Unicode
ဤမှတ်တမ်းကို ရေးနေသည့်အချိန်တွင် စာရေးသူအနေဖြင့် ထိတ်လန့်စရာ ခြောက်ခြားစရာ အနေအထားတခုအတွင်း ရောက်ရှိနေသည် ဆိုတာကို ဦးစွာ သိစေလိုပါသည်။
အဘယ့်ကြောင့်ဆိုသော် ဤမှတ်တမ်းမှာ စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်တစ်ခု ဖြစ်နေသောကြောင့် ယခု လက်တွေ့ ထိတ်လန့်ခြောက်ခြားစရာတွေ့ကြုံနေရခြင်းပင်။
ထိုဖြစ်ရပ်မှန်ဟူသည်မှာကား ....
အစမှ တင်ပြရမည်ဆိုပါလျှင်
စာရေးသူသည် တက္ကသိုလ်ဆရာမ တစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ကျောင်းဝန်းထဲရှိ ဆရာမများအဆောင်တွင် နေထိုင်လေသည်။
ယခု Covid ကာလကြီး ဖြစ်သည်မို့ ကျောင်းများပိတ်ထားသော်လည်း တက္ကသိုလ်ဆရာမ ဘ၀ကတော့ ၂ ပတ် တက် ၂ ပတ်နား အလှည့်ကျ တာဝန်ဖြင့် ရုံးတက်နေရပါသည်။ သို့ပေမဲ့ ကျောင်းဝန်းအတွင်းတွင်တော့ ကျောင်းသူ ကျောင်းသားများလဲ မရှိပဲ တိတ်ဆိတ်ခြောက်ကပ်နေသကဲ့သို့ ဆရာဆရာမအဆောင်များတွင်လဲ ဟိုယခင်ကလောက် ဆရာဆရာမ
အင်အား မရှိတော့ပဲ ခြောက်တိခြောက်ကပ်ဖြင့်သာ ။
စာရေးသူ နေထိုင်သည့် ထိုဆရာမအဆောင်သည် ၄ ထပ်ဆောင်ကြီး ဖြစ်ကာ စာရေးသူကတော့ ၃ ထပ်မြောက်တွင် နေထိုင်ပါသည်။
အဆောင်သဘောအရ အခန်းချင်းကျောချင်းကပ်အနေအထား ၊ မျက်နှာချင်းဆိုင်အနေအထား စသည်ဖြင့် အခန်းပေါင်း မြောက်များစွာ ရှိပြီး စာရေးသူနေထိုင်သည့် ၃ ထပ်မြောက်တွင်လည်း စာရေးသူ၏ အခန်းနံပါတ်က ၉၂ ဖြစ်ပြီး ၁၀၁ အထိ အခန်းပေါင်း ၁၀ ခန်းအထိရှိသည်။ စာရေးသူ အခန်းနှင့် ကျောချင်းကပ်တွင်တော့ ၁၀၁ မှ ၁၁၁ ထိ ရှိသည်။ စာရေးသူအခန်းမှ မျက်စောင်းထိုးဘက်ခြမ်းတွင်လဲ ထိုနည်းတူစွာပင် ။
သို့သော် ထိုသို့ အခန်းတွေ များနေသော်လည်း နေထိုင်သည့် ဆရာမအရေအတွက်မှာ နည်းလေသည်။ စာရေးသူ တို့ ဘက်ခြမ်းတွင် စာရေးသူ၏ အခန်း ၉၂ နှင့် ၉၆ အခန်းတွင်သာ လူနေထိုင်ပြီး ကျန်အခန်းများမှာ လူမရှိပေ ။ အခန်း အလွတ်များသာ ။ တကယ့်ကို ခြောက်တိခြောက်ကပ် တိတ်တိတ်ဆိတ်ဆိတ်။ ယခင်ကဆိုလျှင်တော့ ရှိသမျှ အခန်းအားလုံး လူအပြည့် ဆူဆူညံညံ အသံများ ၊ စကားပြောသံ ၊ သီချင်းဖွင့်သံ စသည်ဖြင့် တကယ် စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင် ။ အနေအထားခြင်းတွေသည် ကွာခြားခဲ့လေပြီ ဖြစ်သည်။
သို့ပေမဲ့ စာရေးသူ ဒီ အဆောင်အတွင်း နေထိုင်ခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီမို့ နေသားတကျရှိလှပြီး ဖြစ်ပါသည်။ သို့အတွက် တစ်ယောက်ထဲလဲ အေးအေးဆေးဆေးသာ နေရဲခဲ့ပါသည်။
ရုံးမှ အဆောင်သို့ ပြန်ရောက်ရင် အခန်းတွင်းပဲနေကာ ဖုန်းသုံးချင်သုံး။ စာဖတ်စရာရှိတာဖတ်၊ စာရေးလိုလျှင်ရေး သီချင်းလေး တအေးအေးနှင့် ကိုယ့်သာသာကိုယ် အေးဆေးစွာ နေဖြစ်ခဲ့ပါသည်။ ကျန်သည့်အရာများအား သတိမထားဖြစ် ၊ ဂရုလဲ မစိုက်မိပေ ။
