထဲအမြဲလာနေသည့်ထိုခလေးမ ဘာကြောင့်မှန်းမသိစတွေ့ထဲက သူမရဲ့ပုံရိပ်လေးကမျက်လုံးထဲကမထွက်ပေမယ့် စည်သူမေးသည့်အခါက အမှတ် 20 ပဲပေးခဲ့သည်မို့လား။
သူတွဲခဲ့သည့်ကောင်မလေးများလို ပြီးပြည့်စုံပြီး လှနေခြင်းမျိုးမဟုတ်ပေမယ့် ခန္ဓာကိုယ်သေးသေးလေးဖြင့်ဂါဝန်လေးများအမြဲဝတ်သည့်ထိုခလေးမ။
လှသည်ဆိုခြင်းထက် ချစ်စရာကောင်းသည့်မျက်နှာလေးဖြင့်ထိုခလေးမကို အမှတ်ပြည့်ပေးထားသည်ကို ခွန်းတစ်ယောက်သာသိသည်။
ဘဝမှာဒီလောက်အကြည့်မလွှဲနိုင်အောင် ကြည့်ချင်နေသည်မှာလဲ ထိုခလေးမသာဖြစ်ပြီး အမြဲပဲတွေ့ချင်နေပါသည်။
စတွေ့တွေ့ချင်းစကားမပြောချေတတ်သည့်ဖြူငယ်သည် ရင်းနှီးသွားသောအခါအလွန်စကားများပေါတောတောနေတတ်သေးသည်။ခွန်းစေရာဆိုသည့်ထိုကိုကြီးကို ဖြူငယ်ခင်မိပါသည်၊ အကိုအမြဲလိုချင်ခဲ့သည့် ဖြူငယ်အဖို့ အကိုစည်သူဆိုသည်မှာလဲ ကိုယ့်အကိုလိုခင်ရသည်။
ယခုထိုကိုကြီးခွန်းစေရာကိုလဲ ကိုယ့်အကိုလိုခင်သည်။
အလုပ်ရှာပေးမယ်ပြောပြီး နောက်နေ့တွင် တိမ်လွှာနှင့်ဖောင်လာယူခိုင်းသည့်ထိုကိုကြီးကို တဂယ်ကျေးဇူးတင်မိသည်။
အလုပ်အဆက်အသွယ်များရှိပါလျှက် ဖြူငယ်တို့မိသားစုကိုလျစ်လျူရှုထားသည့် ဖြူငယ့်အမျိုးများထက်တော့သာပေသည်မို့လား။
ဖွင့်လှစ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည့် Center အတွင်း တွင်ဝယ် ဝန်ထမ်းများသူ့အလုပ်နှင့်သူအလုပ်ရှုပ်နေကြသည်။
သူဌေးလေးရုံးခန်းသို့စက်စံလျှောက်လာခဲ့ရာ ကျယ်ပြန့်သည့်အခန်းအတွင်းဝယ် ကွန်ပျူတာထိုင်နှိပ်နေသည့်သူဌေးလေးသည် ရှည်လျားသည့်ခြေတန်ရှည်များကို ချိတ်လျှက်ထိုင်နေလေသည်။ ရှပ်အင်းကျီအဖြူကိုလက်ဖျံထိခေါက်တင်၍ တည်ကြည်သည့်မျက်နှာမှာ အလွန်ကြည့်ကောင်းနေသည်။ ဒါကြောင့်မိန်းခလေးများတွင်သာမက ယောကျာ်းလေးများပါ ကြိုက်ကြသည်မဟုတ်လား။
"သူဋ္ဌေးလေး ကျွန်တော့ကိုခေါ်တယ်ဆိုလို့.."
"ဟုတ်တယ် ဒီဖောင်လေးတစ်ချက်ကြည့်ပေး.."
သူဌေးလေးကမ်းပေးသည့် ဖောင်လေးကိုစက်စံသေချာစွာ ကြည့်လိုက်သည်။
"အတွေ့အကြုံရှိတယ်ဆိုတော့
မဆိုးပါဘူးသူဋ္ဌေးလေး ဘယ်ဌာနမှာခန့်ချင်လို့လဲဗျ..."
"မင်းဦးစီးတဲ့ Mini Mart မှာ
လုပ်ရိုးအတိုင်း အင်တာဗျူးအရင်ခေါ်လိုက်..."
