ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Un...

By KazunoMora

60.5K 6K 78

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၆၆၁ : ငါးနှစ်ကျော် ကျင့်ကြံခဲ့ကြသူများသည် အခြေခံအုတ်မြစ် အဆင့်တွင်...
အပိုင်း ၆၆၂ : တပည့်ရှစ်ယောက်၊ တစ်ယောက်လို
အပိုင်း ၆၆၃ : အခက်အခဲများစွာ အကြားမှ ကလေးသည် ကြီးပြင်းလာခဲ့ပြီ
အပိုင်း ၆၆၄ : ဂိုဏ်းတွင်းပြိုင်ပွဲ စတင်ခြင်း
အပိုင်း ၆၆၅ : အရေးကြီးတာတစ်ခု ပြောဖို့မေ့နေတယ်
အပိုင်း ၆၆၆ : ဆရာက တပည့်ကို ချောက်ချခြင်း၊ ချောက်ချလေလေ ပိုကောင်းလေလေပဲ
အပိုင်း ၆၆၇ : စမ်းသပ်မှုက မရိုးစင်းပေ
အပိုင်း ၆၆၈ : ယခင်ကနှင့် မတူတော့ပေ
အပိုင်း ၆၆၉ : ကြီးမားသော ကွာဟချက်များ
အပိုင်း ၆၇၀ : အကြီးမားဆုံး ထောင်ချောက်ဆိုတာ မရှိဘူး....
အပိုင်း ၆၇၁ : ဆုလာဘ်
အပိုင်း ၆၇၂ : ချက်ချင်းဖြစ်ပွားလာသော အတွင်းပဋိပက္ခများ
အပိုင်း ၆၇၃ : စိတ်လှုပ်ရှားခြင်း
အပိုင်း ၆၇၄ : လင်းဖုန်း၏ အဆုံးအမများ
အပိုင်း ၆၇၅ : နောက်ကျသွားပြီလား
အပိုင်း ၆၇၆ : မျိုးဆက်တိုင်းမှ အကြင်နာကင်းမဲ့သော ကိုယ်ကျင့်စရိုက်များ
အပိုင်း ၆၇၇ : ဒုတိယအဆင့်
အပိုင်း ၆၇၈ : မင်းအပူမပါဘူး
အပိုင်း ၆၇၉-၆၈၀-၆၈၁
အပိုင်း ၆၈၂-၆၈၃-၆၈၄-၆၈၅
အပိုင်း ၆၈၆-၆၈၇-၆၈၈-၆၈၉-၆၉၀
အပိုင်း ၆၉၁-၆၉၂-၆၉၃-၆၉၄-၆၉၅
အပိုင်း ၆၉၆-၆၉၇-၆၉၈-၆၉၉-၇၀၀
အပိုင်း ၇၀၁ မှ ၇၀၅
အပိုင်း ၇၀၆ မှ ၇၁၀
အပိုင်း ၇၁၁ မှ ၇၁၅
အပိုင်း ၇၁၆ မှ ၇၂၀
အပိုင်း ၇၂၁ မှ ၇၂၅
အပိုင်း ၇၂၆ မှ ၇၃၀
အပိုင်း ၇၃၁ မှ ၇၃၅
အပိုင်း ၇၃၆ မှ ၇၄၀
အပိုင်း ၇၄၁ မှ ၇၄၅
အပိုင်း ၇၄၆ မှ ၇၅၀
အပိုင်း ၇၅၁ မှ ၇၅၅
အပိုင်း ၇၅၆ မှ ၇၆၀
အပိုင်း ၇၆၁ - ၇၆၂
အပိုင်း ၇၆၃ - ၇၆၄
အပိုင်း ၇၆၅ - ၇၆၆
အပ်ုင်း ၇၆၇ - ၇၆၈
အပိုင်း ၇၆၉ - ၇၇၀
အပိုင်း ၇၇၁ မှ ၇၇၅
အပိုင်း ၇၇၆ မှ ၇၈၀
အပိုင်း ၇၈၁ မှ ၇၈၅
အပိုင်း ၇၈၆ မှ ၇၉၀
အပိုင်း ၇၉၁ မှ ၇၉၅
အပိုင်း ၇၉၆ မှ ၈၀၀
အပိုင်း ၈၀၁ - ၈၀၂
အပိုင်း ၈၀၃ မှ ၈၀၆
အပိုင်း ၈၀၇ မှ ၈၁၀
အပိုင်း ၈၁၁ မှ ၈၁၅
အပိုင်း ၈၁၆ မှ ၈၂၀
အပိုင်း ၈၂၁ မှ ၈၂၅
အပိုင်း ၈၂၆ မှ ၈၃၀
အပိုင်း ၈၃၁ မှ ၈၃၅
အပိုင်း ၈၃၆ မှ ၈၄၀
အပိုင်း ၈၄၁ မှ ၈၄၅
အပိုင်း ၈၄၆ မှ ၈၅၀
အပိုင်း ၈၅၁ မှ ၈၅၅
အပိုင်း ၈၅၆ မှ ၈၆၀
အပိုင်း ၈၆၁ မှ ၈၆၅
အပိုင်း ၈၆၆ မှ ၈၇၀
အပိုင်း ၈၇၁ : ခေါင်းဖြတ်ခြင်း
အပိုင်း ၈၇၂ : တစ်ယောက်မှ ထွက်သွားဖို့ မစဥ်းစားနဲ့
အပိုင်း ၈၇၃
အပိုင်း ၈၇၄ : အားလုံးတို့အား ဖမ်းဆီးခြင်း
အပိုင်း ၈၇၅ : စူတောင်သို့ တက်ခြင်း
အပိုင်း ၈၇၆ : ငါကစပြီးမှ မင်းတို့ရဲ့ တောင်ပေါ်ကို လာမယ်
အပိုင်း ၈၇၇ : ယုကျင်းတောင်က စူတောင်အား ဖိနှိပ်ခြင်း
အပိုင်း ၈၇၈ : မင်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခု
အပိုင်း ၈၇၉ : မင်းတို့က ဘယ်သူ့ကို ရွေးရွေး ငါက သူ့ကို အနိုင်ယူပြမယ်
အပိုင်း ၈၈၀ : စွမ်းအားဖျက်ဆီး ကပ်ဘေးကို ထပ်မံရင်ဆိုင်ခြင်း
အပိုင်း ၈၈၁ : အရာအားလုံးတို့အား ကံကြမ္မာ ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်
အပိုင်း ၈၈၂ : ကွဲကြေသွားသော ဓားဆန္ဒများ
အပိုင်း ၈၈၃ : ကောင်းကင်ဖျက်ဆီးက တိုးတက်လာချိန်တွင်
အပိုင်း ၈၈၄ : အရင်အတိုင်း ဘယ်တော့မှ မဖြစ်နိုင်တော့ချေ
အပိုင်း ၈၈၅ : ပြန်လည်ရွေးယူခြင်း
အပိုင်း ၈၈၆ : ကမ္ဘာတစ်ဝန်းမှ ဂုဏ်ပြုကြခြင်း
အပိုင်း ၈၈၇ : တိုက်ပွဲအပြီးမှ ပြစ်ဒဏ်များ
အပိုင်း ၈၈၈ : အကြွေးများကို နယ်မြေများဖြင့် ပေးဆပ်ရခြင်း
အပိုင်း ၈၈၉ : မဟာလွင်တီးခေါင် ကုန်းမြေသို့
အပိုင်း ၈၉၀ : လွတ်မြောက်ရန် အကြံအစည်
အပိုင်း ၈၉၁ : ရွှေပုစဥ်း ဆရာတော်၏ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်