ထိုသို့နေလာခဲ့လျှင်လဲ ပြီးနေပြီလေ ၊ ဘာလို့ မထူးဆန်းဘဲ ဤမှတ်တမ်းအား ရေးနေသလဲဟု အမေးရှိခဲ့မည် ဆိုပါသော် ပြောပြလိုသည့် အကြောင်းအရာသည် ယခုမှ စတင်မည် ဖြစ်လေသောကြောင့်ပင်တည်း။
ထိုနေ့မနက်က အဆောင်မှူးမှ ကွန်ပျူတာစာစီစာရိုက် လုပ်ရန် အလိုဌာ စာရေးသူအား အကူအညီတောင်းခဲ့သောကြောင့် အဆောင်မှူး အခန်းဆီသို့ ရောက်ရှိခဲ့လေသည်။
စာရေးသူသည် ကွန်ပျူတာ ဆရာမ ဖြစ်လေသောကြောင့် ထိုသို့ စာစီစာရိုက်လုပ်ရန် အဆောင်မှူး မှ မကြာခဏ အကူအညီတောင်းလေသောကြောင့် လုပ်ပေးနေကြပင်ဖြစ်သည်။
ထို့ကြောင့် အဆောင်မှူး နှင့်ကလဲ ခင်မင်ရင်းနှီးနေသော အနေအထားပင်ဖြစ်လေသည်။ ဒါ့ကြောင့်လဲ သူမထံမှ ဤသို့ အကြောင်းအရာအား ရင်ဖွင့်လာခြင်းအပေါ် ကြားသိခွင့်ရခဲ့လေတော့သည်။
"အပေါ်ဆုံးအထပ်က ဆရာမတွေက သံဃာတော်တွေ ပင့်ပြီး ပရိတ်လေးဘာလေး ရွတ်ကြဖို့ တောင်းဆိုနေတယ် သိလား"
မိမိမှာ ကွန်ပျူတာကိုင်ပြီး စာစီစာရိုက်လုပ်နေသည့်အပေါ်သာ အာရုံစိုက်နေမိသည်မို့ ထိုသို့ သူမပြောလာသည့် အပေါ် အရေးတယူ အာရုံမထားလိုက်မိ။ ဒါ့ကြောင့်လဲ
"ဟုတ်လား တီချယ် ၊ ဘာလို့လဲဟင်" ဟုသာ ပေါ့ပေါ့ပါးပါးသာ မေးလိုက်မိသည်။
"သူတို့အပေါ်ဆုံးထပ်မှာ သရဲ ခြောက်လို့တဲ့"
"ရှင်"
သူမ၏ စကားအဆုံး မိမိမှာ အထိတ်အလန့် ဖြစ်သွားရသည်။
"အဲ့ဒါတွေကတော့ ရှိတတ်ကြတာပါပဲ သမီးရယ်"
အစချီပြီး သူမပြောနေပေမဲ့ မိမိနားထဲ ကြားတဝက် မကြားတဝက်။ အတွေးအာရုံက ယခင်က မိမိသတိထားလိုက်မိသည့် အကြောင်းအရာအပေါ်ပြန်ပြီး စဉ်းစားနေမိသည်။
တကယ်ဆို မိမိကိုယ်တိုင်လဲ မသင်္ကာစရာအရာကို ကြုံတွေ့ခဲ့လိုက်ဖူးသည် မဟုတ်လား။ ပြန်စဉ်းစားရင်း ထိုအကြောင်းအရာက အတွေးထဲဝယ် တဝဲလည်လည် ဖြစ်လာသည်။
=========
မိမိတို့ အဆောင်တွင် ထူးခြားတာတစ်ခုက ခွေးများစွာရှိလေရာ ည ၁၁ ဝန်းကျင်နှင့် ၁၁ ခွဲ ပတ်လည်အချိန်တွင် ထိုခွေးများသည် လွန်စွာ ကျယ်ကျယ်လောင်လောင်ဖြင့် အူတတ်ကြလေသည်။
ခွေးအားလုံးပြိုင်တူအူသည့် အသံများကအစ ကြက်သီးမွှေးညှင်းထစရာကောင်း၏။ ကြားနေကြ ဖြစ်လာသည်မို့သာ စိတ်ဝယ် အထူးအဆန်းတခုဟု မခံစားမိတော့ခြင်းသာ။ မဟုတ်ရင်ကား လွန်စွာ စိတ်ညစ်ညူးစရာလဲ ကောင်း၏။
စာရေးသူသည် ညညဆို ၁၂ နာရီကျော် ၁ နာရီထက်ပိုပြီးမှသာ အိပ်ဖြစ်ခဲ့သည်က များ၏ ။ ပုံမှန်အိပ်ချိန်လို ဖြစ်နေခဲ့တာ ကြာပြီဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က
ထိုသို့ ခွေးတွေ အူပြီးနောက် ၁၂ နာရီ ကျော်လောက်တွင် စာရေးသူ၏ နားထဲဝယ် မိမိဘေးကပ်ရပ် အခန်းကလိုလို ၊ ကျောချင်းကပ်အခန်းကလိုလို ၊ အပေါ်ထပ်အခန်းကလိုလို ဘယ်နေရာကမှန်း မသေချာ မသဲကွဲစွာဖြင့် အခန်းအတွင်း ခုံတွေ ချနေတဲ့ အသံ ၊ ဟိုရွှေ့ ဒီရွှေ့ တွန်း ဆွဲ လုပ်နေတဲ့အသံ ၊ တဒုန်းဒုန်းလုပ်ကာ သွားလာလှုပ်ရှားနေတဲ့ အသံတွေ ၂ မိနစ်မျှခန့် ကြားလိုက်မိသည်။
