Unicode
ထပ်မံဖော်ပြပေးလိုတာကတော့ စာရေးသူကိုယ်တိုင်ကြုံတွေ့သိရှိခဲ့ရတဲ့ အဖြစ်အပျက်လေး တခုပဲ ဖြစ်ပါတယ်။
ထိုအချင်းအရာ ဖြစ်တည်ရာနေရာလေးကတော့ ခုသင်္ကြန်ပိတ်ရက်တုန်းက စာရေးသူရောက်ရှိခဲ့တဲ့ တရားစခန်းလေးအတွင်းမှာပဲ ဖြစ်ပါတယ်။
စာဖတ်သူလေးများ မှတ်မိနေဦးမယ်ထင်ပါသည်။ သရဲမှတ်တမ်း တစ်ခုတွင်လဲ စာရေးသူကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်မှာ ထိုသို့ တရားစခန်းတခုကနေ အခြေတည်ပြီး သိရှိခဲ့ရတယ်ဆိုပြီးဖော်ပြခဲ့ဖူးပါသည်။ ယခုလဲနောက်ထပ်တခြား တရားစခန်းမှာ ထပ်မံသိရှိကြုံတွေ့ခဲ့ရခြင်းပင်။
ထိုအကြောင်းအရာကို စတင်၍ပြောပြရတော့မည်ဆိုရင်ဖြင့်....
စာရေးသူတို့ရောက်ရှိနေတဲ့ ရိပ်သာလေးသည်မြို့အစွန်တောတွင်းတနေရာတွင်ရှိလေသည်။ဘေးကတောင်အသွယ်သွယ်တွေ ကာရံပြီး သရက်ပင်နှင့်တခြားအပင်အစုစု ဝန်းရံလျက်ဖြင့်တကယ့်ကို ဆိပ်ငြိမ်အေးချမ်းသောနေရာလေးတစ်ခု ဖြစ်လေသည်။
ရိပ်သာသို့ ဝင်ဝင်ခြင်း ဝင်ပေါက်ကြီးကတော့ တခမ်းတနားဖြင့်ကြိုဆိုနေသလို စတွေ့တွေ့ချင်းယောဂီဆောင်များသည်လည်း ဘန်ဂလိုလေးများသဖွယ်တဆောင်နှင့်တဆောင်တသီးတသန့်လေး ထားသည်မို့ သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ်လေး ရှိလေ၏။
ဘန်ဂလိုစုစုပေါင်း ၃၀ နီးပါး ရှိပြီး လမ်းမ၏ တဖက်တချက်တွင်၁၅ဆောင်ခန့်စီဖြင့်အစီအရီ တည်ရှိလေသည်။ ဘန်ဂလိုတိုက်ခန်းလေးတွေရဲ့ ပုံစံကလဲ နတ်ဘုံနတ်နန်း ပြသာဒ်ဆောင်လေးတွေအလား ခမ်းနားသည်။ ထို့အပြင်အဆောင်လေးတွေရဲ့နာမည်ကိုလဲ ၂၄ ပစ္စည်း ပဋ္ဌာန်းဒေသနာတော်အရဟေတုပစ္စယောဆောင်၊ အာရမ္မဏပစ္စယောဆောင်စသည်ဖြင့်ခေါ်ဝေါ်ထားလေသည်။
စာရေးသူတို့နေခဲ့တဲ့ အဆောင်လေးကတော့ ဈာနပစ္စယောဆောင်လေး ဖြစ်လေသည်။ အဆောင်တခုအတွင်းယောဂီ ၇ယောက်မကအေးအေးချမ်းချမ်းနေထိုင်နိုင်သည်အထိ ကျယ်ဝန်းပြီး အိမ်သာရေချိုးခန်း ပြည့်ပြည့်စုံစုံပါဝင်လေသည်။
ယခုဖော်ပြခဲ့မိသလောက်အရ တရားစခန်းလေး၏ ပုံစံကို ထင်ရှားစွာ မြင်ယောင်မိပြီးလောက်ပြီဟု ယူဆမိပါသည်။
ထို့ကြောင့်ထူးဆန်းသည့်သရဲမှတ်တမ်း အကြောင်းအရာကို တင်ပြရတော့မည်ဆိုရင်ဖြင့်စာရေးသူတို့နေထိုင်သည့်ဈာနပစ္စယောဆောင်နှင့်ကပ်နေသည့်မဂ္ဂပစ္စယောဆောင်ကိုပဲ အဓိကထားပြောပြရတော့မည်ပင်ဖြစ်ပါသည်။
ထိုယောဂီအဆောင်လေးတွေ တည်ဆောက်တုန်းက တခန်းချင်းအားဖြင့်သိန်း၆၀ကျော်ကုန်ကျပြီး အလှူရှင်များစွာက တဆောင်ချင်းစီ သီးသန့်ကဗ္ဗည်းထိုးကာ လှူဒါန်းထားကြခြင်း ဖြစ်သည်။
ထို့ကြောင့်ထိုမဂ္ဂပစ္စယောဆောင်လေးရဲ့ မူရင်းအလှူရှင်က မြို့တွင်းဈေးထဲမှဈေးသူဈေးသားတဖွဲ့၏စုပေါင်းအလှူဟု သိရလေသည်။
အဘယ့်ကြောင့်ဤအကြောင်းအရာကို ရှင်းပြနေသလဲဆိုသော်ဤသရဲမှတ်တမ်းသည်ထိုအလှူရှင်နှင့်အဓိက သက်ဆိုင်နေခဲ့လေသောကြောင့်ပင်။
ယခုနေရာမှစတင်၍ ထိုအဆောင်တွင်နေထိုင်သည့်ယောဂီတယောက်ကြုံတွေ့ခဲ့ရပြီး သူ့အပေါင်းအသင်းများမှ စာရေးသူတို့ကိုပြောပြခဲ့သည့်အကြောင်းအရာကို သူမ၏ အမြင်အနေဖြင့်ဖော်ပြပေးပါတော့မည်။
ဖတ်ရှုကြလော့ကုန်။
****************
ည ၉ နာရီမှစတင်၍ စကားပြောဆိုခြင်း လမ်းလျှောက်ခြင်း အပြင်ထွက်သွားခြင်းများ မပြုလုပ်ရ ဟူသည့်တရားစခန်း၏ စည်းကမ်းအရယောဂီကိုယ်စီကိုယ်စီ မိမိနေထိုင်ရာ တိုက်ခန်းအဆောင်အတွင်း ဝင်ရောက်ကုန်ကြပြီမို့ ပတ်ဝန်းကျင်အနေအထားသည်တိတ်ဆိတ်ငြိမ်သက်ခြင်းတွေ ဖုံးလွှမ်းထားခဲ့လေပြီ ။