အပိုင်း ၈၉၂ : ရင်ကွဲနာကျ ဖြစ်သွားသော ကျင်းဟွမ်အမတ်
အပိုင်း ၈၉၃ : မဟာလွင်တီးခေါင် ကုန်းမြေအတွင်းက လူတိုင်းက
အပိုင်း ၈၉၄ : မင်းကငါကို ဖော်ပြရင် ငါကလည်း မင်းကို ပြန်ဖော်ပြမယ်
အပိုင်း ၈၉၅ : လင်းဖုန်းအား နွေးထွေးစွာ ကြိုဆိုခြင်း
အပိုင်း ၈၉၆ : ဓားလမ်းစဥ်၏ အလွန်
အပိုင်း ၈၉၇ : အဆက်မပြတ် အောင်မြင်တိုးတက်ခြင်း
အပိုင်း ၈၉၈ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား အသေးစိတ် လေ့လာသုံးသပ်ခြင်း
အပိုင်း ၈၉၉ : ဟင်းလင်းပြင် ဘုရားကျောင်း၏ မဟာ အကြံအစည်
အပိုင်း ၉၀၀ : အမှန်တရားနှင့် ဟာကွက်များကို ဖုံးကွယ်ခြင်း
အပိုင်း ၉၀၁ : မဟာ ကောင်းကင်ကိုးလွှာ မြင့်မြတ်သောဓား
အပိုင်း ၉၀၂ : ရီကျိနှင့် ဟွမ်ထျန်း အန္တိမ မာစတာ
အပိုင်း ၉၀၃ : ဝက်! ဝက်! ဝက်!
အပိုင်း ၉၀၄ : ထောင်ချောက်သို့ သွားရာလမ်း
အပိုင်း ၉၀၅ : ကယ်တင်ခြင်း
အပိုင်း ၉၀၆ : ရွှေပုစဥ်း ဆရာတော်၏ မဟာမိတ်များ
အပိုင်း ၉၀၇ : အစ်ကိုကြီး.. ဆရာ့ကို လူသားတွေ ဖမ်းသွားကြပြီ
အပိုင်း ၉၀၈ : မျောက်
အပိုင်း ၉၀၉ : ငြိမ်သက်စွာဖြင့် စဥ်းစားနေသော လင်းဖုန်း
အပိုင်း ၉၁၀ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၁)
အပိုင်း ၉၁၁ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၂)
အပိုင်း ၉၁၂ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်အား အနိုင်ယူခြင်း (၁)
အပိုင်း ၉၁၃ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်ကို အနိုင်ယူခြင်း (၂)
အပိုင်း ၉၁၄ : ကြုံတွေ့လာသော အခွင့်အရေး တစ်ခု
အပိုင်း ၉၁၅ : ဝေခွဲမရ ဖြစ်နေခဲ့သော မဟာချင် အင်ပါယာ
အပိုင်း ၉၁၆ မှ ၉၂၀
အပိုင်း ၉၂၁ - ၉၂၂
အပိုင်း ၉၂၃ : နောက်ယောင်ခံလိုက်ခြင်း
အပိုင်း ၉၂၄ : မင်းကို ဘာမှမဟုတ်သလို သဘောထားမယ်
အပိုင်း ၉၂၅ : ကြီးထွားလာသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း
အပိုင်း ၉၂၆ : ပါရမီရှင်တွေမှာ ပြဿနာတွေ အပြည့်နဲ့ပါ
အပိုင်း ၉၂၇ : ဂိုဏ်းဆိုတာက လူအသိုင်းအဝိုင်း အသေးစား တစ်ခုပါ
အပိုင်း ၉၂၈ : ဂိုဏ်းအတွင်းမှ ဝါဒအုပ်စုများ
အပိုင်း ၉၂၉ : မောင်ငယ်များ အားလုံး၏ နှလုံးသား အတွင်းတွင်
အပိုင်း ၉၃၀ : သူ၏ အဖော်အား ကျောပေးနေသော ဥဒေါင်း
အပိုင်း ၉၃၁ မှ ၉၃၅
အပိုင်း ၉၃၆ မှ ၉၄၀
အပိုင်း ၉၄၁ မှ ၉၄၅
အပိုင်း ၉၄၆ မှ ၉၅၀
အပိုင်း ၉၅၁ မှ ၉၅၅
အပိုင်း ၉၅၆ မှ ၉၆၀
အပိုင်း ၉၆၁ မှ ၉၇၀
အပိုင်း ၉၇၁ မှ ၉၈၀
အပိုင်း ၉၈၁ မှ ၉၉၀
အပိုင်း ၉၉၁ မှ ၉၉၅
အပိုင်း ၉၉၆ မှ ၁၀၀၀
အပိုင်း ၁၀၀၁ မှ ၁၀၀၅
အပိုင်း ၁၀၀၆ မှ ၁၀၁၀
အပိုင်း ၁၀၁၁ မှ ၁၀၂၀
အပိုင်း ၁၀၂၁ မှ ၁၀၃၀
အပိုင်း ၁၀၃၁ မှ ၁၀၄၀
အပိုင်း ၁၀၄၁ မှ ၁၀၄၅
အပိုင်း ၁၀၄၆ မှ ၁၀၅၀
အပိုင်း ၁၀၅၁ : တာအိုနှလုံးသား ခြေမွသူ
အပိုင်း ၁၀၅၂ : မယုံကြည်နိုင်သော သူများစွာ ရှိကြသည်၊ သို့သော်လည်း
အပိုင်း ၁၀၅၃ : ခွန်းလွန်တောင်မှ တောက်ပသော အလင်းတန်း
အပိုင်း ၁၀၅၄ : ပြန်လည်တည်ဆောက်ခြင်း
အပိုင်း ၁၀၅၅ : လက်ရှိမျိုးဆက်၏ သခင်
အပိုင်း ၁၀၅၆ : ဇူဟုန်ဝူကလည်း စမ်းသပ်နေလိုသည်
အပိုင်း ၁၀၅၇ : မရည်ရွယ်ပဲ အပေါက်တစ်ပေါက် တူးမိခြင်း
အပိုင်း ၁၀၅၈ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းမှ မရေမတွက်နိုင်သော အခွင့်အရေး
အပိုင်း ၁၀၅၉ : ရန်သူနယ်မြေတွင် ခံတပ်တည်ဆောက်ခြင်း
အပိုင်း ၁၀၆၀ : လျှင်မြန်စွာ တိုးတက်ခြင်း၊ ဥက္ကာပျံကဲ့သို့ မြင့်တက်ခြင်း
အပိုင်း ၁၀၆၁ : နတ်ဘုရားနယ်မြေ အတွင်းမှ ပြောင်းလဲမှု
အပိုင်း ၁၀၆၂ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လက်ထပ်ခွင့် တောင်းခံခြင်း
အပိုင်း ၁၀၆၃ : အထင်ကြီးဖွယ်ရာ စီးတော်ယာဥ်
