Crazy love (Complete)
Oleh XTXLLL
411K 14.8K 515
intro ဝင်ဖတ်ကြည့်ပါနော် possessive type abuse type ဒီလိုtypeတွေမကြိုက်ရင် မဖတ်ဖို့အကြံပေးပါတယ် intro ဝင္ဖတ္ၾ... Lebih Banyak
Crazy love intro
(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(10)
(11)
For Readers
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
For Readers
(28)
(29)
(30)
(31)
(32)
(33)
Final
(9)
8.8K 422 2
Oleh XTXLLL
ခါတိုင်းထက်ပိုပြီး အစောကြီး ထ ကာ အဝတ်အစား များကို အလျင်အမြန် ထည့်နေခဲ့မိတယ်.. အခန်းထဲမှာ ဟိုလူ မရှိတုန်း
ဒီက နေ ထွက်သွားဖို့ပင်.. မနေ့ည အဖြစ်အပျက် က သူ့အတွက် ကြောက်လန့်စရာ..
ဟိုလူ သွေးဆူပြီးဒေါသ ထွက်ရင် တခြားသူဘက် ကိုမကြည့်ဘဲ ထင်ရာ လုပ်တတ်တဲ့စိတ်ကို သူပိုလို့နားလည်လာသည်
အစက ဒီတိုင်း သည်းခံပြီးနေကြည့်ဖို့ပင်
ခုတော့ ဘယ်လိုမှမဖြစ်တော့တဲ့အခြေအနေ မို့ ဒီအကြောင်းအရာ တွေကို အဘ ကိုပြောပြ
ပြီး ကျွန်တော်အဆောင်မှာပဲပြောင်းနေတော့မယ်ဖြစ်ကြောင်းအသိပေးလိုက်မို့ပင်
အဘ က ကျွန်တော့်ကျေးဇူးရှင်ပါ..ကျေးဇူးရှင်ရဲ့သား မို့လို့လည်း သူကျွန်တော်ပေါ် လုပ်ခဲ့တဲ့အပြုအမူတွေကို အဘ ကိုပြန်မပြောပြဘဲ သည်းခံဖို့လုပ်ခဲ့ပြီးပြီး....ခုတော့ မနေ့ည က သူကိုပြောလိုက်တဲ့စကားတွေကြောင့်... နောက်ဖြစ်လာမဲ့အရာကိုရှောင်ရန် အဲ့အိမ်ကြီးမှာမနေ တော့ဘဲ တစ်ယောက်တည်းအဆောင်ငှားနေရန်သာ ဆုံးဖြတ်ခဲ့မိသည်
အဝတ်တွေကို အလျင်အ​မြန်ထည့်ပြီးသွားချိန်.. နာရီကြည့်လိုက်တော့ မနက် ၂နာရီပင်ရှိသေးသည်...
hotel ခန်းထဲက ထွက်ကာ ကြုံရာကားနှင့်သာ ရန်ကုန်ပြန်ရန်ထွက်လာခဲ့မိသည်
At 7:00 AM
မိသွယ်ရေ.. အကိုလေး တို့ ငွေဆောင် ဒီနေ့ ပြန်ရောက်မှာမလား...
ငါလည်း မသိဘူးလေ...
နင့်ကိုမေးလိုက်ရင် ဘာမှမသိဘူး...တော်ပြီး
ငါ့ဟာငါပဲ အိမ်အလုပ်လုပ်တော့မယ်...
ဟဲ့..ဟဲ့. မသွားနဲ့အုံး..
ဟိုမှာ...ဟိုမှာ..
အေးမိရဲ့ အကျီစ ကို ဆွဲကာ မသွားဖို့ဟန့်တားပြီး.. တစ်နေရာကို လက်ညွှန်းထိုးလို့နေခဲ့တယ်
ဘာလဲ...နင်ကလည်း..
