© ကျွန်တော့်မိန်းမကကျွန်တော်သ...
By xena-bb
1.1M 187K 6.1K
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozh... More
Story Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13.1
Chapter 13.2
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25.1
Chapter 25.2
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34 - 1
Chapter 34 - 2
Chapter 35
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38
Chapter 39
Chapter 40.1
Chapter 40.2
Chapter 41
Chapter 42.1
Chapter 42.2
Chapter 42.3
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63.1
Chapter 63.2
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
ကျေးဇူးတင်လွှာ
Chapter 70 (Ending)
19.8K 1.8K 73
By xena-bb
[Unicode]
" မရဘူး " ရှယောင်က ကျိုးတုဒီလိုမျိုး Miss sun ရဲ့တောင်းဆိုမှုကို သူတောင်ဘာမှမပြောရသေးခင် ခိုင်ခိုင်မာမာငြင်းဆိုလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
Miss sun ကရှယောင်ကိုသာကြည့်နေပြီး သူမ မျက်လုံးများက ရှယောင်အပေါ်တွင်သာကပ်တွယ်နေ၏။ သူမက စိတ်အားထက်သန်စွာဖြင့် မေးလာသည်။ " ငါသူ့ကို ရက်နည်းနည်းလောက်ပဲခေါ်သွားချင်တာပါ။ ရှယောင် နင် အမေတစ်ယောက်ရဲ့ခံစားချက်ကို နားလည်သင့်ပါတယ်... "
ကျိုးတုက သူမစကားကိုဖြတ်ပြောလိုက်ချင်သော်လည်း ရှယောင်က ကျိုးတုရဲ့လက်လေးကိုကိုင်ပြီး တားလာခဲ့သည်။ ထို့နောက် သူကဖြည်းဖြည်းချင်းပြောလိုက်၏။ " ငါ ယံယံရဲ့ရွေးချယ်မှုကို အလေးထားတယ် "
Miss sun ရဲ့မျက်လုံးတွေက ရှယောင်ပြောသည့်စကားလည်းကြားရော တောက်ပလာသည်။ သူမက ဘေးနားကယံယံကိုကြည့်လိုက်ပြီး သူမအပြုံးတွေက စတင်နူးညံ့လာသည်။
အိမ်ပြန်လမ်းတွင် ကျိုးတုကတိတ်ဆိတ်နေသည်။ ရှယောင်ကသူ့ဘေးမှာထိုင်နေခဲ့ပြီး ယံယံကတော့ အနောက်ကကလေးထိုင်ခုံတွင် ရှိမနေခဲ့ပေ။
ကျိုးတုက မရွှင်ပျစွာဖြင့်ပြောလာသည်။ " ယံယံရဲ့ကြီးပြင်းလာမှုတွေအားလုံးက မင်းကျေးဇူးတွေပဲလေ အဲ့တာတောင် သူကဘာလို့ လာပြီးယံယံကိုခေါ်သွားလို့ရတယ်လို့ ထင်နေရတာလဲ "
