ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Un...

By KazunoMora

60.4K 6K 78

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၆၆၁ : ငါးနှစ်ကျော် ကျင့်ကြံခဲ့ကြသူများသည် အခြေခံအုတ်မြစ် အဆင့်တွင်...
အပိုင်း ၆၆၂ : တပည့်ရှစ်ယောက်၊ တစ်ယောက်လို
အပိုင်း ၆၆၃ : အခက်အခဲများစွာ အကြားမှ ကလေးသည် ကြီးပြင်းလာခဲ့ပြီ
အပိုင်း ၆၆၄ : ဂိုဏ်းတွင်းပြိုင်ပွဲ စတင်ခြင်း
အပိုင်း ၆၆၅ : အရေးကြီးတာတစ်ခု ပြောဖို့မေ့နေတယ်
အပိုင်း ၆၆၆ : ဆရာက တပည့်ကို ချောက်ချခြင်း၊ ချောက်ချလေလေ ပိုကောင်းလေလေပဲ
အပိုင်း ၆၆၇ : စမ်းသပ်မှုက မရိုးစင်းပေ
အပိုင်း ၆၆၈ : ယခင်ကနှင့် မတူတော့ပေ
အပိုင်း ၆၆၉ : ကြီးမားသော ကွာဟချက်များ
အပိုင်း ၆၇၀ : အကြီးမားဆုံး ထောင်ချောက်ဆိုတာ မရှိဘူး....
အပိုင်း ၆၇၁ : ဆုလာဘ်
အပိုင်း ၆၇၂ : ချက်ချင်းဖြစ်ပွားလာသော အတွင်းပဋိပက္ခများ
အပိုင်း ၆၇၃ : စိတ်လှုပ်ရှားခြင်း
အပိုင်း ၆၇၄ : လင်းဖုန်း၏ အဆုံးအမများ
အပိုင်း ၆၇၅ : နောက်ကျသွားပြီလား
အပိုင်း ၆၇၆ : မျိုးဆက်တိုင်းမှ အကြင်နာကင်းမဲ့သော ကိုယ်ကျင့်စရိုက်များ
အပိုင်း ၆၇၇ : ဒုတိယအဆင့်
အပိုင်း ၆၇၈ : မင်းအပူမပါဘူး
အပိုင်း ၆၇၉-၆၈၀-၆၈၁
အပိုင်း ၆၈၆-၆၈၇-၆၈၈-၆၈၉-၆၉၀
အပိုင်း ၆၉၁-၆၉၂-၆၉၃-၆၉၄-၆၉၅
အပိုင်း ၆၉၆-၆၉၇-၆၉၈-၆၉၉-၇၀၀
အပိုင်း ၇၀၁ မှ ၇၀၅
အပိုင်း ၇၀၆ မှ ၇၁၀
အပိုင်း ၇၁၁ မှ ၇၁၅
အပိုင်း ၇၁၆ မှ ၇၂၀
အပိုင်း ၇၂၁ မှ ၇၂၅
အပိုင်း ၇၂၆ မှ ၇၃၀
အပိုင်း ၇၃၁ မှ ၇၃၅
အပိုင်း ၇၃၆ မှ ၇၄၀
အပိုင်း ၇၄၁ မှ ၇၄၅
အပိုင်း ၇၄၆ မှ ၇၅၀
အပိုင်း ၇၅၁ မှ ၇၅၅
အပိုင်း ၇၅၆ မှ ၇၆၀
အပိုင်း ၇၆၁ - ၇၆၂
အပိုင်း ၇၆၃ - ၇၆၄
အပိုင်း ၇၆၅ - ၇၆၆
အပ်ုင်း ၇၆၇ - ၇၆၈
အပိုင်း ၇၆၉ - ၇၇၀
အပိုင်း ၇၇၁ မှ ၇၇၅
အပိုင်း ၇၇၆ မှ ၇၈၀
အပိုင်း ၇၈၁ မှ ၇၈၅
အပိုင်း ၇၈၆ မှ ၇၉၀
အပိုင်း ၇၉၁ မှ ၇၉၅
အပိုင်း ၇၉၆ မှ ၈၀၀
အပိုင်း ၈၀၁ - ၈၀၂
အပိုင်း ၈၀၃ မှ ၈၀၆
အပိုင်း ၈၀၇ မှ ၈၁၀
အပိုင်း ၈၁၁ မှ ၈၁၅
အပိုင်း ၈၁၆ မှ ၈၂၀
အပိုင်း ၈၂၁ မှ ၈၂၅
အပိုင်း ၈၂၆ မှ ၈၃၀
အပိုင်း ၈၃၁ မှ ၈၃၅
အပိုင်း ၈၃၆ မှ ၈၄၀
အပိုင်း ၈၄၁ မှ ၈၄၅
အပိုင်း ၈၄၆ မှ ၈၅၀
အပိုင်း ၈၅၁ မှ ၈၅၅
အပိုင်း ၈၅၆ မှ ၈၆၀
အပိုင်း ၈၆၁ မှ ၈၆၅
အပိုင်း ၈၆၆ မှ ၈၇၀
အပိုင်း ၈၇၁ : ခေါင်းဖြတ်ခြင်း
အပိုင်း ၈၇၂ : တစ်ယောက်မှ ထွက်သွားဖို့ မစဥ်းစားနဲ့
အပိုင်း ၈၇၃
အပိုင်း ၈၇၄ : အားလုံးတို့အား ဖမ်းဆီးခြင်း
အပိုင်း ၈၇၅ : စူတောင်သို့ တက်ခြင်း
အပိုင်း ၈၇၆ : ငါကစပြီးမှ မင်းတို့ရဲ့ တောင်ပေါ်ကို လာမယ်
အပိုင်း ၈၇၇ : ယုကျင်းတောင်က စူတောင်အား ဖိနှိပ်ခြင်း
အပိုင်း ၈၇၈ : မင်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခု
အပိုင်း ၈၇၉ : မင်းတို့က ဘယ်သူ့ကို ရွေးရွေး ငါက သူ့ကို အနိုင်ယူပြမယ်
အပိုင်း ၈၈၀ : စွမ်းအားဖျက်ဆီး ကပ်ဘေးကို ထပ်မံရင်ဆိုင်ခြင်း
အပိုင်း ၈၈၁ : အရာအားလုံးတို့အား ကံကြမ္မာ ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်
အပိုင်း ၈၈၂ : ကွဲကြေသွားသော ဓားဆန္ဒများ
အပိုင်း ၈၈၃ : ကောင်းကင်ဖျက်ဆီးက တိုးတက်လာချိန်တွင်
အပိုင်း ၈၈၄ : အရင်အတိုင်း ဘယ်တော့မှ မဖြစ်နိုင်တော့ချေ
အပိုင်း ၈၈၅ : ပြန်လည်ရွေးယူခြင်း
အပိုင်း ၈၈၆ : ကမ္ဘာတစ်ဝန်းမှ ဂုဏ်ပြုကြခြင်း
အပိုင်း ၈၈၇ : တိုက်ပွဲအပြီးမှ ပြစ်ဒဏ်များ
အပိုင်း ၈၈၈ : အကြွေးများကို နယ်မြေများဖြင့် ပေးဆပ်ရခြင်း
အပိုင်း ၈၈၉ : မဟာလွင်တီးခေါင် ကုန်းမြေသို့
အပိုင်း ၈၉၀ : လွတ်မြောက်ရန် အကြံအစည်
အပိုင်း ၈၉၁ : ရွှေပုစဥ်း ဆရာတော်၏ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်
အပိုင်း ၈၉၂ : ရင်ကွဲနာကျ ဖြစ်သွားသော ကျင်းဟွမ်အမတ်
အပိုင်း ၈၉၃ : မဟာလွင်တီးခေါင် ကုန်းမြေအတွင်းက လူတိုင်းက
အပိုင်း ၈၉၄ : မင်းကငါကို ဖော်ပြရင် ငါကလည်း မင်းကို ပြန်ဖော်ပြမယ်
အပိုင်း ၈၉၅ : လင်းဖုန်းအား နွေးထွေးစွာ ကြိုဆိုခြင်း
အပိုင်း ၈၉၆ : ဓားလမ်းစဥ်၏ အလွန်
အပိုင်း ၈၉၇ : အဆက်မပြတ် အောင်မြင်တိုးတက်ခြင်း
အပိုင်း ၈၉၈ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား အသေးစိတ် လေ့လာသုံးသပ်ခြင်း
အပိုင်း ၈၉၉ : ဟင်းလင်းပြင် ဘုရားကျောင်း၏ မဟာ အကြံအစည်
အပိုင်း ၉၀၀ : အမှန်တရားနှင့် ဟာကွက်များကို ဖုံးကွယ်ခြင်း
အပိုင်း ၉၀၁ : မဟာ ကောင်းကင်ကိုးလွှာ မြင့်မြတ်သောဓား
အပိုင်း ၉၀၂ : ရီကျိနှင့် ဟွမ်ထျန်း အန္တိမ မာစတာ
အပိုင်း ၉၀၃ : ဝက်! ဝက်! ဝက်!
အပိုင်း ၉၀၄ : ထောင်ချောက်သို့ သွားရာလမ်း
အပိုင်း ၉၀၅ : ကယ်တင်ခြင်း
အပိုင်း ၉၀၆ : ရွှေပုစဥ်း ဆရာတော်၏ မဟာမိတ်များ
အပိုင်း ၉၀၇ : အစ်ကိုကြီး.. ဆရာ့ကို လူသားတွေ ဖမ်းသွားကြပြီ
အပိုင်း ၉၀၈ : မျောက်
အပိုင်း ၉၀၉ : ငြိမ်သက်စွာဖြင့် စဥ်းစားနေသော လင်းဖုန်း
အပိုင်း ၉၁၀ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၁)
အပိုင်း ၉၁၁ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၂)
အပိုင်း ၉၁၂ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်အား အနိုင်ယူခြင်း (၁)
အပိုင်း ၉၁၃ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်ကို အနိုင်ယူခြင်း (၂)
အပိုင်း ၉၁၄ : ကြုံတွေ့လာသော အခွင့်အရေး တစ်ခု
အပိုင်း ၉၁၅ : ဝေခွဲမရ ဖြစ်နေခဲ့သော မဟာချင် အင်ပါယာ
အပိုင်း ၉၁၆ မှ ၉၂၀
အပိုင်း ၉၂၁ - ၉၂၂
အပိုင်း ၉၂၃ : နောက်ယောင်ခံလိုက်ခြင်း
အပိုင်း ၉၂၄ : မင်းကို ဘာမှမဟုတ်သလို သဘောထားမယ်
အပိုင်း ၉၂၅ : ကြီးထွားလာသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း
အပိုင်း ၉၂၆ : ပါရမီရှင်တွေမှာ ပြဿနာတွေ အပြည့်နဲ့ပါ
အပိုင်း ၉၂၇ : ဂိုဏ်းဆိုတာက လူအသိုင်းအဝိုင်း အသေးစား တစ်ခုပါ
အပိုင်း ၉၂၈ : ဂိုဏ်းအတွင်းမှ ဝါဒအုပ်စုများ
အပိုင်း ၉၂၉ : မောင်ငယ်များ အားလုံး၏ နှလုံးသား အတွင်းတွင်
အပိုင်း ၉၃၀ : သူ၏ အဖော်အား ကျောပေးနေသော ဥဒေါင်း
အပိုင်း ၉၃၁ မှ ၉၃၅
အပိုင်း ၉၃၆ မှ ၉၄၀
အပိုင်း ၉၄၁ မှ ၉၄၅
အပိုင်း ၉၄၆ မှ ၉၅၀
အပိုင်း ၉၅၁ မှ ၉၅၅
အပိုင်း ၉၅၆ မှ ၉၆၀
အပိုင်း ၉၆၁ မှ ၉၇၀
အပိုင်း ၉၇၁ မှ ၉၈၀
အပိုင်း ၉၈၁ မှ ၉၉၀
အပိုင်း ၉၉၁ မှ ၉၉၅
အပိုင်း ၉၉၆ မှ ၁၀၀၀
အပိုင်း ၁၀၀၁ မှ ၁၀၀၅
အပိုင်း ၁၀၀၆ မှ ၁၀၁၀
အပိုင်း ၁၀၁၁ မှ ၁၀၂၀
အပိုင်း ၁၀၂၁ မှ ၁၀၃၀
အပိုင်း ၁၀၃၁ မှ ၁၀၄၀
အပိုင်း ၁၀၄၁ မှ ၁၀၄၅
အပိုင်း ၁၀၄၆ မှ ၁၀၅၀
အပိုင်း ၁၀၅၁ : တာအိုနှလုံးသား ခြေမွသူ
အပိုင်း ၁၀၅၂ : မယုံကြည်နိုင်သော သူများစွာ ရှိကြသည်၊ သို့သော်လည်း
အပိုင်း ၁၀၅၃ : ခွန်းလွန်တောင်မှ တောက်ပသော အလင်းတန်း
အပိုင်း ၁၀၅၄ : ပြန်လည်တည်ဆောက်ခြင်း
အပိုင်း ၁၀၅၅ : လက်ရှိမျိုးဆက်၏ သခင်
အပိုင်း ၁၀၅၆ : ဇူဟုန်ဝူကလည်း စမ်းသပ်နေလိုသည်
အပိုင်း ၁၀၅၇ : မရည်ရွယ်ပဲ အပေါက်တစ်ပေါက် တူးမိခြင်း
အပိုင်း ၁၀၅၈ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းမှ မရေမတွက်နိုင်သော အခွင့်အရေး
အပိုင်း ၁၀၅၉ : ရန်သူနယ်မြေတွင် ခံတပ်တည်ဆောက်ခြင်း
အပိုင်း ၁၀၆၀ : လျှင်မြန်စွာ တိုးတက်ခြင်း၊ ဥက္ကာပျံကဲ့သို့ မြင့်တက်ခြင်း
အပိုင်း ၁၀၆၁ : နတ်ဘုရားနယ်မြေ အတွင်းမှ ပြောင်းလဲမှု
အပိုင်း ၁၀၆၂ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လက်ထပ်ခွင့် တောင်းခံခြင်း
အပိုင်း ၁၀၆၃ : အထင်ကြီးဖွယ်ရာ စီးတော်ယာဥ်
အပိုင်း ၁၀၆၄ : ငရဲကမ္ဘာ ပင်လယ်ကမ္ဘာ၏ ကမ္ဘာငယ်များ
အပိုင်း ၁၀၆၅ : ကြီးကျယ်ခမ်းနားစွာ ကြိုဆိုမှု
အပိုင်း ၁၀၆၆ : သင့်တင့်လျှောက်ပတ်သော ဧည့်သည်များ
အပိုင်း ၁၀၆၇ : ဝေခွဲရ ခက်နေသော ဂူမိသားစု
အပိုင်း ၁၀၆၈ : သေမင်းဧကရာဇ် လိုချင်နေသော အရာ
အပိုင်း ၁၀၆၉ : ဇာတ်ညွှန်းက ရေးပြီးပြီး... ဒါပေမဲ့ မင်းသားက ဘယ်မှာလဲ
အပိုင်း ၁၀၇၀ : ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ဂိုဏ်းက...
အပိုင်း ၁၀၇၁ : သုံးပွင့်ဆိုင် ဆွေးနွေးကြခြင်း
အပိုင်း ၁၀၇၂ : ကွဲပြားခြားနားသော အကျိုးသက်ရောက်မှုကို ဖော်ဆောင်ခြင်း
အပိုင်း ၁၀၇၃ : ဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲ
အပိုင်း ၁၀၇၄ : မျက်လုံး ပြူးနေအောင် ဖွင့်ထားပြီး သင်ယူပါ
အပိုင်း ၁၀၇၅ : မင်းအတွက်တော့ အန္တရာယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အခွင့်အရေး
အပိုင်း ၁၀၇၆ : စီနီယာ အဆင့်ကို အမှီပြု၍ ဝင့်ကြွားခြင်း
အပိုင်း ၁၀၇၇ : မျက်နှာပျက်သွားသော အကြီးအကဲ
အပိုင်း ၁၀၇၈ : ပြိုင်ပွဲ၏ လောင်းကြေး
အပိုင်း ၁၀၇၉ : တစ်ယောက်၏ စွမ်းရည် အကန့်အသတ်ကို ကျော်လွန်၍ ကြိုးစားခြင်း
အပိုင်း ၁၀၈၀ : အန္တိမ ပြိုင်ပွဲ
အပိုင်း ၁၀၈၁ : ရင်ခုန်သံများ မြန်လာခြင်း
အပိုင်း ၁၀၈၂ : အရေအတွက်နှင့် ကွဲပြားမှုများကို ဖြည့်ခြင်း
အပိုင်း ၁၀၈၃ : ငါတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ကမ္ဘာကို နားမလည်နိုင်တော့ဘူ
အပိုင်း ၁၀၈၄ : ကမ္ဘာအတွင်းမှ အကောင်းဆုံး
အပိုင်း ၁၀၈၅ : နောက်ထပ် စစ်မြေပြင် တစ်ခုတွင် ရန်ငြိုးရန်စများကို ဖြေရှင်းခြင်း
အပိုင်း ၁၀၈၆ : သက်ရှည်ကြာပန်း ထိုင်ခုံ
အပိုင်း ၁၀၈၇ : လက်ဆောင်လာပေးခြင်း
အပိုင်း ၁၀၈၈ : ငရဲကမ္ဘာ ပင်လယ် အတွင်းသို့ လိုက်လံ တိုက်ခိုက်ကြခြင်း
အပိုင်း ၁၀၈၉ : ပထမ တိုက်ပွဲအား နိုင်သူသည် စစ်ပွဲကို အနိုင်ရသူ မဟုတ်ပေ
အပိုင်း ၁၀၉၀ : သစ္စာဖောက်သူ
အပိုင်း ၁၀၉၁ : ခံစားချက် ကင်းမဲ့သောသူသည် အစစ်အမှန် သူရဲကောင်းတစ်ယောက် မဖြစ်နိုင်
အပိုင်း ၁၀၉၂ : ခံစားချက် ရှိသောသူများကလည်း ယောကျ်ားပီသနိုင်သည်
အပိုင်း ၁၀၉၃ : နတ်ဘုရားနယ်မြေ အတွက် နောက်ဆုံးအကြိမ် သွေးမြေကျခြင်း
အပိုင်း ၁၀၉၄ : ငရဲကမ္ဘာ ပင်လယ်၏ ဗဟိုချက်
အပိုင်း ၁၀၉၅ : ရှေးဟောင်းခေတ်မှ ဟင်းလင်းပြင် ဘုရားကျောင်း၏ ပဋိပက္ခ
အပိုင်း ၁၀၉၆ : ကြေကွဲဖွယ်ရာများ၏ အဆုံးသတ်
အပိုင်း ၁၀၉၇ : ခွေးများကို ကျွေးခဲ့သော ရိုးသားမှု
အပိုင်း ၁၀၉၈ : သေမင်းဧကရာဇ်၏ ဒုတိယ နတ်ဆိုးဝိညာဥ်
အပိုင်း ၁၀၉၉ : ရှဧကရာဇ်နှင့် တိုက်ခိုက်ခြင်း
အပိုင်း ၁၁၀၀ : သေမင်းဧကရာဇ်နှင့် တိုက်ခိုက်ခြင်း
အပိုင်း ၁၁၀၁ : နတ်ဆိုးဝိညာဥ်၏ အမျက်ဒေါသ
အပိုင်း ၁၁၀၂ : ပြန်ဆပ်၍ မရသည့် အကြွေးများ
အပိုင်း ၁၁၀၃ : မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်းလား
အပိုင်း ၁၁၀၄ : သေမင်းဧကရာဇ်၏ စစ်သည်ရဲမက်များကို လိုက်လံ သတ်ဖြတ်ကြခြင်း
အပိုင်း ၁၁၀၅ : ပြိုင်ဘက်များကို အလစ်အငိုက် ဖမ်းခြင်း
အပိုင်း ၁၁၀၆ : မူမမှန်တဲ့ လှုပ်ရှားမှုတွေကို သတိထားပါ
အပိုင်း ၁၁၀၇ : ပြင်ပကမ္ဘာတွင် ပြင်းထန်စွာ လှုပ်ရှားနေကြသော်လည်း ဂိုဏ်းအတွင်းတွင်
အပိုင်း : ၁၁၀၈ : ဝေဖန်မှုအောက်မှ ဆန်းစစ်မှု
အပိုင်း ၁၁၀၉ : ဘာဖြစ်လို့လဲ ဆိုတော့ မင်းတို့အားလုံးက အမတန်မှ သန်မာလို့ပဲ
အပိုင်း ၁၁၁၀ : ဝိညာဥ်ပင်လယ်ကို ပြန်လည် ဖွင့်လှစ်ခြင်းလော
အပိုင်း ၁၁၁၁ : ဟင်းလင်းပြင် ဘုရားကျောင်း၏ အကြံအစည်
အပိုင်း ၁၁၁၂ : မြောင်ရှီးဟောင်၏ တံခါးပိတ်နေရာမှ ထွက်လာခြင်း
အပိုင်း ၁၁၁၃ : ငါတို့က ဘယ်လိုလုပ်ပြီး မတည်ငြိမ်တဲ့ အင်အားစု ဖြစ်မှာလဲ
အပိုင်း ၁၁၁၄ : အကြီးကျယ်ဆုံး မြင့်မြတ်နယ်မြေ

