Ghost Diary {Completed}

By cuttiehsumindooly

32.1K 4.8K 2.4K

ဒီ Diary လေးထဲမှာ သရဲခြောက်ခံရတာတွေနဲ့ ပက်သက်ပြီး စာရေးသူ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေနဲ့ ကြားဖူးနား... More

Note
Diary {1}
Diary {2}
Diary {4}
Diary {5}
Diary {6}
Diary {7}
Diary {8}
Diary {9}
Diary {10}
Diary {11}
Diary {12}
Diary {13}
Diary {14}
Diary {15}
Diary {16}
Diary {17}
Diary {18} - "လူဝင်စား"
Diary {19}
Diary {20}
Diary {21}
Diary {22} - "July 29"
Diary {23}
Diary {24}
Diary {25} - "Final"
ကျေးဇူးတင်လွှာ

Diary {3}

1.7K 273 141
By cuttiehsumindooly

Unicode

ဒီအပိုင်းလေးမှာ အစုံသုပ် လို့ပဲ ဆိုမလား စာရေးသူ ကြုံတွေသိရှိခဲ့တာတွေ ကြားဖူးနားဝရှိခဲ့တာတွေအကုန်ကို ပေါင်းစပ် ဖော်ပြပေးသွားပါ့မယ် ။

1) ဦးစွာဖော်ပြပေးမှာကတော့ သရဲခြောက်ခံရတဲ့ အကြောင်းအရာမဟုတ်သေးဘဲ ဗဟုသုတအနေနဲ့ လိုက်နာစရာ မှတ်သားစရာ ဇာတ်လမ်းလေးတစ်ခုကို တင်ပြပါ့မယ် ။

အပင်လေးတွေ နဲ့ ပက်သက်တဲ့ အကြောင်းပါ။

တစ်ခါတုန်းက ကျေးရွာလေး တရွာမှာ ကိုယ်ပိုင်ခြံဝန်းလေးထဲ သီးနှံပင်လေးတွေ စိုက်ပျိုးရင်း အေးချမ်းသာယာ ပျော်ရွှင်စွာနေတဲ့ ဇနီးမောင်နှံလေး ရှိသတဲ့ ။

သူတို့ဇနီးမောင်နှံမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးဖြစ်တဲ့ လသားအရွယ် သားငယ်လေးလဲရှိတော့ ပျော်စရာမိသားစုကမ္ဘာလေးလို့ ဆိုရမှာပေါ့ ။

သူတို့ ခြံဝန်းထဲမှာ သီးနှံစုံ စိုက်ထားပြီး အိမ်နောက်ဖေးမှာတော့ ငှက်ပျောပင်တွေ စိုက်ထားတယ်တဲ့လေ ။

ငှက်ပျောပင်တပင်ရဲ့ ခြေရင်းတဝိုက်မှာတော့ ရေပုံးတွေ ရေဇလုံကြီးတွေချပြီး ရေချိုးအဝတ်လျှော်ဖို့ နေရာလေးလုပ်ထားတယ်။

အဲ့ဒါအပြင် သားငါးဟင်းသီးဟင်းရွက် ဆေးတာကိုလဲ ထိုနေရာလေးမှာပဲ လုပ်တယ်တဲ့။

ပီးတော့ သားငါးဆေးရာကနေ ထွက်လာတဲ့ သွေးရည် အညစ်အကြေးတွေ ဘာတွေကိုလဲ ထိုငှက်ပျောပင်လေးကိုပဲ လှမ်းပက်သတဲ့လေ ။

အဲ့လိုကနေ အချိန်ကာလတွေ ကြာလာတဲ့အခါမှာ ထိုသွေးရည်တွေစုနေတဲ့ ငှက်ပျောပင်လေးဟာ မကောင်းတဲ့သွေးဓာတ်တွေ စီးဝင်ပါများပြီး အသက်ဝင်လာပါလေသတဲ့ ။ မကောင်းဆိုးဝါး အနေနဲ့ပေါ့ ။

အဲ့ဒါကို ထိုဇနီးမောင်နှံကတော့ မသိရှိခဲ့ပါဘူး။

ငှက်ပျောပင် မကောင်းဆိုးဝါးကတော့ အချိန်တိုင်း သွေးဆာပြီး ထိုဇနီးမောင်နှံရဲ့ သားငယ်လေးကို ဆွဲစားနိုင်မဲ့ အခွင့်အရေးကို ချောင်းနေခဲ့တယ် ။

တစ်နေမှာတော့ အမျိုးသားက အပြင်သွားနေ၊ ဇနီးက ငှက်ပျောပင်ခြေရင်းမှာ အဝတ်လျှော်နေပြီး သားလေးကတော့ အိမ်ရှေ့က ပုခတ်ထဲမှာ အိပ်ပျော်နေသတဲ့ ။

အဲ့အချိန်မှာပဲ ငှက်ပျောပင်ထဲက မကောင်းဆိုးဝါးက သူ့အတွက် အခွင့်ရေးကောင်းရလာပြီဆိုတော့ သူ့စွမ်းအားနဲ့ ထိုအိမ်ရှင်ဇနီးအဖြစ် အယောင်ဆောင်ကာ ကလေးရှိရာ ပုခတ်ဆီသွားပြီး ကလေးကို စားမလို့ ပွေ့ချီယူလိုက်သတဲ့လေ။

အဲ့အချိန်မှာပဲ ကံကောင်းချင်တော့ အိမ်ရှင်အမျိုးသား ပြန်ရောက်လာတယ် ။

ပြန်ရောက်လာလာချင်း သူမြင်လိုက်တာက ကလေးချီနေတဲ့ သူမိန်းမ နဲ့ အဝတ်လျှော်နေတဲ့ သူ့မိန်းမ ။ နှစ်ယောက် ဖြစ်နေတာကိုပေါ့ ။

အဲ့အချိန်မှာ သူတွေးမိတာက အိမ်ရှေ့မှာ ကလေးချီထားတဲ့ အမျိုးသမီးက သူ့မိန်းမအစစ် ဖြစ်ပြီး နောက်ဖေးမှာ အဝတ်လျှော်နေတာက သူ့မိန်းမအဖြစ် ဖန်ဆင်းထားတဲ့ မကောင်းဆိုးဝါးတွေဘာတွေသာ ဖြစ်မယ် ဆိုပီးတော့လေ။