"ဟုတ်ကျွန်တော်နေ့လည်ခေါ်လိုက်ပါ့မယ်... "
မနက်က အလုပ်အင်တာဗျူးရန် ဖုန်းဆက်သဖြင့်ဖြူငယ်မောင်လေးနှင့်ထွက်လာခဲ့သည်။
အနည်းငယ်ဝေးသည်ဆိုပေမယ့် အရင်အင်တာဗျူးကြည့်မည်ဟု ဆုံးဖြတ်ထား၍ ဖြူငယ်မှာ ယခုတော့ Mart လေးတစ်ခုအတွင်းသို့ရောက်နေပြီဖြစ်သည်။
"ညီမနာမည်က သျှင်ယွန်းဖြူငယ်နော်"
"ဟုတ်"
"အတွေ့အကြုံလဲရှိတယ်ဆိုတော့ ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး အကိုတို့ဆိုင်မှာလုပ်မယ်ဆို 6 လစာချုပ်ရမယ် လစာက 4 သိန်းက စရမယ် စာချုပ်မပြည့်ပဲထွက်ရင်တော့ 3 ဆပြန်လျော််ရမယ်နော် ညီမအဆင်ပြေလား.."
"ဟုတ် ဟိုဟာလေ လစာကအရမ်းများနေသလားလို့ အလုပ်ချိန်များလို့လားဟင် ဖြူငယ့်အတွက်လစာကအရမ်းများနေလို့ပါ"
"ခဏလေးနော်ညီမ အကိုဖုန်းလေးခဏပြောလိုက်အုံးမယ်"
အခန်းထဲမှထွက်၍ စက်စံလဲသူဌေးလေးဆီဖုန်းဆက်ရသည်။
"Hello သူဌေးလေး "
"အင်းစက်စံ ပြော"
"သူဌေးလေး သူကလစာအရမ်းများနေတယ်ပြောနေလို့ ကျွန်တော်ဘယ်လိုစီစဥ်လိုက်ရမလဲ"
"အင်း...လစာက 4 သိန်းပဲ
အလုပ်ချိန်က မနက် 10 နာရီကနေ နေ့လည် 4 နာရီထိပဲ စနေနဲ့ တနင်္ဂနွေနေ့တွေပိတ်ရက်ရမယ် အဆောင်ရယ်စားစရိတ်အငြိမ်း အဲ့ဒီ့လိုစီစဥ်လိုက် အဆင်ပြေအောင်ညှို့ပေးလိုက်နော် ကျန်တာကိုကြည့်ရှင်းလိုက်တော့ အဲ့မှာသူအလုပ်လုပ်တာပဲမြင်ချင်တယ်နော်.."
အော်မျက်နှာလိုက်ပုံများ သူဌေးလေးအတွက်ဘယ်လိုလူလဲတော့မသိပေမယ့် အခွင့်အရေးတွေပေးလိုက်ပုံများနော်။ စက်စံအတွေးထဲတွေးနေကာ အခန်းအတွင်းသို့ပြန်ဝင်ခဲ့လိုက်တော့သည်။
"ညီမအကိုပြောတဲ့အတိုင်းပဲ လစာက ကျန်တာစာချုပ်ထဲမှာရေးထားတယ်ညီမ လုပ်မယ်သေချာရင် စာချုပ်မှာလက်မှတ်ထိုးပေးရင် ရပြီညီမ..."
"ညီမစဥ်းစားလို့ရလားအကို.."
"ရတာပေါ့ သေချာစဥ်းစားနော်ညီမ အကိုအပြင်မှာရှိမယ် ပြီးမှလှမ်းခေါ်လိုက်နော်.."
ဖြူငယ်လဲ တိုင်ပင်စရာတိမ်လွှာတို့ပဲ ရှိသည်ကြောင့် အိတ်လေးထဲမှဖုန်းလေးထုတ်ကာ ....
"တိမ်လွှာငါဘယ်လိုလုပ်ရမလဲ အလုပ်ကအရမ်းကောင်းနေတာဟ မရိုးလောက်ဖူးထင်တယ်နော့.."
"ဟယ် ဖြူငယ်ရယ် အကိုခွန်းစေရာပြောပေးထားတဲ့အလုပ်မို့လား စိတ်ချလိုက်စမ်းပါ သူ့ပုံစံကိုကြည့်ပါလား လူချမ်းသာမျိုးရိုးကနေမှာ အဲ့လိုအသိရှိတာဆန်းသလားလို. ငါတော့လုပ်စေချင်တယ် အဲ့လိုဆိုနင်အတွက်အကုန်အဆင်ပြေတာကို..."
"အင်းပါ ငါမေမေ့ကိုမေးကြည့်လိုက်အုံးမယ်.."