အပိုင်း ၆၈၂-၆၈၃-၆၈၄-၆၈၅

447 39 1
By KazunoMora

စာစဥ် ၃၆ : အပိုင်း ၁၂

အပိုင်း ၆၈၂ : ချူးယန်၏ ရုန်းကန်မှု

ကမ္ဘာငယ် အတွင်းတွင် ယန်လီခွန်းက အကာအကွယ်စနစ်၏ အဖယ်ရှားခံလိုက်ရသည်ကို တွေ့လိုက်ရအပြီးတွင် ကျိုးယွင်ချုံးအား ဖုံးလွှမ်းထားသည့် အနက်ရောင် အလင်းတန်းများသည် ဖြည်းဖြည်းခြင်း လွင့်ပြယ်သွားခဲ့ကာ သူသည် လီရှင်းဖေးအနားသို့ လျှောက်သွားခဲ့သည်။

လီရှင်းဖေး၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း သူမသည် တည်ငြိမ်အောင် ထိန်းထားနိုင်ဆဲ ဖြစ်၏။ သူမသည် ကျိုးယွင်ချုံးအား ကြည့်လိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ "ရှုယွင်စန်းနဲ့ ယင်းလော်ရှတို့ကတော့ နောက်ကောက်အချခံရတော့မယ်ထင်တယ်။ ဂျူနီယာကျိုးက ဒီလောက်အထိ သန်မာမှန်းကို တစ်ခါမှ မတွေးခဲ့မိဘူး"

ခေတ္တမျှ ငြိမ်သက်သွားအပြီးတွင် ကျိုးယွင်ချုံးက ပြန်ဖြေလိုက်သည်။ "ကျွန်တော်က စီနီယာတွေနဲ့ တိုက်ခိုက်လို့ မဖြစ်ဘူး"

လီရှင်းဖေးက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ ဓမ္မခန်းမရဲ့ အကာအကွယ်စနစ်က ငါတို့ရဲ့ အသက်ကို ကယ်တင်နိုင်ပေမဲ့ မင်းနဲ့ ယှဥ်ပြိုင်တိုက်ခိုက်ရင် ငါတို့ရဲ့ ကိုယ်ပိုင် နည်းစနစ်တွေနဲ့ မှော်စွမ်းအင်တွေက အလောင်ကျွမ်းခံသွားရနိုင်တယ်။ စီနီယာ ယုတင်းကသာ သူမရဲ့ ကျင့်ကြံမှုတွေကို အဖိနှိပ် မခံထားရရင် မင်းနဲ့ တိုက်ခိုက်နိုင်လိမ့်မယ်နဲ့ တူတယ်"

ကျိုးယွင်ချုံးသည် လီရှင်းဖေး၏ ခေါင်းပေါ်သို့ ကြည့်လိုက်ရာ '၄'ဟူသော ဂဏန်းတစ်လုံးက ရွှေရောင်အလင်းတန်း တစ်ခု၏ အတွင်း၌ လွင့်မျောနေသည်ကို သတိပြုမိလိုက်၏။

ထိုရွှေရောင် အလင်းတန်းသည် လီရှင်းဖေး ကိုယ်တိုင်က ထုတ်လွှတ်ခဲ့ခြင်း မဟုတ်ပေ။ ဒါသည် ဓမ္မခန်းမမှ မှော်စွမ်းအင်များက ထုတ်လွှင့်ထားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ချုံးချိများ၊ ယန်လီခွန်းတို့နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲတလျှောက်နှင့် သူမက လျှပ်စီးမီးတောက် လျှိုမြောင်အတွင်းသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့စဥ် တလျှောက်လုံး ထိုရွှေရောင် နံပါတ်က ပြောင်းလဲခဲ့ခြင်း မရှိပေ။

ကျိုးယွင်ချုံး၏ ခေါင်းပေါ်တွင်လည်း '၁'ဟူသော ဂဏန်းတစ်ခုက ရွှေရောင်အလင်းတန်း၏ အတွင်းတွင် တွေ့နိုင်ပေသည်။ ယန်လီခွန်း၏ ခေါင်းပေါ်မှ နံပါတ်မှာမူ '၃' ဖြစ်၏။ ထိုနံပါတ်သည် သူတို့ပိုင်ဆိုင်နေသော ရွှေလက်စွပ်၏ နံပါတ်အရေအတွက်ကို ကိုယ်စားပြုနေခြင်း ဖြစ်ပြီး ကမ္ဘာငယ် အတွင်းမှ လူအားလုံးက မြင်နိုင်ပေသည်။

လီရှင်းဖေးသည် ရွှေလက်စွပ် လေးကွင်းကို စုဆောင်းနိုင်ခဲ့ပြီး ဖြစ်ကာ ယန်လီခွန်းက သုံးကွင်းရခဲ့ပြီး ဖြစ်သည်။ ကျိုးယွင်ချုံးမှာမူ ကမ္ဘာငယ် အတွင်းသို့ မကြာမီကသာ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သဖြင့် လက်စွပ်တစ်ကွင်းသာ ရနိုင်ခဲ့၏။

သူသည် ယန်လီခွန်း ပျောက်ကွယ်သွားသော နေရာသို့ ပြန်လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ရွှေလက်စွပ် သုံးကွင်းကျနေခဲ့သည်ကို တွေ့လိုက်ရ၏။ သူ၏ ခေါင်းပေါ်မှ ဂဏန်းမှာလည်း '၄'သို့ ပြောင်းသွားခဲ့သည်။ ကျိုးယွင်ချုံးသည် ထိုရွှေလက်စွပ် သုံးကွင်းကို လီရှင်းဖေးအား ပေးလိုက်သည်။ သို့သော်လည်း သူမက သူမ၏ခေါင်းကို ခါလိုက်ကာ သူမ၏ ရွှေလက်စွပ်လေးကွင်းကို သူ့အားပေးလိုက်၏။

"ငါ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ ငါက ဆရာရဲ့ ကောင်းကင်အဆုံးစွန် လမ်းစဥ်သုတ္တန်က ဖျက်ဆီးမှု စွမ်းအားတွေကိုပဲ လေ့ကျင့်ရသေးတယ်။ ငါက ဒဏ်ရာတွေကို ကုစားနိုင်စွမ်းရှိတဲ့ သူ့ရဲ့အတွင်းက ဖန်ဆင်းခြင်း စွမ်းအားတွေကို မလေ့ကျင့်ရသေးဘူး။ တကယ်လို့ငါက ဆေးလုံးကို သောက်လိုက်ရင်တောင် ဒဏ်ရာတွေကို ယာယီပဲ သက်သာစေနိုင်မယ်"

ကျိုးယွင်ချုံးသည် သူ၏လက်ကို လှန်လိုက်ရာ ကျောက်စိမ်းရောင် ရေတစ်တန်း ထွက်လာခဲ့၏။ ဒါသည် မဟာလမင်း အကြွင်းမဲ့ရေ ဖြစ်သည်။ ဒဏ်ရာရနေသော ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်တို့ကို ကုစားရန် အကောင်းဆုံး ဖြစ်၏။ သို့သော်လည်း သူ၏ မဟာလမင်း အကြွင်းမဲ့ရေသည် အတန်ငယ် အားနည်းနေသေးရာ သူ၏ အကျိုးသက်ရောက်မှုကို ရရှိရန် အချိန်များစွာ ယူရမည် ဖြစ်သည်။

လီရှင်းဖေးက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "ဒီလိုလုပ်ဖို့ မလိုပါဘူး၊ ဂျူနီယာကျိုး။ ဒုတိယအဆင့်က ထိပ်ဆုံးရှစ်ယောက်ကသာ တတိယအဆင့်ကို တက်နိုင်မှာ ဖြစ်တယ်။ ငါ့အတွက်နဲ့ အချိန်အကုန် မခံပါနဲ့။ ငါက ဒဏ်ရာရထားရုံတင်မကပဲ ငါ့ရဲ့ မှော်စွမ်းအင်ကလည်း အတော့်ကို ကုန်ခမ်းနေပြီ။ ငါက ဆေးလုံးကို သောက်လိုက်ရင်တောင် ငါ့ရဲ့ ထိပ်ဆုံး အခြေအနေကို ပြန်ရောက်ဖို့ မလွယ်ဘူး"

"တခြားလူတွေက ငါ့ရဲ့ ရွှေလက်စွပ်တွေကို ခိုးယူသွားရင် ပိုဆိုးလိမ့်မယ်။ ငါက တတိယအဆင့်ကို ကံကောင်းလို့ တက်သွားနိုင်ခဲ့ရင်တောင် ကျန်တဲ့ဂိုဏ်းတွေက ကျင့်ကြံသူတွေကို အနိုင်ယူဖို့ မဖြစ်နိုင်တော့ဘူး။ ငါကြောင့် ဂိုဏ်းရဲ့ဂုဏ်သိက္ခာ အလကားနေရင်း ကျသွားလိမ့်မယ်။ ငါက ဒီနေရာကို မင်းကိုပဲ ပေးလိုက်ချင်တယ်"

သူမက ပြုံးလိုက်၏။ "ဟိုဖက်တီးစုတ်က အခြေအနေကို ကြည့်ပြီးတော့ ဆုံးဖြတ်ချက် ချရဲသေးတာ၊ ငါကဘာဖြစ်လို့ မလုပ်ရဲရမှာလဲ" ပြီးတာနှင့် သူမသည် သူမ၏ ဒဏ်ရာများမှ ဝေဒနာများကို ကြိတ်မှိတ်ခံစားခဲ့ကာ သူမ၏ လက်ကျန်မှော်စွမ်းအင်များကို အသုံးချလိုက်၍ သူမ၏ မျက်ခုံးများ အကြားကို လက်ညှိုးတစ်ချောင်း ထိုးလိုက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သည်။

ဓမ္မခန်းမ၏ အကာအကွယ် စနစ်က အသက်ဝင်လာခဲ့ကာ သူမ၏ အသက်ကို ကယ်တင်လိုက်ပြီး သူမအား ကမ္ဘာငယ်၏ ပြင်ပသို့ ပို့ပေးလိုက်သည်။

ကျိုးယွင်ချုံးသည် လီရှင်းဖေး ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့ကာ စကားတစ်ခွန်းမှ မပြောခဲ့ပဲ အနည်းငယ် မှိုင်တွေသွားခဲ့၏။ သူသည် ငြိမ်သက်စွာနှင့်ပင် ရွှေလက်စွပ်များကို ယူလိုက်ကာ သူ၏ခေါင်းမှ ရွှေရောင် နံပါတ်သည် '၈'အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မဟာကောင်ကင် ခန်းမဆောင် အတွင်းတွင် ရှောင်ယန်နှင့် ကျန်သောသူများက ပြုံးဖြီးဖြီး ဖြစ်သွားကြသည်။

လီရှင်းဖေးသည် အန္တရာယ် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ကာ ချုံးချိငါးကောင်ကို သူမ၏ အံ့ဖွယ်ရာ စွမ်းအားများဖြင့် သတ်ဖြတ်နိုင်ခဲ့၏။ သူမသည် ယန်လီခွန်းက သူမအား အကောက်ကြံခဲ့သည်ကို တည်ငြိမ်စွာဖြင့် အခွင့်အရေးအား စောင့်ဆိုင်းကာ ပြင်းပြင်းထန်ထန် ပြန်လည် လက်တုံ့ပြန်နိုင်ခဲ့၏။

ယခုအချိန်တွင်လည်း သူမသည် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် အခြားဂိုဏ်းသား တစ်ယောက်အတွက် သူမကိုယ်သူမ အနစ်နာခံနိုင်ခဲ့သည်။ ရှောင်ယန်နှင့် ကျန်သောသူများသည် လီရှင်းဖေး၏ စွမ်းဆောင်ချက်များကို အသိအမှတ် ပြုခဲ့ကြသည်။

ဝမ်လင်းသည် မတ်တတ်ထရပ်လိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ကျွန်တော်က သူမကို သွားကြည့်လိုက်ဦးမယ်။ သူမရဲ့ ဒဏ်ရာတွေက ချက်ချင်းကုသပေးမှ ရမယ်"

ဓမ္မခန်းမမှ အကာအကွယ် စနစ်သည် တစ်ယောက်၏ အသက်ကိုသာ အကာအကွယ် ပေးသည်။ မသေနိုင်သော ဒဏ်ရာများကိုမူ မကုသပေးချေ။

လင်းဖုန်းက ပြုံးလိုက်ကာ သူ၏နေရာတွင်သာ ငြိမ်သက်စွာ ထိုင်နေခဲ့၍ အလင်းတန်း ပုံရိပ်များ အတွင်းမှ ပုံရိပ်များကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

ရွှေရောင်လက်စွပ် တိုက်ပွဲမှာလည်း တဖြည်းဖြည်းနှင့် အဆုံးသတ်ပိုင်းသို့ ရောက်လာခဲ့သည်။ ပထမအဆင့်မှ ထိပ်ဆုံးအုပ်စု ၈စုစလုံးတို့သည် ကမ္ဘာငယ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ချုံးချိတို့၏ နေ့ရက်များမှ မလှပတော့ချေ။

ချုံးချိအုပ်စုတို့သည် တစ်ခါတည်း အသတ်ခံရလျှင် ခံရ၊ မခံရလျှင် သူတို့၏ ရွှေလက်စွပ်များကို ရယူပြီးနောက် အသတ်ခံခဲ့ရသည်။ ကမ္ဘာငယ် အတွင်းမှ ချုံးချိတို့၏ အရေအတွက်သည် လျှင်မြန်စွာနှင့် ကျဆင်းလာခဲ့ကာ ရွှေလက်စွပ် များစွာတို့သည် ချစ်ကြည်ရေး ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နေကြသော ကျင့်ကြံသူများထံသို့ ရောက်သွားကြ၏။

ကျင့်ကြံသူများ အချင်းချင်း အတွင်းတွင်လည်း လုံးထွေးသတ်ပုတ်မှုများ ဖြစ်လာကြ၏။ ခြုံ၍ကြည့်ရလျှင် အားလုံးတို့သည် သူတို့၏ ကိုယ်ပိုင်စွမ်းအင်များအပေါ်တွင်သာ မှီခို၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ တစ်ယောက်ကမှ ယန်လီခွန်းကဲ့သို့ ချုံးချိများနှင့် ပူးပေါင်း၍ လူသားကျင့်ကြံသူများအား တိုက်ခိုက်ခဲ့ခြင်း မရှိကြချေ။

အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် ဤချစ်ကြည်ရေး ပြိုင်ပွဲကို ဆက်လက်ကြည့်ရှုနေကြရင်း ပြဿနာတစ်ခုကို ဖြည်းဖြည်းချင်း သတိပြုမိခဲ့ကြသည်။ ဤကမ္ဘာငယ် အတွင်းတွင် ချုံးချိပေါင်း တစ်ရာကျော် ရှိသဖြင့် ရွှေလက်စွပ်များကလည်း အကွင်းပေါင်း တစ်ရာကျော် ရှိပေမည်။ ထိပ်ဆုံးရှစ်ယောက်တို့ကသာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သဖြင့် သူတို့သည် ရွှေလက်စွပ်ပေါင်း အကွင်းရှစ်ဆယ် လိုအပ်မည် ဖြစ်၏။

သို့သော်လည်း အကယ်၍ ချုံးချိတစ်ကောင်က အသတ်ခံခဲ့ရပါက သူသည် သူ၏ ရွှေလက်စွပ်နှင့် အတူ ကမ္ဘာငယ်အပြင်သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲဝင်များ ရယူနိုင်သော ရွှေလက်စွပ် အရေအတွက်မှာလည်း လျော့နည်းသွားခဲ့သည်။ လီရှင်းဖေး တစ်ယောက်တည်းကပင် ရွှေလက်စွပ် ငါးကွင်းကို အလဟဿ ဖြစ်စေခဲ့၏။

အကယ်၍ ပြိုင်ပွဲဝင်များသည် ချုံးချိများကို အရှင်မဖမ်းဆီးပဲ သူတို့အား ချက်ချင်း သတ်ဖြတ်ခဲ့ပါက ချုံးချိ၏ ရွှေလက်စွပ်သည် ပျောက်ကွယ်သွားမည် ဖြစ်သည်။ အခြားတစ်ဘက်တွင်မူ ကျင့်ကြံသူများက အသတ်ဖြတ် ခံခဲ့ရပါက သူတို့၏ ရွှေလက်စွပ်များသည် နေရာတွင်သာ ကျန်နေခဲ့မည် ဖြစ်သည်။ ထိုအချက်ကို သဘောပေါက်မိသောအခါ ပြိုင်ပွဲဝင်များသည် ကျင့်ကြံသူ အချင်းချင်းကိုသာ ပစ်မှတ်ထားလာကြ၏။

သူတို့၏ ခေါင်းအပေါ်မှ ရွှေရောင်နံပါတ်များသည် ဆိုင်းဘုတ်ထောင်၍ ကြေညာထားသကဲ့သို့ ဖြစ်နေခဲ့သည်။ နံပါတ်က ကြီးမားလေလေ သူတို့သည် လောဘကြီးသော ပြိုင်ပွဲဝင်များ၏ ပစ်မှတ်ထားခြင်းကို ခံရလေလေ ဖြစ်၏။