ရှယောင်ကသူ့ကိုပြန်မဖြေပေ။ ပြတင်းပေါက်အပြင်ဘက်ကိုသာ ဆက်ကြည့်နေ၏။ ကျိုးတု မျက်နှာက ပိုပိုပြီးမဲမှောင်လာရသည်။ နောက်ဆုံးတော့ ရှယောင်ကသက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်းပြောလာသည်။ " ဘာလို့လဲဆိုတော့ သူကယံယံရဲ့အမေအရင်းဖြစ်နေလို့လေ "
" ပြီးတော့ မင်းကလည်းသူ့အဖေပဲလေ။ မင်းက သူ့ကိုပြုစုပျိုးထောင်ပေးခဲ့သူ။ သူ့ကိုအဝေးခေါ်သွားနေတာမြင်တာတောင် မင်းကဝမ်းမနည်းပါဘူးလို့ ပြောပြီး ညာနေတာပဲ "
ရှယောင်က တစ်ချိန်ထဲသူ့ခေါင်းကိုလှည့်လို့ ကျိုးတုကိုကြည့်လိုက်သည်။ " ဒါပေမယ့် ယံယံကသူနဲ့အတူသွားဖို့ရွေးလိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါပြောချင်တာက ငါကအမြဲတမ်းသူ့ကို သူ့အမေကချစ်ကြောင်းနဲ့ အလုပ်မအားလို့သူ့ကိုလာမတွေ့နိုင်တဲ့အကြောင်း ပြောခဲ့တာ။ ယံယံက အရုပ်တွေကိုသဘောကျတယ် အဲ့တာကြောင့် တခါတလေ ငါ သူ့ကိုအရုပ်တွေပေးရင် သူ့အမေကသူ့အတွက်ဝယ်ပေးတာလို့ ပြောပြီးပေးခဲ့တာ "
ကျိုးတုက မျက်မှောင်ကြုံ့လိုက်သည်။
ရှယောင်က ညင်သာစွာဖြင့်ပြုံးလာ၏။ " အဆင်ပြေပါတယ်။ သူက ယံယံကိုရက်နည်းနည်းလောက်ပဲခေါ်သွားမယ်လို့ ပြောခဲ့တာပဲ။ ပြီးတော့ ယံယံကရော မငြင်းခဲ့လို့လား "
" ဒါပေမယ့် မင်းကသူ့ကို ယံယံ​နဲ့ညစာစားဖို့ခေါ်သွားခွင့်ပြုလိုက်တယ်လေ "
ရှယောင်ကဆက်ပြောသည်။ " အဲ့တာက ယံယံကိုယ်တိုင် သူ့အမေနဲ့ညစာစားဖို့တောင်းဆိုခဲ့တာလေ "
ကျိုးတုက ရှယောင်ဘက်ကိုလှည့်ပြီးကြည့်လိုက်၍ ဝမ်းနည်းစွာဖြင့်ပြောလိုက်သည်။ " ဘာပဲဖြစ်ဖြစ် ငါသဘောမတူဘူး။ ယံယံကငါတို့ရဲ့သားပဲ "
ကျိုးတုက ယံယံအားဘယ်လောက်ထိတောင်ဂရုစိုက်သလဲ မြင်လိုက်ရတော့ ရှယောက်တစ်ယောက် ကျိုးတုအားအနမ်းတစ်ချက်ပေးလိုက်ချင်သည့်စိတ်ကိုထိန်းမရခဲ့ပေ။ သူကပြောလိုက်သည်။ " အိုခေ ယံယံက ဒီညအိမ်မှာမရှိမှတော့ ငါတို့တွေစားသောက်ပွဲကြီးဆင်နွှဲကြတာပေါ့ "
ကျိုးတုကရှယောင်ကိုကြည့်ရင်း သူ့အတွေးထဲ ညစ်ညမ်းသောအတွေးတစ်ချက်ဖြတ်ခနဲ ဝင်ရောက်လာသည်။ သူကတကယ်ကို မျှော်လင့်ချက်ကြီးပြည့်ဝနေသည့်အသံဖြင့် " စားသောက်ပွဲကြီးတဲ့လား "
...
