ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(C...

By KaKyoePhyu85

707K 14.9K 707

အချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေ... More

Part🍀 1 (U&Z)
Part 🍀3 (U&Z)
Part🍀 4 (U&Z)
Part🍀5 (U&Z)
Part🍀 6 (U&Z)
Part🍀 7 (U&Z)
Part🍀 8 (U&Z)
Part🍀 9 (U&Z)
Part🍀 10 (U&Z)
Part🍀 11 (U&Z)
Part🍀 12 (U&Z)
Part🍀 13 (U&Z)
Part🍀 14 (U&Z)
Part🍀 15 (U&Z)
Part🍀 16 (U&Z)
Part🍀 17 (U&Z)
Part🍀 18 (U&Z)
Part🍀 19 (U&Z)
Part🍀 20 (U&Z)
Part🍀 21(U&Z)
Part🍀 22 (U&Z)
Part🍀 23 (U&Z)
Part🍀 24 (U&Z)
Part🍀 25 (U&Z)
Part🍀 26 (U&Z)
Part🍀 27 (U&Z)
Part🍀 28 (U&Z)
Part🍀 29 (U&Z)
Part🍀 30 (U&Z)
Part🍀 31 (U&Z)
Part🍀 32 (U&Z)
Part🍀 33 (U&Z)
Part🍀 34 (U&Z)
Part🍀 35 (U&Z)
Part🍀 36 (U&Z)
Part🍀 37 (U&Z)
Part🍀 38 (U&Z)
Part🍀 39 (U&Z)
Part🍀 40 🔞
Part🍀 41 (U&Z)
Part🍀 42 (U&Z)
Part🍀 43 🔞
Part🍀 44 (U&Z)
End 🍀 (U&Z)
Extra🍀 (U&Z)

Part 🍀2 (U&Z)

24.4K 521 6
By KaKyoePhyu85

ခွန်းရဲ့နှောင်ကြိုးငယ် 💛 အပိုင်း - ၂
(Unicode)

ဖြူငယ်ဆိုင်အတွင်းကေကေတို့ဝိုင်း၌ တစ်ခုထဲသောလွတ်နေသည့်နေရာလေးကိုဝင်၍ထိုင်လိုက်တော့သည်။

"ဖြူငယ်ဘာသောက်မလဲ...."

"ငါ ရေခဲရေအေးအေးလေးပဲ.... "

ကေကေလှမ်းမှာပေးသည့် ရေခဲရေကို ဖြူငယ်ကုန်သည်အထိမော့သောက်လိုက်မိသည်။ နောက်မှပူမည်ကိုဂရုမစိုက်အားပဲ ယခုရင်ထဲအေးသွားရန်သာ ဖြူငယ်လိုလားပါသည်။

"နင့်ဟာကဖြေးဖြေးသောက်လေဟယ်...."

"ငါမနက်ထဲက ပတ်ပြေးနေရတာဟ ရေသောက်ဖို့မေ့နေတာ ဟီး...."

"အလုပ်ကတွေ့ပြီလားဖြူငယ်...."

"ရှာတုန်းပဲ...."

"နင့်ဟာက တစ်လလောက်ဖြစ်ဖြစ်
နားပါအုံးလားဟ...."

သူငယ်ချင်းတစ်ဖွဲဝိုင်းပြောနေသည်ကို ဖြူငယ်ပြုံးပဲပြမိတော့သည်။ဖြူငယ်လဲနားချင်ပါသည် တဂယ်ဆိုဖြူငယ်အလုပ်မရှိလျှင် အမေနှင့်မောင်လေးကိုဘယ်လိုထောက်ပံ့ရမလဲ စားဖို့ရှိတယ်ဆိုအုန်းတော့ အမေတစ်ခုခုဖြစ်ရင် ဖြူငယ်မရှာတတ် ဖြူငယ်တို့ဒုက္ခရောက်မည်ကို ဖြူငယ်သာအသိဆုံးဖြစ်သည်။

"အော် မိတ်ဆက်ပေးရအုံးမယ်...."

"ဒါကကိုကြီးခွန်းစေရာတဲ့ ရန်ကုန်ကလာတာလေ ...."

"ကိုကြီးဒါက သျှင်ယွန်းဖြူငယ်တဲ့
ကေကေတို့ခေါ်သလို ဖြူငယ်လို့ပဲခေါ်ပေါ့နော့.... "

ကေကေမိတ်ဆက်ပေးမှကြည့်မိသည်။ ဘေးတွင်ရှိသည့်ထိုအကိုကြီးကို ဖြူငယ်မြင်ပါသည် ဝင်လာထဲကလူကိုစိုက်ကြည့်နေသည်ကိုလဲသတိထားမိသေးသည်။ ရှပ်လက်ရှည်အနီ​ရောင်ကို လက်ဖျံပေါ်ထိခေါက်တင်ထား၍ ဘောင်းဘိရှည်အနက်နှင့်တွဲဝတ်ထားသည်။  ခန္ဓာကိုယ်ကအတော်လေးမိုက်သည့်ထဲပါပြီး ရုပ်လဲချောသည်။ တရုတ်ကောကောတွေလိုကြည့်ကောင့်နေသည်တော့အမှန်ပင်။ ခေါင်းအစခြေအဆုံးကြည့်၍ ထိုကိုကြီးကို ဖြူငယ်ခေါင်းလေးငုံ့ပြလိုက်ပြီး အနည်းငယ်ရယ်ပြလိုက်သည်။

ပျော်စရာများကို အမြဲတူတူမျှဝေတတ်သည့် ဖြူငယ်တို့သူငယ်ချင်းတစ်သိုက်ကြား ထိုကိုကြီးလဲ စကားဝင်၍ပြောသည်။ မဆိုးပါဘူးခင်ဖို့တော့ကောင်းသား။ အပြောင်အပြက်တွေကြား အလုပ်အကြောင်းလေးတွေပါဆက်စပ်မိသည့်အခါ ဖြူငယ်အဖို့ အလုပ်လျှောက်လို့ကောင်းသည့်နေရာတွေကို ဝိုင်းအကြံပေးကြလေသည်။ထို့နောက် စကားပြောရင်းနှာခေါင်းသွေးလျှံလာသည့်ဖြူငယ်ကြောင့် အကုန်လုံးပြာယာခက်၍ ပြောလက်စ စကားများပျက်သွားရသည်။

"နင့်ဟာက နေပူကြီးပက်သွားနေတာလား...."