ချူးယန်သည် တောင်ကုန်းပေါ်တွင် ရပ်နေခဲ့ကာ သူ၏ခေါင်းပေါ်မှ '၁'ဟူသော ဂဏန်းကို ကြည့်လိုက်သည်။ ခေတ္တမျှ စဥ်းစားလိုက်ကာ သူသည် သိုလှောင်အိတ်ငယ် တစ်ခုအား ထုတ်လိုက်၏။ ထိုသိုလှောင်အိတ်သည် စိတ်ဝိညာဥ် အိုင်တမ်များ၏ အော်ရာကို အပြင်မထွက်နိုင်စေရန် အထူးစီမံထားခြင်း ဖြစ်သည်။

သူသည် စိတ်ဝိညာဥ် ဆေးပင်များကို သိမ်းဆည်းရန် အထူးသင့်တော်ပြီး ယခုအချိန်တွင် ချူးယန်က သူ၏ ရွှေရောင်လက်စွပ်များကို သူ့အတွင်းတွင် ထည့်ထားခဲ့သော အခါတွင်လည်း တူညီသော အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်ခဲ့သည်။

ဤရွှေလက်စွပ်များက ထုတ်လွှတ်နေသော အော်ရာသည် အတော်ကို အားနည်း၍ ဓမ္မခန်းမ၏ မှော်စွမ်းအင်များနှင့်သာ အာရုံခံ၍ရသည်။ အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများသည် သူတို့အား အာရုံခံနိုင်ရန် အတော်ကို ခက်ခဲနေ၏။

ယခုအချိန်တွင် ဤကဲ့သို့သော သိုလှောင်အိတ်ဖြင့် ထပ်မံသိမ်းဆည်းခဲ့သဖြင့် ထိုလက်စွပ်များမှနေ၍ မည်သည့် စိတ်ဝိညာဥ် စွမ်းအင်များကိုမှ ထုတ်လွှတ်နေခြင်း မရှိတော့ပေ။ သို့သော်လည်း ချူးယန်၏ ခေါင်းပေါ်မှ ရွှေရောင်နံပါတ်က ပျောက်ကွယ်သွားခြင်း မရှိသေးချေ။

ချူးယန်သည် သူ၏ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တောင်ကုန်းများ အပေါ်မှ ထူးခြားသော ကျောက်တုံးများက ထိုးထွက်လျှက် ရှိကြသည်။ သူတို့၏ ပုံစံမှာ လူတစ်ယောက်၏ လက်ဝါးတစ်ခုနှင့် တူနေ၏။ ထိုကဲ့သို့ သိသာထင်ရှားနေသော အသွင်အပြင်သည် မှတ်မိရန် အထူးလွယ်ကူသည်။ သူ၏ ပတ်ပတ်လည်ကို သေချာ အကဲခတ်လိုက်အပြီးမှ ချူးယန်သည် သူ၏ သိုလှောင်အိတ်ကို ကျောက်တုံးတစ်တုံး၏အောက်တွင် ဝှက်လိုက်သည်။

ရွှေရောင်လက်စွပ်အား ချူးယန်၏ ခန္ဓာကိုယ် အတွင်းမှ ထုတ်လိုက်သည် တပြိုင်နက် သူ၏ ခေါင်းပေါ်မှ ရွှေရောင်နံပါတ်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ သူသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကာ တောင်ကုန်းပေါ်မှ ခုန်ဆင်းသွားလိုက်သည်။

သူသည် တောင်တန်းများ၊ မြစ်ချောင်းများကို ဖြတ်ကျော်လာခဲ့ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိလိုက်သည်။ သို့သော်လည်း သူသည် မရပ်တန့်ခဲ့ပဲ ရှေ့သို့သာ ဆက်သွားခဲ့၏။

သူသည် တစ်စုံတစ်ယောက်က ချောင်းမြောင်းလုပ်ကြံရန် ပုန်းအောင်းနေသည်ကို သတိထားမိခဲ့သော်လည်း မူမမှန်သော အမူအရာမျိုးကို မပြသခဲ့ပေ။ ထိုသူသည် ခုန်အုပ်ရန် စောင့်မျှော်နေခဲ့သော်လည်း ချူးယန်အား ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။

သူ၏ ခေါင်းပေါ်တွင် ရွှေရောင်နံပါတ် မရှိခြင်းသည် သူ့တွင် ရွှေလက်စွပ်များ တစ်ကွင်းမှမရှိဟု ဆိုလိုနေခြင်း ဖြစ်သည်။ ဤပြိုင်ပွဲအတွင်းမှ သူများအနက် သူ့ရန်သူများကလည်း တစ်ယောက်မှ မပါသဖြင့် ပုန်းအောင်းနေသောသူသည် သူ၏ စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းနေခဲ့မှုကို သူ့အပေါ်တွင် အလဟဿ အဖြစ်မခံခဲ့ပေ။

ချူးယန်သည် အရှေ့သို့ ဘာအနှောင့်အယှက်မှ မရှိပဲ ဆက်လက်သွားရောက်နိုင်ခဲ့သည်။ ဘေးမှ ချောင်းမြောင်းနေသူသည် တစ်စက်မှ မလှုပ်ရှားခဲ့ပဲ ချူးယန်အား လုံးဝ လျစ်လျူရှုထားခဲ့၏။

သို့သော်လည်း ချူးယန်ကလည်း လူညံ့တစ်ယောက် မဟုတ်ချေ။ ခရီးအနည်းငယ် ဆက်သွားပြီးသော အခါ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူ၏ ကိုယ်တွင်းမှ ပုံရိပ်တစ်ခု လက်ကနဲ ဖြစ်သွားခဲ့ကာ မှေးမှိန်သော အလင်းတန်းတစ်ခု ထွက်လာခဲ့သည်။ ထိုအလင်းတန်းသည် ချူးယန်၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားခဲ့ကာ သူ၏ အော်ရာသည် ပြောင်းလဲသွားခဲ့၏။ ခဏအကြာတွင် သူ့အား မမြင်တွေ့ရတော့ချေ။

ချူးယန်သည် အမှန်တကယ် ပျောက်ကွယ်သွားခြင်း မဟုတ်သလို တစ်နေရာတွင် ဝပ်တွားပုန်းအောင်း နေခြင်းလည်း မဟုတ်ခဲ့ပေ။ သူသည် သူ၏ မူလနေရာတွင်သာ အေးအေးဆေးဆေး ရပ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနေရာတွင် မည်သူကမှ ရပ်နေခြင်း မရှိသကဲ့သို့ ကျန်သောသူများက မြင်ရလိမ့်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော ချူးယန်သည် ပြင်ပကမ္ဘာမှ လေဟာနယ်နှင့် အဆက်အကြားမရှိ တစ်သားတည်း ဖြစ်သွားသောကြောင့် ဖြစ်သည်။ အခြားသူများသည် သူ့ဘက်သို့ ကြည့်လိုက်လျှင် သူသည် နောက်ခံရှုခင်းနှင့် ရောနေခဲ့မည် ဖြစ်၏။ ပတ်ဝန်းကျင်နှင့် တစ်ခုတည်း ဖြစ်သွားခဲ့ကာ ပျောက်သွားသယောင် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော မှော်ကျိန်စာမျိုးသည် ကျင့်ကြံမှု အဆင့်မြင့်သောသူများကို လှည့်စားနိုင်မည် မဟုတ်ပေ။ သို့သော်လည်း အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများက သူ့အား တွေ့နိုင်ကြမည် မဟုတ်ပဲ ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ အချို့ပင် မြင်နိုင်ကြမည် မဟုတ်ချေ။ ချူးယန်သည် ဓမ္မခန်းမ၏ မှော်စွမ်းအင် အကန့်အသတ်အောက်တွင် မရှိခဲ့လျှင် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ အားလုံးတို့ပင် သူ့အား သတိပြုနိုင်မည် မဟုတ်ပေ။

ချူးယန်သည် အေးအေးဆေးဆေးပင် ချောင်းမြောင်းစောင့်ဆိုင်းနေသူ ရှိရာသို့ ပြန်သွားခဲ့ကာ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

သိပ်မကြာမီပင် ထိုသူ၏ ပစ်မှတ်များသည် အရှေ့တွင် ပေါ်လာခဲ့၏။ လူငယ်တစ်ယောက်နှင့် ကောင်မလေး တစ်ယောက်တို့၏ နဂါးပုံရိပ်များ ဖြစ်သည်။ သူတို့သည် မဟာချင် အင်ပါယာမှ ရှီဆောင်ချန်းနှင့် ရှီကျင်းယွင်တို့ ဖြစ်ကြ၏။ သူတို့၏ ခေါင်းပေါ်မှ ရွှေရောင် နံပါတ်များသည် '၄'နှင့် '၅'ဟူ၍ အသီးသီး ဖော်ပြနေခဲ့ကာ သူတို့၏ လက်အတွင်းတွင် ရွှေလက်စွပ် မည်မျှရှိသည်ကို ဖော်ပြနေခဲ့သည်။

သို့သော်လည်း သူတို့က ဤနေရာသို့ ရောက်လာခဲ့သည်နှင့် တပြိုင်နက် အလင်းတန်းများ တစ်တန်းပြီး တစ်တန်းတို့သည် လေပေါ်သို့ ထိုးတက်သွားကြကာ ဧရာမ မှော်ကျိန်စာ ဝင်္ကပါတစ်ခု အဖြစ်သို့ ပြောင်းသွားခဲ့ပြီး သူတို့အား ပိတ်နှောင်ထားလိုက်သည်။

ဤဝင်္ကပါအတွင်းတွင် အဖြူရောင် တိမ်တိုက်ပုံစံကို ရေးထိုးထားသည့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ထွက်လာခဲ့၏။ သူသည် ကျော့ရှင်းသေသပ်ကာ ချောမောသော ရုပ်ရည်ရှိသည်။ ယောကျ်ားလေးပင် ဖြစ်သော်လည်း သူ၏ မျက်တောင်များသည် ဖီးနစ်ကဲ့သို့ အပေါ်သို့ ကော့တက်နေခဲ့သည်။

သူ့အား တွေ့လိုက်ရသောအခါ ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့သည် မျက်မှောင်များကို ကြုတ်လိုက်ကြသည်။ သူသည် ချန်းရှင်းယုကဲ့သို့ပင် ဟင်းလင်းပြင် ဘုရားကျောင်းမှ ပါလာသော ကျင့်ကြံတစ်ယောက်ဖြစ်မှန်း မှတ်မိလိုက်ကြ၏။ သူ၏နာမည်မှာ ဖန်းရွှယ်ဖုန်း ဖြစ်၍ ရှုယွင်စန်းနှင့် ယင်းလော်ရှတို့နှင့်အတူ ကမ္ဘာငယ်အတွင်းသို့ ပထမဆုံး ဝင်နိုင်ခဲ့သော အုပ်စုမှ ဖြစ်သည်။

သူ၏ ခေါင်းပေါ်မှ နံပါတ်သည် '၇'ဖြစ်၍ ဒုတိယအဆင့်မှ ထိပ်ဆုံးတွင် ဦးဆောင်နေနိုင်သူ တစ်ယောက် ဖြစ်ပြီး သူ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်ကို ဖော်ပြနေခဲ့သည်။

ဤအချိန်တွင် သူသည် အလံဝင်္ကပါ တစ်ခု၏ အလယ်တွင် ရှိနေခဲ့ပြီး ရောင်စုံအလံ ခုနှစ်ခုတို့သည် လေအတွင်းတွင် တဖျပ်ဖျပ်နှင့် လွှင့်နေခဲ့ကာ ဤမှော်ကျိန်စာကို ထောက်ပံ့နေခဲ့၏။

ဤချစ်ကြည်ရေး ပြိုင်ပွဲတွင် မှော်အိုင်တမ်များ အသုံးပြုခြင်းကို ကန့်သတ်ထားကာ ပြိုင်ပွဲဝင်များ၏ ကိုယ်ပိုင် နည်းစနစ်နှင့် မှော်ကျိန်စာများကိုသာ အသုံးပြုနိုင်သည်။ ခြွင်းချက်များမှာ ဓားကျင့်ကြံသူများနှင့် မှော်ကျိန်စာဝင်္ကပါ ကျင့်ကြံသူများ ဖြစ်ကြသည်။

ဓားကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံမှုများကို သူတို့၏ ဓားအပေါ်တွင် မြှုပ်နှံထားကြခြင်း ဖြစ်သဖြင့် သူတို့၏ ဓားများကို ပိတ်ပင်၍ မဖြစ်ပေ။ ထို့အတူပင် မှော်ကျိန်စာဝင်္ကပါ ကျင့်ကြံသူများသည် သူတို့၏ မှော်အိုင်တမ်များ အပေါ်၌သာ မှီခိုနေရခြင်း ဖြစ်၏။ ထို့ကြောင်ပင် ဤချစ်ကြည်ရေး ပြိုင်ပွဲတွင် ခြွင်းချက်ပေးထားရခြင်း ဖြစ်သည်။

သို့သော်လည်း တရားမျှတမှုရှိစေရန် ဤကျင့်ကြံသူ နှစ်မျိုးတို့နှင့် ရင်ဆိုင်ရသော အခြား ကျင့်ကြံသူများကိုလည်း သူတို့၏ ကိုယ်ပိုင် မှော်အိုင်တမ်များကို အသုံးပြုခွင့် ပေးမည် ဖြစ်သည်။ သို့သော်လည်း ထိုမှော်အိုင်တမ်များ၏ အဆင့်သည် အခြေခံအုတ်မြစ် အဆင့်တွင်သာ ရှိရမည် ဖြစ်ပြီး ရွှေရောင်ဗဟိုချက် အဆင့်သို့ ရောက်၍မရချေ။

ဖန်းရွှယ်ဖုန်းသည် သူ၏ မှော်ကျိန်စာ ဝင်္ကပါအား ထုတ်လွှတ်လိုက်သည်။ သက်တံရောင် မြူခိုးတိမ်တိုက်များက ကျဆင်းလာခဲ့ကာ ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့အား အတွင်းတွင် ပိတ်နှောင်ထားခဲ့၏။

သူတို့သည် အလစ်ချောင်းမြောင်းခံခဲ့ရကာ သူတို့၏ ပြိုင်ဘက်က မှော်ကျိန်စာ ဝင်္ကပါကို အသုံးပြု၍ အိမ်ကွင်းအားသာချက်ကို ရယူခဲ့သော်လည်း ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့သည် မဟာချင် အင်ပါယာမှ ကြိုးစားပမ်းစား ပြုစုပျိုးထောင်ထားခဲ့သော ပါရမီရှင်များ ဖြစ်ကြကာ ထူးချွန်ထက်မြက်သူများ ဖြစ်ကြ၏။

ရှီဆောင်ချန်းသည် သူ၏ လက်အစုံကို ပူးကပ်လိုက်ကာ မှော်ကျိန်စာ တစ်ခုအား ဆင့်ခေါ်လိုက်သည်။ အလင်းတန်း နဂါးပုံရိပ်နှစ်ခု တစ်ခုက အနီ၊ တစ်ခုက အဝါတို့သည် သူ့အား ဝန်းရံလိုက်ကြသည်။ သူတို့သည် ကြက်သွေးရောင်နှင့် အဝါရောင် တော်ဝင်နဂါး ကျမ်းစာတို့ ဖြစ်ကြ၏။

ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးထက် စာလျှင် ရှီဆောင်ချန်း၏ စွမ်းအားများသည် အတော့်ကို တိုးတက်လာခဲ့ပြီးကာ ရွှေရောင်ဗဟိုချက်ကို ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ လက်အစုံကို စုစည်းလိုက်ရာ နောက်ထပ် အစိမ်းရောင် နဂါးတစ်ကောင် ထွက်လာခဲ့သည်။ ဒါသည် အစိမ်းရောင် တော်ဝင်နဂါး ကျမ်းစာမှ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

"ဒီလောက်အထိမလိုပါဘူး၊ ဝမ်းကွဲအစ်ကို။ အစ်ကိုက ဒဏ်ရာရနေတော့ ကြက်သွေးရောင်နဲ့ အဝါရောင် နဂါးတွေကို ဆင့်ခေါ်လိုက်ရင် ရလောက်ပါပြီ" ရှီကျင်းယွမ်က ပြောလိုက်ရာ သူမ၏ ပတ်ဝန်းကျင်တွင် အစိမ်းရောင်၊ အနက်ရောင်နှင့် အဖြူရောင် အလင်းတန်း နဂါးသုံးကောင် ပေါ်လာခဲ့၏။

မှောင်မိုက်သော ထောင့်တစ်နေရာတွင် ပုန်းနေခဲ့ရင်း ချူးယန်၏ မျက်လုံးများသည် ရေးရေးလေး လင်းလက်လာခဲ့သည်။ "သေချာပြန်စဥ်းစားလိုက်ရင် သူမရဲ့ တကယ့် ကျင့်ကြံမှုအဆင့်က အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်မှာသာ ရှိသေးတယ်။ သူမက ဘယ်လိုလုပ်ပြီး တော်ဝင်နဂါး ငါးကောင်တို့၏ လျှို့ဝှက်ကျမ်းစာအထဲက နဂါးသုံးကောင်ကို လေ့ကျင့်နေနိုင်ရတာလဲ"


စာစဥ် ၃၆ : အပိုင်း ၁၃

အပိုင်း ၆၈၃ : ဓားခုတ်ကောင်က ပုစဥ်းရင်ကွဲအား ဖမ်းနေချိန်တွင် မြေလူးငှက်က အနောက်တွင် စောင့်နေသည်

လွန်ခဲ့သောနှစ်များက ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးတွင် ရှီဆောင်ချန်းသည် မဟာချင် အင်ပါယာမှ တော်ဝင်နဂါး ငါးကောင်တို့၏ လျှို့ဝှက်ကျမ်းစာ အနက်မှ ကြက်သွေးရောင်နှင့် အဝါရောင် နဂါးတို့အား အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်ဖြင့်သာ ကျင့်ကြံနိုင်ခဲ့၍ ပြောင်မြောက်သော အရည်အချင်းကို ပြသနိုင်ခဲ့သည်။

ပြီးတာနှင့် ရှီရှင်းယွမ်သည် အလင်းတန်း နဂါးငါးကောင်စလုံးတို့အား ဆင့်ခေါ်နိုင်ခဲ့၍ အားလုံးတို့အား အံ့ဩမှင်သက်စေခဲ့၏။

ယခုအချိန်တွင် ရှီကျင်းယွမ်ကလည်း သူမ၏ အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်မှ ကျင့်ကြံမှုဖြင့် အစိမ်းရောင်၊ အနက်ရောင်နှင့် အဖြူရောင် နဂါးတို့ကို ဖော်ထုတ်နိုင်ခဲ့၍ ရှီဆောင်ချန်း၏ ယခင်စွမ်းဆောင်မှုထက်ပင် သာလွန်နိုင်ခဲ့သည်။ လူအများတို့သည် သူမ၏ အတွင်းတွင် ရှီရှင်းယွင် အငယ်စား၏ ပုံရိပ်ကို ရေးရေးလေး တွေ့နိုင်ပေသည်။

မဟာကောင်းကင် ခန်းမဆောင် အတွင်းတွင် အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများ အားလုံးတို့သည် ထိုမြင်ကွင်းအား စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြ၏။ ချင်ဧကရာဇ် ရှီယုနှင့် နီးစပ်စွာ သိကျွမ်းကြသူများသည် သူ့အနားသို့လာ၍ ဂုဏ်ပြုနေကြသည်။