အဲ့ဒါကြောင့် မဆိုင်းမတွ ချက်ချင်းပဲ လက်ထဲမှာပါလာတဲ့ လှံ နဲ့ အဝတ်လျှော်နေတဲ့ မိန်းမကို လှမ်းပစ်လိုက်လေသတဲ့...။

ဒါပေမဲ့

ကံသီတယ်လို့ပဲ ဆိုရလေမလား လက်က လွဲသွားပီး အဝတ်လျှော်နေတဲ့ သူမိန်းမဘေးက မကောင်းဆိုးဝါးဖြစ်နေတဲ့ ငှက်ပျောပင်ကြီးကိုသာ သွားမှန်လေတယ်။

အဲ့အချိန်မှာပဲ ငှက်ပျောပင်ထဲက သွေးအညစ်တွေ ပန်းထွက်လာကာ ချက်ချင်း ညိုးကျ သေဆုံးသွားပီး အိမ်ရှေ့က မိန်းမရဲ့ ခြောက်ခြားဖွယ်ရာ အော်သံနက်ကြီးလဲ တပြိုင်တည်း ပေါ်ထွက်လာပြီးနောက် ထိုအယောင်ဆောင် မကောင်းဆိုးဝါးပါ
တစစီ ပြိုကွဲ ပျောက်ကွယ်သွားပါသတဲ့။

အဲ့အခါမှပဲ သိခဲ့တာက ကလေးချီထားတဲ့မိန်းမကသာ ငှက်ပျောပင် မကောင်းဆိုးဝါးဆိုတာကိုပေါ့ ။

တကယ့်ကို ကံသီလို့သာပါပဲ။

ဒါ့ကြောင့် ရှေးလူကြီးတွေ ပြောခဲ့တာက သက်ရှိအပင်လေးတွေကို သွေးအညစ်အကြေးအရည်တွေနဲ့ မပက်ကောင်းဘူး တဲ့လေ။ အထူးသဖြင့် ငှက်ပျောပင်တွေကိုပေါ့။

ဒါလေးကတော့ မသိသေးတဲ့ စာဖတ်သူများ ရှိခဲ့ရင် ဗဟုသုတ ရစေခဲ့မယ် ထင်ပါတယ်။

•••••••••မှတ်တမ်း ••••••••

2) အခုကတော့ ကိုယ့်အသိ ဦးလေးတစ်ယောက် ကြုံခဲ့ရတဲ့ "သရဲနဲ့ဆုံတွေ့ခဲ့တဲ့ ညနေခင်း" ဆိုတဲ့ အကြောင်းလေး ပြောပြပါမယ်

ဟိုတုန်းက စာရေးသူက မန္တလေးမြို့မှာနေတာမဟုတ်ဘဲ နယ်မြို့လေးမှာနေခဲ့ဖူးပါတယ်။

အဲ့တုန်းက နေခဲ့ဖူးတဲ့ အိမ်လေးကို ရောက်ဖို့က လမ်းနှစ်သွယ်ရှိတယ်။

လမ်းမကြီးကနေသွားရင် ဝေးလို့ စာရေးသူတို့ကတော့ များသောအားဖြင့် ဖြတ်လမ်းကနေပဲ သွားခဲ့ကြတယ်။

အဲ့ဖြတ်လမ်းလေးကို သရက်လေးပင်လမ်းလို့ ခေါ်တယ် ။ ဘာလို့လဲဆိုတော့ လမ်းအလယ်လောက်မှာ သရက်ပင်လေးပင် ထင်ထင်ရှားရှား ရှိနေလို့ ။ လမ်းက အဖြောင့်ကြီးမဟုတ်ဘဲ အဲ့သရက်ပင်နားမှာမှ အကွေ့အကောက်လေး။ တောလမ်းလေးလိုပဲ ကျဉ်းကျဉ်းလေးရယ်။ သရက်ပင်အောက်မှာလဲ ခြုံပုတ်တွေလဲ ရှိပြီး သရက်ပင်ကြီးတွေကလဲ ကြီးကြီးမားမား အုပ်အုပ်စိုင်းစိုင်း ညို့ညို့မှိုင်းမှိုင်းကြီးပေါ့ ။

စာရေးသူကသာ အဲ့လမ်းသွားနေကျမို့သာ မကြောက်တာ ။ သူငယ်ချင်းတွေကို တခါတလေ အိမ်အလည်ခေါ်သွားလို့ အဲ့လမ်းကနေဖြတ်ရင် သူတို့ခဗျာ ကြောက်ကြတယ်။ လမ်းရဲ့ပုံစံကိုက လူသူကင်းမဲ့ တိတ်ဆိတ်ပြီး ခြောက်ခြားစရာကောင်းနေတာ ။

အဲ့မှာ ဒီလမ်းလေးနဲ့ ပက်သက်ပြီး ဘာထူးခြားသလဲဆိုတော့ အဲ့သရက်လေးပင်နားက
သရဲခြောက်တယ်လို့ အပြောများကြတာပါပဲ ။

ကိုယ်က အဲ့တုန်းက မကြောက်ခဲ့ဘူးရယ် ။ ခုမှ ပြန်တွေးရင်း ကြောက်နေမိတာ ။

ကဲ ခုစပြောတော့မယ်နော် ကိုယ့်အသိကြုံခဲ့တဲ့အကြောင်းကို။

တစ်နေ့ အဲ့ဦးလေးက မှောင်စပျိုးချိန် ညနေခင်းကြီးမှာပေါ့ အိမ်အတွက် အမဲသားစိမ်းတွေဝယ်ပြီး ပြန်လာသတဲ့လေ။

သူကလဲ မကြောက်မလန့်နော်။ညနေကြီး အသားစိမ်းတွေ သယ်လာရတယ်လို့။

အဲ့လိုနဲ့ သရက်လေးပင်နားရောက်တော့ ပထမသရက်ပင်ကို ကျော်သွားတော့အဟုတ် ဒုတိယအပင်နားလဲရောက်ရော အပင်ပေါ်ကနေ မဲမဲကြီးက ဝုန်းဆို ဆင်းချလာတယ်တဲ့လေ ။

