© ကျွန်တော့်မိန်းမကကျွန်တော်သ...

By xena-bb

1.1M 187K 6K

Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozh... More

Story Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13.1
Chapter 13.2
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25.1
Chapter 25.2
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34 - 1
Chapter 34 - 2
Chapter 35
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38
Chapter 39
Chapter 40.1
Chapter 40.2
Chapter 41
Chapter 42.1
Chapter 42.2
Chapter 42.3
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63.1
Chapter 63.2
Chapter 64
Chapter 65
Chapter 67
Chapter 68
Chapter 69
Chapter 70 (Ending)
ကျေးဇူးတင်လွှာ

Chapter 66

8.7K 1.4K 37
By xena-bb

[Unicode]

ရှအမေက ကျိုးတုရှေ့သစ်သီးများချပေးနေချိန် ရှယံယံက ပါပီမျက်လုံးလေးများဖြင့် သူ့အားကြည့်နေခဲ့သည်။

ရှအမေ၏နှုတ်ခမ်းဖျားထက် နွေးထွေးသော အပြုံးတစ်ခု ဆောင်ယူထားရင်းဖြင့် သူမကပြောလိုက်သည်။ " ရှယံယံလေးက သားကိုအတော်လေး နှစ်သက်ပုံပဲ သားရဲ့နားမှာပဲ ဒီလိုမျိုးကပ်နေတာ "

ထိုစကားကိုကြားတော့ ကျိုးတုက လှည့်ပြီး သူ့ပေါင်ပေါ်ထိုင်နေသည့် ရှယံယံလေးအားကြည့်လိုက်သည်။ မျက်လုံးနှစ်စုံ အကြည့်ဆုံမိတော့ ရှယံယံက ရုတ်တရက် စိတ်လှုပ်ရှားနေသောမျက်နှာလေးဖြင့် ကျိုးတုအား ' ပါ့ပါး ' ဟုအော်ခေါ်လိုက်လေသည်။

ကျိုးတုရုတ်တရက် ဖြူလျော်သွားရပြီး သူ့ခေါင်းကိုမော့၍ ရှအမေအား ရှင်းပြလိုက်သည်။ " သူကာကွယ်ဆေးထိုးနေတုန်းက အရုပ်ဝယ်ပေးမယ်လို့ ကျွန်တော် ကတိပေးထားတာရှိလို့ပါ။ သူအဲ့အကြောင်းကို တွေးမိသွားလို့ဖြစ်လိမ့်မယ် "

ရှအမေက ရှင်းရှင်းလင်းလင်းကိုသတိရမိပါ၏။ ကျိုးတုက ဖောက်သည်နှင့် တွေ့ဖို့လာသည်ဟု ပြောခဲ့သည့်အကြောင်း။ သူမကအပြုံးလေးဖြင့် ကျိုးတုလက်ထဲက ရှယံယံအားခေါ်ထုတ်လိုက်သည်။ " သားနေ့လယ်စာ မစားရသေးဘူးဆိုရင် ဒီမှာပဲနေပြီးစားသွားပါလား "

ကျိုးတုက ' ဟုတ်ကဲ့ ' ဟုပြန်ဖြေတော့မည့် သူ့နှုတ်ခမ်းလေးအား အတင်းကာရော ပိတ်ထားမိရသည်။

" တောင်းပန်ပါတယ် မွေးစားအမေ ကျွန်တော်ကုမ္မဏီမှာ လုပ်စရာလေးရှိသေးလို့။ ကျွန်တော် အခုပဲ ပြန်ရမယ် " သူစကားပြောပြီးတာနှင့် မတ်တပ်ရပ်လိုက်ပြီး ပြန်ရန်လုပ်လိုက်သည်။ ရှယံယံက ကျိုးတုပေါင်ကိုအတင်းကာရော ဖက်ထားပြီး ထွက်သွားဖို့ကိုခွင့်ပြုဖို့ဆန္ဒမရှိခဲ့ပါချေ။

ရှယောင်က အရှေ့ထွက်လာပြီး သူ့သားကို ကျိူးတုဆီမှပြန်ဆွဲယူ၍ အားလုံးကြားအောင် ပြောလိုက်သည်။ " ငါမင်းကို အပြင်ထိလိုက်ပို့ပေးမယ် "

ကျိုးတုက ရှအမေဆီခပ်မြန်မြန်ကြည့်လိုက်မိတော့ သူ့မ၏အမူအရာက မပြောင်းလဲဘဲရှိနေခဲ့သည်။ သူ့စိတ်ထဲ ထိုလူများနှင့်အတူ ပိုပြီးအချိန်ကုန်ဆုံးချင်သည့်စိတ်တို့က လွန်ဆွဲသလိုဖြစ်ပေါ်လာပြန်၏။

"Okay "

နှစ်ယောက်သားအပြင်သို့ထွက်လာကြသည်။ ကျိုးတုက တောက်ပနေသည့်နေလုံးကြီးကိုကြည့်ပြီး သူ့လက်ဖြင့် ရှယောင်အားလှမ်းတားလိုက်သည်။ " နေအရမ်းပူနေတယ် မင်းအထဲပြန်ဝင်လိုက်တော့ ဒီကနေပဲ ငါသွားလိုက်တော့မယ် "

ရှယောင်ကခေါင်းခါလိုက်၍ " ရပါတယ် ငါအကြာကြီး အပြင်မှာမနေပါဘူး "

သူက ကျိုးတုဘေးနားကနေ ထွက်သွားဖို့အတွက် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့်ပဲ ရွေးချယ်စရာမရှိစွာဖြင့် ထိုလူသားလေးအား ကားပါကင်ရောက်သည်အထိ အဖော်ခေါ်သွားလိုက်ရတော့သည်။ အရိပ်များစွာရှိခဲ့သော်လည်း သူတို့ကိုယ်သူတို့ Pressure cooker တစ်ခုထဲရောက်နေသလိုခံစားနေရသည်။ လေက အသက်ရှူကခက်ခဲနေစေပြီး နွေရာသီ၏အပူကြောင့် လေးလံထိုင်းမှိုင်းနေ၏။ ကျိုးတုက သူ့ကားထဲက လေအေးပေးစက်အားဖွင့်လိုက်သည်။ သို့သော် သူ့ ကားအပြင်ဘက်တွင် ပြန်သွားမည့်ပုံမရှိဘဲ မတ်တပ်ရပ်နေဆဲ ရှိသည့် ရှယောင်အားမြင်လိုက်ရလေ၏။ ထို့ကြောင့် သူက ကားတံခါးဖွင့်လိုက်ပြီး လက်ထုတ်လိုက်၍ ရှယောင်အား ကားထဲဆွဲခေါ်လိုက်သည်။

ကားထဲက လေအေးပေးစက်ကို အမြင့်ဆုံးဖွင့်ထားကြောင့် ရှယောင်က ကျိုးတု၏ရင်းနှီးနေသည့် ကိုယ်နံ့လေးအား ရှင်းရှင်းလင်းလင်းကို ရနေနိုင်ခဲ့၏။ သူက နှုတ်ခမ်းကိုကိုက်ထားလျှက် သူ့မျက်လုံးများက အရှေ့ကိုသာကြည့်နေပြီး တိတ်ဆိတ်နေဆဲပင်။

ကျိုးတုက သူ့လက်နှစ်ဖက်လုံးဖြင့် ကားစတီယာတိုင်အား ကိုင်ထားပြီး သူ့မျက်လုံးထောင့်လေးဖြင့် ရှယောင်ကြည့်နေသည်။ တဖြည်းဖြည်းနှင့် သူ့နှုတ်ခမ်းထောင့်နားလေးများက မြင့်တက်လာပြီး ရည်ရွယ်ချက်ရှိရှိဖြင့်ပြောလာသည်။ " မင်းက ငါသွားမှာကိုတွန့်ဆုတ်တဲ့ပုံလုပ်ပြနေတော့ ငါနဲ့အတူနေချင်နေတာလို့ ထင်လိုက်မိတော့မှာပဲ "

သူပထမတော့ ရှယောင်က ရှက်ပြီး စိတ်ဆိုးဆိုးဖြင့်ငြင်းမည်ဟု တွေးလိုက်မိသည်။ သို့သော် အံ့အားသင့်စရာကောင်းစွာဖြင့် သူ့ဘေးကလူသားက သူ့ဘက်ကိုလှည့်လာပြီး မျက်လုံးများက သူ့ကိုသာစိုက်ကြည့်နေလျှက်ဖြင့် ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး ပြောလာသည်။ " ငါတကယ်ကို မင်းနဲ့အတူနေချင်နေတာ "

ကျိုးတုက အသက်ဖြောင့်ဖြောင့်ရှူသွင်းလိုက်ပြီး ရှယောင်အား ဂရုတစိုက်ဖြင့် စုံချည်ဆန်ချည် ကြည့်နေမိသည်။ တဆက်ထဲ သူ့ရှေ့ကထိုလူသားတွင် သရဲဝင်ပူးနေခြင်းမရှိကြောင်းကိုလည်း အသေအချာ အတည်ပြုစစ်ဆေးနေခဲ့၏။

ရှယောင်၏ စကားတွေထဲမှ ကျိုးတုတစ်ယောက်မလွတ်မြောက်နိုင်သေးပုံရသည်။ ရှယောင်၏လက်သူ့နားရောက်လာသည်တောင် သတိမထားနိုင်ဖြစ်နေရ၏။ ပိန်ပါးသော လက်ချောင်းလေးတွေက ကျိုးတု၏အင်္ကျီကော်လားအား ဆွဲကိုင်လိုက်သည်။ ကျိုးတုကတော့ သူ၏ပုံမှန်အခြေအနေအား ပြန်ရောက်သေးမည့်ပုံ မပေါ်သေးပါချေ။

နွေးထွေးသောလေများ သူ့မျက်နှာပေါ်ကျ ရောက်လာပြီး သူ၏နှုတ်ခမ်းတစ်စုံအား နူးညံ့လှသည့် အရာတစ်ခုခုဖြင့် ထိခတ်လာသည်အခါမှသာ ကျိုးတု၏ သံချေးတက်သွားသည့် လက်ချောင်းများက လှုပ်ရှားလို့လာခဲ့လေသည်။

" ရှ-ရှယောင်? " သူစကားတွေတောင် ထစ်နေခဲ့၏။

ရှယောင်၏ ပါးလေးများက အနီရောင်တောက်လာခဲ့၏။ " ငါပြန်တော့မယ် ကားကိုဂရုစိုက်မောင်းအုံး " သူ့စကားဆုံးသွားသည်နှင့် လှည့်ပြီး ကားထဲကထွက်ရန်အဆင်သင့်ဖြစ်လို့နေခဲ့သည်။