စိတ်ထဲမှာ ဘာလဲ ဟူ၍ ဇဝေဇဝါသာ ဖြစ်ခဲ့မိသည်။ စကြားမိမိချင်း မိုးခြိန်းသံလားဟုတောင် မသဲမကွဲ ထင်ခဲ့မိသေးသည်။
တခြားအတွေး သံသယနဲ့ ဘာစိုးရိမ်စိတ်မှ မဝင်မိခဲ့ ။ ဒီအတိုင်းသာမန်ပဲ သာ စိတ်ဝယ် ထားရှိခဲ့မိသည်။
ထိုကဲ့သို့ပဲ နောက် နှစ်ရက်ခြားလောက်တွင်လည်း
ထပ်မံကြားမိပြန်သည်။ ထိုအချိန်ကတော့ သေသေချာချာ နားစိုက်ထောင်ရင်း အတွေးတွေ ဖြန့်ကျက်သွားမိသည်။ ညနက်သန်းခေါင်မှ တဒုန်းဒုန်း တအုန်းအုန်းနဲ့ ဆူဆူညံညံ အသံတွေ ထွက်နေတာ
ပုံမှန်ရော ဟုတ်ရဲ့လား ဆိုသည့် အတွေးက ထိုကျမှသာ ဝင်လာခဲ့မိလေသည်။
ကြားနေရသည့်အသံအတိုင်း မိမိအပေါ်ထပ် အခန်းတည့်တည့်ကသာဆို ထိုအခန်းသည် ဘုရားခန်းမို့ လူမရှိ ။ ခုံတွေ စားပွဲတွေ ဟိုရွှေ့ဒီရွှေ့ မလုပ်နိုင်ရာ ။ အကယ်၍ ထိုအသံလာရာသည် မိမိနောက်ကျောကပ်ရပ်အခန်း (သို့မဟုတ်) ဘေးကပ်ရပ် အခန်းကဆိုလျှင်လည်း ထိုအခန်းတွေဝယ် ဘယ်သူမှမရှိ ၊ အခန်းလွတ်များသာ။ အဘယ်သို့မျှ ဒီအသံတွေ ထွက်လာစရာ အကြောင်းမရှိ။ နောက်တခုက အားလုံး အိပ်မောကျနေပြီ ဖြစ်တဲ့အချိန်။
အနေအထားသည်ကား လွန်စွာ တွေးတောစရာ ဖြစ်သွားလေတော့သည်။
ဒါ့ကြောင့် မှတ်မှတ်ရရ တွေးမိလိုက်သေးသည်။
ဟိုးအရင်က မေမေပြောပြသည့် အကြောင်းအရာတစ်ခုကို။
သူမတို့ ကျောင်းတက်တုန်းက ကျောင်းဖွင့်စဖို့ နေရပ်အသီးသီးမှ အဆောင်သို့ ရောက်ရောက်ချင်းညက မိမိနောက်ကျော အခန်းတွင် ထိုကဲ့သို့ ခုံရွှေ့သံ ၊ သွားလာသံတွေ ညံနေခဲ့ဖူး၍ "အော် ငါ့နောက်က အခန်းတော့ သူငယ်ချင်းတွေ ရောက်လာပြီပေါ့ ၊ မနက်ကျရင် သွားနှုတ်ဆက်ရမယ်" ဟု တွေးတောကြံစည်ခဲ့သမျှ မနက်ကျ ထိုအခန်းဝယ် ဘယ်သူမှ မရောက်သေးဘဲ အခန်းဗလာကြီးဖြစ်နေသည်ကို ကြုံတွေ့ခဲ့ရဖူးပြီး အဲ့ဒါ သရဲခြောက်တာပဲဟု မေမေပြောပြတာကို ပြန်ကြားမိယောင်မိလေတော့ အခုအခြေအနေကလဲ အဲ့သလိုများလားဟု တွေးမိကာ စိုးထိတ်ကြောက်လန့်စိတ် အနည်းငယ် ဝင်ရောက်လာမိခဲ့သေး၏။
=========
ယခုတွင်တော့ အဆောင်မှူး ပြောပြသည့် အကြောင်းအရာနှင့် စပ်ဆက်ကြည့်မည်ဆိုလျှင် မိမိကြားခဲ့ရသည့် ထိုအသံများသည်ကား သေချာပေါက် သရဲခြောက်လှန့်နေခြင်းပင်တည်း။
အမှန်တကယ်ဆို မိမိက ကြောက်လန့်စိတ်ကင်းကင်းနဲ့ နေခဲ့မိ၍သာ မတွေးခဲ့မိခြင်းပင် ။ လွန်ခဲ့သော ကာလတစ်ခုတုန်းကလဲ စာရေးသူနေသည့်အခန်းမှ အခြားအခန်း ၉ ခန်းကို ဖြတ်ကျော်ပြီးမှသာ သန့်စင်ခန်းက ရှိလေရာ ထိုသန့်စင်ခန်းမှ အပြန်တွင်လည်း
"ဖျတ်ဖျတ်ဖျတ်" ဆိုပြီး မိမိအနောက်မှ အလျှင်စလိုဖြင့် တစုံတယောက် အမြန်ပြေးလိုက်လာသကဲ့သို့ အသံအနေအထားမျိုး ကြားသိ ကြုံတွေ့ခဲ့ရဖူးသည်။
ထိုတုန်းကလဲ တချက်တော့ လန့်သွားမိပေမဲ့ အနောက်သို့ လှည့်ကြည့်မိတော့လဲ ဘာမှမတွေ့သည်မို့
သာမန်သာ ပေါ့ပေါ့ပါးပါးထားရင်း ကြောက်စိတ်မလွန်ကဲမိခဲ့ပေ ။
