[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။

2.3K 501 7
                                    

အခန်း(၄၈) တစ်ဦး၏အမှားကို ဖုံးကွယ်ပေးခြင်း

ယန်ရှန်းဂိုဏ်း၏နည်းလမ်းသည် ဝိညာဥ်မြှင့်တင်ခြင်းဖြစ်၏။ ယွင်ရှဲ့တစ်ယောက် ဒါကိုပြောလာသည်မှာ အံ့သြစရာမဟုတ်။ သို့ပေမယ့် ဆရာတော်ဝူရှို့က ဖြေးဖြေးချင်းတုံ့ပြန်လာသည်။
"ဒကာလေးယွင်၊ ဆရာတော် မေးခွန်းနည်းနည်းလောက်ပိုပြီးမေးရပါလိမ့်မယ်။ အခုဆိုရင် နဥ်ဖန်ကွယ်လွန်သွားခဲ့တာ ၇ရက်တောင်ကျော်လွန်ပြီးသွားခဲ့ပြီ။ အကယ်၍ ပြန်လည်ဝင်စားခြင်းမဖြစ်မြောက်ခဲ့ဘူးဆိုရင်တောင်မှ ဝိညာဥ်ကတော့ မသေခင်ဖြစ်ပျက်ခဲ့သမျှကိစ္စတွေကို မေ့သွားလောက်ပြီ။ ဒကာလေး ဘယ်လိုမေးမှာပါလဲ။"

ယွင်ရှဲ့ဟာ ကျန်းရွှင်းယီကို လက်အမူအရာပြ၍ သူ့ဓားကိုလှမ်းပေးဖို့ရာ အချက်ပြလိုက်ပြီး ဆရာတော်ဝူရှို့ကို လျှောက်တင်လိုက်သည်။
"ဆရာတော်၊ နဥ်ဖန်မသေခင်တုန်းက ဖြစ်ပျက်ခဲ့တဲ့အရာတွေအကြောင်းကို တပည့်တော်သေချာမသိပါဘူး။ ဒါပေမယ့် ပြည့်တန်ဆာဖြစ်ခြင်းနဲ့ လိမ်လည်တတ်တဲ့လျှာဖျားရှိတဲ့ ပြစ်မှုနှစ်ခုကတော့ သူမအတွက် ပြန်လည်ဝင်စားခြင်းမြန်မြန်ဖြစ်မြောက်အောင် အရည်အချင်းပြည့်မှီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူမစကားမပြောနိုင်ရင်တောင်မှ သူမရဲ့ဝိညာဥ်က သူမသေဆုံးသွားတုန်းကနဲ့ တစ်ပုံစံတည်းကျန်ရစ်နေပါလိမ့်မယ်။ အကြည့်တစ်ချက်နဲ့တင် တပည့်တော်တို့ အမှန်တရားကိုသိရပါလိမ့်မယ်။"

ဆရာတော်ဝူရှို့ကား ခေါင်းငြိမ့်၍ မည်သည့်စကားမျှထပ်မဆိုလေတော့။ ကျန်းရွှင်းယီသည် ဓားရိုးကိုကိုင်ထားကာ မဲ့ဟွာဓားအား ယွင်ရှဲ့ဆီသို့ ကမ်းပေးပြီးနောက် အနောက်သို့ခြေတစ်လှမ်းဆုတ်နေ၏။

ယွင်ရှဲ့ဟာ ညာဘက်လက်တွင် မဲ့ဟွားဓားကို ကိုင်ဆောင်ထားပြီး သူ၏ဘယ်ဘက်လက်ရှိ ထောင်ထားသော လက်ချောင်းနှစ်ချောင်းကို အတူတကွပူးကပ်ထားသည်။ သူ၏လက်ချောင်းများဟာ ဓားသွားတစ်လျှောက် ဘေးတိုက်ပွတ်ဆွဲသွား၏။ ပြာဖျော့ဖျော့အလင်းရောင်တို့က ဓားထက်တွင် ရုတ်ခြည်းပေါ်ထွက်လာသည်။ ထို့နောက် ယွင်ရှဲ့သည် သူ၏လက်ချောင်းများကို အနည်းငယ်လှီးလိုက်ကာ သွေးများကိုအသုံးပြု၍ ဓားသွားပေါ်တွင် စာလုံးနှစ်ကြောင်းကို အလျင်အမြန်ရေးထွင်း၏။ သွေးနှင့်အပြာရောင်အလင်းတို့၏ပေါင်းစပ်မှုက မဖော်ပြနိုင်လောက်သော အထူးတဆန်းအလှတရားတစ်မျိုးကို ဖော်ကျူးနေသည်။ ကြည့်ရှုနေသောလူတိုင်း၏မျက်စိအောက်တွင်၊ ယွင်ရှဲ့သည် ဓားကိုမြေကြီးထဲတွင် ထိုးစိုက်လိုက်၏။ သူ၏လက်ချောင်းများကတော့ ချိပ်စည်းအသွင် ဖြစ်တည်နေကာ သူအော်လိုက်သည်။
"ဝိညာဥ်ထွက်လာစမ်း!"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now