ကျိုးတုက ရုတ်တရက်သူ့လက်အားထုတ်ပြီး အခြားသူ၏ခါးနေရာအား ဆွဲကိုင်လိုက်ရသည်။

" မင်းက မင်းဘာသာမင်းစနောက်လို့ပြီးတာနဲ့ ထွက်သွားချင်နေတာလား " ကျိုးတု မျက်လုံးများက တောက်ပနေခဲ့ပြီး မျက်လုံးထောင့်နားလေးများကလည်း မြင့်တက်နေခဲ့၏။ သူ၏ ချောမောသည့်အသွင်အပြင်အား နည်းနည်းလေးမှပင် သယ်ဆောင်မထားခဲ့ပါချေ။

ရှယောင်၏နားရွက်ဖျားလေးတွေက ပူလာခဲ့ပြီး ထိခိုက်မခံနိုင်သည့်အသံလေးဖြင့် ပြောလာသည်။ " မင်းကဘာလုပ်ချင်လို့လဲ? "

နှစ်ယောက်သားက မျက်နှာချင်းဆိုင်ရှိနေကြပြီး ကျိုးတုလက်ချောင်းလေးများက ရှယောင်နှုတ်ခမ်းပေါ် ပွတ်သပ်နေခဲ့သည်။

ကျိုးတုရဲ့ အာဒံပန်းသီးလေးက အပေါ်အောက် ရွေ့လျားနေပြီး သူကရှယောင်ဆီဖြည်းဖြည်းချင်းတိုးကပ်လာ၍ လေပူများရှူထုတ်လိုက်သည်။ " ငါက မင်းကိုကြင်နာစွာနဲ့ပြန်တုံ့ပြန်ဖို့ စီစဥ်နေတာ "

သူ့စကားဆုံးသွားနှင့် သူ့ရှေ့က ယောကျ်ားအား နမ်းလိုက်သည်။ လွှတ်ပေးဖို့ဆန္ဒလည်းမရှိစွာဖြင့်။ ဘာပဲဖြစ်ဖြစ် လက်ဆောင်ပြန်ပေးသည်ဆို သည်က ကိုယ့်ရဲ့ကျေးဇူးတင်မှုကိုပြသနိုင်ဖို့ ​သေချာသည့် လက်ဆောင်အကြီးကြီးအား ပြန်ပေးရမည်ဖြစ်သည်လေ။

သူ့လျှာဖျားလေးက ရှယောင်၏ပါးစပ်အား လွယ်ကူစွာဖြင့်ဖွင့်ဟလိုက်၏။ ကျိုးတုအနေနဲ့ ပြင်သစ်အနမ်းပေးဖူးသည့်နောက်ဆုံးအကြိမ်ကပင် အတော်လေးကြာခဲ့ပြီဖြစ်တာကြောင့် သူ့ရဲ့ဗီဇနှင့် လက်ကျန်မှတ်ဉာဏ်လေးအပေါ်တွင်သာ အခြေပြုပြီး နမ်းနိုင်ခဲ့သည်။ သူတို့၏အနမ်းက စိတ်အားထက်သန်မှုနှင့် အရူးအမူးစွဲလန်းခြင်းတို့သာ ပြည့်နှက်နေခဲ့လေ၏။

သူတို့၏နှုတ်ခမ်းများ ကွဲကွာသွားသည့်အခါ သူတို့၏အသက်ရှူသံများက မောဟိုက်ပြီး မမှန်မကန်ဖြစ်လို့နေ၏။ ရှယောင် လက်များက ကျိုးတု၏ရင်ဘက်ပေါ် ထောက်ထားပြီး သူ့မျက်လုံးများက လည်း ရီဝေဝေဖြစ်နေခဲ့သည်။

" ငါတကယ် ပြန်ရမယ် " သူက ညင်သာစွာဖြင့်ပြောလိုက်ပြီး သူ့မျက်လုံးများက ကျိုးတုအပေါ်တွင်သာ တည်နေခဲ့၏။

ကျိုးတု လက်က ရှယောင်ခါးကိုသာဖက်ထားပြီး သူ့ပါးကို ရှယောင်ပခုံးပေါ်ကပ်လိုက်ပြီး အသံသြသြဖြင့်ပြောလာသည်။ " ဒီညငါ့အိမ်မှာလိုက်အိပ်ရင်ရော "

ရှယောင်က ကျိုးတု အသက်ရှူနေခြင်းအားခံစားနေရပြီး သူ့လက်ချောင်းများဖြင့် ထို့သူ၏ပါးအားတွန်းထုတ်လိုက်သည်။ ထို့နောက်သူက တိုးတိုးလေးပြောလိုက်၏။ " ကောင်းပြီ "

ရှအမေက သူ့မ၏သားလေးက အခြားအရွယ်ရောက်ပြီးသား လူတစ်ယောက်ကို အပြင်ထွက်ပို့တာ ဘာလို့ဒီလောက်ကြာနေရသလဲ ဟူ၍ စစ်ဆေးမေးမြန်းခြင်းမျိုးမပြုခဲ့ပေ။ သူမက ရှယံယံနှင့်အတူ အိမ်ဆောက်ကစားစရာများ ကစားရင်းဖြင့်အလုပ်များနေခဲ့၏။ ရှယောင်ဝင်လာတာတွေ့တော့ သူမကသူ့အား ပြောလိုက်သည်။ " မားဒီည ညစာမချက်ဘူး။ မားတို့တွေ အန်ကယ်ဖန်နဲ့အတူတူ အပြင်ထွက်စားကြမယ် "

ရှယောင်က ထိုအကြံပေးချက်အပေါ် မျက်မှောင်ကြုံ့လိုက်မိသည်။ ထိုသို့အပြင်လိုက်သွားခဲ့လျှင် ကျိုးတုကိုဖုန်းခေါ်ပြီး ဒီညတော့မလာဖြစ်ကြောင်း လှမ်းပြောရတော့မည်။

ရှအမေက သူမ၏အမူအရာအားတစ်ချက်မပြောင်းလဲဘဲ ဆက်ပြောလာသည်။ " ဒီတိုင်းရိုးရိုး မိသားစုညစာလေးပါပဲ။ သားလုပ်စရာရှိသေးတယ်ဆိုရင် သွားလို့ရတယ်။ မား ယံယံကိုခေါ်သွားလိုက်မယ် "

ရှယောင်က သဘောမတူခင်အတော်ကြာကြာလေး စဥ်းစားလိုက်၏။ အချို့ကိစ္စတွေက ပါးစပ်ကထုတ်ပြောစရာပင်မလို သူ့အမေက အရာအားလုံးအား နားလည်ပေးထားပြီဖြစ်ကြောင်း ရှယောင်သိနေခဲ့သည်။

သုံးနာရီကျော်တော့ အန်ကယ်ဖန်ရောက်လာပြီး ရှအမေနှင့်ရှယံယံတို့အား ခေါ်ဆောင်သွားခဲ့သည်။ ရှယောင်အိမ်မှာစာဖတ်နေချိန် သူ့ဘေးနားကဖုန်းက အသံမြည်လာခဲ့သည်။ သူခပ်မြန်မြန်ဖြင့် ရောက်လာသည့် စာအားဖတ်လိုက်ချိန် သူ့နှုတ်ခမ်းထက်အပြုံးကြီးတစ်ခုဖြစ်ပေါ်လာပြီး ဖုန်းကိုယူ၍ ဖုန်းခေါ်လိုက်လေသည်။

ကျိုးတုက ရှယောင်သူ့ဆီဖုန်းခေါ်လာကြောင်းပြသည့် Notification အားကြည့်ပြီး သူ့မှာရိုးရှင်းသည့် ဖုန်းခေါ်ဆိုမှုလေးတောင်မလုပ်ရဲဘဲ ဘယ်လိုတောင်အတွေးလွန်နေသည်လဲဆိုတာ တွေးမိရင်း ချက်ချင်း ပျော်ရွှင်မှုအလင်းရောင်လေးတို့ ဖြာလာရ၏။

" ကျိုးတု " ဖုန်း၏အခြားတစ်ဖက်မှ ရှယောင်၏အသံလေး ထွက်လာချိန် ကျိုးတု၏နှလုံးသားလေးတစ်ခုလုံး စောင်တစ်စောင်ဖြင့် ထုတ်ပိုးထားသလိုမျိုး နွေးထွေးမှုလေးခံစားလိုက်ရသည်။

" အင်း မင်းအိမ်မှာလား "

" ငါစာဖတ်နေတာ "

" လိမ္မာတဲ့ကောင်လေးပေါ့။ ယံယံနဲ့မွေးစားအမေကရော "

" အန်ကယ်ဖန်က သုံးနာရီထဲကသူတို့ကိုလာခေါ်သွားတယ် သူတို့ညစာစားလို့မပြီးခင်အထိ ပြန်လာအုံးမှာမဟုတ်ဘူး "

ထိုစကားအားကြားသည်နှင့် ကျိုးတုကမေးလာသည်။ " ဒါဆို မင်းကအိမ်မှာတစ်ယောက်ထဲပေါ့ "

" အင်းပေါ့ "

" စောင့်နေ ငါမင်းဆီလာခဲ့မယ် " သူပြောပြီး သိပ်မကြာခင်ဘဲ ကျိုးတုကဖုန်းချသွားခဲ့သည်။ ရှယောင်က သူ့ခေါင်းလေးကိုသာခါပြီး ရယ်လိုက်နိုင်၏။ သူ့ဘေးက စာအုပ်လေးကိုသာပြန်ကိုင်ပြီး ဖတ်နေလိုက်သည်။ ထူးဆန်းစွာဖြင့်ပဲ မိနစ်အနည်းငယ်ကြာပြီးတာတောင်မှ စာရွက်တစ်ရွက်တောင်မလှန်ရသေးပါပေ။

တံခါးဘဲလ်မြည်လာသည့်အခါ သိပ်မဟုတ်သေးကြောင်း ရှယောင်ခံစားလိုက်ရသည်။ ကျိုးတုရောက်လာသည့် အလျှင်ကဒီလောက်တောင် မြန်နိုင်ပါ့မလား။

သူကစိတ်လှုပ်ရှားမှုအပြည့်ဖြင့် တံခါးဆီပြေးသွားပြီး ဖွင့်လိုက်သည့်အချိန် သူ့သံသယတွေက မှန်ကန်ကြောင်း သက်သေပြသွားခဲ့၏။ သူ့ရှေ့တွင်ရပ်နေသည့်သူက -