ရှယောင်က ကျိုးတုရင်ခွင်ထဲမှထလိုက်ပြီး သူ့ရဲ့နာကျင်နေသော ကျောနောက်လေးကိုနှိပ်နယ်နေသည်။ သူကအိပ်ချင်မူးတူး​ဖြင့် မေးလာ၏။ " ဘယ်အချိန်ရှိပြီလဲ။ ယံယံပြန်ရောက်မလာသေးဘူးလား "
ကျိုးတုက ရှယောင်ရဲ့နှဖူးလေးကိုအနမ်းတစ်ချက်ပေးလိုက်ပြီး ပြောလိုက်သည်။ " အဲ့မိန်းမက ယံယံကိုပြန်လာပို့သွားပြီ။ သူအိပ်ပျော်နေတာနဲ့ ငါလည်းမင်းကိုမနှိုးတော့ဘဲ သူ့အခန်းထဲသွားပို့ပြီးသိပ်ထားလိုက်တာ "
ထိုအကြောင်းအားကြားလိုက်ရတော့ ရှယောင်ကဘေးအခန်းကိုသွားပြီး ယံယံကိုသွားစစ်ကြည့်ချင်သည်။ သို့သော်လည်း ကျိုးတုကသူ့ကိုပြန်ဆွဲချပြီး ပြောလာသည်။ " မလှုပ်နဲ့ ငါသွားပြီး ကြည့်ပေးမယ် "
" သူ နို့ရောသောက်ပြီးရဲ့လား " ရှယောင်က မျက်မှောင်ကြုံ့၍မေးလာသည်။
" အဲ့အချိန်တုန်းကသူက အိပ်နေခဲ့တာလေ ပြီးတော့ ငါကလည်းသူ့ကိုမနှိုးနိုင်ဘူး။ သူနိုးလာတာနဲ့ ငါသူ့ကို နို့တိုက်လိုက်ပါ့မယ် " သူကရှယောင်ကို နမ်းလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ " မင်းလည်း အိပ်ရေးဝဝအိပ် လိမ္မာတယ် " ထို့နောက်သူက ဘေးအခန်းသို့ခြေဗလာဖြင့်ထွက်သွားခဲ့သည်။
ယံယံအတွက်တော့ရှည်ကြာသောနေ့တစ်နေ့ဖြစ်မည်ထင်သည် သူကမောပန်းစွာဖြင့် အိပ်မောကျနေခဲ့၏။ ယံယံက အချိန်အတော်ကြာနိုးမည့်ပုံမပေါ်တာကြောင့် ကျိုးတုက စားပွဲတင်မီးအိမ်လေးကိုနည်းနည်းလေးမှိန်လိုက်ပြီး တိတ်ဆိတ်စွာဖြင့်ထွက်သွားလိုက်တော့သည်။
သုံးရက်ဆက်တိုက် Miss sun ကမနက်စောစော ယံယံကိုလာခေါ်သွားပြီး ညဘက်တွင်ပြန်ပို့ပေးသည်။ ယံယံက သူ့အမေကိုလက်ခံဖို့ အချိန်အများကြီးမယူခဲ့ရပေ။ နောက်ဆုံးတော့ ရှယောင်က သူ့အမေဟာသူ့ကိုဘယ်လောက်ချစ်ကြောင်းနှင့် အလုပ်များလို့သူ့ဘေးနားရှိမနေနိုင်တာဖြစ်ကြောင်း အမြဲတမ်း ပြောပေးခဲ့ခြင်းကြောင့်သာဖြစ်ပေသည်။
အခုတော့ သူ့အမေကပြန်ရောက်လာခဲ့ပြီး အလုပ်အားတာကြောင့် သူ့ဘေးနားနေ့တိုင်းနေပေးလာခဲ့သည်။ ကလေးတွေကရိုးရှင်းလွန်းလှသည် သူတို့အပေါ်ကောင်းသည့်မည်သူ့ကိုမဆို သူတို့ကပ်နေလိမ့်မည်။
တစ်ပတ်ကြာပြီးနောက် miss sun ကအိမ်သို့ပြန်လာပို့ပေးသည်။ သူမ ယံယံကိုပြန်လိုက်ပို့သည့်နေ့မှာပဲ ယံယံကနိုးလာပြီး miss sun ရဲ့လည်ပင်းကိုဖက်ထားပြီး လုံးဝလွှတ်မပေးတော့ပေ။