ဟိုမှာ..လင်းလက် မဟုတ်လား
ဘယ်မှာလဲ နင်ကလည်း
လင်းလက် က ဘယ်လို အိမ်ပြန်လာတာလဲ
နှစ်ယောက် လုံး မျက်လုံးပြူးကာအိမ်ထဲ ဝင်လာသော လင်းလက်ဆီ အပြေးသွားကြိုကြသည်
လင်းလက်.. အကိုလေးတို့ရော...မတွေ့ပါလား
ကျွန်တော် တစ်ယောက်တည်းပြန်လာတာပါ
ဒါနဲ့ အဘ အပေါ်ထပ်မှာရှိတယ်မလား
မိသွယ်နဲ့အေးမိ လင်းလက် မျက်နှာမကောင်းသည်ကိုရိပ်မိသဖြင့် ကျန်တာတွေဆက်မမေးတော့ဘဲ လင်းလက်မေးတာကိုပဲဖြေပေးလိုက်သည်
အန်ကယ် အပေါ်ထပ်အခန်းထဲမှာရှိတယ်
အင်း..ဒါဆို ကျွန်တော် တတ်သွားလိုက်မယ်
ခါတိုင်းဆို...မိသွယ်နဲ့အေးမိကို တွေ့တာနဲ့ ပြုံးပြလေ့ရှိတဲ့သူက ခုတော့မျက်နှာ ညိုးနွမ်းနေလေသည်...
ဒေါက်..ဒေါက်..
အဘ..ကျွန်တော်လင်းလက်ပါ...ဝင်လာလို့ရမလား
ဝင်ခဲ့..
တံခါးကို အသာဖွင့်ပြီး ထိုင်ခုံမှာ သတင်းစာဖတ်နေသော အဘ ရှေ့မှာ ထချလိုက်သည်
သား...လင်းလက်..ဘာဖြစ်လာတာလဲ
ဒါနဲ့ ​ပြန်လာတာကားသံလည်းမကြားမိပါလား
ကျွန်တော် အဘ ကိုပြောစရာလေးရှိလို့ပါ
အေး ပြောလေ သား
အဘ လည်းဖတ်လက်စ သတင်းစာကိုဘေးချကာ ကျွန်တော်ပြောမဲ့စကားကို အာရုံစိုက်နားထောင်ပေးသည်
ကျွန်တော် အဆောင်ပြောင်းနေချင်လို့ပါ
ဒီလိုပြောလိုက်လို့..အဘ တို့အိမ်က ကျွန်တော့်အတွက် မကောင်းတာမဟုတ်ပါဘူး
အရာရာအဆင်ပြေပါတယ်
ဒါဆို သားလင်းလက် က ဘာလို့ပြောင်းချင်ရတာလဲ..အန်ကယ်ကိုပြော
အဆင်မပြေတာတစ်ခုခုများရှိလို့လား
ကျွန်တော်..အကို မာန်ထိုက်နဲ့ မျက်နှာချင်းမဆိုင်ချင်လို့ပါ...
ဘာ...ဒီကောင်မာန်ထိုက်..ဘာတွေလုပ်ထားပြန်ပြီးလဲ..
အဘ..ကျွန်တော်ကိုပြောင်းခွင့်ပေးပါ
သားလင်းလက်... ဖြစ်နိုင်ရင်မပြောင်းပါနဲ့
အန်ကယ် မာန်ထိုက် ကိုဆုံးမပေးပါ့မယ်
ရပါတယ်..ကျွန်တော်ပြောင်းနေချင်လို့ပါ
ခွင့်ပြုပေးပါနော်အဘ
ဟူး..
အဘက သက်ပြင်းတစ်ချက်ချကာ ခေါင်းငြိမ့်လာခဲ့သည်
သား သဘောပါ..ဒါဆိုလည်း အန်ကယ်
မတားတော့ပါဘူး
သားဘယ်မှာပြောင်းနေချင်တာလဲ..အခန်းတွေ့ထားပြီးလား
ဟုတ်..ကျွန်တော် ငှား မဲ့နေရာက ကျောင်းနဲ့နီးတော့ အဆင်ပြေမဲ့နေရာကောင်းလေးပါ..
