ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Un...

Oleh KazunoMora

60.4K 6K 78

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့... Lebih Banyak

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၆၆၁ : ငါးနှစ်ကျော် ကျင့်ကြံခဲ့ကြသူများသည် အခြေခံအုတ်မြစ် အဆင့်တွင်...
အပိုင်း ၆၆၂ : တပည့်ရှစ်ယောက်၊ တစ်ယောက်လို
အပိုင်း ၆၆၃ : အခက်အခဲများစွာ အကြားမှ ကလေးသည် ကြီးပြင်းလာခဲ့ပြီ
အပိုင်း ၆၆၄ : ဂိုဏ်းတွင်းပြိုင်ပွဲ စတင်ခြင်း
အပိုင်း ၆၆၅ : အရေးကြီးတာတစ်ခု ပြောဖို့မေ့နေတယ်
အပိုင်း ၆၆၆ : ဆရာက တပည့်ကို ချောက်ချခြင်း၊ ချောက်ချလေလေ ပိုကောင်းလေလေပဲ
အပိုင်း ၆၆၇ : စမ်းသပ်မှုက မရိုးစင်းပေ
အပိုင်း ၆၆၈ : ယခင်ကနှင့် မတူတော့ပေ
အပိုင်း ၆၆၉ : ကြီးမားသော ကွာဟချက်များ
အပိုင်း ၆၇၀ : အကြီးမားဆုံး ထောင်ချောက်ဆိုတာ မရှိဘူး....
အပိုင်း ၆၇၁ : ဆုလာဘ်
အပိုင်း ၆၇၂ : ချက်ချင်းဖြစ်ပွားလာသော အတွင်းပဋိပက္ခများ
အပိုင်း ၆၇၃ : စိတ်လှုပ်ရှားခြင်း
အပိုင်း ၆၇၄ : လင်းဖုန်း၏ အဆုံးအမများ
အပိုင်း ၆၇၅ : နောက်ကျသွားပြီလား
အပိုင်း ၆၇၆ : မျိုးဆက်တိုင်းမှ အကြင်နာကင်းမဲ့သော ကိုယ်ကျင့်စရိုက်များ
အပိုင်း ၆၇၇ : ဒုတိယအဆင့်
အပိုင်း ၆၇၈ : မင်းအပူမပါဘူး
အပိုင်း ၆၇၉-၆၈၀-၆၈၁
အပိုင်း ၆၈၂-၆၈၃-၆၈၄-၆၈၅
အပိုင်း ၆၈၆-၆၈၇-၆၈၈-၆၈၉-၆၉၀
အပိုင်း ၆၉၁-၆၉၂-၆၉၃-၆၉၄-၆၉၅
အပိုင်း ၆၉၆-၆၉၇-၆၉၈-၆၉၉-၇၀၀
အပိုင်း ၇၀၁ မှ ၇၀၅
အပိုင်း ၇၀၆ မှ ၇၁၀
အပိုင်း ၇၁၁ မှ ၇၁၅
အပိုင်း ၇၁၆ မှ ၇၂၀
အပိုင်း ၇၂၁ မှ ၇၂၅
အပိုင်း ၇၂၆ မှ ၇၃၀
အပိုင်း ၇၃၁ မှ ၇၃၅
အပိုင်း ၇၃၆ မှ ၇၄၀
အပိုင်း ၇၄၁ မှ ၇၄၅
အပိုင်း ၇၄၆ မှ ၇၅၀
အပိုင်း ၇၅၁ မှ ၇၅၅
အပိုင်း ၇၅၆ မှ ၇၆၀
အပိုင်း ၇၆၁ - ၇၆၂
အပိုင်း ၇၆၃ - ၇၆၄
အပိုင်း ၇၆၅ - ၇၆၆
အပ်ုင်း ၇၆၇ - ၇၆၈
အပိုင်း ၇၆၉ - ၇၇၀
အပိုင်း ၇၇၁ မှ ၇၇၅
အပိုင်း ၇၇၆ မှ ၇၈၀
အပိုင်း ၇၈၁ မှ ၇၈၅
အပိုင်း ၇၈၆ မှ ၇၉၀
အပိုင်း ၇၉၁ မှ ၇၉၅
အပိုင်း ၇၉၆ မှ ၈၀၀
အပိုင်း ၈၀၁ - ၈၀၂
အပိုင်း ၈၀၃ မှ ၈၀၆
အပိုင်း ၈၀၇ မှ ၈၁၀
အပိုင်း ၈၁၁ မှ ၈၁၅
အပိုင်း ၈၁၆ မှ ၈၂၀
အပိုင်း ၈၂၁ မှ ၈၂၅
အပိုင်း ၈၂၆ မှ ၈၃၀
အပိုင်း ၈၃၁ မှ ၈၃၅
အပိုင်း ၈၃၆ မှ ၈၄၀
အပိုင်း ၈၄၁ မှ ၈၄၅
အပိုင်း ၈၄၆ မှ ၈၅၀
အပိုင်း ၈၅၁ မှ ၈၅၅
အပိုင်း ၈၅၆ မှ ၈၆၀
အပိုင်း ၈၆၁ မှ ၈၆၅
အပိုင်း ၈၆၆ မှ ၈၇၀
အပိုင်း ၈၇၁ : ခေါင်းဖြတ်ခြင်း
အပိုင်း ၈၇၂ : တစ်ယောက်မှ ထွက်သွားဖို့ မစဥ်းစားနဲ့
အပိုင်း ၈၇၃
အပိုင်း ၈၇၄ : အားလုံးတို့အား ဖမ်းဆီးခြင်း
အပိုင်း ၈၇၅ : စူတောင်သို့ တက်ခြင်း
အပိုင်း ၈၇၆ : ငါကစပြီးမှ မင်းတို့ရဲ့ တောင်ပေါ်ကို လာမယ်
အပိုင်း ၈၇၇ : ယုကျင်းတောင်က စူတောင်အား ဖိနှိပ်ခြင်း
အပိုင်း ၈၇၈ : မင်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခု
အပိုင်း ၈၇၉ : မင်းတို့က ဘယ်သူ့ကို ရွေးရွေး ငါက သူ့ကို အနိုင်ယူပြမယ်
အပိုင်း ၈၈၀ : စွမ်းအားဖျက်ဆီး ကပ်ဘေးကို ထပ်မံရင်ဆိုင်ခြင်း
အပိုင်း ၈၈၁ : အရာအားလုံးတို့အား ကံကြမ္မာ ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်
အပိုင်း ၈၈၂ : ကွဲကြေသွားသော ဓားဆန္ဒများ
အပိုင်း ၈၈၃ : ကောင်းကင်ဖျက်ဆီးက တိုးတက်လာချိန်တွင်
အပိုင်း ၈၈၄ : အရင်အတိုင်း ဘယ်တော့မှ မဖြစ်နိုင်တော့ချေ
အပိုင်း ၈၈၅ : ပြန်လည်ရွေးယူခြင်း
အပိုင်း ၈၈၆ : ကမ္ဘာတစ်ဝန်းမှ ဂုဏ်ပြုကြခြင်း
အပိုင်း ၈၈၇ : တိုက်ပွဲအပြီးမှ ပြစ်ဒဏ်များ
အပိုင်း ၈၈၈ : အကြွေးများကို နယ်မြေများဖြင့် ပေးဆပ်ရခြင်း
အပိုင်း ၈၈၉ : မဟာလွင်တီးခေါင် ကုန်းမြေသို့
အပိုင်း ၈၉၀ : လွတ်မြောက်ရန် အကြံအစည်
အပိုင်း ၈၉၁ : ရွှေပုစဥ်း ဆရာတော်၏ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်
အပိုင်း ၈၉၂ : ရင်ကွဲနာကျ ဖြစ်သွားသော ကျင်းဟွမ်အမတ်
အပိုင်း ၈၉၃ : မဟာလွင်တီးခေါင် ကုန်းမြေအတွင်းက လူတိုင်းက
အပိုင်း ၈၉၄ : မင်းကငါကို ဖော်ပြရင် ငါကလည်း မင်းကို ပြန်ဖော်ပြမယ်
အပိုင်း ၈၉၅ : လင်းဖုန်းအား နွေးထွေးစွာ ကြိုဆိုခြင်း
အပိုင်း ၈၉၆ : ဓားလမ်းစဥ်၏ အလွန်
အပိုင်း ၈၉၇ : အဆက်မပြတ် အောင်မြင်တိုးတက်ခြင်း
အပိုင်း ၈၉၈ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား အသေးစိတ် လေ့လာသုံးသပ်ခြင်း
အပိုင်း ၈၉၉ : ဟင်းလင်းပြင် ဘုရားကျောင်း၏ မဟာ အကြံအစည်
အပိုင်း ၉၀၀ : အမှန်တရားနှင့် ဟာကွက်များကို ဖုံးကွယ်ခြင်း
အပိုင်း ၉၀၁ : မဟာ ကောင်းကင်ကိုးလွှာ မြင့်မြတ်သောဓား
အပိုင်း ၉၀၂ : ရီကျိနှင့် ဟွမ်ထျန်း အန္တိမ မာစတာ
အပိုင်း ၉၀၃ : ဝက်! ဝက်! ဝက်!
အပိုင်း ၉၀၄ : ထောင်ချောက်သို့ သွားရာလမ်း
အပိုင်း ၉၀၅ : ကယ်တင်ခြင်း
အပိုင်း ၉၀၆ : ရွှေပုစဥ်း ဆရာတော်၏ မဟာမိတ်များ
အပိုင်း ၉၀၇ : အစ်ကိုကြီး.. ဆရာ့ကို လူသားတွေ ဖမ်းသွားကြပြီ
အပိုင်း ၉၀၈ : မျောက်
အပိုင်း ၉၀၉ : ငြိမ်သက်စွာဖြင့် စဥ်းစားနေသော လင်းဖုန်း
အပိုင်း ၉၁၀ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၁)
အပိုင်း ၉၁၁ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၂)
အပိုင်း ၉၁၂ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်အား အနိုင်ယူခြင်း (၁)
အပိုင်း ၉၁၃ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်ကို အနိုင်ယူခြင်း (၂)
အပိုင်း ၉၁၄ : ကြုံတွေ့လာသော အခွင့်အရေး တစ်ခု
အပိုင်း ၉၁၅ : ဝေခွဲမရ ဖြစ်နေခဲ့သော မဟာချင် အင်ပါယာ
အပိုင်း ၉၁၆ မှ ၉၂၀
အပိုင်း ၉၂၁ - ၉၂၂
အပိုင်း ၉၂၃ : နောက်ယောင်ခံလိုက်ခြင်း
အပိုင်း ၉၂၄ : မင်းကို ဘာမှမဟုတ်သလို သဘောထားမယ်
အပိုင်း ၉၂၅ : ကြီးထွားလာသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း
အပိုင်း ၉၂၆ : ပါရမီရှင်တွေမှာ ပြဿနာတွေ အပြည့်နဲ့ပါ
အပိုင်း ၉၂၇ : ဂိုဏ်းဆိုတာက လူအသိုင်းအဝိုင်း အသေးစား တစ်ခုပါ
အပိုင်း ၉၂၈ : ဂိုဏ်းအတွင်းမှ ဝါဒအုပ်စုများ
အပိုင်း ၉၂၉ : မောင်ငယ်များ အားလုံး၏ နှလုံးသား အတွင်းတွင်
အပိုင်း ၉၃၀ : သူ၏ အဖော်အား ကျောပေးနေသော ဥဒေါင်း
အပိုင်း ၉၃၆ မှ ၉၄၀
အပိုင်း ၉၄၁ မှ ၉၄၅
အပိုင်း ၉၄၆ မှ ၉၅၀
အပိုင်း ၉၅၁ မှ ၉၅၅
အပိုင်း ၉၅၆ မှ ၉၆၀
အပိုင်း ၉၆၁ မှ ၉၇၀
အပိုင်း ၉၇၁ မှ ၉၈၀
အပိုင်း ၉၈၁ မှ ၉၉၀
အပိုင်း ၉၉၁ မှ ၉၉၅
အပိုင်း ၉၉၆ မှ ၁၀၀၀
အပိုင်း ၁၀၀၁ မှ ၁၀၀၅
အပိုင်း ၁၀၀၆ မှ ၁၀၁၀
အပိုင်း ၁၀၁၁ မှ ၁၀၂၀
အပိုင်း ၁၀၂၁ မှ ၁၀၃၀
အပိုင်း ၁၀၃၁ မှ ၁၀၄၀
အပိုင်း ၁၀၄၁ မှ ၁၀၄၅
အပိုင်း ၁၀၄၆ မှ ၁၀၅၀
အပိုင်း ၁၀၅၁ : တာအိုနှလုံးသား ခြေမွသူ
အပိုင်း ၁၀၅၂ : မယုံကြည်နိုင်သော သူများစွာ ရှိကြသည်၊ သို့သော်လည်း
အပိုင်း ၁၀၅၃ : ခွန်းလွန်တောင်မှ တောက်ပသော အလင်းတန်း
အပိုင်း ၁၀၅၄ : ပြန်လည်တည်ဆောက်ခြင်း
အပိုင်း ၁၀၅၅ : လက်ရှိမျိုးဆက်၏ သခင်
အပိုင်း ၁၀၅၆ : ဇူဟုန်ဝူကလည်း စမ်းသပ်နေလိုသည်
အပိုင်း ၁၀၅၇ : မရည်ရွယ်ပဲ အပေါက်တစ်ပေါက် တူးမိခြင်း
အပိုင်း ၁၀၅၈ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းမှ မရေမတွက်နိုင်သော အခွင့်အရေး
အပိုင်း ၁၀၅၉ : ရန်သူနယ်မြေတွင် ခံတပ်တည်ဆောက်ခြင်း
အပိုင်း ၁၀၆၀ : လျှင်မြန်စွာ တိုးတက်ခြင်း၊ ဥက္ကာပျံကဲ့သို့ မြင့်တက်ခြင်း
အပိုင်း ၁၀၆၁ : နတ်ဘုရားနယ်မြေ အတွင်းမှ ပြောင်းလဲမှု
အပိုင်း ၁၀၆၂ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လက်ထပ်ခွင့် တောင်းခံခြင်း
အပိုင်း ၁၀၆၃ : အထင်ကြီးဖွယ်ရာ စီးတော်ယာဥ်
အပိုင်း ၁၀၆၄ : ငရဲကမ္ဘာ ပင်လယ်ကမ္ဘာ၏ ကမ္ဘာငယ်များ
အပိုင်း ၁၀၆၅ : ကြီးကျယ်ခမ်းနားစွာ ကြိုဆိုမှု
အပိုင်း ၁၀၆၆ : သင့်တင့်လျှောက်ပတ်သော ဧည့်သည်များ
အပိုင်း ၁၀၆၇ : ဝေခွဲရ ခက်နေသော ဂူမိသားစု
အပိုင်း ၁၀၆၈ : သေမင်းဧကရာဇ် လိုချင်နေသော အရာ
အပိုင်း ၁၀၆၉ : ဇာတ်ညွှန်းက ရေးပြီးပြီး... ဒါပေမဲ့ မင်းသားက ဘယ်မှာလဲ
အပိုင်း ၁၀၇၀ : ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ဂိုဏ်းက...
အပိုင်း ၁၀၇၁ : သုံးပွင့်ဆိုင် ဆွေးနွေးကြခြင်း
အပိုင်း ၁၀၇၂ : ကွဲပြားခြားနားသော အကျိုးသက်ရောက်မှုကို ဖော်ဆောင်ခြင်း
အပိုင်း ၁၀၇၃ : ဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲ
အပိုင်း ၁၀၇၄ : မျက်လုံး ပြူးနေအောင် ဖွင့်ထားပြီး သင်ယူပါ
အပိုင်း ၁၀၇၅ : မင်းအတွက်တော့ အန္တရာယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အခွင့်အရေး
အပိုင်း ၁၀၇၆ : စီနီယာ အဆင့်ကို အမှီပြု၍ ဝင့်ကြွားခြင်း
အပိုင်း ၁၀၇၇ : မျက်နှာပျက်သွားသော အကြီးအကဲ
အပိုင်း ၁၀၇၈ : ပြိုင်ပွဲ၏ လောင်းကြေး
အပိုင်း ၁၀၇၉ : တစ်ယောက်၏ စွမ်းရည် အကန့်အသတ်ကို ကျော်လွန်၍ ကြိုးစားခြင်း
အပိုင်း ၁၀၈၀ : အန္တိမ ပြိုင်ပွဲ
အပိုင်း ၁၀၈၁ : ရင်ခုန်သံများ မြန်လာခြင်း
အပိုင်း ၁၀၈၂ : အရေအတွက်နှင့် ကွဲပြားမှုများကို ဖြည့်ခြင်း
အပိုင်း ၁၀၈၃ : ငါတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ကမ္ဘာကို နားမလည်နိုင်တော့ဘူ
အပိုင်း ၁၀၈၄ : ကမ္ဘာအတွင်းမှ အကောင်းဆုံး
အပိုင်း ၁၀၈၅ : နောက်ထပ် စစ်မြေပြင် တစ်ခုတွင် ရန်ငြိုးရန်စများကို ဖြေရှင်းခြင်း
အပိုင်း ၁၀၈၆ : သက်ရှည်ကြာပန်း ထိုင်ခုံ
အပိုင်း ၁၀၈၇ : လက်ဆောင်လာပေးခြင်း
အပိုင်း ၁၀၈၈ : ငရဲကမ္ဘာ ပင်လယ် အတွင်းသို့ လိုက်လံ တိုက်ခိုက်ကြခြင်း
အပိုင်း ၁၀၈၉ : ပထမ တိုက်ပွဲအား နိုင်သူသည် စစ်ပွဲကို အနိုင်ရသူ မဟုတ်ပေ
အပိုင်း ၁၀၉၀ : သစ္စာဖောက်သူ
အပိုင်း ၁၀၉၁ : ခံစားချက် ကင်းမဲ့သောသူသည် အစစ်အမှန် သူရဲကောင်းတစ်ယောက် မဖြစ်နိုင်
အပိုင်း ၁၀၉၂ : ခံစားချက် ရှိသောသူများကလည်း ယောကျ်ားပီသနိုင်သည်
အပိုင်း ၁၀၉၃ : နတ်ဘုရားနယ်မြေ အတွက် နောက်ဆုံးအကြိမ် သွေးမြေကျခြင်း
အပိုင်း ၁၀၉၄ : ငရဲကမ္ဘာ ပင်လယ်၏ ဗဟိုချက်
အပိုင်း ၁၀၉၅ : ရှေးဟောင်းခေတ်မှ ဟင်းလင်းပြင် ဘုရားကျောင်း၏ ပဋိပက္ခ
အပိုင်း ၁၀၉၆ : ကြေကွဲဖွယ်ရာများ၏ အဆုံးသတ်
အပိုင်း ၁၀၉၇ : ခွေးများကို ကျွေးခဲ့သော ရိုးသားမှု
အပိုင်း ၁၀၉၈ : သေမင်းဧကရာဇ်၏ ဒုတိယ နတ်ဆိုးဝိညာဥ်
အပိုင်း ၁၀၉၉ : ရှဧကရာဇ်နှင့် တိုက်ခိုက်ခြင်း
အပိုင်း ၁၁၀၀ : သေမင်းဧကရာဇ်နှင့် တိုက်ခိုက်ခြင်း
အပိုင်း ၁၁၀၁ : နတ်ဆိုးဝိညာဥ်၏ အမျက်ဒေါသ
အပိုင်း ၁၁၀၂ : ပြန်ဆပ်၍ မရသည့် အကြွေးများ
အပိုင်း ၁၁၀၃ : မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်းလား
အပိုင်း ၁၁၀၄ : သေမင်းဧကရာဇ်၏ စစ်သည်ရဲမက်များကို လိုက်လံ သတ်ဖြတ်ကြခြင်း
အပိုင်း ၁၁၀၅ : ပြိုင်ဘက်များကို အလစ်အငိုက် ဖမ်းခြင်း
အပိုင်း ၁၁၀၆ : မူမမှန်တဲ့ လှုပ်ရှားမှုတွေကို သတိထားပါ
အပိုင်း ၁၁၀၇ : ပြင်ပကမ္ဘာတွင် ပြင်းထန်စွာ လှုပ်ရှားနေကြသော်လည်း ဂိုဏ်းအတွင်းတွင်
အပိုင်း : ၁၁၀၈ : ဝေဖန်မှုအောက်မှ ဆန်းစစ်မှု
အပိုင်း ၁၁၀၉ : ဘာဖြစ်လို့လဲ ဆိုတော့ မင်းတို့အားလုံးက အမတန်မှ သန်မာလို့ပဲ
အပိုင်း ၁၁၁၀ : ဝိညာဥ်ပင်လယ်ကို ပြန်လည် ဖွင့်လှစ်ခြင်းလော
အပိုင်း ၁၁၁၁ : ဟင်းလင်းပြင် ဘုရားကျောင်း၏ အကြံအစည်
အပိုင်း ၁၁၁၂ : မြောင်ရှီးဟောင်၏ တံခါးပိတ်နေရာမှ ထွက်လာခြင်း
အပိုင်း ၁၁၁၃ : ငါတို့က ဘယ်လိုလုပ်ပြီး မတည်ငြိမ်တဲ့ အင်အားစု ဖြစ်မှာလဲ
အပိုင်း ၁၁၁၄ : အကြီးကျယ်ဆုံး မြင့်မြတ်နယ်မြေ

အပိုင်း ၉၃၁ မှ ၉၃၅

415 28 0
Oleh KazunoMora

စာစဥ် ၄၉ : အပိုင်း ၁

အပိုင်း ၉၃၁ : အကယ်၍ မိန်းကလေး တစ်ယောက်သည် ချမ်းသာစွာနှင့် ကြီးပြင်းလာခဲ့လျှင် သူရဲကောင်းကပင် ကူရာမဲ့နေလိမ့်မည် ဖြစ်သည်

ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် လော်ချင်းဝူအား စနောက်နေကြသော်လည်း လင်းဖုန်းကဲ့သိုပင် ချူးယန်သည် လုပ်စရာ မရှိသဖြင့် ဒေါင်းကဲ့သို့ ကြွားဝါနေသည့်သူတစ်ယောက် မဟုတ်ဟု သိထားကြသည်။

ထိုရည်ရွယ်ချက်များသည် မသိစိတ် အတွင်းမှ ပါနေသော်လည်း ချူးယန်အနေနှင့် ယခုကဲ့သို့ အစွမ်းပြနေရခြင်းသည် သူ၏ဘက်မှ ရိုးသားမှုကို ပြသလိုနေသောကြောင့် ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သော စစ်ပွဲမတိုင်ခင်တွင် ထာဝရ တောင်တန်းဂိုဏ်းတွင် ထကြွပုန်ကန်မှုတစ်ခု ဖြစ်ခဲ့သည်။ လီဘိုတောက်နှင့် ကျန်သောသူများသည် စူတောင်ဓားဂိုဏ်းနှင့် ပူးပေါင်းလိုခဲ့ကြသော်လည်း ဝူယွမ်လန်၊ မုန့်ချောင်ယန်နှင့် ချူးယန်တို့သည် ကံကောင်းထောက်မစွာနှင့် ရွေးချယ်မှု မှန်ကန်သွားခဲ့သည်။