ရှောင်ယန်သည် သူ၏ခေါင်းကိုစောင်းလိုက်၍ မှော်စွမ်းအင်ဖြင့် သူ၏ ဂျူနီယာများကို ပြောလိုက်သည်။ "ရှီယုမွေးထားတဲ့ သမီးတွေက လက်စွမ်းထက်သလောက် သူ့သားက သာမန်သာသာပါပဲ။ ပိုဆိုးတာက သူက မိသားစုထဲက သိုးမည်းတစ်ကောင် ဖြစ်နေတယ်"

သူ၏ ဂျူနီယာများက ပြုံးစိစိဖြစ်သွားကြကာ ဇူရီက ရှောင်ယန်အား ခပ်ပြုံးပြုံးဖြင့် လက်ညှိုးထိုးလိုက်ကာ ပြောလိုက်သည်။ "အစ်ကိုကြီး၊ အစ်ကိုကြီး ပါးစပ်က နည်းနည်း မပုပ်နေဘူးလား"

ရှောင်ယန်က ရယ်ရမ်းသွေးလိုက်၏။ "ဒါက အမှန်တွေပဲ။ ငါက ဘယ်သူ့ကိုမှ အတင်းတုတ်နေတာ မဟုတ်ဘူး"

ကမ္ဘာငယ် အတွင်းတွင် ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့သည် သူတို့၏ မှော်စွမ်းအင်များကို အတူတကွ စုစည်းလိုက်ကာ အဖြူရောင်၊ အစိမ်းရောင်၊ အနက်ရောင်၊ အဝါရောင်နှင့် ကြက်သွေးရောင် အလင်းတန်း နဂါးငါးကောင်တို့သည် ရောင်စုံအလင်းတန်း စက်ဝိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုရောင်စဥ်ငါးသွယ်တို့သည် တဖြည်းဖြည်း ကြီးမားလာကြကာ ကြီးမားသော စွမ်းအင်များကို စုဆောင်းနေကြ၏။

ထိုမှော်ကျိန်စာ ပေါင်းစည်းမှုသည် ကြည့်နေကြသော ပရိသတ်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့၏။ အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများပင် စိတ်ဝင်တစားနှင့် ကြည့်နေကြသည်။ ဤမှော်ကျိန်စာသည် မဟာချင် အင်ပါယာမှ ယခင်က မဖော်ပြခဲ့ဖူးပေ။ ဤနှစ်ပိုင်း အတွင်းမှသာ တီထွင်ထားခြင်း ဖြစ်သည်မှာ သေချာနေ၏။ ယခုမှ ပွဲဦးထွက် ထုတ်ဖော်ပြသခြင်း ဖြစ်၍ အာရုံစူးစိုက်မှုများကို ခံထိုက်ပေသည်။

ရွှင်ပျော်ပျော် သူတော်စင်က ပြုံးလိုက်ကာ ပြောလိုက်သည်။ "ဒါက အရောင်တင်ရမယ့် နေရာတွေ အများကြီး ရှိသေးတယ်။ လိုအပ်တဲ့ နေရာတွေကို အားမနာတမ်း ထောက်ပြနိုင်ပါတယ်"

သူပြောသည့်အတိုင်းပင် ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့က၏ ပူးပေါင်းထားသော အလင်းတန်းနဂါး ငါးကောင် ပြောင်းလဲခြင်း မှော်ကျိန်စာသည် ရှီရှင်းယွမ် တစ်ယောက်တည်းက စွမ်းဆောင်ခဲ့သည်နှင့် များစွာကွာခြားနေသေးသော်လည်း ဤမှော်ကျိန်စာ အသစ်သည်လည်း အမှန်ကို ထူးချွန်ပြောင်မြောက်လှသည်။

မဟာကျိုး အင်ပါယာ၏ အိမ်ရှေ့မင်းသား လျှမ်ယွမ်နှင့် ကျင်းဟွမ်အမတ် တို့သည် ဓမ္မခန်းမအတွင်းမှ  အခန်းအတွင်းတွင် ငြိမ်သက်စွာ ထိုင်နေကြသည်။ ဤမြင်ကွင်းကို မြင်ရသောအခါ သူတို့သည် မတ်မတ်ထိုင်လိုက်ကာ တပြိုင်နက်တည်း တွေးလိုက်ကြ၏။ "မဟာချင် အင်ပါယာက သူတို့ရဲ့ တော်ဝင်နဂါး ငါးကောင်တို့၏ လျှို့ဝှက်ကျမ်းစာကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး သူတို့လိုချင်တဲ့ အကျိုးသက်ရောက်မှုကို ရသွားခဲ့ပြီ"

ထိုအလင်းတန်း စက်ဝိုင်းသည် ဆက်လက်ကျယ်ပြန့်လာခဲ့ကာ ဖန်းရွှယ်ဖုန်း၏ မှော်ကျိန်စာ ဝင်္ကပါအား ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

ဤမှော်ကျိန်စာ ဝင်္ကပါသည် အကန့်အသတ် များစွာရှိသော်လည်း ပြီးမြောက်သွား၍ အသက်ဝင်လာခဲ့လျှင် သူ၏စွမ်းအားများမှာ ကျင့်ကြံမှု တူသောအဆင့်မှ အခြားနည်းစနစ် များစွာတို့ထက် များစွာသာလွန်ပေသည်။

နှစ်ယောက်တစ်ယောက် ယှဥ်ပြိုင်နေခဲ့ရသော်လည်း ဖန်းရွှယ်ဖုန်းသည် အောက်စည်းသို့ မရောက်နေခဲ့ပေ။

မဟာကောင်းကင် ခန်းမဆောင် အတွင်းတွင် ယွဲ့ဟုန်ယန်က လီယွမ်ဖန်းထံသို့ လှည့်၍မေးလိုက်သည်။ "နံပါတ်ခြောက် ဂျူနီယာ၊ ဟင်းလင်းပြင် ဘုရားကျောင်းမှာ ရောင်စဥ်ခုနှစ်သွယ် အကာအကွယ်ဝင်္ကပါဆိုတဲ့ ထိပ်တန်း မှော်ကျိန်စာ ဝင်္ကပါတစ်ခု ရှိတယ်ဆိုတာ ဟုတ်လား"

"ရှိတယ်" လီယွမ်ဖန်းက ခေါင်းညိတ်လိုက်၏။ "ဒါက အန္တိမ ယင်ယန် ဟင်းလင်းပြင် ဝင်္ကပါ အပြီးမှာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ဒုတိယ အစွမ်းအထက်ဆုံး မှော်ကျိန်စာ ဝင်္ကပါဖြစ်တယ်။ သူက ဒီကနေ့အထိတိုက်အောင် နတ်ဘုရား နယ်မြေမှာ ကျော်ကြားနေတုံးပဲ"

"တချို့ မဟာ တောင်အကာအကွယ် ဝင်္ကပါအချို့ကလွဲရင် ရောင်စဥ်ခုနှစ်သွယ် အကာအကွယ် ဝင်္ကပါဟာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ စူတောင်ရဲ့ တောင်ခြောက်လုံး နတ်ဓားဝင်္ကပါကိုတောင် ယှဥ်ပြိုင်နိုင်တယ်"

ပြီးတာနှင့် လီယွမ်ဖန်းက သူ၏လေသံကို ပြောင်းလိုက်သည်။ "ဒါပေမဲ့ သူအခု ထုတ်လွှတ်လိုက်တဲ့ ဝင်္ကပါက ရောင်စဥ်ခုနှစ်သွယ် အကာအကွယ် ဝင်္ကပါအပြည့်အစုံ မဟုတ်ဘူး။ ဝင်္ကပါ ရတနာတွေက စံနှုန်းမမီတဲ့အပြင် မှော်ကျိန်စာ ဝင်္ကပါကိုယ်တိုင်ကလည်း မူရင်းကို ရိုးစင်းအောင် ပြုပြင်ထားတာ။ သူက အစစ်အမှန် ရောင်စဥ်ခုနှစ်သွယ် အကာအကွယ် ဝင်္ကပါရဲ့ ခြေဖျားကိုတောင် မမီဘူး"

"ဝင်္ကပါကို ထိန်းချုပ်မှုကလည်း နှေးကွေးပြီး ကမောက်ကမနိုင်တယ်။ ဝင်္ကပါကို နေရာအတော်များများမှာ နားလည်ဖို့ လိုသေးတယ်။ အဆိုးဆုံးက ဝင်္ကပါပုံစံ နှစ်ခုက လုံးဝမှားယွင်းနေတာပဲ။ ကျွန်တော်က ဒီမှော်ကျိန်စာ ဝင်္ကပါကို စတွေ့တုံးက သိပ်ပြီး မသေချာသေးဘူး။ ဒါပေမဲ့ အခုသေချာ ပြန်ကြည့်လိုက်မှ ကျွန်တော်ထင်တာတွေ မှန်နေတာကို သိလိုက်တယ်။ အရှေ့တောင်ဘက်က ဝင်္ကပါပုံစံ နှစ်ခုက ပြောင်းပြန်ဖြစ်နေတယ်"

ရှောင်ယန်က ယွဲ့ဟုန်ယန်အား ကြည့်လိုက်ကာ ပြုံးလိုက်သည်။ "နင်က သူ့ကို မှော်စွမ်းအင်နဲ့ပဲ အသံလွှင့်ပြီး မေးလိုက်လို့ တော်သေးတယ်"

ယွဲ့ဟုန်ယန်သည် သူ့အား အစကတည်းက မှော်စွမ်းအင်ဖြင့်သာ အသုံးပြု၍ ဆက်သွယ်သောကြောင့် လီယွမ်ဖန်းကလည်း ထို့နည်းတူစွာ ပြန်ဖြေကြားခဲ့၍ ဤစကားဝိုင်းအား အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့် အချင်းချင်းသာ ကြားနိုင်ခဲ့သည်။

ဇူရီက ပြုံးလိုက်၏။ "သူက နည်းလမ်းကျကျနဲ့ သူတို့ရဲ့ အပြစ်တွေကို ထောက်ပြတာပဲ။ နံပါတ်ခြောက် ဂျူနီယာက ဘာအမှားမှ မလုပ်ခဲ့ပါဘူး"

သူ၏အကြည့်သည် အလင်းတန်း ပုံရိပ်အတွင်းမှ ချူးယန်အပေါ်သို့ ကျရောက်သွားခဲ့သည်။ "ငါကတော့ ဒီထာဝရ တောင်တန်းဂိုဏ်းက လူအပေါ်မှာ ပိုပြီးတော့ စိတ်ဝင်စားတယ်။ မဟာကမ္ဘာမှာ သုံးနှစ်ပြီးသွားတဲ့ အချိန်မှာ သူက အချိန်ပိုမိုလျှင်မြန်တဲ့ နေရာမှာ ကျင့်ကြံခဲ့တယ်လို့ ပြောနိုင်ပေမဲ့ သူက ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်ဖို့ အချိန်သိပ်မယူခဲ့ဘူး"

"တကယ်လို့သူက စူတောင်ဓားဂိုဏ်းရဲ့ အရင်းအမြစ် ပစ္စည်းတွေကို အသုံးပြုခဲ့လို့ ရှိရင်တော့ သူရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ဒီလိုမျိုး အဖြစ်က သိပ်အံ့ဩစရာ မကောင်ဘူး။ ဒါပေမဲ့ ထာဝရ တောင်တန်းဂိုဏ်းက စူတောင်ဓားဂိုဏ်းကို အာခံပြီး ငါတို့ဘက်ကို ယိမ်းလာကြပြီ။ ငါတို့ဂိုဏ်းကလည်း ဒီလူကို ဘာမှ ထူးထူးခြားခြား ထောက်ပံ့ပေးခဲ့တာမျိုးလည်း မရှိဘူး။ ဒါပေမဲ့ သူက ဒီလောက်အထိ စွမ်းဆောင်နိုင်ခဲ့တာက ထူးခြားတယ်လို့ ပြောရမယ်"

ဇူရီက ဖန်းရွှယ်ဖုန်း၊ ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့၏ နည်းစနစ်များကို ထောင့်တစ်ထောင့်မှနေ၍ အကဲခတ်နေသော ချူးယန်အား စိုက်ကြည့်လိုက်ကာ တိုးတိုးလေး မှတ်ချက်ချလိုက်သည်။ "ငါက သူအသုံးပြုမယ့် နည်းစနစ်နဲ့ မှော်ကျိန်စာတွေကို မသိပေမဲ့ ဒီလူရဲ့ စွမ်းရည်တွေက အတော်လေး ထူးခြားပြီး ထာဝရ တောင်တန်းဂိုဏ်းရဲ့ သမရိုးကျ သင်ကြားမှုတွေနဲ့ မတူနေဘူး"

ရှောင်ယန်က ပြုံးလိုက်သည်။ "သူ့ကိုကြည့်ရတာ ကံအတော်ကောင်းတဲ့သူနဲ့ တူတယ်။ မင်းပြောတာကို ကြားရမှ ငါပြန်စဥ်းစားမိတာ သူ့ကို တိမ်တိုက်ကြေးမုံမြို့မှ စရောက်လာတုံးက တစ်ခေါက် တွေ့လိုက်သေးတယ်။ အဲ့ဒီအချိန်ကတည်းက ငါက ဒီလူဟာ ကျန်တဲ့သူတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေတယ် ဆိုတာကို သတိထားမိနေခဲ့တယ်"

ဇူရီက ခေါင်းညိတ်လိုက်၏။ "သူအခုအချိန်မှာ ဘယ်လို စွမ်းဆောင်မလဲ ဆိုတာကို ကြည့်ကြတာပေါ့"

ယခုအချိန်တွင် ဖန်းရွှယ်ဖုန်းနှင့် ရှီဆောင်ချန်း၊ ရှီကျင်းယွမ်တို့ စုံတွဲက အပြင်းအထန် တိုက်ခိုက်နေကြသဖြင့် ချူးယန်က ဝင်မပါနေသေးချေ။

ပြီးတာနှင့် ရောင်စဥ်ခုနှစ်သွယ် အလင်းတန်း အကာအကွယ် ဝင်္ကပါ၏ အတွင်းတွင် ထက်မြက်လှသော ဓားတစ်ချောင်းနှင့် လူတစ်ယောက် ပေါ်လာခဲ့သည်။ သူ၏ ဓားအော်ရာသည် တိမ်တိုက်များကို ထိုးဖောက်သွားခဲ့ကာ ကောင်းကင်သို့ပင် တက်သွားတော့မည်ဟု ထင်နေရ၏။ သူသည် ပထမအဆင့်တွင် ချန်းရှင်းယုနှင့် တစ်ဖွဲ့တည်း ကျခဲ့သူ ကောင်းကင်မာစတာ ဓားဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်သူ ခန်းဟိုင်ပင် ဖြစ်သည်။

သူ၏ ခေါင်းပေါ်မှနေ၍ ရွှေရောင်နံပါတ် '၃'က လင်းလက်နေခဲ့သည်။ ကြိုတင်မမှန်းဆခဲ့သော ဖြစ်ရပ်များကြောင့် သူတို့အုပ်စုသည် ကြယ်စင်ရတနာ စေတီ၏ အပေါ်သို့ ခန့်မှန်းထားသည်ထက် များစွာပိုနောက်ကျပြီးမှ ရောက်လာခဲ့သည်။

ခန်းဟိုင်သည် ရုတ်တရက်ပင် ဖန်းရွှယ်ဖုန်းနှင့် လက်တွဲလိုက်ကာ ကောင်းကင်မာစတာ ဓားဂိုဏ်းမှ ကောင်းကင်ဓား သယ်ယူပို့ဆောင်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်၍ ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့၏ အနားတွင် အဆက်မပြတ် ပတ်နေခဲ့ကာ သူတို့အား တရစပ် အဆက်မပြတ် ထိုးနှက်နေခဲ့သည်။

သူ၏ ပေါ်ပေါက်လာမှုသည် ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့အား စိတ်ဓာတ်ကျသွားစေခဲ့၏။ ခန်းဟိုင်၏ ကျင့်ကြံမှုမှာ အတော်ကို ကောင်းမွန်၍ အဆိုးဆုံးမှာ သူ၏ ကောင်းကင်ဓား သယ်ယူပို့ဆောင်ခြင်း နည်းစနစ်မှာ အလွန်ကို လျှင်မြန်လှခြင်း ဖြစ်သည်။

ဤချစ်ကြည်ရေး ပြိုင်ပွဲအတွင်းသို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသူများအနက် ခန်းဟိုင်၏ အမြန်နှုန်းသည် အမြင့်ဆုံးများအနက် ပါသည်။ သူ့အမြန်နှုန်းအား ကျော်လွန်ရန် မပြောနှင့် လူအနည်းငယ်ကသာ လိုက်မီနိုင်ကြမည် ဖြစ်သည်။

ခန်းဟိုင်နှင့် ဖန်းရွှယ်ဖုန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့အတွက် ဤသယ်ယူပို့ဆောင်ခြင်း နည်းစနစ်အား ချိုးဖောက်ရန် မတတ်နိုင်ခဲ့ပေ။ သူတို့သည် ဖန်းရွှယ်ဖုန်း၏ ရောင်စဥ်ခုနှစ်သွယ် အကာအကွယ် ဝင်္ကပါအား ဖောက်ထွက်နိုင်ခဲ့လျှင်ပင် ခန်းဟိုင်သည် သူ၏ အမြန်နှုန်း အားသာချက်ဖြင့် သူတို့၏ လွတ်လမ်းကို ပိတ်ဆို့ထားနိုင်ကာ ဖန်းရွှယ်ဖုန်းက သူ၏ ဝင်္ကပါကို ပြန်လည်တည်ဆောက်နိုင်ရန် အချိန်ဆွဲပေးထားနိုင်မည် ဖြစ်၏။

အကယ်၍ သူတို့သည် ဤသယ်ယူပို့ဆောင်ခြင်း နည်းစနစ်ကို မကျော်လွှားနိုင်ခဲ့လျှင် ဤနှစ်ယောက်ကို အနိုင်ယူရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။ ဝင်္ကပါကို တည်ဆောင်ကာ ပထဝီဝင် အနေအထား အားသာချက်ကို ရယူနိုင်ခဲ့သဖြင့် ဖန်းရွှယ်ဖုန်း၏ စွမ်းအားများသည် ပိုမိုတိုးတက်လာကာ သူတို့နှစ်ယောက်၏ ပူးပေါင်းစွမ်းအားများကို ယှဥ်နေနိုင်ပြီ ဖြစ်သည်။

ယခုအချိန်တွင် ခန်းဟိုင်ကပါ ပါဝင်လာပြီ ဖြစ်သဖြင့် စွမ်းအားချိန်ခွင်လျှာက မညီမမျှ ဖြစ်သွားခဲ့သည်။ ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့မှာ ကာကွယ်ရုံသာ ကာကွယ်နိုင်ပြီး ပြန်လည်မတုံ့ပြန်နိုင်ကြတော့ပေ။

ဖန်းရွှယ်ဖုန်းသည် သူကိုယ်သူ ဖော်ပြခဲ့ပြီးချိန်မှစ၍ ပထမဆုံးအကြိမ် စကားပြောလိုက်၏။ "မင်းတို့နှစ်ယောက်စလုံးတို့ရဲ့ ကျင့်ကြံမှု အဆင့်တွေက တကယ့်ကို ထူးချွန်ပြောင်မြောက်လှတယ်။ ငါက ခန်းဟိုင်နဲ့ ပူးပေါင်းလိုက်တာတောင် မင်းတို့ကို လျှင်မြန်စွာနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