အပိုင်း ၁၀၆၄ : ငရဲကမ္ဘာ ပင်လယ်ကမ္ဘာ၏ ကမ္ဘာငယ်များ
အပိုင်း ၁၀၆၅ : ကြီးကျယ်ခမ်းနားစွာ ကြိုဆိုမှု
အပိုင်း ၁၀၆၆ : သင့်တင့်လျှောက်ပတ်သော ဧည့်သည်များ
အပိုင်း ၁၀၆၇ : ဝေခွဲရ ခက်နေသော ဂူမိသားစု
အပိုင်း ၁၀၆၈ : သေမင်းဧကရာဇ် လိုချင်နေသော အရာ
အပိုင်း ၁၀၆၉ : ဇာတ်ညွှန်းက ရေးပြီးပြီး... ဒါပေမဲ့ မင်းသားက ဘယ်မှာလဲ
အပိုင်း ၁၀၇၀ : ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ဂိုဏ်းက...
အပိုင်း ၁၀၇၁ : သုံးပွင့်ဆိုင် ဆွေးနွေးကြခြင်း
အပိုင်း ၁၀၇၂ : ကွဲပြားခြားနားသော အကျိုးသက်ရောက်မှုကို ဖော်ဆောင်ခြင်း
အပိုင်း ၁၀၇၃ : ဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲ
အပိုင်း ၁၀၇၄ : မျက်လုံး ပြူးနေအောင် ဖွင့်ထားပြီး သင်ယူပါ
အပိုင်း ၁၀၇၅ : မင်းအတွက်တော့ အန္တရာယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အခွင့်အရေး
အပိုင်း ၁၀၇၆ : စီနီယာ အဆင့်ကို အမှီပြု၍ ဝင့်ကြွားခြင်း
အပိုင်း ၁၀၇၇ : မျက်နှာပျက်သွားသော အကြီးအကဲ
အပိုင်း ၁၀၇၈ : ပြိုင်ပွဲ၏ လောင်းကြေး
အပိုင်း ၁၀၇၉ : တစ်ယောက်၏ စွမ်းရည် အကန့်အသတ်ကို ကျော်လွန်၍ ကြိုးစားခြင်း
အပိုင်း ၁၀၈၀ : အန္တိမ ပြိုင်ပွဲ
အပိုင်း ၁၀၈၁ : ရင်ခုန်သံများ မြန်လာခြင်း
အပိုင်း ၁၀၈၂ : အရေအတွက်နှင့် ကွဲပြားမှုများကို ဖြည့်ခြင်း
အပိုင်း ၁၀၈၃ : ငါတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ကမ္ဘာကို နားမလည်နိုင်တော့ဘူ
အပိုင်း ၁၀၈၄ : ကမ္ဘာအတွင်းမှ အကောင်းဆုံး
အပိုင်း ၁၀၈၅ : နောက်ထပ် စစ်မြေပြင် တစ်ခုတွင် ရန်ငြိုးရန်စများကို ဖြေရှင်းခြင်း
အပိုင်း ၁၀၈၆ : သက်ရှည်ကြာပန်း ထိုင်ခုံ
အပိုင်း ၁၀၈၇ : လက်ဆောင်လာပေးခြင်း
အပိုင်း ၁၀၈၈ : ငရဲကမ္ဘာ ပင်လယ် အတွင်းသို့ လိုက်လံ တိုက်ခိုက်ကြခြင်း
အပိုင်း ၁၀၈၉ : ပထမ တိုက်ပွဲအား နိုင်သူသည် စစ်ပွဲကို အနိုင်ရသူ မဟုတ်ပေ
အပိုင်း ၁၀၉၀ : သစ္စာဖောက်သူ
အပိုင်း ၁၀၉၁ : ခံစားချက် ကင်းမဲ့သောသူသည် အစစ်အမှန် သူရဲကောင်းတစ်ယောက် မဖြစ်နိုင်
အပိုင်း ၁၀၉၂ : ခံစားချက် ရှိသောသူများကလည်း ယောကျ်ားပီသနိုင်သည်
အပိုင်း ၁၀၉၃ : နတ်ဘုရားနယ်မြေ အတွက် နောက်ဆုံးအကြိမ် သွေးမြေကျခြင်း
အပိုင်း ၁၀၉၄ : ငရဲကမ္ဘာ ပင်လယ်၏ ဗဟိုချက်
အပိုင်း ၁၀၉၅ : ရှေးဟောင်းခေတ်မှ ဟင်းလင်းပြင် ဘုရားကျောင်း၏ ပဋိပက္ခ
အပိုင်း ၁၀၉၆ : ကြေကွဲဖွယ်ရာများ၏ အဆုံးသတ်
အပိုင်း ၁၀၉၇ : ခွေးများကို ကျွေးခဲ့သော ရိုးသားမှု
အပိုင်း ၁၀၉၈ : သေမင်းဧကရာဇ်၏ ဒုတိယ နတ်ဆိုးဝိညာဥ်
အပိုင်း ၁၀၉၉ : ရှဧကရာဇ်နှင့် တိုက်ခိုက်ခြင်း
အပိုင်း ၁၁၀၀ : သေမင်းဧကရာဇ်နှင့် တိုက်ခိုက်ခြင်း
အပိုင်း ၁၁၀၁ : နတ်ဆိုးဝိညာဥ်၏ အမျက်ဒေါသ
အပိုင်း ၁၁၀၂ : ပြန်ဆပ်၍ မရသည့် အကြွေးများ
အပိုင်း ၁၁၀၃ : မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်းလား
အပိုင်း ၁၁၀၄ : သေမင်းဧကရာဇ်၏ စစ်သည်ရဲမက်များကို လိုက်လံ သတ်ဖြတ်ကြခြင်း
အပိုင်း ၁၁၀၅ : ပြိုင်ဘက်များကို အလစ်အငိုက် ဖမ်းခြင်း
အပိုင်း ၁၁၀၆ : မူမမှန်တဲ့ လှုပ်ရှားမှုတွေကို သတိထားပါ
အပိုင်း ၁၁၀၇ : ပြင်ပကမ္ဘာတွင် ပြင်းထန်စွာ လှုပ်ရှားနေကြသော်လည်း ဂိုဏ်းအတွင်းတွင်
အပိုင်း : ၁၁၀၈ : ဝေဖန်မှုအောက်မှ ဆန်းစစ်မှု
အပိုင်း ၁၁၀၉ : ဘာဖြစ်လို့လဲ ဆိုတော့ မင်းတို့အားလုံးက အမတန်မှ သန်မာလို့ပဲ
အပိုင်း ၁၁၁၀ : ဝိညာဥ်ပင်လယ်ကို ပြန်လည် ဖွင့်လှစ်ခြင်းလော
အပိုင်း ၁၁၁၁ : ဟင်းလင်းပြင် ဘုရားကျောင်း၏ အကြံအစည်
အပိုင်း ၁၁၁၂ : မြောင်ရှီးဟောင်၏ တံခါးပိတ်နေရာမှ ထွက်လာခြင်း
အပိုင်း ၁၁၁၄ : အကြီးကျယ်ဆုံး မြင့်မြတ်နယ်မြေ

