[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။

13.2K 1.8K 4
                                    

အခန်း(၃) ရူးချင်ယောင်ဆောင်ခြင်း(၁)

"ကျားကိုစားတဲ့ဝက်တစ်ကောင်ရဲ့ခံစားချက်က အတော်လေးချဥ်တူးတယ်ရယ်။"

...............................................................

ကျန်းရွှင်းယီမျက်လုံးတွေကိုကျဥ်းမြောင်းလိုက်သည်။ ဒီလူတွေ၏ကြောက်မက်ဖွယ်အပြင်ပန်းပုံစံ၏အောက်တွင် တကယ်တမ်းမူ ၎င်းတို့ဟာ သစ်သားနှင့်တူပြီးနှေးကွေးသည်ကို သူခံစား၍ရသည်။ ၎င်းတို့သည် ရွှမ်လီ၏သစ္စာရှိသောလက်အောက်ငယ်သားမိစ္ဆာရုပ်သေးရုပ်များဖြစ်ကြ၏။ ထိုအရာတွေကားလူသားမဟုတ်သကဲ့သို့ ဝိညာဥ်တစ္ဆေလည်းမဟုတ်ပေ။ သို့ပေမဲ့ ၎င်းတို့ဟာ ​အမြင်စွမ်းရည်ရှိသည့် လမ်းလျှောက်နိုင်သောလူသေအလောင်းတွေနှင့်ပို၍တူညီသည်။ သူတို့တွင်သန်မာမှုနှင့်စွမ်းအားကောင်းကျိုးရှိပေမဲ့ ဆိုးကျိုးကား....ခေါင်းမာသောတစ်ယူသန်များဖြစ်ကြသည်ပင်။

ကျန်းရွှင်းယီသည် အရင်တုန်းက ကျင့်ကြံခြင်းလောက၏ ထိပ်တန်းဂိုဏ်းနှစ်ခုအနက်တစ်ခုဖြစ်သော လင်းယင်ဂိုဏ်း၏တပည့်ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။ သူစယ နောက်မျိုးဆက်တွေသစ်တွေ၏စံထားလောက်စရာခေါင်းဆောင်အဖြစ်ပင် အသိအမှတ်ပြုခံခဲ့ရသည်။ စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်ထဲကတစ်ယောက်အဖြစ် ငယ်ရွယ်စဥ်အောင်မြင်ခဲ့သောလူတစ်ယောက်အဖို့ ဤစာအုပ်၏အဓိကဇာတ်ဆောင်ယွင်ရှဲ့ဘေးတွင်ယှဥ်ရပ်လျက် ထိုအရာများနှင့်အဆက်အဆံပြုလုပ်ခြင်းကားသူ့အတွက်မခက်ခဲပေ။ တစ်ခုတည်းသောပြဿနာကား ဤအခြေအနေတွင်ကျရောက်နေသည်မှာသူတစ်ယောက်တည်းမဟုတ်။ ပိတ်မိနေသည့်အခြားသောလူများတွင်လည်း ရောထွေးသောအရည်အချင်းများရှိကြသည်။ အကယ်၍ ကျန်းရွှင်းယီသာဒယိမ်းဒယိုင်နှင့်ဒီကနေဘွင်းဘွင်းရှင်းရှင်းဖောက်ထွက်သွားလိုက်မည်ဆိုလျှင် မိစ္ဆာဘုရင်ရွှမ်လီ၏ရက်စက်သောပင်ကိုယ်စရိုက်အရ၊ ဒီထဲမှာပိတ်မိနေတဲ့ကလေးတွေကိုသတ်ပစ်မည်မှာဧကန်ပင်။

ကျန်းရွှင်းယီမိုက်ကန်းကန်းမပြုမူခဲ့ပေ။ တုန်ယင်နေသည့်ယောကျ်ားနှင့်မိန်းကလေးပါလူအုပ်ကြီးအကြားတွင် သူကနာနာခံခံဖြင့်မတ်တပ်ရပ်လိုက်ပြီး ဂူတံခါးပေါက်မှပထမဆုံးထွက်လာခဲ့သည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now