ရှယောင်က သူ့ကိုခေါ်သော်လည်း ယံယံကတော့ သူ့အမေကိုတင်းကြပ်စွာဖက်ထားဆဲပင်။ ကျိုးတုက ထိုအရာအားထပ်ပြီးမကြည့်ဝံ့တော့ပေ။ သူက ယံယံကိုအားဖြင်ပြန်ဆွဲခေါ်ချင်ခဲ့သည်။ သို့သော် ယံယံကငိုယိုပြီး သူ့အမေကိုပြောလာ၏။ " မား မသွားပါနဲ့ "
ရှယောင်ထိတ်လန့်သွားခဲ့သည်။ miss sun ကယံယံကိုဆက်ဖက်ထားပြီး သူမမျက်လုံးများက နီရဲလာခဲ့၏။ ရှယောင်နဲ့ကျိုးတုနှစ်ယောက်လုံးက ထိုသားအမိကိုခွဲထုတ်သည့် မကောင်းတဲ့လူကြီးတွေလို ခံစားလာရလေသည်။
ယံယံကငိုနေရင်း miss sun ကိုလည်းဆက်ဖက်ထားရင်း ပြောလာသည်။ " ပါး မားနဲ့အတူလိုက်သွားကြမယ်လေ "
ရှယောင်က အကြပ်အတ​ည်းကြုံနေခဲ့ပြီး ဘာပြန်ဖြေရမလဲတောင်မသိတော့ပေ။ ကျိုးတုက ယံယံကိုပြောလိုက်၏။ " တစ်ခုရွေး မင်းရဲ့အဖေနဲ့နေမလား ဒါမှမဟုတ် မင်းရဲ့အမေနဲ့အတူ တစ်ယောက်ထဲထွက်သွားမလား "
ကျိုးတုက ပြဿနာကိုဒီလိုတိုက်ရိုက်ယံယံဆီပစ်ပေးလိုက်မည်ဟု ရှယောင်ထင်မထားမိပေ။ သူက ခပ်မြန်မြန်ယံယံကိုပြောလိုက်ရသည်။ " ပါ့ပါးကအလုပ်များတယ် ပြီးတော့ ဖွားဖွားပြန်လာတာကိုလည်းစောင့်ပေးရအုံးမှာလေ။ ပါ့ပါးက သားနဲ့အတူ သားရဲ့မားမားဆီကိုလိုက်လို့မရဘူး။ ဒီလိုဆိုရင်ရော သား မားမားပြန်လာမယ့်အချိန်ကို ပါ့ပါးနဲ့အတူတူစောင့်ပြီး မားမားပြန်လာတော့မှ အတူတူလျှောက်သွားကြမယ်လေ "
ယံယံက ခေါင်းကိုတွင်တွင်ယမ်းရင်း ရှယောင်ကိုပြောသည်။ " မရဘူး မားမားနဲ့မခွဲချင်ဘူး "
ရှယောင်ကခဏလောက်တွေးလိုက်ပြီးနောက် ယံယံကိုပြောလိုက်သည်။ " သားက မားမားနဲ့လိုက်သွားချင်တာမလား။ အဲ့လိုဆိုရင် ပါ့ပါးကသားနဲ့လိုက်လို့မရဘူး ယံယံဘာသာတစ်ယောက်ထဲလိုက်သွားမှရမယ် "
ထိုအချိန်မှာပဲ Miss sun ကခပ်မြန်မြန်ပြောလာသည်။ " ယံယံ သား မားမားနဲ့အတူနေချင်လို့လား။ ပါ့ပါးလိုက်မလာလည်းကိစ္စမရှိပါဘူး။ ယံယံကပါ့ပါးကိုတွေ့ချင်တယ်ဆိုတာနဲ့ မားမားကယံယံကိုခေါ်ပြီး ပါ့ပါးဆီချက်ချင်းလာတွေ့ပေးမယ် ဒီရက်တွေတုန်းကလိုပဲလေနော် "
ယံယံကသူ့လက်လေးကိုကိုက်ပြီး ခဏလောက်စဥ်းစားနေသည်။ သူ့မျက်လုံးများက သူ့အမေနှင့်ရှယောင်ကြား ကူးချည်သန်းချည်ကြည့်နေ၏။ ထို့နောက် သူကရှယောင်ဆီကိုလက်ဆန့်တန်းပေးလိုက်သည်။