ကျို့ဝမ်ဟွာ ပင်ဖြစ်ပါ၏။

ရှယောင်က ခြေထောက်တစ်ဖက်ကိုလှမ်းရင်း သူ့ဘာသာသူအိမ်ထဲဝင်လာသည့် ကျို့ဝမ်ဟွာကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်သည်။ ရှယောင်က သူ့နှုတ်ခမ်းအားတင်းတင်းစေ့ထား သည့်တိုင်အောင် ဘေးတစ်ဖက်သို့ကပ်၍ ထိုလူအား ဝင်ခွင့်ပေးလိုက်သည်။

အိမ်ထဲတွင်လေအေးပေးစက်ဖွင့်ထားသော်လည်း ရှယောင်ကတံခါးအားလုံးဝပြန်မပိတ်ပဲ အပြင်ဘက်မှလေပူများကို အထဲဝင်ခွင့်ပြုနေလိုက်သည်။ ရှယောင်၏ရည်ရွယ်ချက်က ရှင်းပါ၏။ ကျို့ဝမ်ဟွာဆိုသူသည် ဒီအိမ်မှ ကြိုဆိုမည့် ဧည့်သည်တစ်ယောက်လုံးဝမဟုတ်ပါပေ။

" ယံယံရောဘယ်မှာလဲ " ကျို့ဝမ်ဟွာကမေးလာသည်။ သူကရှယောင်ကို ဘာမှမဟုတ်သလိုမျိုးကြည့်လိုက်ပေမယ့်လည်း သူ့မျက်ခုံးများအားပင့်မ၍ အခန်းအားလိုက်စစ်ဆေးနေသည်။

" သူအပြင်ထွက်သွားတယ် "

ကျို့ဝမ်ဟွာက မျက်မှောင်ကြီးကြုံ့လိုက်၏။ " အပြင်မှာအရမ်းပူနေတာလေ ဘာလို့သူက အပြင်ထွက်သွားရတာလဲ " သူကပြောရင်းဖြင့် ဧည့်ခန်းထဲက ဆိုဖာဆီသို့လျှောက်သွားသည်။

ရှယောင်က သူ့ကိုယ်သူထိန်းချုပ်ရန်ကြိုးစားသော်လည်း ပေါက်ကွဲသည့်အရေးမှမထိန်းချုပ်နိုင်ခဲ့ပါချေ။ " ဒီနေရာမှာ ခင်ဗျားအနေနဲ့လုပ်စရာများရှိလို့လား "

ကျို့ဝမ်ဟွာကသူ့အား အတိုချုံးသာကြည့်လာ၏။ " ဘယ်လို ငါ့မှာဘာမှလုပ်စရာမရှိရင်တောင် လာလည်လို့မရဘူးလား "

" ခင်ဗျားကို ဘယ်သူမှမခေါ်ဘူး "

" အဟက် " ကျို့ဝမ်ဟွာက အေးစက်သော ' ဟက် ' တစ်ချက်အားပေးလာသည်။ " ငါကလည်းမင်းဆီလာတာမဟုတ်ပါဘူး။ ငါ့မြေးလေးကိုတွေ့ဖို့ ငါလာတာ "

အခြားတစ်ဖက်ကလူက သူ့အားလူတစ်ယောက်လိုမဆက်ဆံသည်အားတွေ့လိုက်ရတော့ ရှယောင်က ပိုပြီးရန်လိုလာသည်။ " ဒီနေရာမှာ ခင်ဗျားရဲ့မြေးဆိုတာ မရှိဘူး။ ဒီနေရာကဘယ်သူမှ ခင်ဗျားနဲ့ သွေးသားမတော်စပ်ဘူး။ ခင်ဗျားက ဒီနေရာကိုလာပြီး မိသားစုပျော်စရာလေးတွေ လာလုပ်တာဆိုရင်တော့ ခင်ဗျားကိုအကြံပေးလိုက်မယ် ဒီနေရာကထွက်သွားလိုက်တော့။ ကျွန်တော် ခင်ဗျားကိုအပြင်ဆွဲမထုတ်ချင်ဘူး "

" ဘယ်လို ဧည့်ခံမှုမျိုးလဲ " ကျို့ဝမ်ဟွာ၏ မျက်ခုံးများက ဒေါသကြောင့်မြင့်တက်လာ၏။ သို့သော်လည်း ထိုလူကသူ့ဒေါသတွေအား ခပ်မြန်မြန်လျော့ချလိုက်သည်။ " ငါတို့ရဲ့ သွေးသွားတော်စပ်မှုက မင်းဖြတ်ချင်တိုင်း ဖြတ်လို့ရတာမဟုတ်ဘူး။ ဒါ့အပြင် မင်း B မြို့မှာအချေကျနေနိုင်တယ်ဆိုတာကလည်း ငါ့ရဲ့ထောက်ပံ့မှုတွေကြောင့်ပဲလေ " သူ့မျက်လုံးထဲ မောက်မာခြင်းဟူသော ရောင်ခြည်များက ထုတ်လွှတ်နေခဲ့၏။

ရှယောင်ကဆက်လက်တိတ်ဆိတ်နေပြီး သူ့အခန်းထဲပြန်သွားလိုက်၍ သူ့စာအုပ်ကိုပြန်ကိုင်လိုက်ပြီး အပြင်ကထိုကြက်သတောင်းစားကြီးအား ဘာအာရုံမှကိုစိုက်မနေတော့ပေ။

(အထက်လေး ဆဲမိပြန်ပြီ ဆောတီး E tran က Person လို့ရေးထားတာပါ အချောလေးက သက်သက် ကြက်သတောင်းစားလို့ရေးလိုက်တာ)

သူ့အား လျစ်လှူရှူထားသည်ဟုခံစားလိုက်ရသော ကျို့ဝမ်ဟွာက စတင်စိတ်ဆိုးလာသည်။ သူကမတ်တပ်ရပ်လိုက်ပြီး ရှယောင်အခန်းတံခါးဝနားလျှောက်လာ၍ မေးလာသည်။ " မင်းအမေက ရှယံယံကိုဘယ်နေရာခေါ်သွားတာလဲ "

ရှယောင်က သူ့အားအကြည့်တစ်ချက်သာပြန်ပေးလိုက်၍ " သူ့ရဲ့အဘိုး အန်ကယ်ဖန်ဆီကို "

ကျို့ဝမ်ဟွာက ရှအမေနှင့်မစ်စတာဖန်၏ အကြောင်းအား ကြားထားပြီးသားဖြစ်သည်။ သူ့အနေနှင့် ရှအမေဘယ်သူနဲ့တွဲတွဲ ဂရုကိုမစိုက်ပေ သို့သော် ထိုမိန်းမက သူ့မြေးအား ထိုယောကျ်ားနှင့် တွေ့ပေးသည့်ကိစ္စအားလက်မခံနိုင်ပေ။

" သူတို့ကိုအခုချက်ချင်း ပြန်လာဖို့ပြောလိုက် " ကျို့ဝမ်ဟွာက အမိန့်ပေးလိုက်သည်။

နောက်ဆုံးက ရှယောင်ကသူ့ခေါင်းလေးကိုမော့လိုက်ပြီး ကျို့ဝမ်ဟွာအားကြည့်လာ၏။ သူက သူ့ရှေ့ကထိုလူအား အထူးတလှယ်ပြောကြားလိုက်သည်။ " ယံယံက သူ့အဘိုး အဖွားတွေနဲ့ အတူရှိနေတဲ့ဟာ ကျွန်တော်ကဘာကိစ္စ ပြန်ခေါ်ရမှာလဲ "

ထိုစကားအားကြားသည်နှင့် ကျို့ဝမ်ဟွာက ရှယောင်ဟာ ထိုယောကျ်ားအားအသိအမှတ်ပြုသည်အား ကြားရသည်နှင့် သူ့ဒေါသတွေကကြီးထွားလာရသည်။ " ယံယံကငါ့ရဲ့မြေး မင်းကဘာကိစ္စ အခြားယောကျ်ားတစ်ယောက်ကို သူ့အဖိုးလို့ခေါ်နေရတာလဲ "

ရှယောင်က သူ့ရှေ့တွင်မတ်တပ်ရပ်နေသည့် ထိုယောင်္ကျားအားကြည့်လိုက်သည်။ တစ်ချိန်က ကျယ်ပြန့်ခဲ့သည့်အခွင့်အာဏာတွေလည်း မရှိတော့ဘဲ ခြောက်သွေ့သော မီးခိုးရောင်ဆံပင်တွေက သူ့အားအသက်ကြီးသည့်ပုံပေါ်နေစေသည်။ ရှယောင်က သူ့လေတွေကိုအကုန်မခံတော့ဘဲ သူ့ခေါင်းကိုငုံ၍ လက်ထဲကစာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။

ရှယောင်၏ မထီမဲ့မြင်ဆက်ဆံမှုတွေက သူ့အားပိုလို့ ဒေါသထွက်လာစေသည်။ သူကအခန်းထဲဝင်သွားလိုက်ပြီး စာအုပ်အားဆွဲယူလွှတ်ပစ်ရန် လုပ်လိုက်၏။

သို့သော် သူ့လက်အားမြှောက်လိုက်ပြီးသိပ်မကြာခင်မှာဘဲ တစ်ယောက်တစ်ယောက်က သူ့လက်အားလေထဲ၌ ဖမ်းဆွဲထားလေသည်။

" ခင်ဗျားက ဘယ်သူလဲ " ကျိုးတု၏အသံက ဆောင်းရာသီ၏ လေလိုအေးစက်နေပြီး ဘယ်သူဖြစ်ဖြစ်ဂရုမစိုက်သလိုမျိုး ကျို့ဝမ်ဟွာအား စိုက်ကြည့်လို့​နေခဲ့သည်။

ကျို့ဝမ်ဟွာက တခဏလောက်မျက်မှောင်ကြုံ့နေပြီးနောက် ရှယောင်၏ခေါ်လိုက်သံအား ကြားလိုက်ရသည်။ " ကျိုးတု " သူက အခြေအနေအား သဘောပေါ​က်သွားပြီး ရုတ်တရက် သူ့မျက်နှာက နီရဲတွတ်လာခဲ့၏။

" မင်းကအခုထိ သူ့ကိုဆက်သွယ်ရဲတုန်းပဲလား " ကျို့ဝမ်ဟွာက ကျိုးတုနှာခေါင်းနား လက်ညှိုးထိုးနေရင်းဖြင့် ရှယောင်အားလှမ်းအော်လိုက်သည်။

