[၃၉] ပြဿနာဖြစ်လာခြင်း။

2.2K 457 7
                                    

အခန်း(၃၉) ပြဿနာဖြစ်လာခြင်း

မည်သို့ပင်ဖြစ်လင့်ကစား၊ စိတ်လိုက်မာန်ပါလုပ်လိုက်မိသည့်အပြုအမူများသည် မကောင်းတဲ့အကျိုးဆက်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို အဖြစ်အပျက်တွေက မကြာခင်မှာ သက်သေပြသွားတော့သည်။ စနစ်ဟာ ၎င်းဟောပြောမည့်စကားတွေကို လေ့ကျင့်နေသည်: ကျန်းရွှင်းယီက အော်ဟစ်ဆဲဆိုတာကြောင့်ပဲ၊ လက်တွေ့မှာ ၎င်းက ဘာမှမဖြစ်ခဲ့သလိုမျိုးဆက်ဆံမယ်ထင်နေပါသလား။

သိုင်းပညာရှင်များဟာ အများအားဖြင့် ရာသီဥတုအမျိုးအစားများနှင့်ပတ်သတ်ပြီး သိပ်ကိုဇီဇာကြောင်ကြသည်။ ဆောင်းရာသီ၏အအေးဆုံးကာလကနေပြီးတော့ နွေရာသီ၏အပူဆုံးကာလအထိပေါ့။ ဒါပေမယ့် ဒီမနက်ခင်း၌မူ ပင်ပန်းနွမ်းနယ်မှုကြောင့်လား၊ ဒါမှမဟုတ်၊ တစ်ခြားသောအကြောင်းကြောင်းကြောင့်များလားတော့မသိ၊ ကျန်းရွှင်းယီဟာ နေမြင့်တဲ့အထိ တစ်လျှောက်လုံး အိပ်စက်နေပါ၏။ သူ့အခန်းထဲကို ယွင်ရှဲ့လမ်းလျှောက်ဝင်လာသည်အထိတောင် သူဟာမနိုးသေးပါ။

ယွင်ရှဲ့၏ခြေလှမ်းများမှာ အစပိုင်း၌အလျင်လိုနေသည်။ ဒါပေမယ့် အခန်းထဲကိုဝင်လာချင်းချင်းပင် ကျန်းရွှင်းယီက အိပ်ယာပေါ်မှာအိပ်ပျော်နေဆဲဖြစ်တာကိုမြင်တော့ ကူကယ်ရာမဲ့စွာဖြင့် အေးခဲသွားရသည်။ သူဟာ သတိမမူမိစွာဖြင့် သူ၏ခြေလှမ်းများကို ဖော့လိုက်ကာ ကုတင်နားကို ကပ်သွားလိုက်တော့ ကျန်းရွှင်းယီ၏မျက်လုံးများကမှိတ်နေပြီး သူ့တစ်ကိုယ်လုံးကိုလည်း သိုးမွှေးစောင်ဖြင့်တင်းတင်းကြပ်ကြပ်ထုပ်ထားတာကို မြင်လိုက်ရသည်။ ဒါကြောင့် သူ၏မျက်နှာလေးကိုသာ မြင်ရတော့သည်။ လက်ရှိပုံစံနှင့်သူဟာ အတော်အတန်ပင်ငယ်သွားပုံရပြီး အတိုင်းထက်အလွန်ပင် ချစ်စဖွယ်ကောင်းလှကာ သနားစဖွယ်လည်းကောင်းလှသည်။

မနက်ခင်းနေရောင်ခြည်က သူ၏ခန္ဓာကိုယ်ပေါ်ကို ပါးပါးလေးလွှမ်းခြုံထားသည်။ သူ၏ရှည်လျားသောမျက်တောင်မွှေးများမှာ လိပ်ပြာတစ်ကောင်၏အတောင်ပံများနှင့်အလားတူလှသည်။ ၎င်းတို့သည် အနည်းငယ်တုန်ယင်နေကာ နေ့အလင်းကလည်း ၎င်းတို့နှင့်အတူ တုန်ခါနေပုံမှာ အိပ်မက်ထဲရှိတစ်စုံတစ်ရာအတိုင်းပင်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now