သူမ မျက်နှာပေါ်အရှက်တရားတို့ဖြတ်ပြေးသွားသော်လည်း သူမကလက်လွှတ်ပေးလိုက်ပြီး ယံယံကို ရှယောင်လက်ထဲထည့်ပေးလိုက်သည်။ ရှယောင်ကိုဖက်ထားရင်းနဲ့ပဲ ယံယံကသူ့အမေကိုကြည့်ရင်း ပြောလိုက်၏။ " မားမား မနက်ဖန်လည်း ယံယံနဲ့ဆော့ဖို့လာခဲ့နော် "
အနည်းငယ် ပျော်ရွှင်သွားသည့်အံ့သြမှုလေးက miss sun မျက်နှာထက်ဖြတ်ပြေးသွားသည်။ သူမကချက်ချင်းခေါင်းညိတ်ပြီး ပြောလိုက်သည်။ " ok ok ok မားမားက မနက်ဖန် သေချာပေါက် ယံယံကိုတွေ့ဖို့လာခဲ့မယ် "
Miss sun ထွက်သွားပြီးနောက် ယံယံကပျော်ရွှင်စွာဖြင့် ရှယောင်ကိုပြောလာသည်။ " ပါး ပါးကိုလွမ်းတဲ့အခါ သားပြန်လာခဲ့မယ်နော် "
ရှယောင်က ကူကယ်ရာမဲ့စွာဖြင့်ခေါင်းကိုခါယမ်းလိုက်ပြီး ယံယံကိုသူ့ကိုယ်ပိုင်အခန်းလေးထဲခေါ်သွားလိုက်သည်။ အပြင်ဘက်တွင် စကားမပြောနိုင်သော ကျိုးတုသာကျန်နေခဲ့တော့၏။ ဧည့်ခန်းထဲမှာအချိန်အတော်ကြာရပ်နေခဲ့ပြီးနောက် သူကအော်ပြောလိုက်သည်။ " ငါသဘောမတူဘူးနော် "
ရှယောင်က ယံယံကြိုက်နှစ်သက်သည့်အရုပ်လေးများကို ခရီးဆောင်အိတ်ထဲထည့်သိမ်းလိုက်ပြီးနောက် သူက ကျိုးတုကိုဖြတ်လျှောက်သွားပြီး သက်ပြင်းချလိုက်သည်။ " မင်းဆန္ဒပြတာက အသုံးမဝင်ဘူး "
...
နောက်ဆုံးမှာတော့ ယံယံကသူ့အမေနဲ့အတူနေခဲ့သည်။ ထို့နေ့တွင် သူကအရမ်းကိုစိတ်လှုပ်ရှားနေခဲ့ပြီး ရှယောင်ကတော့ သူ့ရဲ့အဖိုးတန်သားလေးကို လေဆိပ်သို့အပြုံးလေးဖြင့်လိုက်ပို့နေပေမယ့်လည်း သူ့နှလုံးသားထဲကတော့ မျက်ရည်ဖြိုင်ဖြိုင်ကျနေရသည်။
ရိုးသားလှသည့်ယံယံလေးက သူ့အဖေကိုသူတွေ့ချင်လာတဲ့အခါ သူ့အမေကပြန်ပို့ပေးလိမ့်မည်ဟုထင်ခဲ့သည်။ သို့သော်လည်း လေယာဥ်ပေါ်တက်ပြီး အခြားနိုင်ငံသို့သွားသည့်အချိန်မှပဲ သူကချက်ချင်းနောင်တရလာရသည်။
သူဘယ်လောက်ပဲငိုနေပါစေ သူ့အမေကတော့ သူမကတိပေးထားခဲ့သလိုမျိုး သူ့အဖေဆီသို့ပြန်ပို့ပေးချင်စိတ်မရှိခဲ့ပါချေ။
ထိုည၌ ရှယောင်နဲ့ကျိုးတုက အိပ်ရာပေါ်အတူလဲနေကြပြီး အိပ်လို့မရနိုင်ခဲ့ကြပေ။ သူတို့ကတစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာ ကြည့်နေမိကြ၏။ ကျိုးတုက ကူကယ်ရာမဲ့စွာဖြင့်ပဲ မေးလိုက်သည်။ " မင်း သားလေးတစ်ယောက်လောက် လိုချင်လား "
ရှယောင်ကသူ့နှုတ်ခမ်းကိုသာကိုက်ထားပြီး ဘာမှမပြောခဲ့ပေ။