"ငါ့မောင်ဆိုင်ကယ်နဲ့လိုက်ပို့တာ
ငါဆိုင်ကယ်ဦးထုပ်ဆောင်းပါတယ်ဟ...."

"မယ်ကျန်းမာရေးကောင်းကြီးကို
ငါတို့တော့မနိုင်ဘူးတဂယ်ပဲ...."

"နင့်မောင်ပြန်သွားပြီမို့လား ငါလိုက်ပို့မယ်ဒီနေ့...."

တိမ်လွှာလိုက်ပို့မည်ပြောသည်ကို ခေါင်းညိတ်ပြပြီးရယ်နေသည့်ခလေးမကို ခွန်းကြည့်နေမိသည်။ နှာခေါင်းသွေးယိုတုန်းကလဲ အကုန်ပြာယာခက်နေပေမယ့် ဒီခလေးမကတုတ်တုတ်မျှမလှုပ် ကိုယ်ပါကြားထဲက ပြာယာခက်ပြီး Tissue အတင်းယူပေးမိသေးပေမယ့် ဒီခလေးမကရယ်နေသေးသည်။ ဟူး ဘယ်လိုဟာလေးလဲ။

အပြန်စည်သူကားမောင်းရာ ဘေးတွင်ကိုယ်တော်ခွန်းက စကားမပြောဘဲ ဘယ်ကိုအတွေးရောက်နေမှန်းမသိ မှန်အပြင်ဘက်ကြီးကိုငေးနေလေသည်။

"ခွန်းစေရာ ဟေ့ကောင် ဘာတွေတွေးတုန်းဟ စကားတောင်မပြောတော့ဘူး..."

"အင်း...ဟိုခလေးမအကြောင်းနဲနဲတွေးနေတာ...."

"ဖြူငယ်လား မင်းဟာက ဆိုင်ထဲမှာလဲငေးလှချည်လား...."

"ငါမငေးပါဘူး နဲနဲလေးကြည့်မိတာပဲရှိတယ်...."

"အော် ငါ့မှာသတိများလွတ်သွားတာလားလို့ မဆိုးဘူးမို့လား အဖြူထည်လေးနော်ဟိုက "

"မဆိုးပါဘူး ဒါမယ့် ငါ့အကြိုက် Type မဟုတ်ဘူး.."

"မင်းအမှတ်ပေးမယ်ဆိုရင် ဘယ်လောက်ရလောက်လဲ100 မှာ..."

"အွန်း... 20 လောက်ပေါ့..."

"ဟမ် ဒီလောက်ငေးနေတာ 20 ပဲပေးဖို့လား မင်းကဟုတ်ရောဟုတ်သေးရဲ့လားကွာ..."

မယုံနိုင်စွာမေးလာသည့် စည်သူ့နည်းတူ ခွန်းလဲကိုယ့်ကိုမယုံနိုင်စွညရှိနေလေသည်။ မိန်းခလေးတစ်ယောက်ကိုဒီလောက်ကြီးထိ သူ့အကြောင်းမေးမြန်းစပ်စုမိတာ ဒီတစ်ခါသာရှိသေးသည်မဟုတ်လား။

"ဒါနဲ့သူကဘာအလုပ်ရှာနေတာလဲ..."

"ဒီအတိုင်းအလုပ်ပဲ ဈေးရောင်းတာလဲရတယ် စာရင်းပိုင်းလဲရတယ် လူကောင်ကသာသေးတာ ပင်ပန်းလဲအကုန်လုပ်နိုင်တယ်အဲ့ခလေးမက..."

"သူ့ပုံစံနဲ့လား"

"မထင်ရဘူးမို့လား ..."

တဂယ်မထင်ရပါ။ သေးသေးနုနုလေးက ဘယ်အလုပ်မဆိုအကုန်ရသည်အထိလုပ်နိုင်သည်တဲ့လား။

"နှာခေါင်းသွေးယိုရလောက်တဲ့ထိဘာအလုပ်တွေရှာနေလဲသိချင်ယုံပဲ..."

"အဲ့တာပဲသိချင်နော် စိတ်မဝင်စားနဲ့ အတည်မှမဟုတ်ရင် နည်းနည်းလေးမှစိတ်မဝင်စားနဲ့ ဖြူငယ်ကမင်းကစားရမယ့်ကောင်မလေးမျိုးမဟုတ်ဘူးနော် ငါတစ်ခါထဲပြောထားမယ် အမှတ်ပေးတော့ 20 ထဲနဲ့ 100 သေချာမှစဥ်းစား ဟိုကမိန်းမကောင်းလေး...."

"အော် ငါစိတ်မဝင်စားပါဘူးဆို
မင်းကပါလှချည်လားအဲ့ဘက်က
တိမ်လွှာရှိတယ်မို့လားမင်းမှာ...."

"ကိုယ်တော်ရယ်တွေးလိုက်ရင်ဖြင့် ဖြူငယ်ကိုငါ့ညီမလေးလိုသဘောထားတာ  ပြီးတော့ တိမ်လွှာတို့သူငယ်ချင်းတွေကလဲတော်တော်ချစ်ရှာတာ မင်းလဲနောက်ကျရင်ချစ်ရင်ချင်သွားမှာ ဟား... ဟား..."

တစ်ယောက်ထဲဝင်တားလိုက် တွန်းပို့လိုက်နှင့်စည်သူက သူ့စကားသူသဘောတွေကျကာ ရယ်နေလေသည်။

"စကားကောင်းနေတာနဲ့ရောက်ပြီ ဒါနဲ့အိမ်သစ်မှာမနေဘူးလား ဒီမှာဆိုတော့ မင်းအဆင်ပြေရဲ့လား...."