မိမိတို့လဲယာယီတည်းခိုနေထိုင်ရသည့်ယောဂီအဆောင်အတွင်း ဝင်ရောက်ကာ တံခါးများ ပြတင်းပေါက်များ လုံအောင်ပိတ်လို့ ကိုယ့်အိပ်ရာပေါ်တွင်စတင်လဲလျောင်းခြင်းသမှုကို ပြုလုပ်ခဲ့သည်။
မိမိတို့ အိပ်ဆောင်အတွင်းဝယ်တော့ယောဂီလေးယောက်သာ ရှိသေးသည်မို့လူအင်အားက နည်းသော်လည်းအေးအေးလူလူနဲ့ ကျယ်ကျယ်ဝန်းဝန်းတော့ ရှိသည်ဟု ဆိုရပေမည်။
တိတ်ဆိတ်နေသော ညအချိန်မို့ နာရီသံတွေ တချက်ချက်မြည်နေတာကအစ ပီပီသသကြားနေရသလို အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီး ည ၉ နာရီမှသည်၁၀ နာရီ ၊ ၁၀ နာရီမှသည်၁၁နာရီ စသည်ဖြင့်အချိန်တွေကုန်လွန်လာခဲ့ပြီဖြစ်သော်လည်း မိမိမှာတော့ အိပ်မပျော်နိုင်သေးပေ ။
၁၀ ရက်တရားစခန်း မှာ ပထမဆုံးရက်အနေနဲ့ အိပ်ရာအရွှေ့အပြောင်းမို့ အသားမကျသေးတာ ဖြစ်နိုင်သလိုစောစောအိပ်ကျင့်မရှိသည်မို့လဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းအဆင့်သို့ မရောက်ရှိသေးတာ ဖြစ်နိုင်လေသည်။
သို့သော အိပ်ပျော်အောင်ကြိုးစားပြီး အိပ်ရမည်မဟုတ်လား ။မနက်၄ နာရီ အမှီ ထနိုင်ဖို့ရာအတွက်။
စိတ်ကိုလျော့ပြီး တဖြေးဖြေးခြင်း အိပ်ပျော်ဖို့ရာအတွက်ကြိုးစားနေတုန်းမှာပဲ ကြားလိုက်ရတဲ့အသံက
"တော...တောက....တောက်...တဲ့"
ဖြေးဖြေးချင်းတိုးရာကနေ ကျယ်ကျယ်လောင်လောင်ပီပီသသအော်လေတဲ့တောက်တဲ့ကောင်ရဲ့အော်ဟစ်သံ တစ်သံ ။
"ဟင်... ဒီအခန်းနားမှာတောက်တဲ့ ရှိတယ်နဲ့တူတယ်"
တွေးရင်းမှေးစက်ထားတဲ့ မျက်ဝန်းတွေက ပြန်ပွင့်လာတယ်။
နဂိုကမှတောက်တဲ့တွေဆို ရွံကြောက်ဖြစ်လေတော့ ထိုအသံကြားပြီးစိတ်ညစ်ညူးမိသွားပြန်သည်။
ထို့နောက်တော့တောက်တဲ့အော်သံလဲ ငြိမ်သက်တိတ်ဆိတ်သွားပြီမို့ တဖန်ပြန်လည်တည်ငြိမ်သွားတဲ့ ညချမ်းယံအတွင်း လိုက်ပါ စီးမျောရင်းနဲ့ အိပ်စက်နိုင်အောင်ထပ်မံ အာရုံပြုကာထားလိုက်ပေတော့သည်။
အချိန်အားဖြင့်၁၂ ဝန်းကျင်ခန့်ရောက်လေတော့
"ဝူး.... အူး....အူး"
အူလေတဲ့ခွေးအူသံတွေ ။ ဆွဲဆွဲငင်ငင်နဲ့ ကျယ်ကျယ်လောင်လောင်။
နားထဲ မအီမသာ ကြားယောင်ရင်းကျောချမ်းသလို ခံစားမှုတော့ ဖြစ်လိုက်ပေမဲ့ အိပ်ပျော်လုစဲစဲလဲ ဖြစ်နေပြီဆိုတော့ စိတ်တွေကို ငြိမ်းချမ်းအောင်ပဲ ထားလိုက်တော့သည်။
အဲ့နောက်တော့သေချာပါတယ်ကျွန်မ အိပ်ပျော်သွားနိုင်ခဲ့လေပြီ။
________________________
အိပ်ပျော်နေတဲ့ ကျွန်မ ... တစုံတရာကို ခံစားလိုက်မိသည်မို့ အာရုံတွေ ပြန်ထကြွလာသလိုပင်။
မဟုတ်ဘူး .... မဟုတ်ဘူး ။ ဒါဟာ အိမ်မက်တခုဖြစ်မယ်ထင်ပါသည်။ ကျွန်မ အိပ်ရာက နိုးလာတာမဟုတ်ဘူး ။ အိမ်မက်တခုကိုကောင်းကောင်းကြီး မက်နေတာ ။ ဟုတ်တယ်မလားဟင်။
အသံတခု ၊ တချွတ်ချွတ်နဲ့ တိတိကျကျပြောရရင်ကျောက်စရစ်နဲ့ သဲနဲ့ရောနေတဲ့ ထိုနေရာကနေ အတင်း ရုန်းကန်ပြီးလျှောက်လာနေတဲ့ခြေသံတခု ၊ ကျွန်မတို့ အဆောင်ဘေးကနေ ထွက်ပေါ်လာတာ ။
တဖြေးဖြေးချင်း အခန်းဘေးမှသည်အခန်းရှေ့တည့်တည့်သို့ရောက်လာပုံပေါ်သည်။
ခြေသံတွေက တိကနဲ ရပ်တန့်သွားသည်။
ပြီးနောက်အခန်းတံခါးကြီးကို ဆွဲဖွင့်ဖို့ ကြိုးစားတဲ့အသံ ။
ပြီးတော့ ပြီးတော့ ကျွီကနဲ ပွင့်သွားတဲ့ တံခါးကြီး ။
ဘုရားရေ ....
