[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။

1.8K 405 33
                                    

!unicode!

အခန်း(၆၃.၁) တကယ့်အကူအစစ်က ဒီမှာပါကွယ်။
.....

နောက်ဆုံးတော့ သွေးတိတ်သွားခဲ့ပြီ၊ သို့ပေသိ သူ၏ဝတ်ရုံဖြူအရှေ့၌ နီစွေးစွေးအစွန်းကွက်ကျန်ရစ်ခဲ့လေသည်။

သူသည် ကျန်းရွှင်းယီတစ်ယောက်ဒဏ်ရာများစွာရသွားအောင်မည်သို့လုပ်သင့်ကြောင်း တွေးနေမိသည်။ သို့ပေမယ့် သူထိုနေရာ၌လဲလျောင်းလိုက်သည်နှင့် သူ၏သွေးမရှိသလိုဖြူရော်နေသည့်နှုတ်ခမ်းမှာ  အပြုံးသေးသေးလေးတစ်ခုရှိနေပုံပေါ်သည်။ သူ၏မျက်လုံးနှင့်မျက်ခုံးတို့မှာ မည်းနက်ပြီး ပင့်တက်နေကာ သူဟာ မိတ်ကပ်ထူထူနှင့်အလှလေးတစ်ပါးနှင့်တူနေလေသည်။

သို့သည်တိုင်၊ မျက်ရည်တစ်စက်မှာ  သူ၏မျက်ဝန်းထောင့်မှရုတ်တရက်စီးကျသွားကာ သူ၏ကျီးမွှေးသဖွယ်ဆံပင်အတွင်းသို့နစ်မြှုပ်သွားခဲ့သည်။

သူဟာ ညှို့ယူဖမ်းစားခံလိုက်ရသည့်နှယ် စိုက်ကြည့်နေမိကာ နောက်ဆုံး၌မူ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းနိမ့်လိုက်ပြီး သူ့အားနမ်းရှိုက်လိုက်မိလေ၏....

------------

မူးဝေ၊ မသဲမကွဲဖြစ်နေသည့်ကြားထဲ၌၊ ခံစား၍ရနိုင်သည့်တစ်ခုတည်းသောစစ်မှန်သောအရာမှာ သူ့ရင်ဘတ်မှနာကျင်မှုပင်ဖြစ်သည်။ နာကျင်မှုသည်ကား သူ၏အရိုးတွေကိုခုတ်ဖြတ်နေသည့် ဓားထက်ထက်တစ်ချောင်းသဖွယ် သူ၏အတွင်းအဂ်ါတို့ကိုမွှေနှောက်နေခဲ့သည်။ ၎င်းသည် လူတစ်ယောက်အားရူးသွပ်စေလုနီးပါးပါပင်။

သို့သည်တိုင်၊ ဤအဆုံးမဲ့နာကျင်မှုထဲမှာ ဇီဇဝါပန်းနံ့တစ်မျိုးကို သူရနေသလိုပင်။

ကျန်းရွှင်းယီသည် သူဖြေးညှင်းစွာရယ်နေသကဲ့သို့ ခံစားမိသည်။
"အဖေ၊ အမေ၊ အစ်ကိုကြီး...ကျွန်တော်ပြန်လာပြီလေ.."

ကျန်းရွှင်းယီ၏ဗီလာခြံဝန်းထဲ၌ ဇီဇဝါပင်ကြီးတစ်ပင်ရှိသည်။ နွေရာသီတိုင်း၌ ခြံဝန်းသည်ကား ဤချိုမြိန်မွှေးပျံ့သောရနံ့များဖြင့် ကြိုင်ကြိုင်သင်းနေတတ်သည်။ ဤကယောင်ကတမ်းဖြစ်နေစဥ်တွင် ကျန်းရွှင်းယီကိုကြည့်ရသည်မှာ နူးညံ့ညံ့ပွင့်လွှာဖြူတို့ကို ထိတွေ့နိုင်သည့်အလား ခံစားနေရပုံပေါ်ပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံးပျောက်ကွယ်သွားခဲ့သည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now