ပြီးတာနှင့် သူတို့သည် စူတောင်ဓားဂိုဏ်း၏ လက်တုံ့ပြန်မှုမှ ရှောင်ရှားရန်အတွက် သူတို့၏ အိမ်ကို စွန့်ခွာခဲ့ကာ ရှောင်ယန်၊ လီယွမ်ဖန်းနှင့် ကျန်သောသူများနှင့်အတူ ယုကျင်းတောင်သို့ လိုက်လာခဲ့သည်။

လင်းဖုန်းကလည်း ထာဝရ တောင်တန်းဂိုဏ်းမှ တပည့်များအား ပစ်မထားခဲ့ပေ။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သည့် စစ်ပွဲအပြီးတွင် လင်းဖုန်းသည် စူတောင်ဓားဂိုဏ်းအား ဖိနှိပ်ခဲ့သည်။ စူတောင်ဓားဂိုဏ်း၏ လွှမ်းမိုးမှုသည်လည်း ယခင်ကနှင့် တစ်ကြိမ်မှ မတူအောင် ကျဆင်းသွားခဲ့သည်။ သူတို့သည် ဂိုဏ်းအတွင်း၌သာ နေနေခဲ့ပြီး တောင်ကို ချိပ်ပိတ်ထားခဲ့သည်။

ထာဝရ တောင်တန်းဂိုဏ်းသည် လုံခြုံစိတ်ချသွားရပြီ ဖြစ်သဖြင့် တိုင်ပင်ဆွေးနွေးခဲ့အပြီးတွင် ဝူယွမ်လန်နှင့် ကျန်သောသူများသည် အိမ်သို့ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော်လည်း စူတောင်ဓားဂိုဏ်းမှ တပည့်အချို့က သွေးရူးသွေးတန်းဖြင့် လာရောက် သောင်းကျန်းမည်ကို ကြိုတင်၍ ကာကွယ်ပြင်ဆင်သည့် အနေဖြင့် ဝူယွမ်လန်သည် သူ၏တပည့် အချို့အား အရန်အနေဖြင့် ခွန်းလွန်တောင် မြောက်ပိုင်းတွင် သီးသန့်ဗိမာန်များကို တည်ဆောင်၍ နေစေခဲ့သည်။

ထိုနေရာတွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ရက်ရောခဲ့သည်။ သူတို့သည် လိုအပ်သော ပစ္စည်းများအား ထောက်ပံ့ပေးရုံသာ မကပဲ ထာဝရ တောင်တန်းဂိုဏ်းအား ဆုလာဘ်များစွာ ချီးမြှင့်ခဲ့သည်။

သို့သော်လည်း ဝူယွမ်လန်၊ မုန့်ချောင်ယန်နှင့် ချူးယန်တို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ အကျိုးအမြတ်များသည် ထာဝရ တည်တံ့နိုင်လိမ့်မည် မဟုတ်ဟု သဘောပေါက်ထားကြသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် တစ်ကိုယ်ကောင်း မဆန်ခဲ့ပဲ ထာဝရ တောင်တန်းဂိုဏ်းအား မလိုအပ်တော့သည့် အချိန်တွင် ပစ်မထားခဲ့သော်လည်း သူတို့အနေဖြင့် သူတို့ကသာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအတွက် တန်ဖိုးမရှိတော့ပါက နောက်ဆုံးတွင် သာမန်အဖြစ်သာ သဘောထားခြင်း ခံရမည်ကို သိနေခဲ့သည်။

ထို့ကြောင့် စူတောင်တိုက်ပွဲ အပြီးတွင် ခရမ်းရောင် တိမ်တိုက်ဂိုဏ်း၊ မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်၊ အလင်းဓားမြန်ဂိုဏ်း၊ လျှပ်စီးဓားဂိုဏ်း၊ မဟာလွင်တီးခေါင် ဓားဂိုဏ်းနှင့် ကျန်သော ဂိုဏ်းငယ်များသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားနေကြသည်။

ထိပ်ပိုင်းနေရာများသည် အကန့်အသတ် ရှိသော်လည်း ဂိုဏ်းများစွာတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် မဟာမိတ် ဒုတိယ အဆင့် နေရာကိုသာ ယှဥ်ပြိုင်လိုနေကြသည်။ အကယ်၍ သူတို့ကိုယ်တိုင်က သူတို့၏ တန်ဖိုးများကို ပြသနိုင်ခြင်း မရှိခဲ့ပါက အခြားသူများ၏ ကျော်တက်သွားခြင်းကို ခံခဲ့ရမည် ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ယခင်မှ ဆက်ဆံရေးများကို မျက်နှာထောက်ကာ သူတို့၏ ယခင်မှ မဟာမိတ်ဟောင်းများကို ပစ်ထားလိမ့်မည် မဟုတ်သော်လည်း အကယ်၍ သူတို့ကသာ ဆက်လက်၍ တိုးတက်နိုင်ခြင်း မရှိပါက တစ်နေ့တွင် သူတို့က ကျရှုံးသွားလိမ့်မည် ဖြစ်သည်။ သံမဏိကို ထုလုပ်ဖို့ဆိုလျှင် တစ်ယောက်သည် သန်မာမှ ရပေလိမ့်မည်။

ထို့ကြောင့် လီဘိုတောက်နှင့် အပေါင်းပါတို့အား နှိမ်နင်းပြီးသည်နှင့် ချူးယန်သည် သူ၏ လျှို့ဝှက်ချက် အချို့အား မုန့်ချောင်ယန်နှင့် ဝူယွမ်လန်တို့အား ဖော်ပြခဲ့သည်။ သူတို့နှစ်ယောက်တို့သည် အံ့ဩတုန်လှုပ်သွားကြသော်လည်း ပိုမိုကြိုးစားရန် စိတ်ဓာတ်များ တက်ကြွလာကြသည်။

သို့သော်လည်း ယခုအချိန်တွင် မုန့်ချောင်ယန်နှင့် ဝူယွမ်လန်တို့ နှစ်ယောက်ကသာ သိထားကြသည်။ သူ၏ကိုယ်ပိုင် စွမ်းရည်များကို ပိုမို တိုးတက်စေရန် အတွက် ချူးယန်သည် ခရီးလမ်း အရှည်ကြီး ဆက်လျှောက်ရဦးမည် ဖြစ်သည်။

ထို့အပြင် သူသည် သူ၏လျှို့ဝှက်ချက် အချို့ကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ သူ၏ အဆုံးစွန်အိမ်မက် အပါအဝင် ကျန်သောအရာများအား သူသည် တစ်ယောက်နှင့်မှ မျှဝေလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ရှိနေသည့်အခါ သူသည် စွမ်းရည်များကို များစွာပို၍ ထုတ်ဖော်ခဲ့သည်။ လင်းဖုန်းနှင့် ကျန်သောသူများ တွေးနေသည့်အတိုင်း ပို၍ကောင်းမွန်စွာ ဆွေးနွေးနိုင်ရန် အတွက် တစ်ယောက်သည် လိုအပ်သော စွမ်းအားများနှင့် လုံလောက်သော အလားအလာများကို ထုတ်ဖော်ပြသရမည် ဖြစ်၏။

အစပထမတွင် ငရဲကိုးလွှာ တစ္ဆေမျောက်သခင်နှင့် ရင်ဆိုင်ခဲ့ရရာတွင် သူ၏ မဟာ ကောင်းကင်ကိုးလွှာ မြင့်မြတ်သော ဓားနည်းစနစ်ကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း အတွင်းတွင် ချူးယန်သည် သူ၏နောက်ထပ် ဖဲချပ်တစ်ချပ် ဖြစ်သော သွေးမြစ်နတ်ဓား နှစ်လက်အား ထပ်မံ၍ ထုတ်ဖော်ပြသခဲ့သည်။

အသေအချာ လေ့လာအပြီးတွင် လင်းဖုန်းနှင့် အခြားသူများသည် အခြားသူများနှင့် အတူပဲ သူ၏ မဟာ ကောင်းကင်ကိုးလွှာ မြင့်မြတ်သော ဓားနည်းစနစ်နှင့် သွေးမြစ်စေတန် နည်းစနစ်တို့အား တပ်မက်နေလိမ့်မည် မဟုတ်ဟု ချူးယန်က သဘောပေါက်နေခဲ့သည်။ သူတို့သည် စိတ်ဝင်စားရုံ သက်သက်သာ ရှိပေလိမ့်မည်။

ထို့အပြင် လင်းဖုန်းနှင့် ကျန်သောသူများသည် ထိုသတင်းအား ထုတ်ဖော်ရန်လည်း အကြောင်းမရှိရာ ချူးယန်အနေနှင့် ဘာမှ စိုးရိမ်နေရန် မလိုတော့ပေ။

သူသည် အေးဆေးတည်ငြိမ်ကာ နက်ရှိုင်းစွာ စဥ်းစားတတ်သူ တစ်ယောက်ဖြစ်သော်လည်း ချူးယန်၏ နှလုံးသားသည် စွမ်းအားများဖြင့် ပြည့်နေခဲ့ကာ ကိစ္စများကို သူ၏ဓားနှင့် လျှင်မြန်စွာ ဖြေရှင်းလိုနေသူလည်း ဖြစ်သည်။

သို့သော်လည်း လော်ချင်းဝူသည် သူ၏အရှေ့တွင် ပေါ်လာသော အချိန်တိုင်း သူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်း မရှိဟု ဝန်ခံရပေလိမ့်မည်။

"စိတ်မကောင်းစရာပဲ… ကောင်ကလေး… တကယ်လို့ မင်းရဲ့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်သာ ပြောင်းလဲခဲ့လို့ ရှိရင် ငါ့ရဲ့တပည့် တကယ်ပဲ ဖြစ်လာနိုင်တယ်" လင်းဖုန်းက ချူးယန်အား စိုက်ကြည့်နေခဲ့ရင်း တွေးလိုက်သည်။

သူ၏ ရင်အတွင်းမှနေ၍ ရယ်နေခဲ့သည်။ "သူရဲကောင်း တစ်ယောက်ပဲ… တကယ်လို့ မင်းရဲ့ စွမ်းအားတွေကို တစ်ခါတည်း ထုတ်ဖော်ပြလိုက်ရင် မင်းက မင်းနှစ်သက်တဲ့ ကောင်မလေးကို ဆွဲဆောင်နိုင်မယ့် အခွင့်အရေး ရှိနေတယ်… မင်းက ခြေတစ်လှမ်းခြင်းကို ဒုက္ခကြီးစွာနဲ့ ထိန်းသိမ်းပြီး လျှောက်လှမ်းနေစရာ မလိုဘူး… ဘယ်လောက်အထိတောင် ဒုက္ခရောက်လိုက်သလဲ"

လင်းဖုန်းသည် ကြင်နာမှု မရှိစွာနှင့် ရယ်လိုက်ကာ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ငါ့လက်အောက်မှာ မင်းလိုမျိုး လူလေးယောက်တောင် ရှိတယ်… ပြီးတော့ သူတို့လေးယောက်က တစ်ယောက်တမျိုးစီ ထူးချွန်ကြတယ်"

"တစ်ယောက်က ညီနောင်သားချင်းစိတ် ရှိတဲ့ သူရဲကောင်းဖြစ်ပြီး တစ်ယောက်က သူ့ရဲ့ စာပေစွမ်းရည်တွေနဲ့ အားလုံးတို့ကို အထင်ကြီးအောင် စွမ်းဆောင်နိုင်တဲ့ စာသင်သား ဖြစ်တယ်… တစ်ယောက်က ရေခဲလိုမျိုး အေးစက်ပြီး လူတွေနဲ့ နီးကပ်စွာ မနေတတ်သူ ဖြစ်တယ်… နောက်ဆုံးတစ်ယောက်ကတော့ ရွှတ်နောက်နောက်နဲ့ အဆော့မက်သူ တစ်ယောက်ဖြစ်တယ်"

လင်းဖုန်းသည် သူ၏ခေါင်းကို အဆက်မပြတ် ခါယမ်းနေခဲ့ကာ ဆက်ပြောလိုက်သည်။ "ချင်းဝူက စွမ်းအားတွေကို လေလိုမျိုး ရှူသွင်းနေတဲ့ သူရဲကောင်း လေးယောက်တို့ ဝန်းရံထားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တာ… ဒါတောင်မှ မင်းကသူမကို အထင်ကြီးအောင် စွမ်းဆောင်နိုင်ခဲ့ရင်တော့ ငါက ခန်းဝင်ပစ္စည်းတွေကို လက်ဖွဲ့ဖို့ တာဝန်ယူပါတယ်"

"ဟီးဟီး… မိန်းကလေး တစ်ယောက်က ချမ်းချမ်းသာသာနဲ့ ကြီးပြင်းလာခဲ့တာပဲ" ဤအထိ တွေးပြီးသည်နှင့် လင်းဖုန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ "ရှေးလူကြီးတွေရဲ့ စကားက တကယ့်ကို မှန်ကန်တာပဲ"

လင်းဖုန်းသည် မဟုတ်တရုတ်များ လျှောက်တွေးနေချိန်တွင် ဝမ်လင်း၊ ရှီထျန်းဟောင်၊ ချူးယန်နှင့် ကျန်သောသူများသည် အရှေ့သို့ ဆက်လက် လျှောက်လှမ်းနေကြသည်။ သူတို့သည် သူတို့အား ဝိုင်းရံထားသည့် ချုံးချန်းများကို ဖောက်ထွက်လာနိုင်ခဲ့ကာ နောက်ဆုံးတွင် သတ္တုတွင်း၏ အလယ်မှ ဂူတစ်လုံး အတွင်းသို့ ရောက်လာကြသည်။ ထိုဂူအတွင်းတွင် ပို၍နက်ရှိုင်းသော နေရာသို့ သွားနိုင်သည့် လမ်းကြောင်းတစ်ခု ရှိနေသည်။

သူတို့သည် ထိုလမ်းကြောင်းအတိုင်း ဆက်လျှောက်လာကြရာ ကမ္ဘာဦး သံလိုက်စွမ်းအားများက ပို၍ အားကောင်းလာခဲ့သည်ကို ကောင်းကောင်းကြီး ခံစားနေရသည်။

ဤအချိန်တွင် ချူးယန်၊ ယန်ချင်၊ လီယွမ်ဖန်းနှင့် လော်ချင်းဝူတို့ သတိထားရသည်မှာ ချုံးချန်း မျိုးနွယ်စုတို့ မဟုတ်တော့ပဲ အကောင်အထည် ပေါ်လုနီးပါး ဖြစ်နေသော ကမ္ဘာဦး သံလိုက်စွမ်းအားများပင် ဖြစ်သည်။

ချုံးချန်း မျိုးနွယ်စုများ မရှိနေသော်လည်း သူတို့ ပတ်ပတ်လည်မှ ကမ္ဘာဦး သံလိုက်စွမ်းအားများသည် ဖြည်းဖြည်းချင်း သံလိုက်အလင်းတန်းများအဖြစ် စုစည်းလာကြသည်။

ရှီထျန်းဟောင်၏ အမူအရာများသည် မပြောင်းလဲခဲ့ပေ။ သူ၏ မျက်နှာအပေါ်မှ အေးဆေးသော အပြုံးသည် ရှိနေသေးသော်လည်း သူ၏ ကိုယ်မှနေ၍ ရှေးကျပြီး အားကောင်းသော စွမ်းအားတစ်ခု ထွက်လာခဲ့ကာ အင်မော်တယ်ဝိညာဥ် အဆင့်သို့ မရောက်ကြသေးသည့် သူများအား ကမ္ဘာဦး သံလိုက်စွမ်းအားမှ ကာကွယ်ပေးခဲ့သည်။

ချုံးချန်းအများစုတို့သည် အသုတ်သင်ခံရပြီး ဖြစ်ကာ ကျန်သောသူများက နောက်ဆုတ်သွားကြပြီ ဖြစ်သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်တို့၏ အရှေ့တွင် သူတို့သည် သူတို့အား ဟန့်တားရဲသည့် သတ္တိများ ပျောက်ကွယ်သွားမည် ဖြစ်သည်။

"ဘယ်လိုလုပ်မလဲ… သူတို့ကို ကြည့်ရတာ သတ္တုတွင်းရဲ့ အတွင်းကို ဝင်သွားတော့မယ့်ပုံ ပေါက်နေတယ်" တစ်ဘက်ခြမ်းမှ မိစ္ဆာသခင် ချုံးချန်းတစ်ကောင်က အသက်ပိုကြီးသော ချုံးချန်းအား ကြည့်လိုက်ကာ မေးလိုက်သည်။

အသက်ပိုကြီးသော ချုံးချန်းက သူ၏ခေါင်းကို ဖြည်းညင်းစွာဖြင့် ခါလိုက်ကာ ပြောလိုက်သည်။ "ဒီမှော်ဝင်္ကပါက သူတို့ကို တိုက်ခိုက်ဖို့ အသုံးမဝင်ပဲ ဒီလိုမျိုး အခြေအနေအောက်မှာ သူတို့ကို ဟန့်တားဖို့ဆိုတာ မဖြစ်နိုင်ဘူး…  သူတို့ကို ဆက်လိုက်တိုက်ခိုက်ဖို့ ငါတို့ရဲ့ သားတွေကို စေလွှတ်လိုက်ရင်လည်း အသေသွားခံရုံ သက်သက်သာ ဖြစ်လိမ့်မယ်"

အသက်ပိုငယ်သော ချုံးချန်းက အလန့်တကြားဖြင့် ပြောလိုက်သည်။ "ပထမ အုပ်စုက ဝင်ရိုးစွန်း သံမဏိကို လာရှာနေကြတယ်… အခုအချိန်မှာ ဒီလူတွေက သတ္တုတွင်း အထဲကို တိုက်ရိုက်ဝင်သွားကြတယ်… ကျွန်တော်တို့က ဘယ်ကို သွားသင့်သလဲ"

အသက်ပိုကြီးသော ချုံးချန်းက ပြောလိုက်သည်။ "ငါတို့က ပထမ အုပ်စုကို အရင်နိုင်အောင် တိုက်ခိုက်ပြီး ဒုတိယ အုပ်စုကို လွှတ်ထားလိုက်ရမယ်… အခုအချိန်မှာပဲ ငါက မှော်ဝင်္ကပါကနေ တဆင့် ပိုပြီးမှ အစွမ်းထက်တဲ့သူတွေက ဝင်လာတာကို အာရုံခံမိတယ်… ဒါပေမဲ့ ဒီတစ်ခေါက် ဝင်လာတဲ့ သူတွေက လူသားတွေမဟုတ်ပဲ မိစ္ဆာတွေသာ ဖြစ်ကြတယ်… သူတို့က ဒီလူသားတွေကို လိုက်ဖမ်းနေတဲ့သူတွေ  ဖြစ်နိုင်တယ်"

"နားလည်ပါပြီ… ကျွန်တော်တို့ရဲ့ သားတွေကို ပြန်ဆုတ်ခိုင်းလိုက်တော့မယ်" အသက်ပိုငယ်သော ချုံးချန်းက ရုတ်တရက် မေးလိုက်သည်။ "သူတို့က သတ္တုတွင်းအောက်က ထူးခြားဆန်းကြယ်တဲ့ လေဟာနယ်ကို လာရှာတာလို့ ထင်သလား"

အသက်ကြီးသော ချုံးချန်းက ခေါင်းကိုညိတ်လိုက်ကာ ပြန်ပြောလိုက်သည်။ "မင်းပြောတာ မှန်နိုင်တယ်… ဒုတိယ အုပ်စုက ပထမ အုပ်စုနဲ့ လုံးဝကို ကွဲပြားခြားနားတယ်… ဒီလိုနဲ့ပဲ တူတယ်"

အသက်ငယ်သော ချုံးချန်းက ရုတ်တရက် ရယ်မောလိုက်၏။ "ကောင်းတယ်… မဟာပဏ္ဍိတက အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ် အတွင်းကို ဝင်သွားအပြီးမှာ ပြန်ထွက်မလာသေးဘူး"

"ဒုတိယ အုပ်စုက အရမ်းကို သန်မာတယ်… အထူးသဖြင့် ဘာမှ မလှုပ်ရှားခဲ့တဲ့ လူငယ်နှစ်ယောက်ပဲ… သူတို့ရဲ့ စွမ်းအားတွေကို ဘယ်သူကမှ မသိဘူး… ဒါက တကယ်ကို ကြောက်စရာကောင်းတယ်" အသက်ကြီးသော ချုံးချန်းက ပြောလိုက်သည်။ "ဒါပေမဲ့ ဒီအစွမ်းထက် မိစ္ဆာတွေက သူတို့ကို လာရှာတာ ဆိုရင်တော့ ယှဥ်ပြိုင်နိုင်လောက်တယ်"

အသက်ငယ်သော ချုံးချန်းက ပြောလိုက်သည်။ "သူတို့က ကျွန်တော်တို့သားတွေ မြောက်မြားစွာကို သတ်ဖြတ်ခဲ့တယ်… သူတို့က ဒီနေရာမှာ သေမှရမယ်"

အသက်ကြီးသော ချုံးချန်းက မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်၏။ "သူတို့က အတွင်းပိုင်းကို ရောက်သွားပြီ ထင်တယ်… မှော်ဝင်္ကပါက သူတို့ရဲ့ လှုပ်ရှားမှုတွေကို အာရုံခံလို့ မရတော့ဘူး"

ဝမ်လင်း၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် သတ္တုတွင်း၏ အနက်ဆုံး အပိုင်းသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် အတွင်းသို့ ဆက်သွားမည် ပြုလိုက်သောအခါ အဖြူရောင် သံလိုက် အလင်းတန်းသည်  လုံးဝ ကွယ်ပျောက်သွားကာ အမှောင်ထုက ဖုံးလွှမ်းလာသည်ကို တွေ့လိုက်ရသည်။

အားလုံးတို့သည် မှောင်မိုက်နေသော လှိုဏ်ခေါင်းတစ်ခု အတွင်းသို့ ရောက်သွားသည်ဟု ခံစားလိုက်ရ၏။

အဖြူရောင် သံလိုက် အလင်းတန်းသည် ပျောက်ကွယ်သွားခဲ့သော်လည်း ကမ္ဘာဦး သံလိုက်စွမ်းအားမှာ အားနည်းသွားသည်ဟု မဆိုလိုပေ။ ထို့အစား သူသည် ယခင်ကထက် ပို၍ပင် အားကောင်းလာခဲ့သည်။

ဝမ်လင်းနှင့် ရှီထျန်းဟောင် တို့ပင် ဤနေရာ၌ သူတို့၏ သဘာဝလွန် အသိစိတ်များကို အသုံးပြု၍ မရတော့ချေ။  သူတို့ တတ်နိုင်ကြသည်မှာ သူတို့၏ အာရုံငါးပါးကို အသုံးပြု၍ သူတို့ ဘေးပတ်ပတ်လည်မှ ကမ္ဘာအား အာရုံခံရန်ပင် ဖြစ်သည်။