"အင်း ငါကရတယ်မင်းကားယူသွားလိုက် မနက်မှလာပို့တော့..."

ဖြူငယ်အိမ်ရောက်သည်နှင့် အဝတ်စားလဲ၍ မေမေ့ကိုအိမ်အလုပ်များလုပ်ကူနေလိုက်သည်။ ဒီနေ့လဲမရခဲ့သည့်အလုပ်ကို နောက်နေ့တွင်ထွက်၍ ရှာရအုံးမည်။

ဖေကြီးမရှိတော့ထဲက အားကိုးရာထပ်မရှာပါပဲ မေမေတစ်ယောက်ထဲသာ ဖြူငယ်တို့ မောင်နှမနှစ်ယောက်က်ို ကျွေးမွေးကာပညာကိုလည်း ဆုံးခန်းတိုင်အောင်သင်ကြားပေးခဲ့သည်။ အဆင်မပြေမှုတွေကြား ရုန်းကန်၍ အကုန်ဖြည့်ဆည်းပေးခဲ့သည့်မေမေက ဖြူငယ်အဖို့ အရဲရင့်ဆုံးသူရဲကောင်းတစ်ယောက်ဖြစ်ပါသည်။ ပင်ပန်းခဲ့တာတွေများခဲ့ပြီမို့ ယခုတွင်မူ မေမေ့ကိုအလုပ်မလုပ်ခိုင်းချင်တော့ပေ ဖြူငယ်သားသမီးတာဝန်ကျေချင်သည်။

ဖုန်းတွေအတင်းခေါ်နေ၍ ကိုင်လိုက်တော့ သုံးကောင်သားပေါက်ကရတွေဝိုင်းပြောနေလေသည်။

"မင်းကဖုန်းလေတောင်ဆက်ဖော်မရဘူးနော်..."

"ငါကဘာလို့ဆက်ရမှာလဲ"

"မင်းစော်လေးတွေနဲ့ပျော်နေလို့မလား "

"ငါနေ့တိုင်းအလုပ်သွားနေတာကွ
စော်ရှာဖို့မအားသေးဘူး "

"အေးပါ အလုပ်ကမင်းကိုလိုက်ဖမ်းနေရတော့မှာ နောက်ဆို ဟားဟား  "

"အေးရီနေကြ ဒါပဲ ငါအိပ်တော့မယ်..."

အိပ်တော့မယ်ပြောပြီးမအိပ်နိုင်သေးဘဲ ဖြူငယ်ဆိုသည့် ​ခလေးမအကြောင်းတွေးနေမိသည်။ အမှန်ဆိုဖြူငယ်ကိုဒီနေ့မှခွန်းစေရာ စတွေ့ခဲ့ခြင်းမဟုတ်၊ ရှေ့နှစ်ရက်က ဦးသိန်းကိုညနေအိမ်သို့လိုက်ပို့ပြီး လမ်းဟိုဘက်တွင်ဘုရားတစ်ဆူရှိ၍ ထိုဘုရားရင်ပြင်ပေါ်ထိုင်၍ ဆေးလိပ်သောက်နေစဥ် ဘုရားတောင်ဘက်မုဏ်လှေခါးတွင်ထိုင်နေသောသူမလေး။ 

နေရာလွတ်ကြီးကို အတော်ကြာသည်အထိငေးကြည့်နေပြီး သက်ပြင်းများချနေလေသည်။ နောက်ထပ်ကြည့်မိတော့ ငိုနေပြီလေ။ ခွန်း ထင်ခဲ့မိတာက ရည်းစားပူမိ၍ပေါ့ နောက်တစ်နည်းကလွန်လွန်ကျူးကျူးဖြစ်သွားလို့ ငိုနေသည်ထင်ခဲ့တာပေါ့။

"ဟူး ငါ့အကျင့်တွေပြင်ရတော့မယ် ဘာလို့သူများသားသမီးကို လက်လွတ်စပယ်ထင်မိလိုက်တာလဲ"

တစ်ယောက်ထဲရေရွတ်၍ အပြစ်တင်နေမိသည့်ခွန်း... ဒါနဲ့အဲ့ဖြူငယ်ဆိုတဲ့ခလေးမလေး ဘာလို့ငိုနေလဲတော့ ခွန်း သိချင်မိသား။

"မေမေရေ တိမ်လွှာလာခေါ်ရင်လေ
တွေ့နေကျဆိုင်မှာပဲစောင့်နေလို့ပြောပေးနော် သမီးအလုပ်အရင်သွားလျှောက်ချင်လို့ ဘေကမရှိဘူးဖုန်းဆက်ဖို့ကဟီး..."

မေမေ့ကိုသွားလေးများပေါ်သည်အထိရယ်ပြပြီး ဖြူငယ်တို့မောင်နှမ ဆိုင်ကယ်ဖြင့်ထွက်လာခဲ့သည်။ မကျယ်မပြန့်မြို့လေးထဲ လှည့်ပက်ရသည်မို့ ယနေ့တော့လွန်းငယ်တို့အစောထွက်ခဲ့လိုက်တော့သည်။

"ဖြူငယ်ရော တိမ်လွှာ နင်ဝင်မခေါ်ခဲ့ဘူးလား..."

"အန်တီပြောတာတော့ ဒီဆိုင်မှာပဲစောင့်နေတဲ့ အောင်အောင်နဲ့ အလုပ်သွားလျှောက်တယ်တဲ့..."

"ဟူးး ဖြူငယ်လေးသနားပါတယ်
ပင်ပန်းနေတော့မှာ..."

"ကေကေရယ်သေချင်လို့လား အဲ့လိုပြောတာဖြူငယ်ကမကြိုက်ပါဘူးဆို နင်ကလဲ..."

"ဘာလို့လဲကွ သူကမကြိိုက်တာ..."

"ကိုကြီးကဖြူငယ့်အကြောင်းမသိသေးဘူးကို ပြောပြလိုက်ဂျူးနှင်းဇော်.."