ဖြူငယ်စာချုပ်တွင်လက်မှတ်ထိုးခဲ့သည် မေမေ့ကိုမေးတော့ ငါ့သမီးလေးသက်သာမယ့်အလုပ်မို့ လုပ်စေချင်သည်တဲ့လေ ပြီးတော့ထိုကိုကြီးကိုလည်းယုံသည်မို့လေ။ ထိုကိုကြီးကို ကျေးဇူးတင်မိပါသည်။
ဖြူငယ်က နောက်နှစ်ရက်နေလျှင်အလုပ်စဆင်းရမည်ဖြစ်၍ မနက်ဖြန်ပင် အဝတ်ထုပ်နှင့်လိုအပ်သည်များသယ်ကာ အဆောင်သို့ရွှေ့ရမည်ဖြစ်သည်။
"သူဌေးလေး .."
"ဝင်ခဲ့ အဆင်ပြေခဲ့လား.."
"အကုန်အဆင်ပြေတယ်သူဌေးလေး တစ်ခုပဲ..."
"ဘာလဲစက်စံ စကားကိုသေချာပြော"
"အဆောင်ကကြီးကြီးဆန်းကိုမေးခဲ့တာ အခန်းလွတ်မရှိတော့ဘူးလို့ပြောတယ် အဲ့တာကျွန်တော် နှစ်ယောက်ခန်းထဲထည့်လိုက်ရမလား..."
"မလိုဘူး ငါ့အခန်းဘေးက အခန်းမှာထားလိုက်..."
"ဟိုအဲ့တာက..."
သူပြောသည်ကိုအထွန့်တက်နေသည့် စက်စံကို တစ်ချက်ကြည့်လိုက်သည်။
"ငါစကားနှစ်ခါမပြောဘူးနော် "
"ဟုတ်ကဲ့ သူဋ္ဌေးလေး"
"ပြီးတော့အဲ့ကဝန်ထမ်းမိန်းခလေးတွေကိုဘောင်းဘီမဝတ်ခိုင်းနဲ့တော့ ဂါဝန်ကိုဒူးအောက်ကျတာမျိုး
စီစဥ်လိုက်..."
ခွန်းကိုမယုံသည့်မျက်လုံးနှင့်ကြည့်လာသည့် စက်စံကို လစ်တော့ဟု မေ့တစ်ချက်ငေါ့ပြလိုက်သည်။ ရည်းစားများလွန်း၍ နာမည်တောင်မမှတ်မိ No တက်ပြီးမှတ်ရလောက်တဲ့ထိများခဲ့သည်။ ထားခဲ့သည့်ရည်းစားများတွင်လဲ ရုပ်ရည်အဆင့်အတန်းမှာ ခေသူတစ်ယောက်မှမပါခဲ့ပေ။ ယခုလိုဆင်းရဲသည့်ထဲကဆို ပိုလို့တောင်မပါခဲ့။
မျက်နှာလေးလှပြီး Sexy ဆန်သည်မဟုတ် ပုံစံလေးကချစ်စရာကောင်းလွန်းပြီး တွေ့တာသုံးခါပဲရှိသေးသည့်ထိုခလေးမကိုတော့ အိမ်မက်ထဲထည့်မက်ရတဲ့ထိစွဲလန်းမိပြီမဟုတ်လား။ ဒါဟာဘာကြောင့်များလဲကွာ.....
အတွေးတိမ်တွေထဲမျောနေရင်းမှ.....
"Hello ကိုကြီးခွန်းစေရာလားဟင်..."
"အင်း ဖြူငယ်ပြော..."
"ကိုကြီးဘယ်လိုသိလဲ ဖြူငယ်ဆိုတာ"
အလုပ်အဆင်ပြေကြောင်းလှမ်းပြောမယ်ဆိုတာ ကြိုတွေးထားပြီး ဒီလောက်ချိုသာနေသည့်အသံလေးကို ခွန်းကမမှတ်မိမတဲ့လား။
"ဖြူငယ့်အသံကိုမှတ်မိနေလို့နေမယ်.."
"ဟုတ် ဖြူငယ်အလုပ်သဘက်ခါဆင်းရမှာလို့လှမ်းပြောမလို့ ပြီးတော့ကိုကြီးကိုလဲ ကျေးဇူးတင်ကြောင်းပြောချင်လို့... တိမ်လွှာကတစ်ဆင့်ကိုစည်သူဆီက ကိုကြီးဖုန်းနာပါတ်တောင်းလိုက်မိတာ.."