"တကယ်လို့ ဒီလိုသာ ဆက်တိုက်ခိုက်နေမယ်ဆိုရင် အချိန်ဖြုန်းရာ ကျနေလိမ့်မယ်။ ထိပ်ဆုံးရှစ်ယောက်ကသာ တတိယအဆင့်ကို တက်နိုင်မှာ ဖြစ်လို့ အဖိုးတန်တဲ့ အချိန်တွေကို ဖြုန်းတီးနေလို့ မဖြစ်ဘူး"

ရှီကျင်းယွမ်က နှာမှုတ်လိုက်၏။ "နင်က ဒီလိုမျိုး ပေါ့ပေါ့တန်တန်ပဲ ပြောရသလား။ နင်က စွမ်းအားကြီးတဲ့ ပြိုင်ဘက်ဖြစ်ပေမဲ့ ငါတို့က ဒီလောက်လေးနဲ့ အရှုံးပေးဖို့ကိုတော့ အိမ်မက်ပဲ မက်နေလိုက်။ ငါတို့က ကိုယ့်လမ်းကိုယ်သွားကြရင် မကောင်းဘူးလား"

ဖန်းရွှယ်ဖုန်း၏ ကျဥ်းမြောင်းသော မျက်လုံးအစုံမှာ မှိတ်သွားခဲ့ကာ တည်ငြိမ်စွာနှင့် ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်စလုံးတို့က ခန်းဟိုင်နဲ့ ငါတို့က မင်းတို့ရဲ့ ရွှေလက်စွပ်တွေအတွက် တိုက်ခိုက်နေတာ ဆိုတာကို သိကြမှာပဲ။ မင်းတို့ရဲ့ ရွှေလက်စွပ်တွေကို ထားပေးခဲ့ရင် ငါတို့က မင်းတို့ကို လွှတ်လိုက်မယ်"

"မင်းတို့က အခြားလက်စွပ်တွေကို ရယူဖို့ အချိန်ရှိသေးတယ်။ ဘယ်သူက သိမှာလဲ၊ မင်းတို့က နောက်ဆုံး ရှစ်ယောက်အတွင်းကို ဝင်ချင်လည်း ဝင်သွားနိုင်သေးတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင်တော့ မင်းတို့က ရှုံးမှာသေချာနေတယ်။ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး"

ဖန်းရွှယ်ဖုန်းသည် သူ့ခြေထောက်အောက်မှ ရောင်စဥ်ခုနှစ်သွယ် အကာအကွယ် ဝင်္ကပါ၏ ဝင်္ကပါပုံစံကို ညွှန်ပြလိုက်ကာ ပြောလိုက်သည်။ "ငါက ဝင်္ကပါရတနာကို ချိုးဖောက်ပြီး ဝင်္ကပါကို မဖျက်ဆီးချင်ဘူး။ ဒီလိုဆိုရင် မင်းတို့ကို လျှင်မြန်စွာ အနိုင်ရမှာ ဖြစ်ပေမဲ့ ငါ့ရဲ့ စွမ်းအားတွေကိုလည်း ထိခိုက်စေမှာ ဖြစ်တယ်"

"ဒီချစ်ကြည်ရေး ပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်က တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံတွေကို ဖလှယ်ဖို့ ဖြစ်တယ်။ ငါတို့က အစွန်းရောက်ပြီး တစ်ယောက်နဲ့တစ်ယောက် အန္တရာယ် ရောက်အောင် လုပ်စရာ မလိုဘူး။ မင်းတို့နှစ်ယောက်က သေချာစဥ်းစားဖို့ မျှော်လင့်ပါတယ်"

သူက ရိုးသားစွာနှင့် ပြောလိုက်ကာ အနုနည်းရော အကြမ်းနည်းပါ အသုံးချ၍ ထိုနှစ်ယောက်၏ တိုက်ခိုက်လိုစိတ်ကို လျှော့နည်းစေပြီး လျှင်မြန်စွာနှင့် အနိုင်ရအောင် ကြိုးစားနေခြင်း ဖြစ်သည်။ ဖန်းရွှယ်ဖုန်းသည် ရွှေလက်စွပ် ခုနှစ်ကွင်းကို ရထားပြီးကာ ရှီကျင်းယွမ်နှင့် ရှီဆောင်ချန်းတို့တွင် ကိုးကွင်းရှိ၏။ သူသည် ဒုတိယအဆင့်ကို ကျော်ဖြတ်ရန်အတွက် သုံးကွင်းသာ လိုတော့သည်။

ရှီကျင်းယွမ်က သူမ၏ မျက်ခုံးများကို ပင့်လိုက်ကာ သူ့အား ရန်တွေ့မည်ကြံလိုက်ချိန်တွင် ရှီဆောင်ချန်းက သူမအား အသံလွှင့်ကာ ပြောလိုက်၏။ "သူတို့ကို ငါတို့ရဲ့ ရွှေလက်စွပ်တွေ ပေးလိုက်ပါ"

"ဟာ" ရှီကျင်းယွမ်သည် ခေတ္တမျှ မှင်သက်သွားခဲ့သော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။ သူတို့သည် စုစုပေါင်း လက်စွပ်ကိုးကွင်းရှိကာ ဖန်းရွှယ်ဖုန်းသည် ဆယ်ခုပြည့်ရန် သုံးခုနေလိုသည်။ သို့သော်လည်း သူသုံးကွင်းယူခဲ့လျှင် ခန်းဟိုင်မှာ ဆယ်ကွင်းပြည့်ရန် လိုနေဦးမည် ဖြစ်သည်။ သူတို့၏ လက်စွပ်များကို ထုတ်ပေးလိုက်လျှင် သူတို့အချင်းချင်း ပဋိပက္ခ ဖြစ်သွားနိုင်၏။

ရွှေလက်စွပ် ဆယ်ကွင်းပြည့်သွားလျှင် သူတို့သည် ကမ္ဘာငယ် အတွင်းမှ ချက်ချင်း ထွက်သွားနိုင်ဦးမည် မဟုတ်သေးပဲ နောက်ထပ် ၁၅မိနစ်ကြာမှ ထွက်သွားနိုင်မည် ဖြစ်သည်။ ဤ၁၅မိနစ် အတွင်းတွင် အရာရာသည် ဖြစ်နိုင်ခြေ ရှိသေးသည်။

ထိုသို့ဆိုလျှင် သူတို့အတွက် နောက်ထပ် အခွင့်အရေးတစ်ခု ရနိုင်သေး၏။

ထို့ကဲ့သို့ တွေးမိသောအခါ ရှီကျင်းယွမ်က မျက်နှာမဲ့လိုက်သည်။  "ဖန်းရွှယ်ဖုန်း၊ နင်နိုင်ပါတယ်" ပြီးတာနှင့် သူမသည် သူမ၏ လက်စွပ်ငါးကွင်းကို ယူလိုက်ကာ ပစ်ပေးလိုက်သည်။ ရှီဆောင်ချန်းကလည်း သူ၏ လက်စွပ်လေးကွင်းကို ထုတ်ပေးလိုက်၏။

ရွှေလက်စွပ် ကိုးကွင်းတို့သည် မှော်ကျိန်စာ ဝင်္ကပါအတွင်းတွင် လက်ကနဲ ဖြစ်သွားကြကာ ပျောက်ကွယ်သွားကြသည်။ ဓားအလင်းတန်း တစ်တန်းသည် ချက်ချင်းပင် လက်ကနဲ ဖြစ်သွားသော်လည်း အနည်းငယ် နောက်ကျသွားခဲ့၏။ ဒါသည် ခန်းဟိုင် ဖြစ်သည်။

ဖန်းရွှယ်ဖုန်းသည် စပ်ဖြီးဖြီး ဖြစ်သွားခဲ့သည်။ သူသည် ခန်းဟိုင်က မည်မျှမြန်ဆန်သည်ကို သိထားသဖြင့် ဤအကြံကို ထုတ်ပြီးကတည်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ မဟုတ်လို့ရှိလျှင် ခန်းဟိုင်က သူ့ထက်အရင် ရွှေလက်စွပ် ဆယ်ကွင်းပြည့်သွားခဲ့ပါက သူသည် ကသိကအောက် ဖြစ်စွာနှင့် ကျန်နေခဲ့မည် ဖြစ်၏။

ဖန်းရွှယ်ဖုန်းသည် သူ၏ လက်ဝါးအား ဖြန့်လိုက်ရာ သူ၏ အပေါ်မှ လေဟာနယ် အတွင်းတွင် လင်းလက်နေသော ရွှေရောင်အလင်းတန်းကိုးခု ပေါ်လာခဲ့သည်။ သူတို့သည် သူ့ဝင်္ကပါကို အသုံးပြု၍ စုစည်းလိုက်သည့် ရွှေလက်စွပ်များပင် ဖြစ်ကြ၏။ ခန်းဟိုင်သည် လျှင်မြန်သည် ဆိုသော်လည်း ရောင်စဥ်ခုနှစ်သွယ် အကာအကွယ် ဝင်္ကပါသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ဖန်းရွှယ်ဖုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "မင်းက ငါ့ကို မယုံလို့များလား။ ငါက လက်စွပ်သုံးကွင်းပဲ လိုတာပါ။ ကျန်တာတွေကို မင်းကိုပေးပါ…" သူ၏ စကားမဆုံးသေးခင် ဖန်းရွှယ်ဖုန်း၏ မျက်နှာသည် တစ္ဆေတစ်ကောင်ကို မြင်ခဲ့ရသကဲ့သို့ ကြောက်မက်ဖွယ်ရာ ဖြူဆုတ်သွားခဲ့၏"

ကောင်းကင်ပေါ်မှ ထူးခြားသော ဓားအလင်းတန်း တစ်ခုသည် ပေါက်ကွဲထွက်လာခဲ့၍ ရွှေလက်စွပ် ကိုးကွင်းစလုံးကို ယူဆောင်သွားခဲ့သည်။ ဝတ်စုံနက်နှင့် လူငယ်တစ်ယောက်က ရုတ်တရက် ပေါ်လာခဲ့၍ လက်စွပ်များကို ယူဆောင်လိုက်အပြီးတွင် အဝေးသို့ ပျံသန်းထွက်ခွာသွားခဲ့ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသော ဖန်းရွှယ်ဖုန်းတို့ အားလုံးအား ချန်ထားခဲ့လိုက်သည်။

သူသည် ချူးယန်ဖြစ်၏။ သူ၏ ထူးခြားသော ဖုံးကွယ်မှု မှော်ကျိန်စာသည် ရောင်စဥ်ခုနှစ်သွယ် အကာအကွယ် ဝင်္ကပါအတွင်းသို့ ချိုးဖောက်ဝင်ရောက်လာခဲ့ရာ ဝင်္ကပါကို ထိန်းချုပ်သူဖြစ်သည့် ဖန်းရွှယ်ဖုန်းသည်ပင်လျှင် သတိမထားမိခဲ့ချေ။

ဖန်းရွှယ်ဖုန်း၊ ခန်းဟိုင်၊ ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့သည် ခေတ္တမျှ မှင်သက်သွားကြအပြီးတွင် သတိပြန်ဝင်လာကြကာ ချူးယန်အနောက်သို့ အလောတကြီးနှင့် လိုက်သွားကြသည်။

ချူးယန်သည် ကျန်သောသူများအား အလွယ်တကူ မျက်ခြေဖြတ်နိုင်သော်လည်း ခန်းဟိုင်၏ အမြန်နှုန်းသည် သူ့ထက်ပို၍ မြင့်မားနေသည်။ မျက်စိတမှိတ် အတွင်းတွင် ခန်းဟိုင်သည် သူ၏ နောက်ကျောသို့ ရောက်လာခဲ့၏။ ချူးယန်သည် တုန်လှုပ်မသွားခဲ့ပဲ ပြုံးလိုက်ကာ ခန်းဟိုင်အား အံ့အားသင့်သွားစေခဲ့သော မေးခွန်းတစ်ခု မေးလိုက်သည်။ "မင်းမှာက အခုလောလောဆယ် လက်စွပ်သုံးကွင်း ရှိနေတယ်မလား"


စာစဥ် ၃၆ : အပိုင်း ၁၄

အပိုင်း ၆၈၄ : ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမှာလဲ

ကောင်းကင်မာစတာ ဓားဂိုဏ်း၏ ကောင်းကင်မာစတာ မဟာဓားလမ်းစဥ်၊ စူတောင်ဓားဂိုဏ်း၏ ရှောင်ဇီဓားနှင့် အလင်းဓားမြန်ဂိုဏ်းမှ တစ်ခဏ ဓားသယ်ယူပို့ဆောင်ခြင်း နည်းစနစ်တို့သည် နတ်ဘုရားနယ်မြေ အတွင်းတွင် အလျှင်မြန်ဆုံး ဓားနည်းစနစ်များ ဖြစ်ကြပြီး လူသားကျင့်ကြံမှု ကမ္ဘာအတွင်းတွင် အသွက်လက်ဆုံး တာအိုနည်းစနစ်များ အတွင်းတွင် အပါအဝင် ဖြစ်ကြသည်။

ခန်းဟိုင်၏ ကောင်းကင်မာစတာ မဟာဓားလမ်းစဥ်သည် အဆုံးတိုင် မလေ့ကျင့်ရသေးသော်လည်း ဤချစ်ကြည်ရေး ပြိုင်ပွဲအတွင်းမှ ပြိုင်ပွဲဝင် အများစုသည် အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများသာ ဖြစ်ကြပြီး ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူတို့၏ ကျင့်ကြံမှုအဆင့်ကို အခြေခံအုတ်မြစ် နောက်ဆုံးအဆင့်တွင်သာ ဖိနှိပ်ခြင်း ခံထားရသဖြင့် ခန်းဟိုင်၏ အမြန်နှုန်းသည် ထိပ်ဆုံးတွင် ရှိနေသည်။

အခြားအရာများကို ထည့်မတွက်လျှင်ပင် ခန်းဟိုင်သည် အမြန်နှုန်း တစ်ခုတည်းနှင့်ပင် ကျန်သောသူများကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ချူးယန်၏ အနောက်သို့ လျှင်မြန်စွာနှင့် လိုက်မီလာခဲ့၏။ သို့သော်လည်း ထိုအချိန်တွင် ချူးယန်၏ မေးခွန်းကြောင့် ခန်းဟိုင်မှာ မှင်သက်သွားခဲ့သည်။

"မင်းက အခုအချိန်မှာ ရွှေလက်စွပ် သုံးကွင်း ရှိနေတယ် မဟုတ်လား" ချူးယန်က ပြုံး၍ မေးလိုက်သည်။ ခန်းဟိုင်က သူ၏မျက်မှောင်များကို ကြုတ်လိုက်ကာ ပြန်ဖြေလိုက်၏။ "ဟုတ်တယ်။ ငါ့မှာက လက်စွပ်သုံးကွင်းပဲ ရှိသေးတော့ လိုအပ်ချက်ကို ပြည့်မှီဖို့ အများကြီး လိုသေးတယ်"

ချူးယန်က ရယ်လိုက်သည်။ "ဒါဆိုရင်တော့ အတော်ပဲ။ ငါကလည်း လက်စွပ် နှစ်ကွင်းပဲ လိုနေတာ။ ကျန်တဲ့ ခုနှစ်ကွင်းကို မင်းကိုပေးလိုက်မယ်။ ဒါဆိုရင် မင်းရဲ့ လိုအပ်ချက်လည်း ပြည့်သွားတာပေါ့"

ချူးယန်က သူ့အား စမေးကတည်းက ခန်းဟိုင်သည် ထိုကဲ့သို့ ကမ်းလှမ်းလာလိမ့်မည်ဟု ထင်နေပြီးသား ဖြစ်၏။ သို့သော်လည်း ချူးယန်က ချက်ချင်းပင် ဆုံးဖြတ်ချက် ချနိုင်သည်ကို ကြည့်လိုက်ကာ အနည်းငယ် လေးစားသွားခဲ့သည်။ "ကျင့်ကြံမှု အဆင့်ကို ဖယ်ထားလိုက်ရင် ဒီလိုမျိုး ကြင်နာမှုက တွေ့ဖို့ခက်ခဲတယ်"

ချူးယန်သည် ဖန်းရွှယ်ဖုန်းဟူသော ဓားခုတ်ကောင်၏ အနောက်မှ စောင့်နေသော မြေလူးငှက် ဖြစ်သည်။ ခက်ထန်သော ကျားတစ်ကောင်၏ ပါးစပ်အတွင်းမှ အစွယ်ကို နှုတ်ယူခဲ့သကဲ့သို့ ဖန်းရွှယ်ဖုန်း၏ လက်အတွင်းမှ ရွှေလက်စွပ် ကိုးကွင်းကို သတ္တိရှိစွာ လုယူခဲ့သူ ဖြစ်၏။ ဤအရေအတွက်သည် ဆယ်ကွင်းသာ စုဆောင်းရမည့် သူများအတွက် သွားရည်ကျစရာ ဖြစ်သော်လည်း ချူးယန်သည် မျက်တောင်တစ်ချက်မှ မခတ်ပဲနှင့် ခန်းဟိုင်အား ခုနှစ်ကွင်းပေးရန် ကမ်းလှမ်းခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လူအားလုံးကို အကဲခတ်ပြီးနောက်တွင် ခန်းဟိုင်တစ်ယောက်ကသာ သူ့အား အန္တရာယ် ပေးနိုင်မှန်းကို သိခဲ့သောကြောင့် ဖြစ်သည်။ ကျန်သောသူများ အနေနှင့် ဖန်းရွှယ်ဖုန်း ဖြစ်စေ၊ ရှီကျင်းယွမ်နှင့် ရှီဆောင်ချန်းတို့ စုံတွဲဖြစ်စေ တစ်ယောက်မှ ချူးယန်၏ အမြန်နှုန်းကို မယှဥ်နိုင်ပေ။ ချူးယန်သည် သူတို့နှင့် မတိုက်ခိုက်လိုပါက သူတို့က မှင်သက်စွာ ကြည့်နေဆဲမှာပင် အဝေးသို့ ထွက်ခွာသွားနိုင်၏။

ခန်းဟိုင်တစ်ယောက်ကသာ သူ၏ ကောင်းကင်ဓား သယ်ယူပို့ဆောင်ခြင်း နည်းစနစ်ဖြင့် ချူးယန်၏ အမြန်နှုန်းထက် သာလွန်နိုင်သည်။ သူသည် ချူးယန်အား တိုက်ရိုက်တိုက်ခိုက်ရန် မလိုပဲ အချိန်ဆွဲထားခဲ့လျှင်ပင် ကျန်သောသူများ လိုက်မီလာသောအခါ ရွှေလက်စွပ် ကိုးကွင်းကို ကိုင်ဆောင်ထားသော ချူးယန်သည် အားလုံး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်သည်။

ချူးယန်သည် လုံးဝကို တွေဝေမနေခဲ့ပေ။ ချက်ချင်းပင် ရွှေလက်စွပ် ခုနှစ်ကွင်းကို ရေတွက်လိုက်၍ ခန်းဟိုင်အား ပေးလိုက်၏။ ခန်းဟိုင်ကလည်း ထိုလက်စွပ်များကို ဖမ်းယူလိုက်ကာ ချူးယန်အား စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေခဲ့ကာ နောက်ဆုံးတွင် ရေရွတ်လိုက်သည်။ "ကျေးဇူးပဲ"