"ဖြူငယ် 13 နှစ်ထဲက ဖြူငယ့်ဖေဖေကဆုံးသွားတာကိုကြီးရဲ့ ခုကမိသားစုသုံးယောက်ပဲရှိတော့တာ ပြီးတော့ဖြူငယ့်အမျိုးတွေကလဲမကောင်းပါဘူးကိုကြီးရာ ဖြူငယ်တို့ကဆင်းရဲတော့အခေါ်အပြောတောင်မလုပ်ကြတော့ဘူး ဆယ်တန်းဖြေပြီးထဲက အလုပ်တွေထွက်လုပ်နေတာလေ အဆင်မပြေပါဘူးဒါလဲ ဂျူးနှင်းတို့ကကူညီချင်ပေမယ့် အလုပ်အဆက်သွယ်ကလဲသိပ်မရှိဘူးဖြစ်နေတာ။ အဓိကက အဖေအကြောင်းသိပ်မပြောနဲ့နော် ဖြူငယ်ဝမ်းနည်းမှာဆိုးလို့ အဲ့လောက်သိရင်ရပြီမို့လား မိကေ..."

"အင်း.. ရပြီ များသွားပြီဒါတောင်."

"ရူးတိုးတိုး ဟိုမှာလာနေပြီ..."

အကုန်အသံတိတ်လိုက်ကြကာ ငြိမ်နေလိုက်ကြသည့်တိမ်လွှာတို့အဖွဲ့လေး။

"ဟိတ် ဘယ်သူ့အကြောင်းအတင်းတုပ်နေတာလဲပြော"

"နင့်အကြောင်းပေါ့ ခုချိန်ထိရည်းစားမရှိသေးတဲ့အကြောင်း ဘယ်လောက်ဇီဇာကြောင်ကြောင်းပြောပြနေတာဂျူးနှင်းက အကိုခွန်းစေရာကို.."

"နင့်ဘဲပြောတာမှန်လား မိဂျူး
ကိုကြီးမယုံနဲ့ ဖြူငယ့်မှာကောင်လေးရှိတယ်သိလား.."

"တွေ့ခွင့်မရတဲ့ idol ကောကောလား.."

"ဟီး ဟုတ်တော့ဘာဖြစ်လဲ."

စတွေ့တဲ့နေ့ကထက် ကိုယ့်ကိုစကားပြောလာတဲ့ခလေးမ ဟာသတွေပြောလိုက် သူ့ idol အကြောင်းပြောလိုက်နှင့်အတော်လေးစကားပြောသည်။  စကားပြောလျှင် မျက်နှာကြည့်ပြီးသေချာနားထောင်ပေးတတ်သည့်ခလေးမက ခွန်းစကားပြောရင်တော့  မျက်နှာသေချာမကြည့်ပဲ ခဏနှင့်အကြည့်လွှဲတတ်သေးသည်။ ဒီခလေးမရဲ့မျက်လုံးလေးများက တစ်ဖက်လူကိုညို့နိုင်သည့်ဓာတ်များပါလေသလား။ ဘာလို့ဆို မျက်လုံးချင်းဆုံတိုင်း ရင်ခုန်နေသည်ကိုခွန်းသာအသိဆုံးဖြစ်သည်။ 
  
ဘာအပူပင်မှမရှိသည့်အတိုင်းပင် ပါးဖောင်းဖောင်းလေးများနှင့် မုန့်စားနေသည်မှာ ထိုခလေးမက အူယားဖွယ်ရာအတိ။ ရှည်လျားကော့ညွှတ်နေသည့် မျက်တောင်ရှည်လေးများရယ် မျက်လုံးလှလှလေးရယ် တစ်ခါခါရယ်လိုက်ရင်ဖြင့် ချစ်စရာကောင်းလွန်းလှသည်ကြောင့် ခွန်းမှာအခု ရင်တွေခုန်နေရသည်မို့လား။

"စည်သူငါမေးပါဦးမယ်."

"အင်း.."

"မင်းအဆက်သွယ်နဲ့ဆို သူ့အတွက်အလုပ်မရှားပါဘူး ဘာလို့မရှာပေးတာလဲ"

"ငါမရှာပေးဘူးလို့ဘာလို့ထင်တာလဲမင်းက သိတဲ့အတိုင်းပဲ Center ကအခုမှဖွင့်မလို့ပြင်တုန်းလေ Mini Mart မှာဆိုတော့လဲ ဝေးတယ်ကွ အသွားအပြန်အဆင်မပြေဘူး Center ဖွင့်မှ ငါထည့်ပေးမလို့..."

"အင်း ငါစီစဥ်ကြည့်အုံးမယ်..."

ဒီလောက်လူကောင်သေးသေးလေးက အလုပ်ကိုအသဲအသန်ရှာနေသည်ကို ခွန်းလဲမကြည့်ရက်ပေ။ ခလေးမအကြောင်းနဲနဲလောက်သိသွားတော့သနားစိတ်တစ်ချို့ဝင်လာသည့်ခွန်းမှာ ထိုခလေးမကိုကူညီချင်သည်။ ကိုယ့်အတွက်ဒီအရာတွေက ဘာမှမဟုတ်ပေမယ့် ခလေးမအတွက်တော့ အရေးပါလွန်းသည့်အလုပ်မို့လား။ စွဲထင်နေသည့်ခလေးမရဲ့ပုံရိပ်လေးအချို့ကို မျက်လုံးလေးမှိတ်၍ ပြန်ပုံဖော်ကာ ခွန်းတစ်ယောက်မသိလိုက်ခင်မှာပဲ နှုတ်ခမ်းတို့ကပြုံး၍နေလေပြီဖြစ်သည်။

Words 2205
ဆက်လက်ကြိုးစားသွားပါမည်။

(Zawgyi)

ခြန္းရဲ႕ႏွောင္ႀကိဳးငယ္  အပိုင္း - ၂

ျဖဴငယ္ဆိုင္အတြင္းေကေကတို႔ဝိုင္း၌ တစ္ခုထဲေသာလြတ္ေနသည့္ေနရာေလးကိုဝင္၍ထိုင္လိုက္ေတာ့သည္။

"ျဖဴငယ္ဘာေသာက္မလဲ...."