"ကိုကြီးအတွက်အပန်းကြီးတာမှမဟုတ်တာအဲ့တာဆို မနက်ဖြန်မှတွေ့မယ်နော်ဖြူငယ်.."
မနက်ဖြန်မှတွေ့မယ်ဆိုပြီးဖုန်းချသွားသည့်ကိုကြီးခွန်း မနက်ဖြန်ဘာလို့တွေ့ရမှာလဲဖြူငယ်တွေးပြီးကျန်နေခဲ့သည်။
" မေမေ့သားကိုအပြင်တွေအရမ်းမလွှတ်နဲ့နော်"
"အင်းပါသမီးရယ်..."
"ကျန်းမာရေးလဲဂရုစိုက်နော် ပြီးတော့ သွေးတိုးစာတွေလဲမစားနဲ့နော်မေမေ"
"ဟုတ်ပါပြီတော်ရေ မေမေ့ကိုစိတ်ချ သမီးသာဟိုမှာဂရုစိုက်အုံး ခေါင်လျှော်မကဲနဲ့နော်.."
"ပိတ်ရက်တွေကျသမီးပြန်လာမှာပဲကို စိတ်မပူပါနဲ့မေမေရဲ့..."
တိမ်လွှာနှင့်ကေကေတို့အဖွဲ့ ဖြူငယ်ကိုလိုက်ပို့ပြီး အဆောင်ရှေ့တွင် ကြီးကြီးဆန်းဟုခေါ်သည့်ကြီးကြီး စောင့်နေ၍ ဖြူငယ်အထုပ်များယူ၍လိုက်လာခဲ့သည်။
8 ထပ်ရှိသည့်တိုက်ကြီးတွင် အခန်းပေါင်းများစွာရှိသည့်ထဲ ဖြူငယ်နေရမည်က အပေါ်ဆုံးထပ်မှာတဲ့လေ ဟူး ဓာတ်လှေကားရှိလို့တော်သေး မဟုတ်ရင်တတ်ရဆင်းရနှင့်မလွယ်ပေ။
ဓာတ်လှေကားဖွင့်သည်နှင် မြင်ရသည်က ကိုကြီးခွန်းဖြစ်သည် ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားပြီး ချောမောသည့်မျက်နှာနှင့် ဖြူငယ့်ကိုပြုံးပြနေသည်။
"ဟယ် ကိုကြီးခွန်း
ဘယ်လိုဖြစ်လို့ဒီရောက်နေတာလဲ..."
"ဖြူငယ့်ကိုမပြောဘူးလား မနက်ဖြန်တွေ့မယ်လို့ ကိုကြီးကဒီမှာနေတာလေ ပေးအထုပ်တွေ..."
မနိုင်မနင်းသယ်လာသည့်အထုပ်ကိုလက်ထဲကဆွဲယူလိုက်တော့ ထိတွေ့လိုက်ရတဲ့ နွေးကနဲဖြစ်သွားသည့်အခိုက်တန့်လေးကိုပင် မြန်လာသည့်နှလုံးခုံနှုန်းများ....
အချစ်လား ခဏတာရင်ခုန်ခြင်းလားသိချင်၍ အနားခေါ်ထားခြင်းကို ဟူး နောက်ဆိုခွန်းရဲ့အကြံများနှင့်တော့ ဒီကောင်ခုန်များထွက်သွားမလားမသိ။
Words 1716
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
ခြန္းရဲ႕ႏွောင္ႀကိဳးငယ္
အပိုင္း- ၃
အိမ္မက္ထဲအၿမဲလာေနသည့္ထိုခေလးမ ဘာေၾကာင့္မွန္းမသိစေတြ႕ထဲက သူမရဲ႕ပုံရိပ္ေလးကမ်က္လုံးထဲကမထြက္ေပမယ့္ စည္သူေမးသည့္အခါက အမွတ္ 20 ပဲေပးခဲ့သည္မို႔လား။