" ငါ့မှာ ယံယံရှပြီးသား မင်းကိုတောင်စပြီးမေ့လာနေပြီ " ကျိုးတုက ရှယောင်ကို အကြည့်နှင့်ပြာချလို့ရတယ်ဟူသောအကြည့်ကြီးဖြင့် ကြည့်နေသည်။ ရှယောင်ကတော့ ကျိုးတုကိုကျောပေးလိုက်ပြီး ဆက်လက်တိတ်ဆိတ်နေလိုက်သည်။
ကျိုးတုက အနောက်ကနေသူ့ကိုဖက်လိုက်၏။ ခဏကြာပြီးနောက် ရှယောင်ကဖြည်းဖြည်းချင်း ပြန်ဖြေပေးလာသည်။ " ငါအိပ်လို့မရဘူး အတွေးထဲမှာ ယံယံအကြောင်းတွေနဲ့ပဲပြည့်နေတယ် "
ကျိုးတုက ပြုံးလိုက်ပြီးရှယောင်ရဲ့ခါးလေးကိုဆွဲဖက်လိုက်၍ သူနဲ့နီးကပ်အောင်ဆွဲလိုက်သည်။ ထို့နောက် သူကပြော၏။ " မနက်ဖန် သူ့ကိုသွားတွေ့ရအောင် "
ရှယောင်ကမေးလိုက်သည်။ " ဘာရယ် "
ကျိုးတုကသူ့ဖုန်းကိုလော့ဖြည်လိုက်ပြီး လက်မှတ်ဝယ်သည့် app လေးကိုထိုးပြလိုက်၍ " ငါတို့အတွက်လက်မှတ်မှာလိုက်မယ်။ သွားပြီး ယံယံကိုအိမ်ပြန်ခေါ်လာကြမယ် "
ရှယောင်မျက်လုံးထဲ မျက်ရည်တွေဖြင့်ပြည့်လာခဲ့ပြီး သူက ကျိုးတုကိုတင်းကြပ်စွာဖက်ထားလိုက်မိသည်။
နောက်တစ်နေ့မနက် သူတို့အိပ်ရာထပြီးမကြာခင်မှာပဲ ရှယောင်ကပစ္စည်းအနည်းငယ်မြန်မြန်ထုတ်ပိုးလိုက်ပြီး ဘယ်အချိန်မဆို ထွက်ခွာရန်စိတ်အားထက်သန်နေခဲ့သည်။ ကျိုးတုကသူ့ကို ပြော၏။ " မင်း အဝတ်အစားနည်းနည်း ထပ်ထည့်သင့်တယ်။ ငါတို့ပြန်မလာခင် ယံယံကိုခေါ်ပြီး ခရီးသွားကြမယ်။ ဒီနွေရာသီမှာ မင်းလည်း အတန်းတွေမှမရှိတာပဲ "
ထိုစကားအားကြားသည့်နှင့် ရှယောင်က သူ့ခရီးဆောင်အိတ်ထဲ အဝတ်အစားနည်းနည်းထပ်ထည့်လိုက်သည်။ သူကျိုးတုကိုတောင် နောက်ထပ် ထပ်မစောင့်နိုင်တော့သလို ခံစားနေရ၏။
ကျိုးတုက ရှယောင်ကိုအိမ်မှခေါ်ထုတ်မသွားခင် ရေ လျှပ်စစ်မီး အားလုံးအားပိတ်ထားခဲ့လိုက်သည်။
သူတို့အခြားနိုင်ငံသို့လေယာဥ်ဆိုက်ပြီးတာနှင့် ရှယောင်က ယံယံကိုတွေ့ဖို့မစောင့်နိုင်တော့ပေ။ သူတို့ Miss sun အိမ်ရောက်တော့ သူတို့ပထမဆုံးမြင်လိုက်ရသည်က ယံယံ၏မျက်ရည်အပြည့်နှင့်မျက်နှာလေးပင်ဖြစ်သည်။
သူက ရှယောင်လက်မောင်းထဲခုန်ဝင်ပြီး ငိုရှာသည်။ " ပါး မားမားကညာတယ် သူညာတယ် ယံယံက ပါ့ပါးကိုနောက်ထပ် ထပ်မတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ "
ရှယောင်က ယံယံကိုတင်းကြပ်စွာဖက်ထားချိန် Miss sun ကဘေးမှာကို့ယို့ကားယားဖြင့်ရပ်နေခဲ့သည်။ အဖေရော သားရော စိတ်လျော့သွားသည့်အချိန် ကျိုးတုက Miss sun ကိုတစ်နေရာရာသို့သွားပြီး သူနဲ့နှစ်ယောက်ထဲစကားပြောရန် အချက်ပြလိုက်သည်။