ယန်ချင်နှင့် ကျန်သောသူများသည် ရှီထျန်းဟောင်၏ မှော်စွမ်းအင် အကာအကွယ် အောက်တွင်သာ လှုပ်ရှားနိုင်ကြခြင်း ဖြစ်သည်။ မဟုတ်လျှင် ဤမျှအထိ အားကောင်းလှသော ကမ္ဘာဦး သံလိုက်စွမ်းအားများသည် သူတို့၏ သဘာဝလွန် အသိစိတ်အား တားဆီးထားရုံတင် မကပဲ သူတို့အား အန္တရာယ်ပင် ဖြစ်စေမည် ဖြစ်သည်။

အနက်ရောင် လှိုဏ်ခေါင်းအား ကြည့်လိုက်ပြီး ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒါက ခိုင်မာတဲ့ လှိုဏ်ခေါင်းတစ်ခု မဟုတ်ဘူး… သူတို့ကို မရေမတွက်နိုင်တဲ့ ဖုန်မှုန့်တွေနဲ့ ဖွဲ့စည်းထားတာ… သူတို့ကို ကမ္ဘာဦး သံလိုက်စွမ်းအားနဲ့ ထိန်းချုပ်ထားပြီး ပုံရိပ်ယောင် မြင်ကွင်းအနေနဲ့ ဖန်ဆင်းထားတာ"

အကယ်၍ သူတို့သည် ဤနေရာတွင် သတ္တုများကို တူးဖော်ခဲ့ပါက ဖုန်မှုန့်များကိုသာ တူးမိမည် ဖြစ်သည်။ ထိုဖုန်မှုန့်များသည် ကမ္ဘာဦး သံလိုက်စွမ်းအားများကို ထုတ်လွှတ်နေသော ဤနေရာမှနေ၍ ထွက်ခွာသွားမှသာ အချင်းချင်း ဆွဲဆောင်၍ အစိုင်အခဲ အဖြစ်သို့ ပေါင်းစည်းသွားမည် ဖြစ်သည်။

ဤနေရာတွင် အိမ်တစ်လုံးမျှ ကြီးမားနေသော အရာသည် ပြင်ပတွင် လက်သီးတစ်လုံး အရွယ်ထက် ပိုကြီးမည် မဟုတ်ပေ။

ရှီထျန်းဟောင်က သူ၏ခေါင်းကို ညိတ်လိုက်ကာ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်… ဒီဝင်ရိုးစွန်း သံမဏိ သတ္တုတွင်းက အံ့ဖွယ် ကောင်းကင်ကမ္ဘာက သတ္တုတွင်းထက် များစွာပိုကြီးပြီး ကမ္ဘာဦး သံလိုက်စွမ်းအားကလည်း ပိုသန်မာတယ်… ဒါပေမဲ့ သူ့ကိုကြည့်ရတာ ယိုယွင်းနေတဲ့ပုံ ပေါက်နေပြီ"

ဝမ်လင်းသည် သူ၏ ဘေးပတ်ပတ်လည်ကို အကဲခတ်လိုက်ကာ ပြောလိုက်သည်။ "အလွန်အကျွံ တူးဖော်ခြင်း မပြုခဲ့ရင် ဒီသတ္တုတွင်းဟာ သူ့ဘာသာသူ ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိတယ်… ယိုယွင်းလာတဲ့ လက္ခဏာတွေက တစ်စုံတစ်ခုကြောင့် ဖြစ်တာ ဖြစ်လိမ့်မယ်။ ဆရာက ငါတို့ကို ဒီနေရာမှာ လာရှာခိုင်းတဲ့ အရာက ဒါပဲဖြစ်မယ်"

ရှီထျန်းဟောင်က ရယ်လိုက်ကာ ပြောလိုက်သည်။ "ငါတို့က သူ့ကို နောက်မှ ရှာရမယ်… ငါတို့အနောက်က လိုက်လာတဲ့ သူတွေကို ကြိုဆိုဖို့ ပြင်ဆင်ကြရအောင်"

သူတို့သည် မဟာကျိုး အင်ပါယာမှ လူများထံမှ ထွက်ခွာလာခဲ့သောအခါ သံလိုက်အိမ်မြှောင်က ထပ်မံ၍ အလုပ်ပြန်လုပ်ခဲ့သည်။ ဤအချိန်တွင် သူသည် သူတို့၏ အနောက်မှ နေရာကို ညွှန်ပြနေခဲ့၏။

ယခုအချိန်တွင် သံလိုက်အိမ်မြှောင်၏ အပ်သည် ပြင်းထန်စွာ တုန်ခါနေခြင်း မရှိတော့ပဲ တည်ငြိမ်လာခဲ့သည်။ ဒါသည် တစ်စုံတစ်ယောက်က သူတို့၏ အနီးအနားသို့ ရောက်လာပြီ ဖြစ်သည်ကို ဖော်ပြနေခြင်း ဖြစ်သည်။

သူတို့အနောက်မှ သတ္တုတွင်း အတွင်းသို့ လိုက်ဝင်လာသူများ ဖြစ်စေ၊ မဟာကျိုး အင်ပါယာမှ လူများဖြစ်စေ ဝမ်လင်းနှင် ရှီထျန်းဟောင်တို့သည် သူတို့အား မလိုလားအပ်သော ပြဿနာများကို ပြုလုပ်ခွင့် မပေးနိုင်ချေ။

ရှီထျန်းဟောင်က သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီး ကြောက်မက်ဖွယ်ရာ ကမ္ဘာဦး သံလိုက်စွမ်းအားများကို ခံစားလိုက်သည်။ ပြီးမှသူက ပြုံးလိုက်ကာ ပြောလိုကသည်။ "တကယ့်ကို ကောင်းတာပဲ"

ပြီးတာနှင့် သူ၏ မှော်ရတနာ ဖြစ်သော အန်းမောင်၏ ခရမ်းရောင် ဦးခေါင်းခွံက ပေါ်လာခဲ့၏။ ခရမ်းရောင် မိုးကြိုးအလင်းတန်းများ ပေါ်လာခဲ့၍ သူတို့အနားမှ ကမ္ဘာဦး သံလိုက်စွမ်းအားတို့နှင့် ထိတွေ့ခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း တစ်ခုလုံးသည် ခရမ်းရောင် မိုးကြိုးအလင်းတန်း ပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။

စာစဥ် ၄၉ : အပိုင်း ၂

အပိုင်း ၉၃၂ : ထောင်ချောက်ဆင်ခြင်း

ရှီထျန်းဟောင်သည် သူ၏ အန်းမောင် ခရမ်းရောင် ဦးခေါင်းခွံအား အသက်သွင်းလိုက်သည်။ သူ၏အတွင်းမှ အစွမ်းထက်သော မိုးကြိုးအနွယ်ဝင် စိတ်ဝိညာဥ် စွမ်းအင်များသည် သတ္တုတွင်း အတွင်းမှ  ကမ္ဘာဦး သံလိုက်စွမ်းအားများနှင့် ပေါင်းစည်းသွားကာ ကြောက်မက်ဖွယ်ရာ အသံတစ်ခုအား  ထုတ်လွှတ်လိုက်သည်။

"ဒွိ" ရှီထျန်းဟောင်သည် အသံတိုးတိုးဖြင့် အော်လိုက်ရာ ကြည်လင်နေသော်လည်း သန့်စင်ခြင်း မရှိသေးသည့် ချီများဖြင့် ပြုလုပ်ထားသော အစွမ်းထက်သည့် ချီတိုင်လုံး တစ်ခုသည် သူ၏ နဖူးအတွင်းမှ ထွက်လာခဲ့၏။ ပြီးတာနှင့် သူ၏ တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားခဲ့ကာ ရှေးကျသော ဧရာမ ထိုက်ကျိရုပ်ပုံ အသွင်သို့ ပြောင်းသွားခဲ့သည်။

ထိုထိုက်ကျိရုပ်ပုံ အတွင်းတွင် တစ်ယောက်သည် မရေမတွက်နိုင်သော ရှေးဟောင်းသားရဲများ၏ ပုံအား မြင်နိုင်ကာ ရှေးကျသော ကမ္ဘာဦး စွမ်းအားတစ်ခုက ပေါ်ထွက်လာခဲ့သည်။

အန်းမောင်၏ ခရမ်းရောင် ဦးခေါင်းခွံသည် ရှီထျန်းဟောင်၏ အင်မော်တယ် ဝိညာဥ်ကိုယ်ပွားနှင့် ပေါင်းစည်းသွားခဲ့ကာ အစွမ်းထက်သော မိုးကြိုးအလင်းတန်းများက အဆက်မပြတ် လင်းလက်နေကြသည်။ သတ္တုတွင်း အတွင်းမှ မြောက်မြားလှစွာသော ကမ္ဘာဦး သံလိုက်စွမ်းအားများနှင့် ပေါင်းစည်းလိုက်သောအခါ ဒါသည် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။

မိုးကြိုးများဖြင့် ပြုလုပ်ထားသော မှော်သင်္ကေတ များသည် ထိုက်ကျိရုပ်ပုံ အတွင်းမှ တစ်ခုပြီးတစ်ခု ထွက်လာကြသည်။ သူတို့သည် ဖြည်းဖြည်းချင်းနှင့် ဧရာမ မှော်ကျိန်စာ ဝင်္ကပါတစ်ခု အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ဒါသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်သွားအပြီးတွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား ဆန့်ကျင်သော စစ်ပွဲအား အောင်နိုင်ပြီးနောက် လင်းဖုန်း၏ လမ်းညွှန်မှုဖြင့် တည်ဆောက်နိုင်ခဲ့သော ရှီထျန်းဟောင်၏ အစွမ်းထက်သော မှော်ကျိန်စာ ဝင်္ကပါ တစ်ခုဖြစ်သည်။ သူ့အား ကောင်းကင်ကိုးလွှာ နတ်ဘုရား မိုးကြိုးဝင်္ကပါ ဟူ၍ ခေါ်သည်။ သူသည် အမတန်မှ ခက်ထန်ကြမ်းတမ်းကာ သူ၏ ဖျက်ဆီးနိုင်မှု စွမ်းအားများ အံ့အားသင့်ဖွယ် ကောင်းလှသည်။

သူ၏ အခြေခံမှာ ခရမ်းရောင် တိမ်တိုက်ဂိုဏ်း၏ တောင်အကာအကွယ် ဝင်္ကပါဖြစ်သော ကောင်းကင်ကိုးလွှာ နတ်ဘုရားတိမ်တိုက် မိုးကြိုးဧကရာဇ် တောက်ကျွမ်းဝင်္ကပါနှင့် ဆင်တူသည်။ သူသည် ကောင်းကင်ကိုးလွှာ နတ်ဘုရား မိုးကြိုး၏ စွမ်းအားများကို အသုံးပြုထားခြင်း ဖြစ်သည်။

ရှီထျန်းဟောင်၏ ဝင်္ကပါသည် နှစ်ပေါင်းများစွာ စုစည်းထားသော ခရမ်းရောင် တိမ်တိုက်တောင်ထိပ်၏ ကြီးမားလှသော အတွေ့အကြုံကို မယှဥ်နိုင်ခဲ့သော်လည်း အလွန်အမင်းကို အစွမ်းထက်လှပေသည်။

ထို့အပြင် ရှီထျန်းဟောင်၏ ကိုယ်ပိုင် စွမ်းအားများသည် အလွန်အမင်းကို ထူးချွန်ပြောင်မြောက်လှကာ အင်မော်တယ် ဝိညာဥ် အဆင့်မှ အခြား ကျင့်ကြံသူများသည် များစွာပို၍ အစွမ်းထက်သည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ဝင်္ကပါ၏ တိုက်စစ်စွမ်းအားများသည် များစွာပို၍ မြင့်မားလာခဲ့သည်။

ပုံမှန်ဆိုလျှင် ထိုဝင်္ကပါသည် ကောင်းကင်အပေါ်မှ သဘာဝ မိုးကြိုးများကို အသုံးပြုရမည် ဖြစ်သည်။ သို့သော်လည်း ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း အတွင်းတွင် ကမ္ဘာဦး သံလိုက်စွမ်းအားများကြောင့် သူတို့အား အပြည့်အဝ မထုတ်ဖော်နိုင်ချေ။

သူတတ်နိုင်သည်မှာ ဖြည်းညင်းစွာဖြင့် လှည့်ပတ်နေ၍ အခွင့်ကောင်းကို စောင့်နေရန်သာ ဖြစ်၏။ သို့သော်လည်း ဒါသည် ချုံးချန်းတို့၏ မှော်ဝင်္ကပါထက်ပင် များစွာပို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။

မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းတွင် ရှိနေခဲ့စဥ် အတွင်း၌ ရှီထျန်းဟောင်သည် အခြားဘာမှ လုပ်စရာ မရှိနေခဲ့လျှင် ထိုမှော်ဝင်္ကပါအား လေ့ကျင့်နေခဲ့သည်။

"ဝင်္ကပါပုံစံ ၂၈၄နဲ့ ၂၈၅ကို နေရာပြောင်းလိုက်… ဝင်္ကပါပုံစံ ၁၇၆၉က မှားနေတယ်… ပြန်ပြင်မှ ရမယ်…" လီယွမ်ဖန်းက ရှီထျန်းဟောင်၏ ကောင်းကင်ကိုးလွှာ နတ်ဘုရားမိုးကြိုး ဝင်္ကပါအား အသေအချာ လေ့လာနေခဲ့ကာ သူ၏ အမှားများကို ထောက်ပြနေခဲ့သည်။

ရှီထျန်းဟောင်သည် သူ၏ အကြံဉာဏ်အား အပြည့်အဝ လက်ခံခဲ့သည်။ သူသည် မှော်ကျိန်စာ ဝင်္ကပါများကို လေ့လာထားခဲ့ကာ အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိသွားခဲ့သော်လည်း သူ၏ ဝင်္ကပါများ အပေါ်၌ သဘောပေါက်မှုများသည် လီယွမ်ဖန်းထက် နိမ့်ကျနေခဲ့သေးသည်။ ထို့ကြောင့် သူ၏ မှော်ဝင်္ကပါအား မထုတ်လွှတ်မီ ပို၍ အစွမ်းထက်စေရန် လီယွမ်ဖန်း၏ အကြံများကို ရယူခဲ့သည်။

လီယွမ်ဖန်းက မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။ "ဝင်္ကပါပုံစံ ၃၀၂၇က…"

သူသည် ပုံမှန်ဆိုလျှင် တုံ့ဆိုင်းနေလေ့ မရှိချေ။ သို့သော်လည်း ဤအချိန်တွင် သူက မည်ကဲ့သို့ ပြောရမည်မှန်း မသိနေ၍ မဟုတ်ပဲ အချိန် အကန့်အသတ်ကြောင့် ပြင်ဆင်မှုများကို ပြုလုပ်ရန် အချိန်မလုံလောက်နေခဲ့ပေ။

ဤဝင်္ကပါပုံစံသည် လီယွမ်ဖန်းအတွက် အဆင်ပြေနေသေးသော်လည်း သူသည် အနည်းငယ်မျှ ပြုပြင်ပြောင်းလဲမှုများ လုပ်လိုက်လျှင် ပို၍ အစွမ်းထက်လာမည်ဟု သိနေသည်။ သို့သော်လည်း သူက ပထမဆုံး စမ်းသပ်မှုများ ပြုလုပ်ရမည် ဖြစ်သည်။

စမ်းသပ်မှု မပြုလုပ်ရသေးပဲ လီယွမ်ဖန်းသည် ကောက်ချက်မချရဲခဲ့ပေ။ ခဏအကြာတွင် သူက ဆက်ပြောလိုက်၏။ "ဝင်္ကပါပုံစံ ၃၀၂၇ကို မပြောင်းနဲ့တော့… ဝင်္ကပါပုံစံ ၃၉၈၈ကိုတော့ ယန်ကို နောက်ပြန်ဆုတ်လိုက်ပါ… ဒါဆိုရင် အကျိုးသက်ရောက်မှုက ပိုကောင်းလာလိမ့်မယ်"

ရှီထျန်းဟောင်နှင့် ဆက်သွယ်နေရင်း လီယွမ်ဖန်းသည် သူ၏ကိုယ်ပိုင် မှော်ကျိန်စာ ဝင်္ကပါအား ထုတ်ဖော်လိုက်သည်။ လေပြင်းများ တစ်သုတ်ပြီး တစ်သုတ် တိုက်ခတ်လာခဲ့ကာ သတ္တုတွင်း အတွင်းမှ ကျဥ်းမြောင်းသော လေဟာနယ်အား ဖြတ်တောက်ခဲ့ကြသည်။

ဒါသည် ဖျက်ဆီး၍ မရနိုင်သော ခက်ထန်သည့် ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်း ဖြစ်သည်။

လီယွမ်ဖန်းသည် ဝင်္ကပါမြေပုံအား စတင်၍ အသက်သွင်းလိုက်သည်။ ဒါသည် လင်းဖုန်းက လွန်ခဲ့သော နှစ်ပေါင်းများစွာက လေနတ်ဘုရားဂိုဏ်းထံမှ ယူလာခဲ့သော ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်း ဝင်္ကပါမြေပုံပင် ဖြစ်သည်။

ထိုဝင်္ကပါမြေပုံသည် ပျက်စီးသွားခဲ့သော်လည်း လင်းဖုန်းက အနည်းငယ် ပြန်လည်၍ ပြုပြင်နိုင်ခဲ့သည်။ သူသည် ယခင်ကလောက် အစွမ်းအထက်တော့သော်လည်း အသုံးပြု၍တော့ ရသေးသည်။ ရှီထျန်းဟောင်နှင့် အဖွဲ့သည် ခွန်းဖန် လျှို့ဝှက်ကျမ်းစာအား သွားရှာသည့် အချိန်တွင် သူတို့သည် ထိုဝင်္ကပါအား အသုံးပြုနိုင်ခဲ့ကြသည်။

ယခုအချိန်တွင် လင်းဖုန်းသည် ထိုဝင်္ကပါမြေပုံအား အပြည့်အဝ ပြုပြင်လိုက်ပြီ ဖြစ်၏။ လီယွမ်ဖန်းနှင့် အတူ သူတို့သည် ပြုပြင်ပြောင်းလဲမှုများကို ထပ်မံ ထည့်သွင်းလိုက်ကြရာ ယခင်ကထက်ပင် ပိုမို၍ အစွမ်းထက်သွားခဲ့သည်။

လင်းဖုန်းသည် လေနတ်ဘုရားဂိုဏ်းအား ဖြိုခွဲခဲ့သော အခါ အဖိုးတန်သော ရတနာ နှစ်ခုအား ရခဲ့သည်။ တစ်ခုမှာ ကောင်းကင်ယောက်သွား ရွှေပုလဲဖြစ်၍ ကျန်တစ်ခုမှာ ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်း ဝင်္ကပါမြေပုံ ဖြစ်သည်။ ကောင်းကင်လေပြင်း သူတော်စင်၏ ကောင်းကင်လေပြင်း ရတနာယပ်တောင်နှင့် စာလျှင် ဒါသည် များစွာပို၍ အဖိုးတန်သည်။

ဤအချိန်တွင် လီယွမ်ဖန်းသည် သူ၏လက်များကို အဆက်မပြတ် လှုပ်ရှားနေရင်း မှော်ဝင်္ကပါ အတွင်း၌ ပြောင်းလဲမှုများကို အဆက်မပြတ် ပြုလုပ်နေကြသည်။ ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်းဝင်္ကပါသည် ကောင်းကင်ကိုးလွှာ၏ အပေါ်မှ ရှေးကျသော လေပြင်းအလွှာနှင့် တိုက်ရိုက် ဆက်သွယ်လိုက်သည်။ ဖျက်ဆီး၍ မရနိုင်သော ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်းတို့သည် ကောင်းကင်နှင့် မြေကြီးတို့အား ဖြတ်တောက်နိုင်စွမ်း ရှိကြသည်။

လက်ရှိအချိန်တွင် လီယွမ်ဖန်း၏ ကျင့်ကြံမှု အဆင့်သည် နိမ့်ကျနေသေးကာ မှော်ကျိန်စာ ဝင်္ကပါက အစွမ်းထက်သော်လည်း သူ၏ စွမ်းအားများကို အစွမ်းကုန် မထုတ်ဖော်နိုင်ခဲ့ပေ။ ထို့ကြောင့် ဘေးတွင်ရှိနေသော ရှီထျန်းဟောင်က ဝင်ရောက်ကူညီပေးခဲ့ရသည်။

ဖြည်းဖြည်းချင်းနှင့် သူသည် ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်းဝင်္ကပါအား ရှီထျန်းဟောင်ထံသို့ လွှဲပေးလိုက်သည်။ ပြီးတာနှင့် သူသည် ဘေးမှနေ၍ ရှီထျန်းဟောင်အား ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်း ဝင်္ကပါနှင့် ကောင်းကင်ကိုးလွှာ နတ်ဘုရားမိုးကြိုး ဝင်္ကပါတို့အား မည်ကဲ့သို့ အသုံးပြုရမည်ကို ပါးစပ်ဖြင့်သာ အကြံပေးနေခဲ့သည်။

ရှီထျန်းဟောင်၏ အင်မော်တယ် ဝိညာဥ်ကိုယ်ပွားဖြစ်သော ကမ္ဘာဦး ထိုက်ကျိရုပ်ပုံ၏ အပေါ်တွင် မိုးကြိုးနှင့် လေပြင်းတို့သည် အဆက်မပြတ် တိုက်ခတ်နေကြကာ ကြောက်မက်ဖွယ်ရာ သေမင်းမြင်ကွင်းကို ဖန်ဆင်းနေခဲ့ကြသည်။

မိုးကြိုးနှင့် လေပြင်းတို့သည် ရှီထျန်းဟောင်၏ အထူးကျွမ်းကျင်သော အရာများ ဖြစ်ကြသည်။ ယခုတွင် လီယွမ်ဖန်း၏ အကြံပေးမှုများနှင့် အတူ သူသည် ပို၍ အစွမ်းထက်သော မိုးသက်မုန်တိုင်းအား ဖန်ဆင်းနိုင်ခဲ့သည်။

ရှီထျန်းဟောင်၏ တိုက်ခိုက်မှုများ အတွင်းတွင် အဆုံးမဲ့ မိုးကြိုးမုန်တိုင်းသည် သူက မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်အား ကျင့်ကြံအပြီးတွင် ပထမဆုံး ကျင့်ကြံခဲ့သည့် မှော်ကျိန်စာ ဖြစ်၏။

ယခုအချိန်တွင် သူသည် ထိုမှော်ကျိန်စာအား အသုံးပြုလေ့ သိပ်မရှိတော့ပေ။ သို့သော်လည်း အဘယ်ကြောင့်ဆိုသော် သူသည် လုံလောက်အောင် အစွမ်းမထက်တော့၍ မဟုတ်ပဲ အမတန်ကိုမှ ပို၍ အစွမ်းထက်လာသောကြောင့် ဖြစ်သည်။