အပိုင်း ၁၁၁၃ : ငါတို့က ဘယ်လိုလုပ်ပြီး မတည်ငြိမ်တဲ့ အင်အားစု ဖြစ်မှာလဲ

235 19 0
By KazunoMora

စာစဥ် ၅၈ : အပိုင်း ၃

အပိုင်း ၁၁၁၃ : ငါတို့က ဘယ်လိုလုပ်ပြီး မတည်ငြိမ်တဲ့ အင်အားစု ဖြစ်မှာလဲ

မြောင်ရှီးဟောင်က ပြောလိုက်သည်။ "ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ အထဲက ဂိုဏ်းခေါင်းဆောင် နှစ်ဆက် ဖြစ်ကြတဲ့ ထိုက်ရီသူတော်စင်နဲ့ ယန်နန်းလိုင်တို့က အဆုံးစွန် ကွန်ဆာဗေးတစ် ပါတီဝင်တွေ ဖြစ်ကြတယ်… သူတို့နှစ်ယောက်အပြင် နာယက အကြီးအကဲ ကောင်စီဝင် အတွင်းက ဖုယွင်ခုံးလည်း ပါတယ်"

"ဒုတိယ အဖွဲ့ကို ရှေ့ဆောင်လမ်းစဥ် ကွန်ဆာဗေးတစ်တွေလို့ ခေါ်တယ်… သူတို့က ကွန်ဆာဗေးတစ် ပါတီအတွင်းက ရှေ့ဆောင်လမ်းစဥ် ဝါဒကို ကျင့်သုံးကြသူတွေ ဖြစ်ကြတယ်… သူတို့ကို ချင်းရီ သူတော်စင်မယ်က ဦးဆောင်ပြီး သူမရဲ့ တပည့်ဖြစ်တဲ့ ယန်ယွင်ကျန်းအပြင် ယုယွမ် သူတော်စင်မယ်နဲ့ ချင်းနင်သူတော်စင်တို့က ပါကြတယ်"

မြောင်ရှီးဟောင်၏ နှုတ်ခမ်းက အေးစက်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ "ချင်းရီ သူတော်စင်မယ်နဲ့ သူမရဲ့ နောက်လိုက်တွေ အမြင်မှာ ဟင်းလင်းပြင် ဘုရားကျောင်းဟာ လူသား ဧကရာဇ်လိုမျိုး အုပ်ချုပ်သူ မရှိပဲနဲ့လည်း ရပ်တည်နိုင်တယ်"

"ဒါပေမဲ့ သူတို့အနေနဲ့ ဟင်းလင်းပြင် ဘုရားကျောင်းဟာ နတ်ဘုရားနယ်မြေ အတွင်းမှာ အသန်မာဆုံး အင်အားစု ဖြစ်နေရမှာ ဖြစ်ပြီး လူသားမျိုးနွယ်စု တစ်ခုလုံးရဲ့ အခြေအနေက သူတို့ရဲ့ ထိန်းချုပ်မှု အတွင်းမှာ ရှိနေရမှာ ဖြစ်တယ်"

"တကယ်လို့ မထင်မှတ်တဲ့ ပြောင်းလဲမှု တစ်ခု ပေါ်လာရင် ဟင်းလင်းပြင် ဘုရားကျောင်းက သူတို့ကို အချိန်မီ ကိုင်တွယ်နိုင်ရမှာ ဖြစ်တယ်… သူတို့ရဲ့ အမြင်အရ ဟင်းလင်းပြင် ဘုရားကျောင်းကသာ ယုံကြည်ဖို့ ထိုက်တန်သူ ဖြစ်တယ်"

"ဟင်းလင်းပြင် ဘုရားကျောင်းကသာ လူသားကမ္ဘာကို တရားမျှတမှုတွေကို ဆောင်ကြဥ်းပေးနိုင်ပြီး နတ်ဘုရားနယ်မြေကို ထိန်းချုပ်နိုင်တယ်… သူတို့က တခြား ဘယ်သူ့ကိုမှ မယုံဘူး… တကယ်လို့ ဟင်းလင်းပြင် ဘုရားကျောင်းက ဒီလိုမျိုး စွမ်းအားစုတွေကို မထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်လာရင် သူတို့ကို အရှိန်အဟုန်တွေ သေသွားအောင် နှိပ်ကွပ်ပစ်တယ်"

လင်းဖုန်းက စဥ်းစားလိုက်ကာ အသုံးတိုးတိုးဖြင့် ပြောလိုက်သည်။ "ရှေးဟောင်းခေတ်မှာ ကွန်ဆာဗေးတစ် ပါတီက ပြိုကွဲသွားတော့ ယန်ရှင်းဟီရဲ့ လက်အောက်က ရှေ့ဆောင်လမ်းစဥ် ပါတီဟာ နှစ်ခြမ်းကွဲသွားတယ်"

"ဒါက မင်းအစောပိုင်းက ပြောထားတဲ့ နှစ်ခြမ်းကွဲမှု နှစ်ကြိမ်ရဲ့ ပထမအခေါက် ဖြစ်လိမ့်မယ်… ပြီးတာနဲ့ ကွန်ဆာဗေးတစ် ရှေ့ဆောင်လမ်းစဥ်ကနေပြီး နောက်ထပ် အမြင်တစ်မျိုး ထပ်ကွဲလာပြီး လက်ရှိ ရှေ့ဆောင်လမ်းစဥ် ပါတီ ဖြစ်လာတယ်… ဒါက ဒုတိယ အခေါက် နှစ်ခြမ်းကွဲမှု ဖြစ်တာပေါ့"

မြောင်ရှီးဟောင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်… လက်ရှိ ရှေ့ဆောင်လမ်းစဥ် ပါတီရဲ့ မူလက ကွန်ဆာဗေးတစ် ရှေ့ဆောင်လမ်းစဥ်တွေက ကွန်ဆာဗေးတစ် ပါတီကနေ ကွဲလာတဲ့ အချိန်မှာ အစပြုလာတာ… ကွန်ဆာဗေးတစ်နဲ့ ရှေ့ဆောင်လမ်းစဥ် ပါတီတို့ရဲ့ စဦးပိုင်း ကွဲပြားမှုကနေ ဖြစ်လာတာ မဟုတ်ဘူး"