ရှယောင်က ကျိုးတုဘေးနားသွားရပ်လိုက်၍ ငြင်သာစွာဖြင့်ပြောလိုက်သည်။ " လွှတ်ပေးလိုက် "

ကျိုးတုက သူ့လက်ကို ဆွဲကိုင်ထားခြင်းမှလွှတ်ပေးလိုက်သည်။ ကျို့ဝမ်ဟွာက သူ့လက်ကောက်ဝတ်အား တစ်ဖက်လက်ချောင်းများဖြင့် နှိပ်နယ်နေ၏။

" ကောင်းတယ် ကောင်းတယ် ကောင်းတယ် " ကျို့ဝမ်ဟွာက ထိုစကားအားသုံးကြိမ်တိတိပြောခဲ့ပြီးနောက် သူ့မျက်လုံးများက ရှယောင်အပေါ် ရွှေ့လိုက်သည်။ " ရှယောင် မင်းကလေ အကျိုးစီးပွားတွေအားလုံးရိတ်သိမ်းပြီးတာနဲ့ သူများနောက်ကျောကိုဘယ်လို ဓားနဲ့ထိုးရမလဲဆိုတာ တကယ်သိတာပဲ။ မင်းအမေက မင်းကိုမကြည့်တော့ဘူးဆိုတာနဲ့ မင်းကအကုန်လုံးကို အရူးလုပ်တော့တာပဲ။ မင်းရဲ့ဇယားတွေအကြောင်း မင်းအမေရောသိရဲ့လားလို့ ငါမေးကြည့်ချင်ပါရဲ့ "

ထိုလူက ရှယောင်အားထိုသို့ပြောနေသည်အားကြည့်ပြီး ကျိုးတုအမူအရာတွေက ချက်ချင်းမဲမှောက်လာသည်။ " မစ်စတာ ခင်ဗျားရဲ့စကားတွေကို ပိုပြီးလေးစားမှုရှိရှိနဲ့ပြောပေးနိုင်မလား။ အကုန်လုံးကို အရူးလုပ်တော့တာပဲ ဆိုတာက ဘာကိုပြောချင်တာလဲဗျ။ ကျွန်တော်က ရှယောင်ရဲ့ ကောင်လေးပါ ခင်ဗျားကရော ဘယ်သူလဲ "

ကျို့ဝမ်ဟွာက ကျိုးတု၏ ' ကောင်လေး ' ဟူသောစကားလုံးအား အရှက်မရှိပြောနေသည်အားကြည့်ပြီး ပေါက်ကွဲပစ်ဖို့ပိုအဆင်သင့်ဖြစ်သွားရသည်။ သူ၏အလွန်ကိုထွက်နေသည့် ဒေါသတွေကြောင့်ဖြစ်လိမ့်မည် ယခုချက်ချင်း ပြန်ပြောဖို့အတွက် မည်သည့်စကားလုံးကိုမှ ရှာလို့မတွေ့ခဲ့ပါချေ။

" ဒီလူက မစ်စတာကျို့ " ရှယောင်က ရှင်းပြလိုက်သည်။ " သူက ဒီအိမ်ရဲ့ပိုင်ရှင်ဆိုရင်လည်းဟုတ်တယ် "

ကျိုးတုက ချက်ချင်းနားလည်သွားရ၏။ သူက ရှ​ယောင်၏လက်ကိုဆွဲပြီး သူ့ဘေးနားခေါ်ထားလိုက်၍ သူ့ခန္ဓာကိုယ်ကိုသုံးပြီး ဒိုင်းသဖွယ် ကာကွယ်ပေးထားလိုက်သည်။ " ဘာဖြစ်လို့လဲ။ မစ်စတာကျို့က ဒီနေ့ ဒီနေရာမှာ ဘာလုပ်စရာများ ရှိလို့လဲဗျ။ အိမ်ငှားခ တောင်းဖို့များလာတာလား "

သူ့ရှေ့တွင်ပင် ချစ်ခင်ပြနေသောထိုနှစ်ယောက်အား ကြည့်ပြီး ကျို့ဝမ်ဟွာ၏နှလုံးသားထဲ ပို၍ဒေါသတို့ကကြီးထွားလာရသည်။ သူ့မျက်လုံးကလည်း နီရဲလို့လာခဲ့၏။

သူက သူ့ဖုန်းကိုထုတ်ယူလိုက်ပြီး ခလေးတစ်ယောက်က တိုင်တန်းရန်လုပ်နေသလိုမျိုးဖြင့် ရှယောင်အား ခြိမ်းခြောက်လိုက်သည်။ " ငါက မင်းအမေကိုမခေါ်ရဲဘူးလို့များထင်နေတာလား။ ငါသူ့ကိုခေါ်ပြီး မင်းအခုဘယ်သူနဲ့ရှိနေလဲဆိုတာ အကုန်ပြောလိုက်မှာ "

ရှ​ယောင်က အေးစက်စွာပြုံးပြီး ပြောလိုက်သည်။ " ဆန္ဒရှိရင်လုပ်ပါ။ ဒါပေမယ့်လည်း ကျွန်တော်က ခဏနေရင်အပြင်သွားတော့မှာ အဲ့တော့ မစ်စတာကျို့ရေ ခင်ဗျားကိုထွက်သွားပေးဖို့ တောင်းဆိုရုံကလွဲပြီး ရွေးစရာမရှိတော့ဘူးဗျ "

ပြောပြီးသည့်နောက် သူကခေါင်းပြန်လှည့်လိုက်ပြီး ကျိုးတုကိုချစ်ခင်စွာကြည့်၍ ပြောလိုက်သည်။ " ငါ့ကိုအချိန်ခဏလောက်ပေး ပြီးရင် မင်းအိမ်ကိုသွားကြမယ် "

ရှ​ယောင်၏ ' ချစ်ခြင်းဖြင့်ပြည့်ဝနေသော ' အပြုအမူတွေအားကြည့်ရင်း ကျို့ဝမ်ဟွာတစ်ယောက် ပိုပို၍ဒေါသထွက်လာရသည်။

" အရမ်းကောင်းတယ် " သူက ကျိုးတုကိုတစ်ချက်ကြည့်လိုက်ပြီး ထွက်သွားဖို့လှည့်လိုက်သည်။ သို့သော် သူတံခါးဝကိုရောက်သည့်အခါ သူကပြန်လှည့်ပြီး ရှယောင်အားခြိမ်းခြောက်လိုက်ပြန်၏။ " မင်းအမေ ဒီအကြောင်းသိသွားမှာကို မင်းကမကြောက်ဘူးဆိုတော့လည်း သူနဲ့ဆက်ပြီး လွတ်လွတ်လပ်လပ်ဆက်သွယ်နေလိုက်ပေါ့။ ငါကတော့ ကျိန်းသေပေါက်ကို ဒီနေ့အကြောင်း မင်းအမေကိုပြန်ပြောမှာ "

ရှယောင်က ပခုံးတွန့်လိုက်၍ ကျိုးတုကိုင်ထားသည့် သူ့လက်အားလွှတ်လိုက်ပြီး အခန်းထဲသို့လျှောက်ဝင်သွားလိုက်သည်။

ကျိုးတုက ကျို့ဝမ်ဟွာဘေးနား ခံစားချက်မရှိသည့်မျက်နှာကြီးဖြင့် လိုက်လာပြီး တံခါးအား ဘန်းဟူသောအသံကျယ်ကြီးနှင့်အတူ ပိတ်ချပစ်လိုက်သည်။

ကျို့ဝမ်ဟွာက သူ့မျက်နှာရှေ့က အခုလေးတင်ပိတ်သွားပြီဖြစ်သောတံခါးအား ကြည့်နေပြီး ဒေါသကြောင့် သူ့နှာခေါင်းတောင် ပွစိ ပွစိဖြစ်နေရသည်။

(အထက်လေးဘာသာ ရယ်စရာရေးလိုက်တာ နှာခေါင်းပွစိ ပွစိဆိုပြီးတော့ 🤭 အမလေး ကျို့ဝမ်ဟွာကြီးရယ် ရယ်လိုက်ရတာရှင် ခွေးစာတွေကိုတဝကြီးစားလိုက်ရတာ အဟိ 🤭🤭)

__________________________________________♥________________________________________

[Zawgyi]

ရွအေမက က်ိဳးတုေရွ႕သစ္သီးမ်ားခ်ေပးေနခ်ိန္ ရွယံယံက ပါပီမ်က္လုံးေလးမ်ားျဖင့္ သူ႕အားၾကည့္ေနခဲ့သည္။

ရွအေမ၏ႏႈတ္ခမ္းဖ်ားထက္ ႏြေးေထြးေသာ အၿပဳံးတစ္ခု ေဆာင္ယူထားရင္းျဖင့္ သူမကေျပာလိုက္သည္။ " ရွယံယံေလးက သားကိုအေတာ္ေလး ႏွစ္သက္ပုံပဲ သားရဲ႕နားမွာပဲ ဒီလိုမ်ိဳးကပ္ေနတာ "

ထိုစကားကိုၾကားေတာ့ က်ိဳးတုက လွည့္ၿပီး သူ႕ေပါင္ေပၚထိုင္ေနသည့္ ရွယံယံေလးအားၾကည့္လိုက္သည္။ မ်က္လုံးႏွစ္စုံ အၾကည့္ဆုံမိေတာ့ ရွယံယံက ႐ုတ္တရက္ စိတ္လႈပ္ရွားေနေသာမ်က္ႏွာေလးျဖင့္ က်ိဳးတုအား ' ပါ့ပါး ' ဟုေအာ္ေခၚလိုက္ေလသည္။

က်ိဳးတု႐ုတ္တရက္ ျဖဴေလ်ာ္သြားရၿပီး သူ႕ေခါင္းကိုေမာ့၍ ရွအေမအား ရွင္းျပလိုက္သည္။ " သူကာကြယ္ေဆးထိုးေနတုန္းက အ႐ုပ္ဝယ္ေပးမယ္လို႔ ကြၽန္ေတာ္ ကတိေပးထားတာရွိလို႔ပါ။ သူအဲ့အေၾကာင္းကို ေတြးမိသြားလို႔ျဖစ္လိမ့္မယ္ "

ရွအေမက ရွင္းရွင္းလင္းလင္းကိုသတိရမိပါ၏။ က်ိဳးတုက ေဖာက္သည္ႏွင့္ ေတြ႕ဖို႔လာသည္ဟု ေျပာခဲ့သည့္အေၾကာင္း။ သူမကအၿပဳံးေလးျဖင့္ က်ိဳးတုလက္ထဲက ရွယံယံအားေခၚထုတ္လိုက္သည္။ " သားေန႕လယ္စာ မစားရေသးဘူးဆိုရင္ ဒီမွာပဲေနၿပီးစားသြားပါလား "