မိုးကြိုးနှင့် လေပြင်းတို့သည် အတူတကွ ပေါင်းစည်းမိသောအခါ သူတို့သည် အချင်းချင်း ထောက်ပံ့နိုင်ကြကာ နောက်ထပ် ပိုမိုပြင်းထန်သော မိုးကြိုးနှင့် လေပြင်းတို့အား ဖန်ဆင်းနိုင်ကြသည်။ တိုးတက်လာသော စွမ်းအားများမှာ အကန့်အသတ်မဲ့သဖြင့် ရှီထျန်းဟောင်သည် သူ့အား ခံနိုင်စွမ်း မရှိခဲ့ချေ။

ယနေ့အချိန်တွင် ရှီထျန်းဟောင်သည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သဖြင့် သူထိန်းချုပ်နိုင်သော အဆုံးမဲ့ မိုးကြိုးမုန်တိုင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

အမှန်အတိုင်းပြောရလျှင် ကြိုတင်ပြင်ဆင်ရန်သာ အချိန်လုံလောက်မှု ရှိပါက ဒါသည် စွမ်းအားသက်သက် အရဆိုလျှင် သူ၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှု ဖြစ်နိုင်သည်။

သို့သော်လည်း ဤနေရာတွင် ပြဿနာတစ်ခု ပေါ်လာ၏။ အင်မော်တယ် ဝိညာဥ် အဆင့်မှ တိုက်ပွဲများသည် အဆက်မပြတ် ပြောင်းလဲနေကြ၍ မျက်စိတစ်မှိတ် အတွင်းတွင် အကွက်ပေါင်း ထောင်နှင့်ချီ၍ တိုက်ခိုက်နေရသောကြောင့် သူ၏ အဆုံးမဲ့ မိုးကြိုးမုန်တိုင်းအား ပြင်ဆင်ရန် အချိန်မရှိတော့ချေ။ ထို့ကြောင်ပင် ရှီထျန်းဟောင်က သူ့အား အသုံးသိပ်မပြုခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင်မူ သူသည် ဤနေရာ၌ အခြားသူများအား ထောင်ချောက်ဆင်နေခြင်း ဖြစ်သဖြင့် ဤကဲ့သို့သော ပြဿနာ မရှိတော့ချေ။ ထို့ကြောင့် ရှီထျန်းဟောင်သည် သူ၏ မှော်ကျိန်စာဟောင်းအား ပြန်လည်၍ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤအချိန်တွင် သူသည် အဆုံးမဲ့ မိုးကြိုးမုန်တိုင်းအား တိုက်ခိုက်မှု အဖြစ်နှင့်သာ အသုံးပြုခဲ့ခြင်း မဟုတ်ပေ။ လီယွမ်ဖန်း၏ အကူအညီဖြင့် သူသည် ကောင်းကင်ကိုးလွှာ နတ်ဘုရားမိုးကြိုး ဝင်္ကပါနှင့် ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်း ဝင်္ကပါတို့အား ပူးပေါင်းကာ သူ၏ ပုံမှန် အကန့်အသတ်ထက်ပင် ပို၍ စွမ်းအားကောင်းသည့် မိုးကြိုးမုန်တိုင်း တစ်ခုအား ဖန်ဆင်းနိုင်ခဲ့ပြီ ဖြစ်သည်။

ရှီထျန်းဟောင်နှင့် လီယွမ်ဖန်းတို့က အလုပ်ရှုပ်နေခဲ့ချိန်တွင် ဝမ်လင်းကလည်း အလကားမနေခဲ့ပေ။ သူ၏ လူသားပုံစံကို စွန့်လွှတ်လိုက်ကာ အင်မော်တယ် ဝိညာဥ်ကိုယ်ပွား အဖြစ်သို့ ပြောင်းလိုက်ပြီး ငရဲကမ္ဘာ ထိုက်ကျိရုပ်ပုံအား ထုတ်ဖော်လိုက်သည်။

အစွမ်းထက်သော ငရဲကမ္ဘာ ထိုက်ကျိရုပ်ပုံ အပေါ်၌ မိစ္ဆာတံခါး တစ်ခု ပွင့်လာခဲ့သည်။ သူ၏အနောက်တွင် ဘာမှမရှိသော ကမ္ဘာတစ်ခု ရှိနေခဲ့သည်။ သူ၏အတွင်းတွင် အလင်းစက် အရင်းအမြစ် တစ်ခုသာ ရှိ၏။ ပြီးတာနှင့် ထိုအလင်းစက် ထံမှနေ၍ မျဥ်းကြောင်းတစ်ခု ထွက်လာခဲ့ကာ နောက်ထပ် အလင်းစက်တစ်ခု ဖြစ်သွားခဲ့၏။ ပြီးတာနှင့် နောက်ထပ် အလင်းစက်များကို ဆက်လက်၍ ဖန်တီးနေခဲ့သည်။

ခဏအကြာတွင် မိစ္ဆာတံခါးက ပိတ်သွားခဲ့သော အခါ အဆက်မပြတ် ဆန့်တန်းနေသော ကမ္မမျဥ်းကြောင်းများသည် ဦးတည်ချက်ပြောင်းပြန် ပြန်လည် ပြောင်းသွားခဲ့သည်။

ဒါသည် ဝမ်လင်း၏ အသွင်သဏ္ဌာန်လေးမျိုး နယ်နိမိတ် မှော်ကျိန်စာမှ နောက်ဆုံးကမ္ဘာ ဖြစ်သော အကြောင်းနှင့်အကျိုး ကမ္ဘာဖြစ်သည်။

အကြောင်းနှင့်အကျိုး ကမ္ဘာအား ထုတ်ဖော်ပြီးသော အခါ ဝမ်လင်းသည် သူ၏ ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန်ကို ထုတ်ယူလိုက်သည်။ ဤမှော်ရတနာ၏ မူလစိတ်ဝိညာဥ် ဖြစ်သော အနက်ရောင် ဝတ်စုံဖြင့် ကောင်းကင်ချုပ်နှောင် သခင်က သူ၏ဘေးတွင် ပေါ်လာခဲ့သည်။ ဝမ်လင်းနှင့် ဆက်သွယ်ပြီးသွားသောအခါ ကောင်းကင်ချုပ်နှောင် သခင်သည် အလံကို လှုပ်ယမ်းလိုက်ရာ အရိပ်တစ်ခု လက်ကနဲ ဖြစ်သွားပြီး တစ်စုံတစ်ယောက် ထွက်လာခဲ့သည်။

သူသည် ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန် အတွင်းမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်သည့် သေမင်းခန်းမ၏ ယခင်ခေါင်းဆောင် ရှုအန်ဒါ မဟုတ်ခဲ့ပေ။ ထို့အစား သူသည် အင်မော်တယ် ဝိညာဥ် တတိယ အဆင့်အတွင်းတွင် အားအနည်းဆုံး ဖြစ်သော သံသရာဂိုဏ်း၏ လူသားလမ်းစဥ် ခေါင်းဆောင် ကျန်းအန်းဟွေပင် ဖြစ်၏။

ကျန်းအန်းဟွေသည် သက်ပြင်းတစ်ချက် ချလိုက်ကာ ကောင်းကင်ချုပ်နှောင် သခင်၏ အမိန့်များကို နာခံလိုက်ရသည်။ သူ၏ မျက်စိများကို မှိတ်လိုက်ကာ အသက်ရှူထုတ်လိုက်၏။ သူမှုတ်ထုတ်လိုက်သော ဓာတ်ငွေ့များသည် အရက်နံ့ ရနေခဲ့သည်။

သို့သော်လည်း ထိုအရက်ဓာတ်ငွေ့များသည် လူအများကို မူးစေခြင်း မရှိပေ။ ထို့အစား သူသည် တစ်စုံတစ်ယောက်အား သူ၏ ပတ်ဝန်းကျင်အား သတိထားမှု ကင်းမဲ့စေရန် ပြုလုပ်နိုင်စွမ်း ရှိသည်။

သူသည် အင်မော်တယ် ဝိညာဥ် တတိယ အဆင့် သို့မဟုတ် မသေဝိညာဥ် တတိယ အဆင့်မှ သူများအား အကျိုးသက်ရောက်မှု မရှိနိုင်သော်လည်း ထိုအရက်ဓာတ်ငွေ့များသည် ရှီထျန်းဟောင် ရှိနေသော နေရာကို ဖုံးလွှမ်းသွားသောအခါ သူ့ပြိုင်ဘက်များအား ရှီထျန်းဟောင် တည်ရှိနေမှုကို အမှတ်တမဲ့ ဖြစ်သွားစေခဲ့သည်။

သူတို့သည် ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း၏ အတွင်းပိုင်းသို့ ရောက်ရှိနေကာ အင်မော်တယ် ဝိညာဥ်နှင့် မသေဝိညာဥ် တတိယအဆင့်မှ ကျင့်ကြံသူများ၏ သဘာဝလွန် အသိစိတ်များသည် အလုပ်မလုပ်နိုင်ခဲ့သော်လည်း ရှီထျန်းဟောင်၏ မှော်ဝင်္ကပါ နှစ်ခုနှင့် အဆုံးမဲ့ မိုးကြိုးမုန်တိုင်းတို့သည် အမတန်ကိုမှ ခက်ထန်လွန်းနေခဲ့သည်။

မဟာကျိုး အင်ပါယာမှ လျှမ်ဖူနှင့် လီယောင်တို့ဆိုလျှင် ဘာမှ မဖြစ်သော်လည်း အကယ်၍ သူတို့၏ ရန်သူများသည် သူတို့ အစောပိုင်းမှ အာရုံခံမိသည့် မိစ္ဆာများ ဖြစ်ပါက သတိပြုနိုင်ခြေ ရှိသည်။

ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့၏ အဆင့်မှ အစွမ်းထက် မိစ္ဆာများ အနေနှင့် သူတို့သည် ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်းကဲ့သို့သော နေရာများတွင်ပင် အာရုံခံနိုင်စွမ်း မြင့်မားသည်။ အဝေးမှနေ၍ သူတို့သည် အာရုံခံနိုင်စွမ်း မရှိသော်လည်း အနီးကပ်လာလျှင် မည်သူကမှ အာမမခံနိုင်ချေ။

ထို့ကြောင့် ဝမ်လင်းသည် သူ၏ အကြောင်းနှင့်အကျိုး ကမ္ဘာကို အသုံးပြုကာ ရှီထျန်းဟောင်အား သူ၏ လုပ်ဆောင်ချက်များကို ဖုံးကွယ်ပေးထားခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ကျန်းအန်းဟွေအား အသုံးပြုကာ ရှီထျန်းဟောင်အား ထပ်မံ၍ ကာကွယ်ထားခဲ့သည်။

အခြားနေရာများတွင် ရှိခဲ့လျှင် ဒါသည် အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘာပဲပြောပြော ကျင့်ကြံသူများ၏ သဘာဝလွန် အသိစိတ်သည် လွန်စွာမှ အစွမ်းထက်လှသည်။ သို့သော်လည်း ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း အတွင်း၌ ဝမ်လင်း၏ လုပ်ဆောင်ချက်များသည် အလွန်တရာမှ ထိရောက်လှ၏။

ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့သည် ဘာကိုမှ သတိမထားမိပဲနှင့် သတ္တုတွင်း၏ အတွင်းသို့ ရောက်ရှိလာကြသည်။

ဤနေရာတွင် သူတို့၏ မိစ္ဆာစွမ်းအားများနှင့်ပင်လျှင် သူတို့သည် ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့၏ နေရာများကို မရှာနိုင်ခဲ့ကြပေ။ သူတို့က သတ္တုတွင်း၏ အတွင်းတစ်နေရာ၌ ပျောက်ကွယ်သွားသည်ဟုသာ သိနိုင်ကြသည်။

ထို့ကြောင့် ထိုမိစ္ဆာ နှစ်ကောင်တို့သည် သူတို့၏ သတိများကို လွတ်မထားကြပေ။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် နာမည်ကျော်ကြား၍ သူတို့၏ အင်္ကျီလက်ဝများ အတွင်းတွင် ဖဲချပ်ပေါင်းများစွာ ရှိပေလိမ့်မည်။

ရွှေပုစဥ်း ဆရာတော်၏ လက်အောက်တွင် သင်ကြားနေသော ယုအောက် နဂါးဘုရင်သည် ဗုဒ္ဓ၏ မဟာကမ္မ ကျမ်းစာအတွင်းတွင် တစ်ယောက်သည် အရာဝတ္တုများနှင့် ဖြစ်တည်မှုတို့၏ အကြားမှ ကမ္မဆက်သွယ်မှုများအား ဖြတ်တောက်ကာ အခြားသူများ၏ စိတ်အာရုံကို ထုံထိုင်းစေရန် ပြုလုပ်နိုင်ကြောင်းကို ဖတ်ရှုထားဖူးသည်။

ရွှေပုစဥ်း ဆရာတော်သည် ယခုနှစ်များ အတွင်းတွင် လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း တစ်ယောက်မှ သူ့ကို မရှာနိုင်ခဲ့ခြင်းသည် သူ၏ ကိုယ်ပိုင်စွမ်းအား သက်သက်ကြောင့်သာ မဟုတ်ခဲ့ပေ။ သူသည် ဗုဒ္ဓမှော်ကျိန်စာများကို အသုံးပြုကာ သူ၏ ကမ္မလမ်းကြောင်းများကို ကွယ်ဝှက်ထားနိုင်ခြင်းကြောင့်လည်း ပါသည်။

အကယ်၍ တစ်ယောက်၏ ရန်သူသည် အားနည်းချက် တစ်ခုကို ရှာနိုင်ခဲ့ကာ ကမ္မလမ်းကြောင်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့လျှင် ကမ္မဖုံးကွယ်ခြင်း စွမ်းအားများသည် များစွာ အားနည်းသွားခဲ့ပေမည်။

သို့သော်လည်း ယခုအချိန်တွင် ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့သည် မျက်စိကို အဖုံးခံထားရသကဲ့သို့ ဖြစ်နေခဲ့သည်။ သူတို့သည် လက်တစ်ကမ်း အကွာမှ အန္တရာယ်ကို အာရုံမခံနိုင်ခဲ့ပေ။

ဒါသည် မျက်ကန်းနှစ်ယောက်၏ အရှေ့တွင် ထောက်ချောက်အား ချထားပြီး ခွေးတစ်ကောင် သို့မဟုတ် တုတ်ကောက်မပါပဲ လမ်းလျှောက်စေခြင်းနှင့် တူနေ၏။ သူတို့သည် မည်မျှပင် သတိထားကြပါစေ ထောင်ချောက်အပေါ်သို့ တက်နင်းပြီးမှသာ သိနိုင်ကြမည် ဖြစ်သည်။

သူတို့သည် အချိန်မီ တုံ့ပြန်နိုင်စွမ်း ရှိမရှိ ဆိုသည်မှာ နောက်ထပ် အပိုင်းတစ်ပိုင်း ဖြစ်၏။


စာစဥ် ၄၉ : အပိုင်း ၃

အပိုင်း ၉၃၃ : ဒါက သံလိုက်အမြောက်တော့ မဟုတ်နိုင်ပါဘူး

ဘာဖြစ်နေမှန်းကို မသိပဲ ခြေတစ်လှမ်းခြင်း ဂရုတစိုက် လျှောက်လာသော ယုအောက် နဂါးဘုရင်သည် ရုတ်တရက် သူ၏ခြေလှမ်းကို ရပ်တန့်လိုက်ကာ ပြောလိုက်သည်။ "တစ်စုံတစ်ခုက မှားနေတယ်… သူတို့ကလည်း မဟာကမ္မကျမ်းစာ အတွင်းက ကမ္မဖုံးကွယ်ခြင်း နည်းစနစ်ကို တတ်ကျွမ်းနေသလိုပဲ… တစ်ခုခုက မှားနေတယ်လို့ ခံစားနေရတယ်"

ဘာပဲပြောပြော သူသည် ရွှေပုစဥ်း ဆရာတော်၏ လက်အောက်တွင် သင်ယူထားခဲ့သူ ဖြစ်ရာ သူ၏ ဗုဒ္ဓ မှော်ကျိန်စာနှင့် နည်းစနစ်တို့မှာ အကန့်အသတ် ရှိသော်လည်း အာရုံခံနိုင်စွမ်း ရှိနေခဲ့သည်။

ကျူးအာ မဟာပဏ္ဍိတကလည်း ချက်ချင်း ရပ်တန့်လိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ရန်သူတွေက ငါတို့ကို ထွင်းဖောက်မြင်နိုင်ပြီး ငါတို့ကတော့ သူတို့အကြောင်းကို ဘာမှမသိနိုင်ဘူးလို့ မင်းက ဆိုလိုချင်နေတာလား"

ယုအောက် နဂါးဘုရင်က ရုတ်တရက် ပြောလိုက်၏။ "ကဲ… မြန်မြန် ပြန်ဆုတ်ကြစို့… ငါတို့က သူတို့ကို သတ္တုတွင်းရဲ့ အပြင်မှာပဲ သွားစောင့်ကြမယ်… ဒါက အချိန်ဖြုန်းရာ ကျပေမဲ့ ပိုပြီးမှ လုံခြုံတယ်… တကယ်လို့ ငါတို့က တတိယ စီနီယာကို မကယ်နိုင်ရင်လည်း ဘာမှ မတတ်နိုင်ဘူး… တကယ်လို့ အရှေ့ကို ဆက်သွားခဲ့ရင် ငါတို့က ရန်သူတွေကို ဖမ်းဆီးသတ်ဖြတ်နိုင်စွမ်း မရှိနိုင်တဲ့အပြင် ငါတို့ရဲ့ အသက်တွေပါ ပျောက်သွားနိုင်တယ်"

"အိုး… ကြည့်ရတာ ကျူးကျော် ဝင်ရောက်လာတဲ့သူတွေက ငါတို့အပေါ်မှာ ရန်ပြုလိုတဲ့စိတ်တွေ ရှိနေကြတာပဲ… အနည်းဆုံးတော့ ငါတို့က မင်းတို့ကို မှားယွင်းပြီးမှ မတိုက်ခိုက်မိတော့ဘူးပေါ့" ရုတ်တရက်ပင် ရှီထျန်းဟောင်၏ အသံက ပေါ်ထွက်လာခဲ့သည်။

ခဏအကြာတွင် ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့၏ အရှေ့မှ အမှောင်ထု အတွင်းတွင် တောက်ပလှသည့် အလင်းတန်း တစ်ခုက လင်းလက်လာခဲ့သည်။

အတူတကွ စုစည်းထားပုံရသည့် ဧရာမ မှော်ဝင်္ကပါ နှစ်ခုတို့သည် သူတို့အရှေ့မှ လေဟာနယ် အတွင်းတွင် ရုတ်တရက် ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ခရမ်းရောင် မိုးကြိုးအလင်းတန်းသည် တောက်ပလွန်းလှသဖြင့် မသေဝိညာဥ် တတိယ အဆင့်မှ မိစ္ဆာနှစ်ကောင်တို့သည် သူတို့၏ မျက်လုံးများကိုပင် မဖွင့်နိုင်တော့ပဲ သူတို့၏ မိစ္ဆာဝိညာဥ်များ အတွင်းတွင် စူးရှသော နာကျင်မှုများကို ခံစားခဲ့ရသည်။

အဆုံးမဲ့ လေပြင်းများသည် ဖျက်ဆီးနိုင်စွမ်း အားကောင်းသော မိုးကြိုးပင်လယ်အား အဖော်ပြု၍ ထွက်ပေါ်လာကြသည်။ လေပြင်းများသည် သူတို့၏ အသွင်မဲ့ ပုံသဏ္ဌာန်အား ဆုံးရှုံးသွားခဲ့ကာ အကောင်အထည် ပေါ်လာခဲ့၍ မျက်စိပသာဒ ဖြစ်စေသော အလင်းတန်းများအဖြစ် ပြောင်းသွားကြသည်။

လေပြင်းနှင့် မိုးကြိုးများက ပေါင်းစည်းသွားကြသောအခါ သူတို့သည် တုန်ခါသွားကြ၍ အချင်းချင်း အထောက်အပံ့ ပြုခဲ့ကြကာ စွမ်းအားများ တိုးတက်လာခဲ့သည်။ ပေါက်ကွဲထွက်လာသော စွမ်းအားများသည် ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့အား ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

သူတို့ဘာမှ မတုံ့ပြန်နိုင်ခင်တွင် ကြောက်မက်ဖွယ်ကောင်းသော မိုးသက်လေပြင်း တစ်ခုသည် အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့၍ မရေမတွက်နိုင်သော မိုးကြိုးမုန်တိုင်းများ အဖြစ် မိစ္ဆာနှစ်ကောင် စလုံးတို့အား ဖုံးလွှမ်းသွားခဲ့သည်။

ဤအချိန်တွင် ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့၏ စိတ်အတွင်းတွင် အတွေးပေါင်းများစွာ ပေါ်လာခဲ့သည်။

"တကယ်လို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေကတောင် ဒီလောက်အထိ အစွမ်းထက်နေကြရင် သူတို့ရဲ့ ဆရာက ဘယ်လောက်အထိ အစွမ်းထက်နေလိမ့်မလဲ… ဒီစွမ်းအားတွေဟာ အချိန် တစ်ခဏ အတွင်းမှာ ထုတ်ဖော်နိုင်မှာ မဟုတ်ပဲ သူတို့က ငါတို့ကို ခြုံခိုတိုက်ခိုက်ဖို့ ကြိုတင်ပြီးမှ ပြင်ဆင်ထားတာ"

"ဒါပေမဲ့ ဘေးပတ်ပတ်လည်မှာ ကမ္ဘာဦး သံလိုက်စွမ်းအားတွေ ရှိနေတယ်လေ… သူတို့က ဘယ်လိုလုပ်ပြီး ငါတို့ကို အာရုံခံနိုင်ရတာလဲ… ဒါ့အပြင် ငါတို့က သူတို့အနားကို ချဥ်းကပ်လာတာကိုပါ သိနိုင်ခဲ့တယ်… သူတို့က ဘယ်လိုမျိုး လုပ်ဆောင်နိုင်တာပါလိမ့်"

"သူတို့က ငါတို့ရဲ့ တည်နေရာကို အာရုံခံနိုင်ခဲ့တဲ့ အပြင် ငါတို့ထံကနေလည်း သူတို့ကိုယ်သူတို့ လုံးဝ အပြည့်အဝ ဖုံးကွယ်ထားနိုင်ခဲ့တယ်"

မိစ္ဆာနှစ်ကောင်တို့သည် ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသော အချိန်တွင် အံ့ဩထိတ်လန့်သွားကြသည်။ သို့သော်လည်း သူတို့ကိုယ်သူတို့ လျှင်မြန်စွာနှင့် တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့ကြ၍ ယခုအချိန်သည် ဘာဖြစ်ခဲ့သည်ကို ပြန်တွေးနေရမည့် အချိန်မဟုတ်ဟု သဘောပေါက်လိုက်ကြ၏။ မဟုတ်လျှင် သူတို့သည် ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့၏ လက်အောက်တွင် အသက်ပျောက်သွားရပေလိမ့်မည်။