ဘာကြီးလဲ ?
အခန်းရှေ့မှာ ... မဲမှောင်နေတဲ့ အမှောင်ထုကိုနောက်ခံထားပြီး အရှေ့မှာ ထင်းကနဲ မြင်သာနေတဲ့ လူ သဏ္ဍာန်အရိပ်အရောင်ကြီး ။
တိတိကျကျဆိုရင်ထိုအရာက မိန်းမတဦး ။ ဆံပင်ဖားလျားကြီးဖြင့်အခန်းရှေ့မှာ ရပ်ကာ ကျွန်မကို စူးစူးစိုက်စိုက်ကြီး ကြည့်နေတယ်။
ပြီးတော့ အခန်းထဲသို့ဖြေးဖြေးချင်း ဝင်ရောက်လာလေတဲ့ဟန်။
"ဟင့်အင်း ... မလာနဲ့ ....ကျေးဇူးပြု၍မလာပါနဲ့
ကျွန်မကြောက်တယ်"
စူးစူးဝါးဝါးအော်လိုက်သော်လည်း ဘာသံမှ ထွက်မလာ ။
မဟုတ်ဘူးလေ ၊ အဲ့လို မဖြစ်ရဘူး ၊ တခုခု လွဲချော်နေပြီထင်တယ်။
ကျွန်မရဲ့တခြားအပေါင်းအဖော်ယောဂီတွေ ၊ ထကြပါဦး ။ အဲ့လို မလုပ်ပါနဲ့ ။ ထကြည့်ကြပါဦး ။
အဘယ်သို့မျှ အသံကမထွက်။
မထွက်တဲ့အသံကို ထွက်အောင်ကြိုးစားပမ်းစား
အော်နေတဲ့ အချိန်မှာပဲ ကျွန်မအနားရောက်လာတဲ့ ထိုမိန်းမ ။ မဟုတ်ဘူး ထိုသရဲမ။
အနားသို့ရောက်လာတဲ့ ထိုသရဲမကို မကြည့့်ရဲကြည့်ရဲနဲ့ ကြည့်လိုက်မိတော့ မြင်မိတာကဒေါသမီးတောက်နေတဲ့ မျက်ဝန်းတစုံ ။
နောက်ပြီး ထိုသရဲမနှုတ်က ထွက်လာတဲ့ စကားသံက
" ထွက်သွား .... ငါ့အခန်းထဲက ထွက်သွား ၊ ဒါ့ငါ့အခန်း ....ခု ချက်ချင်း ထွက်သွား"
ထိုသို့သရဲမရဲ့ အော်သံကြောင့်ကြောက်အားလန့်အားဖြင့်တုန်ယင်နေတဲ့ ခန္ဓာက တဆတ်ဆတ်။
အခုချိန်ကြီး ကျွန်မက ဘယ်လိုလုပ်ထွက်သွားလို့ရမှာလဲ ။
အတွေးထဲ ထိုသို့တွေးမိသည်နှင့်နှုတ်က အလိုလိုထွက်လာသည်က
"မနက်ကျ ထွက်သွားပါ့မယ်နော်၊တောင်းပန်ပါတယ်၊တောင်းပန်ပါတယ်နော်.... ဟင့်....အဟင့်"
ထိုစကားသာ တဖွဖွရွတ်ရင်းဖြင့်။
ထိုသို့ ခယစွာတောင်းပန်စကားဆိုလိုက်တော့ကြောက်စရာကောင်းတဲ့ သရဲမမျက်လုံးက တြေဖြေးဒေါသတွေပြေလျော့သွားသလိုလို ၊
နောက်တော့ ငိုချလိုက်လေတဲ့ သရဲမသဏ္ဍာန်။
ပြီးနောက်ဖြေးဖြေးချင်း သရဲမပြောလာလေတဲ့
သူမ အတိတ်အကြောင်းအရာ ။
ကလေးမီးဖွားရင်းသေဆုံးသွားတယ်ဆိုတဲ့
သူမ အကြောင်း ။
ထိုသို့ သူမဇာတ်ကြောင်း ပြန်လည်ပြောပြပြီးနောက်တော့ အငိုတိတ်သွားသည်။
ပြီး ကျွန်မကို စူးစူးစိုက်စိုက်ပြန်ကြည့်လာသည်။
"ငါသွားတော့မယ်"
ခပ်တိုးတိုး စကားသံ ။
နောက်တော့ အခန်းအတွင်းမှ တဖြေးဖြေး ပြန်ထွက်သွားတော့မည့်ဟန်ပန်။
အဲ့လိုကနေ
တရှပ်ရှပ်နဲ့ သွားနေတဲ့ခြေသံတွေ ။
နောက်ဆုံးမှာတော့ ဝုန်း ကနဲ ပြန်ပိတ်သွားတဲ့ တံခါးမကြီး ။
" အား............. "
ထိုအချိန်မှာတော့
ဝူး....ဝူး....ဝါး ...ဝါးအော်ဟစ်သံတခုကသာ တိတ်ဆိတ်နေတဲ့ မိုးသောက်ယံကို ဖြိုခွဲပစ်လိုက်လေတော့သည်။
