Unicode
- အကူအညီတောင်းနိုင်တယ်
ရှည်လျားပြီး အိပ်မပျော်တဲ့ည တစ်ညပြီးသည်နှင့် ထောင်ယွယ်ယင်း အရမ်းချုံးချုံးကျနေသည့် အခြေအနေတွင် ရှိနေသည်။
သူမ ရှရှီပေကို မြင်တော့ သူမမျက်နှာပေါ်က အကြည့်က ချက်ချင်းလက်ငင်းပြောင်းသွားပြီး သူမမျက်လုံးများက မုန်းတီးခြင်းတို့ ပြည့်နှက်သွားသည်။
ရှရှီပေသာ အရှုပ်ထုပ်တွေ မလုပ်ခဲ့ရင် သူမအဖေက အခုချိန် ပြဿနာထဲ ရောက်နေမှာမဟုတ်ဘူး!
ထိုဟာကို တွေးပြီး သူမ ရှရှီပေကို ခပ်ကြမ်းကြမ်းလေး ပါးကို တစ်ချက်လောက်ရိုက်ချင်စိတ်ကို ထိန်းထားရသည်။
သို့ပေမယ့် သူတို့ဘေးတွင် ကျောင်းသူကျောင်းသားတွေ အများကြီးရှိနေသည်။ သူမ ဘာ်လောက် ဒေါသထွက်နေထွက်နေ သူမ ထိန်းထားရမည်ပင်။
သူမ မရွေ့ပေမယ့် ရှရှီပေ သူမဆီကို မထင်မှတ်စွာ ရောက်လာသည်။
"နင် မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား?" သူမ ထောင်ယွယ်ယင်းနှင့် ရင်းနှီးသလို အပြုံးလေးနှင့်မေးလိုက်သည်။ "အို့ နေဦး မန်နေဂျာထောင်က နင့်အဖေမလား? တိုက်ဆိုင်လိုက်တာ!"
"အရူးလုပ်နေတာတွေရပ်လိုက်!" ထောင်ယွယ်ယင်း အံကြိတ်လိုက်ပြီး သူမမျက်လုံးတွေက နာကျည်းမှုတွေနှင့်ပြည့်နေသည်။ "အဲ့တာ နင့်ကြောင့်!"
"ငါကြောင့်?" ရှရှီပေ ရှော့ရပုံပေါ်ပြီး ဇဝေဇဝါဖြစ်နေသည်။ "နင် ဘာပြောချင်တာလဲ? ငါ တစ်ခုခုအမှားလုပ်မိလို့လား?"
သူမ၏ အပြစ်ကင်းသည့်အကြည့်ကို ကြည့်လိုက်ပြီး ထောင်ယွယ်ယင်း၏ ရင်တွင်းအမုန်းတို့က ပိုကြီးမားလာသည်။
"နင် ဂျီအမ်လီရှေ့မှာ ဗရုတ်သုတ်ခတွေ ရောက်ပြောတာလေ!"
"ထူးဆန်းလိုက်တာ ငါ ဘာဗရုတ်သုတ်ခပြောလို့လဲ?" ရှရှီပေ မျက်လုံးဖွင့်လိုက်ပိတ်လိုက်ဖြင့် စိတ်ရှုပ်နေသည်။ "ငါ မနေ့က ပြောခဲ့တာတွေက အမှန်တွေဘဲ! နင် ပြောကြည့်လေ ငါ ပြောတဲ့ ဘယ်ဟာက ဗရုတ်သုတ်ခလဲဆိုတာ? နင် ငါ့ကို နင့်လက်ကောက်ခိုးတယ်ဆိုပြီး မစွပ်စွဲဘူးလား? ဒါမှမဟုတ် ငါ နင့်ကို အမှားလုပ်မိလို့လား?"
ရှရှီပေရဲ့ ကြင်နာပြီး ရိုးသားသည့် မျက်နှာကို ကြည့်ပြီး ထောင်ယွယ်ယင်း သူမလက်တွေက အထိန်းလွတ်ပြီး သူမကို ရိုက်ချင်နေသည်။
"အဲ့တာက ဗရုတ်သုတ်ခဟုတ်လား မဟုတ်လားဆိုတာ နင်အသိဆုံးဘဲ!" သူမ အံကြိတ်ထားသည့် ကြားက ပြောလိုက်သည်။
"ငါသိတယ် ငါ ဗရုတ်သုတ်ခမပြောဘူး!" ရှရှီပေ ရဲတင်းပြီး မှန်ကန်သည့်ပုံပေါ်နေသည်။ "ငါ အမှန်ကိုဘဲ ပြောတာ!"
"ပေပေ!"
စုန့်ကျားရန် အသံကအဝေးကနေ ရောက်လာပြီး သူမ အနားကို တစ်ခဏအတွင်းမှာပင် ရောက်လာသည်။
"ထောင်ယွယ်ယင်း? နင် ဘာလိုချင်လို့လဲ?"
စုန့်ကျားရန် ရှရှီပေအရှေ့ကို ချက်ခင်းရပ်လိုက်ပြီး သူမမျက်လုံးတွေက ထောင်ယွယ်ယင်းကို အကြည့်စူးစူးဖြင့် စိုက်ကြည့်နေသည်။
"အခုက ဘာဖြစ်တာလဲ? သင်ခန်းစာမရသေးဘူးလား? ပြဿနာ ထပ်ရှာချင်လို့လား?"
ထောင်ယွယ်ယင်း စုန့်ကျားရန်၏ ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်ရှေ့တွင် ချက်ချင်း အားနည်းသွားသည်။
"ဘယ်...ဘယ်သူက ပြဿနာရှာနေလို့လဲ! ငါ ရှရှီပေနဲ့ စကားဘဲ ပြောနေတာ!"
"ဘာအကြောင်းပြောတာလဲ?" စုန့်ကျားရန် နှာရှုံ့လိုက်သည်။ "ငါတို့ နင်နဲ့ ဘာပြောစရာမှမရှိဘူး!"
ရှရှီပေ စုန့်ကျားရန်၏ နောက်ကျောကို ပုတ်လိုက်ပြီး အရှေ့ကို ခြေလှမ်းနည်းနည်း တိုးလှမ်းလိုက်သည်။ "နင် အရမ်းစိတ်တိုပြီး စိုးရိမ်နေတာကို ငါမြင်တယ် ကိစ္စတွေက နင့်ကို အရမ်း စိတ်အနှောင့်အယှက်ပေးနေတယ်မလား?.....ဟင်း ငါ မှန်းကြည့်မယ်"
သူမ ထောင်ယွယ်ယင်းကို အပေါ်အောက် စုံချည်ဆန်ချည်ကြည့်ပြီး သူမနှုတ်ခမ်းပေါ်က အပြုံးက ပိုထင်းလာသည်။
"နင့်အဖေ ပြဿနာတက်နေတယ်မလား? ပြီးတော့ အဲ့တာကလည်း...မနေ့က ငါတို့ပြောခဲ့တာကြောင့်ဘဲ"
"နင်သိတာပေါ့!" ထောင်ယွယ်ယင်း ဒေါသတကြီး အော်လိုက်သည်။
"ဒါပေမယ့် ငါ သိချင်ရုံပါ.....နင့်အဖေက သူ မန်နေဂျာအဆင့်ရှိသေးတာတောင် နင့်အတွက် ဈေးကြီးတဲ့ ပစ္စည်းတွေ ဝယ်ပေးနေနိုင်တာလေ အဲ့အပိုငွေတွေက ဘယ်က ရလဲ?"
ထောင်ယွယ်ယင်း ရှရှီပေ ပြောတာကို ကြားပြီး ချက်ချင်း ဖျော့တော့သွားသည်။ "ဘာ...ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ?!"
"အဲ့တာ အဓိပ္ပာယ်မရှိဘူးလား?" ရှရှီပေ စုန့်ကျားရန်ကို ကြည့်လိုက်သည်။ "နင်လည်း ငါပြောတာ မှားတယ်ထင်လား?"
စုန့်ကျားရန် ရယ်လိုက်သည်။ "နင် မှန်တယ်! ဘယ်သူကများ မန်နေဂျာတစ်ယောက် ပိုက်ဆံအများကြီးရှိတာကို သံသယမဝင်ဘဲနေမလဲ?"
စုန့်ကျားရန်က ထက်မြက်သော မိန်းကလေးတစ်ယောက်ပင်။ သူမ ထောင်ဖန်ချင်း အရင်က ပိုက်ဆံအများကြီးကို ထုတ်လိုက်နိုင်သည်နှင့် ထောင်ယွယ်ယင်း၏ အင်ကျီအဝတ်အစားနှင့် အသုံးစားရိတ်များကို တွေးကြည့်မိပြီး သူမ ထိုပိုက်ဆံအားလုံး ဘယ်က ရောက်လာလဲဆိုတာကို စူးစမ်းချင်မိသွားသည်။
"နင့်အဖေကို ခေါင်းကိုက်စေတဲ့ အရာတွေက အဲ့ပိုက်ဆံတွေနဲ့ ဆိုင်မယ်ထင်တယ် ဟုတ်တယ်မလား?"
ထောင်ယွယ်ယင်း ရှရှီပေ၏ စကားများကို ကြားပြီး မျက်နှာက ပိုဖျော့တော့လာသည်။
"အို့ ငါ မှန်းတာမှန်ရင်တော့ နင့်အဖေ ထောင်နန်းစံရတော့မယ်ဟေ့!" သူမ လက်ချောင်းများကို တကျွတ်ကျွတ်ချိုးလိုက်ပြီး စိတ်ပူသည့် အကြည့်ဖြင့် ပြောလိုက်သည်။ "အိုက်ရိုး အဲ့လိုသာဆို နင့်မှာ သုံးစရာပိုက်ဆံရှိမှာမဟုတ်တော့ဘူး!"
"ရှရှီပေ!"
ထောင်ယွယ်ယင်း ရှော့ရပြီး စိတ်တိုသွားသည်။
"နင် ငါနဲ့ ဒီမှာရပ်ပြီး စကားပြောနေမယ့်အစား တစ်ယောက်ယောက်ကို အကူအညီတောင်းတာ ကောင်းမယ်ထင်တယ်" ရှရှီပေ ပခုံးတွန့်လိုက်ပြီး သူမကို တာဝန်သိစိတ်ဖြင့် အကြံဉာဏ်ပေးလိုက်သည်။ "နင် ရှချင်းဟန်နဲ့ ရင်းနှီးနေတာဘဲမလား? နင် သူမကို ရှာလေ!"
........
Zawgyi
- အကူအညီေတာင္းႏိုင္တယ္
႐ွည္လ်ားၿပီး အိပ္မေပ်ာ္တဲ့ည တစ္ညၿပီးသည္ႏွင့္ ေထာင္ယြယ္ယင္း အရမ္းခ်ံဳးခ်ံဳးက်ေနသည့္ အေျခအေနတြင္ ႐ွိေနသည္။
သူမ ႐ွ႐ွီေပကို ျမင္ေတာ့ သူမမ်က္ႏွာေပၚက အၾကည့္က ခ်က္ခ်င္းလက္ငင္းေျပာင္းသြားၿပီး သူမမ်က္လုံးမ်ားက မုန္းတီးျခင္းတို႔ ျပည့္ႏွက္သြားသည္။
႐ွ႐ွီေပသာ အ႐ႈပ္ထုပ္ေတြ မလုပ္ခဲ့ရင္ သူမအေဖက အခုခ်ိန္ ျပႆနာထဲ ေရာက္ေနမွာမဟုတ္ဘူး!
ထိုဟာကို ေတြးၿပီး သူမ ႐ွ႐ွီေပကို ခပ္ၾကမ္းၾကမ္းေလး ပါးကို တစ္ခ်က္ေလာက္႐ိုက္ခ်င္စိတ္ကို ထိန္းထားရသည္။
သို႔ေပမယ့္ သူတို႔ေဘးတြင္ ေက်ာင္းသူေက်ာင္းသားေတြ အမ်ားႀကီး႐ွိေနသည္။ သူမ ဘာ္ေလာက္ ေဒါသထြက္ေနထြက္ေန သူမ ထိန္းထားရမည္ပင္။
သူမ မေ႐ြ႕ေပမယ့္ ႐ွ႐ွီေပ သူမဆီကို မထင္မွတ္စြာ ေရာက္လာသည္။
"နင္ မေန႔ညက ေကာင္းေကာင္း မအိပ္ရဘူးလား?" သူမ ေထာင္ယြယ္ယင္းႏွင့္ ရင္းႏွီးသလို အျပဳံးေလးႏွင့္ေမးလိုက္သည္။ "အို႔ ေနဦး မန္ေနဂ်ာေထာင္က နင့္အေဖမလား? တိုက္ဆိုင္လိုက္တာ!"
"အ႐ူးလုပ္ေနတာေတြရပ္လိုက္!" ေထာင္ယြယ္ယင္း အံႀကိတ္လိုက္ၿပီး သူမမ်က္လုံးေတြက နာက်ည္းမႈေတြႏွင့္ျပည့္ေနသည္။ "အဲ့တာ နင့္ေၾကာင့္!"
"ငါေၾကာင့္?" ႐ွ႐ွီေပ ေ႐ွာ့ရပုံေပၚၿပီး ဇေဝဇဝါျဖစ္ေနသည္။ "နင္ ဘာေျပာခ်င္တာလဲ? ငါ တစ္ခုခုအမွားလုပ္မိလို႔လား?"
သူမ၏ အျပစ္ကင္းသည့္အၾကည့္ကို ၾကည့္လိုက္ၿပီး ေထာင္ယြယ္ယင္း၏ ရင္တြင္းအမုန္းတို႔က ပိုႀကီးမားလာသည္။
"နင္ ဂ်ီအမ္လီေ႐ွ႕မွာ ဗ႐ုတ္သုတ္ခေတြ ေရာက္ေျပာတာေလ!"
"ထူးဆန္းလိုက္တာ ငါ ဘာဗ႐ုတ္သုတ္ခေျပာလို႔လဲ?" ႐ွ႐ွီေပ မ်က္လုံးဖြင့္လိုက္ပိတ္လိုက္ျဖင့္ စိတ္႐ႈပ္ေနသည္။ "ငါ မေန႔က ေျပာခဲ့တာေတြက အမွန္ေတြဘဲ! နင္ ေျပာၾကည့္ေလ ငါ ေျပာတဲ့ ဘယ္ဟာက ဗ႐ုတ္သုတ္ခလဲဆိုတာ? နင္ ငါ့ကို နင့္လက္ေကာက္ခိုးတယ္ဆိုၿပီး မစြပ္စြဲဘူးလား? ဒါမွမဟုတ္ ငါ နင့္ကို အမွားလုပ္မိလို႔လား?"
႐ွ႐ွီေပရဲ႕ ၾကင္နာၿပီး ႐ိုးသားသည့္ မ်က္ႏွာကို ၾကည့္ၿပီး ေထာင္ယြယ္ယင္း သူမလက္ေတြက အထိန္းလြတ္ၿပီး သူမကို ႐ိုက္ခ်င္ေနသည္။
"အဲ့တာက ဗ႐ုတ္သုတ္ခဟုတ္လား မဟုတ္လားဆိုတာ နင္အသိဆုံးဘဲ!" သူမ အံႀကိတ္ထားသည့္ ၾကားက ေျပာလိုက္သည္။
"ငါသိတယ္ ငါ ဗ႐ုတ္သုတ္ခမေျပာဘူး!" ႐ွ႐ွီေပ ရဲတင္းၿပီး မွန္ကန္သည့္ပုံေပၚေနသည္။ "ငါ အမွန္ကိုဘဲ ေျပာတာ!"
"ေပေပ!"
စုန္႔က်ားရန္ အသံကအေဝးကေန ေရာက္လာၿပီး သူမ အနားကို တစ္ခဏအတြင္းမွာပင္ ေရာက္လာသည္။
"ေထာင္ယြယ္ယင္း? နင္ ဘာလိုခ်င္လို႔လဲ?"
စုန္႔က်ားရန္ ႐ွ႐ွီေပအေ႐ွ႕ကို ခ်က္ခင္းရပ္လိုက္ၿပီး သူမမ်က္လုံးေတြက ေထာင္ယြယ္ယင္းကို အၾကည့္စူးစူးျဖင့္ စိုက္ၾကည့္ေနသည္။
"အခုက ဘာျဖစ္တာလဲ? သင္ခန္းစာမရေသးဘူးလား? ျပႆနာ ထပ္႐ွာခ်င္လို႔လား?"
ေထာင္ယြယ္ယင္း စုန္႔က်ားရန္၏ ေထာင္ေထာင္ေမာင္းေမာင္း ခႏၶာကိုယ္ေ႐ွ႕တြင္ ခ်က္ခ်င္း အားနည္းသြားသည္။
"ဘယ္...ဘယ္သူက ျပႆနာ႐ွာေနလို႔လဲ! ငါ ႐ွ႐ွီေပနဲ႔ စကားဘဲ ေျပာေနတာ!"
"ဘာအေၾကာင္းေျပာတာလဲ?" စုန္႔က်ားရန္ ႏွာ႐ႈံ႕လိုက္သည္။ "ငါတို႔ နင္နဲ႔ ဘာေျပာစရာမွမ႐ွိဘူး!"
႐ွ႐ွီေပ စုန္႔က်ားရန္၏ ေနာက္ေက်ာကို ပုတ္လိုက္ၿပီး အေ႐ွ႕ကို ေျခလွမ္းနည္းနည္း တိုးလွမ္းလိုက္သည္။ "နင္ အရမ္းစိတ္တိုၿပီး စိုးရိမ္ေနတာကို ငါျမင္တယ္ ကိစၥေတြက နင့္ကို အရမ္း စိတ္အေႏွာင့္အယွက္ေပးေနတယ္မလား?.....ဟင္း ငါ မွန္းၾကည့္မယ္"
သူမ ေထာင္ယြယ္ယင္းကို အေပၚေအာက္ စုံခ်ည္ဆန္ခ်ည္ၾကည့္ၿပီး သူမႏႈတ္ခမ္းေပၚက အျပဳံးက ပိုထင္းလာသည္။
"နင့္အေဖ ျပႆနာတက္ေနတယ္မလား? ၿပီးေတာ့ အဲ့တာကလည္း...မေန႔က ငါတို႔ေျပာခဲ့တာေၾကာင့္ဘဲ"
"နင္သိတာေပါ့!" ေထာင္ယြယ္ယင္း ေဒါသတႀကီး ေအာ္လိုက္သည္။
"ဒါေပမယ့္ ငါ သိခ်င္႐ုံပါ.....နင့္အေဖက သူ မန္ေနဂ်ာအဆင့္႐ွိေသးတာေတာင္ နင့္အတြက္ ေဈးႀကီးတဲ့ ပစၥည္းေတြ ဝယ္ေပးေနႏိုင္တာေလ အဲ့အပိုေငြေတြက ဘယ္က ရလဲ?"
ေထာင္ယြယ္ယင္း ႐ွ႐ွီေပ ေျပာတာကို ၾကားၿပီး ခ်က္ခ်င္း ေဖ်ာ့ေတာ့သြားသည္။ "ဘာ...ဘာအဓိပၸာယ္မ႐ွိတာေတြေျပာေနတာလဲ?!"
"အဲ့တာ အဓိပၸာယ္မ႐ွိဘူးလား?" ႐ွ႐ွီေပ စုန္႔က်ားရန္ကို ၾကည့္လိုက္သည္။ "နင္လည္း ငါေျပာတာ မွားတယ္ထင္လား?"
စုန္႔က်ားရန္ ရယ္လိုက္သည္။ "နင္ မွန္တယ္! ဘယ္သူကမ်ား မန္ေနဂ်ာတစ္ေယာက္ ပိုက္ဆံအမ်ားႀကီး႐ွိတာကို သံသယမဝင္ဘဲေနမလဲ?"
စုန္႔က်ားရန္က ထက္ျမက္ေသာ မိန္းကေလးတစ္ေယာက္ပင္။ သူမ ေထာင္ဖန္ခ်င္း အရင္က ပိုက္ဆံအမ်ားႀကီးကို ထုတ္လိုက္ႏိုင္သည္ႏွင့္ ေထာင္ယြယ္ယင္း၏ အင္က်ီအဝတ္အစားႏွင့္ အသုံးစားရိတ္မ်ားကို ေတြးၾကည့္မိၿပီး သူမ ထိုပိုက္ဆံအားလုံး ဘယ္က ေရာက္လာလဲဆိုတာကို စူးစမ္းခ်င္မိသြားသည္။
"နင့္အေဖကို ေခါင္းကိုက္ေစတဲ့ အရာေတြက အဲ့ပိုက္ဆံေတြနဲ႔ ဆိုင္မယ္ထင္တယ္ ဟုတ္တယ္မလား?"
ေထာင္ယြယ္ယင္း ႐ွ႐ွီေပ၏ စကားမ်ားကို ၾကားၿပီး မ်က္ႏွာက ပိုေဖ်ာ့ေတာ့လာသည္။
"အို႔ ငါ မွန္းတာမွန္ရင္ေတာ့ နင့္အေဖ ေထာင္နန္းစံရေတာ့မယ္ေဟ့!" သူမ လက္ေခ်ာင္းမ်ားကို တကြၽတ္ကြၽတ္ခ်ိဳးလိုက္ၿပီး စိတ္ပူသည့္ အၾကည့္ျဖင့္ ေျပာလိုက္သည္။ "အိုက္႐ိုး အဲ့လိုသာဆို နင့္မွာ သုံးစရာပိုက္ဆံ႐ွိမွာမဟုတ္ေတာ့ဘူး!"
"႐ွ႐ွီေပ!"
ေထာင္ယြယ္ယင္း ေ႐ွာ့ရၿပီး စိတ္တိုသြားသည္။
"နင္ ငါနဲ႔ ဒီမွာရပ္ၿပီး စကားေျပာေနမယ့္အစား တစ္ေယာက္ေယာက္ကို အကူအညီေတာင္းတာ ေကာင္းမယ္ထင္တယ္" ႐ွ႐ွီေပ ပခုံးတြန္႔လိုက္ၿပီး သူမကို တာဝန္သိစိတ္ျဖင့္ အၾကံဉာဏ္ေပးလိုက္သည္။ "နင္ ႐ွခ်င္းဟန္နဲ႔ ရင္းႏွီးေနတာဘဲမလား? နင္ သူမကို ႐ွာေလ!"
........