မျက်နှာကတော့ အပြောင်လိုက်ကြီးဆိုပဲ ။ မျက်လုံး နှာခေါင်း ပါးစပ် ဘာမှ မပါဘူးပေါ့။

ပြီးနောက် သူ့လက်ထဲက အမဲသားထုပ်ကို လာလုပါလေရော။

သူလဲအစကတော့ ကြောင်ပြီး ကြက်သေသေသွားတယ်။ ပြီးမှ သတိဝင်ပြီး ပြန်လု တွန်းထိုးဆွဲ ၊ ကန်ကျောက် အစုံလုပ်ပစ်တော့တာပေါ့ ။ အဲ့အချိန်မှာ ပတ်ဝန်းကျင်တခုလုံးက တော်တော်မှောင်နေပီ။ မဲမဲလုံး ကုန်းကုန်းကွကွကြီး နဲ့ ရန်သတ်နေရသလို ဖြစ်နေတာပေါ့ ။ ထိုးကန်ကျောက်သာ လုပ်နေတာ ထိလားဆိုတော့လဲ မထိဘူးလေ။

အဲ့လိုကနေ အချိန်တော်တော်ကြာသည်အထိ အဲ့ဦးလေးကြီးကလဲ အလျော့မပေးပဲ အပြန်အလှန် ဆွဲလုနေတုန်း။

အဲ့မှာ လမ်းသွားလမ်းလာ လူ တစ်ယောက်စ နှစ်ယောက် ရောက်လာတော့မှ ထိုမဲမဲကြီးက ဗြုန်းဆို သစ်ပင်ပေါ် ပြန်တက်ပြေးသွားတာများ အစအနကို မမြင်ရတော့ဘူးတဲ့လေ။

ဦးလေးကြီးကတော့ သူလက်ထဲက အသားတွေ ပါမသွားလို့ ဂုဏ်ယူနေသလားတောင် မသိပါဘူး ။ အိမ်ပြန်ရောက်တော့ မြောက်ကြွမြောက်ကြွနဲ့ သူ့မိန်းမကို ကြွားတော့တာပေါ့ ။ ဒါပေမဲ့ သူ့ဇနီးကတော့ ထိုအကြောင်းတွေ သိပြီး သရဲလာဆွဲတဲ့ အမဲသားဆိုတော့ မစားရဲတော့လို့ လွှင့်ပစ်လိုက်ပါသတဲ့ ။

ကြားဖူးတာကတော့ အဲ့လိုသရဲ လာလုတဲ့အသားကို စားမိရင် သေတတ်တယ်ဆိုလားပဲ ။

စာရေးသူကတော့ ဒီအကြောင်းအရာတွေကို ထိုအန်တီကြီး ပြန်ပြောပြလို့ သိခဲ့ရခြင်းပါ ။

အဲ့တခဏတုန်းကတော့ ထိုသရက်ပင်တွေနားရောက်ရင် ကြောက်စိတ်ဝင်ခဲ့သေးတယ် ။ ဒါပေမဲ့ ကိုယ်တွေက မနက်ခင်းကျောင်းသွား နဲ့ ညနေစောကျောင်းပြန် ပဲ အဲ့ရှေ့က ဖြတ်တာဆိုတော့ နောက်ပိုင်းကျတော့လဲ ပုံမှန် ပြန်ဖြစ်သွားတာပါပဲ ။ မဖြတ်လို့လဲမရဘူး အဲ့လမ်းကသွားရင် မြန်တာကိုး။

ဒါပေမဲ့ စာရေးသူလဲ ထိုသရက်လေးပင်နားမှာ ကိစ္စတစ်ခုတော့ ကြုံခဲ့ဖူးတယ် ။ အဲ့တုန်းက ပေါ့ပေါ့ပါးပါးပဲ တွေးခဲ့မိတာ ။ ခုပြန်စဉ်းစားကြည့်မှ တမျိုးထူးဆန်းနေသလားလို့ ။

ဘာလဲဆိုတော့

တစ်နေ့ စာရေးသူ ဖေဖေ နဲ့ အတူ စက်ဘီးလေးစီးပြီး အပြင်သွားကြတယ် ။ အဲ့တုန်းက စာရေးသူက ၅ တန်းကျောင်းသူအရွယ် ။ အဲ့တော့ ဖေဖေနောက်ကနေ စက်ဘီးပေါ်ထိုင်စီးလို့ပေါ့။

အဲ့မှာ သရက်လေးပင်ရှေ့ရောက်တော့ စာရေးသူလေ ဗြုန်းဆို စက်ဘီးပေါ်ကနေ ပြုတ်ကျသွားတာ ။ နောက်ကနေ တယောက်ယောက်က တွန်းလိုက်သလိုမျိုး ။ ဒူးထောက်လျက်ကျသွားတာ ။ ပုံမှန်သာဆို နောက်က ငြိမ်ငြိမ်လေးထိုင်နေတဲ့ဟာ ပြုတ်ကျစရာ အကြောင်းကို မရှိဘူး ။ ဘယ်လို ဘယ်လို ကျသွားမှန်း ကိုယ့်ဘာသာကိုတောင် နားမလည်လိုက်ဘူး ။

တော်သေးတာက ဘာမှတော့ ဒဏ်ရာအကြီးအကျယ်မရလိုက်လို့သာပေါ့ ။ ဒူးလေးနဲနဲပွန်းသွားယုံပဲ ။ ဖေဖေကတော့ စိုးရိမ်စိတ်နဲ့ ငေါက်တာပေါ့ ။ ဘယ်လို ထိုင်နေသလဲ ဘာညာ။ တကယ်ဆို ကိုယ် ဘာမှ မလုပ်ဘူးရယ် ။ ငြိမ်ငြိမ်လေးမှ တကယ် ငြိမ်ငြိမ်လေး။

အဲ့တုန်းကတော့ အဲ့သရက်လေးပင်အကြောင်းလဲ မသိသေးပါဘူး။ အဲ့အိမ်မှာ နေကာစဆိုတော့ ။ အခုမှ စပ်ဆက်ပြီး ပြန်တွေးကြည့်မိတာပါ။ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူးလို့ပေါ့။

ထားပါတော့လေ။

ဒါလေးကတော့ စာရေးသူ အရင်နေခဲ့ဖူးတဲ့ အိမ်သို့သွားတဲ့ ဖြတ်လမ်းလေးပေါ်က သရက်လေးပင်အကြောင်းပါ။