"ငါ ေရခဲေရေအးေအးေလးပဲ.... "

ေကေကလွမ္းမွာေပးသည့္ ေရခဲေရကို ျဖဴငယ္ကုန္သည္အထိေမာ့ေသာက္လိုက္မိသည္။ ေနာက္မွပူမည္ကိုဂ႐ုမစိုက္အားပဲ ယခုရင္ထဲေအးသြားရန္သာ ျဖဴငယ္လိုလားပါသည္။

"နင့္ဟာကေျဖးေျဖးေသာက္ေလဟယ္...."

"ငါမနက္ထဲက ပတ္ေျပးေနရတာဟ ေရေသာက္ဖို႔ေမ့ေနတာ ဟီး...."

"အလုပ္ကေတြ႕ၿပီလားျဖဴငယ္...."

"ရွာတုန္းပဲ...."

"နင့္ဟာက တစ္လေလာက္ျဖစ္ျဖစ္
နားပါအုံးလားဟ...."

သူငယ္ခ်င္းတစ္ဖြဲဝိုင္းေျပာေနသည္ကို ျဖဴငယ္ၿပဳံးပဲျပမိေတာ့သည္။ျဖဴငယ္လဲနားခ်င္ပါသည္ တဂယ္ဆိုျဖဴငယ္အလုပ္မရွိလွ်င္ အေမႏွင့္ေမာင္ေလးကိုဘယ္လိုေထာက္ပံ့ရမလဲ စားဖို႔ရွိတယ္ဆိုအုန္းေတာ့ အေမတစ္ခုခုျဖစ္ရင္ ျဖဴငယ္မရွာတတ္ ျဖဴငယ္တို႔ဒုကၡေရာက္မည္ကို ျဖဴငယ္သာအသိဆုံးျဖစ္သည္။

"ေအာ္ မိတ္ဆက္ေပးရအုံးမယ္...."

"ဒါကကိုႀကီးခြန္းေစရာတဲ့ ရန္ကုန္ကလာတာေလ ...."

"ကိုႀကီးဒါက သွ်င္ယြန္းျဖဴငယ္တဲ့
ေကေကတို႔ေခၚသလို ျဖဴငယ္လို႔ပဲေခၚေပါ့ေနာ့.... "

ေကေကမိတ္ဆက္ေပးမွၾကည့္မိသည္။ ေဘးတြင္ရွိသည့္ထိုအကိုႀကီးကို ျဖဴငယ္ျမင္ပါသည္ ဝင္လာထဲကလူကိုစိုက္ၾကည့္ေနသည္ကိုလဲသတိထားမိေသးသည္။ ရွပ္လက္ရွည္အနီေရာင္ကို လက္ဖ်ံေပၚထိေခါက္တင္ထား၍ ေဘာင္းဘိရွည္အနက္ႏွင့္တြဲဝတ္ထားသည္။  ခႏၶာကိုယ္ကအေတာ္ေလးမိုက္သည့္ထဲပါၿပီး ႐ုပ္လဲေခ်ာသည္။ တ႐ုတ္ေကာေကာေတြလိုၾကည့္ေကာင့္ေနသည္ေတာ့အမွန္ပင္။ ေခါင္းအစေျခအဆုံးၾကည့္၍ ထိုကိုႀကီးကို ျဖဴငယ္ေခါင္းေလးငုံ႕ျပလိုက္ၿပီး အနည္းငယ္ရယ္ျပလိုက္သည္။

ေပ်ာ္စရာမ်ားကို အၿမဲတူတူမွ်ေဝတတ္သည့္ ျဖဴငယ္တို႔သူငယ္ခ်င္းတစ္သိုက္ၾကား ထိုကိုႀကီးလဲ စကားဝင္၍ေျပာသည္။ မဆိုးပါဘူးခင္ဖို႔ေတာ့ေကာင္းသား။ အေျပာင္အျပက္ေတြၾကား အလုပ္အေၾကာင္းေလးေတြပါဆက္စပ္မိသည့္အခါ ျဖဴငယ္အဖို႔ အလုပ္ေလွ်ာက္လို႔ေကာင္းသည့္ေနရာေတြကို ဝိုင္းအႀကံေပးၾကေလသည္။ထို႔ေနာက္ စကားေျပာရင္းႏွာေခါင္းေသြးလွ်ံလာသည့္ျဖဴငယ္ေၾကာင့္ အကုန္လုံးျပာယာခက္၍ ေျပာလက္စ စကားမ်ားပ်က္သြားရသည္။

"နင့္ဟာက ေနပူႀကီးပက္သြားေနတာလား...."

"ငါ့ေမာင္ဆိုင္ကယ္နဲ႕လိုက္ပို႔တာ
ငါဆိုင္ကယ္ဦးထုပ္ေဆာင္းပါတယ္ဟ...."

"မယ္က်န္းမာေရးေကာင္းႀကီးကို
ငါတို႔ေတာ့မနိုင္ဘူးတဂယ္ပဲ...."

"နင့္ေမာင္ျပန္သြားၿပီမို႔လား ငါလိုက္ပို႔မယ္ဒီေန႕...."

တိမ္လႊာလိုက္ပို႔မည္ေျပာသည္ကို ေခါင္းညိတ္ျပၿပီးရယ္ေနသည့္ခေလးမကို ခြန္းၾကည့္ေနမိသည္။ ႏွာေခါင္းေသြးယိုတုန္းကလဲ အကုန္ျပာယာခက္ေနေပမယ့္ ဒီခေလးမကတုတ္တုတ္မွ်မလႈပ္ ကိုယ္ပါၾကားထဲက ျပာယာခက္ၿပီး Tissue အတင္းယူေပးမိေသးေပမယ့္ ဒီခေလးမကရယ္ေနေသးသည္။ ဟူး ဘယ္လိုဟာေလးလဲ။

အျပန္စည္သူကားေမာင္းရာ ေဘးတြင္ကိုယ္ေတာ္ခြန္းက စကားမေျပာဘဲ ဘယ္ကိုအေတြးေရာက္ေနမွန္းမသိ မွန္အျပင္ဘက္ႀကီးကိုေငးေနေလသည္။

"ခြန္းေစရာ ေဟ့ေကာင္ ဘာေတြေတြးတုန္းဟ စကားေတာင္မေျပာေတာ့ဘူး..."