ယခုမူကား အရာအားလုံး စပ်ဆက်မိပြီး မိမိနေထိုင်ရာ ဝန်းကျင်တွင် ထိုအရာရှိနေလေသည်ဟုသည့် စိတ်က ကြီးစိုးသွားပြီ ဖြစ်လေသည်။
ထို့ကြောင့်လဲ အဆောင်မှူးထံမှ သိရှိပြီးချင်း ညကဆို ကြောက်လန့်စိတ်နဲ့အတူ သန်းခေါင်ကျော်ထိ မနေရဲတော့သည်မို့ ၁၁ နာရီလောက်ဆို မရရအောင်အိပ်မယ် ဟု ကြံစည်ကာ ကြိုးစားကြိတ်မှိတ်အိပ်ခဲ့လေ၏ ။
သို့သော် ကြောက်ပါတယ်ဆိုမှပဲ ကံဆိုးချင်တော့ စောစောအိပ်လိုက်မိပေမဲ့ စိတ်မလုံတာကြောင့်ပဲလားမသိ၊ ည ၂ နာရီလောက်ဝယ် လန့်နိုးလာမိပြန်သည်။
အတင်းစောင်ထဲထိုးပြီး ပြန်အိပ်ပေမဲ့ မျက်စိက ကြောင်သွားပြီး အိပ်မရတော့ ။ အခုချိန် အသံပလံ တခုခုကြားလျှင် ဒုက္ခပဲ တွေးရင်း ကြောက်စိတ်က ဖြဲခြောက်နေလေ၏ ။
သို့ပေမဲ့ မျက်စိအတင်းမှိတ်ပြီး အိပ်လေလေအတွေးတွေက မှောင်မိုက်ပြီး ပိုကြောက်လေလေမို့ အခြေအနေက ဆိုးသထက် ဆိုးလာသည်။ ဒါ့ကြောင့် မီးပြန်ဖွင့်ထားပြီး လင်းလင်းချင်းချင်းထဲ အိပ်ရာထဲဝယ် ဖုန်းတလုံးဖြင့် Fic သာ ဖတ်နေခဲ့မိတော့၏ ။ ဇာတ်လမ်းထဲ စိတ်က မျောပါသွားတော့ ကြောက်စိတ် အတန်ငယ်လျော့၏။ ဟိုတွေး ဒီတွေး မတွေးဖြစ်တော့ ။ Completed Fic ၂ ပုဒ်လောက်လဲ ဖတ်အပြီး အချိန်အားဖြင့်လဲ မနက် ၃ ခွဲ ၊ ၄ နာရီ ဝန်းကျင် ရောက်ခဲ့လေ၏။ ထိုအခါမှသာ မျက်လုံးများက ပြန်လည်မှေးစင်းလားပြီး အိပ်ပျော်ခြင်းသို့ ရောက်ခဲ့လေတော့၏ ။
ထိုကဲ့သို့ စသိသိချင်း ညကတော့ အကြောက်လန့်ဆုံး ဖြစ်ခဲ့ပေမဲ့ အခုတွင်တော့ စိတ်က အနည်းငယ် သက်သာရာ ရခဲ့ပြီ ဖြစ်ပါသည်။
မေတ္တာသုတ်ရွတ်ရင် ထိုကဲ့သို့သော အနှောက်အယှက် ကင်းပြီး စိတ်အေးချမ်းသာစွာ အိပ်စက်ရတယ် ဟူ၍ မေမေပြောတဲ့ လမ်းညွှန်မှုနဲ့အတူ ဘုရားစာသေချာရွတ်ပြီး မေတ္တာပို့ အမျှအတန်းပေးဝေကာ ပြုလုပ်ဖြစ်ခဲ့တော့ ယခုဆို နေရထိုင်ရတာ ကြောက်စိတ်တွေ လျော့ပါးပြီး စိတ်အေးချမ်းမှုတွေ လွှမ်းခြုံထားပြီ ဖြစ်ပါသည်။
ဒါ့ကြောင့်လဲ သရဲမှတ်တမ်း အဖြစ် ဤကိုယ်တွေ့အကြောင်းအရာလေးအား စာရေးသူ၏ အခန်းအတွင်းရှိ ကုတင်ပေါ်ဝယ် ထိုင်လျက်အနေအထားဖြင့် မှတ်တမ်းတင် ရေးသားလိုက်ရပါတော့သည်။
အဆောင်အတွင်းဝယ် ထူးခြားမှုတွေ ထပ်မံကြုံတွေ့ခဲ့ရရင်ဖြင့် ရှေ့ဆက်ဖော်ပြပေးမည် ဖြစ်သော်လည်း ဘာမှ မထူးခြားပါရစေနဲ့ဟုသာ တောင်းဆု ပြုလိုက်ရပါသည်။
ဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါသည်။
Cuttiehsumindooly
==========
Zawgyi
ဤမွတ္တမ္းကို ေရးေနသၫ့္အခ်ိန္တြင္ စာေရးသူအေနျဖင့္ ထိတ္လန႔္စရာ ေျခာက္ျခားစရာ အေနအထားတခုအတြင္း ေရာက္ရိွေနသည္ ဆိုတာကို ဦးစြာ သိေစလိုပါသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ ဤမွတ္တမ္းမွာ စာေရးသူ၏ ကိုယ္ေတြ့ျဖစ္ရပ္မွန္တစ္ခု ျဖစ္ေနေသာေၾကာင့္ ယခု လက္ေတြ့ ထိတ္လန႔္ေျခာက္ျခားစရာေတြ့ႀကံဳေနရျခင္းပင္။
ထိုျဖစ္ရပ္မွန္ဟူသည္မွာကား ....