သူတြဲခဲ့သည့္ေကာင္မေလးမ်ားလို ၿပီးျပည့္စုံၿပီး လွေနျခင္းမ်ိဳးမဟုတ္ေပမယ့္ ခႏၶာကိုယ္ေသးေသးေလးျဖင့္ဂါဝန္ေလးမ်ားအၿမဲဝတ္သည့္ထိုခေလးမ။
လွသည္ဆိုျခင္းထက္ ခ်စ္စရာေကာင္းသည့္မ်က္ႏွာေလးျဖင့္ထိုခေလးမကို အမွတ္ျပည့္ေပးထားသည္ကို ခြန္းတစ္ေယာက္သာသိသည္။
ဘဝမွာဒီေလာက္အၾကည့္မလႊဲနိုင္ေအာင္ ၾကည့္ခ်င္ေနသည္မွာလဲ ထိုခေလးမသာျဖစ္ၿပီး အၿမဲပဲေတြ႕ခ်င္ေနပါသည္။
စေတြ႕ေတြ႕ခ်င္းစကားမေျပာေခ်တတ္သည့္ျဖဴငယ္သည္ ရင္းႏွီးသြားေသာအခါအလြန္စကားမ်ားေပါေတာေတာေနတတ္ေသးသည္။ခြန္းေစရာဆိုသည့္ထိုကိုႀကီးကို ျဖဴငယ္ခင္မိပါသည္၊ အကိုအၿမဲလိုခ်င္ခဲ့သည့္ ျဖဴငယ္အဖို႔ အကိုစည္သူဆိုသည္မွာလဲ ကိုယ့္အကိုလိုခင္ရသည္။
ယခုထိုကိုႀကီးခြန္းေစရာကိုလဲ ကိုယ့္အကိုလိုခင္သည္။
အလုပ္ရွာေပးမယ္ေျပာၿပီး ေနာက္ေန႕တြင္ တိမ္လႊာႏွင့္ေဖာင္လာယူခိုင္းသည့္ထိုကိုႀကီးကို တဂယ္ေက်းဇူးတင္မိသည္။
အလုပ္အဆက္အသြယ္မ်ားရွိပါလွ်က္ ျဖဴငယ္တို႔မိသားစုကိုလ်စ္လ်ဴရႈထားသည့္ ျဖဴငယ့္အမ်ိဳးမ်ားထက္ေတာ့သာေပသည္မို႔လား။
ဖြင့္လွစ္ရန္အဆင္သင့္ျဖစ္ေနၿပီျဖစ္သည့္ Center အတြင္း တြင္ဝယ္ ဝန္ထမ္းမ်ားသူ႕အလုပ္ႏွင့္သူအလုပ္ရႈပ္ေနၾကသည္။
သူေဌးေလး႐ုံးခန္းသို႔စက္စံေလွ်ာက္လာခဲ့ရာ က်ယ္ျပန့္သည့္အခန္းအတြင္းဝယ္ ကြန္ပ်ဴတာထိုင္ႏွိပ္ေနသည့္သူေဌးေလးသည္ ရွည္လ်ားသည့္ေျခတန္ရွည္မ်ားကို ခ်ိတ္လွ်က္ထိုင္ေနေလသည္။ ရွပ္အင္းက်ီအျဖဴကိုလက္ဖ်ံထိေခါက္တင္၍ တည္ၾကည္သည့္မ်က္ႏွာမွာ အလြန္ၾကည့္ေကာင္းေနသည္။ ဒါေၾကာင့္မိန္းခေလးမ်ားတြင္သာမက ေယာက်ာ္းေလးမ်ားပါ ႀကိဳက္ၾကသည္မဟုတ္လား။
"သူ႒ေးေလး ကြၽန္ေတာ့ကိုေခၚတယ္ဆိုလို႔.."
"ဟုတ္တယ္ ဒီေဖာင္ေလးတစ္ခ်က္ၾကည့္ေပး.."
သူေဌးေလးကမ္းေပးသည့္ ေဖာင္ေလးကိုစက္စံေသခ်ာစြာ ၾကည့္လိုက္သည္။
"အေတြ႕အႀကဳံရွိတယ္ဆိုေတာ့
မဆိုးပါဘူးသူ႒ေးေလး ဘယ္ဌာနမွာခန့္ခ်င္လို႔လဲဗ်..."
"မင္းဦးစီးတဲ့ Mini Mart မွာ
လုပ္ရိုးအတိုင္း အင္တာဗ်ဴးအရင္ေခၚလိုက္..."