"အင္း...ဟိုခေလးမအေၾကာင္းနဲနဲေတြးေနတာ...."

"ျဖဴငယ္လား မင္းဟာက ဆိုင္ထဲမွာလဲေငးလွခ်ည္လား...."

"ငါမေငးပါဘူး နဲနဲေလးၾကည့္မိတာပဲရွိတယ္...."

"ေအာ္ ငါ့မွာသတိမ်ားလြတ္သြားတာလားလို႔ မဆိုးဘူးမို႔လား အျဖဴထည္ေလးေနာ္ဟိုက "

"မဆိုးပါဘူး ဒါမယ့္ ငါ့အႀကိဳက္ Type မဟုတ္ဘူး.."

"မင္းအမွတ္ေပးမယ္ဆိုရင္ ဘယ္ေလာက္ရေလာက္လဲ100 မွာ..."

"အြန္း... 20 ေလာက္ေပါ့..."

"ဟမ္ ဒီေလာက္ေငးေနတာ 20 ပဲေပးဖို႔လား မင္းကဟုတ္ေရာဟုတ္ေသးရဲ႕လားကြာ..."

မယုံနိုင္စြာေမးလာသည့္ စည္သူ႕နည္းတူ ခြန္းလဲကိုယ့္ကိုမယုံနိုင္စြညရွိေနေလသည္။ မိန္းခေလးတစ္ေယာက္ကိုဒီေလာက္ႀကီးထိ သူ႕အေၾကာင္းေမးျမန္းစပ္စုမိတာ ဒီတစ္ခါသာရွိေသးသည္မဟုတ္လား။

"ဒါနဲ႕သူကဘာအလုပ္ရွာေနတာလဲ..."

"ဒီအတိုင္းအလုပ္ပဲ ေဈးေရာင္းတာလဲရတယ္ စာရင္းပိုင္းလဲရတယ္ လူေကာင္ကသာေသးတာ ပင္ပန္းလဲအကုန္လုပ္နိုင္တယ္အဲ့ခေလးမက..."

"သူ႕ပုံစံနဲ႕လား"

"မထင္ရဘူးမို႔လား ..."

တဂယ္မထင္ရပါ။ ေသးေသးႏုႏုေလးက ဘယ္အလုပ္မဆိုအကုန္ရသည္အထိလုပ္နိုင္သည္တဲ့လား။

"ႏွာေခါင္းေသြးယိုရေလာက္တဲ့ထိဘာအလုပ္ေတြရွာေနလဲသိခ်င္ယုံပဲ..."

"အဲ့တာပဲသိခ်င္ေနာ္ စိတ္မဝင္စားနဲ႕ အတည္မွမဟုတ္ရင္ နည္းနည္းေလးမွစိတ္မဝင္စားနဲ႕ ျဖဴငယ္ကမင္းကစားရမယ့္ေကာင္မေလးမ်ိဳးမဟုတ္ဘူးေနာ္ ငါတစ္ခါထဲေျပာထားမယ္ အမွတ္ေပးေတာ့ 20 ထဲနဲ႕ 100 ေသခ်ာမွစဥ္းစား ဟိုကမိန္းမေကာင္းေလး...."

"ေအာ္ ငါစိတ္မဝင္စားပါဘူးဆို
မင္းကပါလွခ်ည္လားအဲ့ဘက္က
တိမ္လႊာရွိတယ္မို႔လားမင္းမွာ...."

"ကိုယ္ေတာ္ရယ္ေတြးလိုက္ရင္ျဖင့္ ျဖဴငယ္ကိုငါ့ညီမေလးလိုသေဘာထားတာ  ၿပီးေတာ့ တိမ္လႊာတို႔သူငယ္ခ်င္းေတြကလဲေတာ္ေတာ္ခ်စ္ရွာတာ မင္းလဲေနာက္က်ရင္ခ်စ္ရင္ခ်င္သြားမွာ ဟား... ဟား..."

တစ္ေယာက္ထဲဝင္တားလိုက္ တြန္းပို႔လိုက္ႏွင့္စည္သူက သူ႕စကားသူသေဘာေတြက်ကာ ရယ္ေနေလသည္။

"စကားေကာင္းေနတာနဲ႕ေရာက္ၿပီ ဒါနဲ႕အိမ္သစ္မွာမေနဘူးလား ဒီမွာဆိုေတာ့ မင္းအဆင္ေျပရဲ႕လား...."

"အင္း ငါကရတယ္မင္းကားယူသြားလိုက္ မနက္မွလာပို႔ေတာ့..."

ျဖဴငယ္အိမ္ေရာက္သည္ႏွင့္ အဝတ္စားလဲ၍ ေမေမ့ကိုအိမ္အလုပ္မ်ားလုပ္ကူေနလိုက္သည္။ ဒီေန႕လဲမရခဲ့သည့္အလုပ္ကို ေနာက္ေန႕တြင္ထြက္၍ ရွာရအုံးမည္။

ေဖႀကီးမရွိေတာ့ထဲက အားကိုးရာထပ္မရွာပါပဲ ေမေမတစ္ေယာက္ထဲသာ ျဖဴငယ္တို႔ မောင်နှမနှစ်ယောက်က်ို ေကြၽးေမြးကာပညာကိုလည္း ဆုံးခန္းတိုင္ေအာင္သင္ၾကားေပးခဲ့သည္။ အဆင္မေျပမႈေတြၾကား ႐ုန္းကန္၍ အကုန္ျဖည့္ဆည္းေပးခဲ့သည့္ေမေမက ျဖဴငယ္အဖို႔ အရဲရင့္ဆုံးသူရဲေကာင္းတစ္ေယာက္ျဖစ္ပါသည္။ ပင္ပန္းခဲ့တာေတြမ်ားခဲ့ၿပီမို႔ ယခုတြင္မူ ေမေမ့ကိုအလုပ္မလုပ္ခိုင္းခ်င္ေတာ့ေပ ျဖဴငယ္သားသမီးတာဝန္ေက်ခ်င္သည္။

ဖုန္းေတြအတင္းေခၚေန၍ ကိုင္လိုက္ေတာ့ သုံးေကာင္သားေပါက္ကရေတြဝိုင္းေျပာေနေလသည္။

"မင္းကဖုန္းေလေတာင္ဆက္ေဖာ္မရဘူးေနာ္..."