_____________________
"အမ ...အမ .. ဘာဖြစ်လို့လဲ ... သတိထားပါဦး"
ခြင်ထောင်အတွင်း အပြေးအလွှားဝင်လာကြရင်း ဝိုင်းပြီး လှုပ်နိုးတဲ့ အသံတွေကြောင့်ကျွန်မ လန့့်နိုးလာခဲ့လေသည်။
အိမ်မက်.... သည်လောက်ရှင်းရှင်းလင်းလင်းကြီးတွေ့ကြုံခဲ့ရတာက အိမ်မက်တစ်ခုတဲ့လား။
ဘေးနားမှာ ချထားတဲ့ရေဘူးထဲကနေရေတခွက်ငှဲ့ပြီး ကျွန်မကို တိုက်လာလေတော့ ထိုရေကို အဝသောက်ပြီးကြောက်စိတ်ပြေအောင်အားမွေးလိုက်ရသေးသည်။
ပြီးမှ ကျွန်မ ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြလိုက်တော့ကြောက်လန့်တုန်လှုပ်သွားတဲ့ အခန်းဖော်များ ။
သေချာတာကတော့ ထိုသရဲမသည်ဤအဆောင်ကိုဆောက်လုပ်လှူဒါန်းခဲ့သည့်အဖွဲ့ထဲမှ တယောက်ယောက်ဖြစ်မည်ပင်။ ထို့ကြောင့်လဲသေဆုံးကာနီးတွင်သူမ လှူဒါန်းခဲ့သည့်အဆောင်ကို စိတ်စွဲကာ မကျွတ်လွတ်ခြင်း ဟု သုံးသပ်လိုက်မိသည်။
မနက်ကျရင်တော့ ထိုသူမအတွက်အမျှအတန်းပေးဝေဖို့ လုပ်ဦးမှပါဟုတွေးထားမိရင်းဖြင့်သာ။
________________________
A/ N ထိုအန်တီပြောကြားချက်အရတော့ ထိုအခန်းမှာနေခွင့်ပြုပါဟုတောင်းပန်ပြီး အမျှအတန်းပေးဝေရင်း ဆက်နေခဲ့တော့နောက်ရက်တွေမှာ မခြောက်တော့ဘူးဟု ကြားသိခဲ့ရပါတယ်။
နောက်တော့ ၅ ရက်နဲ့ပဲ ရုံးပြန်တက်ရတော့မှာမို့ ထိုအန်တီက တရားစခန်းက ထွက်သွားပါတယ်။
အဲ့အချိန်ကျန်ရစ်ခဲ့တဲ့ အန်တီတွေက သူတို့ရဲ့ဘေးချင်းကပ်က စာရေးသူတို့ရဲ့အခန်းကိုပြောင်းလာမယ်လုပ်သေးပါတယ်။နောက်တော့တောင်းပန်စကားဆိုပြီး ထိုအခန်းမှာပဲ ဆက်နေဖြစ်သွားကြပါတယ်။
သို့သော်
သူတို့ ထိုအကြောင်းကို စာရေးသူတို့ထံပြောပြပြီးတဲ့နေ့မှာပဲ စာရေးသူရဲ့ အမေ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကတော့ ......
နောက်ထပ် Diary တခုမှာ ဖော်ပြပေးသွားပါမည်။
Cuttiehsumindooly
===========
Zawgyi
ထပ္မံေဖာ္ျပေပးလိုတာကေတာ့ စာေရးသူကိုယ္တိုင္ႀကံဳေတြ့သိရိွခဲ့ရတဲ့ အျဖစ္အပ်က္ေလး တခုပဲ ျဖစ္ပါတယ္။
ထိုအခ်င္းအရာ ျဖစ္တည္ရာေနရာေလးကေတာ့ ခုသႂကၤန္ပိတ္ရက္တုန္းက စာေရးသူေရာက္ရိွခဲ့တဲ့ တရားစခန္းေလးအတြင္းမွာပဲ ျဖစ္ပါတယ္။
စာဖတ္သူေလးမ်ား မွတ္မိေနဦးမယ္ထင္ပါသည္။ သရဲမွတ္တမ္း တစ္ခုတြင္လဲ စာေရးသူႀကံဳေတြ့ခဲ့တဲ့ အျဖစ္အပ်က္မွာ ထိုသို႔ တရားစခန္းတခုကေန အေျခတည္ၿပီး သိရိွခဲ့ရတယ္ဆိုၿပီးေဖာ္ျပခဲ့ဖူးပါသည္။ ယခုလဲေနာက္ထပ္တျခား တရားစခန္းမွာ ထပ္မံသိရိွႀကံဳေတြ့ခဲ့ရျခင္းပင္။
ထိုအေၾကာင္းအရာကို စတင္၍ေျပာျပရေတာ့မည္ဆိုရင္ျဖင့္....