"ဟုတ္ကြၽန္ေတာ္ေန႕လည္ေခၚလိုက္ပါ့မယ္... "
မနက္က အလုပ္အင္တာဗ်ဴးရန္ ဖုန္းဆက္သျဖင့္ျဖဴငယ္ေမာင္ေလးႏွင့္ထြက္လာခဲ့သည္။
အနည္းငယ္ေဝးသည္ဆိုေပမယ့္ အရင္အင္တာဗ်ဴးၾကည့္မည္ဟု ဆုံးျဖတ္ထား၍ ျဖဴငယ္မွာ ယခုေတာ့ Mart ေလးတစ္ခုအတြင္းသို႔ေရာက္ေနၿပီျဖစ္သည္။
"ညီမနာမည္က သွ်င္ယြန္းျဖဴငယ္ေနာ္"
"ဟုတ္"
"အေတြ႕အႀကဳံလဲရွိတယ္ဆိုေတာ့ ရွည္ရွည္ေဝးေဝးမေျပာေတာ့ပါဘူး အကိုတို႔ဆိုင္မွာလုပ္မယ္ဆို 6 လစာခ်ဳပ္ရမယ္ လစာက 4 သိန္းက စရမယ္ စာခ်ဳပ္မျပည့္ပဲထြက္ရင္ေတာ့ 3 ဆျပန္ေလ်ာ္္ရမယ္ေနာ္ ညီမအဆင္ေျပလား.."
"ဟုတ္ ဟိုဟာေလ လစာကအရမ္းမ်ားေနသလားလို႔ အလုပ္ခ်ိန္မ်ားလို႔လားဟင္ ျဖဴငယ့္အတြက္လစာကအရမ္းမ်ားေနလို႔ပါ"
"ခဏေလးေနာ္ညီမ အကိုဖုန္းေလးခဏေျပာလိုက္အုံးမယ္"
အခန္းထဲမွထြက္၍ စက္စံလဲသူေဌးေလးဆီဖုန္းဆက္ရသည္။
"Hello သူေဌးေလး "
"အင္းစက္စံ ေျပာ"
"သူေဌးေလး သူကလစာအရမ္းမ်ားေနတယ္ေျပာေနလို႔ ကြၽန္ေတာ္ဘယ္လိုစီစဥ္လိုက္ရမလဲ"
"အင္း...လစာက 4 သိန္းပဲ
အလုပ္ခ်ိန္က မနက္ 10 နာရီကေန ေန႕လည္ 4 နာရီထိပဲ စေနနဲ႕ တနဂၤႏြေေန႕ေတြပိတ္ရက္ရမယ္ အေဆာင္ရယ္စားစရိတ္အၿငိမ္း အဲ့ဒီ့လိုစီစဥ္လိုက္ အဆင္ေျပေအာင္ညွို႔ေပးလိုက္ေနာ္ က်န္တာကိုၾကည့္ရွင္းလိုက္ေတာ့ အဲ့မွာသူအလုပ္လုပ္တာပဲျမင္ခ်င္တယ္ေနာ္.."
ေအာ္မ်က္ႏွာလိုက္ပုံမ်ား သူေဌးေလးအတြက္ဘယ္လိုလူလဲေတာ့မသိေပမယ့္ အခြင့္အေရးေတြေပးလိုက္ပုံမ်ားေနာ္။ စက္စံအေတြးထဲေတြးေနကာ အခန္းအတြင္းသို႔ျပန္ဝင္ခဲ့လိုက္ေတာ့သည္။
"ညီမအကိုေျပာတဲ့အတိုင္းပဲ လစာက က်န္တာစာခ်ဳပ္ထဲမွာေရးထားတယ္ညီမ လုပ္မယ္ေသခ်ာရင္ စာခ်ဳပ္မွာလက္မွတ္ထိုးေပးရင္ ရၿပီညီမ..."
"ညီမစဥ္းစားလို႔ရလားအကို.."
"ရတာေပါ့ ေသခ်ာစဥ္းစားေနာ္ညီမ အကိုအျပင္မွာရွိမယ္ ၿပီးမွလွမ္းေခၚလိုက္ေနာ္.."
ျဖဴငယ္လဲ တိုင္ပင္စရာတိမ္လႊာတို႔ပဲ ရွိသည္ေၾကာင့္ အိတ္ေလးထဲမွဖုန္းေလးထုတ္ကာ ....
"တိမ္လႊာငါဘယ္လိုလုပ္ရမလဲ အလုပ္ကအရမ္းေကာင္းေနတာဟ မရိုးေလာက္ဖူးထင္တယ္ေနာ့.."
"ဟယ္ ျဖဴငယ္ရယ္ အကိုခြန္းေစရာေျပာေပးထားတဲ့အလုပ္မို႔လား စိတ္ခ်လိဳက္စမ္းပါ သူ႕ပုံစံကိုၾကည့္ပါလား လူခ်မ္းသာမ်ိဳးရိုးကေနမွာ အဲ့လိုအသိရွိတာဆန္းသလားလို. ငါေတာ့လုပ္ေစခ်င္တယ္ အဲ့လိုဆိုနင္အတြက္အကုန္အဆင္ေျပတာကို..."
