[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။

1.8K 383 4
                                    

!unicode!

အခန်း(၆၃.၂) တကယ့်အကူအစစ်က ဒီမှာပါကွယ်။
......

တံခါးရှိအစေခံမိန်းမငယ်လေးမှာ အကြောက်တရားဖြင့်တုန်ရီသွားရပြီး သူပြောသည့်လူကို မြန်မြန်ဆန်ဆန်သွားရှာလေတော့သည်။ မိစ္ဆာဘုရင်ရွှမ်လီသည် သူ၏ဝတ်ရုံလက်များကိုခါလိုက်ပြီး အပြင်ထွက်သွားသည်။ ရုတ်တရက်ချင်းပင်၊ ကျန်းရွှင်းယီအေးတိအေးစက်ပြောလိုက်သည်။
"ရွှမ်လီ"

သူတန့်သွားပြီး ကျန်းရွှင်းယီ၏အသံက သူ့နောက်မှဆက်၍ထွက်ပေါ်လာခဲ့သည်။
"ဖုန်ချိုးအခြေအနေနောက်ကွယ်က တစ်ယောက်က မင်းလား။"

မိစ္ဆာဘုရင်ရွှမ်လီခေတ္တမျှတောင့်ခဲသွားရကာ ပြောလာခဲ့သည်။
"ငါ့ကိုလာမေးတယ်ပေါ့လေ? ဟမ့်၊ မင်းလိုမျိုး အေးစက်တဲ့နှလုံးသားနဲ့ဘယ်လိုချစ်ရမလဲဆိုတာ မသိတဲ့လူတွေက သိပ်များများစားစားမသိကြပါဘူး။"

အလျင်လိုနေသည့်တုန်ရှင်းဟာ ဒေါသတကြီးထွက်ခွာလာသည့်မိစ္ဆာဘုရင်ရွှမ်လီနှင့် ဝင်တိုက်မိလုနီးပါးပင်။ သူ၏မျက်နှာမှာ ကုတင်ခေါင်းရင်းကိုမှီထားသောဖျော့တော့တော့လူငယ်လေးကို မြင်လိုက်ရသဖြင့် ထိတ်လန့်အံ့သြမှုဖြင့်ပြည့်နှက်သွားရသည်။
"အိုက်ယိုး၊ မင်းက ဒီလောက်ပိန်နေတာကို သူ့ရဲ့စိတ်ခံစားချက်တွေကိုဖုန်းကွယ်ထားတဲ့မိစ္ဆာဘုရင်ကို ဒီလိုဒေါသထွက်သွားအောင် လုပ်နိုင်တယ်ပေါ့လေ။ မင်းတကယ့်ကိုအစွမ်းပကားကြီးမားလှပါတယ်။ မင်းတို့နှစ်ယောက်ကုတင်ပေါ်အတူတက်ပြီးတဲ့နောက်မှာ မင်းဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ထိသွေးအပြက်ပြက်ထွက်​နေရတာတုန်း။"

ကျန်းရွှင်းယီ သူ့ကိုလျစ်လျူရှုလိုက်ကာ သူ၏ကျိုးသွားသောလက်ကို ပျင်းရိပျင်းတွဲမြှောက်ပြလိုက်သည်။ သူထထိုင်ကာ မေးငေါ့လိုက်ပြီး တစ်ဖက်လူအား ဒါကိုကိုင်တွယ်ရန်အမူအယာပြလိုက်သည်။

တုန်ရှင်းသည် ကနဦးအစကမူ သူ၏ချောမောလှပသောမျက်နှာကိုမြင်ပြီး သူဟာ မိစ္ဆာဘုရင်၏ ဘယ်ကလာမှန်းမသိသည့် ကစားစရာကောင်လေးအသစ်ဟူ၍ ယူဆမိသည်။ သို့သည့်တိုင်၊ ကျန်းရွှင်းယီ၏ဒဏ်ရာမှာ သူတွေးထင်ထားခဲ့သည့်'ဒဏ်ရာ'မဟုတ်မှန်း သူအခုမြင်လိုက်ရပေသည်။ သူသည် သူစိမ်းတစ်ယောက်၏နိုင်ထက်စီးနင်းပြုမူခံလိုက်ရသည့်အပေါ် ဒေါသထွက်မနေသည့်အပြင် ဘာမှဘာမျှခံစားရသည့်ပုံမပေါ်။ ထိုအစား၊ သူ့ကိုယ်ပေါ်ရှိဒဏ်ရာများမှာ မတော်တဆရရှိခဲ့သည့်နှယ် တည်ငြိမ်နေလေသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now