စာေရးသူတို႔ေရာက္ရိွေနတဲ့ ရိပ္သာေလးသည္ၿမိဳ႔အစြန္ေတာတြင္းတေနရာတြင္ရိွေလသည္။ေဘးကေတာင္အသြယ္သြယ္ေတြ ကာရံၿပီး သရက္ပင္ႏွင့္တျခားအပင္အစုစု ဝန္းရံလ်က္ျဖင့္တကယ့္ကို ဆိပ္ၿငိမ္ေအးခ်မ္းေသာေနရာေလးတစ္ခု ျဖစ္ေလသည္။
ရိပ္သာသို႔ ဝင္ဝင္ျခင္း ဝင္ေပါက္ႀကီးကေတာ့ တခမ္းတနားျဖင့္ႀကိဳဆိုေနသလို စေတြ့ေတြ့ခ်င္းေယာဂီေဆာင္မ်ားသည္လည္း ဘန္ဂလိုေလးမ်ားသဖြယ္တေဆာင္ႏွင့္တေဆာင္တသီးတသန႔္ေလး ထားသည္မို႔ သူ႔ေနရာႏွင့္သူ သပ္သပ္ရပ္ရပ္ေလး ရိွေလ၏။
ဘန္ဂလိုစုစုေပါင္း ၃၀ နီးပါး ရိွၿပီး လမ္းမ၏ တဖက္တခ်က္တြင္၁၅ေဆာင္ခန႔္စီျဖင့္အစီအရီ တည္ရိွေလသည္။ ဘန္ဂလိုတိုက္ခန္းေလးေတြရဲ့ ပံုစံကလဲ နတ္ဘံုနတ္နန္း ျပသာဒ္ေဆာင္ေလးေတြအလား ခမ္းနားသည္။ ထို႔အျပင္အေဆာင္ေလးေတြရဲ့နာမည္ကိုလဲ ၂၄ ပစၥည္း ပ႒ာန္းေဒသနာေတာ္အရေဟတုပစၥေယာေဆာင္၊ အာရမၼဏပစၥေယာေဆာင္စသည္ျဖင့္ေခၚေဝၚထားေလသည္။
စာေရးသူတို႔ေနခဲ့တဲ့ အေဆာင္ေလးကေတာ့ ဈာနပစၥေယာေဆာင္ေလး ျဖစ္ေလသည္။ အေဆာင္တခုအတြင္းေယာဂီ ၇ေယာက္မကေအးေအးခ်မ္းခ်မ္းေနထိုင္ႏိုင္သည္အထိ က်ယ္ဝန္းၿပီး အိမ္သာေရခ်ိဳးခန္း ျပၫ့္ျပၫ့္စံုစံုပါဝင္ေလသည္။
ယခုေဖာ္ျပခဲ့မိသေလာက္အရ တရားစခန္းေလး၏ ပံုစံကို ထင္ရွားစြာ ျမင္ေယာင္မိၿပီးေလာက္ၿပီဟု ယူဆမိပါသည္။
ထို႔ေၾကာင့္ထူးဆန္းသၫ့္သရဲမွတ္တမ္း အေၾကာင္းအရာကို တင္ျပရေတာ့မည္ဆိုရင္ျဖင့္စာေရးသူတို႔ေနထိုင္သၫ့္ဈာနပစၥေယာေဆာင္ႏွင့္ကပ္ေနသၫ့္မဂၢပစၥေယာေဆာင္ကိုပဲ အဓိကထားေျပာျပရေတာ့မည္ပင္ျဖစ္ပါသည္။
ထိုေယာဂီအေဆာင္ေလးေတြ တည္ေဆာက္တုန္းက တခန္းခ်င္းအားျဖင့္သိန္း၆၀ေက်ာ္ကုန္က်ၿပီး အလႉရွင္မ်ားစြာက တေဆာင္ခ်င္းစီ သီးသန႔္ကဗၺည္းထိုးကာ လႉဒါန္းထားၾကျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ထိုမဂၢပစၥေယာေဆာင္ေလးရဲ့ မူရင္းအလႉရွင္က ၿမိဳ႔တြင္းေဈးထဲမွေဈးသူေဈးသားတဖြဲ႔၏စုေပါင္းအလႉဟု သိရေလသည္။
အဘယ့္ေၾကာင့္ဤအေၾကာင္းအရာကို ရွင္းျပေနသလဲဆိုေသာ္ဤသရဲမွတ္တမ္းသည္ထိုအလႉရွင္ႏွင့္အဓိက သက္ဆိုင္ေနခဲ့ေလေသာေၾကာင့္ပင္။
ယခုေနရာမွစတင္၍ ထိုအေဆာင္တြင္ေနထိုင္သၫ့္ေယာဂီတေယာက္ႀကံဳေတြ့ခဲ့ရၿပီး သူ႔အေပါင္းအသင္းမ်ားမွ စာေရးသူတို႔ကိုေျပာျပခဲ့သၫ့္အေၾကာင္းအရာကို သူမ၏ အျမင္အေနျဖင့္ေဖာ္ျပေပးပါေတာ့မည္။
ဖတ္ရႈၾကေလာ့ကုန္။
****************
ည ၉ နာရီမွစတင္၍ စကားေျပာဆိုျခင္း လမ္းေလ်ွာက္ျခင္း အျပင္ထြက္သြားျခင္းမ်ား မျပဳလုပ္ရ ဟူသၫ့္တရားစခန္း၏ စည္းကမ္းအရေယာဂီကိုယ္စီကိုယ္စီ မိမိေနထိုင္ရာ တိုက္ခန္းအေဆာင္အတြင္း ဝင္ေရာက္ကုန္ၾကၿပီမို႔ ပတ္ဝန္းက်င္အေနအထားသည္တိတ္ဆိတ္ၿငိမ္သက္ျခင္းေတြ ဖံုးလႊမ္းထားခဲ့ေလၿပီ ။