အစမွ တင္ျပရမည္ဆိုပါလ်ွင္
စာေရးသူသည္ တကၠသိုလ္ဆရာမ တစ္ေယာက္ျဖစ္ၿပီး တကၠသိုလ္ေက်ာင္းဝန္းထဲရိွ ဆရာမမ်ားအေဆာင္တြင္ ေနထိုင္ေလသည္။
ယခု Covid ကာလႀကီး ျဖစ္သည္မို႔ ေက်ာင္းမ်ားပိတ္ထားေသာ္လည္း တကၠသိုလ္ဆရာမ ဘ၀ကေတာ့ ၂ ပတ္ တက္ ၂ ပတ္နား အလွၫ့္က် တာဝန္ျဖင့္ ရံုးတက္ေနရပါသည္။ သို႔ေပမဲ့ ေက်ာင္းဝန္းအတြင္းတြင္ေတာ့ ေက်ာင္းသူ ေက်ာင္းသားမ်ားလဲ မရိွပဲ တိတ္ဆိတ္ေျခာက္ကပ္ေနသကဲ့သို႔ ဆရာဆရာမအေဆာင္မ်ားတြင္လဲ ဟိုယခင္ကေလာက္ ဆရာဆရာမ
အင္အား မရိွေတာ့ပဲ ေျခာက္တိေျခာက္ကပ္ျဖင့္သာ ။
စာေရးသူ ေနထိုင္သၫ့္ ထိုဆရာမအေဆာင္သည္ ၄ ထပ္ေဆာင္ႀကီး ျဖစ္ကာ စာေရးသူကေတာ့ ၃ ထပ္ေျမာက္တြင္ ေနထိုင္ပါသည္။
အေဆာင္သေဘာအရ အခန္းခ်င္းေက်ာခ်င္းကပ္အေနအထား ၊ မ်က္ႏွာခ်င္းဆိုင္အေနအထား စသည္ျဖင့္ အခန္းေပါင္း ေျမာက္မ်ားစြာ ရိွၿပီး စာေရးသူေနထိုင္သၫ့္ ၃ ထပ္ေျမာက္တြင္လည္း စာေရးသူ၏ အခန္းနံပါတ္က ၉၂ ျဖစ္ၿပီး ၁၀၁ အထိ အခန္းေပါင္း ၁၀ ခန္းအထိရိွသည္။ စာေရးသူ အခန္းႏွင့္ ေက်ာခ်င္းကပ္တြင္ေတာ့ ၁၀၁ မွ ၁၁၁ ထိ ရိွသည္။ စာေရးသူအခန္းမွ မ်က္ေစာင္းထိုးဘက္ျခမ္းတြင္လဲ ထိုနည္းတူစြာပင္ ။
သို႔ေသာ္ ထိုသို႔ အခန္းေတြ မ်ားေနေသာ္လည္း ေနထိုင္သၫ့္ ဆရာမအေရအတြက္မွာ နည္းေလသည္။ စာေရးသူ တို႔ ဘက္ျခမ္းတြင္ စာေရးသူ၏ အခန္း ၉၂ ႏွင့္ ၉၆ အခန္းတြင္သာ လူေနထိုင္ၿပီး က်န္အခန္းမ်ားမွာ လူမရိွေပ ။ အခန္း အလြတ္မ်ားသာ ။ တကယ့္ကို ေျခာက္တိေျခာက္ကပ္ တိတ္တိတ္ဆိတ္ဆိတ္။ ယခင္ကဆိုလ်ွင္ေတာ့ ရိွသမ်ွ အခန္းအားလံုး လူအျပၫ့္ ဆူဆူညံညံ အသံမ်ား ၊ စကားေျပာသံ ၊ သီခ်င္းဖြင့္သံ စသည္ျဖင့္ တကယ္ စည္စည္ကားကား ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ။ အေနအထားျခင္းေတြသည္ ကြာျခားခဲ့ေလၿပီ ျဖစ္သည္။
သို႔ေပမဲ့ စာေရးသူ ဒီ အေဆာင္အတြင္း ေနထိုင္ခဲ့သည္မွာ ၂ ႏွစ္ေက်ာ္ခဲ့ၿပီမို႔ ေနသားတက်ရိွလွၿပီး ျဖစ္ပါသည္။ သို႔အတြက္ တစ္ေယာက္ထဲလဲ ေအးေအးေဆးေဆးသာ ေနရဲခဲ့ပါသည္။
ရံုးမွ အေဆာင္သို႔ ျပန္ေရာက္ရင္ အခန္းတြင္းပဲေနကာ ဖုန္းသံုးခ်င္သံုး။ စာဖတ္စရာရိွတာဖတ္၊ စာေရးလိုလ်ွင္ေရး သီခ်င္းေလး တေအးေအးႏွင့္ ကိုယ့္သာသာကိုယ္ ေအးေဆးစြာ ေနျဖစ္ခဲ့ပါသည္။ က်န္သၫ့္အရာမ်ားအား သတိမထားျဖစ္ ၊ ဂရုလဲ မစိုက္မိေပ ။
ထိုသို႔ေနလာခဲ့လ်ွင္လဲ ၿပီးေနၿပီေလ ၊ ဘာလို႔ မထူးဆန္းဘဲ ဤမွတ္တမ္းအား ေရးေနသလဲဟု အေမးရိွခဲ့မည္ ဆိုပါေသာ္ ေျပာျပလိုသၫ့္ အေၾကာင္းအရာသည္ ယခုမွ စတင္မည္ ျဖစ္ေလေသာေၾကာင့္ပင္တည္း။