အခန်းခ လည်းသက်သာပါတယ်
အင်း..အန်ကယ်က သားကို ပိုက်ဆံပေးပြန်ရင်လည်းသားလက်ခံမှာ မဟုတ်မှန်း သိတာကြောင့်.. နေစရိတ်အတွက်တော့ အန်ကယ် ရှင်းပေးပါရစေ ဟုတ်ပြီးလား
ဒါမဲ့ အဘ..ကျွန်တော် လက်မခံ
ကျွန်တော်စကားတောင်မဆုံးသေး အဘ ကဖြတ်ပြောလိုက်သည်
သားမငြင်း နဲ့ အန်ကယ့်သားမိုက် အတွက် ဒီလောက်တော့ အန်ကယ် ကိုလုပ်ခွင့်ပေးပါ
ကျွန်တော်လည်း ဆက်မပြောတော့ဘဲ အဘကို ကန်တော့လိုက်​​ပြီး
အဲ့အိမ်ကြီးက​နေအပြီးအပိုင်နှုတ်ဆက်ခဲ့သည်
At 11:00
တောက်!!
တောက်ခေါက် သံ က အိမ်ကြီးတစ်ခုလုံးပင်
ဟိန်းထွက်စေနိုင်သည်
မိသွယ်...
ရှင်...အကိုလေး
မင်းပြော တာ တကယ်လား...
ဟုတ်...ဟုတ်ပါတယ်  မနက်က အစောကြီး ရောက်လာပြီး အခန်းထဲမှာ ရှိတဲ့အသုံးအဆောင်တွေအားလုံးထုတ်ပြီး ပြန်ထွက်သွားတာပါ
တောက်...ငါ့ကို သပ်သပ်ကြောတာ
ငါပြောတဲ့စကားကို ဂရုမစိုက်တာ
သူဘယ်ထွက်သွား မယ် ပြောသွားသေးလဲ
မိသွယ်တို့ကိုမပြောပါဘူး...ဒါမဲ့မသွားခင်တော့ အန်ကယ်နဲ့စကားပြောသွားပါသေးတယ်
တောက်...
ဟက်...ငါ့ကို ကြောတာ ဒီတိုင်းလမ်းပိုက်
ကြည့်မယ်ထင်နေလား... မင်းတော့မလွယ်ဘူးပဲ
ချက်ချင်း ကားသော့ယူကာ ပြန်ထွက်သွားသော အကိုလေးကြောင့် အိမ်က အကူများပင် ထိတ်လန့်လို့နေခဲ့သည်
အန်ကယ် က ခုနမှပင် သူ့မိတ်ဆွေအချို့နဲ့အပြင်လိုက်သွားခဲ့သည်
အကိုလေးခန့်မင်းလည်း ပြန်မရောက်သေးချေ
မနက် ၅နာရီလောက် hotelခန်းထဲ ပြန်ဝင်မိတော့ ဟိုကောင်လေးရှိမနေတော့ချေ..သူ့အဝတ်ထုတ်တွေပါမတွေ့တော့တာကြောင့် ထွက်သွားမှန်းသူသိလိုက်သည်...ဒါကြောင့် ငွေဆောင် ကနေ ချက်ချင်းရန်ကုန်သို့ သိသိချင်းလိုက်လာသော်လည်း... မမှီခဲ့ပေ
ကားစီယာတိုင် ကို စိတ်တိုစွာ ထုရိုက် ပြီး ဟိုကောင် တွေနဲ့ တွေ့ရန် ချိန်းလိုက်သည်
ပြိုင်ကားအနက်ရောင်တစ်စီး က အရှိန်ဖြင့် ပါကင် ရပ်နေရာ သို့ ရပ်ချလာသည်
ကားပေါ်မှ စိတ်တိုစွာ ဆင်းပြီး တံခါးကို
စောင့်ပိတ်လိုက်သည်
ဘေး က လူတွေက သိသိသာသာ သူ့ကိုဝိုင်းကြည့်လို့နေခဲ့သည်
club ရဲ့အတွင်းအကျဆုံး နားသို့သွားပြီး ဟိုကောင်တွေရဲ့ဝိုင်းမှာ ဝင်ထိုင်လိုက်သည်
ဟေ့...မာန်ထိုက်..ဘာဖြစ်လာတာလဲ
ရောက်လာတာနဲ့ဘာမှမပြောဘဲ အရက်ပုလင်းကို ဆွဲမော့နေသော မာန်ထိုက်ကြောင့်ဘေးက နှစ်ကောင်.. မေးမြန်းလာကြသည်
အား..