ပြီးတာနှင့် သူသည် ချူးယန်အနောက်သို့ ဆက်မလိုက်တော့ပဲ သူ၏ ဓားအလင်းတန်းသည် အခြားတစ်ဘက်သို့ ပြောင်းသွားခဲ့သည်။

ချူးယန်ကလည်း ခန်းဟိုင်က သူ့အား ကူညီပေးရန် မမျှော်လင့်နေခဲ့ပေ။ ထိုလက်စွပ် ခုနှစ်ကွင်းတို့သည် ခန်းဟိုင်က သူ့အကြံကို မနှောင့်ယှက်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

ဖန်းရွှယ်ဖုန်းသည် အနောက်တွင် ကျန်နေခဲ့သော်လည်း ချူးယန်နှင့် ခန်းဟိုင်တို့၏ အကြားမှ စကားများ အားလုံးကို ကြားနိုင်ခဲ့သည်။ ချူးယန်က ပထမဆုံး မေးခွန်းကို မေးလိုက်ကတည်းက ဖန်းရွှယ်ဖုန်းသည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ "မကောင်းတော့ဘူး" ပြီးတာနှင့် သူ၏ စိတ်ဓာတ်မှာ ပြုတ်ကျသွားခဲ့၏။

ခန်းဟိုင်သည် လက်စွပ်များကို ရသွားပြီးပါက သူသည် မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ပေ။ ခန်းဟိုင်၏ ကောင်းကင်ဓား သယ်ယူပို့ဆောင်ခြင်း နည်းစနစ်သည် အလွန်ကို မြန်လွန်းသည်။ ဖန်းရွှယ်ဖုန်းသည် သူ့အား မှော်ကျိန်စာ ဝင်္ကပါဖြင့် ထောင်ချောက်ဆင်၍ ချုပ်နှောင်ထားနိုင်ခြင်း မရှိပါက ခန်းဟိုင်ထွက်သွားမည်ဟု ဆုံးဖြတ်လျှင် မည်သို့မှ တားနိုင်မည် မဟုတ်ပေ။

သူက ဖန်းရွှယ်ဖုန်းနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူလိုအပ်နေသော အရေအတွက်ကို အလျှင်မြန်ဆုံး ရရှိရန် အတွက်သာ ဖြစ်၏။ ယခုအချိန်တွင် ခန်းဟိုင်သည် သူ၏ ရည်ရွယ်ချက်မှာ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်၍ ဖန်းရွှယ်ဖုန်းနှင့် ပူးပေါင်းရန် အကြာင်းမရှိတော့ပေ။

ခန်းဟိုင်သည် ဤပြိုင်ပွဲအတွင်းတွင် အခြားသူများ၏ ပူးပေါင်းတိုက်ခိုက်မှုကို သူ၏ လျှင်မြန်လှသည့် အမြန်နှုန်းကြောင့် စိုးရိမ်စရာ မလိုသည့် တစ်ဦးတည်းသောသူ ဖြစ်၏။ အခြား ကျင့်ကြံသူများသည် သူ၏ လက်စွပ်ဆယ်ကွင်းကို လုယူရန် စဥ်းပင် စဥ်းစားနိုင်မည် မဟုတ်ချေ။

ဖန်းရွှယ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ကာ ချူးယန်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ဤသူသည် သူ၏ အကြံများကို ဖျက်ဆီးခဲ့သူ ဖြစ်သည်။

"အပြစ်လုပ်မိခဲ့ရင် ခွင့်လွှတ်ပါ" ချူးယန်သည် ထိတ်လန့်တုန်လှုပ် မနေခဲ့ပေ။ သူသည် ထွက်မပြေးသည့်အပြင် ဖန်းရွှယ်ဖုန်းအား လှည့်ကာ ရင်ဆိုင်လိုက်၏။

သူ၏ အကြံများအား အဖျက်ဆီးခံလိုက်ရသော်လည်း ဖန်းရွှယ်ဖုန်းသည် တည်ငြိမ်အောင် ကြိုးစားနေခဲ့ကာ ချူးယန်က သူ့ထံသို့ ခက်ထန်စွာဖြင့် လျှောက်လာသည်ကို ကြည့်နေခဲ့သည်။ သူ၏ ရင်အတွင်းမှနေ၍ တုန်ခါသွားခဲ့ကာ နိမိတ်မကောင်းသကဲ့သို့ ခံစားလိုက်ရ၏။

သူထင်ထားသည့်အတိုင်းပင် ချူးယန်က အော်ပြောလိုက်သည်။ "မဟာချင် အင်ပါယာက မိတ်ဆွေနှစ်ယောက်တို့၊ ခင်ဗျားတို့ရန် ရန်ကြွေးကို လာပြီးတော့ လက်စားချေလို့ရပါပြီ။ အခွင့်အရေးကို လက်မလွှတ်ပါစေနဲ့"

ဖန်းရွှယ်ဖုန်း၏ စိုးရိမ်နေသော အရာများသည် အမှန်တကယ် ဖြစ်လာခဲ့ပြီး သူ၏ စိတ်ဓာတ်မှာ ကျသွားခဲ့သည်။ သူသည် လုံးဝကို မကောင်းသော အခြေအနေအတွင်းသို့ ကျရောက်သွားခဲ့၏။ သူသည် အနောက်သို့ လှည့်ကြည့်လိုက်ရာ ရှီကျင်းယွမ်နှင့် ရှီဆောင်ချန်းတို့ နှစ်ယောက်စလုံးတို့သည် နဂါးပုံရိပ် နှစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့ကာ သူ၏ အနောက်သို့ လိုက်မီလာပြီ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

ချူးယန်အော်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ရှီကျင်းယွမ်၏ မျက်နှာသည် အပြင်းအထန် ရှုံ့မဲ့သွားခဲ့၍ နှာမှုတ်လိုက်၏။ "ငါတို့ရဲ့ ရွှေလက်စွပ်တွေကို နင်က ယူသွားပြီး ဟိုကောင် ခန်းဟိုင်ကိုတောင် ပေးလိုက်သေးတယ်"

ချူးယန်သည် သူ၏ လက်နှစ်ဘက်ကို ဆုပ်လိုက်ကာ ပြုံးလိုက်သည်။ "ကျုပ်သိထားသလောက်ဆိုရင် ဟင်းလင်းပြင် ဘုရားကျောင်းက မိတ်ဆွေက ရွှေလက်စွပ် ခုနှစ်ကွင်းရှိပြီး ကျုပ်ကတော့ နှစ်ကွင်းပဲရှိတယ်။ ဘယ်တစ်ယောက်ကို တိုက်ခိုက်ရင် အကျိုးပိုရှိမလဲဆိုတာကို အရူးတောင်မှ ပြောနိုင်လိမ့်မယ်"

ရှီကျင်းယွမ်နှင့် ရှီဆောင်ချန်းတို့၏ မျက်လုံးများသည် ချက်ချင်း အရောင်တောက်လာကြသည်။ ခန်းဟိုင်က ထွက်သွားပြီ ဖြစ်သဖြင့် ဖန်းရွှယ်ဖုန်း တစ်ယောက်သာ ကျန်တော့၏။ သူတို့နှစ်ယောက် စုပေါင်းလိုက်လျှင် ဖန်းရွှယ်ဖုန်း အနေနှင့်လည်း ထွက်ပြေးရန် အလွန်ခက်ခဲမည် ဖြစ်သည်။ အကယ်၍ ချူးယန်ကသာ ထွက်ပြေးမည်ဆိုပါက ခန်းဟိုင်က မရှိတော့သဖြင့် မည်သူမှ သူ့အားလိုက်မီလိမ့်မည် မဟုတ်ပေ။

ခန်းဟိုင်သည် ရွှေလက်စွပ်ဆယ်ကွင်း ပြည့်သွားပြီ ဖြစ်သဖြင့် ထိုနေရာမှ ထွက်ခွာသွားကာ တစ်နေရာတွင် သွားငြိမ့်နေခဲ့ပြီ ဖြစ်သည်။ ၁၅မိနစ်ခန့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးလျှင် သူသည် နောက်တစ်ဆင့်သို့ တက်သွားနိုင်မည် ဖြစ်၏။ ချူးယန်သည်လည်း ဘေးကင်းသော နေရာတွင် ရှိနေခဲ့ကာ တိုက်စစ်ရော ခံစစ်ပါ အလွယ်တကူ လုပ်ဆောင်နိုင်သည်။ အခြားတစ်ဘက်တွင်မူ ဖန်းရွှယ်ဖုန်းသည် ချောင်ပိတ်မိနေခဲ့ပြီ ဖြစ်သည်။

ရှီဆောင်ချန်းက ခေါင်းညိတ်ပြလိုက်ရာ ရှီကျင်းယွမ်က သူဘာကို ဆိုလိုနေသနည်းဟူသည်ကို သဘောပေါက်လိုက်သည်။ သူတို့ ဂရုစိုက်ရမည်မှာ ချူးယန်က ယခင်အကွက်ဟောင်းများကို သုံးကာ သူတို့ထံမှ ရွှေလက်စွပ်အားလုံးကို ထပ်မံ၍ လုယူသွားမည်ကို ဖြစ်သည်။

ချူးယန်က ရယ်ရမ်းသွေးလိုက်၏။ "မင်းတို့နှစ်ယောက်၊ လက်စားချေဖို့ အခွင့်အရေးက မင်းတို့ရဲ့ အရှေ့မှာတင် ရှိနေတယ်။ မင်းတို့က ဘာတွေကို စဥ်းစားနေသေးတာလဲ"

ရှီဆောင်ချန်းက ဖန်းရွှယ်ဖန်းအား ကြည့်လိုက်ကာ နှာမှုတ်လိုက်သည်။ "ဟုတ်တယ်။ မင်းဆီမှာ ရွှေလက်စွပ်တွေ မရှိရင်တောင် ငါတို့လက်အထဲက လွတ်ဖို့ မစဥ်းစားနဲ့၊ ဖန်းရွှယ်ဖုန်း"

ရှီကျင်းယွမ်နှင့် ရှီဆောင်ချန်းတို့ နှစ်ဦးစလုံးသည် ဖန်းရွှယ်ဖုန်း၏ ချောင်ပိတ်ရိုက်ခြင်းကို ခံခဲ့ရ၍ သူတို့ကိုယ်သူတို့ ကယ်တင်ရန် သူတို့၏ ရွှေလက်စွပ်များကို လက်လွတ်လိုက်ရသည်။ ဒါသည် ဈေးပေါသော လှည့်ကွက်တစ်ခု ဖြစ်သော်လည်း သူတို့သည် အကြီးအကျယ် အရှက်ကွဲခဲ့ရ၏။ သို့သော်လည်း ဒီရေများသည် ရုတ်တရက် ပြောင်းလဲသွား၍ သူတို့အတွက် လက်စားချေရန် အခွင့်အရေး လျှင်မြန်စွာနှင့် ရောက်လာလိမ့်မည်ကို တစ်ယောက်ကမှ ထင်မထားကြချေ။

ဖန်းရွှယ်ဖုန်းသည် အသက်ပြင်းပြင်း တစ်ချက်ကို ရှူလိုက်၏။ သူ၏ အမူအရာသည် ပြန်လည် တည်ငြိမ်သွားခဲ့ကာ ချူးရန်ကို အသေအချာ စိုက်ကြည့်နေလိုက်သည်။

လက်တစ်ဘက်မှ တိမ်တိုက်များကို ဖန်တီး၍ ကျန်လက်ဖြင့် မိုးရွာအောင် ပြုလုပ်သည်။ ဖန်းရွှယ်ဖုန်းသည် ချူးယန်ကို စိုက်ကြည့်နေခဲ့ရင်း ထိုဆိုရိုးစကားသည် သူ့ခေါင်းအတွင်းတွင် ပေါ်လာခဲ့၏။ အရာအားလုံးတို့သည် ချူးယန် စီစဥ်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံနှင့် တိုက်ပွဲ အခြေအနေသည် လုံးဝ ပြောင်းလဲသွားခဲ့၏။ အစောပိုင်းက အကြီးအကျယ် အသာစီးရနေခဲ့သော ဖန်းရွှယ်ဖုန်းသည် ချက်ချင်းဆိုသလိုပင် အန္တရာယ် တွင်းနက်အတွင်းကို ပြုတ်ကျသွားခဲ့သည်။

ချူးယန်၏ ကျင့်ကြံမှုအဆင့်သည် အရေးမပါချေ။ အရေးကြီးသည်မှာ ချူးယန်က လုံးဝတွေဝေနေခြင်း မရှိပဲ လက်စွပ်ခုနှစ်ကွင်းကို ချက်ချင်း ထုတ်ပေးခဲ့ကာ ခန်းဟိုင်ကို တိုက်ပွဲအတွင်းမှ ပထုတ်လိုက်ခြင်း ဖြစ်သည်။ ဒါသည် ကြည့်ရသာ ရိုးရှင်းသည်ဟု ထင်နေရသော်လည်း သူသည် လက်စွပ်ကိုးကွင်းကို ရရှိထားပြီး ဖြစ်ကာ လိုအပ်သော အရေအတွက်ကို ရရှိရန်အတွက် တစ်ကွင်းသာလိုတော့ခြင်း ဖြစ်သည်။

သို့သော်လည်း သူသည် လက်စွပ်များစွာတို့ကို စွန့်လွှတ်လိုက်ကာ ဘာမှ ပြန်မရပဲနှင့် အခြားတစ်ယောက်ကို ပေးလိုက်သည်။ ဤကဲ့သို့သော အရာမျိုးကို လူမည်မျှများများ လုပ်နိုင်ပါမည်နည်း။

ဖန်းရွှယ်ဖုန်းသည် သူက ထိုကဲ့သို့ လုပ်နိုင်သော်လည်း ချူးယန်ကဲ့သို့ တစ်စက္ကန့်မှ တွေဝေနေခြင်း မရှိပဲ ပြတ်သားစွာဖြင့် လုပ်နိုင်မည်မဟုတ်ဟု သူ့ကိုယ်သူ သိနေခဲ့သည်။

အကယ်၍ ချူးယန်သည် အချိန်အနည်းငယ်မျှ ထပ်၍ တွေဝေနေခဲ့ပြီး ခန်းဟိုင်၏ ချုပ်နှောင်ခြင်းကို ခံခဲ့ရပါက ကျန်သောသူများ လိုက်မီလာမည် ဖြစ်၍ ဖန်းရွှယ်ဖုန်းကလည်း သူ၏ မှော်ကျိန်စာ ဝင်္ကပါများကို ပြင်ဆင်ရန် လုံလောက်သောအချိန် ရရှိမည် ဖြစ်သည်။ ချူးယန်ကလည်း လွယ်လွယ်ကူကူ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်တွင် ဖန်းရွှယ်ဖုန်းသည် အရှေ့ရော အနောက်ပါ ရန်သူသုံးယောက်စလုံးနှင့် ပိတ်မိနေခဲ့ကာ အန္တရာယ် အတွင်းသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

မဟာကောင်းကင် ခန်းမဆောင် အတွင်းတွင် လူအုပ်ကြီးသည် ဤမြင်ကွင်းကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြ၏။ ယန့်မင်းရွဲ့သည် သူမ၏ ခေါင်းကို ခါလိုက်ကာ ရယ်ရမ်းသွေးလိုက်သည်။ "ဟားဟား၊ ဖန်းရွှယ်ဖုန်းကတော့ ဒီတစ်ခေါက်မှာ အတော့်ကို ခံလိုက်ရပြီ။ ချူးယန်ဆိုတဲ့ ကောင်လေးက ဒီလောက်အထိ တော်လိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး။ သူက ထာဝရ တောင်တန်းဂိုဏ်းက တပည့်တစ်ယောက် ဟုတ်တယ်မလား"

လင်းတောက်ဟန်က တည်ငြိမ်စွာနှင့် ရှင်းပြလိုက်သည်။ "ချူးယန်က ထာဝရ တောင်တန်းဂိုဏ်းက အကြီးအကဲ မုန့်ချောင်ယန်ရဲ့ တပည့်ဖြစ်တယ်။ သူက အစောပိုင်းက မဟာကျိုး အင်ပါယာက လျှန်ကန်းရဲ့အောက်မှာ ဧည့်အမှုထမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်က နှုတ်ထွက်ခဲ့ကာ ထာဝရ တောင်တန်းဂိုဏ်းကို ပြန်ပြီးမှ လေ့ကျင့်ခဲ့တာ ဖြစ်တယ်"

ခဏမျှ နားလိုက်ပြီး လင်းတောက်ဟန်က ဆက်ပြောလိုက်သည်။ "အချိန်မြန်ဆန်စေတဲ့ နေရာတွေမှာ ကျင့်ကြံခဲ့တဲ့ အချိန်တွေကိုပါ ထည့်ပေါင်းလိုက်ရင် သူက ချီသာဝက အဆင့်ကနေ ရွှေရောင်ဗဟိုချက် အဆင့်ရောက်အောင် ဆယ်နှစ်အတွင်းမှ ကျင့်ကြံနိုင်ခဲ့တယ်"

ကျန်နေသော အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများ အားလုံးတို့သည် အနည်းငယ် အံ့အားသင့်ပုံ ပေါက်သွားကြ၏။ မဟာချင် အင်ပါယာမှ ရွှင်ပျော်ပျော် သူတော်စင်သည် သူ၏ မုတ်ဆိတ်မွေး အရှည်ကြီးကို သပ်လိုက်ကာ ပြုံးလိုက်သည်။

"သူ့ရဲ့ ကျင့်ကြံမှု ပါရမီက ပြောင်မြောက်လှပါတယ်။ ထာဝရ တောင်တန်းဂိုဏ်းက ပါရမီရှင် တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ သူ့ရဲ့ ကံကောင်းမှုတွေကြောင့် ဒီလိုမျိုး ကျင့်ကြံနိုင်ခဲ့တာ ဖြစ်ရမယ်။ သူအသုံးပြုခဲ့တဲ့ ဖုံးကွယ်ခြင်း မှော်ကျိန်စာနဲ့ လျှင်မြန်လှတဲ့ သယ်ယူပို့ဆောင်ခြင်း နည်းစနစ်တွေက ထာဝရ တောင်တန်းဂိုဏ်းရဲ့ မှော်ကျိန်စာတွေကို အခြေခံထားတာ ဖြစ်ပေမဲ့ သူတို့ထက်ကို အများကြီး ပိုသာတယ်"

ဓမ္မခန်းမ အတွင်းတွင်လည်း ဂိုဏ်းတိုင်းမှ ကျင့်ကြံသူများ၏ မှတ်ချက်များ၊ အတင်းတုတ်သံများဖြင့် ဆူညံပွက်လောရိုက်နေခဲ့သည်။ ဤချစ်ကြည်ရေး ပြိုင်ပွဲတွင် ဖျက်မြင်းတစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။ ဤစိတ်ဝိညာဥ် အစည်းအဝေးသို့ လာတက်သော ခွန်းလွန်တောင် တဝိုက်မှာ ဂိုဏ်းငယ်များနှင့် အလယ်အလတ်ဂိုဏ်းများနှင့် ယှဥ်လိုက်လျှင် ထာဝရ တောင်တန်းဂိုဏ်းသည် အောက်မကျပေ။