ထိုေန့မနက္က အေဆာင္မွဴးမွ ကြန္ပ်ူတာစာစီစာရိုက္ လုပ္ရန္ အလိုဌာ စာေရးသူအား အကူအညီေတာင္းခဲ့ေသာေၾကာင့္ အေဆာင္မွဴး အခန္းဆီသို႔ ေရာက္ရိွခဲ့ေလသည္။
စာေရးသူသည္ ကြန္ပ်ူတာ ဆရာမ ျဖစ္ေလေသာေၾကာင့္ ထိုသို႔ စာစီစာရိုက္လုပ္ရန္ အေဆာင္မွဴး မွ မၾကာခဏ အကူအညီေတာင္းေလေသာေၾကာင့္ လုပ္ေပးေနၾကပင္ျဖစ္သည္။
ထို႔ေၾကာင့္ အေဆာင္မွဴး ႏွင့္ကလဲ ခင္မင္ရင္းႏွီးေနေသာ အေနအထားပင္ျဖစ္ေလသည္။ ဒါ့ေၾကာင့္လဲ သူမထံမွ ဤသို႔ အေၾကာင္းအရာအား ရင္ဖြင့္လာျခင္းအေပၚ ၾကားသိခြင့္ရခဲ့ေလေတာ့သည္။
"အေပၚဆံုးအထပ္က ဆရာမေတြက သံဃာေတာ္ေတြ ပင့္ၿပီး ပရိတ္ေလးဘာေလး ရြတ္ၾကဖို႔ ေတာင္းဆိုေနတယ္ သိလား"
မိမိမွာ ကြန္ပ်ူတာကိုင္ၿပီး စာစီစာရိုက္လုပ္ေနသၫ့္အေပၚသာ အာရံုစိုက္ေနမိသည္မို႔ ထိုသို႔ သူမေျပာလာသၫ့္ အေပၚ အေရးတယူ အာရံုမထားလိုက္မိ။ ဒါ့ေၾကာင့္လဲ
"ဟုတ္လား တီခ်ယ္ ၊ ဘာလို႔လဲဟင္" ဟုသာ ေပါ့ေပါ့ပါးပါးသာ ေမးလိုက္မိသည္။
"သူတို႔အေပၚဆံုးထပ္မွာ သရဲ ေျခာက္လို႔တဲ့"
"ရွင္"
သူမ၏ စကားအဆံုး မိမိမွာ အထိတ္အလန႔္ ျဖစ္သြားရသည္။
"အဲ့ဒါေတြကေတာ့ ရိွတတ္ၾကတာပါပဲ သမီးရယ္"
အစခ်ီၿပီး သူမေျပာေနေပမဲ့ မိမိနားထဲ ၾကားတဝက္ မၾကားတဝက္။ အေတြးအာရံုက ယခင္က မိမိသတိထားလိုက္မိသၫ့္ အေၾကာင္းအရာအေပၚျပန္ၿပီး စဉ္းစားေနမိသည္။
တကယ္ဆို မိမိကိုယ္တိုင္လဲ မသကၤာစရာအရာကို ႀကံဳေတြ့ခဲ့လိုက္ဖူးသည္ မဟုတ္လား။ ျပန္စဉ္းစားရင္း ထိုအေၾကာင္းအရာက အေတြးထဲဝယ္ တဝဲလည္လည္ ျဖစ္လာသည္။
=========
မိမိတို႔ အေဆာင္တြင္ ထူးျခားတာတစ္ခုက ေခြးမ်ားစြာရိွေလရာ ည ၁၁ ဝန္းက်င္ႏွင့္ ၁၁ ခြဲ ပတ္လည္အခ်ိန္တြင္ ထိုေခြးမ်ားသည္ လြန္စြာ က်ယ္က်ယ္ေလာင္ေလာင္ျဖင့္ အူတတ္ၾကေလသည္။
ေခြးအားလံုးၿပိဳင္တူအူသၫ့္ အသံမ်ားကအစ ၾကက္သီးေမႊးၫွင္းထစရာေကာင္း၏။ ၾကားေနၾက ျဖစ္လာသည္မို႔သာ စိတ္ဝယ္ အထူးအဆန္းတခုဟု မခံစားမိေတာ့ျခင္းသာ။ မဟုတ္ရင္ကား လြန္စြာ စိတ္ညစ္ၫူးစရာလဲ ေကာင္း၏။
စာေရးသူသည္ ညညဆို ၁၂ နာရီေက်ာ္ ၁ နာရီထက္ပိုၿပီးမွသာ အိပ္ျဖစ္ခဲ့သည္က မ်ား၏ ။ ပံုမွန္အိပ္ခ်ိန္လို ျဖစ္ေနခဲ့တာ ၾကာၿပီျဖစ္သည္။
လြန္ခဲ့ေသာ ရက္အနည္းငယ္က
ထိုသို႔ ေခြးေတြ အူၿပီးေနာက္ ၁၂ နာရီ ေက်ာ္ေလာက္တြင္ စာေရးသူ၏ နားထဲဝယ္ မိမိေဘးကပ္ရပ္ အခန္းကလိုလို ၊ ေက်ာခ်င္းကပ္အခန္းကလိုလို ၊ အေပၚထပ္အခန္းကလိုလို ဘယ္ေနရာကမွန္း မေသခ်ာ မသဲကြဲစြာျဖင့္ အခန္းအတြင္း ခံုေတြ ခ်ေနတဲ့ အသံ ၊ ဟိုေရႊ့ ဒီေရႊ့ တြန္း ဆြဲ လုပ္ေနတဲ့အသံ ၊ တဒုန္းဒုန္းလုပ္ကာ သြားလာလႈပ္ရွားေနတဲ့ အသံေတြ ၂ မိနစ္မ်ွခန႔္ ၾကားလိုက္မိသည္။