ခွမ်း...
မာန်ထိုက်..ဘာဖြစ်လာတာလဲ..ငါတို့ကိုပြော
အရက်ပုလင်းကို သောက်နေရင်းနဲ့ စိတ်မကြည်စွာ ဘေးသို့ပေါက်ပစ်လိုက်တဲ့မာန်ထိုက်ကြောင့် အခြားဝိုင်းက လူတွေက ပါ သူတို့ဘက်သို့ စိုက်ကြည့်လာကြ သည်
မာန်ထိုက်...ချက်ချင်း စားပွဲဝိုင်းမှ ထကာ သူတို့ဝိုင်းကိုကြည့်နေသော အုပ်စုတစ်စုမှလူတစ်ယောက် ကို ဆွဲကာ ပိတ်ထိုးလိုက်သည်
ခွပ်...
မင်းကဘာကောင်လဲ ဟမ်..
ဘာကောင်မို့ငါ့ကိုစိုက်ကြည့်နေတာလဲ..ပြောလေ
မာန်ထိုက်...တော်တော့
ဘေးက သူ့သူငယ်ချင်းနှစ်ယောက် ဝိုင်းဆွဲကာ clubအပြင်ဘက်သို့ထွက်လာကြသည်
မာန်ထိုက်.. မင်းစိတ်အရင်လျော့
ပြီးရင်..ဘာဖြစ်လာတာလဲငါတို့ကိုပြော
စိုင်းနဲ့ဝဏ က စိုးရိမ်စွာ မာန်ထိုက်ကိုကြည့်ပြီးမေးနေခဲ့သည်...ဒီကောင်ဒေါသထွက်ပြီးဆိုရင်...သူတို့လည်းမတားဆီးနိုင်..ဒါတောင်.
သူတို့တတ်နိုင်သလောက်ဝင်ဆွဲလို့ပေ...မဟုတ်ရင် ဟိုလူသေနေလောက်ပြီး
မာန်ထိုက်...ငါတို့ကိုပြော
ငါတို့ကူညီပေးလို့ရအောင်
မာန်ထိုက် က နံရံကိုကျောမှီကာ..မျက်လုံးများမှိတ်ထားလေသည်
မင်းမှာ..ဆေးလိပ်ပါလား
ဟမ်..
ဘာမှမဆိုင်စွာ မေးလာမှုကြောင့် ဘေးကနှစ်ကောင်လည်း ကြောင်သွားပုံပင်
အေး...ရော့ ငါ့မှာပါတယ်
ဝဏ က ဘူး ထဲ က ထုတ်ပေးပြီးပေးလိုက်သည်..ဆေးလိပ် ကိုယူကာ တည်ငြိမ်စွာသောက်နေပုံက ခုနက သူမဟုတ်တော့သည့်အတိုင်းပင်
ငါ ကောင်လေးတစ်ယောက်ကိုလိုချင်တယ်
ဆေးလိပ်အငွေ့တွေကို မှုတ်ထုတ်လိုက်ပြီးတည်ငြိမ်စွာ စကားဆိုလာသည်
ဘာ...
ဘယ်လို
ဘေးကနှစ်ကောင်ရဲ့အသံတွေကတစ်မျိုးစီထွက်လို့လာခဲ့တယ်...