"အချိန်ကာလ တစ်ခုအတွင်းမှာ ကွန်ဆာဗေးတစ်ပါတီဟာ ဟင်းလင်းပြင် ဘုရားကျောင်း အတွင်းမှာ အများစု လွှမ်းမိုးထားနိုင်ခဲ့ပြီးမှ ရှေ့ဆောင်လမ်းစဥ် အဖွဲ့ဝင်တွေက ဖြည်းဖြည်းချင်း ပေါ်လာတယ်"

"ကွန်ဆာဗေးတစ် ရှေ့ဆောင်လမ်းစဥ် အတွင်းကနေပြီး ဟင်းလင်းပြင် ဘုရားကျောင်းဟာ နတ်ဘုရားနယ်မြေရဲ့ အုပ်ချုပ်သူ ဖြစ်လာရင် မဟာလွင်တီးခေါင် ကုန်းမြေနဲ့ ရင်ဆိုင်တဲ့ နေရာမှာ ပိုပြီးမှ အကျိုးရှိလာနိုင်တယ်လို့ ယုံကြည်ချက်တစ်ခု ပေါက်ဖွားလာတယ်… ဟင်းလင်းပြင် ဘုရားကျောင်းဟာ အသန်မာဆုံး ဖြစ်တဲ့အတွက် သူတို့က အုပ်ချုပ်သူ ဖြစ်သင့်တယ် ဆိုပြီးတော့ပေါ့"

လင်းဖုန်းက ရယ်ရမ်းသွေးလိုက်သည်။ "ဒါက ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ကွန်ဆာဗေးတစ် ရှေ့ဆောင်လမ်းစဥ်တို့ရဲ့ လက်ရှိအမြင်ပေါ့"

"ဟုတ်တယ်" မြောင်ရှီးဟောင်က ပြန်ဖြေလိုက်သည်။ "ဒီကွဲပြားမှုကနေပြီး ကျွန်တော်တို့ ဒီကနေ့ တွေ့ခဲ့ရတဲ့ ရှေ့ဆောင်လမ်းစဥ် ပါတီကို ဖန်တီးပေးခဲ့တာ… သူ့ရဲ့ လက်ရှိခေါင်းဆောင်က ကျန်းရီသူတော်စင်ဖြစ်ပြီး သူ့ရဲ့ လက်ရင်းတပည့် ဖြစ်တဲ့ ကောင်းဟန် အပါအဝင် ရွှမ်းလင်သူတော်စင်နဲ့ ဝူမန့်ချီတို့ ပါဝင်ကြတယ်"

"အဆုံးစွန် ကွန်ဆာဗေးတစ်ပါတီနဲ့ ရှေ့ဆောင်လမ်းစဥ် ကွန်ဆာဗေးတစ်ပါတီတို့ အပြီးမှာ တတိယ အုပ်စုကလည်း ဖြည်းဖြည်းချင်း ပေါ်လာတယ်… သူတို့က ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိပဲ အလယ်လမ်းစဥ် ကွန်ဆာဗေးတစ်ပါတီလို့ ခေါ်တယ်… အဓိက ခေါင်းဆောင်က ရွှမ်းရီ သူတော်စင်နဲ့ ချိုင်ဖန်းကျိုးတို့ ဖြစ်ကြတယ်"

မြောင်ရှီးဟောင်က ရှင်းပြလိုက်သည်။ "သူတို့ရဲ့ အမြင်တွေက အဆုံးစွန် ကွန်ဆာဗေးတစ်ပါတီနဲ့ ရှေ့ဆောင်လမ်းစဥ် ကွန်ဆာဗေးတစ်ပါတီတို့ရဲ့ အလယ်မှာ ရှိကြတယ်… အတွေးအမြင် သက်သက်ဆိုရင် သူတို့က အဆုံးစွန် ကွန်ဆာဗေးတစ် ပါတီနဲ့ တူညီတယ်… ဒါပေမဲ့ တကယ်တမ်း စွမ်းအားတွေကို ထုတ်သုံးကြရင် သူတို့က ရှေ့ဆောင်လမ်းစဥ် ကွန်ဆာဗေးတစ်ဘက်ကို ယိမ်းကြတယ်"

လင်းဖုန်းက သူ၏ခေါင်းကို မော့လိုက်သည်။ "ကြည့်ရတာ လက်ရှိ အလယ်လမ်းစဥ် ကွန်ဆာဗေးတစ် ပါတီက ရှေ့ဆောင်လမ်းစဥ် ကွန်ဆာဗေးတစ် တွေဘက်ကို ပိုယိမ်းနေတယ်နဲ့ တူတယ်"

သူမြောင်ရှီးဟောင်အား ပေးပို့ခဲ့သော အလင်းတန်း ပုံရိပ်များ အတွင်းတွင် မြောင်ရှီးဟောင်က တံခါးပိတ်၍ ကျင့်ကြံနေချိန်တွင် နတ်ဘုရားနယ်မြေ အတွင်းတွင် ဖြစ်ပျက်ခဲ့သမျှကို အကျဥ်းချုံး၍ စုစည်းထားခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေကို အကြမ်းဖျင်း နားလည် သဘောပေါက်သွား အပြီးတွင် သူက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ "ဖြစ်နိုင်ခြေ အများကြီး ရှိတယ်"

"ကွန်ဆာဗေးတစ် ပါတီရဲ့ ယေဘုယျ လမ်းစဥ်က ပါတီသုံးခုလုံးကို စေ့စပ်ညှိနှိုင်းပြီးမှ ဆောင်ရွက်လေ့ ရှိတယ်… ပြီးမှ အသေးစိတ် ဆက်ပြီး ဆွေးနွေးကြတယ်… ဒါ့အပြင် သတိပြုစရာ သုံးချက်ရှိတယ်"

"ပထမ… အားလုံးတို့က ကိုယ်ပိုင်အမြင်တွေ ရှိကြတယ်… ပါတီ တစ်ခုတည်းက လူတွေတောင် ကွဲပြားခြားနားစွာ မြင်ကြတယ်… တစ်ဂိုဏ်းတည်း အတွင်းမှာတောင် လျှို့ဝှက် ကြံစည်တတ်တဲ့သူတွေ ရှိကြပြီး ရှေးရိုးစွဲပြီး ရိုးသားတဲ့သူတွ ရှိကြတယ်"

