[၅၀] ရှက်ရွံ့မှု။

2.6K 531 7
                                    

!Unicode!

အခန်း(၅၀) ရှက်ရွံ့မှု

ကျန်းရွှင်းယီဟာ ကူကယ်ရာမဲ့စွာဖြင့် ဆက်မပြောခင်မှာ သက်ပြင်းချမိလိုက်သေးသည်။
"နောက်တော့ ဦးလေးနဲ့ဆက်နွယ်နေတာက ကျွန်တော်မဟုတ်ပဲ ကျွန်တော်ကွပ်မျက်တာခံရတော့မယ့် ဟွမ်ရန်ဖြစ်နေတာကို ဦးလေးသိသွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ ဦးလေးသူ့ကို ကယ်ဖို့လိုတယ်လေ။ တစ်ယောက်​ယောက်ရဲ့အားပေးမှုကြောင့် ဦးလေးနဲ့နဥ်ဖန်ကပူးပေါင်းပြီး ကျွန်တော့်ကိုပစ်မှတ်ထားလာတယ်။ သူ့ကိုကယ်ဖို့အတွက်နဲ့ ဦးလေးက ဦးလေးတစ်ဘဝလုံးအလုပ်လုပ်ပြီးတည်ဆောက်ခဲ့ရတဲ့ ရိုးသားတဲ့ဂုဏ်သိက္ခာကို ပေးဆပ်ခဲ့ရပြီး နဥ်ဖန်ကတော့ သူမရဲ့အသက်ကို ပေးသွားခဲ့တယ်။ အဲ့ဒါက တကယ်ပဲထိုက်တန်ရဲ့လား။"

ကျန်းရွှင်းယီ၏ခန့်မှန်းခြေမှာ လက်တွေ့အစစ်အမှန်နှင့် အလုံးစုံကိုက်ညီလုနီးပါးပင်။ ချန်လီသည် ခေတ္တမျှပြောစရာမဲ့သွားရသည်။ သူ၏အနောက်တွင် အလင်းရောင်စီးဆင်းလာကာ သူ၏မျက်နှာမှာလည်း ဤတဒဂ်အတွင်း၌ ပို၍ပင်အိုစာသွားပုံရသည်။

သူဟာပါးစပ်ဟလိုက်ပေမယ့် ဘာပြောရမယ်မှန်းမသိတော့ပါချေ။ ထို့ကြောင့် ခေါင်းငုံ့ကာ ဖုန်ထူသောကြမ်းပြင်ကိုသာ စိုက်ကြည့်နေမိပါသည်။

ဘဝမှာ အမြစ်တွေမရှိပါဘူး၊ ဖုန်မှုန့်တွေလိုပဲ လွတ်လပ်စွာလွင့်မျောနေပါတယ်...

တိတ်ဆိတ်ခြင်းအချိန်ကာလပြီးသည့်နောက်၊ ချန်လီဟာ နောက်ဆုံး၌ စကားစပြောလာတော့သည်။ သူ၏ကျောပြင်မှာ ကုန်းနေပြီးသားဖြစ်သော်ငြား၊ သူသည် မတ်မတ်ရပ်ဖို့ ရုန်းကန်ကြိုးစားနေဆဲပင်။
"ဟုတ်တယ်။ မင်းမှန်တယ်။ အဲ့ဒီ့ညက အမည်မသိအကြောင်းပြချက်ကြောင့် မင်းရုတ်တရက်ကိုမာဝင်သွားခဲ့တယ်။ ကျုပ် မင်းရဲ့အဝတ်ဟောင်းထဲကတစ်ထည်ကနေ ဝတ်ရုံလက်တစ်စကို ဖြဲယူခဲ့တယ်။ ပြီးတော့ ဒီသတင်းတွေကိုဖြန့်ခဲ့တဲ့လူကလည်း ကျုပ်ပဲ။ ဖုန်မိန်းကလေးက မင်းဆီကိုတကယ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့အချိန်တုန်းက မင်းမနိုးလာသေးဘူး။ အကုန်လုံးကို ကျုပ်ပဲဖန်တီးခဲ့တာ၊ ကျုပ် ဖုန်မိန်းကလေးရဲ့လျို့ဝှက်ချက်ကို မတော်တဆသိသွားပြီးတော့ ဒီလိုလုပ်ဖို့အတွက် သူမကိုသွေးဆောင်ဖြား​​ယောင်းခဲ့တာပဲ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now