ခြုံခိုတိုက်ခိုက်ခြင်းသည် ရုတ်တရက် ဖြစ်သော်လည်း မိစ္ဆာနှစ်ကောင်တို့သည် လျှင်မြန်စွာနှင့်ပင် တုံ့ပြန်နိုင်ခဲ့ကြသည်။ သူတို့၏ အရှေ့မှ ကြောက်မက်ဖွယ်ရာ လေပြင်းနှင့် မိုးကြိုးတို့အား ရင်ဆိုင်ခဲ့ရသော အချိန်တွင် သူတို့ နှစ်ယောက်စလုံးတို့သည် သူတို့၏ အစစ်အမှန် ပုံစံများကို ချက်ချင်း ဖော်ပြခဲ့ကြသည်။

နဂါးဟောက်သံ တစ်ခုနှင့် နောက်ထပ် ကောင်းကင်အား တုန်ခါသွားစေသည့် ဟိန်းဟောက်သံ တစ်ခုတို့က ပေါ်လာခဲ့သည်။ အကြေးခွံများ ကင်းမဲ့နေသည့် အဖြူရောင် ကျောက်စိမ်းနဂါး တစ်ကောင်နှင့် အကြေးခွံများ နေရာတွင် ကျောက်ဆောင်များ ရှိနေသည့် ဧရာမ မိချောင်းကြီး တစ်ကောင်တို့က သတ္တုတွင်း အတွင်းတွင် ပေါ်လာခဲ့သည်။

ယုအောက် နဂါးဘုရင်သည် ကျောက်စိမ်းနဂါး တစ်ကောင်အဖြစ် ဖော်ပြလိုက်၍ သူ၏ပုံစံသည် ချက်ချင်းပင် ပုံရိပ်ယောင် အဖြစ်သို့ ပြောင်းသွားခဲ့သည်။ သူသည် အစစ်အမှန် ကမ္ဘာတွင် မရှိနေပဲ တံလျှပ်ကမ္ဘာ တစ်ခုအတွင်းတွင် ရောက်နေခဲ့သကဲ့သို့ ဖြစ်၏။ ဒါသည် အဖြူရောင် ကျောက်စိမ်းနဂါး မျိုးနွယ်စုတို့၏ အထူးစွမ်းရည် ဖြစ်သည်။

အစွမ်းထက်သော ကျောက်စိမ်းနဂါးတို့သည် ပုံရိပ်ယောင် ကမ္ဘာနှင့် အစစ်အမှန် ကမ္ဘာတို့၏ အတွင်းတွင် ပြောင်းလဲကာ နေနိုင်စွမ်း ရှိသည်။ ဒါသည် ဒိုင်မန်းရှင်းများ အကြား ရွှေ့ပြောင်းခြင်း မဟုတ်ပဲ သူ၏ အတွင်းတွင် ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းတို့၏ စွမ်းအားများကို ထည့်သွင်းထားခြင်း ဖြစ်သည်။

သူသည် ပုံရိပ်ယောင် တစ်ခုအဖြစ်သို့ ပြောင်းသွားသည့်အခါ မှော်ကျိန်စာများ၊ ရုပ်ကိုယ်ခန္ဓာဖြင့် တိုက်ခိုက်ခြင်းများကြောင့် အန္တရာယ် မဖြစ်နိုင်ပေ။ ရှုထောင့်တစ်ခု အနေမှ ပြောရလျှင် အဖြူရောင် ကျောက်စိမ်းနဂါးများသည် နဂါးများ အကြားတွင် အကောင်းဆုံး ခံစစ်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

အကယ်၍ တစ်ယောက်သည် သူ၏ ထူးခြားသော ပါရမီများကို ဖြေရှင်းရန် နည်းလမ်းမရှိလျှင် အဖြူရောင် ကျောက်စိမ်းနဂါးများကို တိုက်ခိုက်ရန် အမတန်မှ ခက်ခဲပေသည်။

ရှီထျန်းဟောင်၏ ကြောက်မက်ဖွယ်ရာ မိုးကြိုးမုန်တိုင်းနှင့် ရင်ဆိုင်ခဲ့ရသော အခါ ယုအောက် နဂါးဘုရင်သည် တစ်စက္ကန့်လေးမျှပင် မတွေဝေရဲခဲ့ပေ။ သူ၏ သဘာဝ ပါရမီများကို ချက်ချင်းပင် အစွမ်းကုန် ထုတ်ဖော်လိုက်၏။

အကယ်၍ သူသည် အမှားတစ်ခု ကျူးလွန်မိပါကာ အကြေးခွံတစ်ခု၊ သို့မဟုတ် လက်သည်းတစ်ခုတို့အား ဖော်ပြမိပါက အန္တရာယ် ကျသွားနိုင်မည် ဖြစ်သည်။

အခြားတစ်ဘက်တွင်မူ ကျူးအာ မဟာပဏ္ဍိတသည် သူ၏ကိုယ်ပိုင် ခံစစ်စွမ်းရည်များကို အသုံးပြု၍သာ ခုခံနိုင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကျောက်ဆောင်များကဲ့သို့ လေးလံသော အကြေးခွံများဖြင့် ပြည့်နှက်သွားကာ သူ၏ ခံစစ်စွမ်းအားများသည် အမှန်တကယ်ပင် အံ့ဩဖွယ် ကောင်းလှ၏။ သို့သော်လည်း ကြောက်မက်ဖွယ်ရာ မိုးကြိုးမုန်တိုင်းနှင့်  ရင်ဆိုင်ခဲ့ရသောအခါ သူသည် ကျိုးပဲ့လွယ်နေခဲ့သည်။

ဓားများဖြင့် ချပ်ဝတ်တန်ဆာအား ခုတ်နေသည့် အတိုင်း လေပြင်းများသည် အကြေးခွံများ အပေါ်မှ တိုက်ခတ်နေခဲ့ကာ နက်ရှိုင်းသော ဒဏ်ရာများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုဒဏ်ရာများ အပေါ်သို့ မိုးကြိုးများက ရိုက်ခတ်လိုက်ကာ အက်ကွဲနေသော အကြေးခွံများအား ပေါက်ကွဲစေခဲ့သည်။

သူ၏ အစစ်အမှန် ပုံစံအား ဖော်ပြခဲ့သော်လည်း ကျူးအာ မဟာပဏ္ဍိတသည် ထိုတိုက်ခိုက်မှုများကြောင့် သွေးသံရဲရဲ ဖြစ်သွားခဲ့သည်။

ကျူးအာတစ်ကောင် အနေဖြင့် သူ၏ ရုပ်ကိုယ်ခန္ဓာသည် မဟူရာပင်လယ် အတွင်းမှ နဂါးမျိုးနွယ်စု အမျိုးမျိုး အတွင်းတွင် အသန်မာဆုံး အတွင်းတွင် ပါသည်။ တစ်ချိန်တည်းတွင်ပင် သူသည် အဆင့်တူ အတွင်းမှ အခြားမိစ္ဆာများထက် ပို၍ အထက်တန်းကျသည်။ နဂါးများ အကြားတွင် ဘတ်စ်တလီ အနက်ရောင် နဂါးနှင့် အဝါရောင် နဂါးတို့ကသာ သူ၏ သန့်စင်သော ရုပ်ကိုယ်ခန္ဓာ စွမ်းအားကို ယှဥ်နိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် ထောင်ပေါင်းများစွာသော မှော်သင်္ကေတများသည် သူ၏ ထူထဲလှသော အကြေးခွံ ချပ်ဝတ်တန်ဆာ အပေါ်၌ လင်းလက်လာခဲ့သည်။ သူတို့သည် ရှီထျန်းဟောင်၏ အဆုံးမဲ့ မိုးကြိုးမုန်တိုင်းအား ခုခံရန် ကြိုးစားနေကြသော်လည်း အဆက်မပြတ် အဖျက်ဆီးခံနေရသည်။

သူ၏ ချပ်ဝတ်တန်ဆာသည် မြေနှင့်ရေ၏ စွမ်းအားများအား ပူးပေါင်း၍ ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုချပ်ဝတ်တန်ဆာသည် မြေ၏ အစွမ်းသတ္တိဖြင့် ထူထဲ၍ ခိုင်မာကာ ရေ၏ အစွမ်းသတ္တိဖြင့် တိုက်ခိုက်မှုများကို အသွင်ကင်းမဲ့စွာဖြင့် ဖယ်ရှားနိုင်သည်။

ခံစစ်စွမ်းအားများအရ သူသည် အနက်ရောင် အကြေးခွံများကို ဖော်ပြထားသော ဘတ်စ်တလီ အနက်ရောင် နဂါးထက်ပို၍ အောက်တန်းမကျနေခဲ့ပေ။

သာမန် အခြေအနေတွင် သူ၏ အစစ်အမှန် ပုံစံအား ဖော်ပြကာ ရှီထျန်းဟောင်နှင့် တစ်ယောက်ချင်း ယှဥ်ပြိုင်တိုက်ခိုက်ပါက ရှီထျန်းဟောင်၏ တိုက်ခိုက်မှုများအနက် နောက်ဆုံး မြင့်မြတ်သော အလင်းတန်းကို သူ၏ သိုင်းစွမ်းအားများ အတွင်းတွင် ထည့်သွင်းကာ ကျောက်တုံးဓားဖြင့် တိုက်ခိုက်မှသာ သူ၏ ခံစစ်များကို ထိုးဖောက်နိုင်မည် ဖြစ်သည်။

ခံစစ်နှင့် ရုပ်ကိုယ်ခန္ဓာ စွမ်းအားများ အရ ကျူးအာ မဟာပဏ္ဍိတသည် ရှီထျန်းဟောင် အစောပိုင်းမှ ယှဥ်ပြိုင်ခဲ့သော ဖန်းရှီး မဟာပဏ္ဍိတထက် အားမနည်းနေပေ။

သို့သော်လည်း ယခုအချိန်တွင် ရှီထျန်းဟောင်သည် စွမ်းအားများစွာတို့အား စုဆောင်းပြီး၍ မှော်ဝင်္ကပါ နှစ်ခုတို့၏ အကူအညီဖြင့် အဆုံးမဲ့ မိုးကြိုးမုန်တိုင်း၏ ပုံမှန် အကန့်အသတ်များကို ချိုးဖောက်ခဲ့ပြီး ဖြစ်သည်။ ကျူးအာ မဟာပဏ္ဍိတသည် သနားစရာ ကောင်းလှစွာဖြင့် တရစပ် ထိုးနှက်ခြင်းကို ခံနေရကာ သူ၏ အကြေးခွံများမှာ နေရာအနှံ့သို့ ပြန့်ကျဲသွားခဲ့သည်။

လေပြင်းနှင့် မိုးကြိုးတို့၏ တိုက်ခိုက်မှုကြောင့် သူ၏ ချပ်ဝတ်တန်ဆာ တစ်ပိုင်းပြီးမှ တစ်ပိုင်းတို့သည် အပိုင်းအစများ အဖြစ်သို့ ပြောင်းသွားကြသည်။ သူ၏ မူလက ထူထဲသော ချပ်ဝတ်တန်ဆာသည် တစ်လွှာပြီးတစ်လွှာ အလှီးခံနေရသကဲ့သို့ ဖြစ်သည်။

ကြယ်တာရာများ၏ စွမ်းအားကို ဆင့်ခေါ်လိုက်ရာ တောက်ပသော ကြယ်အလင်းတန်းသည် ကျူးအာ မဟာပဏ္ဍိတ၏ ခန္ဓာကိုယ် အပေါ်၌ လင်းလက်လာခဲ့သည်။ သူ၏ မိစ္ဆာစွမ်းအားများသည် သူ၏ ချပ်ဝတ်တန်ဆာအား အဆက်မပြတ် အားဖြည့်ပေးနေခဲ့သော်လည်း ပျက်စီးမှုများကို ရပ်တန့်စေရန် မလုံလောက်ခဲ့ချေ။

အကာအကွယ် ချပ်ဝတ်တန်ဆာက တဖြည်းဖြည်း ပါးလွှာလာခဲ့ပြီး အတွင်းမှ ကျူးအာ မဟာပဏ္ဍိတ၏ ခန္ဓာကိုယ်အား မြင်ရလုနီးပါးပင် ဖြစ်လာခဲ့သည်။

"နတ်ဆိုးမိစ္ဆာလေးတွေ" ကျူးအာ မဟာပဏ္ဍိတက ကျိန်ဆဲလိုက်သည်။ သူသည် သူ၏ကြီးမားလှသော ပါးစပ်ကြီးဖြင့် ရှီထျန်းဟောင်အား အလွန်အမင်း ကိုက်ပစ်ချင်နေခဲ့သည်။ သို့သော်လည်း လေပြင်းနှင့် မိုးကြိုးတို့၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် သူသည် ဘာကိုမှ မလုပ်နိုင်ခဲ့ချေ။

မိုးကြိုးမုန်တိုင်းများက အရပ်မျက်နှာ လေးဘက်စလုံးတွင် ဝန်းရံထားသဖြင့် နောက်ဆုတ်ရှောင်တိမ်းရန်လည်း မဖြစ်နိုင်ချေ။ ဟင်းလင်းပြင် တစ်ခုလုံးကလည်း ကစဥ့်ကလျား ဖြစ်နေခဲ့သည်။ ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း၏ ထူးခြားသော အခြေအနေများကြောင့် မဟုတ်လျှင် ရှီထျန်းဟောင်သည် အစောကြီးကတည်းက ဤသတ္တုတွင်းအား ပြိုကျစေခဲ့ပြီး ဖြစ်ပေလိမ့်မည်။

သို့တိုင်အောင် သတ္တုတွင်း အတွင်းမှ အနက်ရောင် လေဟာနယ်သည် အဆက်မပြတ် တုန်ခါနေခဲ့၏။ သူသည် အချိန်မရွေး ပြိုကျသွားနိုင်သည့်ပုံ ပေါက်နေခဲ့သည်။

အစိုင်အခဲပုံ ပေါက်နေသလို တစ်ချိန်တည်းတွင် မပေါက်နေသော နံရံနှင့် မြေကြီးများသည် အက်ကွဲကြောင်းများ ပေါ်မလာခဲ့သော်လည်း လှိုင်းထန်နေသော ပင်လယ်ကဲ့သို့ လှုပ်ခါနေခဲ့သည်။

နံရံနှင့် မြေကြီးများသည် အဆက်မပြတ် တုန်ခါနေခဲ့သဖြင့် သူတို့သည် မူလံပုံစံများကို မထိန်းသိမ်းထားနိုင်တော့ချေ။ ရှီထျန်းဟောင်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း တစ်ခုလုံးအား တုန်ခါစေခဲ့ကာ ကမ္ဘာဦး သံလိုက်စွမ်းအားများကို ဖြည်းဖြည်းချင်း တိုက်စားနိုင်ခဲ့သည်။

သို့သော်လည်း ကျူးအာ မဟာပဏ္ဍိတသည် အရှေ့မတက်နိုင်သလို အနောက်ကိုလည်း မဆုတ်နိုင်ခဲ့ပေ။ သူသည် မူလနေရာ၌သာ ကူရာမဲ့စွာနှင့် စောင့်နေနိုင်ခဲ့သည်။

လက်ရှိ အခြေအနေအား ကြည့်လိုက်ကာ ယုအောက် နဂါးဘုရင်၏ မျက်လုံးများတွင် အရောင်များ လင်းလက်လာခဲ့ကာ တွေးလိုက်သည်။ "သူ့ရဲ့အကွက်ဟာ အမြဲတမ်းတော့ မတည်တံ့နိုင်ပါဘူး… သူက ကျူးအာကို သတ်ချင်လို့ရှိရင် အမတန်မှ ခက်ခဲမှာ ဖြစ်ပေမဲ့ ဒဏ်ရာရအောင်တော့ လုပ်နိုင်လိမ့်မယ်"

ထိုအချိန်တွင် ယုအောက် နဂါးဘုရင်က ဟိန်းဟောက်လိုက်၏။ "ကျူးအာ" သူ၏ ပုံစံသည် ပြောင်းသွားခဲ့ကာ ကျူးအာ မဟာပဏ္ဍိတထံသို့ ရောက်လာခဲ့ပြီး သူ၏ပါးစပ်အား ဟလိုက်သည်။

ကျူးအာ မဟာပဏ္ဍိတကလည်း လျှင်မြန်စွာနှင့် တုံ့ပြန်ခဲ့သည်။ သူ၏ လက်ရှိ အခြေအနေကို မကျေနပ်နေသော်လည်း လျှင်မြန်စွာနှင့် လူးလိမ့်လိုက်၍ သူ့ကိုယ်သူ အနက်ရောင် မြူခိုးငွေ့ အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ပြီးတာနှင့် ယုအောက် နဂါးဘုရင်၏ ပါးစပ်အတွင်းသို့ ဝင်သွားခဲ့ကာ ရှီထျန်းဟောင်၏ အဆုံးမဲ့ မိုးကြိုးမုန်တိုင်းအား နောက်ဆုံးတွင် ရှောင်ရှားနိုင်ခဲ့သည်။

ယုအောက် နဂါးဘုရင်ကလည်း မပေါ့ဆရဲခဲ့ပေ။ ကျူးအား မဟာပဏ္ဍိတအား ကယ်တင်ရန်အတွက် သူသည် ပုံရိပ်ယောင် ပုံစံမှ ပြောင်းလဲလိုက်ရသဖြင့် မိုးကြိုးမုန်တိုင်းများ၏ ရိုက်ခတ်မှုအား ချက်ချင်းခံစားလိုက်ရသည်။

ထူးခြားဆန်းကြယ်သော ပုံရိပ်ယောင်နှင့် အစစ်အမှန် ပြောင်းလဲမှု မှော်ကျိန်စာ မရှိလျှင် သူ၏ ခံစစ်စွမ်းရည်များမှာ ကျူးအာ မဟာပဏ္ဍိတထက် များစွာပို၍ အားနည်းသည်။ သူသည် တံလျှပ်ကမ္ဘာ အဖြစ်သို့ လျှင်မြန်စွာနှင့် ပြန်ပြောင်းလိုက်မှသာ ဒဏ်ရာ အပြင်းအထန် ရရှိခြင်းမှ သီသီလေး လွတ်မြောက်နိုင်ခဲ့သည်။

သူသည် အဆုံးမဲ့ မိုးကြိုးမုန်တိုင်း၏ အစွမ်းအထက်ဆုံး နောက်ဆုံးအဆင့်အား ရှောင်ရှားကာ နောက်ဆုတ်ရန် ကြံစည်လိုက်သော်လည်း ရှီထျန်းဟောင်၏ ရယ်သံများကို ကြားလိုက်ရသည်။ "ဟေ့… မင်းက ဘယ်သွားချင်နေတာတုံး"

"ဟီးဟီး… ဒါက အစပဲ ရှိသေးတယ်"

ရှီထျန်းဟောင်က ဟိန်းဟောက်လိုက်ရာ ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်း ဝင်္ကပါသည် ငြိမ်သက်သွားခဲ့ကာ သေးငယ်သော အလင်းစက် တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့၍ လီယွမ်ဖန်း၏ လက်အတွင်းသို့ ပြန်ရောက်သွားခဲ့သည်။

မူလ အဆုံးမဲ့ မိုးကြိုးမုန်တိုင်းသည် ချက်ချင်းပင် မျှခြေမညီ ဖြစ်သွားခဲ့၏။ မိုးကြိုးများက ကျယ်လောင်စွာ ထစ်ချုန်းနေခဲ့သော်လည်း လေပြင်းများက မရှိကြတော့ချေ။

မှော်ကျိန်စာ တစ်ခုလုံးက ပြိုကျတော့မည်ကဲ့သို့ ဖြစ်သွားခဲ့သည်။

ယုအောက် နဂါးဘုရင်သည် ရှီထျန်းဟောင်က အမှားတစ်ခု ပြုလုပ်မိသည်ဟုတ် မယုံကြည်နေခဲ့ပေ။ ထို့အစား သူ၏ မျက်ဝန်းများ အတွင်းတွင် အလင်းရောင်တစ်ခု လက်ကနဲ ဖြစ်သွားခဲ့ကာ သူ၏ အမူအရာသည် အလွန်အမင်း လေးနက်သွားခဲ့သည်။

အတွင်းမှ ဓာတ်နှစ်မျိုး၏ အချင်းချင်း ထောက်ပံ့မှုဖြင့် တဖြည်းဖြည်း ကြီးထွားလာခဲ့သော မိုးကြိုးမုန်တိုင်းသည် ရုတ်တရက်ပင် ဓာတ်တစ်မျိုးကို ဆုံးရှုံးသွားခဲ့သဖြင့် ဆက်လက် ကြီးထွားနိုင်စွမ်း မရှိတော့သော်လည်း မိုးကြိုးများ၏ စွမ်းအားများသည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အားကောင်းလာခဲ့သည်။

ခေတ္တမျှ အားနည်းနေပုံ ပေါက်သွားခဲ့အပြီးတွင် မိုးကြိုးများသည် ပရမ်းပတာဖြင့် အထွတ်အထိပ် အဆင့်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ကမ္ဘာဦး ထိုက်ကျိရုပ်ပုံ ပုံစံဖြင့် တည်ရှိနေသော ရှီထျန်းဟောင်သည် ယုအောက် နဂါးဘုရင်ထံသို့ အဆက်မပြတ် လည်ပတ်၍ ရောက်ရှိလာခဲ့သည်။ ထိုက်ကျိရုပ်ပုံ၏ အလယ်တွင် ခရမ်းရောင် အလင်းတန်း တစ်ခုက လင်းလက်လာခဲ့ကာ အပြင်သို့ ထွက်လာခဲ့၏။

သူသည် ပရမ်းပတာ ဖြစ်နေသော မိုးကြိုးများကို ထွင်းဖောက်၍ ထွက်လာခဲ့ကာ ထိုခရမ်းရောင် အလင်းတန်း၏ ဦးဆောင်မှုအောက်တွင် မိုးကြိုးမုန်တိုင်းများသည် တစ်စက်မှမကျန် ဖြောင့်တန်းသော မိုးကြိုးအလင်းတန်း တစ်ခုအဖြစ်သို့ စုစည်းသွားခဲ့၍ ယုအောက် နဂါးဘုရင်ထံသို့ ပြေးဝင်လာခဲ့သည်။

ခရမ်းပြာရောင် မိုးကြိုးအလင်းတန်းသည် အကောင်အထည် ပေါ်လာခဲ့ကာ အရှေ့သို့ ထိုးဖောက်လိုက်သည်။

ခဏအကြာတွင် ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း၏ အတွင်းပိုင်းသည် ရုတ်တရက် ပြိုလဲသွားခဲ့၍ ဖုန်မှုန့်များစွာတို့သည် နေရာအနှံ့သို့ ပျံ့နှံ့သွားကြ၏။

ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း၏ ကမ္ဘာဦး သံလိုက်စွမ်းအားများသည် ဤနေရာသို့ စုစည်းလာခဲ့ကာ တောက်ပလှသော အဖြူရောင် သံလိုက်အလင်းတန်း အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ဝက်အူလှည့်ကဲ့သို့သော သံလိုက်အလင်းတန်းသည် ခရမ်းပြာရောင် မိုးကြိုးအလင်းတန်းအား လွှမ်းခြုံသွားခဲ့ပြီး လှည့်ပတ်နေခဲ့ကာ ယုအောက် နဂါးဘုရင်ထံသို့ ပြေးဝင်လာခဲ့သည်။

အရာအားလုံးအား ကြည့်ရှုနေခဲ့သော လင်းဖုန်း၏ မှော်ကျိန်စာ ရုပ်ခန္ဓာကိုယ်သည် နှုတ်ခမ်း တွန့်သွားခဲ့ကာ ရေရွတ်လိုက်သည်။ "ဒါက သံလိုက်အမြောက် တစ်ခုတော့ မဟုတ်လောက်ပါဘူးနော်"

သံလိုက်ပေါက်ကွဲမှုများသည် ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း တစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့သည်။ ငလျှင်လှုပ်နေသကဲ့သို့ သတ္တုတွင်း အတွင်းမှ လှိုဏ်ခေါင်းများစွာတို့က ပြိုကျကုန်ကြသည်။ လျှပ်စီးမီးတောက်များသည် ဟင်းလင်းပြင်တွင် ကခုန်နေကြ၍ ချုံးချန်းတို့ တည်ဆောက်ထားသော မှော်ကျိန်စာ ဝင်္ကပါကလည်း ချက်ချင်း ပျက်ဆီးသွားခဲ့သည်။

ချုံးချန်းများနှင့် မဟာကျိုး အင်ပါယာမှ ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်များက သံလိုက်ပေါက်ကွဲမှုကြောင့် ပြတ်တောက်သွားတော့မည်ကဲ့သို့ နာကျင်စွာနှင့် ညည်းညူလိုက်ကြသည်။

ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်း အတွင်းမှ ကမ္ဘာဦး သံလိုက်စွမ်းအား အားလုံးတို့ကို စုစည်းလိုက်၍ ထုတ်ဖော်ခဲ့သော ရှီထျန်းဟောင်၏ အစွမ်းအထက်ဆုံး အကွက်မှာ တိုင်ဧကရာဇ်၏ ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာ တစ်ပါးဖြစ်သည့် တော်ဝင်နန်းတော်၏ ဝင်ရိုးစွန်းနှစ်ဘက် ကစဥ့်ကလျားဂူ နတ်ဘုရား အလင်းတန်းနှင့် ဆင်တူနေခဲ့သည်။

စာစဥ် ၄၉ : အပိုင်း ၄

အပိုင်း ၉၃၄ : မိုးကြိုးအလင်းတန်းဖြင့် စစ်မြေပြင်အား ရှင်းလင်းခြင်း

ကမ္ဘာဦး သံလိုက်စွမ်းအားတို့အား ထည့်သွင်းထားသည့် ကြောက်မက်ဖွယ်ရာ မိုးကြိုးအလင်းတန်းအား အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည်ပင်လျှင် အလေးအနက်ထား၍ ရင်ဆိုင်ခဲ့ရသည်။

ဝမ်လင်းသည် ရှီထျန်းဟောင်အား မကူညီခဲ့ပဲ ထို့အစား သူ၏ မှော်စွမ်းအင်များဖြင့် ယန်ချင်၊ လော်ချင်းဝူနှင့် ကျန်သောသူများအား အကာအကွယ် ပေးထားခဲ့သည်။

ထို့အပြင် သူ၏ အစစ်အမှန်နှင့် ပုံရိပ်ယောင် ကမ္ဘာအား အသုံးပြု၍ ယုအောက် နဂါးဘုရင်အား တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ယုအောက် နဂါးဘုရင်၏ ကျင့်ကြံမှု အဆင့်မှ အဖြူရောင် ကျောက်စိမ်းနဂါး တစ်ကောင်အနေဖြင့် သူတို့၏ ပုံရိပ်ယောင်နှင့် အစစ်အမှန်တို့၏ အကြားမှ ပြောင်းလဲမှုအား နားလည် သဘောပေါက်မှုသည် အလွန်အမင်းကို နက်ရှိုင်းနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်လင်း၏ အစစ်အမှန်နှင့် ပုံရိပ်ယောင် ကမ္ဘာအား အတိုင်းအတာ တစ်ခုအထိ ခုခံနိုင်စွမ်း ရှိသည်။

သို့သော်လည်း ဝမ်လင်း၏ အစစ်အမှန်နှင့် ပုံရိပ်ယောင် ကမ္ဘာသည် အဖြူရောင် နဂါးမျိုးနွယ်စုတို့၏ အပေါ်၌ အလွန်အမင်း အကျိုးသက်ရောက်မှု အားကောင်းသည်။ ယုအောက် နဂါးဘုရင်သည် ရှီထျန်းဟောင်၏ တိုက်ခိုက်မှုကြောင့် အားကုန်နေခဲ့ပြီ ဖြစ်သဖြင့် ဝမ်လင်း၏ ရုတ်တရက် တိုက်ခိုက်မှုသည် မျှခြေကို ပျက်ယွင်းစေခဲ့သည်။

သို့သော်လည်း ရှီထျန်းဟောင်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုသည်ပင်လျှင် ယုအောက် နဂါးဘုရင်၏ နှလုံးသား အတွင်းတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေရန် လိုသည်ထက်ပင် ပိုနေခဲ့ပြီ ဖြစ်သည်။

အစွမ်းထက်သော ကမ္ဘာဦး သံလိုက်ရတနာ အလင်းတန်းသည် နှေးကွေးနေသည့်ပုံ ပေါက်နေသော်လည်း အမှန်တွင် အလွန်တရာမှ လျှင်မြန်လှ၏။ သာမန် ဓားအလင်းတန်း သို့မဟုတ် ရတနာ အလင်းတန်း တို့၏ အမြန်နှုန်းနှင့် ယှဥ်လိုက်မည်ဆိုလျှင် များစွာပို၍ လျှင်မြန်၏။ ယုအောက် နဂါးဘုရင်ကဲ့သို့ အစွမ်းထက်သော မိစ္ဆာကပင်လျှင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သူ၏ ကိုယ်ပိုင်စွမ်းအားများကို အစွမ်းကုန် မြှင့်တင်လိုက်မှသာ ယုအောက် နဂါးဘုရင်သည် ထိုတိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့သည်။

သူသည် မဟူရာ ပင်လယ်အတွင်းမှ ထွက်ခွာလာခဲ့၍ ရွှေပုစဥ်း ဆရာတော်၏ လက်အောက်တွင် သင်ယူနေခဲ့ကာ အိမ်သို့ ပြန်လေ့မရှိသော်လည်း သူသည် ရှေးပဝေသဏီ နတ်နဂါးတို့နှင့် အလားတူ မျိုးနွယ်စု အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ အဖြူရောင် ကျောက်စိမ်းနဂါး တစ်ကောင်အနေနှင့် သူသည် သူ့မျိုးနွယ်စု၏ အစွမ်းအထက်ဆုံး အဖွဲ့ဝင်များ အတွင်းတွင် ပါဝင်နေ၏။

အကယ်၍ သူထက်ပို၍ အစွမ်းထက်သော အဖြူရောင် ကျောက်စိမ်းနဂါး တစ်ကောင်အား ရှာရမည် ဆိုပါက သူ၏ အစ်ကိုကြီးသာ ရှိလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကမ္ဘာဦး သံလိုက်ရတနာ အလင်းတန်းများမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။ သူနှင့် ထိတွေ့ခဲ့သည့် နေရာတိုင်းတွင် လေဟာနယ်များက ကစဥ့်ကလျား ပြိုလဲသွားကြကာ အစစ်အမှန်နှင့် ပုံရိပ်ယောင် ကမ္ဘာများက အသွင်ပြောင်းသွားကြသည်။

ကံကောင်းထောက်မစွာနှင့် ယုအောက် နဂါးဘုရင်သည် မသေဝိညာဥ် တတိယ အဆင့်မှ မိစ္ဆာတစ်ကောင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် အစစ်အမှန်နှင့် ပုံရိပ်ယောင်များ အကြားတွင် အဆက်မပြတ် ပြောင်းလဲနေခဲ့သော်လည်း တခဏ အတွင်းတွင် သူသည် အကြိမ်ပေါင်း တစ်သောင်းကျော် ပြောင်းလဲနိုင်ခဲ့သည်။

သူသည် ပုံရိပ်ယောင် ကမ္ဘာအတွင်းသို့ ပြန်ဝင်နိုင်ခဲ့ရုံပင် ရှိသေးသည် ထူးခြားဆန်းကြယ်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်မျိုး၏ ပြန်လည်ဆွဲထုတ်ခြင်းကို ခံခဲ့ရသည်။ သူသည် အစစ်အမှန် ကမ္ဘာသို့ ပြန်ရောက်လာခဲ့ကာ ကမ္ဘာဦး သံလိုက်ရတနာ အလင်းတန်း၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ထပ်မံ၍ ရင်ဆိုင်ခဲ့ရသည်။

ယုအောက် နဂါးဘုရင်ကလည်း ငြိမ်ခံမနေခဲ့ချေ။ သူသည် ပုံရိပ်ယောင် ကမ္ဘာအတွင်းသို့ ထပ်ဖန်တစ်ခါ ပြန်လည်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူသည် ရုန်းကန်နေရင်းကပင် နောက်ထပ်တစ်ခေါက် ပြန်လည်၍ အဆွဲထုတ်ခံလိုက်ရသည်။

ထိုအချိန်တွင် သူသည် ကမ္ဘာနှစ်ခု အကြားတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောင်းလဲခဲ့ပြီး ဖြစ်၏။ သူသည် အစစ်အမှန် ကမ္ဘာအတွင်းသို့ ရောက်ခဲ့သော အကြိမ်တိုင်းတွင် သူ၏ ခန္ဓာကိုယ်သည် မိုးကြိုးအလင်းတန်းများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

သူ၏ ဒဏ်ရာများကို ပိုမို ဆိုးရွားလာသည်နှင့် အမျှ ယုအောက် နဂါးဘုရင်သည် သူ၏ စွမ်းအားများကို ထုတ်သုံးရန် ခက်ခဲလာခဲ့သည်။

သူသည် ရှီထျန်းဟောင်၏ အစွမ်းထက်သော တိုက်ခိုက်မှုများသည် ဖျက်ဆီးနိုင်စွမ်း အားကောင်းရုံတင်မက သူ၏ သဘာဝ ပါရမီအား အသုံးမဝင်အောင် စွမ်းဆောင်နိုင်စွမ်း ရှိမှန်းကို သတိပြုမိလိုက်၏။

ရှောင်ယန်၏ ကောင်းကင်မီးတောက် ကြာပန်းကဲ့သို့ ရှီထျန်းဟောင်သည် သူ၏ အစွမ်းထက်သော တိုက်ခိုက်မှုအား ထုတ်လွှတ်နိုင်ရန် ဘေးပတ်ဝန်းကျင်မှ စွမ်းအားများကို ရနိုင်သလောက် ဆွဲယူသုံးစွဲနေခဲ့သည်။ သို့သော်လည်း သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်စွမ်း မရှိခဲ့ပေ။

ထိုအတွင်းမှ ဖျက်ဆီးနိုင်မှု စွမ်းအားများသည် ဝမ်လင်း၏ အန္တိမ ဖျက်ဆီးခြင်းထက်ပင် ပို၍ အားကောင်းနေသေးသည်။ တန်ဖိုးတစ်ခုအား ပေးဆပ်၍ ရှီထျန်းဟောင်သည် မယုံနိုင်အောင် အင်အားကြီးမားသော တိုက်ခိုက်မှု တစ်ခုအား ထုတ်လွှတ်နိုင်ခဲ့သည်။

ယုအောက် နဂါးဘုရင်၏ နှလုံးသား အတွင်းတွင် ကြံရာမရ ဖြစ်နေခဲ့သည်။ သူသည် အကြိမ်ပေါင်းများစွာ ရုန်းကန်နေခဲ့သော်လည်း သူ၏ သဘာဝ ပါရမီသည် အဖျက်ဆီးခံခဲ့ရသည်။ သိပ်မကြာခင်တွင် သူ၏ မူလခန္ဓာကိုယ်သည် တိုက်ခိုက်မှုများကို တိုက်ရိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ဒါသည် အဆင့်တူ အတွင်းမှ ဘတ်စ်တလီ အနက်ရောင် နဂါးများကပင် အသက်ရှင်နိုင်မည် မဟုတ်သော တိုက်ခိုက်မှု ဖြစ်၏။

ယုအောက် နဂါးဘုရင်၏ မျိုချထားမှုကို ခံနေရသော ကျူးအာ မဟာပဏ္ဍိတကလည်း ထိတ်လန့် တုန်လှုပ်နေခဲ့သည်။ အစပထမတွင် သူသည် ယာယီ ပုန်းအောင်းနေရုံ သက်သက်ဟုသာ ထင်နေခဲ့သော်လည်း ယခုအချိန်တွင် သူ၏ လွတ်လမ်းများသည် အပိတ်ဆို့ ခံထားရပြီ ဟူသည်ကို သဘောပေါက်သွားခဲ့သည်။ ရှီထျန်းဟောင်၏ နောက်ထပ် တိုက်ခိုက်မှုသည် ယုအောက် နဂါးဘုရင်နှင့် သူတို့ နှစ်ယောက်စလုံးအား ချေမှုန်းနိုင်တော့မည် ဖြစ်သည်။

သို့သော်လည်း ထိုအချိန်ခဏ၌ မိုးကြိုးအလင်းတန်း၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများနှင့် အတူ ယုအောက် နဂါးဘုရင်၏ ကိုယ်ပိုင် ထူးခြားဆန်းကြယ်သော ပုံရိပ်ယောင်နှင့် အစစ်အမှန် ပြောင်းလဲခြင်း မှော်ကျိန်စာတို့ကြောင့် စစ်မြေပြင်မှ လေဟာနယ်သည် ရုတ်တရက် စတင်ကာ တွန့်လိမ်လာခဲ့သည်။

ပျက်စီးလုနီးပါး ဖြစ်နေခဲ့သော ဟင်းလင်းပြင်သည် ရုတ်ချည်းပင် အဖြူရောင် အလင်းတန်းများဖြင့် စတင်၍ လင်းလက်လာခဲ့သည်။ ယုအောက် နဂါးဘုရင်သည် တုန်လှုပ်သွားခဲ့သော်လည်း မိုးကြိုးအလင်းတန်းများ၏ ဖိအားအောက်တွင် သူသည် ဘာကိုမှ တွေးနိုင်စွမ်း မရှိတော့ချေ။ ချက်ချင်း ဆိုသလိုပင် သူသည် အသစ်ဖြစ်ပေါ်လာသော ကမ္ဘာအကြားမှ လမ်းကြောင်း၏ စုပ်ယူမှု အနောက်သို့ လိုက်ပါသွားခဲ့သည်။

မိုးကြိုး အလင်းတန်းများက ရိုက်ခတ်လိုက်ကြသောအခါ မူလက သေးငယ်သော အစက်လေး အရွယ်သာ ရှိနေသည့် ကမ္ဘာအကြားမှ လမ်းကြောင်းသည် ကြီးမားကျယ်ပြန့်သွားခဲ့သည်။ ဟင်းလင်းပြင် အတွင်းမှနေ၍ ဝင်ပေါက်တစ်ခု ပေါ်လာသကဲ့သို့ ဖြစ်၏။

ပြီးတာနှင့် မိုးကြိုးအလင်းတန်းများသည် တွန့်လိမ်နေရာမှ ဆန့်တန်းသွားခဲ့သည်။ သူသည် တည့်တည့် ထွက်သွားခဲ့ကာ သတ္တုတွင်းအား ထိုးဖောက်သွားခဲ့သည်။ သူသည် သတ္တုတွင်း၏ အပေါ်မှ မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းသို့ ရောက်ရှိသွားပြီးမှ ကောင်းကင်အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့သည် ထိုမိုးကြိုးအလင်းတန်း အလဟဿ ဖြစ်သွားခြင်းကို နောင်တမရနိုင်ခဲ့ပေ။ သူတို့၏ အာရုံများကို သူတို့အရှေ့တွင် ပေါ်လာသော ဧရာမ ဒိုင်မန်းရှင်း ကွဲဟမှု အပေါ်၌ စူးစိုက်ထားလိုက်ကြကာ သူ၏ စွမ်းအားများကို ခံစားလိုက်ကြသည်။

သတ္တုတွင်းသည် ပျက်စီးသွားခဲ့ကာ ဖုန်မှုန့်များသည် လေထုအတွင်းတွင် လွင့်မျောနေကြ၏။ အနီး ပတ်ဝန်းကျင်တွင် ကမ္ဘာဦး သံလိုက်စွမ်းအားများး ရှိနေကြသေးသော်လည်း ယခင်ကကဲ့သို့ မျက်စိကျိန်းလောက်အောင် မတောက်ပကြတော့ချေ။

"လက်စသတ်တော့ ဒီလိုကိုး… ဒါက ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်းရဲ့ အတွင်းပိုင်းနဲ့ ဆက်သွယ်ထားတဲ့ ပြင်ပကမ္ဘာ တစ်ခု ဖြစ်တယ်… သတ္တုတွင်းရဲ့ အတွင်းက စိတ်ဝိညာဥ် စွမ်းအင်တွေက ဒီပြင်ပကမ္ဘာဆီကို စီးဝင်နေကြတယ်… ဒီသတ္တုတွင်းက ယိုယွင်းနေတဲ့ လက္ခဏာတွေကို ပြသနေတာ အဆန်းတော့ မဟုတ်ပါဘူး"

ရှီထျန်းဟောင်က အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "ဒီပြင်ပကမ္ဘာနဲ့ သတ္တုတွင်းတို့ဟာ အရင်က မျှခြေညီမျှနေခဲ့တယ်… ဒါပေမဲ့ ကျွန်တော်က သတ္တုတွင်းကို ဖျက်ဆီးပစ်ခဲ့တော့ အတွင်းဘက်က စိတ်ဝိညာဥ် စွမ်းအင်တွေက ကစဥ့်ကလျား ဖြစ်သွားခဲ့တယ်… အတွင်းမှာက ဘာအရာများရှိပြီး ဒီလိုမျိုး စိတ်ဝိညာဥ် စွမ်းအင်တွေရဲ့ စီးဆင်းမှု ပြောင်းလဲသွားခြင်းဟာ သူ့ကို ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိစေခဲ့မလဲ"

ဝမ်လင်းက ပြောလိုက်၏။ "အရင်ဆုံး ဝင်ကြည့်လိုက်ရအောင်… အခုအချိန်မှာ မိစ္ဆာနှစ်ကောင်တို့က အရင်ဝင်သွားကြပြီ"

ရှီထျန်းဟောင်က သူ၏ခေါင်းကို ညိတ်လိုက်ကာ ဝမ်လင်းနှင့်အတူ ပြင်ပကမ္ဘာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

သူတို့ နှစ်ဦးနှစ်ဘက် တိုက်ခိုက်နေကြချိန်တွင် သူတို့၏ အပေါ်ဘက်မှ လူများသည်လည်း အကြီးအကျယ် ထိခိုက်ခဲ့ကြသည်။ ချုံးချန်း မျိုးနွယ်စုတို့ဖြစ်စေ၊ မဟာကျိုး အင်ပါယာမှ ဖြစ်စေ သူတို့သည် ဆုံးရှုံးမှုများကို ကြီးမားစွာ ရင်ဆိုင်ခဲ့ရသည်။

အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်မှ ယန်လျှမ်မင်းသား လျှမ်ဖူနှင့် အင်မော်တယ် ဝိညာဥ် ပထမ အဆင့်မှ ချန်းယွင်သူတော်စင် လီယောင်တို့သည် ဘာမှ မဖြစ်ခဲ့ကြပေ။ ဘာပဲပြောပြော သူတို့ ခံစားခဲ့ရသည်မှာ လက်ကျန်လှိုင်းလုံးများသာ ဖြစ်၏။ ကံကောင်းထောက်မစွာနှင့် မိုးကြိုးအလင်းတန်းသည် သူတို့ထံသို့ မရောက်လာခဲ့ချေ။

သို့သော်လည်း သူတို့ နှစ်ဦးစလုံးတို့သည် ဖရိုဖရဲ ဖြစ်သွားကြသည်။ ချန်းယွင်သူတော်စင်သည် အောက်ဘက်သို့ ကြောက်ရွံ့စွာနှင့် ငုံ့ကြည့်လိုက်ကာ ပြောလိုက်သည်။ "အစောက တိုက်ခိုက်မှုကို ဘယ်သူကများ ပြုလုပ်ခဲ့ပါလိမ့်"

လျှမ်ဖူ၏ မျက်နှာသည် လေးနက်နေခဲ့ကာ ပြောလိုက်သည်။ "ကမ္ဘာဦး သံလိုက်စွမ်းအားက အရမ်းကိုမှ သန်မာပြီး ငါက မှော်စွမ်းအင်ရဲ့ အရင်းအမြစ်နဲ့ အမျိုးအစားကို အာရုံခံလို့ မရခဲ့ဘူး… ဒါပေမဲ့ ဒီနေရာက ချုံးချန်းတစ်ကောင်မှ ဒီလိုမျိုး စွမ်းအား မရှိဘူးဆိုတာကို သေချာနေတယ်"

"ရှီထျန်းဟောင်နဲ့ ဝမ်လင်းတို့နဲ့ ရင်ဆိုင်ခဲ့တာ ဘယ်က အစွမ်းထက်တဲ့ ကျင့်ကြံသူလဲ မသိဘူး… ဒါပေမဲ့ သူတို့ရဲ့ ပြိုင်ဘက်ကသာ မိုးကြိုးအနွယ်ဝင်နဲ့ သံလိုက်အနွယ်ဝင် စွမ်းအင်တွေကို လေ့ကျင့်ထားတဲ့သူ မဟုတ်ရင်တော့ ဒီတိုက်ခိုက်မှုကို ထုတ်လွှတ်ခဲ့သူဟာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ရှီထျန်းဟောင်ပဲ ဖြစ်လိမ့်မယ်"

ထိုစကားကို ကြားရသောအခါ ချန်းယွင်သူတော်စင်က ငြိမ်သက်သွားခဲ့၏။ သူသည် ဘာမှ ဆက်မပြောခဲ့သော်လည်း သူ၏ ရင်အတွင်းတွင် လျှမ်ဖူက သူ့အား ရှီထျန်းဟောင်တို့ အုပ်စုအနောက်သို့ မလိုက်သွားရန် တားမြစ်ခဲ့သည်ကို အလွန်အမင်း ကျေးဇူးတင်နေခဲ့သည်။ သူကလည်း ခေါင်းမာစွာဖြင့် သူတို့အနောက်သို့ အလောတကြီး လိုက်မသွားမိသည်ကို ကျေးဇူးတင်နေမိသည်။