••••••••••• မှတ်တမ်း ••••••••••••

၃) ဒီတခါ ပြောပြချင်တာလဲ ခုနက အကြောင်းအရာလိုမျိုးပဲ ။ စိတ်ဝင်စားလောက်မှာပါ။

ဦးလေးကြီးတယောက်။ သူကတော့ ရွာတွေလိုက်ပြီး ကွင်းဆင်းလေ့လာရတဲ့ ဝန်ထမ်းတစ်ဦး။

တစ်နေ့ သူ့အဖွဲ့သားတွေနဲ့အတူ ဆိုင်ကယ်တွေစီးပြီး ရွာကိုကွင်းဆင်း သွားရာကနေ အပြန်မှာတော့ ညနေတော်တော်စောင်းနေခဲ့ပြီ။

မှောင်ရီဝိုးတဝါးအချိန်ပေါ့ ။

ဆိုင်ကယ်မီးရောင်လေးကိုသာ
အားကိုးရင်း တောလမ်းတလျှောက် ခပ်ဖြေးဖြေးမောင်းလို့ပေါ့။

အဲ့လိုကနေသွားရင်း လမ်းမှာ အပေါ့အပါးသွားချင်စိတ်က ထိန်းမရ ဖြစ်လာပါရော ။ ဒါကြောင့် ဆိုင်ကယ်လေးအသာရပ်ပြီး လမ်းဘေးကို ခြုံတော တိုးသတဲ့လေ။

အဲ့လိုမျိုး အပေါ့အပါးစွန့်ရင် ဘုရားစာလေး ဘာလေး ရွတ်ပေးရတယ်လို့ စာရေးသူကတော့ ကြားဖူးတယ်။

ဒါပေမဲ့ သူကတော့ ဒီအတိုင်းပဲ ကိစ္စရှင်းပြီး ထလာလေတယ်။

သူ့မိတ်ဆွေတွေကတော့ အစောကထဲက သူပါလာတယ်ပဲ ထင်ပြီး ဆက်မောင်းသွားကြပြီလေ။

ဒါ့ကြောင့် သူလဲ ခပ်မြန်မြန်ပဲ ဆိုင်ကယ်မောင်းပြီး သူ့လူတွေနောက် အမှီလိုက်တာပေါ့။

အဲ့ဒီအချိန်မှာပဲ ကံဆိုးတယ် ဆိုမလား
တနေရာအရောက်မှာ ရှေ့တည့်တည့်ကနေ မဲမဲကြီးနဲ့ မျက်နှာပြောင်ဖြစ်နေတဲ့သရဲကြီးက ဖွားကနဲ ပေါ်လာပြီး သူ့ဆိုင်ကယ်ကို တားလိုက်သတဲ့လေ။ ( ကိုယ်ကြားဖူးသမျှက သရဲမျက်နှာပြောင်ကြီးတွေ ဖြစ်နေတယ် အဲ့တာကြောင့် ကိုယ်ထင်တာက သရဲတွေက မျက်နှာပြောင်တွေ များလား ဟီး )

အဲ့တော့ ဦးလေးကြီးလဲ ရုတ်တရက် လန့်ဖျန့်သွားသလို ထိုမဲမဲကြီးကို ရှောင်ဖို့ဟန်ပြင်လိုက်တာ ဝုန်းဆို လမ်းချော်ပြီး ဆိုင်ကယ်က ဘေးက ချောက်ထဲကို ကျသွားသတဲ့။

အဲ့ချောက်ကလဲ လူအရပ် ၂ ပြန်စာလောက်ရှိတယ်။ တော်သေးတာပေါ့ မူးဝေသွားယုံလောက်ကလွဲပြီး သူလဲ ဘာမှမဖြစ်လို့ ။ ဒါပေမဲ့ ပြန်တော့ မတက်နိုင်တော့ဘူးပေါ့ ။

အဲ့လိုကနေ အပေါင်းအဖော်တွေက သူတို့ဆရာ ပါမလာတာ သိပြီး ပြန်လိုက်ရှာမှ
အဲ့ဦးလေးကို တွေ့လို့ ဆွဲတင်ပြီး ကယ်ဆယ်နိုင်ခဲ့တယ်တဲ့လေ။

သရဲက ဘာကြောင့် ထိုသို့ နှောက်ယှက်သလဲဆိုတာကတော့ အကြောင်းအရင်း သေချာ မသိနိုင်ဘူးပေါ့။

အဲ့လိုပဲ ပရလောက ဆိုတာတကယ် ဆန်းကြယ်ပြီး ကြောက်စရာကောင်းပါတယ်။

အခု ဖော်ပြသွားတဲ့ အကြောင်းအရာလေးတွေကတော့ စာရေးသူ သိရှိခဲ့တာလေးတွေကို ပြန်လည်ဝေမျှတဲ့ သဘောပါပဲ ။

အခုပြောခဲ့သမျှက ကြောက်စရာကောင်းချင်လဲ ကောင်းမယ် ..။ ကြောက်စရာ ကောင်းချင်မှလဲကောင်းမယ်။

ဒါပေမဲ့ အရမ်းကြီး ကြောက်စရာကောင်းစေဖို့လဲ မရည်ရွယ်ပါဘူး။ ဒီလိုပဲ စိတ်ဝင်စားစရာ ဇာတ်ကြောင်းလေးတွေ သိသလောက် ပြန်လည်ပြောပြရခြင်းပါ။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်လျက်ဖြင့်

Cuttiehsumindooly

===========

Zawgyi

ဒီအပိုင္းေလးမွာ အစံုသုပ္ လို႔ပဲ ဆိုမလား စာေရးသူ ႀကံဳေတြသိရိွခဲ့တာေတြ ၾကားဖူးနားဝရိွခဲ့တာေတြအကုန္ကို ေပါင္းစပ္ ေဖာ္ျပေပးသြားပါ့မယ္ ။

1) ဦးစြာေဖာ္ျပေပးမွာကေတာ့ သရဲေျခာက္ခံရတဲ့ အေၾကာင္းအရာမဟုတ္ေသးဘဲ ဗဟုသုတအေနနဲ႔ လိုက္နာစရာ မွတ္သားစရာ ဇာတ္လမ္းေလးတစ္ခုကို တင္ျပပါ့မယ္ ။

အပင္ေလးေတြ နဲ႔ ပက္သက္တဲ့ အေၾကာင္းပါ။

တစ္ခါတုန္းက ေက်းရြာေလး တရြာမွာ ကိုယ္ပိုင္ၿခံဝန္းေလးထဲ သီးႏွံပင္ေလးေတြ စိုက္ပ်ိဳးရင္း ေအးခ်မ္းသာယာ ေပ်ာ္ရႊင္စြာေနတဲ့ ဇနီးေမာင္ႏွံေလး ရိွသတဲ့ ။