မာန်ထိုက်..မင်းပြောတော့ gayမဟုတ်ဘူးဆို
ဘယ်ကကောင်လေးလဲ
စိုင်းက မယုံကြည်စွာ မေးပြန်တော့ မာန်ထိုက် က ခပ်ဟ ဟရယ်ပြန်သည်
ငါသူ့ကိုလိုချင်တိုင်း gayရောလား
မင်း ဒါဆို ဘာလို့ ဘာအကြောင်းပြချက်ကြောင့် အား...ရှုပ်နေတာပဲ ငါဘယ်လိုမေးရမလဲ
စိုင်းတိတ်တိတ်နေ..ငါမေးမယ်
ဝဏ က ပိတ်ဟောက်ကာ မာန်ထိုက် ကို
ကြည့်လာသည်
မာန်ထိုက်...မင်းမှာ ရည်ရွယ်ချက်ရှိတယ်မလား..
ဟက်..ဒီတစ်ခါတော့ မင်းမှန်သွားပြီး
သူက ငါ့အကိုရဲ့နှလုံးသားလေ
မင်းပြောချင်တာက... မင်းအကိုရဲ့ချစ်သူလား
မဟုတ်ဘူး...မဟုတ်သေးဘူးပေါ့ကွာ
မာန်ထိုက် က ဆေးလိပ်ကိုအောက်သို့ပစ်ချလိုက်ပြီးနင်းချေလိုက်သည်
ငါတို့သိလိုက်ပြီး...မင်းအကို ကို မကျေနပ်တာနဲ့..သူ့ကို ဝင်ဆွဲတော့မယ်ဆိုပါတော့
ဝဏ မင်းစကားကြီးကလည်း ဘာလဲဟ..
စိုင်းက ဘေးနားကနေ..ဝဏ ကိုမျက်မှောင်ကြုတ်ပြီး မေးနေခဲ့သည်
သူတို့သုံးယောက် စကားပြော နေတဲ့ဘက် သို့
မိန်းကလေးတစ်ယောက် လျှောက်လို့လာခဲ့သည်
အပေါ်ပိုင်း လက်ပြတ်အတိုနဲ့အောက်ပိုင်းစကတ်အတိုကို ဝတ်ဆင်ကာ ဒေါက်အမြင့်ကိုလည်းစီးလို့ထားသေးသည်
ဆံပင်မှာ..ဂုတ်နားလောက်ရှိကာ တစ်ခေါင်းလုံး အဖြူရောင် ဆိုးလို့ထားသည်
လက်မှာလည်း..စျေးကြီးbrand လက်ကိုင်အိတ်ကို ကိုင်ဆွဲကာ...မာန်ထိုက်တို့ရှေ့ ရောက်ချလာသည်
တို့လည်း..စကားဝိုင်းမှာပါလို့ရမလား
မာန်ထိုက် က ရှေ့ကို တစ်ချက် ကြည့်ကာဘေးသို့ပြန်လွှဲသွားခဲ့သည်
မိန်းကလေး..နေရာမှားလာပြီးထင်တယ်
clubက အထဲမှာ
စိုင်း က စိုက်ကြည့်စွာ..တစ်ဖက်မိန်းကလေးက်ိုပြောနေခဲ့တယ်
တို့သိပါတယ်.. တို့က ဒီရှေ့က မာန်ထိုက်နဲ့ခင်ချင်လို့ပါ
အရှေ့မှာ မတ်တပ်ရပ်နေသောမာန်ထိုက် ဘက်သို့ လက် ကမ်းပေးပြီးစကားပြောလာသောသူ
တို့နာမည်က မေဘလ်ပါ
ခင်လို့ရနိုင်မလား
မိန်းကလေး ခု ကျွန်တော်တို့သူငယ်ချင်းက စိတ်အဆင်ပြေသေးတာမဟုတ်ဘူး
စိုင်းဘက် က ဝင်ဖာပေးပြီးပြောပေးနေခဲ့သည်
မာန်ထိုက် က ချက်ချင်းဆိုသလို အဲ့ကောင်မလေးရဲ့ကမ်းပေးထားသောလက်ကိုဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲရောက်စေသည်
မေဘလ် မလား...