ပြီးတာနှင့် မြောင်ရှီးဟောင်သည် လက်ချောင်း သုံးချောင်း ထောင်ပြလိုက်ကာ နှစ်ချောင်းကို တစ်ချောင်းပြီး တစ်ချောင်း ပြန်သိမ်းလိုက်သည်။ "ဒုတိယ… ကွန်ဆာဗေးတစ်ပါတီ အတွင်းက အဖွဲ့သုံးဖွဲ့တို့ဟာ ပြောင်းလဲမှုတွေ မကြာခဏ ပြုလုပ်လေ့ ရှိကြတယ်…အဖွဲ့တစ်ခုက ခေါင်းဆောင်က ပြောင်းသွားရင် ကွန်ဆာဗေးတစ် ပါတီရဲ့ မူလလမ်းစဥ်က အနည်းငယ် ပြောင်းလဲသွားတတ်တယ်"

"တတိယ… လူတွေရဲ့ အမြင်ဟာ မတူညီတဲ့ အချိန်ကာလနဲ့ ပြင်ပ အခြေအနေတွေ အပေါ်မှာ မူတည်ပြီး ပြောင်းလဲလေ့ ရှိကြတယ်… ဒါပေမဲ့ သူတို့က ရှားပါးကြတယ်"

သူက လင်းဖုန်းအား ကြည့်လိုက်သည်။ "ကျန်းရီသူတော်စင်နဲ့ ချင်းရီ သူတော်စင်မယ်တို့က ကျွန်တော်တို့ဂိုဏ်းနဲ့ အရှင့်ကို ဆန့်ကျင်ဖို့ အလားအလာတွေ ရှိနေပြီး ရွှမ်းရီ သူတော်စင်ကလည်း သူတို့ဘက်ကို ယိမ်းမယ့် သဘောရှိနေတယ်"

"ကောင်းဟန်… ရွှမ်းလင်သူတော်စင်… ဝူမန့်ချီ… ယန်ယွင်ကျန်း… ယုယွမ် သူတော်စင်မယ်… ချင်းနင်သူတော်စင်နဲ့ ချိုင်ဖန်းကျိုးတို့ကလည်း အမြင်တစ်မျိုးတည်း ရှိနိုင်တယ်"

"ဒီလိုမျိုး အခြေအနေအောက်မှာ သူတို့ဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အဆင့်မြင့် အစည်းအဝေးမှာ အရေအတွက် အားဖြင့် လုံးဝ အသာစီး ရနေပြီ… ထိုက်ရီသူတော်စင်နဲ့ ယန်နန်းလိုင်တို့က အမြင်မတူရင်တောင်မှာ ဖုယွင်ခုံးလိုမျိုးပဲ သူတို့ရဲ့ အမြင်တွေကို ထုတ်ပြောလို့ မရနိုင်ဘူး"

"အရှင်က ကြယ်စင်ပင်လယ် အတွင်းကို ပထမဆုံး ဝင်သွားတဲ့ အချိန်မှာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အတွင်းစည်းဝိုင်းက အမြင်တွေ တစ်ထပ်တည်းကျအောင် လုပ်နိုင်ခဲ့ပြီဆိုတဲ့ ယူဆချက်က မှန်နိုင်ခြေများတယ်"

ဤအထိ ကြားပြီးသွားသော အခါ လင်းဖုန်းသည် ဆက်လက်၍ မမေးခဲ့ပဲ အတွေးနက်သွားသည်။ "ထိုက်ရီသူတော်စင်… ယန်နန်းလိုင်… ဖုယွင်ခုံး… သူတို့က အဆုံးစွန် ကွန်ဆာဗေးတစ်တွေလား… သူတို့ကလည်း သူတို့ရဲ့ အမြင်တွေကို မဖော်ပြပဲ ဒီအတိုင်း ထိုင်နေမှာတော့ မဟုတ်လောက်ဘူး"

မြောင်ရှီးဟောင်က လင်းဖုန်းအား သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်နေပြီး ဘာမှ မပြောခဲ့ပေ။

လင်းဖုန်းက သတိပြန်ဝင်လာ၍ မြောင်ရှီးဟောင်အား ကြည့်ပြီး မေးလိုက်သည်။ "ထိုက်ရီသူတော်စင်က ဒဏ်ရာရခဲ့အပြီးမှာ ရန်သူတွေနဲ့ ထပ်မရင်ဆိုင်ပဲ ပိုင်ယွင်တောင်မှာပဲ ဒဏ်ရာတွေကို ကုစားနေခဲ့တယ်… အခု အခြေအနေ ဘယ်လိုလဲ"

"ကမ္ဘာနှစ်ခု အကြားက နောက်ဆုံး စစ်ပွဲအတွင်းမှာ ထိုက်ရီသူတော်စင်ရဲ့ ဧကရာဇ် တာအို အခြေခံဟာ ဟေးဒီးစ် ဧကရာဇ်ကြောင့် ဒဏ်ရာရသွားပြီး သူ့ရဲ့ နည်းစနစ်နဲ့ မှော်စွမ်းအင်တို့ဟာ ဗီပရာလိုပါ အဆင့်ရဲ့ အထွတ်အထိပ်ကို ကျသွားခဲ့ပြီး ပြန်လည် သက်သာဖို့ အမတန်မှ ခက်ခဲတယ်"

မြောင်ရှီးဟောင်က အနည်းငယ် နေရခက်သည့်ပုံ ပေါက်လာသည်။ "သူက မဟာကပ်ဘေးကို ဆင့်ခေါ်နိုင်စွမ်း ရှိနိုင်သေးပေမဲ့ သူ့ရဲ့ကိုယ်ပိုင် ခန္ဓာကိုယ်ကတော့ ဒီကပ်ဘေးကို ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး"

"သူက ဒီလိုမျိုး နောက်ဆုံးအကွက်ကို ထုတ်သုံးလိုက်တာနဲ့ သူနဲ့ သူ့ပြိုင်ဘက်တို့က အတူတကွ ကြွေလွင့်သွားနိုင်တယ်… ပိုပြီးတော့ တိကျစွာနဲ့ ပြောရရင် သူက သူ့ပြိုင်ဘက်ကို မသတ်နိုင်ခင်မှာ သူအရင်သေရမှာ ဖြစ်တယ်"

"အစောပိုင်းက အရှင်ပြောထားသလိုပဲ… နဂါးမျိုးနွယ်စုတွေရဲ့ ခေါင်းဆောင် မူလနဂါး ဘုရင်ဟာ ကြမ္မာပန်းတိုင် ဒုတိယ ကပ်ဘေးကို အောင်မြင်စွာနဲ့ ကျော်လွှားနိုင်ပြီး ကာဒီနယ်ကပ်ဘေး အလယ်အလတ် အဆင့်ကို ရောက်သွားနိုင်ပြီ… ဒါက ဟင်းလင်းပြင် ဘုရားကျောင်း အတွက် ကြီးမားတဲ့ ရိုက်ချက်တစ်ခုပဲ"