သူတို႔ဇနီးေမာင္ႏွံမွာ အဖိုးမျဖတ္ႏိုင္တဲ့ ရတနာေလးျဖစ္တဲ့ လသားအရြယ္ သားငယ္ေလးလဲရိွေတာ့ ေပ်ာ္စရာမိသားစုကမ႓ာေလးလို႔ ဆိုရမွာေပါ့ ။

သူတို႔ ၿခံဝန္းထဲမွာ သီးႏွံစံု စိုက္ထားၿပီး အိမ္ေနာက္ေဖးမွာေတာ့ ငွက္ေပ်ာပင္ေတြ စိုက္ထားတယ္တဲ့ေလ ။

ငွက္ေပ်ာပင္တပင္ရဲ့ ေျခရင္းတဝိုက္မွာေတာ့ ေရပံုးေတြ ေရဇလံုႀကီးေတြခ်ၿပီး ေရခ်ိဳးအဝတ္ေလ်ွာ္ဖို႔ ေနရာေလးလုပ္ထားတယ္။

အဲ့ဒါအျပင္ သားငါးဟင္းသီးဟင္းရြက္ ေဆးတာကိုလဲ ထိုေနရာေလးမွာပဲ လုပ္တယ္တဲ့။

ပီးေတာ့ သားငါးေဆးရာကေန ထြက္လာတဲ့ ေသြးရည္ အညစ္အေၾကးေတြ ဘာေတြကိုလဲ ထိုငွက္ေပ်ာပင္ေလးကိုပဲ လွမ္းပက္သတဲ့ေလ ။

အဲ့လိုကေန အခ်ိန္ကာလေတြ ၾကာလာတဲ့အခါမွာ ထိုေသြးရည္ေတြစုေနတဲ့ ငွက္ေပ်ာပင္ေလးဟာ မေကာင္းတဲ့ေသြးဓာတ္ေတြ စီးဝင္ပါမ်ားၿပီး အသက္ဝင္လာပါေလသတဲ့ ။ မေကာင္းဆိုးဝါး အေနနဲ႔ေပါ့ ။

အဲ့ဒါကို ထိုဇနီးေမာင္ႏွံကေတာ့ မသိရိွခဲ့ပါဘူး။

ငွက္ေပ်ာပင္ မေကာင္းဆိုးဝါးကေတာ့ အခ်ိန္တိုင္း ေသြးဆာၿပီး ထိုဇနီးေမာင္ႏွံရဲ့ သားငယ္ေလးကို ဆြဲစားႏိုင္မဲ့ အခြင့္အေရးကို ေခ်ာင္းေနခဲ့တယ္ ။

တစ္ေနမွာေတာ့ အမ်ိဳးသားက အျပင္သြားေန၊ ဇနီးက ငွက္ေပ်ာပင္ေျခရင္းမွာ အဝတ္ေလ်ွာ္ေနၿပီး သားေလးကေတာ့ အိမ္ေရ႔ွက ပုခတ္ထဲမွာ အိပ္ေပ်ာ္ေနသတဲ့ ။

အဲ့အခ်ိန္မွာပဲ ငွက္ေပ်ာပင္ထဲက မေကာင္းဆိုးဝါးက သူ႔အတြက္ အခြင့္ေရးေကာင္းရလာၿပီဆိုေတာ့ သူ႔စြမ္းအားနဲ႔ ထိုအိမ္ရွင္ဇနီးအျဖစ္ အေယာင္ေဆာင္ကာ ကေလးရိွရာ ပုခတ္ဆီသြားၿပီး ကေလးကို စားမလို႔ ေပြ့ခ်ီယူလိုက္သတဲ့ေလ။

အဲ့အခ်ိန္မွာပဲ ကံေကာင္းခ်င္ေတာ့ အိမ္ရွင္အမ်ိဳးသား ျပန္ေရာက္လာတယ္ ။

ျပန္ေရာက္လာလာခ်င္း သူျမင္လိုက္တာက ကေလးခ်ီေနတဲ့ သူမိန္းမ နဲ႔ အဝတ္ေလ်ွာ္ေနတဲ့ သူ႔မိန္းမ ။ ႏွစ္ေယာက္ ျဖစ္ေနတာကိုေပါ့ ။

အဲ့အခ်ိန္မွာ သူေတြးမိတာက အိမ္ေရ႔ွမွာ ကေလးခ်ီထားတဲ့ အမ်ိဳးသမီးက သူ႔မိန္းမအစစ္ ျဖစ္ၿပီး ေနာက္ေဖးမွာ အဝတ္ေလ်ွာ္ေနတာက သူ႔မိန္းမအျဖစ္ ဖန္ဆင္းထားတဲ့ မေကာင္းဆိုးဝါးေတြဘာေတြသာ ျဖစ္မယ္ ဆိုပီးေတာ့ေလ။

အဲ့ဒါေၾကာင့္ မဆိုင္းမတြ ခ်က္ခ်င္းပဲ လက္ထဲမွာပါလာတဲ့ လွံ နဲ႔ အဝတ္ေလ်ွာ္ေနတဲ့ မိန္းမကို လွမ္းပစ္လိုက္ေလသတဲ့...။

ဒါေပမဲ့

ကံသီတယ္လို႔ပဲ ဆိုရေလမလား လက္က လြဲသြားပီး အဝတ္ေလ်ွာ္ေနတဲ့ သူမိန္းမေဘးက မေကာင္းဆိုးဝါးျဖစ္ေနတဲ့ ငွက္ေပ်ာပင္ႀကီးကိုသာ သြားမွန္ေလတယ္။

အဲ့အခ်ိန္မွာပဲ ငွက္ေပ်ာပင္ထဲက ေသြးအညစ္ေတြ ပန္းထြက္လာကာ ခ်က္ခ်င္း ညိုးက် ေသဆံုးသြားပီး အိမ္ေရ႔ွက မိန္းမရဲ့ ေျခာက္ျခားဖြယ္ရာ ေအာ္သံနက္ႀကီးလဲ တၿပိဳင္တည္း ေပၚထြက္လာၿပီးေနာက္ ထိုအေယာင္ေဆာင္ မေကာင္းဆိုးဝါးပါ
တစစီ ၿပိဳကြဲ ေပ်ာက္ကြယ္သြားပါသတဲ့။

