[၆၈.၂] ယွင်ဂိုဏ်းချုပ်။

1.7K 407 4
                                    

!unicode!

အခန်း(၆၈) ယွင်ဂိုဏ်းချုပ် - ၂

........

"ယွင်ဂိုဏ်းချုပ်!"

"ယွင်ဂိုဏ်းချုပ်!"

"ကြည့်! ယွင်ဂိုဏ်းချုပ်က ဒီမှာရှိနေတယ်ကွ၊ ငါတို့အကယ်ခံရပြီဟေး!"

သူတို့သည် ယွင်ရှဲ့အားမြင်လိုက်ရသည်နှင့် စိတ်လှုပ်ရှားနေသည့်လူတွေကိုကြည့်ရသည်မှာ မဏ္ဍိုင်ရှာတွေ့သွားသည့်ပုံပေါ်ကာ သူတို့ဟာ အံ့သြဝမ်းသာစွာဖြင့် သူ့ကိုဝန်းရံလိုက်ကြပေသည်။ ဤဂိုဏ်းငယ်လေးများ၏မျက်လုံးထဲတွင်တော့ ထင်ရှားကျော်စောသည့်ယွင်ရှဲ့ကား သဘာဝကျကျပင် ထောင်စောင့်အဖြစ် အကြိမ်တော်တော်များများဝင်ထွက်ခဲ့သော ကျိုးကျန့်ဖန်ထက်ပို၍ပင်ယုံကြည်စိတ်ချထိုက်ပေ၏။ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူတို့စုဝေးလာကြသည်။

"ယွင်ဂိုဏ်းချုပ်၊ စိတ်ဝိညာဥ်စင်မြင့်ကျောက်စိမ်းညီနောင်က တကယ့်ကို ဂုဏ်ကျက်သရေနဲ့ထိုက်တန်လှပါပေတယ်! ခင်ဗျားကျွန်တော်တို့ကိုအပြင်ထုတ်ပေးမှာလား။"

"ဒီနေရာက ဘာကြီးလဲ၊ ကျုပ်တို့တွေကိုဒီမှာကြုံရာကျပန်းအကျဥ်းချထားခဲ့တာ။ယွင်ဂိုဏ်းချုပ်၊ ခင်ဗျားဘေးက တစ်ယောက်က ယုံကြည်လို့ရရဲ့လား။"

"ဒီနေရာကလူတွေက အရမ်းရက်စက်ကြမ်းကြုတ်ကြတာ၊ ကျွန်တော်တို့ဂိုဏ်းထဲမှာ ရှစ်ရှုန်းသုံးယောက်ပဲကျန်တော့တယ်။ ကျန်းသခင်လေးရော လာမှာလား။ ခင်ဗျားတို့အပြင်မှာတွေ့ကြမှာလားဟင်။"

"ယွင်ဂိုဏ်းချုပ်.."

"လူတိုင်းပါးစပ်ပိတ်ထားကြ!"

လူတိုင်းဟာ ပွစိပွစိနှင့် ဆူညံပွက်လောရိုက်နေကြလေရာ ယွင်ရှဲ့သည်းမခံနိုင်တော့ပေ။
"မင်းတို့ပြောတာကို ငါနားလည်တယ်။ ဖြေဆေးသောက်ပြီးသွားရင် အားအင်ချွေတာတာပိုကောင်းလိမ့်မယ်! ငါနားမလည်တာက မင်းတို့တွေမှာ ခြေတွေလက်တွေနဲ့ ဦးနှောက်ရှိတယ်ဆိုရင် ငါ့အနားမှာဘာလို့စုဝေးနေကြတာလဲဆိုတာကိုပဲ။ တကယ်လို့ ငါမလာရင် မင်းတို့မထွက်သွားကြတော့ဘူးလား။ မင်းတို့ဒီမှာပဲသေကြမှာလား။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now