[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။

3.6K 549 12
                                    

အခန်း(၃၆) အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်(၄)
(နောက်ကြောင်းပြန်ခြင်း)

အဲ့ဒီ့နေ့က လင်းယင်တောင်ထွတ်ပေါ်တွင်၊ ယွင်ရှဲ့နှင့်ကျန်းရွှင်းယီသည် ဟွမ်ရန်ဟာ မိစ္ဆာဘုရင်ရွှမ်လီ၏ဝင်ပူးခံနေကြောင်းကို သိရှိခဲ့ရသည်။ ပြီးတော့ နှစ်ဖက်စလုံးဟာ ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။

မိစ္ဆာဘုရင်ရွှမ်လီ၏အားအင်ဟာ ကျိန်းသေပေါက် ခန့်မှန်းလို့မရနိုင်ချေ။ သို့သော်လည်း သူသည် သချိုင်းကနေ ပြန်လာနိုင်ဖို့ရန် တစ်ခြားတစ်ယောက်၏ခန္ဓာကိုယ်ကို ငှားယူခဲ့တာဖြစ်သည်။ ဒါကြောင့် သူသည် ဒီလိုကွဲပြားပြီး အားနည်းတဲ့အခွံနှင့် အသားမကျသေးပေ။ ဒါ့အပြင် သူ၏သေမျိုးဝိညာဥ်ထဲကတစ်ခုဟာလည်း ယွင်ရှဲ့၏ခန္ဓာကိုယ်ထဲမှာ ကျန်းရွှင်းယီ၏ပိတ်ထားခြင်းခံထားရသည်။ ဒါကြောင့် သူ၏ဝိညာဥ်သည် မပြည့်စုံချေ။ ရလဒ်အနေဖြင့်၊ အဆုံးမှာတော့ ကျန်းရွှင်းယီနှင်ယွင်ရှဲ့သည် အောင်အောင်မြင်မြင်လုပ်ဖို့ ထပ်ပြီးစီစဥ်လိုက်သည်။ သူ၏ဝိညာဥ်ပေါ်တွင် ချိပ်စည်းကိုးခုရေးဆွဲထားခဲ့သည်။

သူ၏နဂိုခန္ဓာကိုယ်ဟာလည်း အစောပိုင်းကတည်းက ဒေါသကြီးသောယွင်ရှဲ့၏ အပိုင်းပိုင်းခုတ်ထစ်တာခံလိုက်ရပြီ။ ဒါကြောင့် သူ၏စွမ်းအင်ကို ပြန်လည်ပြုပြင်ဖို့ဆိုတာက ပိုတောင်မဖြစ်နိုင်သေးသည်။ မြင်နိုင်တဲ့လက္ခဏာတွေကနေပြီးတော့၊ ကြည့်ရတာ သူသည် ပရမ်းပတာလုပ်ရပ်တွေကို ဖန်တီးဖို့ရာ အနည်းဆုံးနှစ်ပေါင်းတစ်ရာလောက်တော့ ထွက်ပေါ်လာနိုင်မှာမဟုတ်ချေ။

ဒီတိုက်ပွဲဖြစ်ရခြင်းအကြောင်းကတော့၊ ကျန်းရွှင်းယီ၏ရှစ်ဇွင်း ထာဝရရှင်သန်သူဆရာတိမင်သေသွားခဲ့တယ်၊ ပြန်လည်ရှင်သန်လာတယ်၊ ပြီးတော့ ထပ်ပြီးသေသွားပြန်တယ်။ သူ့ရဲ့ရှစ်တိဟွမ်ရန်ဟာလည်း မိစ္ဆာဘုရင်ရွှမ်လီဝင်ပူးတာခံရပြန်တယ်။ အခု သူ့ရဲ့စိတ်နှင့်ခန္ဓာကိုယ်ကို ပြုပြင်ပြီးတဲ့နောက်မှာ၊ ဟွမ်ရန်ကတော့ ဖမ်းချုပ်ခံလိုက်ရလေပြီ။ အကြီးအကဲကျင်းဟိုင်နှင့် ကျင်းယွမ်ထဲက တစ်ယောက်ကလည်း ကျန်းရွှင်းယီလက်ထဲမှာ သေသွားပြီးတော့ နောက်တစ်ယောက်ကလည်း ဝူယွဲ့ကိုယ်လုပ်တော်၏လက်ထဲမှာ သေသွားခဲ့သည်။ အကုန်လုံးကိုခြုံငုံ့ကြည့်လျှင်၊ ဂိုဏ်းရဲ့ဆရာတွေထဲက တစ်ဝက်ကျော်လောက်ပျောက်နေပြီး လူတိုင်းကို ချန်ရစ်ထားခဲ့သည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now