[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။

3.6K 661 7
                                    

#Unicode

အခန်း(၃၂) ဖုန်မှုန့်၏ကိုယ်ထည်။

ပြောစရာစကားမဲ့နေသလို၊ တောင်းပန်သည့်အမူအရာဖြင့် ယွင်ရှဲ့သည် သူ၏မျက်လုံးအား လှိမ့်လိုက်သည်။ သူသည် ဖြည်းဖြည်းချင်းထရပ်ကာ သူ၏အဖော်ရွေဆုံးအပြုံးကို ချက်ချင်း ပန်ဆင်လျက် ရှင်းပြသည်။
"ကျွန်တော် အခု..."

မည်သူကမျှ သူ၏စကားလုံးများကို အာရုံမထားကြချေ။ အသက်၄၀အရွယ်လောက်ရှိမည့် ရွာသူမိန်းမက ရုတ်တရက် အိပ်မက်ကနေ နိုးထလာပုံရသည်။ သူမသည် လျင်မြန်သောလှုပ်ရှားမှုဖြင့် ပြေးလာသည်က ယွင်ရှဲ့ကိုတောင် ခြေတစ်လှမ်းနောက်ဆုတ်သွားစေသည်။ အချိန်ခဏလေးအတွင်းမှာပဲ ထိုမိန်းမသည် သူမကိုယ်သူမ အလောင်းပေါ်ကို ပစ်ဝင်ကာ သူမ၏နှလုံးသားထဲကနေ ငိုကြွေးစပြုပါတော့သည်။
"ငါ့သား...မင်းက ဒီလိုကြယ်အောက်မှာ မွေးဖွားလာခဲ့တာ။ မင်းသေသွားတာတောင်မှ မင်းက ဒီလိုဆင်းရဲဒုက္ခမျိုးကို ခံစားနေရတုန်းပဲ..အဲ့ဒါတွေအားလုံးက အဖေနဲ့အမေ အသုံးမကျတာကြောင့်ပါ...."

ယွင်ရှဲ့ပေါ်က သွေးကြောတွေက ပေါက်ထွက်လာကာ သူသည် နှုတ်ခမ်းကိုဖွင့်ဟကာ စကားပြောဖို့လုပ်လိုက်ချိန်မှာပဲ ကျန်းရွှင်းယီက လက်ပိုက်ထားရင်း အပြုံးလေးတစ်ခုဆင်မြန်းကာ ဘေးကနေကြည့်နေသည်ကို သူ၏မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်။ အတွေးတစ်ခုက ယွင်ရှဲ့၏စိတ်ထဲတွင် ပေါ်လာပါ၏ သူသည် မရည်ရွယ်ပါပဲနှင့် အကူအညီမဲ့နေသည့်မျက်နှာအမူအရာမျိုး လုပ်မိလိုက်ကာ သူ၏လျှာဖျားကစကားလုံးများကလည်း ဦးတည်ရာဘက်ပြောင်းသွားလျက် သူသည် ခါးခါးသီးသီးပြုံးလိုက်ကာ အရိုအသေပြုသည်။
"အန်တီ၊ အန်တီအထင်လွဲနေပါပြီ။ ကျွန်တော်က အန်တီရဲ့ချစ်လှစွာသောသားရဲ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်နေတာပါ။ အဲ့ဒါအကုန်ပါပဲ.."

မိန်းမကြီးသည် အလွန်ပူဆွေးသောကရောက်စွာဖြင့် သူမ၏ခေါင်းအား မြေကြီးပေါ်တွင် ဘန်းခနဲဆောင့်ချသည်။ သူမသည် သူ၏အဝတ်ကို ဆုပ်ကိုင်ကာ အဝတ်အနားစဖြင့် သူမ၏မျက်ရည်များအား မိုက်မိုက်မဲမဲသုတ်လိုက်ရင်း အော်ပြောသည်။
"မြန်မြန်လာကြည့်ကြပါ! အရမ်းကိုမှ နှလုံးသားမဲ့ပြီး အသိတရားမရှိတဲ့...ဒီလူက ကျွန်မသားရဲ့ချောမောမှုတွေကို မြင်သွားခဲ့ပြီး ဒီလိုစက်ဆုပ်ဖွယ်ရာကောင်းတဲ့အရာမျိုးကို လုပ်ထားပြီးတော့ ဝန်မခံဘူး...မိခင်တစ်ယောက်အနေနဲ့ ကျွန်မဘာလုပ်နိုင်မှာလဲ? ဒီလိုမမျှတမှုမျိုးကို ခံစားရတဲ့နောက်မှာတောင် ကျွန်မက ဒီမကျေနပ်မှုကို အစာအိမ်ထဲ မျိုချလိုက်ဖို့သာ ရှိပါတော့တယ်...."

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now