အဲ့အခါမွပဲ သိခဲ့တာက ကေလးခ်ီထားတဲ့မိန္းမကသာ ငွက္ေပ်ာပင္ မေကာင္းဆိုးဝါးဆိုတာကိုေပါ့ ။

တကယ့္ကို ကံသီလို႔သာပါပဲ။

ဒါ့ေၾကာင့္ ေရွးလူႀကီးေတြ ေျပာခဲ့တာက သက္ရိွအပင္ေလးေတြကို ေသြးအညစ္အေၾကးအရည္ေတြနဲ႔ မပက္ေကာင္းဘူး တဲ့ေလ။ အထူးသျဖင့္ ငွက္ေပ်ာပင္ေတြကိုေပါ့။

ဒါေလးကေတာ့ မသိေသးတဲ့ စာဖတ္သူမ်ား ရိွခဲ့ရင္ ဗဟုသုတ ရေစခဲ့မယ္ ထင္ပါတယ္။

•••••••••မွတ္တမ္း ••••••••

2) အခုကေတာ့ ကိုယ့္အသိ ဦးေလးတစ္ေယာက္ ႀကံဳခဲ့ရတဲ့ "သရဲနဲ႔ဆံုေတြ့ခဲ့တဲ့ ညေနခင္း" ဆိုတဲ့ အေၾကာင္းေလး ေျပာျပပါမယ္

ဟိုတုန္းက စာေရးသူက မႏၲေလးၿမိဳ႔မွာေနတာမဟုတ္ဘဲ နယ္ၿမိဳ႔ေလးမွာေနခဲ့ဖူးပါတယ္။

အဲ့တုန္းက ေနခဲ့ဖူးတဲ့ အိမ္ေလးကို ေရာက္ဖို႔က လမ္းႏွစ္သြယ္ရိွတယ္။

လမ္းမႀကီးကေနသြားရင္ ေဝးလို႔ စာေရးသူတို႔ကေတာ့ မ်ားေသာအားျဖင့္ ျဖတ္လမ္းကေနပဲ သြားခဲ့ၾကတယ္။

အဲ့ျဖတ္လမ္းေလးကို သရက္ေလးပင္လမ္းလို႔ ေခၚတယ္ ။ ဘာလို႔လဲဆိုေတာ့ လမ္းအလယ္ေလာက္မွာ သရက္ပင္ေလးပင္ ထင္ထင္ရွားရွား ရိွေနလို႔ ။ လမ္းက အေျဖာင့္ႀကီးမဟုတ္ဘဲ အဲ့သရက္ပင္နားမွာမွ အေကြ့အေကာက္ေလး။ ေတာလမ္းေလးလိုပဲ က်ဉ္းက်ဉ္းေလးရယ္။ သရက္ပင္ေအာက္မွာလဲ ၿခံဳပုတ္ေတြလဲ ရိွၿပီး သရက္ပင္ႀကီးေတြကလဲ ႀကီးႀကီးမားမား အုပ္အုပ္စိုင္းစိုင္း ညို႔ညို႔မိႈင္းမိႈင္းႀကီးေပါ့ ။

စာေရးသူကသာ အဲ့လမ္းသြားေနက်မို႔သာ မေၾကာက္တာ ။ သူငယ္ခ်င္းေတြကို တခါတေလ အိမ္အလည္ေခၚသြားလို႔ အဲ့လမ္းကေနျဖတ္ရင္ သူတို႔ခဗ်ာ ေၾကာက္ၾကတယ္။ လမ္းရဲ့ပံုစံကိုက လူသူကင္းမဲ့ တိတ္ဆိတ္ၿပီး ေျခာက္ျခားစရာေကာင္းေနတာ ။

အဲ့မွာ ဒီလမ္းေလးနဲ႔ ပက္သက္ၿပီး ဘာထူးျခားသလဲဆိုေတာ့ အဲ့သရက္ေလးပင္နားက
သရဲေျခာက္တယ္လို႔ အေျပာမ်ားၾကတာပါပဲ ။

ကိုယ္က အဲ့တုန္းက မေၾကာက္ခဲ့ဘူးရယ္ ။ ခုမွ ျပန္ေတြးရင္း ေၾကာက္ေနမိတာ ။

ကဲ ခုစေျပာေတာ့မယ္ေနာ္ ကိုယ့္အသိႀကံဳခဲ့တဲ့အေၾကာင္းကို။

တစ္ေန့ အဲ့ဦးေလးက ေမွာင္စပ်ိဳးခ်ိန္ ညေနခင္းႀကီးမွာေပါ့ အိမ္အတြက္ အမဲသားစိမ္းေတြဝယ္ၿပီး ျပန္လာသတဲ့ေလ။

သူကလဲ မေၾကာက္မလန႔္ေနာ္။ညေနႀကီး အသားစိမ္းေတြ သယ္လာရတယ္လို႔။

အဲ့လိုနဲ႔ သရက္ေလးပင္နားေရာက္ေတာ့ ပထမသရက္ပင္ကို ေက်ာ္သြားေတာ့အဟုတ္ ဒုတိယအပင္နားလဲေရာက္ေရာ အပင္ေပၚကေန မဲမဲႀကီးက ဝုန္းဆို ဆင္းခ်လာတယ္တဲ့ေလ ။

မ်က္ႏွာကေတာ့ အေျပာင္လိုက္ႀကီးဆိုပဲ ။ မ်က္လံုး ႏွာေခါင္း ပါးစပ္ ဘာမွ မပါဘူးေပါ့။

ၿပီးေနာက္ သူ႔လက္ထဲက အမဲသားထုပ္ကို လာလုပါေလေရာ။

သူလဲအစကေတာ့ ေၾကာင္ၿပီး ၾကက္ေသေသသြားတယ္။ ၿပီးမွ သတိဝင္ၿပီး ျပန္လု တြန္းထိုးဆြဲ ၊ ကန္ေက်ာက္ အစံုလုပ္ပစ္ေတာ့တာေပါ့ ။ အဲ့အခ်ိန္မွာ ပတ္ဝန္းက်င္တခုလံုးက ေတာ္ေတာ္ေမွာင္ေနပီ။ မဲမဲလံုး ကုန္းကုန္းကြကြႀကီး နဲ႔ ရန္သတ္ေနရသလို ျဖစ္ေနတာေပါ့ ။ ထိုးကန္ေက်ာက္သာ လုပ္ေနတာ ထိလားဆိုေတာ့လဲ မထိဘူးေလ။