ကိုယ်တို့တစ်​​နေရာသွားကြတာပေါ့
ကောင်မလေး လည်းချက်ချင်းဆိုသလို ပြုံးသွားပြီး မာန်ထိုက်လက် ကို တင်းနေအောင်ဆုပ်ကိုင်လိုက်သည်
ဟိုနှစ်ကောင် ကတော့ မနိုင်ဘူးဆိုတဲ့
အကြည့်နဲ့သာထိုနေရာမှာပင်ကျန်ခဲ့တော့သည်
......
ခါတိုင်းလိုပင် လူနာတွေများနေတဲ့ ဆေးရုံကြီးကတော့ ဆရာဝန်တွေ သူနာပြုတွေနဲ့ ရှုပ်နေခဲ့သည်
ငမှန် တစ်ယောက် ဆေးရုံမှာနေ့ညမပြတ်dutyကျနေတာကြောင့် ဟိုကောင်တွေနဲ့ခုရက်ပိုင်းမတွေ့ဖြစ်ချေ...
ဖုန်းတောင်ဆက်ဖော်မရတဲ့ သူငယ်ချင်းတွေကြောင့် ငမှန် စိတ်တိုနေမိသည်...
အဲ့ကောင်သုံးယောက် က ပေါင်းမိပြီးဆိုရင် ကောင်းတဲ့အရာတွေဖြစ်တာခပ်ရှားရှားပင်
ခုလည်း သူမသိအောင်ဘာတွေလုပ်နေမှန်းမသိ အသံတစ်သံမှမကြားရအောင် ဟိုသုံးကောင်တိတ်ဆိတ်လို့နေခဲ့သည်
ညနေ duty ပြီးရင် ဒီကောင်တွေဆီ သွားအုံးမယ် ဘာတွေ လုပ်နေကြလို့..ဖုန်းဆက်ဖို့တောင် မအားကြတာလဲ
ရုတ်တရက် မြည်လာတဲ့ဖုန်းသံကြောင့် ငမှန် အလျင်အမြန်ကောက်ကိုင်လိုက်သည်
ဟယ်လို..
ကျွန်တော်ဒီနေ့အားတယ် သွားဝယ်ရအောင်
ဘယ်သူလဲမသိဘူး
ငမှန်ဖုန်းကိုင်ကိုင် ချင်းတစ်ဖက် က ပြောတဲ့စကားကြောင့် နားမလည်နိုင်ဖြစ်သွားရသည်
doctor က ကျွန်တော့်ကိုမေ့သွားပြီးပဲ
ဟိုတစ်နေ့က doctor ကြောင့် ကျွန်တော့်gameစက်ပျက်သွားတာ
မှတ်မိပြီး sorryပါ ကျွန်တော် မေ့သလိုဖြစ်သွားတဲ့အတွက်
doctor ဒါဆို ကျွန်တော် တို့ ဆုံခဲ့တဲ့shopping centerပဲလာခဲ့လိုက် ကျွန်တော်စောင့်နေမယ်
အင်း ကျွန်တော်လာခဲ့ပါ့မယ်
ဒီလိုနဲ့ ညနေ ဟိုကောင်တွေဆီ သွားဖို့ ပျက်သွားခဲ့ရသည် သူကအကြွေးတင်နေတော့ ဒီကောင်လေးကိုပြန်လျော်ပေးရအုံးမည်မလား
ငမှန်တစ်ယောက် dutyပြီးပြီး ချင်း အပေါ်ဝတ်coatကိုချွတ်ကာ ပထမက ဆုံခဲ့တဲ့centerကိုပဲလာခဲ့လိုက်သည်
အရှေ့ဆုံး အဝမှာတင် သူ့ကိုစောင့်နေတဲ့ကောင်လေးကြောင့် အနားသို့ သွားလိုက်ခဲ့သည်
စောင့်ရတာကြာသွားလား.. dutyပြီးပြီးချင်းထွက်လာတာပါ
ရတယ် ကျွန်တော့်အချိန်တွေကပေါ ပါတယ်
ဒါဆို ဒီက..
