[၉] ရန်ပွဲ။

8K 1.3K 40
                                    

အခန်း(၉) ရန်ပွဲ။

"ယွင်ရှဲ့ရဲ့လည်တိုင်မှာဘာဆွဲထားတာလဲဆိုတာကို ငါနောက်ဆုံးတော့သိလိုက်ရပြီ။"

အခြားတိုက်ခိုက်သူများကလည်း ယွင်ရှဲ့ကို အစကတည်းကကြောက်ရွံ့နေကြတာဖြစ်သည်။ သူတို့၏အဖော်တွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားတာကို ကြည့်နေရင်းဖြင့် သူတို့၏စိတ်အခြေအနေတွေက ဖရိုဖရဲဖြစ်လာရသည်။ သူတို့က ယွင်ရှဲ့၏ဓားချက်နှင့် လက်ဝါးချက်တို့အောက်တွင် လျင်မြန်စွာကျရှူံးသွားကြပြီး လူတစ်ဦးတစ်ယောက်မှမကျန်လုနီးပါးပင်။

ဤအချိန်တွင် ဈေးဆိုင်ပိုင်ရှင်၊ စားပွဲထိုးနှင့် ဆိုင်ကိုလာသည့်အခြားဧည့်သည်တွေကတော့ ခြေရာပင်မချန်ဘဲ ထွက်ခွာသွားနှင့်ကြပြီးဖြစ်လေသည်။ ကြမ်းပြင်ပေါ်ကလူသေအလောင်းတွေကလွဲ၍ ဒီအခန်းလွတ်ကြီးထဲတွင် ကျန်ရှိခဲ့သည့်သက်ရှိလူသားတွေကတော့ ယွင်ရှဲ့၊ ကျန်းရွှင်းယီနှင့် နောက်ဆုံးသောရန်သူတစ်ယောက်သာ။

ထိုလူကသူ့ဓားကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားပြီး ယွင်ရှဲ့ကိုချိန်ထားသည်။ ဓားထိပ်ဖျားကလည်းတုန်ခါနေသည်။ သူ့အကြည့်တွေကယွင်ရှဲ့ပေါ်မှာရှိနေပြီး သူကနောက်ဆုတ်ဖို့ကြိုးစားနေသည်။ အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက်၊ သူက မတော်မဆပင် သူ့အပေါင်းအဖော်၏အလောင်းကိုတက်နင်းမိကာ ဒယိမ်းဒယိုင်ဖြစ်သွားသည်။ သူကချက်ချင်းကိုကြောက်လန့်ပြီး တရွှတ်ရွှတ်စငိုလေတော့သည်။

ယွင်ရှဲ့၏မျက်နှာပေါ်တွင်တော့ ဘာကိုမှဂရုမစိုက်ဘူးဆိုသည့်အကြည့်ရှိနေသည်။ သူကမျက်နှာထားတစ်ချက်ပင်မပြောင်းဘဲ ဓားနှင့်ခုတ်ဖို့လုပ်လိုက်သည်။ သူ့ကံဆိုးမှုကိုနားလည်သဘောပေါက်သွားသည့်ထိုလူကမူ အံကြိတ်၍ သူ့ကိုယွင်ရှဲ့ဓားကလာမခုတ်မိခင် အပြင်ထွက်ဖို့ကြိုးစားလိုက်သည်။ သူကားသူ၏နောက်ဆုံးလက်ကျန်အားအကုန်သုံးပြီး သူ့လက်ထဲကဓားကို ယွင်ရှဲ့ထံသို့ပစ်လွှတ်လိုက်သည်။

ကျန်းရွှင်းယီကတော့ ဘေးမှစိုးရိမ်ပူပန်မှုမရှိစွာဖြင့် မထူးခြားမခြားနားကြည့်နေသည်။ ထိုဓားကယွင်ရှဲ့လည်ပင်းနားလောက်မှာ အရှိန်ရပ်သွားပြီး အောက်ကျလာတာကိုမြင်လိုက်ရတော့ သူ့မျက်လုံးကအရောင်တစ်ချက်လက်သွားခဲ့သည်။ သူတစ်ခုခုကိုရုတ်တရက်စဉ်းစားမိသွားပြီး သူ့လက်ချောင်းကိုလျို့ဝှက်စွာသုံး၍ ဓားကိုအရှိန်ပြန်မြှင့်လိုက်သည်။ အဖြူရောင်အလင်းတစ်ချက်လက်သွားခြင်းနှင့်အတူ ဓားသွားကားယွင်ရှဲ့၏နှင်းလိုဖြူသောကော်လံကိုဖြတ်၍ ယွင်ရှဲ့၏လည်တိုင်ကိုရှပ်ထိသွားကာ သွေးအနည်းငယ်ထွက်သွားသည်။ ဆွဲကြိုးကပြတ်သွားပြီး ကြိုးလေးက ယွင်ရှဲ့၏လည်ပင်းနားတစ်ဝိုက်မှာ တွဲလောင်းချိတ်လျက်သားဖြင့် ဆွဲသီးလေးကမူ သူ့ရင်ဘတ်ပေါ်မှအောက်ကျသွားသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now