အဲ့လိုကေန အခ်ိန္ေတာ္ေတာ္ၾကာသည္အထိ အဲ့ဦးေလးႀကီးကလဲ အေလ်ာ့မေပးပဲ အျပန္အလွန္ ဆြဲလုေနတုန္း။

အဲ့မွာ လမ္းသြားလမ္းလာ လူ တစ္ေယာက္စ ႏွစ္ေယာက္ ေရာက္လာေတာ့မွ ထိုမဲမဲႀကီးက ျဗဳန္းဆို သစ္ပင္ေပၚ ျပန္တက္ေျပးသြားတာမ်ား အစအနကို မျမင္ရေတာ့ဘူးတဲ့ေလ။

ဦးေလးႀကီးကေတာ့ သူလက္ထဲက အသားေတြ ပါမသြားလို႔ ဂုဏ္ယူေနသလားေတာင္ မသိပါဘူး ။ အိမ္ျပန္ေရာက္ေတာ့ ေျမာက္ႂကြေျမာက္ႂကြနဲ႔ သူ႔မိန္းမကို ႂကြားေတာ့တာေပါ့ ။ ဒါေပမဲ့ သူ႔ဇနီးကေတာ့ ထိုအေၾကာင္းေတြ သိၿပီး သရဲလာဆြဲတဲ့ အမဲသားဆိုေတာ့ မစားရဲေတာ့လို႔ လႊင့္ပစ္လိုက္ပါသတဲ့ ။

ၾကားဖူးတာကေတာ့ အဲ့လိုသရဲ လာလုတဲ့အသားကို စားမိရင္ ေသတတ္တယ္ဆိုလားပဲ ။

စာေရးသူကေတာ့ ဒီအေၾကာင္းအရာေတြကို ထိုအန္တီႀကီး ျပန္ေျပာျပလို႔ သိခဲ့ရျခင္းပါ ။

အဲ့တခဏတုန္းကေတာ့ ထိုသရက္ပင္ေတြနားေရာက္ရင္ ေၾကာက္စိတ္ဝင္ခဲ့ေသးတယ္ ။ ဒါေပမဲ့ ကိုယ္ေတြက မနက္ခင္းေက်ာင္းသြား နဲ႔ ညေနေစာေက်ာင္းျပန္ ပဲ အဲ့ေရ႔ွက ျဖတ္တာဆိုေတာ့ ေနာက္ပိုင္းက်ေတာ့လဲ ပံုမွန္ ျပန္ျဖစ္သြားတာပါပဲ ။ မျဖတ္လို႔လဲမရဘူး အဲ့လမ္းကသြားရင္ ျမန္တာကိုး။

ဒါေပမဲ့ စာေရးသူလဲ ထိုသရက္ေလးပင္နားမွာ ကိစၥတစ္ခုေတာ့ ႀကံဳခဲ့ဖူးတယ္ ။ အဲ့တုန္းက ေပါ့ေပါ့ပါးပါးပဲ ေတြးခဲ့မိတာ ။ ခုျပန္စဉ္းစားၾကၫ့္မွ တမ်ိဳးထူးဆန္းေနသလားလို႔ ။

ဘာလဲဆိုေတာ့

တစ္ေန့ စာေရးသူ ေဖေဖ နဲ႔ အတူ စက္ဘီးေလးစီးၿပီး အျပင္သြားၾကတယ္ ။ အဲ့တုန္းက စာေရးသူက ၅ တန္းေက်ာင္းသူအရြယ္ ။ အဲ့ေတာ့ ေဖေဖေနာက္ကေန စက္ဘီးေပၚထိုင္စီးလို႔ေပါ့။

အဲ့မွာ သရက္ေလးပင္ေရ႔ွေရာက္ေတာ့ စာေရးသူေလ ျဗဳန္းဆို စက္ဘီးေပၚကေန ျပဳတ္က်သြားတာ ။ ေနာက္ကေန တေယာက္ေယာက္က တြန္းလိုက္သလိုမ်ိဳး ။ ဒူးေထာက္လ်က္က်သြားတာ ။ ပံုမွန္သာဆို ေနာက္က ၿငိမ္ၿငိမ္ေလးထိုင္ေနတဲ့ဟာ ျပဳတ္က်စရာ အေၾကာင္းကို မရိွဘူး ။ ဘယ္လို ဘယ္လို က်သြားမွန္း ကိုယ့္ဘာသာကိုေတာင္ နားမလည္လိုက္ဘူး ။

ေတာ္ေသးတာက ဘာမွေတာ့ ဒဏ္ရာအႀကီးအက်ယ္မရလိုက္လို႔သာေပါ့ ။ ဒူးေလးနဲနဲပြန္းသြားယံုပဲ ။ ေဖေဖကေတာ့ စိုးရိမ္စိတ္နဲ႔ ေငါက္တာေပါ့ ။ ဘယ္လို ထိုင္ေနသလဲ ဘာညာ။ တကယ္ဆို ကိုယ္ ဘာမွ မလုပ္ဘူးရယ္ ။ ၿငိမ္ၿငိမ္ေလးမွ တကယ္ ၿငိမ္ၿငိမ္ေလး။

အဲ့တုန္းကေတာ့ အဲ့သရက္ေလးပင္အေၾကာင္းလဲ မသိေသးပါဘူး။ အဲ့အိမ္မွာ ေနကာစဆိုေတာ့ ။ အခုမွ စပ္ဆက္ၿပီး ျပန္ေတြးၾကၫ့္မိတာပါ။ ေသြးရိုးသားရိုးေတာ့ မျဖစ္ႏိုင္ဘူးလို႔ေပါ့။

ထားပါေတာ့ေလ။

ဒါေလးကေတာ့ စာေရးသူ အရင္ေနခဲ့ဖူးတဲ့ အိမ္သို႔သြားတဲ့ ျဖတ္လမ္းေလးေပၚက သရက္ေလးပင္အေၾကာင္းပါ။