ဟုတ်သားပဲ.ကျွန်တော် တို့နာမည်တွေမပြောရသေးဘူးပဲ
ကျွန်တော့်နာမည် မင်းရာဇ်
ဒီက doctor နာမည်က မြတ်သွေးအောင် ဟုတ်တယ်မလား
ငါ့နာမည်ဘယ်လိုသိတာလဲ..အဲ့နေ့ကတည်းမေးချင်နေခဲ့တာ
ကျွန်တော်doctorဆေးရုံလာဖူးတယ်
doctor ကလူနာအများကြီးနဲ့ဆိုတော့ မမှတ်မိလောက်ဘူး
အင်း ဟုတ်လောက်မယ်...
ဒါနဲ့ မင်းရာဇ် က ကျွန်တော့်ထက်အသက်ငယ်မယ့်ပုံပဲ
အဲ့နေ့က ကျောင်းတတ်နေတယ်ပြောတာကြားလို့
ကျွန်တော်ဆယ်တန်း တတ်နေတာ
ဒါဆို မင်းရာဇ်က တကယ်ကိုငယ်တာပဲ
ဒါမဲ့ ကျွန်တော်၁၈ပြည့်ပြီးပါပြီး
ဆယ်တန်းနှစ်ခါကျထားလို့
အော်..
ငမှန်တစ်ယောက် ဒီကောင်လေး design ပုံစံကိုကြည့်လိုက်တော့ အဆိုးလေးပဲဖြစ်ရမယ်လို့ထင်ခဲ့ပြီးသားပင်..
ခုတော့ သေချာသလောက်
ကျွန်တော်doctor ကိုဘယ်လိုခေါ်ရမလဲ
မင်းရာဇ် အဆင်ပြေသလိုသာခေါ်ပါ
ဒါဆို မြတ်သွေး လို့ခေါ်မယ် အဆင်ပြေတယ်မလား
ရပါတယ်
ငမှန်ဘာမှဆက်မပြောချင်တာနဲ့ သူကိုဝယ်ပေးရမဲ့ gameစက်ကို သာရှာဖွေပေးနေလိုက်သည်
ဒီလိုနဲ့အတန်ကြာ သူလိုချင်တဲ့game စက် ကိုရှာဝယ်ပေးသွားတဲ့နောက် ကျွန်တော် အိမ်သို့ပြန်ရန် သာ စိတ်ထဲလောနေခဲ့မိသည်
မင်းရာဇ် ဒါဆိုအကိုပြန်တော့မယ်
ငမှန် ဒီကောင်လေး သူ့ထက် အသက်ငယ်မှန်းသိသွားလို့ သူ့ကိုယ်သူ အကိုလို့ခေါ်သုံးလိုက်မိသည်
ခနလေး..မြတ်သွေး..
ဒါကို အလိုက်မသိသောကောင်လေး က ငမှန်ကို ရိုသေမှုမရှိဘဲ သူနဲ့တန်းတူအရွယ်လိုခေါ်ဝေါ်နေခဲ့တယ်
မြတ်သွေး ကျွန်တော် တို့နှစ်ယောက် မိတ်ဆွေဖြစ်သွားကြပြီးမလား
ဟုတ်ပါတယ်...