မိမိတို႔လဲယာယီတည္းခိုေနထိုင္ရသၫ့္ေယာဂီအေဆာင္အတြင္း ဝင္ေရာက္ကာ တံခါးမ်ား ျပတင္းေပါက္မ်ား လံုေအာင္ပိတ္လို႔ ကိုယ့္အိပ္ရာေပၚတြင္စတင္လဲေလ်ာင္းျခင္းသမႈကို ျပဳလုပ္ခဲ့သည္။
မိမိတို႔ အိပ္ေဆာင္အတြင္းဝယ္ေတာ့ေယာဂီေလးေယာက္သာ ရိွေသးသည္မို႔လူအင္အားက နည္းေသာ္လည္းေအးေအးလူလူနဲ႔ က်ယ္က်ယ္ဝန္းဝန္းေတာ့ ရိွသည္ဟု ဆိုရေပမည္။
တိတ္ဆိတ္ေနေသာ ညအခ်ိန္မို႔ နာရီသံေတြ တခ်က္ခ်က္ျမည္ေနတာကအစ ပီပီသသၾကားေနရသလို အခ်ိန္ေတြ တေရြ့ေရြ့ကုန္ဆံုးၿပီး ည ၉ နာရီမွသည္၁၀ နာရီ ၊ ၁၀ နာရီမွသည္၁၁နာရီ စသည္ျဖင့္အခ်ိန္ေတြကုန္လြန္လာခဲ့ၿပီျဖစ္ေသာ္လည္း မိမိမွာေတာ့ အိပ္မေပ်ာ္ႏိုင္ေသးေပ ။
၁၀ ရက္တရားစခန္း မွာ ပထမဆံုးရက္အေနနဲ႔ အိပ္ရာအေရႊ့အေျပာင္းမို႔ အသားမက်ေသးတာ ျဖစ္ႏိုင္သလိုေစာေစာအိပ္က်င့္မရိွသည္မို႔လဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ျခင္းအဆင့္သို႔ မေရာက္ရိွေသးတာ ျဖစ္ႏိုင္ေလသည္။
သို႔ေသာ အိပ္ေပ်ာ္ေအာင္ႀကိဳးစားၿပီး အိပ္ရမည္မဟုတ္လား ။မနက္၄ နာရီ အမွီ ထႏိုင္ဖို႔ရာအတြက္။
စိတ္ကိုေလ်ာ့ၿပီး တေျဖးေျဖးျခင္း အိပ္ေပ်ာ္ဖို႔ရာအတြက္ႀကိဳးစားေနတုန္းမွာပဲ ၾကားလိုက္ရတဲ့အသံက
"ေတာ...ေတာက....ေတာက္...တဲ့"
ေျဖးေျဖးခ်င္းတိုးရာကေန က်ယ္က်ယ္ေလာင္ေလာင္ပီပီသသေအာ္ေလတဲ့ေတာက္တဲ့ေကာင္ရဲ့ေအာ္ဟစ္သံ တစ္သံ ။
"ဟင္... ဒီအခန္းနားမွာေတာက္တဲ့ ရိွတယ္နဲ႔တူတယ္"
ေတြးရင္းေမွးစက္ထားတဲ့ မ်က္ဝန္းေတြက ျပန္ပြင့္လာတယ္။
နဂိုကမွေတာက္တဲ့ေတြဆို ရြံေၾကာက္ျဖစ္ေလေတာ့ ထိုအသံၾကားၿပီးစိတ္ညစ္ၫူးမိသြားျပန္သည္။
ထို႔ေနာက္ေတာ့ေတာက္တဲ့ေအာ္သံလဲ ၿငိမ္သက္တိတ္ဆိတ္သြားၿပီမို႔ တဖန္ျပန္လည္တည္ၿငိမ္သြားတဲ့ ညခ်မ္းယံအတြင္း လိုက္ပါ စီးေမ်ာရင္းနဲ႔ အိပ္စက္ႏိုင္ေအာင္ထပ္မံ အာရံုျပဳကာထားလိုက္ေပေတာ့သည္။
အခ်ိန္အားျဖင့္၁၂ ဝန္းက်င္ခန႔္ေရာက္ေလေတာ့
"ဝူး.... အူး....အူး"
အူေလတဲ့ေခြးအူသံေတြ ။ ဆြဲဆြဲငင္ငင္နဲ႔ က်ယ္က်ယ္ေလာင္ေလာင္။
နားထဲ မအီမသာ ၾကားေယာင္ရင္းေက်ာခ်မ္းသလို ခံစားမႈေတာ့ ျဖစ္လိုက္ေပမဲ့ အိပ္ေပ်ာ္လုစဲစဲလဲ ျဖစ္ေနၿပီဆိုေတာ့ စိတ္ေတြကို ၿငိမ္းခ်မ္းေအာင္ပဲ ထားလိုက္ေတာ့သည္။
အဲ့ေနာက္ေတာ့ေသခ်ာပါတယ္ကြၽန္မ အိပ္ေပ်ာ္သြားႏိုင္ခဲ့ေလၿပီ။
________________________
အိပ္ေပ်ာ္ေနတဲ့ ကြၽန္မ ... တစံုတရာကို ခံစားလိုက္မိသည္မို႔ အာရံုေတြ ျပန္ထႂကြလာသလိုပင္။