••••••••••• မွတ္တမ္း ••••••••••••

၃) ဒီတခါ ေျပာျပခ်င္တာလဲ ခုနက အေၾကာင္းအရာလိုမ်ိဳးပဲ ။ စိတ္ဝင္စားေလာက္မွာပါ။

ဦးေလးႀကီးတေယာက္။ သူကေတာ့ ရြာေတြလိုက္ၿပီး ကြင္းဆင္းေလ့လာရတဲ့ ဝန္ထမ္းတစ္ဦး။

တစ္ေန့ သူ႔အဖြဲ႔သားေတြနဲ႔အတူ ဆိုင္ကယ္ေတြစီးၿပီး ရြာကိုကြင္းဆင္း သြားရာကေန အျပန္မွာေတာ့ ညေနေတာ္ေတာ္ေစာင္းေနခဲ့ၿပီ။

ေမွာင္ရီဝိုးတဝါးအခ်ိန္ေပါ့ ။

ဆိုင္ကယ္မီးေရာင္ေလးကိုသာ
အားကိုးရင္း ေတာလမ္းတေလ်ွာက္ ခပ္ေျဖးေျဖးေမာင္းလို႔ေပါ့။

အဲ့လိုကေနသြားရင္း လမ္းမွာ အေပါ့အပါးသြားခ်င္စိတ္က ထိန္းမရ ျဖစ္လာပါေရာ ။ ဒါေၾကာင့္ ဆိုင္ကယ္ေလးအသာရပ္ၿပီး လမ္းေဘးကို ၿခံဳေတာ တိုးသတဲ့ေလ။

အဲ့လိုမ်ိဳး အေပါ့အပါးစြန႔္ရင္ ဘုရားစာေလး ဘာေလး ရြတ္ေပးရတယ္လို႔ စာေရးသူကေတာ့ ၾကားဖူးတယ္။

ဒါေပမဲ့ သူကေတာ့ ဒီအတိုင္းပဲ ကိစၥရွင္းၿပီး ထလာေလတယ္။

သူ႔မိတ္ေဆြေတြကေတာ့ အေစာကထဲက သူပါလာတယ္ပဲ ထင္ၿပီး ဆက္ေမာင္းသြားၾကၿပီေလ။

ဒါ့ေၾကာင့္ သူလဲ ခပ္ျမန္ျမန္ပဲ ဆိုင္ကယ္ေမာင္းၿပီး သူ႔လူေတြေနာက္ အမွီလိုက္တာေပါ့။

အဲ့ဒီအခ်ိန္မွာပဲ ကံဆိုးတယ္ ဆိုမလား
တေနရာအေရာက္မွာ ေရ႔ွတၫ့္တၫ့္ကေန မဲမဲႀကီးနဲ႔ မ်က္ႏွာေျပာင္ျဖစ္ေနတဲ့သရဲႀကီးက ဖြားကနဲ ေပၚလာၿပီး သူ႔ဆိုင္ကယ္ကို တားလိုက္သတဲ့ေလ။ ( ကိုယ္ၾကားဖူးသမ်ွက သရဲမ်က္ႏွာေျပာင္ႀကီးေတြ ျဖစ္ေနတယ္ အဲ့တာေၾကာင့္ ကိုယ္ထင္တာက သရဲေတြက မ်က္ႏွာေျပာင္ေတြ မ်ားလား ဟီး )

အဲ့ေတာ့ ဦးေလးႀကီးလဲ ရုတ္တရက္ လန႔္ဖ်န႔္သြားသလို ထိုမဲမဲႀကီးကို ေရွာင္ဖို႔ဟန္ျပင္လိုက္တာ ဝုန္းဆို လမ္းေခ်ာ္ၿပီး ဆိုင္ကယ္က ေဘးက ေခ်ာက္ထဲကို က်သြားသတဲ့။

အဲ့ေခ်ာက္ကလဲ လူအရပ္ ၂ ျပန္စာေလာက္ရိွတယ္။ ေတာ္ေသးတာေပါ့ မူးေဝသြားယံုေလာက္ကလြဲၿပီး သူလဲ ဘာမွမျဖစ္လို႔ ။ ဒါေပမဲ့ ျပန္ေတာ့ မတက္ႏိုင္ေတာ့ဘူးေပါ့ ။

အဲ့လိုကေန အေပါင္းအေဖာ္ေတြက သူတို႔ဆရာ ပါမလာတာ သိၿပီး ျပန္လိုက္ရွာမွ
အဲ့ဦးေလးကို ေတြ့လို႔ ဆြဲတင္ၿပီး ကယ္ဆယ္ႏိုင္ခဲ့တယ္တဲ့ေလ။

သရဲက ဘာေၾကာင့္ ထိုသို႔ ေနွာက္ယွက္သလဲဆိုတာကေတာ့ အေၾကာင္းအရင္း ေသခ်ာ မသိႏိုင္ဘူးေပါ့။

အဲ့လိုပဲ ပရေလာက ဆိုတာတကယ္ ဆန္းၾကယ္ၿပီး ေၾကာက္စရာေကာင္းပါတယ္။

အခု ေဖာ္ျပသြားတဲ့ အေၾကာင္းအရာေလးေတြကေတာ့ စာေရးသူ သိရိွခဲ့တာေလးေတြကို ျပန္လည္ေဝမ်ွတဲ့ သေဘာပါပဲ ။

အခုေျပာခဲ့သမ်ွက ေၾကာက္စရာေကာင္းခ်င္လဲ ေကာင္းမယ္ ..။ ေၾကာက္စရာ ေကာင္းခ်င္မွလဲေကာင္းမယ္။

ဒါေပမဲ့ အရမ္းႀကီး ေၾကာက္စရာေကာင္းေစဖို႔လဲ မရည္ရြယ္ပါဘူး။ ဒီလိုပဲ စိတ္ဝင္စားစရာ ဇာတ္ေၾကာင္းေလးေတြ သိသေလာက္ ျပန္လည္ေျပာျပရျခင္းပါ။

ဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္လ်က္ျဖင့္

Cuttiehsumindooly

Continue Reading

You'll Also Like

250K 33.6K 130
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
109K 12.2K 35
ခိုးခိုးပြီး ချစ်... တိတ်တိတ်ကလေး ပျော်
222K 46.7K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
54K 4.8K 20
ကျွန်တော်တို့နှစ်ယောက်ကြားမှာမမြင်နိုင်တဲ့ကြိုးလေးရှိတယ်အစ်ကို။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာမျမင္ႏိုင္တဲ့ႀကိဳးေလး႐ွိတယ္အစ္ကို။