က်ိဳးတုက ' ဟုတ္ကဲ့ ' ဟုျပန္ေျဖေတာ့မည့္ သူ႕ႏႈတ္ခမ္းေလးအား အတင္းကာေရာ ပိတ္ထားမိရသည္။

" ေတာင္းပန္ပါတယ္ ေမြးစားအေမ ကြၽန္ေတာ္ကုမၼဏီမွာ လုပ္စရာေလးရွိေသးလို႔။ ကြၽန္ေတာ္ အခုပဲ ျပန္ရမယ္ " သူစကားေျပာၿပီးတာႏွင့္ မတ္တပ္ရပ္လိုက္ၿပီး ျပန္ရန္လုပ္လိုက္သည္။ ရွယံယံက က်ိဳးတုေပါင္ကိုအတင္းကာေရာ ဖက္ထားၿပီး ထြက္သြားဖို႔ကိုခြင့္ျပဳဖို႔ဆႏၵမရွိခဲ့ပါေခ်။

ရွေယာင္က အေရွ႕ထြက္လာၿပီး သူ႕သားကို က်ိဴးတုဆီမွျပန္ဆြဲယူ၍ အားလုံးၾကားေအာင္ ေျပာလိုက္သည္။ " ငါမင္းကို အျပင္ထိလိုက္ပို႔ေပးမယ္ "

က်ိဳးတုက ရွအေမဆီခပ္ျမန္ျမန္ၾကည့္လိုက္မိေတာ့ သူ႕မ၏အမူအရာက မေျပာင္းလဲဘဲရွိေနခဲ့သည္။ သူ႕စိတ္ထဲ ထိုလူမ်ားႏွင့္အတူ ပိုၿပီးအခ်ိန္ကုန္ဆုံးခ်င္သည့္စိတ္တို႔က လြန္ဆြဲသလိုျဖစ္ေပၚလာျပန္၏။

"Okay "

ႏွစ္ေယာက္သားအျပင္သို႔ထြက္လာၾကသည္။ က်ိဳးတုက ေတာက္ပေနသည့္ေနလုံးႀကီးကိုၾကည့္ၿပီး သူ႕လက္ျဖင့္ ရွေယာင္အားလွမ္းတားလိုက္သည္။ " ေနအရမ္းပူေနတယ္ မင္းအထဲျပန္ဝင္လိုက္ေတာ့ ဒီကေနပဲ ငါသြားလိုက္ေတာ့မယ္ "

ရွေယာင္ကေခါင္းခါလိုက္၍ " ရပါတယ္ ငါအၾကာႀကီး အျပင္မွာမေနပါဘူး "

သူက က်ိဳးတုေဘးနားကေန ထြက္သြားဖို႔အတြက္ ျငင္းဆန္ခဲ့သည္။ ထို႔ေၾကာင့္ပဲ ေ႐ြးခ်ယ္စရာမရွိစြာျဖင့္ ထိုလူသားေလးအား ကားပါကင္ေရာက္သည္အထိ အေဖာ္ေခၚသြားလိုက္ရေတာ့သည္။ အရိပ္မ်ားစြာရွိခဲ့ေသာ္လည္း သူတို႔ကိုယ္သူတို႔ Pressure cooker တစ္ခုထဲေရာက္ေနသလိုခံစားေနရသည္။ ေလက အသက္ရႉကခက္ခဲေနေစၿပီး ႏြေရာသီ၏အပူေၾကာင့္ ေလးလံထိုင္းမွိုင္းေန၏။ က်ိဳးတုက သူ႕ကားထဲက ေလေအးေပးစက္အားဖြင့္လိုက္သည္။ သို႔ေသာ္ သူ႕ ကားအျပင္ဘက္တြင္ ျပန္သြားမည့္ပုံမရွိဘဲ မတ္တပ္ရပ္ေနဆဲ ရွိသည့္ ရွေယာင္အားျမင္လိုက္ရေလ၏။ ထို႔ေၾကာင့္ သူက ကားတံခါးဖြင့္လိုက္ၿပီး လက္ထုတ္လိုက္၍ ရွေယာင္အား ကားထဲဆြဲေခၚလိုက္သည္။

ကားထဲက ေလေအးေပးစက္ကို အျမင့္ဆုံးဖြင့္ထားေၾကာင့္ ရွေယာင္က က်ိဳးတု၏ရင္းႏွီးေနသည့္ ကိုယ္နံ႕ေလးအား ရွင္းရွင္းလင္းလင္းကို ရေနနိုင္ခဲ့၏။ သူက ႏႈတ္ခမ္းကိုကိုက္ထားလွ်က္ သူ႕မ်က္လုံးမ်ားက အေရွ႕ကိုသာၾကည့္ေနၿပီး တိတ္ဆိတ္ေနဆဲပင္။

က်ိဳးတုက သူ႕လက္ႏွစ္ဖက္လုံးျဖင့္ ကားစတီယာတိုင္အား ကိုင္ထားၿပီး သူ႕မ်က္လုံးေထာင့္ေလးျဖင့္ ရွေယာင္ၾကည့္ေနသည္။ တျဖည္းျဖည္းႏွင့္ သူ႕ႏႈတ္ခမ္းေထာင့္နားေလးမ်ားက ျမင့္တက္လာၿပီး ရည္႐ြယ္ခ်က္ရွိရွိျဖင့္ေျပာလာသည္။ " မင္းက ငါသြားမွာကိုတြန့္ဆုတ္တဲ့ပုံလုပ္ျပေနေတာ့ ငါနဲ႕အတူေနခ်င္ေနတာလို႔ ထင္လိုက္မိေတာ့မွာပဲ "

သူပထမေတာ့ ရွေယာင္က ရွက္ၿပီး စိတ္ဆိုးဆိုးျဖင့္ျငင္းမည္ဟု ေတြးလိုက္မိသည္။ သို႔ေသာ္ အံ့အားသင့္စရာေကာင္းစြာျဖင့္ သူ႕ေဘးကလူသားက သူ႕ဘက္ကိုလွည့္လာၿပီး မ်က္လုံးမ်ားက သူ႕ကိုသာစိုက္ၾကည့္ေနလွ်က္ျဖင့္ ျဖည္းျဖည္းခ်င္း ေခါင္းညိတ္ၿပီး ေျပာလာသည္။ " ငါတကယ္ကို မင္းနဲ႕အတူေနခ်င္ေနတာ "

က်ိဳးတုက အသက္ေျဖာင့္ေျဖာင့္ရႉသြင္းလိုက္ၿပီး ရွေယာင္အား ဂ႐ုတစိုက္ျဖင့္ စုံခ်ည္ဆန္ခ်ည္ ၾကည့္ေနမိသည္။ တဆက္ထဲ သူ႕ေရွ႕ကထိုလူသားတြင္ သရဲဝင္ပူးေနျခင္းမရွိေၾကာင္းကိုလည္း အေသအခ်ာ အတည္ျပဳစစ္ေဆးေနခဲ့၏။

ရွေယာင္၏ စကားေတြထဲမွ က်ိဳးတုတစ္ေယာက္မလြတ္ေျမာက္နိုင္ေသးပုံရသည္။ ရွေယာင္၏လက္သူ႕နားေရာက္လာသည္ေတာင္ သတိမထားနိုင္ျဖစ္ေနရ၏။ ပိန္ပါးေသာ လက္ေခ်ာင္းေလးေတြက က်ိဳးတု၏အကၤ်ီေကာ္လားအား ဆြဲကိုင္လိုက္သည္။ က်ိဳးတုကေတာ့ သူ၏ပုံမွန္အေျခအေနအား ျပန္ေရာက္ေသးမည့္ပုံ မေပၚေသးပါေခ်။

ႏြေးေထြးေသာေလမ်ား သူ႕မ်က္ႏွာေပၚက် ေရာက္လာၿပီး သူ၏ႏႈတ္ခမ္းတစ္စုံအား ႏူးညံ့လွသည့္ အရာတစ္ခုခုျဖင့္ ထိခတ္လာသည္အခါမွသာ က်ိဳးတု၏ သံေခ်းတက္သြားသည့္ လက္ေခ်ာင္းမ်ားက လႈပ္ရွားလို႔လာခဲ့ေလသည္။

" ရွ-ရွေယာင္? " သူစကားေတြေတာင္ ထစ္ေနခဲ့၏။

ရွေယာင္၏ ပါးေလးမ်ားက အနီေရာင္ေတာက္လာခဲ့၏။ " ငါျပန္ေတာ့မယ္ ကားကိုဂ႐ုစိုက္ေမာင္းအုံး " သူ႕စကားဆုံးသြားသည္ႏွင့္ လွည့္ၿပီး ကားထဲကထြက္ရန္အဆင္သင့္ျဖစ္လို႔ေနခဲ့သည္။

က်ိဳးတုက ႐ုတ္တရက္သူ႕လက္အားထုတ္ၿပီး အျခားသူ၏ခါးေနရာအား ဆြဲကိုင္လိုက္ရသည္။

" မင္းက မင္းဘာသာမင္းစေနာက္လို႔ၿပီးတာနဲ႕ ထြက္သြားခ်င္ေနတာလား " က်ိဳးတု မ်က္လုံးမ်ားက ေတာက္ပေနခဲ့ၿပီး မ်က္လုံးေထာင့္နားေလးမ်ားကလည္း ျမင့္တက္ေနခဲ့၏။ သူ၏ ေခ်ာေမာသည့္အသြင္အျပင္အား နည္းနည္းေလးမွပင္ သယ္ေဆာင္မထားခဲ့ပါေခ်။

ရွေယာင္၏နား႐ြက္ဖ်ားေလးေတြက ပူလာခဲ့ၿပီး ထိခိုက္မခံနိုင္သည့္အသံေလးျဖင့္ ေျပာလာသည္။ " မင္းကဘာလုပ္ခ်င္လို႔လဲ? "

ႏွစ္ေယာက္သားက မ်က္ႏွာခ်င္းဆိုင္ရွိေနၾကၿပီး က်ိဳးတုလက္ေခ်ာင္းေလးမ်ားက ရွေယာင္ႏႈတ္ခမ္းေပၚ ပြတ္သပ္ေနခဲ့သည္။

က်ိဳးတုရဲ႕ အာဒံပန္းသီးေလးက အေပၚေအာက္ ေ႐ြ႕လ်ားေနၿပီး သူကရွေယာင္ဆီျဖည္းျဖည္းခ်င္းတိုးကပ္လာ၍ ေလပူမ်ားရႉထုတ္လိုက္သည္။ " ငါက မင္းကိုၾကင္နာစြာနဲ႕ျပန္တုံ႕ျပန္ဖို႔ စီစဥ္ေနတာ "

သူ႕စကားဆုံးသြားႏွင့္ သူ႕ေရွ႕က ေယာက်္ားအား နမ္းလိုက္သည္။ လႊတ္ေပးဖို႔ဆႏၵလည္းမရွိစြာျဖင့္။ ဘာပဲျဖစ္ျဖစ္ လက္ေဆာင္ျပန္ေပးသည္ဆို သည္က ကိုယ့္ရဲ႕ေက်းဇူးတင္မႈကိုျပသနိုင္ဖို႔ ​ေသခ်ာသည့္ လက္ေဆာင္အႀကီးႀကီးအား ျပန္ေပးရမည္ျဖစ္သည္ေလ။

သူ႕လွ်ာဖ်ားေလးက ရွေယာင္၏ပါးစပ္အား လြယ္ကူစြာျဖင့္ဖြင့္ဟလိုက္၏။ က်ိဳးတုအေနနဲ႕ ျပင္သစ္အနမ္းေပးဖူးသည့္ေနာက္ဆုံးအႀကိမ္ကပင္ အေတာ္ေလးၾကာခဲ့ၿပီျဖစ္တာေၾကာင့္ သူ႕ရဲ႕ဗီဇႏွင့္ လက္က်န္မွတ္ဉာဏ္ေလးအေပၚတြင္သာ အေျချပဳၿပီး နမ္းနိုင္ခဲ့သည္။ သူတို႔၏အနမ္းက စိတ္အားထက္သန္မႈႏွင့္ အ႐ူးအမူးစြဲလန္းျခင္းတို႔သာ ျပည့္ႏွက္ေနခဲ့ေလ၏။

သူတို႔၏ႏႈတ္ခမ္းမ်ား ကြဲကြာသြားသည့္အခါ သူတို႔၏အသက္ရႉသံမ်ားက ေမာဟိုက္ၿပီး မမွန္မကန္ျဖစ္လို႔ေန၏။ ရွေယာင္ လက္မ်ားက က်ိဳးတု၏ရင္ဘက္ေပၚ ေထာက္ထားၿပီး သူ႕မ်က္လုံးမ်ားက လည္း ရီေဝေဝျဖစ္ေနခဲ့သည္။

" ငါတကယ္ ျပန္ရမယ္ " သူက ညင္သာစြာျဖင့္ေျပာလိုက္ၿပီး သူ႕မ်က္လုံးမ်ားက က်ိဳးတုအေပၚတြင္သာ တည္ေနခဲ့၏။

က်ိဳးတု လက္က ရွေယာင္ခါးကိုသာဖက္ထားၿပီး သူ႕ပါးကို ရွေယာင္ပခုံးေပၚကပ္လိုက္ၿပီး အသံၾသၾသျဖင့္ေျပာလာသည္။ " ဒီညငါ့အိမ္မွာလိုက္အိပ္ရင္ေရာ "

ရွေယာင္က က်ိဳးတု အသက္ရႉေနျခင္းအားခံစားေနရၿပီး သူ႕လက္ေခ်ာင္းမ်ားျဖင့္ ထို႔သူ၏ပါးအားတြန္းထုတ္လိုက္သည္။ ထို႔ေနာက္သူက တိုးတိုးေလးေျပာလိုက္၏။ " ေကာင္းၿပီ "

ရွအေမက သူ႕မ၏သားေလးက အျခားအ႐ြယ္ေရာက္ၿပီးသား လူတစ္ေယာက္ကို အျပင္ထြက္ပို႔တာ ဘာလို႔ဒီေလာက္ၾကာေနရသလဲ ဟူ၍ စစ္ေဆးေမးျမန္းျခင္းမ်ိဳးမျပဳခဲ့ေပ။ သူမက ရွယံယံႏွင့္အတူ အိမ္ေဆာက္ကစားစရာမ်ား ကစားရင္းျဖင့္အလုပ္မ်ားေနခဲ့၏။ ရွေယာင္ဝင္လာတာေတြ႕ေတာ့ သူမကသူ႕အား ေျပာလိုက္သည္။ " မားဒီည ညစာမခ်က္ဘူး။ မားတို႔ေတြ အန္ကယ္ဖန္နဲ႕အတူတူ အျပင္ထြက္စားၾကမယ္ "

ရွေယာင္က ထိုအႀကံေပးခ်က္အေပၚ မ်က္ေမွာင္ႀကဳံ႕လိုက္မိသည္။ ထိုသို႔အျပင္လိုက္သြားခဲ့လွ်င္ က်ိဳးတုကိုဖုန္းေခၚၿပီး ဒီညေတာ့မလာျဖစ္ေၾကာင္း လွမ္းေျပာရေတာ့မည္။

ရွအေမက သူမ၏အမူအရာအားတစ္ခ်က္မေျပာင္းလဲဘဲ ဆက္ေျပာလာသည္။ " ဒီတိုင္းရိုးရိုး မိသားစုညစာေလးပါပဲ။ သားလုပ္စရာရွိေသးတယ္ဆိုရင္ သြားလို႔ရတယ္။ မား ယံယံကိုေခၚသြားလိုက္မယ္ "

ရွေယာင္က သေဘာမတူခင္အေတာ္ၾကာၾကာေလး စဥ္းစားလိုက္၏။ အခ်ိဳ႕ကိစၥေတြက ပါးစပ္ကထုတ္ေျပာစရာပင္မလို သူ႕အေမက အရာအားလုံးအား နားလည္ေပးထားၿပီျဖစ္ေၾကာင္း ရွေယာင္သိေနခဲ့သည္။

သုံးနာရီေက်ာ္ေတာ့ အန္ကယ္ဖန္ေရာက္လာၿပီး ရွအေမႏွင့္ရွယံယံတို႔အား ေခၚေဆာင္သြားခဲ့သည္။ ရွေယာင္အိမ္မွာစာဖတ္ေနခ်ိန္ သူ႕ေဘးနားကဖုန္းက အသံျမည္လာခဲ့သည္။ သူခပ္ျမန္ျမန္ျဖင့္ ေရာက္လာသည့္ စာအားဖတ္လိုက္ခ်ိန္ သူ႕ႏႈတ္ခမ္းထက္အၿပဳံးႀကီးတစ္ခုျဖစ္ေပၚလာၿပီး ဖုန္းကိုယူ၍ ဖုန္းေခၚလိုက္ေလသည္။

က်ိဳးတုက ရွေယာင္သူ႕ဆီဖုန္းေခၚလာေၾကာင္းျပသည့္ Notification အားၾကည့္ၿပီး သူ႕မွာရိုးရွင္းသည့္ ဖုန္းေခၚဆိုမႈေလးေတာင္မလုပ္ရဲဘဲ ဘယ္လိုေတာင္အေတြးလြန္ေနသည္လဲဆိုတာ ေတြးမိရင္း ခ်က္ခ်င္း ေပ်ာ္႐ႊင္မႈအလင္းေရာင္ေလးတို႔ ျဖာလာရ၏။

" က်ိဳးတု " ဖုန္း၏အျခားတစ္ဖက္မွ ရွေယာင္၏အသံေလး ထြက္လာခ်ိန္ က်ိဳးတု၏ႏွလုံးသားေလးတစ္ခုလုံး ေစာင္တစ္ေစာင္ျဖင့္ ထုတ္ပိုးထားသလိုမ်ိဳး ႏြေးေထြးမႈေလးခံစားလိုက္ရသည္။

" အင္း မင္းအိမ္မွာလား "

" ငါစာဖတ္ေနတာ "

" လိမၼာတဲ့ေကာင္ေလးေပါ့။ ယံယံနဲ႕ေမြးစားအေမကေရာ "

" အန္ကယ္ဖန္က သုံးနာရီထဲကသူတို႔ကိုလာေခၚသြားတယ္ သူတို႔ညစာစားလို႔မၿပီးခင္အထိ ျပန္လာအုံးမွာမဟုတ္ဘူး "

ထိုစကားအားၾကားသည္ႏွင့္ က်ိဳးတုကေမးလာသည္။ " ဒါဆို မင္းကအိမ္မွာတစ္ေယာက္ထဲေပါ့ "

" အင္းေပါ့ "

" ေစာင့္ေန ငါမင္းဆီလာခဲ့မယ္ " သူေျပာၿပီး သိပ္မၾကာခင္ဘဲ က်ိဳးတုကဖုန္းခ်သြားခဲ့သည္။ ရွေယာင္က သူ႕ေခါင္းေလးကိုသာခါၿပီး ရယ္လိုက္နိုင္၏။ သူ႕ေဘးက စာအုပ္ေလးကိုသာျပန္ကိုင္ၿပီး ဖတ္ေနလိုက္သည္။ ထူးဆန္းစြာျဖင့္ပဲ မိနစ္အနည္းငယ္ၾကာၿပီးတာေတာင္မွ စာ႐ြက္တစ္႐ြက္ေတာင္မလွန္ရေသးပါေပ။

တံခါးဘဲလ္ျမည္လာသည့္အခါ သိပ္မဟုတ္ေသးေၾကာင္း ရွေယာင္ခံစားလိုက္ရသည္။ က်ိဳးတုေရာက္လာသည့္ အလွ်င္ကဒီေလာက္ေတာင္ ျမန္နိုင္ပါ့မလား။

သူကစိတ္လႈပ္ရွားမႈအျပည့္ျဖင့္ တံခါးဆီေျပးသြားၿပီး ဖြင့္လိုက္သည့္အခ်ိန္ သူ႕သံသယေတြက မွန္ကန္ေၾကာင္း သက္ေသျပသြားခဲ့၏။ သူ႕ေရွ႕တြင္ရပ္ေနသည့္သူက -

က်ိဳ႕ဝမ္ဟြာ ပင္ျဖစ္ပါ၏။

ရွေယာင္က ေျခေထာက္တစ္ဖက္ကိုလွမ္းရင္း သူ႕ဘာသာသူအိမ္ထဲဝင္လာသည့္ က်ိဳ႕ဝမ္ဟြာကိုၾကည့္ရင္း မ်က္ေမွာင္ႀကဳံ႕လိုက္သည္။ ရွေယာင္က သူ႕ႏႈတ္ခမ္းအားတင္းတင္းေစ့ထား သည့္တိုင္ေအာင္ ေဘးတစ္ဖက္သို႔ကပ္၍ ထိုလူအား ဝင္ခြင့္ေပးလိုက္သည္။

အိမ္ထဲတြင္ေလေအးေပးစက္ဖြင့္ထားေသာ္လည္း ရွေယာင္ကတံခါးအားလုံးဝျပန္မပိတ္ပဲ အျပင္ဘက္မွေလပူမ်ားကို အထဲဝင္ခြင့္ျပဳေနလိုက္သည္။ ရွေယာင္၏ရည္႐ြယ္ခ်က္က ရွင္းပါ၏။ က်ိဳ႕ဝမ္ဟြာဆိုသူသည္ ဒီအိမ္မွ ႀကိဳဆိုမည့္ ဧည့္သည္တစ္ေယာက္လုံးဝမဟုတ္ပါေပ။

" ယံယံေရာဘယ္မွာလဲ " က်ိဳ႕ဝမ္ဟြာကေမးလာသည္။ သူကရွေယာင္ကို ဘာမွမဟုတ္သလိုမ်ိဳးၾကည့္လိုက္ေပမယ့္လည္း သူ႕မ်က္ခုံးမ်ားအားပင့္မ၍ အခန္းအားလိုက္စစ္ေဆးေနသည္။

" သူအျပင္ထြက္သြားတယ္ "

က်ိဳ႕ဝမ္ဟြာက မ်က္ေမွာင္ႀကီးႀကဳံ႕လိုက္၏။ " အျပင္မွာအရမ္းပူေနတာေလ ဘာလို႔သူက အျပင္ထြက္သြားရတာလဲ " သူကေျပာရင္းျဖင့္ ဧည့္ခန္းထဲက ဆိုဖာဆီသို႔ေလွ်ာက္သြားသည္။

ရွေယာင္က သူ႕ကိုယ္သူထိန္းခ်ဳပ္ရန္ႀကိဳးစားေသာ္လည္း ေပါက္ကြဲသည့္အေရးမွမထိန္းခ်ဳပ္နိုင္ခဲ့ပါေခ်။ " ဒီေနရာမွာ ခင္ဗ်ားအေနနဲ႕လုပ္စရာမ်ားရွိလို႔လား "

က်ိဳ႕ဝမ္ဟြာကသူ႕အား အတိုခ်ဳံးသာၾကည့္လာ၏။ " ဘယ္လို ငါ့မွာဘာမွလုပ္စရာမရွိရင္ေတာင္ လာလည္လို႔မရဘူးလား "

" ခင္ဗ်ားကို ဘယ္သူမွမေခၚဘူး "

" အဟက္ " က်ိဳ႕ဝမ္ဟြာက ေအးစက္ေသာ ' ဟက္ ' တစ္ခ်က္အားေပးလာသည္။ " ငါကလည္းမင္းဆီလာတာမဟုတ္ပါဘူး။ ငါ့ေျမးေလးကိုေတြ႕ဖို႔ ငါလာတာ "

အျခားတစ္ဖက္ကလူက သူ႕အားလူတစ္ေယာက္လိုမဆက္ဆံသည္အားေတြ႕လိုက္ရေတာ့ ရွေယာင္က ပိုၿပီးရန္လိုလာသည္။ " ဒီေနရာမွာ ခင္ဗ်ားရဲ႕ေျမးဆိုတာ မရွိဘူး။ ဒီေနရာကဘယ္သူမွ ခင္ဗ်ားနဲ႕ ေသြးသားမေတာ္စပ္ဘူး။ ခင္ဗ်ားက ဒီေနရာကိုလာၿပီး မိသားစုေပ်ာ္စရာေလးေတြ လာလုပ္တာဆိုရင္ေတာ့ ခင္ဗ်ားကိုအႀကံေပးလိုက္မယ္ ဒီေနရာကထြက္သြားလိုက္ေတာ့။ ကြၽန္ေတာ္ ခင္ဗ်ားကိုအျပင္ဆြဲမထုတ္ခ်င္ဘူး "

" ဘယ္လို ဧည့္ခံမႈမ်ိဳးလဲ " က်ိဳ႕ဝမ္ဟြာ၏ မ်က္ခုံးမ်ားက ေဒါသေၾကာင့္ျမင့္တက္လာ၏။ သို႔ေသာ္လည္း ထိုလူကသူ႕ေဒါသေတြအား ခပ္ျမန္ျမန္ေလ်ာ့ခ်လိဳက္သည္။ " ငါတို႔ရဲ႕ ေသြးသြားေတာ္စပ္မႈက မင္းျဖတ္ခ်င္တိုင္း ျဖတ္လို႔ရတာမဟုတ္ဘူး။ ဒါ့အျပင္ မင္း B ၿမိဳ႕မွာအေခ်က်ေနနိုင္တယ္ဆိုတာကလည္း ငါ့ရဲ႕ေထာက္ပံ့မႈေတြေၾကာင့္ပဲေလ " သူ႕မ်က္လုံးထဲ ေမာက္မာျခင္းဟူေသာ ေရာင္ျခည္မ်ားက ထုတ္လႊတ္ေနခဲ့၏။

ရွေယာင္ကဆက္လက္တိတ္ဆိတ္ေနၿပီး သူ႕အခန္းထဲျပန္သြားလိုက္၍ သူ႕စာအုပ္ကိုျပန္ကိုင္လိုက္ၿပီး အျပင္ကထိုၾကက္သေတာင္းစားႀကီးအား ဘာအာ႐ုံမွကိုစိုက္မေနေတာ့ေပ။

(အထက္ေလး ဆဲမိျပန္ၿပီ ေဆာတီး E tran က Person လို႔ေရးထားတာပါ အေခ်ာေလးက သက္သက္ ၾကက္သေတာင္းစားလို႔ေရးလိုက္တာ)

သူ႕အား လ်စ္လႉရႉထားသည္ဟုခံစားလိုက္ရေသာ က်ိဳ႕ဝမ္ဟြာက စတင္စိတ္ဆိုးလာသည္။ သူကမတ္တပ္ရပ္လိုက္ၿပီး ရွေယာင္အခန္းတံခါးဝနားေလွ်ာက္လာ၍ ေမးလာသည္။ " မင္းအေမက ရွယံယံကိုဘယ္ေနရာေခၚသြားတာလဲ "

ရွေယာင္က သူ႕အားအၾကည့္တစ္ခ်က္သာျပန္ေပးလိုက္၍ " သူ႕ရဲ႕အဘိုး အန္ကယ္ဖန္ဆီကို "

က်ိဳ႕ဝမ္ဟြာက ရွအေမႏွင့္မစ္စတာဖန္၏ အေၾကာင္းအား ၾကားထားၿပီးသားျဖစ္သည္။ သူ႕အေနႏွင့္ ရွအေမဘယ္သူနဲ႕တြဲတြဲ ဂ႐ုကိုမစိုက္ေပ သို႔ေသာ္ ထိုမိန္းမက သူ႕ေျမးအား ထိုေယာက်္ားႏွင့္ ေတြ႕ေပးသည့္ကိစၥအားလက္မခံနိုင္ေပ။

" သူတို႔ကိုအခုခ်က္ခ်င္း ျပန္လာဖို႔ေျပာလိုက္ " က်ိဳ႕ဝမ္ဟြာက အမိန့္ေပးလိုက္သည္။

ေနာက္ဆုံးက ရွေယာင္ကသူ႕ေခါင္းေလးကိုေမာ့လိုက္ၿပီး က်ိဳ႕ဝမ္ဟြာအားၾကည့္လာ၏။ သူက သူ႕ေရွ႕ကထိုလူအား အထူးတလွယ္ေျပာၾကားလိုက္သည္။ " ယံယံက သူ႕အဘိုး အဖြားေတြနဲ႕ အတူရွိေနတဲ့ဟာ ကြၽန္ေတာ္ကဘာကိစၥ ျပန္ေခၚရမွာလဲ "

ထိုစကားအားၾကားသည္ႏွင့္ က်ိဳ႕ဝမ္ဟြာက ရွေယာင္ဟာ ထိုေယာက်္ားအားအသိအမွတ္ျပဳသည္အား ၾကားရသည္ႏွင့္ သူ႕ေဒါသေတြကႀကီးထြားလာရသည္။ " ယံယံကငါ့ရဲ႕ေျမး မင္းကဘာကိစၥ အျခားေယာက်္ားတစ္ေယာက္ကို သူ႕အဖိုးလို႔ေခၚေနရတာလဲ "

ရွေယာင္က သူ႕ေရွ႕တြင္မတ္တပ္ရပ္ေနသည့္ ထိုေယာကၤ်ားအားၾကည့္လိုက္သည္။ တစ္ခ်ိန္က က်ယ္ျပန့္ခဲ့သည့္အခြင့္အာဏာေတြလည္း မရွိေတာ့ဘဲ ေျခာက္ေသြ႕ေသာ မီးခိုးေရာင္ဆံပင္ေတြက သူ႕အားအသက္ႀကီးသည့္ပုံေပၚေနေစသည္။ ရွေယာင္က သူ႕ေလေတြကိုအကုန္မခံေတာ့ဘဲ သူ႕ေခါင္းကိုငုံ၍ လက္ထဲကစာအုပ္ကိုသာ ဆက္ဖတ္ေနလိုက္သည္။

ရွေယာင္၏ မထီမဲ့ျမင္ဆက္ဆံမႈေတြက သူ႕အားပိုလို႔ ေဒါသထြက္လာေစသည္။ သူကအခန္းထဲဝင္သြားလိုက္ၿပီး စာအုပ္အားဆြဲယူလႊတ္ပစ္ရန္ လုပ္လိုက္၏။

သို႔ေသာ္ သူ႕လက္အားျမႇောက္လိုက္ၿပီးသိပ္မၾကာခင္မွာဘဲ တစ္ေယာက္တစ္ေယာက္က သူ႕လက္အားေလထဲ၌ ဖမ္းဆြဲထားေလသည္။

" ခင္ဗ်ားက ဘယ္သူလဲ " က်ိဳးတု၏အသံက ေဆာင္းရာသီ၏ ေလလိုေအးစက္ေနၿပီး ဘယ္သူျဖစ္ျဖစ္ဂ႐ုမစိုက္သလိုမ်ိဳး က်ိဳ႕ဝမ္ဟြာအား စိုက္ၾကည့္လို႔​ေနခဲ့သည္။