မဟုတ္ဘူး .... မဟုတ္ဘူး ။ ဒါဟာ အိမ္မက္တခုျဖစ္မယ္ထင္ပါသည္။ ကြၽန္မ အိပ္ရာက ႏိုးလာတာမဟုတ္ဘူး ။ အိမ္မက္တခုကိုေကာင္းေကာင္းႀကီး မက္ေနတာ ။ ဟုတ္တယ္မလားဟင္။
အသံတခု ၊ တခြၽတ္ခြၽတ္နဲ႔ တိတိက်က်ေျပာရရင္ေက်ာက္စရစ္နဲ႔ သဲနဲ႔ေရာေနတဲ့ ထိုေနရာကေန အတင္း ရုန္းကန္ၿပီးေလ်ွာက္လာေနတဲ့ေျခသံတခု ၊ ကြၽန္မတို႔ အေဆာင္ေဘးကေန ထြက္ေပၚလာတာ ။
တေျဖးေျဖးခ်င္း အခန္းေဘးမွသည္အခန္းေရ႔ွတၫ့္တၫ့္သို႔ေရာက္လာပံုေပၚသည္။
ေျခသံေတြက တိကနဲ ရပ္တန႔္သြားသည္။
ၿပီးေနာက္အခန္းတံခါးႀကီးကို ဆြဲဖြင့္ဖို႔ ႀကိဳးစားတဲ့အသံ ။
ၿပီးေတာ့ ၿပီးေတာ့ ကြၽီကနဲ ပြင့္သြားတဲ့ တံခါးႀကီး ။
ဘုရားေရ ....
ဘာႀကီးလဲ ?
အခန္းေရ႔ွမွာ ... မဲေမွာင္ေနတဲ့ အေမွာင္ထုကိုေနာက္ခံထားၿပီး အေရ႔ွမွာ ထင္းကနဲ ျမင္သာေနတဲ့ လူ သ႑ာန္အရိပ္အေရာင္ႀကီး ။
တိတိက်က်ဆိုရင္ထိုအရာက မိန္းမတဦး ။ ဆံပင္ဖားလ်ားႀကီးျဖင့္အခန္းေရ႔ွမွာ ရပ္ကာ ကြၽန္မကို စူးစူးစိုက္စိုက္ႀကီး ၾကၫ့္ေနတယ္။
ၿပီးေတာ့ အခန္းထဲသို႔ေျဖးေျဖးခ်င္း ဝင္ေရာက္လာေလတဲ့ဟန္။
"ဟင့္အင္း ... မလာနဲ႔ ....ေက်းဇူးျပဳ၍မလာပါနဲ႔
ကြၽန္မေၾကာက္တယ္"
စူးစူးဝါးဝါးေအာ္လိုက္ေသာ္လည္း ဘာသံမွ ထြက္မလာ ။
မဟုတ္ဘူးေလ ၊ အဲ့လို မျဖစ္ရဘူး ၊ တခုခု လြဲေခ်ာ္ေနၿပီထင္တယ္။
ကြၽန္မရဲ့တျခားအေပါင္းအေဖာ္ေယာဂီေတြ ၊ ထၾကပါဦး ။ အဲ့လို မလုပ္ပါနဲ႔ ။ ထၾကၫ့္ၾကပါဦး ။
အဘယ္သို႔မ်ွ အသံကမထြက္။
မထြက္တဲ့အသံကို ထြက္ေအာင္ႀကိဳးစားပမ္းစား
ေအာ္ေနတဲ့ အခ်ိန္မွာပဲ ကြၽန္မအနားေရာက္လာတဲ့ ထိုမိန္းမ ။ မဟုတ္ဘူး ထိုသရဲမ။
အနားသို႔ေရာက္လာတဲ့ ထိုသရဲမကို မၾကၫ့္႔ရဲၾကၫ့္ရဲနဲ႔ ၾကၫ့္လိုက္မိေတာ့ ျမင္မိတာကေဒါသမီးေတာက္ေနတဲ့ မ်က္ဝန္းတစံု ။
ေနာက္ၿပီး ထိုသရဲမႏႈတ္က ထြက္လာတဲ့ စကားသံက
" ထြက္သြား .... ငါ့အခန္းထဲက ထြက္သြား ၊ ဒါ့ငါ့အခန္း ....ခု ခ်က္ခ်င္း ထြက္သြား"
ထိုသို႔သရဲမရဲ့ ေအာ္သံေၾကာင့္ေၾကာက္အားလန႔္အားျဖင့္တုန္ယင္ေနတဲ့ ခႏၶာက တဆတ္ဆတ္။
အခုခ်ိန္ႀကီး ကြၽန္မက ဘယ္လိုလုပ္ထြက္သြားလို႔ရမွာလဲ ။
အေတြးထဲ ထိုသို႔ေတြးမိသည္ႏွင့္ႏႈတ္က အလိုလိုထြက္လာသည္က
"မနက္က် ထြက္သြားပါ့မယ္ေနာ္၊ေတာင္းပန္ပါတယ္၊ေတာင္းပန္ပါတယ္ေနာ္.... ဟင့္....အဟင့္"
ထိုစကားသာ တဖြဖြရြတ္ရင္းျဖင့္။
ထိုသို႔ ခယစြာေတာင္းပန္စကားဆိုလိုက္ေတာ့ေၾကာက္စရာေကာင္းတဲ့ သရဲမမ်က္လံုးက ေၾတေျဖးေဒါသေတြေျပေလ်ာ့သြားသလိုလို ၊
ေနာက္ေတာ့ ငိုခ်လိုက္ေလတဲ့ သရဲမသ႑ာန္။
