[၇၆] တုအိမ်တော်။

1.7K 331 9
                                    

!zawgyi!

အခန်း(၇၆) တုအိမ်တော်

......

သူတို့နှစ်ယောက်သည် အထက်စီးဆန်ကြ၍ ရှေ့တံခါးကြီးမှတစ်ပါး၊ မည်သည့်ဝင်ပေါက်ကမျှဖြတ်ကာ ဘယ်တော့မှမဝင်တတ်ကြပေ။ ဝင်လာပြီးနောက်တွင်၊ သူတို့ဖြစ်ပွားစေခဲ့သည့်ပွဲကြီးပွဲကောင်းနှင့်တောင်မှ ဘာဖြစ်နေလဲဆိုတာကို ထွက်ကြည့်ကြသူသိပ်အများကြီးမရှိကြောင်း သိလိုက်ကြရသည်။

ယွင်ရှဲ့ပြုံးရင်းပြောလိုက်သည်။
"ကြည့်ရတာ တုမိသားစုက ရှုပ်ထွေးနေတဲ့ပုံပဲ။"

ကျန်းရွှင်းယီကပြန်ဖြေသည်။
"တုလီက ငါတို့ကိုလာဖို့ ခေါ်တဲ့သူဆိုပေမဲ့ သူက သူ့ကိုယ်သူမထုတ်ပြလာဘူး။ ငါက တုမိသားစုရဲ့တရားဝင်သားတစ်ယောက်ပါလို့ သူက ငါကိုယ်တိုင်ကြော်ငြာစေချင်နေတာပဲ။ ဒါပေမဲ့ တုဟိန်က ရူးနှမ်းပြီး မျှော်လင့်ချက်မဲ့တယ်လို့ လူတိုင်းတွေးနေမှာကို ငါစိုးရိမ်မိတယ်။ ဒီနေရာက မြို့စွန်အနေနဲ့ တော်တော်လေးဝေးလွန်းတယ်ဆိုတော့ ငါ့ရဲ့မကြာသေးခင်က လုပ်ရပ်တွေအကြောင်းပျံ့လာရင်တောင်မှ သူတို့က ကျန်းဟူကောလဟာလတွေလို့ယူဆပြီး အရေးမကြီးဘူးလို့သတ်မှတ်ကြမှာပဲ။"

ယွင်ရှဲ့သည် သူ့အား နက်နဲသည့်အကြည့်တစ်ချက်ပေးကာ ပြော၏။
"မင်းက တုလီကို အမြဲတမ်းခပ်မြင့်မြင့်တွေးဖို့ ကြိုးစားနေတယ်လို့ ကိုယ်ဘာကြောင့်ခံစားနေမိတာလဲ။"

"မင်းကိုယ်မင်းသာကြည့်စမ်းပါ။ စိုးရိမ်မကင်းဖြစ်မနေပါနဲ့။ ငါမင်းကိုခပ်မြင့်မြင့်တွေးကြည့်ဖို့ ကြိုးစားပါသေးတယ်၊ ဒါပေမဲ့ ငါမလုပ်နိုင်ဘူးလေ။"

ဘာလို့လဲဆိုတော့ မင်းက ငါ့နှလုံးသားထဲမှာ အကောင်းဆုံးဖြစ်နေပြီးသားမို့လို့ ၊ မင်းပိုမကောင်းနိုင်တော့ပါဘူး။

ဤစကားသည် သူ့လည်ချောင်းထဲ၌တစ်ဆို့သွားပေမဲ့ သူသာ ထိုစကားလုံးများကိုပြောလိုက်မည်ဆိုလျှင်၊ သူဘာမှအမှုမထားသယောင်ဆောင်မနေနိုင်ပါပေ။ ထို့ကြောင့် သူ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာ ပြုံးလိုက်ရသည်။

ယွင်ရှဲ့နှင့်ကျန်းရွှင်းယီသည် တစ်ယောက်ချင်းစီ၏စနောက်ခြင်းနှင့် နေသားကျနေပြီဖြစ်ရာ နောက်ဆုံးစကားမှာ သာမန်ထက်မကျော်လွန်သွားသင့်ပေမဲ့ ထိုအစား ယွင်ရှဲ့ကမေးလာလေသည်။
"မင်းမျက်နှာဘာလို့နီနေတာလဲ။ ပူလို့လား။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now