သို့သော်လည်း ထိုဂိုဏ်းငယ်လေးများသည် သူတို့အခြေအနေကို သူတို့သိကာ အလွန်ထူးချွန်သော သူများမပါလာလျှင် ဤပြိုင်ပွဲအတွင်းသို့ ဝင်မပြိုင်ခဲ့ပေ။ ထာဝရ တောင်တန်းဂိုဏ်းသည် ချူးယန်အား ပိုမိုလေ့ကျင့်နိုင်ရန် ဤချစ်ကြည်ရေး ပြိုင်ပွဲအား ယှဥ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော မဟာ အင်အားစုများမှ တပည့်များနှင့် ယှဥ်ပြိုင်ရလျှင် တစ်ယောက်၏ အတွေ့အကြုံနှင့် ဗဟုသုတများကို များစွာတိုးပွားစေနိုင်မည် ဖြစ်သည်။

ချူးယန်၏ စွမ်းဆောင်ရည်ကို ကြည့်ပြီးသောအခါ ထာဝရ တောင်တန်းဂိုဏ်းမှ ကျင့်ကြံသူပေါင်း များစွာတို့သည် အံ့ဩမှင်သက်သွားကြသည်။ အကြီးအကဲ တစ်ယောက်က ချက်ချင်းပင် သူ၏အသံကို လွှင့်လိုက်ကာ အော်ပြောလိုက်၏။ "ချူးယန်ပြန်ရောက်လာရင် သူ့ကို အသေအချာ စစ်ဆေးမေးမြန်းရမယ်"

ဝူယွမ်လန်က ခေါင်းအသာညိတ်လိုက်ကာ မုန့်ချောင်ယန်နှင့် အကြည့်ချင်း ဆုံမိခဲ့သည်။ သူတို့နှစ်ယောက်စလုံးတို့မှာလည်း ဤအခြေအနေကို မသိချင် ယောင်ဆောင်နေကြသည်။

ကောင်းကင်ကမ္ဘာငယ် အတွင်းတွင် အားလုံးတို့၏ မျက်လုံးများကို အံ့ဩတကြီးနှင့် ပြူးကျယ်စေခဲ့သော ချူးယန်သည် ဖန်းရွှယ်ဖုန်းအား စိုက်ကြည့်နေခဲ့ကာ သူ့ကိုယ်သူ တွေးနေခဲ့၏။ "သူက ဘာလုပ်မှာလဲ။ သူ့ရဲ့ ဆုံးရှုံးမှုတွေကို နည်းအောင်လို့ ရွှေလက်စွပ် ခုနှစ်ကွင်းကို မဟာချင် အင်ပါယာက ရှီဆောင်ချန်းနဲ့ ရှီကျင်းယွမ်တို့ကို ပေးလိုက်မှာလား"

ဖန်းရွှယ်ဖုန်းသည် ချူးယန်အား လှမ်းကြည့်လိုက်၍ ရှီကျင်းယွမ်နှင့် ရှီဆောင်ချန်းတို့အား ကြည့်လိုက်ကာ တစ်ဟားဟားနှင့် အော်ရယ်လိုက်သည်။ သူ၏ ဖီးနစ်ကဲ့သို့သော မျက်လုံးများသည် ပါးပါးလေးအဖြစ် မှိတ်သွားခဲ့၏။ သူ၏ သိုလှောင်အိမ်ကို သာမန်သာ ထုတ်လိုက်ကာ ရွှေလက်စွပ်များကို သွန်ချလိုက်သည်။ ခုနှစ်ကွင်း တိတိ ဖြစ်သည်။

စုံတွဲနှစ်ယောက်၏ မျက်လုံးအစုံမှာ တောက်ပလာခဲ့၏။ ဖန်းရွှယ်ဖုန်း၏ ရွှေလက်စွပ် ခုနှစ်ကွင်းကို ပြန်ရခဲ့လျှင် သူတို့ ဆုံးရှုံးခဲ့သည့် ဆုံးရှုံးမှုများကို အတော်ပြန်၍ ကာမိနိုင်မည် ဖြစ်သည်။

ဖန်းရွှယ်ဖုန်းသည် ပြုံးလိုက်ကာ လက်စွပ်များကို သိုလှောင်အိတ်အတွင်းသို့ ပြန်ထည့်လိုက်သည်။ သို့သော်လည်း သူသည် ထိုအိတ်ကို ပြန်မသိမ်းခဲ့ပဲ သူ၏လက်များကို လွှဲလိုက်ကာ ချူးယန်ထံသို့ ပစ်ပေးလိုက်၏။

ဤလုပ်ဆောင်ချက်သည် အားလုံးတို့၏ ခန့်မှန်းချက်များကို လွဲမှားစေခဲ့သည်။ ချူးယန်၏ ဖုံးကွယ်မှုနှင့် သယ်ယူပို့ဆောင်ခြင်း မှော်ကျိန်စာများသည် အလွန်ကို ကောင်းမွန်သော်လည်း သူသည် ဖန်းရွှယ်ဖုန်းအား ဝိုင်းရံထားကြသူများအနက် သံသယဖြစ်ဖွယ် မရှိပဲ စွမ်းအားအနည်းဆုံးသူ ဖြစ်သည်။ သို့သော်လည်း ဖန်းရွှယ်ဖုန်းသည် သူ့အား အောင်ပွဲဆုလာဘ်များကို ပေးအပ်လိုက်ကာ သူ၏ ဒုက္ခကို ချူးယန်ထံသို့ လွှဲပြောင်းပေးလိုက်၏။

သူ၏ သိုလှောင်အိတ်သည် လေပေါ်သို့ လွင့်ဝဲသွားခဲ့ကာ ချူးယန်ထံသို့ ရောက်သွားခဲ့ပြီး ချူးယန်ကလည်း အလိုအလျှောက်ပင် သူ၏လက်ကို ဆန့်တန်းလိုက်ကာ လှမ်းဖမ်းလိုက်သည်ကို ဖန်းရွှယ်ဖုန်းက ကြည့်နေခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရအပြီးတွင် ဖန်းရွှယ်ဖုန်းသည် ချက်ချင်းပင် ပြုံးဖြီးဖြီး ဖြစ်လာခဲ့ကာ အော်ပြောလိုက်သည်။ "ဒီအချိန်ကတော့ စစ်တုရင်ပွဲမှာ ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲ ဆိုတာကို ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်"

စာစဥ် ၃၆ : အပိုင်း ၁၅

အပိုင်း ၆၈၅ : ဖျက်မြင်း! ဖျက်မြင်း!

ဖန်းရွှယ်ဖုန်းက ရွှေလက်စွပ်များဖြင့် ပြည့်နေသောအိတ်ကို ချူးယန်ထံသို့ ပစ်ပေးလိုက်သောအခါ ရှီကျင်းယွမ်နှင့် ရှီဆောင်ချန်းတို့သည် သူတို့၏ မျက်ခုံးများကို ပင့်လိုက်ကြသည်။

ထိုအရာကို မြင်လိုက်သောအခါ ဖန်းရွှယ်ဖုန်းက ပြုံးလိုက်၏။ ဒါသည် သူ၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ချူးယန်သည် သူ၏မောက်မာမှုကြောင့် အမှားတစ်ခု လုပ်မိလိမ့်မည်ဟု သူက အလောင်းအစား လုပ်လိုက်ခြင်း ဖြစ်သည်။

ခန်းဟိုင်၏ ချုပ်နှောင်မှု မရှိတော့သဖြင့် ချူးယန်သည် သူကြိုက်သလို လုပ်၍ရသည်။ သူသည် ခြိမ်းခြောက်မှု မရှိတော့သဖြင့် အလွန်အမင်း လုံခြုံနေသကဲ့သို့ ခံစားနေရ၏။ သူ၏ လုံခြုံရသည်ဟု ခံစားမှုမှာ ဖြားယောင်းသွေးဆောင်မှုနှင့် ကြုံရသောအခါ ကျဆင်းသွားမည် ဖြစ်သည်။ သူသည်ပို၍ လောဘတက်လာသောအခါ ပြဿနာများကို ဆင်ခြင်တုံတရားဖြင့် ဖြေရှင်းနိုင်တော့မည် မဟုတ်ပေ။

အစောပိုင်းတွင် ခန်းဟိုင်၏ ခြိမ်းခြောက်မှုအောက်တွင် ချူးယန်သည် ရွှေလက်စွပ် ခုနှစ်ကွင်းအား အလွယ်တကူ စွန့်လွှတ်နိုင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် သူသည် နောက်ထပ် ရွှေလက်စွပ် ခုနှစ်ကွင်း၏ ဖြားယောင်းမှုကို ခံခဲ့ရပြီ ဖြစ်သဖြင့် တည်ငြိမ်စွာနှင့် စဥ်းစားဆုံးဖြတ်နိုင်ခြင်း မရှိတော့ပေ။

အခြားစကားလုံးဖြင့် ပြောရလျှင် ဒါသည် ချူးယန်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကြောင့် ဖြစ်မည်။ သူသည် ခန်းဟိုင်က ဝင်ရောက်နှောင့်ယှက်ခြင်း မရှိလျှင် သူသည် သူ၏လက်အတွင်းမှ ရွှေလက်စွပ်တိုင်းကို ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်နေခဲ့သည်။

သို့သော်လည်း ဖန်းရွှယ်ဖုန်းသည် ချူးယန်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအား ကောင်းစွာ အသုံးချနိုင်ခဲ့၏။ ပဋိပက္ခ အခြေအနေ ပြောင်းလဲသွားသည်နှင့် သူသည် ချူးယန်အား အောက်စည်းသို့ ပို့နိုင်ခဲ့သည်။ ဖန်းရွှယ်ဖုန်းသည်လည်း လွယ်လွယ်နှင့် အနိုင်ကျင့်၍ရသောသူတစ်ယောက် မဟုတ်ချေ။

ဖန်းရွှယ်ဖုန်းက ချူးယန်အား ကြည့်လိုက်ကာ ပြောလိုက်သည်။ "အခုဆိုရင် မင်းထွက်သွားလို့ မရတော့ဘူး"

ပြီးတာနှင့် သူသည် လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်လိုက်ကာ တိုးတိုးလေး အော်လိုက်သည်။ ""ခုနှစ်စဥ်တောင်တန်း အစစ်အမှန်ပုံသဏ္ဌာန် ဝင်္ကပါ၊ ပွင့်စမ်း!"

မှော်စွမ်းအင်များက စတင်လည်ပတ်လာခဲ့ကာ ချူးရန်သည် အိတ်အတွင်းမှ ပစ္စည်းများက ပုံစံပြောင်းလဲသွားခဲ့သည်ကို ချက်ချင်းပင် ခံစားလိုက်ရ၏။ အိတ်တစ်ခုလုံးက ပွင့်ထွက်သွားခဲ့ကာ ရွှေလက်စွပ် ခုနှစ်ကွင်းတို့သည် လေပေါ်တွင် လွင့်မျောနေကြသည်။ ရွှေလက်စွပ် တစ်ကွင်းစီသည် မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းထားခြင်းကို ခံနေရ၏။

သေးငယ်သော ရွှေလက်စွပ်များ၏ အပေါ်တွင် တစ်ယောက်သည် မှော်ကျိန်စာ ဝင်္ကပါများကို ထွင်းထုထားသည်ကို တွေ့နိုင်သည်။ ထိုရွှေလက်စွပ် ခုနှစ်ကွင်းတို့သည် သူတို့၏ မှော်ကျိန်စာ ဝင်္ကပါများကို ပေါင်းစည်းလိုက်ကြကာ တစ်ခုတည်းအဖြစ်သို့ ပြောင်းသွားကြ၍ ချူးယန်၏ ခေါင်းပေါ်တွင် ဧရာမ မှော်ကျိန်စာ ဝင်္ကပါ တစ်ခုကို ဖန်ဆင်းလိုက်ကြသည်။

ထိုမှော်ကျိန်စာ ဝင်္ကပါ၏ အတွင်းတွင် တောင်ခုနှစ်လုံး ပုံစံတို့က လင်းလက်နေကြ၏။ သူတို့တစ်ခုချင်းစီတို့သည် တန်ပေါင်းများစွာ လေးလံကြ၍ ချူးယန်၏ ခေါင်းပေါ်သို့ ကျဆင်းလာကြသည်။

ခုနှစ်စဥ်တောင်တန်း အစစ်အမှန်ပုံသဏ္ဌာန် ဝင်္ကပါ၏ အောက်တွင် ချူးယန်၏ ပုံရိပ်သည် လည်ပတ်နေခဲ့သည်။ သူသည် သူ၏ ဖုံးကွယ်ခြင်း မှော်ကျိန်စာဖြင့် လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့ကလည်း အနည်းငယ် အံ့အားသင့်သွားကြသော်လည်း သူတို့ နှစ်ယောက်စလုံးတို့သည် ဤအခွင့်အရေးကို ကောင်းစွာ အသုံးချလိုက်ကြ၏။ ဖန်းရွှယ်ဖုန်းသည် ရွှေလက်စွပ် ခုနှစ်ကွင်းတို့အား အသုံးပြုကာ မှော်ကျိန်စာ ဝင်္ကပါတစ်ခုအား ထုတ်ဖော်လိုက်၍ ချူးယန်အား ထောင်ချောက်ဆင်နိုင်ခဲ့သည်။

အစပထမတွင် ချူးယန်သည် သူက ကြိုက်သလို ဝင်နိုင်ထွက်နိုင်သည်ဟု ထင်နေခဲ့သည်။ မည်သည့် ခြိမ်းခြောက်မှုမှ မရှိသဖြင့် သူသည် သက်တောင့်သက်သာ ဖြစ်နေခဲ့၏။ ချက်ချင်းဆိုသလိုပင် ဤသက်တောင့်သက်သာမှုများ ပျောက်ကွယ်သွား၍ အခြေအနေက ပြောင်းပြန်လှန်သွားခဲ့သည်။

ချူးယန်၏ အပေါ်တွင် '၉'ဟူသော ရွှေရောင်နံပါတ်က လင်းလက်စွာဖြင့် တောက်ပနေခဲ့သည်။ ချူးယန်သည် အသတ်ခံရန် စောင့်နေရသည့် သိုးတစ်ကောင်ကဲ့သို့ ဖန်းရွှယ်ဖုန်း၊ ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့၏ ဝန်းရံမှုကို ခံနေရသည်။

ဖန်းရွှယ်ဖုံးသည် ယခုအချိန်တွင် ရွှေလက်စွပ် တစ်ကွင်းမှ မရှိတော့ပေ။ ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့သည် အစောပိုင်းမှ သူ၏ ချောင်းမြောင်းလုပ်ကြံမှုကို မကျေနပ်ကြသော်လည်း သူတို့သည်လည်း ဖန်းရွှယ်ဖုန်းနှင့် တူညီသော အခြေအနေနှင့် ကြုံတွေ့နေရ၏။ သူနှင့် အငြင်းပွားနေလျှင်လည်း မည်သည့်အကျိုးမှ မရှိသဖြင့် သူတို့၏ အာရုံများကို ချူးယန်ထံသို့ ပြောင်းလိုက်ကြသည်။

ဤတိုက်ပွဲသည် ရိုလာကိုစတာကဲ့သို့ စိတ်ဝင်စားဖွယ် ကောင်းလှ၏။ ဓမ္မခန်းမအတွင်းမှ ပရိသတ်များ အားလုံးတို့သည် ပါးစပ်အဟောင်းသားဖြင့် ဖြစ်နေကြသည်။

မဟာကောင်းကင် ခန်းမဆောင် အတွင်း၌ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် သူတို့၏ ခေါင်းများကို ခါလိုက်ကြကာ သက်ပြင်းချလိုက်ကြသည်။ ဖန်းရွှယ်ဖုန်းသည် အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မတုန်လှုပ်သွားခဲ့ပေ။

သူသည် တည်ငြိမ်စွာနှင့် အစီအစဥ် ချနိုင်ခဲ့ပြီး အခြေအနေများကို သူ့ဘက်သို့ ပြန်ပါလာအောင် အေးအေးဆေးဆေး စွမ်းဆောင်နိုင်ခဲ့သည်။ ချူးယန်သည် အောက်စည်းသို့ ပြန်ရောက်သွားခဲ့၏။ သူတို့သည် ဤလူငယ်အား အလွန် သဘောကျနေကြသည်။

နေမင်းအလင်းတန်း ဓားမာစတာက လင်းတောက်ဟန်နှင့် ယန့်မင်းရွဲ့အား ကြည့်ကာ ပြောလိုက်သည်။ "သူက ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ တပည့်တစ်ယောက်ဆိုတဲ့ နာမည်နဲ့ လိုက်လှပါတယ်"

လင်းတောက်ဟန်သည် ကျေးဇူးတင်သည့် အနေနှင့် သူ၏ ခေါင်းကို အသာညိတ်ပြလိုက်၍ ယန့်မင်းရွဲ့ကမူ သူမ၏ခေါင်းကို ခါလိုက်ကာ ပြုံးလိုက်၏။ "ဒီတိုက်ပွဲရဲ့ ရလဒ်က အဆုံးမသတ်သေးဘူး။ ဒီအချိန်မှာ ချီးကျူးတာက နည်းနည်းစောနေသေးတယ်"

သူမစကားပြောနေချိန်တွင် ကောင်းကင်ပေါ်မှနေ၍ ချောက်နက်အတွင်းသို့ ပြုတ်ကျသွားသော ချူးယန်သည် လေးနက်သော အမူအရာများ ပေါ်လာခဲ့သော်လည်း တုန်လှုပ်ချောက်ချားသွားခဲ့ခြင်း မရှိခဲ့ပေ။

သူသည် အနည်းငယ် အံ့အားသင့်နေခဲ့သော်လည်း ဖန်းရွှယ်ဖုန်း၏ ရွှေလက်စွပ် ခုနှစ်ကွင်းကို လက်ခံခဲ့ပြီးချိန်မှစ၍ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်၏။

ဖန်းရွှယ်ဖုန်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဤတိုက်ပွဲ၏ အခြေအနေသည် သူ့ဘက်သို့ ပါလာခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဘာဆက်လုပ်ရမည်နည်းကို စဥ်းစားနေခဲ့၏။ သူသည် ချူးယန်ထံမှ ရွှေလက်စွပ်ကိုးကွင်း ရယူနိုင်ရန် အချိန်ယူ၍ အစီအစဥ် ဆွဲရမည် ဖြစ်သည်။

သူ၏ ဦးနှောက်ကို အလုပ်ပေးနေခဲ့သော်လည်း သူ၏ လုပ်ဆောင်ချက်များက ရပ်တန့်နေခြင်း မရှိခဲ့ပေ။ ရှီဆောင်ချန်း၊ ရှီကျင်းယွမ်တို့နှင့်အတူ သူတို့သုံးယောက်သားတို့သည် ချူးယန်ထံသို့ အပြေးဝင်သွားကြသည်။

ချူးယန်သည် ဖန်းရွှယ်ဖုန်းအား ကြည့်လိုက်ကာ တွေးလိုက်သည်။ "မင်းက မှော်ကျိန်စာ ဝင်္ကပါ ကျင့်ကြံသူဖြစ်တာ ကံကောင်းတယ်။ အခုဆိုရင် ငါက စည်းကမ်းမဖောက်ဖျက်ပဲ ငါ့ရဲ့ ပစ္စည်းတွေကို ထုတ်သုံးလို့ရသွားပြီ။ တကယ်လို့မင်းက မှော်ကျိန်စာဝင်္ကပါ ကျင့်ကြံသူ မဟုတ်ခဲ့ရင်လည်း ငါ့ကိုဟန့်တားလို့ရမှာ မဟုတ်ပါဘူး"