"သတ္တုတွင်း အထဲက ချုံးချန်းတွေဟာ အကြီးအကျယ် ထိခိုက်ခဲ့ပြီး သူတို့ရဲ့ မှော်ဝင်္ကပါကလည်း ပျက်စီးသွားခဲ့ပြီ… သူတို့က ငါတို့ရဲ့ ဝင်ရိုးစွန်း သံမဏိ တူးဖော်မှုကို ဟန့်တားနိုင်စွမ်း မရှိတော့ဘူး" ခေတ္တမျှ ငြိမ်သက်သွား အပြီးတွင် ချန်းယွင်သူတော်စင်က ပြောလိုက်၏။

"ဒါပေမဲ့ ကျွန်တော်တို့က အတွင်းကို ဆက်မသွားသင့်ပဲ ဒီနေရာမှာပဲ ဆက်လက် တူးဖော်နေသင့်တယ်… ရနိုင်သလောက် တူးဖော်ပြီးသွားရင် အပြင်ကို တတ်နိုင်သမျှ မြန်မြန်သွားမှ ရမယ်… မဟုတ်ရင် မမျှော်လင့်ထားတဲ့ အရာတွေ ထပ်ဖြစ်လာနိုင်တယ်"

လျှမ်ဖူကလည်း သူ၏ခေါင်းအား လေးနက်စွာဖြင့် ညိတ်လိုက်သည်။ မူလက သူနှင့် ချန်းယွင်သူတော်စင်တို့သည် ချုံးချန်းနှင့် ကျန်သော ဝင်ရောက်လာသူတို့အား ကာကွယ်ရန် ဖြစ်သည်။ သူတို့သည် သတ္တုတူးဖော်မှုတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်မပါခဲ့ကြပေ။

သို့သော်လည်း ကျူးကျော် ဝင်ရောက်လာသူများသည် အလွန်တရာမှ အစွမ်းထက်ကြပြီး သူတို့ ယှဥ်ပြိုင်နိုင်ကြသူများ မဟုတ်ကြပေ။ သို့ဖြစ်၍ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ နှစ်ယောက်တို့သည် သတ္တုတူးဖော်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ရသည်။ ဘာပဲပြောပြော သူတို့၏ တူးဖော်နိုင်စွမ်းသည် ကျန်သောသူများထက် များစွာမြင့်မားသည်။

သူတို့၏ အရှေ့မှ ပျက်စီးနေသော သတ္တုတွင်းအား ကြည့်လိုက်ကာ လျှမ်ဖူနှင့် ချန်းယွင်သူတော်စင်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး သက်ပြင်းများကိုသာ ချနိုင်ခဲ့ကြသည်။

ရှီထျန်းဟောင်သည် သူ၏ တိုက်ခိုက်မှု စွမ်းအားများကို အလွန်တရာမှ ကျေနပ်အားရနေခဲ့သည်။ သို့သော်လည်း သူ၏ အစပထမ ရည်ရွယ်ချက်မှာ ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့အား ဖိအားပေး၍ စစ်ဆေးမေးမြန်းရုံသာ ဖြစ်၏။ သူတို့အား ရှင်းလင်းနိုင်လိမ့်မည်ဟု သူကလည်း မမျှော်လင့်ထားခဲ့ပေ။

ထို့ကြောင့် သူ၏ စွမ်းအားများကို ကျေနပ်အားရနေသော်လည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။ ဘာပဲပြောပြော သူ၏ မူလရည်ရွယ်ချက်အား ပြည့်မြောက်အောင် မဆောင်ရွက်နိုင်ခဲ့ပေ။

ပြင်ပကမ္ဘာသို့ ရောက်သွားပြီးသည်နှင့် ရှီထျန်းဟောင်၏ မျက်လုံးများသည် သူ၏ ပတ်ဝန်းကျင်အား ပတ်ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် ကမ္ဘာအကြားမှ လမ်းကြောင်းသည် ကစဥ့်ကလျား ဖြစ်နေခဲ့သဖြင့် ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့ကို ရှာမတွေ့နိုင်ခဲ့ပေ။

"ကျွတ်… စိတ်ပျက်စရာပဲ" ရှီထျန်းဟောင်သည် သူ၏ခေါင်းကို ခါလိုက်သည်။ သို့သော်လည်း သူသည် ထိုအကြောင်းကို လျှင်မြန်စွာနှင့် မေ့သွားခဲ့ကာ သူရောက်ရှိနေခဲ့သော ပြင်ပကမ္ဘာအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

ဤပြင်ပကမ္ဘာသည် အလွန်အမင်းကို ကျယ်ဝန်းသော လေဟာနယ် တစ်ခုဖြစ်သည်။ သို့သော်လည်း သူသည် အထီးကျန်ကာ ဗလာဖြစ်နေသည်ဟု ခံစားနေရသည်။ ကြည့်နေရင်းနှင့် ထိုနေရာသည် လွင်တီးခေါင်ကျကာ သက်ရှိ အရိပ်အယောင်များကို မတွေ့ရပဲ သဲတောင်ကုန်းများဖြင့်သာ ပြည့်နေခဲ့သည်ကို တွေ့လိုက်ရသည်။

အေးစက်သော လေများသည် အဆက်မပြတ် တိုက်ခတ်နေကြပြီး သဲမုန်တိုင်းများကို ဖြစ်ပေါ်စေခဲ့ကာ ကောင်းကင်နှင့် မြေကြီးတို့အား သဲများဖြင့် လွှမ်းခြုံထားခဲ့သည်။ သို့သော်လည်း ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့၏ မျက်လုံးများ အတွင်းတွင် ဤနေရာသည် ဝင်ရိုးစွန်း သံမဏိ သတ္တုတွင်းနှင့် စာလျှင် များစွာပို၍ သက်တောင့်သက်သာ ရှိနေသည်။

သူတို့သည် ဤနေရာသို့ ရောက်လာခဲ့ကြသော အခါ ကမ္ဘာဦး သံလိုက်စွမ်းအားများ၏ လွှမ်းခြုံမှုကို ခံနေရသေးသော်လည်း သတ္တုတွင်း အတွင်းကကဲ့သို့ ကစဥ့်ကလျား ဖြစ်ခြင်းမျိုး မရှိကြတော့ပေ။ ထို့အစား သူတို့သည် ဤနေရာ၌ တည်ငြိမ်အောင် ဖန်တီးထားသော ဓာတ်များကဲ့သို့ စနစ်တကျ ရှိနေကြသည်။

ကမ္ဘာဦး သံလိုက်စွမ်းအားများသည် ကြိုးခွေများကဲ့သို့ ရစ်ခွေနေခဲ့ပြီး ပြင်ပကမ္ဘာ၏ အတွင်းပိုင်းသို့ တိုင်အောင် ဆန့်တန်းသွားခဲ့သည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ဝမ်လင်း၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် သူတို့၏ သဘာဝလွန် အသိစိတ်များကို ပြန်လည်၍ အသုံးပြုနိုင်ခဲ့သည်။ ကမ္ဘာဦး သံလိုက်စွမ်းအား အနည်းငယ်တို့က သူတို့အား နှောင့်ယှက်နေသေးသော်လည်း မပြောပလောက်ပေ။

ညီအစ်ကို နှစ်ယောက်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ "ကမ္ဘာဦး သံလိုက်စွမ်းအားတွေက နေရာတစ်ခုကို ဦးတည်သွားနေတဲ့ပုံ ပေါ်နေတယ်"

ဝမ်လင်းက တိုးညင်းစွာဖြင့် ပြောလိုက်၏။ "ငါတို့က ပန်းတိုင်ကို ရောက်တော့မယ်နဲ့ တူတယ်"

ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍ အစွမ်းထက်သော လူငယ်လေး နှစ်ယောက်တို့သည် ကမ္ဘာဦး သံလိုက်စွမ်းအားများ၏ အနောက်သို့ လိုက်၍ ပြင်ပကမ္ဘာ အတွင်းသို့ ဆက်လျှောက်လာခဲ့သည်။

သို့သော်လည်း သူတို့သည် သတိကြီးစွာ ထားနေခဲ့သေးသည်။ သူတို့ မသိနိုင်သည့် အန္တရာယ်များ ရှိနိုင်ရုံတင် မကပဲ မသေဝိညာဥ် တတိယ အဆင့်မှ မိစ္ဆာနှစ်ကောင် ဖြစ်သော ယုအောက် နဂါးဘုရင်နှင့် ကျူးအာ မဟာပဏ္ဍိတတို့ကလည်း ရှိနေကြသေးသည်။

အစောကပင် သူတို့သည် မိစ္ဆာတို့အား ခြုံခိုတိုက်ခိုက်ခဲ့ပြီး ယခုအချိန်တွင် သူတို့ကသာ ပြန်လည်၍ ခြုံခို တိုက်ခိုက်ခြင်းကို ခံခဲ့ရပါက ဟာသလုံးလုံး ဖြစ်သွားပေလိမ့်မည်။

တစ်ချိန်တည်းတွင် ချူးယန်၊ ယန်ချင်၊ လီယွမ်ဖန်း၊ လော်ချင်းဝူ၊ ထွမ်းထွမ်းနှင့် ကျန်သောသူများတို့သည် ဝမ်လင်း၏ မှော်စွမ်းအင်ဖြင့် လွှမ်းခြုံခြင်းကို ခံနေရသည်။ သူ့မှော်စွမ်းအင်၏ စွမ်းအားများဖြင့် သူတို့သည် ဆက်လက်၍ လျှောက်လှမ်းလာနေကြသည်။

ဘာပဲပြောပြော ယုအောက် နဂါးဘုရင်နှင့် ကျူးအား မဟာပဏ္ဍိတတို့နှင့် ရင်ဆိုင်ခဲ့ရလျှင် ယန်ချင်နှင့် ကျန်သောသူများသည် အတော်ပင် အားနည်းနေကြသေး၏။ အကယ်၍ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရလျှင် ဂျူနီယာ တပည့်များ မဆိုထားနှင့် သူတို့ကပင် အသက်ရှင်ရန် မျှော်လင့်ချက် မရှိနိုင်ပေ။

သို့သော်လည်း ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့ တွေ့မြင်ကြားသိခဲ့ရသမျှတို့အား ချူးယန်၊ ယန်ချင်၊ လော်ချင်းဝူနှင့် ကျန်သောသူများထံသို့ ထုတ်လွှင့်ပြသနေခဲ့သည်။

"ဟာ" အရှေ့သို့ လျှောက်လှမ်းနေရင်း ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သဲထူထပ်သော ချောင်ကျသည့် နေရာတစ်ခု အပေါ်သို့ ရောက်လာခဲ့သည်။

ရှီထျန်းဟောင်သည်လည်း သူ့အနားသို့ ရောက်လာခဲ့ကာ ထိုသဲပြင်အား ကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်မှ အဝါရောင် သဲများနှင့် မတူပဲ ဤနေရာမှ သဲများသည် အားလုံး မည်းနက်နေခဲ့သည်။

ထိုအနက်ရောင် သဲများအား အာရုံခံလိုက်သောအခါ ရှီထျန်းဟောင်သည် သူ့အတွင်းမှ လက်ကျန် မှော်စွမ်းအင်များကို ခံစားမိလိုက်သည်။ ထိုလက်ကျန် မှော်စွမ်းအင်များသည် အတော့်ကို ရင်းနှီးနေသော်လည်း သူ၏ မူလရင်းမြစ်ကိုမူ မခန့်မှန်းနိုင်ခဲ့ပေ။

ရှီထျန်းဟောင်သည် ဝမ်လင်းဘက်သို့ လှည့်ကြည့်လိုက်ကာ မေးလိုက်သည်။ "တတိယ စီနီယာ"


စာစဥ် ၄၉ : အပိုင်း ၅

အပိုင်း ၉၃၅ : ဒီနေရာမှာ ပစ္စည်းများစွာ ရှိနေတယ်

ဝမ်လင်း၏ မျက်လုံးများသည် ထိုပုံမမှန်မှုများကို စိုက်ကြည့်နေခဲ့သည်။ ဒါသည် အနက်ရောင် သဲများဖြင့် ဖုံးလွှမ်းထားသည့် မြေတစ်ကွက်ဖြစ်ပြီး သူ၏ ဧရိယာများသည် မသေးငယ်လှချေ။ သူသည် စတုရန်း မီတာ ထောင်ပေါင်းအနည်းငယ်မျှ ကျယ်ပြန့်သည်။

အမှန်အတိုင်းပြောရလျှင် ဤနေရာတွင် လက်ကျန် မှော်စွမ်းအင်အချို့ ကျန်ရှိနေခဲ့သော်လည်း အချိန်များစွာ ကြာသွားပြီ ဖြစ်သဖြင့် အများစုတို့အား အာရုံခံ၍ မရနိုင်တော့ချေ။

ဤသဲကွက်အား ကြည့်လိုက်လျှင် သူသည် ယခင်က ဤထက်များစွာ ကျယ်ပြန့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဖြည်းဖြည်းချင်း ကျုံ့ဝင်လာခဲ့သည်။ ပြင်ပမှ အတားအဆီးများ မရှိပါက သူသည် အချိန်စီးဆင်းမှုနှင့် အတူ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမည် ဖြစ်၏။

သို့သော်လည်း တစ်ယောက်သည် ဤပြင်ပကမ္ဘာက မည်မျှအထိ ရှေးကျ၍ အိုမင်းနေသည်ကို သိနိုင်သည်။ ဤသဲကွက်သည် ဤနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်း တစ်သောင်းကျော်မျှ ရှိနေနိုင်ပြီ ဖြစ်သည်။ ထို့ထက်ပင် ပိုကြာနိုင်သေးပြီး ယခုအချိန်အထိ စတုရန်း မီတာပေါင်း ထောင်နှင့်ချီ၍ ထိန်းသိမ်းထားနိုင်ခြင်းသည် အတော်ကို အံ့အားသင့်ဖွယ်ရာ ကောင်းသည်။

သို့သော်လည်း ဝမ်လင်းအား ရပ်တန့်၍ ကြည့်ရှုစေခဲ့သည်မှာ ထိုသူ၏ ကျင့်ကြံမှု စွမ်းရည်ကြောင့် မဟုတ်ပေ။ သူကိုယ်တိုင်က ထိုသူထက်ပင် ပို၍ အစွမ်းထက်ကောင်း ထက်နိုင်သည်။

သူ၏ အာရုံကို ဖမ်းစားထားသည်မှာ သူ၏ အရင်းအမြစ် ဖြစ်သည်။ ဤအနက်ရောင် သဲထံမှ ထုတ်လွှတ်နေသည့် မှော်စွမ်းအင်သည် ဝမ်လင်းနှင့် အလွန်တရာမှ ရင်းနှီးကျွမ်းဝင်နေခဲ့သည်။

"အဝီစိ စေတန်ချီ" ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ထိုစကားအား ကြားလိုက်ရသောအခါ ရှီထျန်းဟောင်က အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူသည် ထိုမှော်စွမ်းအင်အား ရင်းနှီးနေမှုများ ရှိသော်လည်း မမှတ်မိနိုင်ခဲ့သည်မှာ အဆန်းတော့ မဟုတ်ချေ။

ထိုရင်းနှီးကျွမ်းဝင်မှုသည် သူ၏ဘေးတွင် ရှိနေသော ဝမ်လင်းထံမှ လာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာဦးခေတ်မှစ၍ လူသားကျင့်ကြံမှု ကမ္ဘာသည် လမ်းမှန်ဂိုဏ်းနှင့် လမ်းလွဲဂိုဏ်းဟူ၍ နှစ်မျိုး ကွဲသွားခဲ့သည်။ အလယ်ခေတ်တွင် သူတို့ နှစ်ဦးနှစ်ဘက်တို့ အကြားမှ ယှဥ်ပြိုင်မှုသည် အထွတ်အထိပ်သို့ ရောက်ခဲ့၏။ မိစ္ဆာများမှ လွဲ၍ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ အားလုံးတို့သည် ထိုတိုက်ပွဲအတွင်းတွင် ပါခဲ့ကြ၏။

နောက်ဆုံးတွင် လမ်းလွဲဂိုဏ်းများနှင့် တိုက်ခိုက်ခဲ့သော နောက်ဆုံးတိုက်ပွဲတွင် စေတန်လမ်းစဥ်သည် လုံးဝ အချေမှုန်းခံလိုက်ရကာ အလယ်ခေတ်ကလည်း အဆုံးသတ်သွားခဲ့သည်။

သို့သော်လည်း အလယ်ခေတ် အတွင်း၌ စေတန်လမ်းစဥ်မှ ကျင့်ကြံသူများ အတွင်း၌ မျိုးဆက်တစ်ခုလုံးကို အံ့အားသင့်စေခဲ့သူများ ပေါ်လာခဲ့သည်။ သူတို့အတွင်းမှ တစ်ခုသည် ရှေးဟောင်းစေတန်ဂိုဏ်း ဖြစ်၏။ သူသည် လမ်းလွဲဂိုဏ်းများ အတွင်းတွင် မြင့်မြတ်နယ်မြေ တစ်ခုဖြစ်၍ အလွန်အမင်းကိုမှ အစွမ်းထက်သည်။ သူသည် လမ်းလွဲဂိုဏ်းများ အတွင်းမှ ခေါင်းဆောင်ဟူ၍ သတ်မှတ်ခြင်းကို ခံထားရကာ မူလကောင်းကင် ကမ္ဘာကြီး တစ်ခုလုံးအား လှုပ်ခါနိုင်ခဲ့သည်။

ရှေးဟောင်းစေတန်ဂိုဏ်း၏ ခေါင်းဆောင်မှာ ရှေးဟောင်းစေတန် မာစတာဟု ထင်ရှားသူ ကျန်းဆောင်ယန်ပင် ဖြစ်သည်။ ရှေးဟောင်းစေတန်ဂိုဏ်းက အထွတ်အထိပ်သို့ ရောက်နေခဲ့သော အချိန်တွင် သူသည် နတ်ဘုရား နယ်မြေအတွင်းတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူဟု အသတ်မှတ် ခံခဲ့ရသည်။

ရှေးဟောင်းစေတန်ဂိုဏ်း၏ အစွမ်းအထက်ဆုံးနှင့် အဆန်းကြယ်ဆုံး ကျမ်းစာအား ရှေးဟောင်းစေတန် ကျမ်းစာဟု ခေါ်သည်။ သူတို့အတွင်းတွင် အဝီစိကျမ်းစာ ဟုခေါ်သော ကျမ်းစာတစ်စောင် ပါသည်။

အဝီစိကျမ်းစာအား ကျင့်ကြံနိုင်သော ကျင့်ကြံသူများသည် အဝီစိ စေတန်ချီကို ကျင့်ကြံနိုင်ကြသည်။ ထိုအဝီစိ စေတန်ချီအား အပြည့်အဝ ကျင့်ကြံနိုင်သော သူများသည် အဝီစိ မသေခန္ဓာကိုယ်အား ဖန်တီးနိုင်ကြ၏။ ဒါသည် လုံးဝ မသေနိုင်ခြင်း မဟုတ်သော်လည်း သူ့အား အောင်မြင်စွာ ကျင့်ကြံနိုင်ကြသော ကျင့်ကြံသူများသည် သူတို့၏ ရုပ်ကိုယ်ခန္ဓာအား အလိုရှိသလို ဖြိုခွဲနိုင်ပြီး ဒဏ်ရာများနှင့် အသက်ကြီးရင့်လာမှုတို့အား ကြောက်စရာ မလိုချေ။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်များကို အန္တရာယ်ပြု၍ မရချေ။

ဝမ်လင်းသည် ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ဝင်ရောက်သွား၍ သူ၏ဇာတိရွာမှ လူများကို သတ်ဖြတ်ခဲ့သူ သေမင်းခန်းမမှ ကျင့်ကြံသူနှင့် တိုက်ခိုက်ခဲ့ရာ သူသည် ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်တွင်သာ ရှိသေးသော်လည်း အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်မှ ထိုသူနှင့် သရေကျအောင်တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော်လည်း သူ၏ ရုပ်ကိုယ်ခန္ဓာမှာ ပျက်စီးသွားခဲ့၍ သူ၏ လက်ကျန် စိတ်ဝိညာဥ်သည် ငရဲကမ္ဘာ ပုတီးလုံး အတွင်းတွင် ခိုအောင်းနေခဲ့ရသည်။

သို့သော်လည်း ကံကောင်းစွာနှင့် သူသည် ထိုပုတီးလုံး အတွင်းတွင် ရှေးဟောင်းစေတန်ဂိုဏ်းမှ အဝီစိကျမ်းစာကို လေ့ကျင့်နိုင်ခဲ့၍ အဝီစိ မသေခန္ဓာကိုယ်အား ကျင့်ကြံနိုင်ခဲ့ကာ သူ၏ ရုပ်ကိုယ်ခန္ဓာအား ပြန်လည်၍ ဖန်ဆင်းနိုင်ခဲ့သည်။

ဝမ်လင်းသည် အဝီစိ မသေခန္ဓာကိုယ် မှော်ကျိန်စာဖြင့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းခဲ့သော်လည်း သူသည် အဝီစိ စေတန်ချီကို အသုံးမပြုခဲ့ပေ။ ထို့အစား သူသည် ငရဲကမ္ဘာ အကြွင်းမဲ့ရေကို အသုံးပြုကာ သူ၏ စိတ်ဝိညာဥ်ကို သန့်စင်ပြီး သူ၏ ရုပ်ကိုယ်ခန္ဓာအား ပြန်လည် တည်ဆောက်ခဲ့သည်။

ဝမ်လင်းသည် အဝီစိ မသေခန္ဓာကိုယ်အား လေ့ကျင့်အပြီးတွင် သူ၏ အစွမ်းထက်သော နည်းစနစ်များနှင့် ပေါင်းစပ်ကာ ငရဲကမ္ဘာ မသေခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။

သူ၏ ရုပ်ကိုယ်ခန္ဓာအား ဒဏ်ရာရမည်ကို မစိုးရိမ်ရတော့သည့် အပြင် ငရဲကမ္ဘာ အကြွင်းမဲ့ရေမှ ဖွဲ့စည်းထားသည့် သူ၏ ခန္ဓာကိုယ် အသစ်ကြောင့် သူ၏ ရန်သူများသည် သူ့အနားသို့ ကပ်လာနိုင်ပါက သူသည် ငရဲကမ္ဘာ အကြွင်းမဲ့ရေ အဖြစ်သို့ အသွင်ပြောင်းလိုက်ကာ ရန်သူများကို တန်ပြန် တိုက်ခိုက်နိုင်သည်။ သူ၏ တိုက်စစ်ရော ခံစစ်ပါ အားကောင်းလာပြီ ဖြစ်သည်။