"မူလနဂါး ဘုရင်ရဲ့ နည်းစနစ်နဲ့ မှော်စွမ်းအင်တို့က တိုးတက်လာတော့ ထိုက်ရီသူတော်စင်က မူလနဂါး ဘုရင်နဲ့ အသက်ချင်းလဲပြီး အတူတကွ ကြွေလွင့်ဖို့ မဖြစ်နိုင်တော့ဘူး… တကယ်လို့ မူလနဂါး ဘုရင်ဟာ ပိုင်ယွင်တောင်ကို တိုက်ရိုက် မတိုက်ခိုက်ရင် ဟင်းလင်းပြင် ဘုရားကျောင်းက အန္တိမ ကောင်းကင်ကြေးမုံက လွဲလို့ သူ့ကို ရင်ဆိုင်နိုင်မယ့် နည်းလမ်း မရှိတော့ဘူး"

လင်းဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် တွန့်သွားသည်။ ဟင်းလင်းပြင် ဘုရားကျောင်း၏ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ၍ တိုက်ခိုက်သည့် နည်းလမ်းများကို ကြားရသည့်အခါ သူသည် တူညီသော တစ်စုံတစ်ရာကို ပြန်လည်၍ သတိရလာခဲ့သည်။

"သင့်တော်တဲ့ တန်ပြန် တိုက်ခိုက်နိုင်မှု မရှိခဲ့ရင် ဒီအကွက်ဟာ ထိုက်ရီသူတော်စင်ကို ဗီပရာလိုပါ အဆင့်မှာ ပြိုင်ဘက်ကင်းစေတယ်" လင်းဖုန်းက ရယ်ရမ်းသွေးကာ သူ၏ခေါင်းကို ခါလိုက်သည်။ "ဒါက ဒဏ္ဍာရီလာ 'ငါက မင်းကို အနိုင်မတိုက်နိုင်တော့ မင်းကို သတ်ပစ်မယ်' ဆိုတဲ့ နည်းစနစ်ပဲ ဖြစ်လိမ့်မယ်"

"ဟားဟား… ရှောင်ယန်ကလည်း ဒီလိုမျိုး စွမ်းရည်တွေ ရှိထားပြီး သူ့ပြိုင်ဘက်တွေကို ဒုက္ခတွေ့စေတယ်… အခုအချိန်မှာ ငါကလည်း တစ်စုံတစ်ယောက်က ငါ့ကို ဒီစွမ်းရည်ကို အသုံးပြုပြီး တိုက်ခိုက်မှာကို ကာကွယ်ရမယ့် အခြေအနေမျိုး ရောက်သွားပြီ"

လင်းဖုန်း၏ လက်အောက်မှ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ သူရဲကောင်းလေးဖော် အနက်တွင် သူ၏ ဒုတိယတပည့် ဇူရီသည် အသန်မာဆုံးဟု အားလုံးတို့က သတ်မှတ်ထားကြသည်။ သူ၏ ကိုယ်ပိုင် နည်းစနစ်နှင့် မှော်စွမ်းအင်တို့ကြောင့် မဟုတ်ပဲ သူသွားလေရာကို ယူဆောင်သွားသည့် ဟီဂန် ရွှေရောင်တံတားကြောင့် ဖြစ်သည်။

သို့သော်လည်း ဇူရီနှင့် ဟီဂန် ရွှေရောင်တံတားတို့၏ ပူးပေါင်းစွမ်းအားသည် အငြင်းပွားဖွယ်ရာ မရှိပဲ အလွန်သန်မာသည်။ ဘာပဲပြောပြော ကျင့်ကြံသူ တစ်ယောက်၏ မှော်ရတနာသည် တကယ့်တိုက်ပွဲ အတွင်းတွင် သူ၏ စွမ်းအား တစိတ်တပိုင်းဟု ပြော၍ရသည်။ သေရေးရှင်ရေး အခြေအနေတွင် တစ်ယောက်ကမှ သူ၏ မှော်ရတနာအား အသုံးမပြုရလောက်အောင် ရူးမိုက်နေမည် မဟုတ်ချေ။

သို့သော်လည်း ရှောင်ယန်အား ရင်ဆိုင်ရခြင်းသည် ပြိုင်ဘက်များကို ကူရာမဲ့၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သူတို့၏ နည်းစနစ်များက ရှောင်ယန်အား လွှမ်းမိုးနိုင်လျှင်ပင် သူသည် သူ၏ ပြိုင်ဘက်များကို သေရွာအတူ ခေါ်သွားနိုင်သည်။ သူ၏ ပြိုင်ဘက်များကလည်း ရှောင်ယန်အား ဤအခြေအနေသို့ ရောက်အောင် ထိပ်တိုက် ရင်ဆိုင်ရဲကြမည် မဟုတ်ချေ။

ဒါသည် ထိပ်သီး ကျင့်ကြံသူများအား အလွန်အမင်း ဒုက္ခရောက်စေသည့် အရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလွန်မှ အကျိုးအကြောင်း မဆီလျှော်သောကြောင့် ဖြစ်သည် - တကယ်လို့ မင်းကငါ့ကို ချုပ်နှောင်ထားနိုင်ရင် ငါရှုံးသွားမယ်၊ မဟုတ်ရင် ငါကမင်းကို ဖောက်ခွဲပစ်ပြီး သေရွာအတူ ခေါ်သွားမယ်။

မြောင်ရှီးဟောင်က လင်းဖုန်းအား ကြည့်လိုက်သည်။ "အရှင်… ကျွန်တော်က အရှင့်ကို သတိပေးရဦးမယ်… ဒီနောက်ဆုံးနည်းလမ်း အပြင် ထိုက်ရီသူတော်စင်ရဲ့ နည်းစနစ်တွေက အမတန်မှ အစွမ်းထက်ပြီး ကျင့်ကြံမှု အဆင့်အတန်း တူတဲ့ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ မဟာ အကြီးအကဲ လေးယောက်အနက်မှာ ထိပ်ဆုံးနေရာမှာ ရှိနေတယ်"

လင်းဖုန်းက ခေါင်းညိတ်လိုက်သည်။ "ငါကလည်း ခန့်မှန်းပြီးသားပါ… သူက ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ သမိုင်းတလျှောက်မှာ မဟာဟင်းလင်းပြင် သူတော်စင်နဲ့ ဝမ်ချီယန်တို့ အပြီးမှာ တတိယမြောက် အစွမ်းအထက်ဆုံး ကျင့်ကြံသူ တစ်ယောက်ဖြစ်တယ်"

"ပြီးခဲ့တဲ့ ကမ္ဘာနှစ်ခု အကြားက တိုက်ပွဲမှာ ဟေးဒီးစ် ဧကရာဇ်ရဲ့ ဒဏ်ရာရအောင် အလုပ်မခံခဲ့ရစဥ်က သူ့ရဲ့ ဂုဏ်ကျက်သရေ အထွတ်အထိပ် အခြေအနေမှာ သူက လက်ရှိခေတ်ရဲ့ နတ်ဘုရားနယ်မြေ အတွင်းမှာ အသန်မာဆုံး ကျင့်ကြံသူလို့ အသတ်မှတ် ခံခဲ့ရတယ်… သူက ဒီဂုဏ်ထူးနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်"

သူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ အပြုံးတစ်ခု အဖြစ်သို့ တွန့်သွားသည်။ "သူက မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်းကိုတောင် ပိုင်ဆိုင်ထားတယ်"

"ဟုတ်တယ်" မြောင်ရှီးဟောင်က ထောက်ခံလိုက်သည်။ "သူက ကျင့်ကြံမှု အဆင့်အတန်း အမတန်မှ နက်နဲတဲ့အပြင် ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ သမိုင်းတလျှောက်မှာ ကျင့်ကြံမှု အဆင့်တူရင် သူ့ကို ယှဥ်နိုင်တဲ့သူ အနည်းငယ်သာ ရှိတယ်"

လင်းဖုန်းက အတွေးနက်နေပြီး ခေါင်းညိတ်ပြလိုက်သည်။

မြောင်ရှီးဟောင်က အနည်းငယ် ငြိမ်သက်သွားပြီးမှ ဆက်ပြောလိုက်သည်။ "အရှင်က စူတောင်ရဲ့ သူတော်စင် ကောင်းကင်ဓားကို ဖြတ်တောက်လိုက်ပြီး ကောင်းကင်ဖျက်ဆီး ဓားကို ဖန်ဆင်းခဲ့တယ်"

"ဒါက ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အတွင်းစည်းဝိုင်းက အမြင်တွေကို တစ်ထပ်တည်း ကျသွားစေတဲ့ အဓိက အချက်တစ်ခု ဖြစ်လိမ့်မယ်… ဘာဖြစ်လို့လဲဆိုတော့ စူတောင်တိုက်ပွဲ အပြီးမှာ အရှင်နဲ့ အရှင့်ရဲ့ ဂိုဏ်းတို့ဟာ ဟင်းလင်းပြင် ဘုရားကျောင်းကို ယှဥ်ပြိုင်လာနိုင်တဲ့ စွမ်းရည် ရှိလာလို့ပဲ"

"အရှင်ရဲ့ ကောင်းကင်ဖျက်ဆီး ဓားချီဟာ အမတန်မှ ခက်ထန်ကြမ်းကြုတ်ပြီး ကပ်ဆိုး စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး ဟင်းလင်းပြင် ဘုရားကျောင်း အတွက် မသက်မသာ ခံစားချက်တွေကို ပေးစွမ်းနိုင်တယ်… ဒါ့အပြင် ဒီဓားကို ဆက်ပြီးကျင့်ကြံဖို့ ချိပ်ပိတ်ခဲ့တာက အရှင့်အပေါ်မှာ ပိုပြီးမှ ဆန့်ကျင်ဖို့ ရည်ရွယ်ချက်တွေကို ထားစေနိုင်တယ်"

လင်းဖုန်းက ပြုံးလိုက်သည်။ "ဒါက မျှော်လင့်ချက် အတွင်းမှာပဲ ရှိနေတယ်… ငါက သူတို့ကို စိတ်ကျေနပ်မှု ရစေဖို့ ရှေ့မတိုးပဲ ရပ်မနေနိုင်ဘူး… တချို့အရာတွေက ဘာပဲဖြစ်ဖြစ် လုပ်မှရမယ့် အရာတွေ ဖြစ်တယ်"

"ငါတို့က ကမ္ဘာနှစ်ခု အကြားက စစ်ပွဲအပြီးမှာ တစ်ယောက်နဲ့ တစ်ယောက် အကြီးအကျယ် ထိပ်တိုက်တွေ့ရင်လည်း ဘာမှပြောစရာ မရှိဘူး… ငါတို့ရဲ့ ကိုယ်ပိုင်စွမ်းရည် အသီးသီးတို့ အပေါ်မှာပဲ မှီခိုရလိမ့်မယ်"

မြောင်ရှီးဟောင်က သူ၏ခေါင်းကို ခါလိုက်ပြီး လင်းဖုန်း၏ မျက်လုံးများအား တည့်တည့်ကြည့်လိုက်သည်။ "အရှင်… အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ အရှင်တို့ဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ မတည်ငြိမ်တဲ့ စွမ်းအားစု… ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ စွမ်းအားစုလို့တောင် သတ်မှတ်ခြင်းကို ခံထားရနိုင်တယ်"

လင်းဖုန်း၏ မျက်လုံးများက အရောင်လက်သွား၏။ "အိုး… ငါတို့က ဘယ်လိုလုပ်ပြီး မတည်ငြိမ်တဲ့ စွမ်းအားစု… ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ စွမ်းအားစု ဖြစ်သွားရတာလဲ"

"အန္တရာယ်ရှိတယ် ဆိုတာကို ရှင်းပြရတာက လွယ်ပါတယ်… အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဟာ လူသား မျိုးနွယ်စု တစ်ခုလုံးနဲ့ နတ်ဘုရားနယ်မြေရဲ့ တိုးတက်မှု အပေါ်မှာ အန္တရာယ် ရှိတယ်လို့ ယူဆနေတာ… ဒါမှမဟုတ် ကမ္ဘာနှစ်ခု အကြားက စစ်ပွဲနဲ့ သေမင်းဧကရာဇ်တို့ကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ သူတို့ရဲ့ စည်းလုံးညီညွှတ်မှုတွေကို အန္တရာယ် ဖြစ်စေနိုင်တာကို ဆိုလိုနေတာ"

လင်းဖုန်းက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။ "ဒါဆိုရင် မတည်ငြိမ်တဲ့ စွမ်းအားစု ဆိုတာက ဘာကို ဆိုလိုနေတာလဲ… ငါတို့ကို ရန်လိုတဲ့ စွမ်းအားစုလို့ မသတ်မှတ်နိုင်သေးပဲ လာမယ့် ကမ္ဘာနှစ်ခု အကြားက စစ်ပွဲအပြီးမှာ ထပ်ပြီး စောင့်ကြည့်ဖို့ လိုဦးမယ်လို့ ဆိုလိုနေတာလား"

မြောင်ရှီးဟောင်က သူ၏ခေါင်းကို ခါပြီး လင်းဖုန်းအား စိုက်ကြည့်လိုက်ကာ စကားများကို တစ်လုံးချင်း တစ်လုံးပြောလိုက်သည်။ "ပြီးခဲ့တဲ့ ကမ္ဘာနှစ်ခု အကြားက စစ်ပွဲမှာ ဟင်းလင်းပြင် ဘုရားကျောင်းက မတည်ငြိမ်တဲ့ စွမ်းအားစုအဖြစ် အသတ်မှတ်ခြင်း ခံခဲ့ရတာက မဟာမိုးကြိုး ကျောင်းတော်ပဲ"

ဤစကားကို ကြားရသောအခါ လင်းဖုန်း၏ မျက်လုံးအစုံက အနည်းငယ် ကျဥ်းမြောင်းသွားသည်။ "အိုး… စိတ်ဝင်စားစရာ အတော်ကောင်းလာပြီ…"

Continue Reading

You'll Also Like

576K 92.1K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
404K 50.8K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
118K 16.2K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
339K 33.8K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *