[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။

Start from the beginning
                                    

မိန်းမကြီးက ပိုငိုကြွေးလေ၊ သူမ၏မျက်ရည်များက ပိုကျလာလေဖြစ်ရာ ငိုကြွေးသံက အမိုးထိပဲ့တင်သံထပ်နေကာ သနားကရုဏာသက်ဖွယ်ရာကောင်းပါ၏။ ရုတ်တရက် တောက်ပသည့်ငွေတုံးလေးက သူမ၏မျက်စိရှေ့တွင် ပေါ်လာသည်နှင့် သူမ၏အမြင်သည် လင်းလက်သွားခဲ့သည်။ ကျန်းရွှင်းယီသည် ဆောင့်ကြောင့်ထိုင်နေရင်းဖြင့် သက်ပြင်းချလေသည်။
"ဒါဆိုလဲ ဒါကိုယူထားလိုက်။ ခင်ဗျားရဲ့ဖျော်ဖြေရေးအတွက် အခကြေးငွေအနေနဲ့ပေါ့။"

ရွာသူမိန်းမသည် သူ၏စကားနောက်ဆုံးတစ်ဝက်ကို နားမလည်ပေမယ့်လို့ ကျန်းရွှင်းယီ၏လက်ထဲက ငွေတုံးကို အလင်း၏အရှိန်ဖြင့် ယူလိုက်ကာ ငွေတုံးအား သူမ၏ရှေ့သွားဖြင့် ကိုက်ကြည့်သည်။

ကျန်းရွှင်းယီပေးသည့်ငွေကို သူမ လက်ခံတာကိုမြင်ပြီးနောက်တွင်တော့ ကျန်းရွှင်းယီသည် ဖန်မိသားစုဝင်များကို ကြည့်လိုက်ကာ မေးသည်။
"အန်တီ၊ ခင်ဗျားသားရဲ့ခန္ဓာကိုယ်က ဒီလိုပုံစံဖြစ်နေတာကို မြင်ပြီးတာတောင်မှ ခင်ဗျားဘာလို့ မအံ့သြရတာလဲ?"

ရွာသူမိန်းမသည် ငွေကို စစ်ဆေးပြီးသည့်နောက်တွင် သူမ၏ရင်ဘတ်ထဲသို့ ပျော်ရွှင်စွာ ထည့်လိုက်သည်။ ကျန်းရွှင်းယီ၏မေးခွန်းကိုကြားတော့ သူမ၏မျက်နှာအမူအရာသည် ချက်ချင်းပင် သတိအနေအထားဖြစ်သွားသည်။
"ငါ့လူရဲ့ဘယ်နေရာက ဘာဖြစ်နေလို့လဲ။ ဘယ်နေရာက အံ့သြစရာကောင်းလို့လဲ။ ငါ နင်တို့ကိုပြောမယ်နော်။ မစဥ်းစား..."

ကျန်းရွှင်းယီသည် လက်ကို မြန်မြန်မြှောက်ကာ တားလိုက်သည်။
"ကောင်းပါပြီ။ ဟုတ်ပါပြီ။ အန်တီ့သားအပေါ် ဆိုးရွားတဲ့ရည်ရွယ်ချက်ထားတဲ့သူက သူပါ။ သူက စက်ဆုပ်ဖွယ်ရာကောင်းတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ လျော်ကြေးပေးပြီးသွားပြီလေ။ ဒီအကြောင်းပြောနေတာကို ရပ်လိုက်လို့ရပြီလား?"

ယွင်ရှဲ့သည် ကြီးကြီးမားမား စွပ်စွဲခံလိုက်ရပါ၏။
"ကိုယ့်မှာ မင်းတစ်ယောက်တည်းရှိတာ မင်းရှင်းရှင်းလင်းလင်းသိပါတယ်"*

ကျန်းရွှင်းယီကတော့ သူ၏စကားလုံးများကို အဓိပ္ပါယ်မရှိသည့်စကားများဟု ယူဆကာ အနောက်ကိုလှည့်တောင်ကြည့်မလာပေ။
"ပါးစပ်ပိတ်ထား!"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now