"အင္းပါ ငါေမေမ့ကိုေမးၾကည့္လိုက္အုံးမယ္.."
ျဖဴငယ္စာခ်ဳပ္တြင္လက္မွတ္ထိုးခဲ့သည္ ေမေမ့ကိုေမးေတာ့ ငါ့သမီးေလးသက္သာမယ့္အလုပ္မို႔ လုပ္ေစခ်င္သည္တဲ့ေလ ၿပီးေတာ့ထိုကိုႀကီးကိုလည္းယုံသည္မို႔ေလ။ ထိုကိုႀကီးကို ေက်းဇူးတင္မိပါသည္။
ျဖဴငယ္က ေနာက္ႏွစ္ရက္ေနလွ်င္အလုပ္စဆင္းရမည္ျဖစ္၍ မနက္ျဖန္ပင္ အဝတ္ထုပ္ႏွင့္လိုအပ္သည္မ်ားသယ္ကာ အေဆာင္သို႔ေ႐ႊ႕ရမည္ျဖစ္သည္။
"သူေဌးေလး .."
"ဝင္ခဲ့ အဆင္ေျပခဲ့လား.."
"အကုန္အဆင္ေျပတယ္သူေဌးေလး တစ္ခုပဲ..."
"ဘာလဲစက္စံ စကားကိုေသခ်ာေျပာ"
"အေဆာင္ကႀကီးႀကီးဆန္းကိုေမးခဲ့တာ အခန္းလြတ္မရွိေတာ့ဘူးလို႔ေျပာတယ္ အဲ့တာကြၽန္ေတာ္ ႏွစ္ေယာက္ခန္းထဲထည့္လိုက္ရမလား..."
"မလိုဘူး ငါ့အခန္းေဘးက အခန္းမွာထားလိုက္..."
"ဟိုအဲ့တာက..."
သူေျပာသည္ကိုအထြန့္တက္ေနသည့္ စက္စံကို တစ္ခ်က္ၾကည့္လိုက္သည္။
"ငါစကားႏွစ္ခါမေျပာဘူးေနာ္ "
"ဟုတ္ကဲ့ သူ႒ေးေလး"
"ၿပီးေတာ့အဲ့ကဝန္ထမ္းမိန္းခေလးေတြကိုေဘာင္းဘီမဝတ္ခိုင္းနဲ႕ေတာ့ ဂါဝန္ကိုဒူးေအာက္က်တာမ်ိဳး
စီစဥ္လိုက္..."
ခြန္းကိုမယုံသည့္မ်က္လုံးႏွင့္ၾကည့္လာသည့္ စက္စံကို လစ္ေတာ့ဟု ေမ့တစ္ခ်က္ေငါ့ျပလိုက္သည္။ ရည္းစားမ်ားလြန္း၍ နာမည္ေတာင္မမွတ္မိ No တက္ၿပီးမွတ္ရေလာက္တဲ့ထိမ်ားခဲ့သည္။ ထားခဲ့သည့္ရည္းစားမ်ားတြင္လဲ ႐ုပ္ရည္အဆင့္အတန္းမွာ ေခသူတစ္ေယာက္မွမပါခဲ့ေပ။ ယခုလိုဆင္းရဲသည့္ထဲကဆို ပိုလို႔ေတာင္မပါခဲ့။
မ်က္ႏွာေလးလွၿပီး Sexy ဆန္သည္မဟုတ္ ပုံစံေလးကခ်စ္စရာေကာင္းလြန္းၿပီး ေတြ႕တာသုံးခါပဲရွိေသးသည့္ထိုခေလးမကိုေတာ့ အိမ္မက္ထဲထည့္မက္ရတဲ့ထိစြဲလန္းမိၿပီမဟုတ္လား။ ဒါဟာဘာေၾကာင့္မ်ားလဲကြာ.....
အေတြးတိမ္ေတြထဲေမ်ာေနရင္းမွ.....
"Hello ကိုႀကီးခြန္းေစရာလားဟင္..."
"အင္း ျဖဴငယ္ေျပာ..."
"ကိုႀကီးဘယ္လိုသိလဲ ျဖဴငယ္ဆိုတာ"
အလုပ္အဆင္ေျပေၾကာင္းလွမ္းေျပာမယ္ဆိုတာ ႀကိဳေတြးထားၿပီး ဒီေလာက္ခ်ိဳသာေနသည့္အသံေလးကို ခြန္းကမမွတ္မိမတဲ့လား။
"ျဖဴငယ့္အသံကိုမွတ္မိေနလို႔ေနမယ္.."