စိတ္ထဲမွာ ဘာလဲ ဟူ၍ ဇေဝဇဝါသာ ျဖစ္ခဲ့မိသည္။ စၾကားမိမိခ်င္း မိုးၿခိန္းသံလားဟုေတာင္ မသဲမကြဲ ထင္ခဲ့မိေသးသည္။
တျခားအေတြး သံသယနဲ႔ ဘာစိုးရိမ္စိတ္မွ မဝင္မိခဲ့ ။ ဒီအတိုင္းသာမန္ပဲ သာ စိတ္ဝယ္ ထားရိွခဲ့မိသည္။
ထိုကဲ့သို႔ပဲ ေနာက္ ႏွစ္ရက္ျခားေလာက္တြင္လည္း
ထပ္မံၾကားမိျပန္သည္။ ထိုအခ်ိန္ကေတာ့ ေသေသခ်ာခ်ာ နားစိုက္ေထာင္ရင္း အေတြးေတြ ျဖန႔္က်က္သြားမိသည္။ ညနက္သန္းေခါင္မွ တဒုန္းဒုန္း တအုန္းအုန္းနဲ႔ ဆူဆူညံညံ အသံေတြ ထြက္ေနတာ
ပံုမွန္ေရာ ဟုတ္ရဲ့လား ဆိုသၫ့္ အေတြးက ထိုက်မွသာ ဝင္လာခဲ့မိေလသည္။
ၾကားေနရသၫ့္အသံအတိုင္း မိမိအေပၚထပ္ အခန္းတၫ့္တၫ့္ကသာဆို ထိုအခန္းသည္ ဘုရားခန္းမို႔ လူမရိွ ။ ခံုေတြ စားပြဲေတြ ဟိုေရႊ့ဒီေရႊ့ မလုပ္ႏိုင္ရာ ။ အကယ္၍ ထိုအသံလာရာသည္ မိမိေနာက္ေက်ာကပ္ရပ္အခန္း (သို႔မဟုတ္) ေဘးကပ္ရပ္ အခန္းကဆိုလ်ွင္လည္း ထိုအခန္းေတြဝယ္ ဘယ္သူမွမရိွ ၊ အခန္းလြတ္မ်ားသာ။ အဘယ္သို႔မ်ွ ဒီအသံေတြ ထြက္လာစရာ အေၾကာင္းမရိွ။ ေနာက္တခုက အားလံုး အိပ္ေမာက်ေနၿပီ ျဖစ္တဲ့အခ်ိန္။
အေနအထားသည္ကား လြန္စြာ ေတြးေတာစရာ ျဖစ္သြားေလေတာ့သည္။
ဒါ့ေၾကာင့္ မွတ္မွတ္ရရ ေတြးမိလိုက္ေသးသည္။
ဟိုးအရင္က ေမေမေျပာျပသၫ့္ အေၾကာင္းအရာတစ္ခုကို။
သူမတို႔ ေက်ာင္းတက္တုန္းက ေက်ာင္းဖြင့္စဖို႔ ေနရပ္အသီးသီးမွ အေဆာင္သို႔ ေရာက္ေရာက္ခ်င္းညက မိမိေနာက္ေက်ာ အခန္းတြင္ ထိုကဲ့သို႔ ခံုေရႊ့သံ ၊ သြားလာသံေတြ ညံေနခဲ့ဖူး၍ "ေအာ္ ငါ့ေနာက္က အခန္းေတာ့ သူငယ္ခ်င္းေတြ ေရာက္လာၿပီေပါ့ ၊ မနက္က်ရင္ သြားႏႈတ္ဆက္ရမယ္" ဟု ေတြးေတာႀကံစည္ခဲ့သမ်ွ မနက္က် ထိုအခန္းဝယ္ ဘယ္သူမွ မေရာက္ေသးဘဲ အခန္းဗလာႀကီးျဖစ္ေနသည္ကို ႀကံဳေတြ့ခဲ့ရဖူးၿပီး အဲ့ဒါ သရဲေျခာက္တာပဲဟု ေမေမေျပာျပတာကို ျပန္ၾကားမိေယာင္မိေလေတာ့ အခုအေျခအေနကလဲ အဲ့သလိုမ်ားလားဟု ေတြးမိကာ စိုးထိတ္ေၾကာက္လန႔္စိတ္ အနည္းငယ္ ဝင္ေရာက္လာမိခဲ့ေသး၏။
=========
ယခုတြင္ေတာ့ အေဆာင္မွဴး ေျပာျပသၫ့္ အေၾကာင္းအရာႏွင့္ စပ္ဆက္ၾကၫ့္မည္ဆိုလ်ွင္ မိမိၾကားခဲ့ရသၫ့္ ထိုအသံမ်ားသည္ကား ေသခ်ာေပါက္ သရဲေျခာက္လွန႔္ေနျခင္းပင္တည္း။
အမွန္တကယ္ဆို မိမိက ေၾကာက္လန႔္စိတ္ကင္းကင္းနဲ႔ ေနခဲ့မိ၍သာ မေတြးခဲ့မိျခင္းပင္ ။ လြန္ခဲ့ေသာ ကာလတစ္ခုတုန္းကလဲ စာေရးသူေနသၫ့္အခန္းမွ အျခားအခန္း ၉ ခန္းကို ျဖတ္ေက်ာ္ၿပီးမွသာ သန႔္စင္ကခန္း
ရိွေလရာ ထိုသန႔္စင္ခန္းမွ အျပန္တြင္လည္း
"ဖ်တ္ဖ်တ္ဖ်တ္" ဆိုၿပီး မိမိအေနာက္မွ အလ်ွင္စလိုျဖင့္ တစံုတေယာက္ အျမန္ေျပးလိုက္လာသကဲ့သို႔ အသံအေနအထားမ်ိဳး ၾကားသိ ႀကံဳေတြ့ခဲ့ရဖူးသည္။