"ငါကဘာလို႔ဆက္ရမွာလဲ"

"မင္းေစာ္ေလးေတြနဲ႕ေပ်ာ္ေနလို႔မလား "

"ငါေန႕တိုင္းအလုပ္သြားေနတာကြ
ေစာ္ရွာဖို႔မအားေသးဘူး "

"ေအးပါ အလုပ္ကမင္းကိုလိုက္ဖမ္းေနရေတာ့မွာ ေနာက္ဆို ဟားဟား  "

"ေအးရီေနၾက ဒါပဲ ငါအိပ္ေတာ့မယ္..."

အိပ္ေတာ့မယ္ေျပာၿပီးမအိပ္နိုင္ေသးဘဲ ျဖဴငယ္ဆိုသည့္ ခေလးမအေၾကာင္းေတြးေနမိသည္။ အမွန္ဆိုျဖဴငယ္ကိုဒီေန႕မွခြန္းေစရာ စေတြ႕ခဲ့ျခင္းမဟုတ္၊ ေရွ႕ႏွစ္ရက္က ဦးသိန္းကိုညေနအိမ္သို႔လိုက္ပို႔ၿပီး လမ္းဟိုဘက္တြင္ဘုရားတစ္ဆူရွိ၍ ထိုဘုရားရင္ျပင္ေပၚထိုင္၍ ေဆးလိပ္ေသာက္ေနစဥ္ ဘုရားေတာင္ဘက္မုဏ္ေလွခါးတြင္ထိုင္ေနေသာသူမေလး။ 

ေနရာလြတ္ႀကီးကို အေတာ္ၾကာသည္အထိေငးၾကည့္ေနၿပီး သက္ျပင္းမ်ားခ်ေနေလသည္။ ေနာက္ထပ္ၾကည့္မိေတာ့ ငိုေနၿပီေလ။ ခြန္း ထင္ခဲ့မိတာက ရည္းစားပူမိ၍ေပါ့ ေနာက္တစ္နည္းကလြန္လြန္က်ဴးက်ဴးျဖစ္သြားလို႔ ငိုေနသည္ထင္ခဲ့တာေပါ့။

"ဟူး ငါ့အက်င့္ေတြျပင္ရေတာ့မယ္ ဘာလို႔သူမ်ားသားသမီးကို လက္လြတ္စပယ္ထင္မိလိုက္တာလဲ"

တစ္ေယာက္ထဲေရ႐ြတ္၍ အျပစ္တင္ေနမိသည့္ခြန္း... ဒါနဲ႕အဲ့ျဖဴငယ္ဆိုတဲ့ခေလးမေလး ဘာလို႔ငိုေနလဲေတာ့ ခြန္း သိခ်င္မိသား။

"ေမေမေရ တိမ္လႊာလာေခၚရင္ေလ
ေတြ႕ေနက်ဆိဳင္မွာပဲေစာင့္ေနလို႔ေျပာေပးေနာ္ သမီးအလုပ္အရင္သြားေလွ်ာက္ခ်င္လို႔ ေဘကမရွိဘူးဖုန္းဆက္ဖို႔ကဟီး..."

ေမေမ့ကိုသြားေလးမ်ားေပၚသည္အထိရယ္ျပၿပီး ျဖဴငယ္တို႔ေမာင္ႏွမ ဆိုင္ကယ္ျဖင့္ထြက္လာခဲ့သည္။ မက်ယ္မျပန့္ၿမိဳ႕ေလးထဲ လွည့္ပက္ရသည္မို႔ ယေန႕ေတာ့လြန္းငယ္တို႔အေစာထြက္ခဲ့လိုက္ေတာ့သည္။

"ျဖဴငယ္ေရာ တိမ္လႊာ နင္ဝင္မေခၚခဲ့ဘူးလား..."

"အန္တီေျပာတာေတာ့ ဒီဆိုင္မွာပဲေစာင့္ေနတဲ့ ေအာင္ေအာင္နဲ႕ အလုပ္သြားေလွ်ာက္တယ္တဲ့..."

"ဟူးး ျဖဴငယ္ေလးသနားပါတယ္
ပင္ပန္းေနေတာ့မွာ..."

"ေကေကရယ္ေသခ်င္လို႔လား အဲ့လိုေျပာတာျဖဴငယ္ကမႀကိဳက္ပါဘူးဆို နင္ကလဲ..."

"ဘာလို႔လဲကြ သူကမႀကိိုက္တာ..."

"ကိုႀကီးကျဖဴငယ့္အေၾကာင္းမသိေသးဘူးကို ေျပာျပလိုက္ဂ်ဴးႏွင္းေဇာ္.."