ဤမှော်ကျိန်စာဖြင့် ဝမ်လင်းသည် သူ၏ အားနည်းသော မူလ ရုပ်ကိုယ်ခန္ဓာအား အားဖြည့်ပေးနိုင်ခဲ့သည်။

သို့သော်လည်း ဝမ်လင်းသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်သွားပြီးသော အခါ သူ၏ ရုပ်ကိုယ်ခန္ဓာအား အင်မော်တယ် ဝိညာဥ် အဖြစ်သို့ ပြောင်းလဲနိုင်သဖြင့် ဤမှော်ကျိန်စာအား အသုံးပြုရန် မလိုတော့ချေ။

သို့သော်လည်း ဝမ်လင်းသည် ထိုမှော်ကျိန်စာအား စွန့်လွှတ်ခဲ့ခြင်း မရှိပဲ ဆက်လက်၍ လေ့လာနေခဲ့သည်။

အတိတ်ကာလတွင် အဝီစိ မသေခန္ဓာကိုယ်အား ဖန်ဆင်းနိုင်ကြသော ရှေးဟောင်းစေတန်ဂိုဏ်းမှ တပည့်များသည် အင်မော်တယ် ဝိညာဥ် အဆင့်အောက်တွင် ထိပ်တန်းတိုက်ခိုက်သူများ ဖြစ်ကြ၏။ သူတို့၏ စိတ်ဝိညာဥ်များ၊ ရွှေရောင်ဗဟိုချက်များ၊ အခြေတည်ဝိညာဥ်များကသာ ပျက်စီးခြင်း မရှိပါက သူတို့၏ ရုပ်ကိုယ်ခန္ဓာများက ဒဏ်ရာရမည်ကို စိုးရိမ်ပူပန်စရာ မလိုပဲ ခက်ထန်ကြမ်းတမ်းစွာဖြင့် တိုက်ခိုက်နိုင်ကြသည်မှာ ဤမှော်ကျိန်စာ၏ ကျေးဇူးပင် ဖြစ်သည်။

သူတို့သည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်သွားသောအခါတွင်လည်း ထိုအဝီစိ မသေခန္ဓာကိုယ်အား ချက်ချင်း မစွန့်လွှတ်ကြသေးပေ။ သူတို့သည် ဤမှော်ကျိန်စာကို အသုံးပြု၍ သူတို့၏ အခြား မှော်ကျိန်စာများကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြသည်။

ပုံမှန်အားဖြင့် ဆိုလျှင် ရွေးချယ်မှု နှစ်ခုရှိသည်။ ပထမမှာ သူတို့သည် ကိုယ်ပွား အမျိုးအစား ဖြစ်သော အဝီစိ စေတန် ပုံပန်းသဏ္ဌာန်အား ကျင့်ကြံနိုင်သည်။ ဒုတိယ အနေနှင့် သူတို့သည် အဝီစိ မသေခန္ဓာကိုယ်ဖြင့် နောက်ထပ် မှော်ကျိန်စာ တစ်ခုဖြစ်သည့် အဝီစိ တံခါးကို ဆက်လက်၍ ကျင့်ကြံနိုင်သည်။ ဒါသည် သူတို့ တစ်ယောက်ချင်းစီ၏ ရွေးချယ်မှု အပေါ်တွင် မူတည်နေသည်။

ဝမ်လင်းသည် အဝီစိ စေတန် ပုံပန်းသဏ္ဌာန်နှင့် အဝီစိ တံခါး မှော်ကျိန်စာတို့ကို ပိုင်ဆိုင်ထားခြင်း မရှိသဖြင့် သူသည် ရှေးဟောင်းစေတန်ဂိုဏ်းမှ ကျင့်ကြံသူများ၏ ပုံမှန် လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ခြင်း မရှိခဲ့ချေ။

သူသည် အဝီစိ မသေခန္ဓာကိုယ်အား ငရဲကမ္ဘာ မသေခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲခဲ့သကဲ့သို့ ဝမ်လင်းတွင် သူ၏ မှော်ကျိန်စာအား နောက်ထပ် မည်ကဲ့သို့ ဆက်လက်၍ တိုးတက်အောင် လုပ်ရမည်ဟု ကိုယ်ပိုင် အတွေးအကြံများ ရှိနေသည်။ ဤအချိန်တွင် သူ့တွင် အတွေးအမြင် အချို့ ရှိနေသော်လည်း နောက်ထပ် လေ့လာရန် လိုအပ်နေသေးသည်။

အကယ်၍ သူသည် ရှေးဟောင်းစေတန်ဂိုဏ်းမှ မှော်ကျိန်စာများနှင့် နည်းစနစ်များကို လေ့လာခွင့် ရခဲ့ပါက သူတို့အား မှီငြမ်းကာ သူ၏ကိုယ်ပိုင် မှော်ကျိန်စာများကို ပြီးပြည့်စုံအောင် ပြုလုပ်ရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။

"ဒါက ရှေးဟောင်းစေတန်ဂိုဏ်းက အင်မော်တယ် ဝိညာဥ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ လက်ကျန်မှော်စွမ်းအင်ပဲ ဖြစ်လိမ့်မယ်" ဝမ်လင်းက အနည်းငယ် စဥ်းစားလိုက် အပြီးတွင် ပြောလိုက်သည်။ "သူက အင်မော်တယ် ဝိညာဥ် တတိယ အဆင့်ကို မရောက်သေးပေမဲ့ ပထမ အဆင့်ထက်တော့ သန်မာတယ်… သူက အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်မှာ ရှိနေမယ်လို့ ယူဆရတယ်"

"ဒါက ဒီနေရာမှာ ရှိနေတာ အချိန်အကြာကြီး ရှိသွားခဲ့ပြီ ဆိုတော့ သူက ဒီနေရာကို လမ်းလွဲဂိုဏ်းတွေ အချေမှုန်းခံခဲ့ရတဲ့ အလယ်ခေတ် နှောင်းပိုင်းကတည်းက ရောက်နေခဲ့တာ ဖြစ်မယ်"

ဝမ်လင်း၏ သုံးသပ်ချက်များကို နားထောင်ရအပြီးတွင် ရှီထျန်းဟောင်က သူ၏ခေါင်းကို ညိတ်လိုက်ကာ ပြောလိုက်သည်။ "စီနီယာက ယင်ပင်လယ် အတွင်းမှာ သေဆုံးခဲ့တဲ့ အင်မော်တယ် ဝိညာဥ် အဆင့်က ကျင့်ကြံသူတွေလိုမျိုး သူကိုယ်တိုင်က မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းကို ဝင်ရောက်ခဲ့ပြီး ဒီနေရာမှာ လမ်းပျောက်ခဲ့တယ်… သူက အသက်ရှင်နေသလား ဆိုတာကို ဘယ်သူကမှ မသိခဲ့ဘူးလို့ ဆိုလိုချင်နေတာလား"

"ဝမ်လင်းသည် သူ၏ခေါင်းကို မော့လိုက်ကာ ကမ္ဘာဦး သံလိုက်စွမ်းအားများ စုစည်းနေသော နေရာအား ကြည့်လိုက်၍ ပြောလိုက်သည်။ "အဖြေက အဲ့ဒီနေရာမှာ ရှိနေနိုင်တယ်"

သူတို့နှစ်ယောက်သားသည် အရှေ့သို့ ဆက်လက်၍ ပျံသန်းလာကြသည်။ ရှီထျန်းဟောင်က ပြုံးလိုက်ကာ ပြောလိုက်၏။ "တကယ်လို့ ကျွန်တော်တို့က ရှေးဟောင်းစေတန်ဂိုဏ်းက အဆုံးအမတွေကို ရှာဖွေချင်ရန် အမတန်ကိုမှ ခက်ခဲလိမ့်မယ်… ရှုအန်ဒါရဲ့ အဆိုအရ သေမင်းခန်းမ အတွင်းမှာတောင် စေတန်လမ်းစဥ်က နောက်လာနောက်သားတွေ အနည်းငယ်သာ ရှိပြီး သူတို့ကလည်း အဆင့်နိမ့် မှော်ကျိန်စာတွေကိုပဲ ကျင့်ကြံနိုင်ပြီး နောက်ထပ် တိုးတက်နိုင်ဖို့က အမတန်မှ ခက်ခဲတယ်"

သေမင်းခန်းမ၏ ထူးခြားသော အဆုံးအမနှင့် အနေအထားကြောင့် သူတို့ထံသို့ အစွမ်းထက်သော ကျင့်ကြံသူများ အများအပြား ဝင်ရောက်လာကြသည်။ သူတို့အတွင်းတွင် စေတန်လမ်းစဥ်မှ ကျင့်ကြံသူ အမြောက်အမြား ပါကြ၏။

လမ်းလွဲဂိုဏ်းများ အဖျက်ဆီး ခံလိုက်ရသော အခါ သူတို့၏ တပည့်အများစုတို့သည် သောင်ပြင်တွင် အလွှတ်ခံထားရသော ခွေးများပမာ အမြဲတမ်း ထိတ်လန့်စိုးရိမ်စိတ်များနှင့် နေခဲ့ကြရသည်။ လိုက်လံ၍ ဖမ်းဆီးခြင်းမှ ရှောင်ရှားနိုင်ကြရန် အတွက် သူတို့အများစုသည် သေမင်းခန်းမ အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

သွေးမြစ်ဂိုဏ်းမှ အဆုံးအမများကို ကျင့်ကြံထားသော ယခင် ချင်းကွမ်းဘုရင်၊ တစ္ဆေတစ်ထောင်ဂိုဏ်းမှ စီးခုံးယူနှင့် အစောပိုင်းတွင် ရှီထျန်းဟောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် အရိုးဖြူဂိုဏ်းမှ ချင်းစန်းဘုရင်တို့သည် ထိုကဲ့သို့သော သူများဖြစ်ကြ၏။ ထို့အပြင် ညမိစ္ဆာဂိုဏ်း၊ မိစ္ဆာအရိပ်ဂိုဏ်းနှင့် ငရဲကမ္ဘာ စေတန်ဂိုဏ်း အစရှိသော ဂိုဏ်းများလည်း ရှိကြသေး၏။

ဝမ်လင်းက ပြောလိုက်သည်။ "လမ်းလွဲဂိုဏ်းနဲ့ လမ်းမှန်ဂိုဏ်းတို့ရဲ့ နောက်ဆုံးတိုက်ပွဲမှာ လမ်းလွဲဂိုဏ်းတွေရဲ့ ခေါင်းဆောင်ဟာ ရှေးဟောင်းစေတန်ဂိုဏ်း ဖြစ်လို့ သူတို့ဟာ လူအားလုံးတို့ရဲ့ ပစ်မှတ် ဖြစ်သွားကြတယ်"

သူတို့နှစ်ယောက်သား လျှောက်လာကြရင်းနှင့် ရင်အတွင်းတွင် အနည်းငယ် လှုပ်ရှားသွားကြသည်။ အလွန်အစွမ်းထက်သော သဘာဝလွန် အသိစိတ် တစ်ခုသည် သံလိုက် အလင်းတန်းများ စုစည်းနေသည့် နေရာမှ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်ကြသည်။ သူသည် အလွန်ကိုပင် သန်မာလှ၏။

ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြကာ သူတို့၏ ချီများအားလုံးတို့ကို ရုပ်သိမ်းလိုက်သည်။ ထိုသဘာဝလွန် အသိစိတ်သည် အလွန်တရာမှ အစွမ်းထက်လှသော်လည်း သူသည် အဝေး တစ်နေရာမှ လာခဲ့ခြင်း ဖြစ်သောကြောင့် ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့၏ နေရာ အတိအကျကို အာရုံခံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

"ဒါက အစောပိုင်းက မိစ္ဆာနှစ်ကောင် မဟုတ်ဘူး" ရှီထျန်းဟောင်က အသေအချာ စဥ်းစားပြီးနောက် ပြောလိုက်သည်။ "အဲ့ဒီ သဘာဝလွန် အသိစိတ်အရ သူဟာ အသေအချာ မိစ္ဆာတစ်ကောင် ဖြစ်ရမယ်… အစောပိုင်းက နှစ်ကောင်ထက်စာရင် ပိုပြီးမှ သန်မာတယ်"

"ကြည့်ရတာ ငါတို့မလာခဲ့ခင် အစောကြီးကတည်းက သူရောက်နေတာ ဖြစ်ရမယ်… သူ့အပြင် အခြား ဘယ်သူများလည်း ရှိဦးမလဲ မသိဘူး"

ထိုသဘာဝလွန် အသိစိတ်သည် မည်သည့် ထူးခြားချက်များကိုမှ မတွေ့ခဲ့ရသောအခါ သူ့ကိုယ်သူပင် လျှင်မြန်စွာနှင့် ပြန်လည်၍ ရုပ်သိမ်းသွားခဲ့သည်။ သို့သော်လည်း တစ်ယောက်သည် ထိုသဘာဝလွန် အတွင်းစိတ် အတွင်းတွင် သံသယစိတ်များ ရှိနေသည်ကို ခံစားနိုင်ခဲ့သည်။

သူတို့နှစ်ယောက် ရှေ့ဆက်သွားကြမည် ပြင်လိုက်ကြသောအခါ ရှီထျန်းဟောင်၏ မျက်နှာအပေါ်တွင် အမူအရာ ပြောင်းသွားခဲ့သည်။

သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ ပစ္စည်းတစ်ခု ပေါ်လာခဲ့သည်။ သူမှနေ၍ အလင်းတန်း မှိန်မှိန်လေး တစ်ခုက ထွက်လာခဲ့သည်။ ဒါသည် ရွှေရောင် တူလေး တစ်ချောင်းဖြစ်သည်။ သူ၏ အပေါ်တွင် မှော်သင်္ကေတ ပုံစံပေါင်းများစွာ ရှိနေခဲ့သည်။

ဒါသည် လင်းဖုန်းက ရှီထျန်းဟောင်အား လွန်ခဲ့သော နှစ်ပေါင်းများစွာက ပေးထားခဲ့သော ရတနာ တစ်ပါးဖြစ်သည်။ သူ့အား အဝါရောင် ကောင်းကင်ခေါင်းလောင်းတူ ဟူ၍ ခေါ်သည်။ သို့သော်လည်း သူသည် မှော်ရတနာ တစ်ပါးမဟုတ်ပဲ အဝါရောင် ကောင်းကင်ခေါင်းလောင်းဟု ခေါ်သော မှော်ရတနာ တစ်ပါး၏ တွဲဖက်ပစ္စည်း ဖြစ်၏။

အစောပိုင်းက ရှီထျန်းဟောင်သည် ထိုတူအား သူ၏ အခြေတည်ဝိညာဥ် အဆင့်မှ မှော်အိုင်တမ်ဖြစ်သော ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုနှင့် တွဲဖက်၍ သုံးစွဲခဲ့သည်။ ပြီးတာနှင့် ရှီထျန်းဟောင်၏ ကျင့်ကြံမှု အဆင့်က တိုးတက်လာခဲ့ပြီး လင်းဖုန်းကလည်း ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေးအား ပြန်ယူသွားခဲ့သည်။ အဝါရောင် ကောင်းကင်ခေါင်းလောင်းတူအား ရှီထျန်းဟောင်သည် ဆက်လက်၍ အသုံးပြုခြင်း မရှိခဲ့ပဲ သိမ်းသာ သိမ်းထားခဲ့သည်။

ဤအချိန်တွင် ထိုအဝါရောင် ကောင်းကင်ခေါင်းလောင်းတူသည် အနည်းငယ် တုန်ခါသွားသည်ကို သူက ရုတ်တရက် သတိထားမိလိုက်သည်။ ထိုလှုပ်ရှားမှုသည် အားနည်းသော်လည်း သူသည် အိမ်သို့ ပြန်ရောက်သကဲ့သို့ ပျော်ရွှင်ဝမ်းမြောက်မှုများ ရှိနေသည်မှာ သိသာနေသည်။

ရှီထျန်းဟောင်က သူ၏ မျက်မှောင်များကို ကြုတ်လိုက်ကာ တွေးလိုက်သည်။ "အဝါရောင် ကောင်းကင်ခေါင်းလောင်းကများ ဒီနေရာမှာ ရှိနေတာလား"

အဝါရောင် ကောင်းကင်ခေါင်းလောင်းသည် မည်သည့်အဆင့်တွင်ရှိနေမှန်းကို သူမသိပဲ သူ၏ အသုံးဝင်မှုကိုလည်း မသိသော်လည်း သူ၏ ရတနာများဖြင့် ပြည့်နေသော ရတနာသိုက် အတွင်းသို့ နောက်ထပ် ရတနာတစ်ခုအား ထပ်မံစုဆောင်းရန် အားသန်နေသေးသည်။ မှော်ရတနာ တစ်ခုချင်းစီတွင် သူတို့၏ ကိုယ်ပိုင် ထူးခြားချက်များ ရှိကြပြီး သူတို့၏ အဆင့်နှင့် စွမ်းအားသက်သက်ကိုသာ ကြည့်ပြီး ကောက်ချက်ချ၍ မရချေ။

ထို့အပြင် ရှီထျန်းဟောင်သည် သူ၏ဆရာဖြစ်သော လင်းဖုန်းက သူ၏ တပည့်များစွာတို့အား ရတနာများကို ဆုချခြင်းအား အလွန်အမင်း သဘောကျသည်။ ထို့ကြောင့် သူသည် သူ့ဆရာအား အတုခိုးလိုနေသည်။ ထိုသို့ပြုလုပ်ရန် သူ၏ လက်အတွင်းတွင် ပထမဦးစွာ ရတနာများစွာ ရှိနေရန် လိုအပ်သည်။

ဝမ်လင်းနှင့် အဝါရောင် ကောင်းကင်ခေါင်းလောင်းတူအား ကြည့်လိုက်ကာ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သူ၏ခေါင်းကို ညိတ်လိုက်ကာ ပြောလိုက်၏။ "ဆရာက ဒီနေရာကို ဘာအကြောင်းရင်းမှ မရှိပဲ လာခဲ့ခိုင်းမှာ မဟုတ်ဘူး… အဝါရောင် ကောင်းကင်ခေါင်းလောင်း အပြင် တခြားဘာများ ရှိဦးမှာပါလိမ့်"

"အစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင်… အဝီစိ စေတန်ချီ… အဝါရောင် ကောင်းကင်ခေါင်းလောင်း… ဒီနေရာမှာ ပစ္စည်းတွေ အများကြီး ရှိတာပဲ"

ရှီထျန်းဟောင်သည် အဝါရောင် ကောင်းကင်ခေါင်းလောင်းတူအား ပြန်သိမ်းလိုက်ကာ ပြောလိုက်သည်။ "သွားကြစို့"

သူတို့သည် အရှေ့သို့ ဆက်သွားနေကြရင်း နှစ်ယောက်စလုံးတို့သည် အံ့အားသင့်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြကာ သူတို့၏ အကြည့်သည့် အရှေ့မှ သဲတောင်ကုန်း တစ်ခု၏ အပေါ်သို့ ကျရောက်သွားကြသည်။

ဤအချိန်၌ ထိုနေရာတွင် အဝီစိ စေတန်ချီများဖြင့် ပြည့်မနေခဲ့ပဲ မြေကြီးအပေါ်တွင် အပေါက်များစွာ ရှိနေကြသည်။

ထိုအပေါက်များသည် မကြီးမားပဲ တစ်ခုချင်းစီသည် တစ်မီတာခန့်သာ ကျယ်ကြ၏။ သို့သော်လည်း သူတို့၏ အာရုံများကို ဖမ်းစားနိုင်ခဲ့သည်မှာ ထိုဂူများ၏ အရေအတွက်ပင် ဖြစ်သည်။ သူတို့သည် သိပ်သည်းစွာ စုစည်းနေကြ၍ အနည်းဆုံး ဂူပေါင်းတစ်သောင်းခန့် ရှိသည်။

တပည့်နှစ်ယောက်တို့သည် သူတို့၏ သဘာဝလွန် အသိစိတ်များဖြင့် အကဲခတ်လိုက်ရာ ထိုအပေါက်များ၏ အတွင်းပိုင်းတွင် ဗလာဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။ ထိုအောက်တွင် မြေအောက်နန်းတော်တမျှ ကြီးမားသည့် ဧရာမ ဗိမာန်တစ်ခု ရှိနေသကဲ့သို့ ဖြစ်နေသည်။

ထိုမြေအောက်နန်းတော်၏ အရွယ်အစားသည် မြေပြင်အပေါ်မှ ဂူပေါက်များထက် အဆပေါင်းများစွာ ကြီးမားသည်။ သူသည် အဆုံးမဲ့အထိ ကျယ်ပြန့်သွားခဲ့သည်။ အဆုံးမဲ့ သဲကန္တာရ၏ အောက်တွင် အခေါင်းဖြစ်နေသော လေဟာနယ်တစ်ခု ရှိနေခဲ့သည်။

သူတို့၏ သဘာဝလွန် အသိစိတ်သည် ထပ်မံ၍ စူးစမ်းလိုက်ကြရာ သူတို့၏ အရှေ့တွင် ထိုမြေအောက်နန်းတော်၏ မျက်နှာပြင်အထိ တိုက်ရိုက်ရောက်နိုင်သည့် ဧရာမ လှိုဏ်ခေါင်းတစ်ခု ရှိနေကြောင်းကို တွေ့ရှိခဲ့ကြသည်။

"ဒီအပေါက်တွေကို ကြည့်ရခြင်းအားဖြင့် ဒီမြေအောက်နန်းတော် အတွင်းမှာ နေထိုင်တဲ့ သူတွေဟာ တစ်စုံတစ်ခုရဲ့ ရန်ပြုခြင်းကို ခံခဲ့ရတယ်… လွတ်မြောက် နိုင်ဖို့အတွက် သူတို့ဟာ တံခါးမကြီးကနေ ထွက်ခွာကြမဲ့အစား အလောတကြီးနဲ့ သဲတွေကို ထိုးဖောက်ပြီးမှ ထွက်ပြေးခဲ့ကြတယ်" ရှီထျန်းဟောင်က သူ၏ သဘာဝလွန် အသိစိတ်ဖြင့် မြေအောက်နန်းတော်အား လေ့လာနေခဲ့ကာ အသက်လက္ခဏာ တစ်ခုမှ မရှိကြောင်းကို တွေ့လိုက်ရသည်။

ရုတ်တရက်ပင် သူ၏ နှလုံးခုန် တစ်ချက်မှားသွားခဲ့ကာ မေးလိုက်သည်။ "တတိယ စီနီယာ… ဒီမြေအောက်နန်းတော်က ဟိုအရာနဲ့ တူနေတယ်လို့ မထင်ဘူးလား…"

Lanjutkan Membaca

Kamu Akan Menyukai Ini

49.5K 5.4K 93
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီး ထိုကမ္ဘာသည် နည်းပညာမြင့်သော်လည်း ကြယ်တ...
2.3M 317K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
189K 34.4K 200
sequel of Book 4 Author - Goosefive
19.6K 2.9K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...