တွေးနေရင်းနှင့် ချူးယန်သည် သူ၏ လက်ဝါးများကို ဖွင့်လိုက်ကာ မှော်အင်းကွက် နှစ်ခုကို ထုတ်ဖော်လိုက်သည်။

ထိုမှော်အင်းကွက် နှစ်ခုတို့သည် ကောင်းကင်ပေါ်တွင် တပြိုင်နက် လင်းလက်လာကြ၏။ တစ်ခုမှာ ကျန်တစ်ခုထက် အနည်းငယ် ပိုမှေးမှိန်သည်။ သို့သော်လည်း တစ်ယောက်ကမှ ဒါသည် အားနည်းသည်ဟု မယူဆကြပေ။ သူသည် အရိပ်တစ်ခုကဲ့သို့ အားလုံးတို့၏ မြင်ကွင်းအတွင်းမှ ပေါ်လိုက်ပျောက်လိုက် ဖြစ်သွားခဲ့သည်။

ကျန်သောတစ်ခုမှာ မြင့်တက်လာသော နေမင်းကဲ့သို့ လင်းလက်စူးရှစွာနှင့် တောက်ပနေခဲ့သည်။

သူတို့နှစ်ခု၏ အလင်းတန်းများမှာ ကွဲပြားနေခဲ့သော်လည်း သူတို့နှစ်ခုလုံးမှာ ဓားအလင်းတန်းများ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

ချူးယန်သည် သူ၏ လက်အတွင်းမှ ဓားရှည်နှင့် ညွှန်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ဓားနှင့် ပူးပေါင်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ပထမဦးစွာ ပထမ ဓားအလင်းတန်းနှင့် ပေါင်းစည်းသွားခဲ့ကာ အရိပ်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။ သူသည် ဟင်းလင်းပြင် အတွင်းတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်သကဲ့သို့ ဖြစ်သွားခဲ့၏။ ဖန်းရွှယ်ဖုန်း၏ ခုနှစ်စဥ်တောင်တန်း အစစ်အမှန် ပုံသဏ္ဌာန် ဝင်္ကပါသည် သူ့အား ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ပေ။

ဖန်းရွှယ်ဖုန်းသည် သူ၏ မှော်ကျိန်စာ ဝင်္ကပါနှင့် စိတ်ချင်းဆက်သွယ်လိုက်သော်လည်း ချူးယန်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

အရိပ်နှင့်တူသော ဓားအလင်းတန်းသည် လင်းလက်လာခဲ့ကာ ရွှေလက်စွပ်အပေါ်တွင် ခတ်နှိပ်ထားသော မှော်သင်္ကေတများကို ဖယ်ရှားလိုက်သည်။ ပြီးတာနှင့် ထိုရွှေလက်စွပ် ခုနှစ်ကွင်းတို့သည် ချူးယန်၏ ယူဆောင်ခြင်းကို ခံလိုက်သည်။

ထိုအချိန်တွင် ဖန်းရွှယ်ဖုန်းနှင့် ကျန်သောနှစ်ယောက်သည် သူနှင့် အတော်ပင် နီးကပ်နေခဲ့ပြီ ဖြစ်၏။ သူတို့၏ တိုက်ခိုက်မှု ပေါင်းစုံတို့သည် သူ့အပေါ်သို့ ကျဆင်းလာကြသည်။ ချူးယန်သည် အရိပ်တစ်ခု အဖြစ်သို့ ပြောင်းသွားခဲ့ကာ လွတ်မြောက်သွားခဲ့သည်။ အကယ်၍ သူသည် ထိုနေရာတွင်သာ ရှိနေခဲ့ပါက လွတ်မြောက်နိုင်ရန် နည်းလမ်းမရှိပေ။

သို့သော်လည်း ချူးယန်သည် သူတို့အား ဂရုမစိုက်နေခဲ့ပေ။ အရိပ်ပုံစံနှင့် သူသည် မှော်ကျိန်စာ ဝင်္ကပါအတွင်းမှ လွတ်မြောက်သွားခဲ့ပြီး ရွှေလက်စွပ်များကို ယူဆောင်သွားခဲ့သည်။ ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်သည် အရိပ် ဓားအလင်းတန်းထံမှ ပြန်လည်ထွက်ခွာလာခဲ့၏။ ပြီးတာနှင့် သူသည် တောက်ပသော ဓားအလင်းတန်းနှင့် ပူးပေါင်းခဲ့လိုက်ရာ အံ့ဩဖွယ်ရာ စွမ်းအားတစ်ခုသည် ကောင်းကင်သို့တိုင်အောင် ထိုးတက်သွားခဲ့သည်။

ဒါသည် ရုတ်တရက် နေမင်းပေါက်ကွဲမှုနှင့် တူနေခဲ့သည်။ ချူးယန်သည် ယခင်က ဒဏ်ရရထားခဲ့သော ရှီဆောင်ချန်းအား ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ကာ ဝိုင်းဝန်းတိုက်ခိုက်မှုမှ ထိုးဖောက်သွားခဲ့သည်။

သူအပြင်ရောက်သွားသည်နှင့် တပြိုင်နက် ဖန်းရွှယ်ဖုန်း၊ ရှီကျင်းယွမ်နှင့် ရှီဆောင်ချန်းတို့အား အနောက်တွင် ထားခဲ့လိုက်ကာ အဝေးတစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။

ဓမ္မခန်းမအတွင်းမှ ကျင့်ကြံသူများသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ တစ်ယောက်ကမှ ချူးယန်သည် အခြေအနေကို ဤမျှ လျှင်မြန်စွာနှင့် ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု ထင်မထားကြပေ။ နောက်ဆုံးတွင် သူသည် ကံမကောင်းသော အခြေအနေကို အကျိုးအမြတ်အဖြစ် အသုံးချနိုင်ခဲ့ကာ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်မှုမှ လွတ်မြောက်သွားနိုင်ခဲ့သည်။

သူသည် ဟင်းလင်းပြင် ဘုရားကျောင်းမှ လက်ရင်းတပည့်ဖြစ်သူ ဖန်းရွှယ်ဖုန်း၊ မဟာချင် အင်ပါယာမှ တိုက်ရိုက်တပည့်များ ဖြစ်ကြသော ရှီဆောင်ချန်းနှင့် ရှီကျင်းယွမ်တို့ အားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုမှ ရွှေလက်စွပ် ကိုးကွင်းနှင့်အတူ လွတ်မြောက်နိုင်ခဲ့သည်။ သူ၏ စွမ်းဆောင်ချက်အား အားလုံးတို့က အံ့ဩတုန်လှုပ်နေကြ၏။

အစောပိုင်းက သူသည် ကောက်ကျစ်သော နည်းစနစ်ဖြင့် အောင်မြင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤနောက်ဆုံး လွတ်မြောက်မှုသည် ယခင်က နာမည်သိပ်မရှိခဲ့သော ထာဝရ တောင်တန်းဂိုဏ်းမှ တပည့်ဖြစ်သူသည် အစွမ်းအလွန်ထက်သူ ဖြစ်ကာ အထင်သေး၍ မရကြောင်းကို သက်သေပြနိုင်ခဲ့သည်။

ချစ်ကြည်ရေး ပြိုင်ပွဲသည် ဤအဆင့်အထိ ရောက်လာခဲ့သောအခါ ချူးယန်သည် ကျိုးယွင်ချုံး အပြီးတွင် ဒုတိယ ဖျက်မြင်းဖြစ်သည်ဟု ပြော၍ရသည်။

လူအုပ်ကြီး၏ မျက်လုံးအတွင်းတွင် သူသည် ကျိုးယွင်ချုံးထက်ပင်ပို၍ အံ့ဩဖွယ် ကောင်းလှသည်။ ကျိုးယွင်ချုံးသည် ယန်ချင်၏ လက်အောက်မှ ရှားရှားပါးပါး တပည့်တစ်ယောက်သာ ဖြစ်သော်လည်း ဘာပဲပြောပြော သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဖြစ်သည်။ ထို့ကြောင့် သူသည် ဤမျှအထိ စွမ်းအားကောင်းသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။

သို့သော်လည်း သူသည် ကြယ်စင်ရတနာ စေတီအတွင်းသို့ မဝင်ခဲ့စဥ်က သူသည် လွန်ကဲစွာ ကျင့်ကြံထားသကဲ့သို့ဖြစ်ကာ လမ်းပျောက်သွားသကဲ့သို့ ဖြစ်ထားခဲ့သဖြင့် အားလုံးတို့၏ အထင်သေးမှုကို အစက ခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည် အစွမ်းပြနိုင်သောအခါမှာသာ အားလုံးတို့က အံ့ဩသွားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း အားလုံးတို့သည် ချူးယန်မှာ အစကတည်းက အိမ်ဖြည့်ရုံ သက်သက်သာ ဖြစ်သည်ဟု ထင်ထားသည်။ သူသည် ဤအဆင့်ကို ကျော်နိုင်မည် မဟုတ်ပဲ သင်ခန်းစာ လာယူခြင်း သက်သက် ဖြစ်သည်ဟု ထင်မှတ်ထားကြ၏။

မဟာကောင်းကင် ခန်းမဆောင် အတွင်းတွင် အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲတိုင်းက အံ့အားသင့်သွားကြသည်။ ဤအချိန်တွင် သူတို့အားလုံး၏ အကြည့်တို့သည် ချူးယန်အပေါ်သို့ ကျရောက်လာကြ၏။ သို့သော်လည်း အချို့မှာ ချူးယန်အပေါ်သို့သာ အာရုံစူးစိုက်နေကြခြင်း မဟုတ်ကြပေ။

ကောင်းကင်မာစတာ ဓားမာစတာသည် လင်းဖုန်းနှင့် လင်းတောက်ဟန်တို့အား ကြည့်လိုက်ကာ မေးလိုက်သည်။ "ကျုပ်မြင်ရတာ မမှားရင် အစောက ချူးယန် အသုံးပြုလိုက်တာက အရင်ကတည်းက ပြိုကွဲသွားခဲ့ပြီဖြစ်တဲ့ ကောင်းကင်တံခါးဂိုဏ်းက ကျယ်ပြန့်သော ကောင်းကင်ဓား အဆောင်လက်ဖွဲ့တွေ ဖြစ်ကြတယ်"

လျှပ်စီးဓားမာစတာ၊ အလင်းဓားမြန် ဓားမာစတာ၊ မိုးပြာရောင် သွေးကြော ဓားမာစတာ၊ နေမင်းအလင်းတန်း ဓားမာစတာ၊ မဟာ လွင်တီးခေါင် ဓားမာစတာနှင့် ကြယ်စင် ဓားမာစတာတို့ အားလုံးတို့၏ မျက်နှာများအပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လာကြသည်။

ကောင်းကင်တံခါးဂိုဏ်းသည် ဤအင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများ မမွေးသေးခင်ကပင် ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဤဂိုဏ်း၏ သတင်း အချက်အလက်များသည် သူတို့၏ မှတ်တမ်းများ အတွင်းတွင်သာ ရှိနေခဲ့၏။

လင်းတောက်ဟန်က ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ "ဒါက တကယ်ကိုပဲ ကောင်းကင်တံခါးဂိုဏ်းရဲ့ ကျယ်ပြန့်သော ကောင်းကင်ဓား အဆောင်လက်ဖွဲ့တွေ ဖြစ်ကြတယ်။ ဒီဓားအဆောင်လက်ဖွဲ့ နှစ်ခုမှာ ကောင်းကင်တံခါးဂိုဏ်းရဲ့ မဟာကောင်းကင်ကိုးလွှာ မြင့်မြတ်သော ဓားနည်းစနစ်က အနောက်တောင် ယူကောင်းကင်ဓားနဲ့ အရှေ့တောင် ယန်ကောင်းကင်ဓားတို့ ပါနေကြတယ်"

လျှပ်စီးဓားမာစတာက သူ့ထိုင်ခုံမှ လက်ရန်းအား ပုတ်လိုက်ကာ ပြောလိုက်သည်။ "လက်စသတ်တော့ ဒီလိုကိုး၊ သူ့ရဲ့ ဓားနည်းစနစ်တွေက ထာဝရ တောင်တန်းဂိုဏ်းနဲ့ ဆင်တူနေပေမဲ့ သိသိသာသာကြီးကို ကွဲပြားနေခဲ့တယ်။ သူက အတော်ကို ပိုကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျယ်ပြန့်သော ကောင်းကင်ဓား အဆောင်လက်ဖွဲ့တွေကို သယ်ဆောင်ထားလို့ပဲ"

ပြီးတာနှင့် သူ၏ အသံသည် တိုးသွားခဲ့ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "သူက ကောင်းကင်တံခါးဂိုဏ်းရဲ့ မဟာကောင်းကင်ကိုးလွှာ မြင့်မြတ်သော ဓားနည်းစနစ်ကို လေ့ကျင့်ထားတာလား။ ဒါမှမဟုတ် ကျယ်ပြန့်သော ကောင်းကင်ဓား အဆောင်လက်ဖွဲ့ကို ကံကောင်းပြီးမှ ရခဲ့တာလား"

အကယ်၍ ပထမတစ်ချက်ဆိုလျှင် အရေးကြီးသော အချက်ဖြစ်မည် ဖြစ်ပြီး ဒုတိယ အချက်ဆိုလျှင် သိပ်ပြီးမှ ကိစ္စမရှိပေ။ ကျယ်ပြန့်သော ကောင်းကင်ဓား အဆောင်လက်ဖွဲ့သည် ကောင်းကင်တံခါးဂိုဏ်းမှ အားနည်းသော တပည့်များကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပေးထားခဲ့ခြင်း ဖြစ်၏။

သူ၏ အရံအတားနှင့် ချိတ်များမှာ ထူးဆန်းပြီး ကောင်းကင်တံခါးဂိုဏ်းမှ တပည့်များသည်ပင်လျှင် ဤအဆောင်လက်ဖွဲ့များ သက်သက်နှင့် မဟာကောင်းကင်ကိုးလွှာ မြင့်မြတ်သော ဓားနည်းစနစ်ကို လေ့ကျင့်နိုင်ကြမည် မဟုတ်ပေ။

ထိုကဲ့သို့ ကြိုးစားခဲ့လျှင် အဆောင်လက်ဖွဲ့က သူ့ဘာသာသူ ဖျက်ဆီးလိုက်မည် ဖြစ်၏။ ဟင်းလင်းပြင် ဘုရားကျောင်းနှင့် စူတောင်ဓားဂိုဏ်းတို့ နှစ်ဂိုဏ်းစလုံးတို့တွင် ထိုအဆောင်လက်ဖွဲ့ အချို့ရှိကြသော်လည်း ကံမကောင်းနှင့် သူတို့နှစ်ဂိုဏ်းစလုံးတို့သည် မဟာကောင်းကင်ကိုးလွှာ မြင့်မြတ်သော ဓားနည်းစနစ်ကို ရှာဖွေနိုင်ခြင်း မရှိကြပေ။

ကောင်းကင်မာစတာ ဓားမာစတာသည် လင်းဖုန်းအား ကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "သိပ်ပြီးတော့ အလောတကြီး လုပ်စရာ မလိုဘူး။ ပြိုင်ပွဲပြီးဆုံးသွားရင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က ဒီကောင်လေးကို မေးခွန်းအချို့ မေးလိမ့်မယ်"

ထာဝရ တောင်တန်းဂိုဏ်းသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် နီးကပ်လာခဲ့ပြီး စူတောင်ဓားဂိုဏ်းနဲ့ ဝေးကွာလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လက်အောက်တွင် ရှိသည်ဟု ပြော၍ရသည်။ ဤကိစ္စသည် လင်းဖုန်းနှင့် သက်ဆိုင်ပေသည်။

လင်းဖုန်းက ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ အလောတကြီး လုပ်စရာ မလိုဘူး"

အားလုံးတို့၏ ခေါင်းများသည် သူတို့၏ အရှေ့မှ အလင်းတန်း ပုံရိပ်ထံသို့ ပြန်လှည့်သွားကြ၏။ ချူးယန်သည် လက်စွပ်ကိုးကွင်းအား ရရှိသွားအပြီးတွင် သူ၏ ပထမ ရွှေလက်စွပ်ကို သိမ်းထားသော တောင်ကုန်းထံသို့ ပြေးသွားခဲ့သည်ကို တွေ့လိုက်ရသည်။

ထိုရွှေလက်စွပ်ကို ထည့်ပေါင်းလိုက်လျှင် သူသည် ယခုအချိန်တွင် ရွှေလက်စွပ်ဆယ်ကွင်း ပြည့်သွားခဲ့ပြီ ဖြစ်သည်။ သူသည် တတိယအဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

ယခုအချိန်တွင် ဒုတိယအဆင့်မှ တာဝန်ကို ပြီးမြောက်ကြသူ လေးယောက်သာ ရှိသေး၏။

နံပါတ်တစ်မှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ကောင်းကင်ဘုံကျောင်းမှ ရှုယွင်စန်း ဖြစ်သည်။

နံပါတ်နှစ်မှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ တောအုပ်ဗိမာန်မှ တောက်ယုတင်း ဖြစ်၏။

နံပါတ်သုံးမှာ ဟင်းလင်းပြင် ဘုရားကျောင်းမှာ ချန်းရှင်းယု ဖြစ်သည်။

သူ၏ ဝင်ရောက်လာမှုကြောင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ထိပ်ဆုံးသုံးနေရာကို မသိမ်းပိုက်နိုင်ခဲ့ကြပေ။ ဒါသည် အခြားသူများအား တတိယအဆင့်ကို ပိုမိုစိတ်ဝင်စားမှု ရှိစေခဲ့သည်။

သို့သော်လည်း နံပါတ်လေးမှာလည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ နောက်ထပ် တပည့်တစ်ယောက် ဖြစ်သည်။ သူမသည် ငရဲမီး ချောက်ကမ်းပါးမှ လင်းတုန်လေး ဖြစ်၏။

မဟာကောင်းကင် ခန်းမဆောင် အတွင်း၌ အကြီးအကဲများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြကာ တွေးခဲ့ကြသည်။ "နောက်တစ်ယောက်ကတော့ ကောင်းကင်မာစတာ ဓားဂိုဏ်းက ခန်းဟိုင်ပဲ ဖြစ်လိမ့်မယ်။ အချိန်က ပြည့်ခါနီးပြီ"

အားလုံးတို့၏ အကြည့်သည် အလင်းတန်း ပုံရိပ်အတွင်းမှ ခန်းဟိုင်အား အာရုံစိုက်ထားလိုက်သည်။ သူသည် အခေါ်ခံရခါနီးတွင် တစ်စုံတစ်ခု ဖြစ်လာခဲ့၏။ လူသားပုံရိပ်တစ်ခုသည် ခန်းဟိုင်၏ အနောက်တွင် ပေါ်လာခဲ့သည်။

Continue Reading

You'll Also Like

404K 50.8K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
53K 3.9K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
7.3K 564 66
ကံကြမ္မာအလိုကိုဆန့်ကျင်၍ ဤဝတ္ထုသည် သိုင်းပညာကျင့်ကြံရန် မဖြစ်နိုင်သော ပျက်စီးနေသည့် သိုင်းပညာသွေးကြောများနှင့် မွေးဖွားလာသည့် ဒူမိသားစုမှ သခင်လေးဒူရှ...
19.7K 2.9K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...