ၿပီးေနာက္ေျဖးေျဖးခ်င္း သရဲမေျပာလာေလတဲ့
သူမ အတိတ္အေၾကာင္းအရာ ။
ကေလးမီးဖြားရင္းေသဆံုးသြားတယ္ဆိုတဲ့
သူမ အေၾကာင္း ။
ထိုသို႔ သူမဇာတ္ေၾကာင္း ျပန္လည္ေျပာျပၿပီးေနာက္ေတာ့ အငိုတိတ္သြားသည္။
ၿပီး ကြၽန္မကို စူးစူးစိုက္စိုက္ျပန္ၾကၫ့္လာသည္။
"ငါသြားေတာ့မယ္"
ခပ္တိုးတိုး စကားသံ ။
ေနာက္ေတာ့ အခန္းအတြင္းမွ တေျဖးေျဖး ျပန္ထြက္သြားေတာ့မၫ့္ဟန္ပန္။
အဲ့လိုကေန
တရွပ္ရွပ္နဲ႔ သြားေနတဲ့ေျခသံေတြ ။
ေနာက္ဆံုးမွာေတာ့ ဝုန္း ကနဲ ျပန္ပိတ္သြားတဲ့ တံခါးမႀကီး ။
" အား............. "
ထိုအခ်ိန္မွာေတာ့
ဝူး....ဝူး....ဝါး ...ဝါးေအာ္ဟစ္သံတခုကသာ တိတ္ဆိတ္ေနတဲ့ မိုးေသာက္ယံကို ၿဖိဳခြဲပစ္လိုက္ေလေတာ့သည္။
_____________________
"အမ ...အမ .. ဘာျဖစ္လို႔လဲ ... သတိထားပါဦး"
ျခင္ေထာင္အတြင္း အေျပးအလႊားဝင္လာၾကရင္း ဝိုင္းၿပီး လႈပ္ႏိုးတဲ့ အသံေတြေၾကာင့္ကြၽန္မ လႏ့္႔ႏိုးလာခဲ့ေလသည္။
အိမ္မက္.... သည္ေလာက္ရွင္းရွင္းလင္းလင္းႀကီးေတြ့ႀကံဳခဲ့ရတာက အိမ္မက္တစ္ခုတဲ့လား။
ေဘးနားမွာ ခ်ထားတဲ့ေရဘူးထဲကေနေရတခြက္ငွဲ႔ၿပီး ကြၽန္မကို တိုက္လာေလေတာ့ ထိုေရကို အဝေသာက္ၿပီးေၾကာက္စိတ္ေျပေအာင္အားေမြးလိုက္ရေသးသည္။
ၿပီးမွ ကြၽန္မ ႀကံဳေတြ့ခဲ့ရတာေတြကို ျပန္ေျပာျပလိုက္ေတာ့ေၾကာက္လန႔္တုန္လႈပ္သြားတဲ့ အခန္းေဖာ္မ်ား ။
ေသခ်ာတာကေတာ့ ထိုသရဲမသည္ဤအေဆာင္ကိုေဆာက္လုပ္လႉဒါန္းခဲ့သၫ့္အဖြဲ႔ထဲမွ တေယာက္ေယာက္ျဖစ္မည္ပင္။ ထို႔ေၾကာင့္လဲေသဆံုးကာနီးတြင္သူမ လႉဒါန္းခဲ့သၫ့္အေဆာင္ကို စိတ္စြဲကာ မကြၽတ္လြတ္ျခင္း ဟု သံုးသပ္လိုက္မိသည္။
မနက္က်ရင္ေတာ့ ထိုသူမအတြက္အမ်ွအတန္းေပးေဝဖို႔ လုပ္ဦးမွပါဟုေတြးထားမိရင္းျဖင့္သာ။
________________________
A/ N ထိုအန္တီေျပာၾကားခ်က္အရေတာ့ ထိုအခန္းမွာေနခြင့္ျပဳပါဟုေတာင္းပန္ၿပီး အမ်ွအတန္းေပးေဝရင္း ဆက္ေနခဲ့ေတာ့ေနာက္ရက္ေတြမွာ မေျခာက္ေတာ့ဘူးဟု ၾကားသိခဲ့ရပါတယ္။
ေနာက္ေတာ့ ၅ ရက္နဲ႔ပဲ ရံုးျပန္တက္ရေတာ့မွာမို႔ ထိုအန္တီက တရားစခန္းက ထြက္သြားပါတယ္။
အဲ့အခ်ိန္က်န္ရစ္ခဲ့တဲ့ အန္တီေတြက သူတို႔ရဲ့ေဘးခ်င္းကပ္က စာေရးသူတို႔ရဲ့အခန္းကိုေျပာင္းလာမယ္လုပ္ေသးပါတယ္။ေနာက္ေတာ့ေတာင္းပန္စကားဆိုၿပီး ထိုအခန္းမွာပဲ ဆက္ေနျဖစ္သြားၾကပါတယ္။
သို႔ေသာ္
သူတို႔ ထိုအေၾကာင္းကို စာေရးသူတို႔ထံေျပာျပၿပီးတဲ့ေန့မွာပဲ စာေရးသူရဲ့ အေမ ႀကံဳေတြ့ခဲ့ရတဲ့ အျဖစ္ကေတာ့ ......
ေနာက္ထပ္ Diary တခုမွာ ေဖာ္ျပေပးသြားပါမည္။
Cuttiehsumindooly