က်ိဳ႕ဝမ္ဟြာက တခဏေလာက္မ်က္ေမွာင္ႀကဳံ႕ေနၿပီးေနာက္ ရွေယာင္၏ေခၚလိုက္သံအား ၾကားလိုက္ရသည္။ " က်ိဳးတု " သူက အေျခအေနအား သေဘာေပါ​က္သြားၿပီး ႐ုတ္တရက္ သူ႕မ်က္ႏွာက နီရဲတြတ္လာခဲ့၏။

" မင္းကအခုထိ သူ႕ကိုဆက္သြယ္ရဲတုန္းပဲလား " က်ိဳ႕ဝမ္ဟြာက က်ိဳးတုႏွာေခါင္းနား လက္ညွိုးထိုးေနရင္းျဖင့္ ရွေယာင္အားလွမ္းေအာ္လိုက္သည္။

ရွေယာင္က က်ိဳးတုေဘးနားသြားရပ္လိုက္၍ ျငင္သာစြာျဖင့္ေျပာလိုက္သည္။ " လႊတ္ေပးလိုက္ "

က်ိဳးတုက သူ႕လက္ကို ဆြဲကိုင္ထားျခင္းမွလႊတ္ေပးလိုက္သည္။ က်ိဳ႕ဝမ္ဟြာက သူ႕လက္ေကာက္ဝတ္အား တစ္ဖက္လက္ေခ်ာင္းမ်ားျဖင့္ ႏွိပ္နယ္ေန၏။

" ေကာင္းတယ္ ေကာင္းတယ္ ေကာင္းတယ္ " က်ိဳ႕ဝမ္ဟြာက ထိုစကားအားသုံးႀကိမ္တိတိေျပာခဲ့ၿပီးေနာက္ သူ႕မ်က္လုံးမ်ားက ရွေယာင္အေပၚ ေ႐ႊ႕လိုက္သည္။ " ရွေယာင္ မင္းကေလ အက်ိဳးစီးပြားေတြအားလုံးရိတ္သိမ္းၿပီးတာနဲ႕ သူမ်ားေနာက္ေက်ာကိုဘယ္လို ဓားနဲ႕ထိုးရမလဲဆိုတာ တကယ္သိတာပဲ။ မင္းအေမက မင္းကိုမၾကည့္ေတာ့ဘူးဆိုတာနဲ႕ မင္းကအကုန္လုံးကို အ႐ူးလုပ္ေတာ့တာပဲ။ မင္းရဲ႕ဇယားေတြအေၾကာင္း မင္းအေမေရာသိရဲ႕လားလို႔ ငါေမးၾကည့္ခ်င္ပါရဲ႕ "

ထိုလူက ရွေယာင္အားထိုသို႔ေျပာေနသည္အားၾကည့္ၿပီး က်ိဳးတုအမူအရာေတြက ခ်က္ခ်င္းမဲေမွာက္လာသည္။ " မစ္စတာ ခင္ဗ်ားရဲ႕စကားေတြကို ပိုၿပီးေလးစားမႈရွိရွိနဲ႕ေျပာေပးနိုင္မလား။ အကုန္လုံးကို အ႐ူးလုပ္ေတာ့တာပဲ ဆိုတာက ဘာကိုေျပာခ်င္တာလဲဗ်။ ကြၽန္ေတာ္က ရွေယာင္ရဲ႕ ေကာင္ေလးပါ ခင္ဗ်ားကေရာ ဘယ္သူလဲ "

က်ိဳ႕ဝမ္ဟြာက က်ိဳးတု၏ ' ေကာင္ေလး ' ဟူေသာစကားလုံးအား အရွက္မရွိေျပာေနသည္အားၾကည့္ၿပီး ေပါက္ကြဲပစ္ဖို႔ပိုအဆင္သင့္ျဖစ္သြားရသည္။ သူ၏အလြန္ကိုထြက္ေနသည့္ ေဒါသေတြေၾကာင့္ျဖစ္လိမ့္မည္ ယခုခ်က္ခ်င္း ျပန္ေျပာဖို႔အတြက္ မည္သည့္စကားလုံးကိုမွ ရွာလို႔မေတြ႕ခဲ့ပါေခ်။

" ဒီလူက မစ္စတာက်ိဳ႕ " ရွေယာင္က ရွင္းျပလိုက္သည္။ " သူက ဒီအိမ္ရဲ႕ပိုင္ရွင္ဆိုရင္လည္းဟုတ္တယ္ "

က်ိဳးတုက ခ်က္ခ်င္းနားလည္သြားရ၏။ သူက ရွ​ေယာင္၏လက္ကိုဆြဲၿပီး သူ႕ေဘးနားေခၚထားလိုက္၍ သူ႕ခႏၶာကိုယ္ကိုသုံးၿပီး ဒိုင္းသဖြယ္ ကာကြယ္ေပးထားလိုက္သည္။ " ဘာျဖစ္လို႔လဲ။ မစ္စတာက်ိဳ႕က ဒီေန႕ ဒီေနရာမွာ ဘာလုပ္စရာမ်ား ရွိလို႔လဲဗ်။ အိမ္ငွားခ ေတာင္းဖို႔မ်ားလာတာလား "

သူ႕ေရွ႕တြင္ပင္ ခ်စ္ခင္ျပေနေသာထိုႏွစ္ေယာက္အား ၾကည့္ၿပီး က်ိဳ႕ဝမ္ဟြာ၏ႏွလုံးသားထဲ ပို၍ေဒါသတို႔ကႀကီးထြားလာရသည္။ သူ႕မ်က္လုံးကလည္း နီရဲလို႔လာခဲ့၏။

သူက သူ႕ဖုန္းကိုထုတ္ယူလိုက္ၿပီး ခေလးတစ္ေယာက္က တိုင္တန္းရန္လုပ္ေနသလိုမ်ိဳးျဖင့္ ရွေယာင္အား ၿခိမ္းေျခာက္လိုက္သည္။ " ငါက မင္းအေမကိုမေခၚရဲဘူးလို႔မ်ားထင္ေနတာလား။ ငါသူ႕ကိုေခၚၿပီး မင္းအခုဘယ္သူနဲ႕ရွိေနလဲဆိုတာ အကုန္ေျပာလိုက္မွာ "

ရွ​ေယာင္က ေအးစက္စြာၿပဳံးၿပီး ေျပာလိုက္သည္။ " ဆႏၵရွိရင္လုပ္ပါ။ ဒါေပမယ့္လည္း ကြၽန္ေတာ္က ခဏေနရင္အျပင္သြားေတာ့မွာ အဲ့ေတာ့ မစ္စတာက်ိဳ႕ေရ ခင္ဗ်ားကိုထြက္သြားေပးဖို႔ ေတာင္းဆို႐ုံကလြဲၿပီး ေ႐ြးစရာမရွိေတာ့ဘူးဗ် "

ေျပာၿပီးသည့္ေနာက္ သူကေခါင္းျပန္လွည့္လိုက္ၿပီး က်ိဳးတုကိုခ်စ္ခင္စြာၾကည့္၍ ေျပာလိုက္သည္။ " ငါ့ကိုအခ်ိန္ခဏေလာက္ေပး ၿပီးရင္ မင္းအိမ္ကိုသြားၾကမယ္ "

ရွ​ေယာင္၏ ' ခ်စ္ျခင္းျဖင့္ျပည့္ဝေနေသာ ' အျပဳအမူေတြအားၾကည့္ရင္း က်ိဳ႕ဝမ္ဟြာတစ္ေယာက္ ပိုပို၍ေဒါသထြက္လာရသည္။

" အရမ္းေကာင္းတယ္ " သူက က်ိဳးတုကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ထြက္သြားဖို႔လွည့္လိုက္သည္။ သို႔ေသာ္ သူတံခါးဝကိုေရာက္သည့္အခါ သူကျပန္လွည့္ၿပီး ရွေယာင္အားၿခိမ္းေျခာက္လိုက္ျပန္၏။ " မင္းအေမ ဒီအေၾကာင္းသိသြားမွာကို မင္းကမေၾကာက္ဘူးဆိုေတာ့လည္း သူနဲ႕ဆက္ၿပီး လြတ္လြတ္လပ္လပ္ဆက္သြယ္ေနလိုက္ေပါ့။ ငါကေတာ့ က်ိန္းေသေပါက္ကို ဒီေန႕အေၾကာင္း မင္းအေမကိုျပန္ေျပာမွာ "

ရွေယာင္က ပခုံးတြန့္လိုက္၍ က်ိဳးတုကိုင္ထားသည့္ သူ႕လက္အားလႊတ္လိုက္ၿပီး အခန္းထဲသို႔ေလွ်ာက္ဝင္သြားလိုက္သည္။

က်ိဳးတုက က်ိဳ႕ဝမ္ဟြာေဘးနား ခံစားခ်က္မရွိသည့္မ်က္ႏွာႀကီးျဖင့္ လိုက္လာၿပီး တံခါးအား ဘန္းဟူေသာအသံက်ယ္ႀကီးႏွင့္အတူ ပိတ္ခ်ပစ္လိုက္သည္။

က်ိဳ႕ဝမ္ဟြာက သူ႕မ်က္ႏွာေရွ႕က အခုေလးတင္ပိတ္သြားၿပီျဖစ္ေသာတံခါးအား ၾကည့္ေနၿပီး ေဒါသေၾကာင့္ သူ႕ႏွာေခါင္းေတာင္ ပြစိ ပြစိျဖစ္ေနရသည္။

(အထက္ေလးဘာသာ ရယ္စရာေရးလိုက္တာ ႏွာေခါင္းပြစိ ပြစိဆိုၿပီးေတာ့ 🤭 အမေလး က်ိဳ႕ဝမ္ဟြာႀကီးရယ္ ရယ္လိုက္ရတာရွင္ ေခြးစာေတြကိုတဝႀကီးစားလိုက္ရတာ အဟိ 🤭🤭)

__________________________________________♥________________________________________

Continue Reading

You'll Also Like

465K 56.4K 109
''Hug my Omega '' ကို မြန်မာပြန်မလို့ပါ။ အပိုင်း - 48+ 2 extras original author - lion cub English translator - xiansix #not my story #only fun tra...
73.6K 10.1K 75
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
59.3K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...
31.3K 4K 27
{Own Creation} ဆံုခ်က္​မဲ့ခ်စ္​ျခင္​းဆိုတာ ဘယ္​လိုမ်ိဳးလဲ။ တကယ္​ပဲ ဆံုစည္​းဖို႔မျဖစ္​ႏုိင္​တာ ​ေသခ်ာၿပီလား? ဆုံချက်​မဲ့ချစ်​ခြင်းဆိုတာ ဘယ်​လိုမျိုးလဲ...