"ဟုတ္ ျဖဴငယ္အလုပ္သဘက္ခါဆင္းရမွာလို႔လွမ္းေျပာမလို႔ ၿပီးေတာ့ကိုႀကီးကိုလဲ ေက်းဇူးတင္ေၾကာင္းေျပာခ်င္လို႔... တိမ္လႊာကတစ္ဆင့္ကိုစည္သူဆီက ကိုႀကီးဖုန္းနာပါတ္ေတာင္းလိုက္မိတာ.."
"ကိုႀကီးအတြက္အပန္းႀကီးတာမွမဟုတ္တာအဲ့တာဆို မနက္ျဖန္မွေတြ႕မယ္ေနာ္ျဖဴငယ္.."
မနက္ျဖန္မွေတြ႕မယ္ဆိုၿပီးဖုန္းခ်သြားသည့္ကိုႀကီးခြန္း မနက္ျဖန္ဘာလို႔ေတြ႕ရမွာလဲျဖဴငယ္ေတြးၿပီးက်န္ေနခဲ့သည္။
" ေမေမ့သားကိုအျပင္ေတြအရမ္းမလႊတ္နဲ႕ေနာ္"
"အင္းပါသမီးရယ္..."
"က်န္းမာေရးလဲဂ႐ုစိုက္ေနာ္ ၿပီးေတာ့ ေသြးတိုးစာေတြလဲမစားနဲ႕ေနာ္ေမေမ"
"ဟုတ္ပါၿပီေတာ္ေရ ေမေမ့ကိုစိတ္ခ် သမီးသာဟိုမွာဂ႐ုစိုက္အုံး ေခါင္ေလွ်ာ္မကဲနဲ႕ေနာ္.."
"ပိတ္ရက္ေတြက်သမီးျပန္လာမွာပဲကို စိတ္မပူပါနဲ႕ေမေမရဲ႕..."
တိမ္လႊာႏွင့္ေကေကတို႔အဖြဲ႕ ျဖဴငယ္ကိုလိုက္ပို႔ၿပီး အေဆာင္ေရွ႕တြင္ ႀကီးႀကီးဆန္းဟုေခၚသည့္ႀကီးႀကီး ေစာင့္ေန၍ ျဖဴငယ္အထုပ္မ်ားယူ၍လိုက္လာခဲ့သည္။
8 ထပ္ရွိသည့္တိုက္ႀကီးတြင္ အခန္းေပါင္းမ်ားစြာရွိသည့္ထဲ ျဖဴငယ္ေနရမည္က အေပၚဆုံးထပ္မွာတဲ့ေလ ဟူး ဓာတ္ေလွကားရွိလို႔ေတာ္ေသး မဟုတ္ရင္တတ္ရဆင္းရႏွင့္မလြယ္ေပ။
ဓာတ္ေလွကားဖြင့္သည္ႏွင္ ျမင္ရသည္က ကိုႀကီးခြန္းျဖစ္သည္ ေဘာင္းဘီအိတ္ကပ္ထဲ လက္ထည့္ထားၿပီး ေခ်ာေမာသည့္မ်က္ႏွာႏွင့္ ျဖဴငယ့္ကိုၿပဳံးျပေနသည္။
"ဟယ္ ကိုႀကီးခြန္း
ဘယ္လိုျဖစ္လို႔ဒီေရာက္ေနတာလဲ..."
"ျဖဴငယ့္ကိုမေျပာဘူးလား မနက္ျဖန္ေတြ႕မယ္လို႔ ကိုႀကီးကဒီမွာေနတာေလ ေပးအထုပ္ေတြ..."
မနိုင္မနင္းသယ္လာသည့္အထုပ္ကိုလက္ထဲကဆြဲယူလိုက္ေတာ့ ထိေတြ႕လိုက္ရတဲ့ ႏြေးကနဲျဖစ္သြားသည့္အခိုက္တန့္ေလးကိုပင္ ျမန္လာသည့္ႏွလုံးခုံႏႈန္းမ်ား....
အခ်စ္လား ခဏတာရင္ခုန္ျခင္းလားသိခ်င္၍ အနားေခၚထားျခင္းကို ဟူး ေနာက္ဆိုခြန္းရဲ႕အႀကံမ်ားႏွင့္ေတာ့ ဒီေကာင္ခုန္မ်ားထြက္သြားမလားမသိ။
Words 1716
ဆက္လက္ႀကိဳးစားသြားပါမည္။