ငမှန်လည်း မဟုတ်ဘူးပြောရင် ရိုင်းရာကြမှာကြောင့်အလိုက်သင့်ပြန်ဖြေပေးခဲ့လိုက်တယ်
ဒါဆိုနောက် တစ်ကြိမ် မြတ်သွေး နဲ့အတူတူလျှောက်လည်ချင်ပါသေးတယ်
အကိုက ဆေးရုံမှာ dutyနဲ့ဆိုတော့ အားတဲ့အချိန်ကနည်းမှာ မင်းရာဇ်
ရပါတယ်ဗျာ... မြတ်သွေးအားတဲ့အချိန်ပေါ့
ကျွန်တော်စောင့်နိုင်ပါတယ်
ငမှန် နားပိုကပ်ကာ ခေါင်းတစ်လုံးရှည်နေသော သူ့ကိုယ်ကို ကိုင်းလိုက်ပြီး မျက်နှာချင်းဆိုင် ပြောလို့နေခဲ့တယ်
ကျွန်တော် သွားတော့မယ်..
အဲ့ကောင်လေးမသွားခင် ပြုံးနေသော နှုတ်ခမ်းတစ်စုံကို ငမှန်မြင်လိုက်ပါသေးသည်
ဘယ်လိုတောင် အူကြောင်ကြောင်ကောင်လဲ
ခုချိန်ထိ စောင့်ဖတ်ပေးနေတဲ့ဒါဒါလေး တွေ သာသာပြန်ပေါ်လာပါပြီး
upတာရက်မမှန်တာကိုနားလည်ပေးပါ
ဒီနေ့ကစပြီး အားရင်အားသလိုတင်ပေးပါ့မယ်
အားရှိအောင် အားဆေးလေးတွေကျွေးခဲ့ကြ
At 7:00 AM
ငါလည်း မသိဘူးလေ...
ဟဲ့..ဟဲ့. မသွားနဲ့အုံး..
ဟိုမှာ...ဟိုမှာ..
ဘာလဲ...နင်ကလည်း..
ဘယ်မှာလဲ နင်ကလည်း
ဒေါက်..ဒေါက်..
ဝင်ခဲ့..
အေး ပြောလေ သား
အရာရာအဆင်ပြေပါတယ်
ခွင့်ပြုပေးပါနော်အဘ
ဟူး..
မတားတော့ပါဘူး
At 11:00
တောက်!!
ဟိန်းထွက်စေနိုင်သည်
မိသွယ်...
ရှင်...အကိုလေး
မင်းပြော တာ တကယ်လား...
တောက်...
စောင့်ပိတ်လိုက်သည်
အား..
ခွမ်း...
ခွပ်...
မင်းကဘာကောင်လဲ ဟမ်..
မာန်ထိုက်...တော်တော့
မင်းမှာ..ဆေးလိပ်ပါလား
ဟမ်..
အေး...ရော့ ငါ့မှာပါတယ်
ဘာ...
ဘယ်လို
ဘယ်ကကောင်လေးလဲ
ကြည့်လာသည်
လက်မှာလည်း..ဈေးကြီးbrand လက်ကိုင်အိတ်ကို ကိုင်ဆွဲကာ...မာန်ထိုက်တို့ရှေ့ ရောက်ချလာသည်
clubက အထဲမှာ
တို့နာမည်က မေဘလ်ပါ
ခင်လို့ရနိုင်မလား
မေဘလ် မလား...
......
ဟယ်လို..
ဘယ်သူလဲမသိဘူး
ဒါဆို ဒီက..
အင်း ဟုတ်လောက်မယ်...
အော်..
ခုတော့ သေချာသလောက်
ရပါတယ်
ခနလေး..မြတ်သွေး..
ဟုတ်ပါတယ်...
Lanjutkan Membaca
Kamu Akan Menyukai Ini
87K 2.8K 32
Book two for THREE WAY
27.2K 531 9
A Nephophile. လောဘကြီးစွာနဲ့ပဲ တိမ်စိုင့်ကိုချစ်မယ့်သူဆိုတာ ကိုယ်တစ်​​ယောက်ပဲရှိချင်တာမို့ ကိုယ့်ဘာသာ A Nephophileလို့​ခေါ်တွင်လိုက်တယ်။
4.8M 302K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4.3K 484 25
ကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !