Crazy love (Complete)

By XTXLLL

393K 14.3K 505

intro ဝင်ဖတ်ကြည့်ပါနော် possessive type abuse type ဒီလိုtypeတွေမကြိုက်ရင် မဖတ်ဖို့အကြံပေးပါတယ် intro ဝင္ဖတ္ၾ... More

Crazy love intro
(1)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
For Readers
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
For Readers
(28)
(29)
(30)
(31)
(32)
(33)
Final

(2)

16.9K 706 6
By XTXLLL

မီးရောင်မှိန်မှိန်ဖြင့်အရောင်မျိုးစုံထွက်ပေါ်နေပြီး ဆူညံ နေသောDJ အသံများနှင့်ခုန်ပေါက်ကခုန်နေကြသော လူအများစုမှာ .... စိတ်လွတ်ကိုယ်လွတ်ပျော်ပါးနေကြသယောင်..... တချို့မှာလည်း VIPအခန်းထဲတွင် ဆေးရှူ ကြသောလူငယ်အုပ်စုများလည်းရှိသည်.. တချို့က တော့ မိန်းမကိစ္စအပျော်အပါးများကြောင့် ရောက်လာသောသူများလည်းရှိသည်....အရက်ဘီယာ wine နှင့်အခြားသော ပြည်ပ စျေးကြီးအရက်များကိုလည်း သဘောကျလို့ လာသောက်ကြသူများလည်းရှိသည်... ဤclubမှာ မကောင်းတာမှန်သမျှအကုန်ရသော ကြောင့် လူငယ်တော်တော်များများ နေ့စဉ် မပြတ်ဝင်ထွက်သွားလာသောနေရာတစ်ခုဆိုလည်းမမှား.....
club ပိုင်ရှင်ရဲ့ ငွေကြေးအာဏာတွေကြောင့်
ဉပဒေနှင့်မလွတ်သော အရာများရှိနေခြင်းကို
ရဲတွေကပါ မျက်ကွယ်ပြုနိုင်ကြသည်....ဒါ
ကြောင့်ထို clubက ပိုက်ဆံရှိသားသမီးများသာ လာရောက်ပျော်ပါးရာနေရာအဖြစ် တည်ရှိနေခဲ့သည်...

ဟေ့ရောင် တွေ... အခြေအနေမကောင်းဘူးထင်တယ်... ဒီနေ့မာန်ထိုက်.. ငြိမ်လှချည်လား

Clubရဲ့ အတွင်းပိုင်းVIPအခန်းထဲမှာ မာန်ထိုက်ရဲ့သူငယ်ချင်းဖြစ်တဲ့ စိုင်းက  အရက်သောက်ရင်း စကားဆိုလာသည်... ဒီclubက သူတို့ နေ့တိုင်းလာရာ နေရာဖြစ်တဲ့ အတွက် Club ပိုင်ရှင်နဲ့ပင် မာန်ထိုက်ရင်းနှီး ဖြစ်ခဲ့သည်.... အမှန်တော့ မာန်ထိုက် ကို
ဉီးထိုက်ဟန်ရဲ့ သားဖြစ်သူမို့ အစကတည်းက သိတာကြောင့်.. club ပိုင်ရှင်က မာန်ထိုက်ကို လုပ်ပိုင်ခွင့်အားလုံးပေးထားသည်... .Club ထဲ မှာ
ပြသာနာ ဖြစ်ပြီးဆိုရင် မာန်ထိုက် တို့သူငယ်ချင်းအုပ်စုက မပါမဖြစ်... သူတို့နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဝင် ချတတ်သည်...ဒါကြောင့် ထို club မှာ မာန်ထိုက် တို့အဖွဲ့ ရှိနေလျှင် ဆိုင်ဝန်ထမ်းတွေပါမကျန်.. အခြားသော club သို့လာကြသော လူငယ်တွေကပါ ပြသာနာ မဖြစ်အောင် နေကြရသည်...

စိုင်း ပြောတာ မှန်တယ် ဒီကောင် မာန်ထိုက် ခါတိုင်းဆို နှစ်ပုလင်းလောက်တော့ အသာလေး ကုန်နေကျ...ဒီနေ့မှ...ပုလင်းတောင်မထိဘူး

ငမှန်... မင်းကလည်း... ဒါလေးတောင် မသိဘူးလား... ဒီကောင့်အိမ်က ဘိုးတော်နဲ့ ကွိုင်တတ်လာလို့ဖြစ်မှာ

ဝဏပြောတာ ဖြစ်နိုင်တယ် ဒီကောင်ရုပ် အဲ့လိုဖြစ်တာ ဒါပထမဆုံးမှမဟုတ်တာ... ဒီကောင် ကွိုင်တတ်စရာဆိုလို့ သူ့အဖေနဲ့ အကိုပဲ ရှိတာ

သူငယ်ချင်းသုံးယောက် က လက် ထဲ က ခွက်တွေ ကိုင် ကာ တစ်ခွက်ပြီးတစ်ခွက်သောက်နေကြပေမဲ့ ဘေးနားမှာ sofaကို ကျောမှီကာ မျက်လုံးမှိတ်ထားသော လူတစ်ယောက် လည်းရှိသည်

မာန်ထိုက် မင်းက ကွာ club လာပြီး အိပ်မနေနဲ့...ငါတို့နဲ့သောက်စမ်းပါ....

ဝဏ က ဘေး ရှိ မျက်လုံးမှိတ်ထားသောသူကို
ပုခုံး ကို ပုတ်ပြီး စကားစလိုက်သည်

ကျစ်.....
မင်းတို့ကောင်တွေကွာ...

စကား များလိုက်တာ......

ထိုအခါမှ မျက်လုံးပွင့်ပြီး...အရက် တစ်ပုလင်းယူကာ ဖန်ခွက်ထဲ လောင်းထည့်လိုက်သည်... နောက်တော့ ရေခဲ မထည့် ရေမထည့်ဘဲ ဒီတိုင်းသောက်ချပစ်လိုက်သည်.....

မာန်ထိုက် မင်းဟာကလည်း...ရေလေးတော့ ရောအုံးမှပေါ့.... မသောက်ဘူးဆိုလည်း မင်းပဲ သောက်မယ်ဆိုလည်း မင်းအပြင် နှစ်ယောက်မရှိဘူး.......

မာန်ထိုက် သူ့ရှေ့ က စကားကို ပေါက်ပေါက်ဖောက်အောင်ပြောနေသော ငမှန်ကို ဘေးရှိ ရေခဲရည်နဲ့ ပတ်လိုက်သည်....

နားညီးတယ်....
တစ်ခွန်းသာဆိုပြီး သူမဟုတ်သည့်နှယ် အရက်ဆက်သောက်နေခဲ့သည်

ဟား...ငမှန်...သွားပြောအုံး ဒီကောင့်အကြောင်းမသိတာကျနေတာပဲ ခုတော့ မင်းထိပြီး

ငမှန် တစ်ယောက် မျက်မှန်ချွတ်ပြီး ဘေးရှိတစ်ရှူးဗူးကိုယူကာ ရေများရွှဲသွားသောမျက်မှန်ကို သုတ်နေလိုက်ရသည်....

ငါ့အမှားပါ.... ဒီကောင့်မာန်ထိုက်ကို စကားသွားပြောမိတဲ့ ငါ့အမှား....

ဟား...ဟား...ဟား...
ငမှန် အသိတရားရသွားပြီး...စိုင်းရ..

ဘေးရှိ စိုင်း နဲ့ ဝဏ တို့က အသံကုန်ဟစ်ပြီးရယ် မော နေကြသည်...မာန် ထိုက် တစ်ယောက် ကတော့ သောက် လက်စ ပုလင်းကို လက်ကမချဘဲ တစ်ခွက်ပြီးတစ်ခွက်ရေမရော ဘဲ သောက်နေခဲ့သည်

မာန်ထိုက်.. မင်း ဟိုတပတ်တုန်းက တွဲတဲ့စော်လေးရော...အခြေအနေဘယ်လိုလဲ..

စိုင်းက မာန်ထိုက် ကိုကြည့်ပြီး သိလိုစိတ်နဲ့မေးလိုက်သည်...

နောက် ဆုံးတစ်ခွက်မော့ချပြီး ..sofaဘက်နောက် မှီကာ... ဆေးလိပ်တစ်လိပ်ကို ထုတ်ပြီး ဖွာနေလိုက်သည် ...ပြီးမှ စိုင်းပြောတာကို ပြန်ဖြေပေးလိုက်သည်

ပျက်သွားပြီး...

မြန်လိုက်တာ...မင်း အကြိုက်မဟုတ်ဘူးလား အဲ့စော်လေးလည်း မိုက်ပါတယ်... နာမည်က ဘာ..ပါလိမ့်.... ju ju မလား

ဘုန်း....

နောက်ကနေ ဝဏ က စိုင်းနရင်းကို ရိုက်လိုက်သည်....
မင်းမေကြီးတော်... ju juလား...

အားရာ....နာလိုက်တာ ဝဏရာ...
ငါလည်း လူပဲ မှတ်မိတာ နာမည်တွေကရောနေတာ...ဟိုကောင် မာန်ထိုက် က တစ်ပတ်မှာ ဆို လေးငါးယောက်လောက်ပြောင်းနေတာ.. ... ရုပ်နဲ့နာမည်နဲ့ မတွဲမိဘူး...ကွ

စိုင်းပြောတာလည်း ဟုတ်တယ်.. ဒီကောင်
မာန်ထိုက် က တစ်နေ့တစ်ယောက်လောက် ပြောင်းနေတာ....မာန်ထိုက် အတည် ကြိုက်မဲ့ မိန်းကလေး က ကမ္ဘာမှာ မမွေးသေးဘူးထင်တယ်

မာန်ထိုက် ငါ မင်း ကို မေးချင်တာ ရှိလို့ မင်းငါ့ကို ရေခဲရည်နဲ့တော့ ထပ်မပတ်နဲ့....

ခုနက ရေခဲရည်ထိပြီးကတည်းက ငြိမ်နေသော
ငမှန်က ခုမှစကားဝိုင်းထဲပါလာသည်

မာန်ထိုက် လက်က ဆေးလိပ် ကို ချေပြီး ပြာခွက် ထဲ ထည့်လိုက်သည်... ပြီးမှ ခေါင်း ဆက်ပြလိုက်သည်... ပြောဆိုတဲ့သဘော မျိုး...ပင်

ဟို...မာန်ထိုက်... မင်းဟာက မိန်းကလေးကြိုက်တာရောဟုတ်ရဲ့လား....မင်း လက်ထပ်ရင် မိန်းမပဲယူမှာလား....

ချက်ချင်း ဆိုသလို....ဝဏ နဲ့စိုင်း တို့က ငမှန်လက်မောင်းကို စနောက်တဲ့သဘောမျိုးဖြင့် တစ်ယောက် တစ်ဖက် ထိုးလိုက်ကြသည်

အား..နာတယ် ကွ.. ခွေးကောင်တွေရ...

ဟား..ဟား...မင်းပြောလိုက်ရင် အဆန်းတွေချည်းပဲ ငမှန်.... ဒီကောင်ဒီလောက် မိန်းမ တွေနဲ့ တွဲတာ မြင်ရဲ့သားနဲ့ ဘာတွေမေးနေမှန်းမသိဘူး...
စိုင်းနဲ့ ဝဏ တို့ကတော့ပြောပြီး ပုံမှန်အတိုင်း ဆက်သောက်နေလိုက်သည်

မာန်ထိုက်က တော့ ငမှန်စကားကြားပြီး တွေဝေပြီးစဉ်းစားရခက်တဲ့ မျက်လုံးမျိုးဖြင့်ကြည့်နေလေသည်...

မင်းပြောတာ...ငါ က gay ဆိုတဲ့သဘောလား....
ငါ မိန်းကလေး တွေနဲ့ ဒီလောက် တွဲနေတောင် မှလေ...
စဉ်းစားပြီးပြော... straight ရေမရောဘူး....

ငါလည်း ဒီတိုင်းသိချင်လို့မေးလိုက်တာ... မင်းပြောသလိုပေါ့ straightဆိုတော့လည်း...

ငမှန် မင်းမူးနေပြီးလား... မင်းပါးစပ်က ထွက်တဲ့စကားလုံးတွေတောင် ငါတို့ နားမလည်နိုင်တော့ဘူး...

ဝဏနဲ့စိုင်းတို့က တစ်ယောက်ခေါင်းတစ်ယောက် ပူးကာ ခုံပေါ်မှောက်ကုန်ကြသည်....

ခွေးကောင်တွေ ငါ့ကျပြောပြီး သူတို့ပဲ စွတ်သောက်နေကြတာ...ခုတော့ မင်းတို့အဖေ ငါက ပဲ အိမ်ပြန်ခေါ်သွားရတော့မယ်....တကယ့်
ခွေးသူတောင်းစားတွေ

မာန်ထိုက်... ငါ ပြန်တော့မယ် ဒီခွေးကောင်တွေကိုလည်း ပြန်ပို့ပေးရအုံးမယ်... မင်းလည်း စွတ်သောက်မနေနဲ့...မင်းမှောက် ရင် ငါလည်းမရှိဘူး...

အေး..ငါ့ဟာငါ ပြန်နိုင်တယ်... ဒီနှစ်ကောင်ပဲ မင်းလိုက်ပို့လိုက်

ဒါဆို ငါသွားပြီး...

ချီး.ပဲ လေးလိုက်တာ...ခွေးသူတောင်းစားနှစ်ကောင်...

ငမှန်တစ်ယောက် စိုင်းနဲ့ ဝဏ ကို ဘယ်ညာ တွဲခေါ် ပြီး club ထဲ က ထွက်လာခဲ့ရသည် ...
သူတို့ သူငယ်ချင်း လေးယောက် က အထက်တန်းတတ်ကတည်းက ခင်လာကြတာဖြစ်သည်.. အစကတော့ ငမှန်က မာန်ထိုက် တို့ နဲ့ အပေါင်းအသင်း မလုပ်ခဲ့ပေ... ဘာကြောင့်ဆို သူတို့သုံးယောက် က အထက်တန်း စတတ်ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သောကြောင့်ပင်... ငမှန်က အတန်းထဲ မှာ စာဂျပိုးပင်..
မာန်ထိုက် စိုင်း နဲ့ ဝဏ တို့ကတော့ အားရင် အားသလို အမြဲ အတန်းလစ် နေကြ... ကျောင်းက ဆရာ ဆရာမ တွေတောင် လက်မြှောက် ထားရလောက်အောင်... ကျောင်းအုပ်ကြီး ကိုယ်တိုင်တောင် သိနေပေမဲ့ မာန်ထိုက် တို့ကို ဘာမှပြောခဲ့ခြင်းမရှိ.... အဓိက က ငွေပဲလေ... ကျောင်းအတွက် လိုအပ်တဲ့ထောက်ပံ့ကြေးတွေကို မာန်ထိုက်အဖေ ဉီးထိုက်ဟန် က လစဉ် ထောက်ပံ့နေခြင်းကြောင့်သာ..ဝဏ နဲ့ စိုင်း တို့ရဲ့ မိဘ တွေက ဉီးထိုက်ဟန် ကုမ္ပဏီ မှာ ရှယ်ယာ ဝင်ထားကြသူများဖြစ်သည်... ငမှန် မိဘတွေက တော့ သာမန်ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားကြသည်...ဟိုသုံးယောက် ထက်တော့ မချမ်းသာပေမဲ့ စာ ကို အသေအကြေ လုပ်နိုင်ဆုံးသူဖြစ်သည် ဆရာဝန်ဖြစ်ချင်တာတဲ့.... ရန်ပွဲ တွေဖြစ်ပြီးဆို ငမှန်လည်း မသက်သာတဲ့ အဆုံး ဝင်ပါဖြစ်ခဲ့တဲ့အခါတွေရှိသည်
အထက်တန်းတုန်းက သူတို့သုံးယောက် က ငမှန်ကို ကျောင်းမှာအနိုင်ကျင့် နေတဲ့ အုပ်စုက နေ ကယ်ခဲ့ပေးဖူးသည်... အဲ့ကစပြီး ဒီကောင်တွေနဲ့ပေါင်းဖြစ်ခဲ့တာ...အပြင်ပိုင်းမှာသာ သူတို့က ဆိုးသွမ်းမိုက်ရိုင်းတယ်ထင်ရပေမဲ့.. နောက်ပိုင်းပေါင်းကြည့်ရင် သူတို့လည်းသူတို့ပြသာနာတွေကြောင့်ဒီလိုဖြစ် လာတယ်ဆိုတာသိရတယ်....

အိမ်ကြီး ရဲ့ အတွင်းပိုင်းမှာ.... အလုပ်သမားများ သူတို့ အလုပ်သမားအဆောင်ပြန်ပြီးနားနေကြတဲ့အချိန်ဖြစ်သည် အချိန်သည်လည်း.. ည ၈နာရီ လောက်ရှိပြီးဖြစ်သည်...

မိသွယ်...ဒီနေ့ အကိုလေးခန့်မင်းနောက်ကျတယ်နော်..

အိမ်တော်ကြီးထဲ မှာ အိမ်အလုပ်သမား များအားလုံးအဆောင်သို့ပြန်သွားကြပေမဲ့ မိသွယ်နဲ့အေးမိတို့က တော့ အိမ်အောက်ထပ်ရဲ့ ခုံပုလေးပေါ်မှာ ထိုင်ပြီး စကားကောင်းနေကြသည်

ဟုတ်တယ်... အလုပ် မပြီးသေးလို့နေမှာ...
ငါ့ရဲ့အကိုလေး ခန့်မင်းက အလုပ်အရမ်းကြိုးစားတာဟ.. အန်ကယ်ရဲ့ ကုမ္ပဏီကို ဉီးဆောင် နိုင်အောင် ကြိုးစားနေတာ...

မိသွယ် မ တို့ကတော့ အကိုလေးခန့်မင်းအကြောင်းပြောရင် သွားကိုမပိတ်တော့ဘူး

ဒါနဲ့လေ မိသွယ် အကိုလေးခန့်မင်းနဲ့ အကိုလေးမာန်ထိုက် ဘာလို့မတည့်ကြတာလဲ.... နင်သိလား

အေးမိ မေးလိုက်တော့ မိသွယ် က သက်ပြင်းတစ်ချက်ချလိုက်ပြီး... ကိုယ်နေဟန်ထားကိုပြင်ကာ..အပီအပြင် ပြောပြတော့မဲ့ ပုံစံလိုပင်...

ဒါက ဒီလိုရှိတယ် အေးမိရဲ့..
ငါခုပြောတာ နင်ဘယ်သူမှ သွားမပြောနဲ့အုံး...

အေးပါ နင်ကလည်း...ငါသိချင်လို့မေးတာ..မပြောဘူးစိတ်ချ

အေး ဒါဆို ငါပြောတာနားထောင်
အကိုလေးမာန်ထိုက် ၁၆နှစ် အရွယ်မှာ အန်တီခင် က ဆုံးသွားခဲ့တယ်.. အန်တီခင်ဆိုတာ.. အကိုလေးမာန်ထိုက်ရဲ့အမေ... အန်တီခင် ဆုံးပါးသွားတာ နဲ့ပတ်သတ်ပြီး အကိုလေးမာန်ထိုက်က အကိုလေးခန့်မင်းကို သိပ်မကြည်ဘူး....ဘာလို့ဆို အဲ့နှစ်က အန်တီခင်ရဲ့ရောဂါအခြေအနေက အရမ်းဆိုးဝါး နေခဲ့တယ်... အန်ကယ်နဲ့ အကိုလေး
ခန့်မင်းတို့က အန်တီခင်ဘေးနားရှိမနေပေးခဲ့ဘူး... အကိုလေးခန့်မင်းက နိုင်ငံခြားမှာ ပညာသွားသင်ဖို့ ဆောင်ရွက်နေတဲ့အချိန်... ပြီးတော့အန်ကယ်ရဲ့ ကုမ္ပဏီကိုဉီးဆောင်ဖို့ အကိုလေးခန့်မင်းက အများကြီးကြိုးစားခဲ့ရတာ...အန်ကယ်ကတော့ သူ့အလုပ်တွေနဲ့မို့ အန်တီခင်ကို သိပ်အချိန်မပေးနိုင်ခဲ့ဘူး....အလုပ်အားတဲ့အချိန် တွေမှာတော့ အန်ကယ် က အန်တီခင်ကို ဆေးရုံတွေလိုက်ပို့ပေး ခဲ့ပါတယ်... ဒါမဲ့ အန်တီရဲ့အခြေအနေက ကုသလို့လုံးဝမရနိုင်ခဲ့ဘူး... အဲ့နှစ်မှာပဲ အန်တီခင် ဆုံးခဲ့တယ် နောက်တော့ အကိုလေးမာန်ထိုက် က အိမ်ကလူတွေနဲ့စကားသိပ်မပြောတော့ဘူး... ကျောင်းမှာလည်း အကိုလေးမာန်ထိုက်ရှာတဲ့
ပြသာနာကို အန်ကယ်လိုက်ရှင်းပေးနေရတာကြီးပဲ....အကိုလေးခန့်မင်းနဲ့တောင် မျက်နှာချင်းသိပ်မဆိုင်ဖြစ်ခဲ့ဘူး... ငါသိသလောက်တော့ အဲ့ဒါပဲ အေးမိရေ...

မိသွယ်... အကိုလေးမာန်ထိုက် က သနားဖို့ကောင်းတာပဲ

အေးမိ ကတော့ မိသွယ်ပြောတာကိုနားထောင်ပြီး..စိတ်မကောင်းဖြစ်သလို မျက်နှာအမူအရာလုပ်ပြနေလေရဲ့

အေးပါ ဟယ်...အေးမိတို့ကတော့ Kdramaကားထဲကလို မျက်ရည်တွေ အတောက်လိုက်ကျလာတော့မယ်ထင်တယ်...

အေးမိ...ကိုယ့်ကိုပဲ အရင်သနားစမ်းပါ..နင်ကလည်း...
မိသွယ်ပြောလိုက်တော့ ချင်ချင်းစိတ်မကောင်းဖြစ်တဲ့အမူအရာကနေ ပြုံးစိစိရုပ်သို့ပြောင်းသွားသောသူ

ဘာတွေ သနားနေကြတာလဲ... မိသွယ်

မိသွယ်နဲ့ အေးမိတို့စကားကောင်းနေကြတော့ အိမ်ထဲ ဝင်လာတဲ့ အကိုလေးခန့်မင်းကို မတွေ့ ကြချေ... အသံ လာရာကြည့်မှ အကိုလေးခန့်မင်းကိုမြင်တော့နှစ်ယောက်လုံးမတ်တပ်ထရပ်လိုက်ကြသည်

အကိုလေး..ခန့်မင်း... ပြန်ရောက်နေပြီးလား
မိသွယ်တို့ က စောင့်နေတာ အကိုလေးခန့်မင်းပြန်လာရင် ထမင်းခူးပေးဖို့...

အဖြူရောင် လက်ရှည် အကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီးနက်တိုင်ပါ တွဲဖက်ဝတ်ဆင်ထားသောသူမှာ အသက်၂၄နှစ်အရွယ်နဲ့မလိုက်ဖက်အောင်လူကြီးဆန်လွန်းလှသည်...ဆံပင် ကို သပ်တင်ထားပြီး လက်မှာလည်း Rolex နာရီ ပတ်ဆင်ထားကာရုံးလက်ဆွဲအိတ် ကို ကိုင်ဆွဲထားသေးသည်....

အပြင်က စားခဲ့ တယ်.. ..နောက်မစောင့်နဲ့တော့
ကိုယ့်ဘာသာ ကို စားလိုက်လို့ရတယ်...
မိသွယ် တို့သွားနားရင် သွားနားလိုက်တော့...

ဟုတ်... အကိုလေး

အကိုလေး အန်ကယ် က အခန်းထဲလာခဲ့ဖို့မှာထားသေးတယ်
မိသွယ်က ချင်ချင်းသတိရကာ အကိုလေးခန့်မင်းကို လှမ်းပြောလိုက်ချင်း...

အင်း သိပြီး...

ပြောပြီးပြီးချင်း. ..လှေကား အတိုင်း တတ်သွားလေတော့သည်

အိုး..ခစ်...ခစ်..

မိသွယ်တစ်ယောက် ထိုနေရာမှာတင် ငူငူကြီးမတ်တပ်ရပ်နေခဲ့သည်...

ဟဲ့မိသွယ်မ... နင်ကျောက်ရုပ်ဖြစ်သွားတာလား

အေးမိ ကျောကုန်းကို လှမ်းရိုက်မှ အသိစိတ်ဝင်လာသည့်ပုံ...

အား...နင်ဟာလေ... ငါဒီမှာ စိတ်ကူးယဉ်နေတာကို...

လာပါ မိသွယ်ရယ်... နင့်ကိုလည်းငါဆေးတိုက်မှဖြစ်တော့မယ်...

ဟင်... ဒီ. ..မသာ...နင်မပြေးနဲ့ အေးမိ...

ခန့်မင်း အပေါ် ထပ် အခန်း ဆီသို့ တတ်သွားပြီး အဖေရဲ့အခန်းရှေ့ရောက်တော့ ရပ်လိုက်ကာ ဝင်သွားခဲ့သည်...

အဖေ...အိပ်ပျော်နေပြီးလား....

ဘေးတစ်စောင်းလှဲနေသော အဖေ ကို တွေ့သဖြင့် အရင်မေးလိုက်ခြင်းသာ...
ခန့်မင်းအသံကြောင့်...ဉီးထိုက်ဟန်တစ်ယောက် ချောင်းဟန့်ကာ... ထ ထိုင်လိုက်သည်...

မအိပ်သေးဘူး... သားကို စောင့်နေတာ...

သားဒီနေ့နောက် ကျ တယ်...ကုမ္ပဏီအလုပ်မှာ အဆင်ပြေရဲ့လား

အင်း ပြေပါတယ်...အစည်းအဝေးကို ညပိုင်းမှရွေ့လိုက်တော့နောက်ကျသွားတာ...
အဖေ...ပြောစရာရှိတယ်ဆို...

အင်း... မနက်ဖြန် အဖေ ခရီးသွားစရာရှိတယ်..
အဖေလည်းအသက်အရွယ်ရလာတော့ ကိုယ့်မွေးရပ်မြေဖြစ်တဲ့ ရွာကို ပြန်ပြီး အလှူအတန်းလုပ်ပေးချင်လို့....သားရော လိုက်ခဲ့ချင်လား..

မနက်ဖြန် တော့ သားမအားလောက်ဘူး တဖက် က ဧည့်သည် တွေနဲ့ချိန်းထားလို့...အကယ်လို့အဖေလိုက်စေချင်ရင် သားဖျက်လိုက်မယ်

မလိုပါဘူး...အဖေ က သားကို အားမှလိုက်စေချင်တာ ...သားလည်းအလုပ်ထဲမှာပဲ ဝန်ပိနေမှာစိုးလို့

အဖေ.. မာန်ထိုက် ကို မေးကြည့်ပါလား.. သူမှာ လုပ်စရာမှမရှိတာ...

တော်ပါပြီး...သားညီအကြောင်းသားလည်းသိနေတာပဲ....အလှူအတန်းမပြောနဲ့ ဘုရားသွားဖို့ဆိုရင်တောင် အဲ့ကောင် ငရဲအိုးထဲခုန်ချခိုင်းနေတာကျနေတာပဲ... အသေအကြေငြင်းနေတာ...

အဖေ တစ်ယောက်တည်း...driverဖိုးလှ ကိုပဲခေါ်သွားတော့မယ်....

အဖေ တစ်ယောက်တည်းဖြစ်ပါ့မလား..
.မာန်ထိုက် မလိုက်ရင် ကျွန်တော်လိုက်ပေးပါ့မယ်

ဉီးထိုက်ဟန်က ဘေးနားစားပွဲခုံပေါ်က တရားစာအုပ်ကိုလှမ်းယူကာ သားခန့်မင်းကိုကြည့်လိုက်သည်....

မင်းအဖေ အကောင်းကြီးပဲရှိသေးတာ ခန့်မင်း...
စိတ်ချ..  ပါ...
သွားနားတော့.... အဖေလည်းတရားထိုင်တော့မယ်....

ဟုတ်အဖေ....

ခန့်မင်း ပြောပြီး အခန်းက ပြန်ထွက်ဖို့ပြင် တံခါးဝမှာခြေလှမ်းရပ်လိုက်သည်

အဖေ... မာန်ထိုက် ကို မပြောရသေးဘူးမလား

သားညီ က အိပ်မှမကပ်ဘဲ...  ခုတောင် ပြန်မလာသေးတာ...ထားလိုက်ပါ...မနက်ဖြန် အဖေတစ်ယောက်တည်း သွားလည်းဖြစ်တယ်...

ခန့်မင်းတစ်ယောက် အားမပါစွာ တံခါးပိတ်ပြီး.. သူရဲ့ အခန်းထဲသို့လေးလံစွာ ဝင်ခဲ့သည်
နောက်တော့ ကုတင်ပေါ် သို့ ခန္ဓာကိုယ်ကိုပစ်လှဲကာ ဘေးရှိ ဘောင်ခတ်ထားသော ဓာတ်ပုံ ကိုဆွဲယူကာ.... အတန်ကြာစိုက်ကြည့်နေခဲ့သည်....

ပါးပြင်တစ်ဖက်စီသို့...  အဖြူရောင် မျက်ရည်စများစီးကျကုန်သည်....ပါးစပ်ကလည်း တုန်ရီစွာ အမည်နာမတစ်ခုတည်းကိုသာ တ နေခဲ့သည်

....အမေ..

ဖတ်တဲ့လူနည်းနေသေးလို့မတင်ဖို့လုပ်ခဲ့ပေမဲ့
စောင့်နေကြတဲ့ဒါဒါလေးတွေရှိလို့တင်ပေးလိုက်တယ်နော်....
သာသာ့အရေးအသားညံံ့သွားရင်တောင်းပန်ပါတယ်နော်...ကြိုက်ရင်vote and flbackလုပ်ခဲ့ပေးနော် ဒါဒါလေးတို့

Zawgyi

မီးရောင်မှိန်မှိန်ဖြင့်အရောင်မျိုးစုံထွက်ပေါ်နေပြီး ဆူညံ နေသောDJ အသံများနှင့်ခုန်ပေါက်ကခုန်နေကြသော လူအများစုမှာ .... စိတ်လွတ်ကိုယ်လွတ်ပျော်ပါးနေကြသယောင်..... တချို့မှာလည်း VIPအခန်းထဲတွင် ဆေးရှူ ကြသောလူငယ်အုပ်စုများလည်းရှိသည်.. တချို့က တော့ မိန်းမကိစ္စအပျော်အပါးများကြောင့် ရောက်လာသောသူများလည်းရှိသည်....အရက်ဘီယာ wine နှင့်အခြားသော ပြည်ပ ဈေးကြီးအရက်များကိုလည်း သဘောကျလို့ လာသောက်ကြသူများလည်းရှိသည်... ဤclubမှာ မကောင်းတာမှန်သမျှအကုန်ရသော ကြောင့် လူငယ်တော်တော်များများ နေ့စဉ် မပြတ်ဝင်ထွက်သွားလာသောနေရာတစ်ခုဆိုလည်းမမှား.....









ကျစ်.....
မင်းတို့ကောင်တွေကွာ...

စကား များလိုက်တာ......




နားညီးတယ်....




ဟား...ဟား...ဟား...





ပျက်သွားပြီး...


ဘုန်း....


အားရာ....နာလိုက်တာ ဝဏရာ...














ခွေးသူတောင်းစားတွေ



ဒါဆို ငါသွားပြီး...






















ဟုတ်... အကိုလေး


အင်း သိပြီး...


အိုး..ခစ်...ခစ်..












အဖေ...ပြောစရာရှိတယ်ဆို...









စိတ်ချ..  ပါ...

ဟုတ်အဖေ....






....အမေ..

သာသာ့အရေးအသားညံ့သွားရင်တောင်းပန်ပါတယ်နော်...ကြိုက်ရင်vote and flbackလုပ်ခဲ့ပေးနော် ဒါဒါလေးတို့


Continue Reading

You'll Also Like

1.7M 101K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
51.6K 1.4K 20
Not your ordinary love story okay? First off my name I Bridget. I hate this guy who's name is Matthew. We both get out phones taken away during class...
3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
9.4K 1K 10
Zawgyi ဒါလေးကတော့UWMAထဲကTeamလေးရဲ့ မွေးနေ့အနေနဲ့ WinTeam Coupleလေးအကြောင်းကိုရေးထားတာ Universityကအရမ်းချစ် အရမ်းroတဲ့WinTeam coupleလေး👨‍❤️‍👨 (ဖတ်တဲ...