ရှယောင်က သူတို့နှစ်ယောက်၏စကားဝိုင်းအသေးစိတ်ကိုမသိရှိခဲ့ပေ။ ဒါပေမယ့် နောက်ဆုံးတော့ Miss sun က နှစ်တိုင်း သူမနဲ့သူမသားကိုတွေ့ခွင့်ပေးဖို့ ရှယောင်အားတောင်းဆိုခဲ့ပြီး ယံယံကိုလည်း ရှယောင် ဘက်က ပျိုးထောင်ဖို့ သဘောတူခဲ့သည်။
သေချာပေါက် ရှယောင်ကသဘောတူခဲ့ပါ၏။
ကိစ္စများဖြေရှင်းပြီးနောက် ရှယောင်ကခံစားချက်တွေကောင်းနေခဲ့သည်။ ရှယောင်နှင့် နှစ်ရက်လောက် ခွဲနေရပြီးနောက် ရှယံယံက ပိုပိုပြီးကပ်တွယ်နေခဲ့သည်။
ကျိုးတုက သူပျော်နေလား ဝမ်းနည်းနေလားဆိုသည်တောင် မပြောတတ်တော့ပေ။ ဘာလို့ဆို သူနဲ့ရှယောင်နဲ့အတူရှိသည့်အချိန်က နည်း နည်းလာသောကြောင့်ပင်။ ကျိုးတုသာ ဆယ်ကျော်သက်အရွယ်ဖြစ်နေအုံးမယ်ဆိုရင် ယံယံဖြစ်ဖြစ် သူ့သားပဲဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ရှယောင်၏အချစ်က သူ့အတွက်သာဖြစ်ရမည်ဟူ၍ ပိုင်စိုးနေမိမည်ဖြစ်သည်။ သို့သော်လည်း အခုကျိုးတုက အရွယ်ရောက်နေပြီဖြစ်သည်။ တခါတလေ အချစ်ဆိုတာက အမြဲတမ်းပိုင်ဆိုင်ရမည့်အရာမဟုတ်မှန်း သူသိနေခဲ့လေပြီ။
ကျိုးတုအတွက်တော့ ရှယောင်ရဲ့ပျော်ရွှင်မှုက သူ့ရဲ့အကြီးမားဆုံးပျော်ရွှင်မှုသာ ဖြစ်ပါတော့သည်။
______The End______
_________________________________________♥______________________________________
[Zawgyi]
...
...
ရှယောင်ကမေးလိုက်သည်။ " ဘာရယ် "
______The End______
_________________________________________♥______________________________________
Continue Reading
You'll Also Like
2.1M 368K 159
"ဒီတစ်ခေါက်ရော အလဲအလှယ်အနေနဲ့ ကိုယ်တော်ဘက်က ဘာပြန်ပေးရမလဲ" "မင်း"
23.2K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အကျဉ်းချုပ်...
32.9K 4.3K 13
Author(s) 曳萝 Status in COO 66 Chapters (Complete) Type Web Novel (CN) Genre Comedy ,Fantasy, Romance, Shounen Ai Associated Name Transmigrated as a S...
72.6K 7.4K 5
Original Author - 疾风不知 Original Name - 死敌居然暗恋我 Original Eng Translator - KK Translator Eng Name - My Enemy is actually secrectly in love with me ⚠︎...