ထိုတုန္းကလဲ တခ်က္ေတာ့ လန႔္သြားမိေပမဲ့ အေနာက္သို႔ လွၫ့္ၾကၫ့္မိေတာ့လဲ ဘာမွမေတြ့သည္မို႔
သာမန္သာ ေပါ့ေပါ့ပါးပါးထားရင္း ေၾကာက္စိတ္မလြန္ကဲမိခဲ့ေပ ။
ယခုမူကား အရာအားလံုး စပ္ဆက္မိၿပီး မိမိေနထိုင္ရာ ဝန္းက်င္တြင္ ထိုအရာရိွေနေလသည္ဟုသၫ့္ စိတ္က ႀကီးစိုးသြားၿပီ ျဖစ္ေလသည္။
ထို႔ေၾကာင့္လဲ အေဆာင္မွဴးထံမွ သိရိွၿပီးခ်င္း ညကဆို ေၾကာက္လန႔္စိတ္နဲ႔အတူ သန္းေခါင္ေက်ာ္ထိ မေနရဲေတာ့သည္မို႔ ၁၁ နာရီေလာက္ဆို မရရေအာင္အိပ္မယ္ ဟု ႀကံစည္ကာ ႀကိဳးစားႀကိတ္မိွတ္အိပ္ခဲ့ေလ၏ ။
သို႔ေသာ္ ေၾကာက္ပါတယ္ဆိုမွပဲ ကံဆိုးခ်င္ေတာ့ ေစာေစာအိပ္လိုက္မိေပမဲ့ စိတ္မလံုတာေၾကာင့္ပဲလားမသိ၊ ည ၂ နာရီေလာက္ဝယ္ လန႔္ႏိုးလာမိျပန္သည္။
အတင္းေစာင္ထဲထိုးၿပီး ျပန္အိပ္ေပမဲ့ မ်က္စိက ေၾကာင္သြားၿပီး အိပ္မရေတာ့ ။ အခုခ်ိန္ အသံပလံ တခုခုၾကားလ်ွင္ ဒုကၡပဲ ေတြးရင္း ေၾကာက္စိတ္က ၿဖဲေျခာက္ေနေလ၏ ။
သို႔ေပမဲ့ မ်က္စိအတင္းမိွတ္ၿပီး အိပ္ေလေလအေတြးေတြက ေမွာင္မိုက္ၿပီး ပိုေၾကာက္ေလေလမို႔ အေျခအေနက ဆိုးသထက္ ဆိုးလာသည္။ ဒါ့ေၾကာင့္ မီးျပန္ဖြင့္ထားၿပီး လင္းလင္းခ်င္းခ်င္းထဲ အိပ္ရာထဲဝယ္ ဖုန္းတလံုးျဖင့္ Fic သာ ဖတ္ေနခဲ့မိေတာ့၏ ။ ဇာတ္လမ္းထဲ စိတ္က ေမ်ာပါသြားေတာ့ ေၾကာက္စိတ္ အတန္ငယ္ေလ်ာ့၏။ ဟိုေတြး ဒီေတြး မေတြးျဖစ္ေတာ့ ။ Completed Fic ၂ ပုဒ္ေလာက္လဲ ဖတ္အၿပီး အခ်ိန္အားျဖင့္လဲ မနက္ ၃ ခြဲ ၊ ၄ နာရီ ဝန္းက်င္ ေရာက္ခဲ့ေလ၏။ ထိုအခါမွသာ မ်က္လံုးမ်ားက ျပန္လည္ေမွးစင္းလားၿပီး အိပ္ေပ်ာ္ျခင္းသို႔ ေရာက္ခဲ့ေလေတာ့၏ ။
ထိုကဲ့သို႔ စသိသိခ်င္း ညကေတာ့ အေၾကာက္လန႔္ဆံုး ျဖစ္ခဲ့ေပမဲ့ အခုတြင္ေတာ့ စိတ္က အနည္းငယ္ သက္သာရာ ရခဲ့ၿပီ ျဖစ္ပါသည္။
ေမတၲာသုတ္ရြတ္ရင္ ထိုကဲ့သို႔ေသာ အေနွာက္အယွက္ ကင္းၿပီး စိတ္ေအးခ်မ္းသာစြာ အိပ္စက္ရတယ္ ဟူ၍ ေမေမေျပာတဲ့ လမ္းၫႊန္မႈနဲ႔အတူ ဘုရားစာေသခ်ာရြတ္ၿပီး ေမတၲာပို႔ အမ်ွအတန္းေပးေဝကာ ျပဳလုပ္ျဖစ္ခဲ့ေတာ့ ယခုဆို ေနရထိုင္ရတာ ေၾကာက္စိတ္ေတြ ေလ်ာ့ပါးၿပီး စိတ္ေအးခ်မ္းမႈေတြ လႊမ္းၿခံဳထားၿပီ ျဖစ္ပါသည္။
ဒါ့ေၾကာင့္လဲ သရဲမွတ္တမ္း အျဖစ္ ဤကိုယ္ေတြ့အေၾကာင္းအရာေလးအား စာေရးသူ၏ အခန္းအတြင္းရိွ ကုတင္ေပၚဝယ္ ထိုင္လ်က္အေနအထားျဖင့္ မွတ္တမ္းတင္ ေရးသားလိုက္ရပါေတာ့သည္။
အေဆာင္အတြင္းဝယ္ ထူးျခားမႈေတြ ထပ္မံႀကံဳေတြ့ခဲ့ရရင္ျဖင့္ ေရ႔ွဆက္ေဖာ္ျပေပးမည္ ျဖစ္ေသာ္လည္း ဘာမွ မထူးျခားပါရေစနဲ႔ဟုသာ ေတာင္းဆု ျပဳလိုက္ရပါသည္။
ဖတ္ရႈေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါသည္။
Cuttiehsumindooly