[၄၃] သေခြင်းနှင့်ရှင်ခြင်း။

2.3K 554 29
                                    

အခန်း(၄၃) သေခြင်းနှင့်ရှင်ခြင်း

ဓားပျံစီးခြင်းဟာ လူနှစ်ယောက်အဖို့ လျင်မြန်စွာရွေ့လျားသွားလာနိုင်သော်ငြား၊ ဒီလိုသယ်ယူပို့ဆောင်ရေးနည်းလမ်းမှာ သူတို့နှစ်ယောက်ကို အရမ်းကိုမှမြင်သာစေသည့်ပစ်မှတ်ဖြစ်အောင်လဲပြုလုပ်နေသည်။ ဒါကြောင့်တောင်ကွေ့ကိုကွေ့ပြီးသည့်နောက်တွင် ယွင်ရှဲ့ကသေသေသပ်သပ်ပင် ဓားပျံပေါ်ကနေခုန်ဆင်းလိုက်ပြီး ကျန်းရွှင်းယီနှင့်အတူမြေပြင်ပေါ်သို့သက်ဆင်းလာခဲ့သည်။ သူဟာ ကျန်းရွှင်းယီကိုလှည့်တောင်မကြည့်ပဲ နှုတ်ဆိတ်လျက်ပင် အရှေ့ကိုသာလမ်းဆက်လျှောက်လာသည်။

သူ့ရင်ဘတ်ထဲတွင် မီးစတစ်ခုထွန်းတောက်လာသကဲ့သို့ သူခံစားနေရပြီး မီးတောက်၏လျှာဖျားတို့က သူ၏နှလုံးသားကို အဆက်မပြတ်လျှက်နေပုံမှာ အသွေးအသားတို့ပူလောင်ခြင်းမှ ကြီးမားလှသောနာကျင်မှုက လူတစ်ယောက်အား ရူးသွပ်စေနိုင်သည့်အလားပင်။

"ကျန်းရွှင်းယီ"
ယွင်ရှဲ့တစ်ယောက်ပါးစပ်မဖွင့်လိုက်ခင် တစ်ခဏမျှတုံ့ဆိုင်းနေခဲ့ပါ၏။

သူ၏အနောက်မှာတော့ ကျန်းရွှင်းယီတိတ်တဆိတ်ပင်လိုက်ပါလာပြီး "အမ်"ဟူသည့်စကားလုံးကိုသာ ထုတ်ပြောလာသည်။

ယွင်ရှဲ့ပြောလိုက်သည်။
"မင်း အဲ့ဒီ့အမျိုးသမီးကိုမသတ်လိုက်ဘူး၊ သူတို့က သူမရဲ့သေဆုံးမှုအတွက် မင်းကိုထောင်ချောက်ဆင်နေကြတာ၊ ဟုတ်တယ်မလား။"

စနစ်က ဒီကိစ္စနှင့်ပတ်သတ်ပြီးဘာမှမဖော်ပြထားတာကြောင့် ကျန်းရွှင်းယီအဲ့အကြောင်းကိုတွေးတောင်မတွေးတော့ပဲ ခေါင်းသာငြိမ့်ပြလိုက်သည်။

ယွင်ရှဲ့က သူ့ခြေလှမ်းတွေကိုရုတ်တရက်ရပ်တန့်လိုက်ကာ အနောက်ကိုလှည့်ကြည့်လာသည်။ သူ၏အမူအရာမှာ အလွန်အမင်းအလေးအနက်ဖြစ်နေသည်။
"ဒါဆိုရင် ဖုန်ချိုးဖြစ်သွားတဲ့ဟာကလည်း မင်းကိုသူတို့ထောင်ချောက်ဆင်ခဲ့တာမလား။ မင်းကအဲ့လိုအရာမျိုးကို ဘယ်တော့မှမလုပ်ခဲ့ဘူးလေ!"

"...." ကျန်းရွှင်းယီတိတ်ဆိတ်၍နေသည်။

သူ၏စိတ်ရှည်သည်းခံမှုက ၎င်း၏အတိုင်းအတာကိုရောက်ခါနီးပြီဆိုတာကို ယွင်ရှဲ့သိလိုက်သည်။ သူအံကြိတ်လိုက်၏။
"သောက်ကျိုးနည်း တစ်ခုခုပြောစမ်းပါ!"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now