"ျဖဴငယ္ 13 ႏွစ္ထဲက ျဖဴငယ့္ေဖေဖကဆုံးသြားတာကိုႀကီးရဲ႕ ခုကမိသားစုသုံးေယာက္ပဲရွိေတာ့တာ ၿပီးေတာ့ျဖဴငယ့္အမ်ိဳးေတြကလဲမေကာင္းပါဘူးကိုႀကီးရာ ျဖဴငယ္တို႔ကဆင္းရဲေတာ့အေခၚအေျပာေတာင္မလုပ္ၾကေတာ့ဘူး ဆယ္တန္းေျဖၿပီးထဲက အလုပ္ေတြထြက္လုပ္ေနတာေလ အဆင္မေျပပါဘူးဒါလဲ ဂ်ဴးႏွင္းတို႔ကကူညီခ်င္ေပမယ့္ အလုပ္အဆက္သြယ္ကလဲသိပ္မရွိဘူးျဖစ္ေနတာ။ အဓိကက အေဖအေၾကာင္းသိပ္မေျပာနဲ႕ေနာ္ ျဖဴငယ္ဝမ္းနည္းမွာဆိုးလို႔ အဲ့ေလာက္သိရင္ရၿပီမို႔လား မိေက..."

"အင္း.. ရၿပီ မ်ားသြားၿပီဒါေတာင္."

"႐ူးတိုးတိုး ဟိုမွာလာေနၿပီ..."

အကုန္အသံတိတ္လိုက္ၾကကာ ၿငိမ္ေနလိုက္ၾကသည့္တိမ္လႊာတို႔အဖြဲ႕ေလး။

"ဟိတ္ ဘယ္သူ႕အေၾကာင္းအတင္းတုပ္ေနတာလဲေျပာ"

"နင့္အေၾကာင္းေပါ့ ခုခ်ိန္ထိရည္းစားမရွိေသးတဲ့အေၾကာင္း ဘယ္ေလာက္ဇီဇာေၾကာင္ေၾကာင္းေျပာျပေနတာဂ်ဴးႏွင္းက အကိုခြန္းေစရာကို.."

"နင့္ဘဲေျပာတာမွန္လား မိဂ်ဴး
ကိုႀကီးမယုံနဲ႕ ျဖဴငယ့္မွာေကာင္ေလးရွိတယ္သိလား.."

"ေတြ႕ခြင့္မရတဲ့ idol ေကာေကာလား.."

"ဟီး ဟုတ္ေတာ့ဘာျဖစ္လဲ."

စေတြ႕တဲ့ေန႕ကထက္ ကိုယ့္ကိုစကားေျပာလာတဲ့ခေလးမ ဟာသေတြေျပာလိုက္ သူ႕ idol အေၾကာင္းေျပာလိုက္ႏွင့္အေတာ္ေလးစကားေျပာသည္။  စကားေျပာလွ်င္ မ်က္ႏွာၾကည့္ၿပီးေသခ်ာနားေထာင္ေပးတတ္သည့္ခေလးမက ခြန္းစကားေျပာရင္ေတာ့  မ်က္ႏွာေသခ်ာမၾကည့္ပဲ ခဏႏွင့္အၾကည့္လႊဲတတ္ေသးသည္။ ဒီခေလးမရဲ႕မ်က္လုံးေလးမ်ားက တစ္ဖက္လူကိုညို႔နိုင္သည့္ဓာတ္မ်ားပါေလသလား။ ဘာလို႔ဆို မ်က္လုံးခ်င္းဆုံတိုင္း ရင္ခုန္ေနသည္ကိုခြန္းသာအသိဆုံးျဖစ္သည္။ 
  
ဘာအပူပင္မွမရွိသည့္အတိုင္းပင္ ပါးေဖာင္းေဖာင္းေလးမ်ားႏွင့္ မုန့္စားေနသည္မွာ ထိုခေလးမက အူယားဖြယ္ရာအတိ။ ရွည္လ်ားေကာ့ၫႊတ္ေနသည့္ မ်က္ေတာင္ရွည္ေလးမ်ားရယ္ မ်က္လုံးလွလွေလးရယ္ တစ္ခါခါရယ္လိုက္ရင္ျဖင့္ ခ်စ္စရာေကာင္းလြန္းလွသည္ေၾကာင့္ ခြန္းမွာအခု ရင္ေတြခုန္ေနရသည္မို႔လား။

"စည္သူငါေမးပါဦးမယ္."

"အင္း.."

"မင္းအဆက္သြယ္နဲ႕ဆို သူ႕အတြက္အလုပ္မရွားပါဘူး ဘာလို႔မရွာေပးတာလဲ"

"ငါမရွာေပးဘူးလို႔ဘာလို႔ထင္တာလဲမင္းက သိတဲ့အတိုင္းပဲ Center ကအခုမွဖြင့္မလို႔ျပင္တုန္းေလ Mini Mart မွာဆိုေတာ့လဲ ေဝးတယ္ကြ အသြားအျပန္အဆင္မေျပဘူး Center ဖြင့္မွ ငါထည့္ေပးမလို႔..."

"အင္း ငါစီစဥ္ၾကည့္အုံးမယ္..."

ဒီေလာက္လူေကာင္ေသးေသးေလးက အလုပ္ကိုအသဲအသန္ရွာေနသည္ကို ခြန္းလဲမၾကည့္ရက္ေပ။ ခေလးမအေၾကာင္းနဲနဲေလာက္သိသြားေတာ့သနားစိတ္တစ္ခ်ိဳ႕ဝင္လာသည့္ခြန္းမွာ ထိုခေလးမကိုကူညီခ်င္သည္။ ကိုယ့္အတြက္ဒီအရာေတြက ဘာမွမဟုတ္ေပမယ့္ ခေလးမအတြက္ေတာ့ အေရးပါလြန္းသည့္အလုပ္မို႔လား။ စြဲထင္ေနသည့္ခေလးမရဲ႕ပုံရိပ္ေလးအခ်ိဳ႕ကို မ်က္လုံးေလးမွိတ္၍ ျပန္ပုံေဖာ္ကာ ခြန္းတစ္ေယာက္မသိလိုက္ခင္မွာပဲ ႏႈတ္ခမ္းတို႔ကၿပဳံး၍ေနေလၿပီျဖစ္သည္။

Words 2205
ဆက္လက္ႀကိဳးစားသြားပါမည္။

Continue Reading

You'll Also Like

848K 39.8K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
90.7K 2.4K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...
268K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
904K 60.5K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)