[၂၆.၂] ထူးဆန်းသည့်ပုံပြင်။

3.2K 712 13
                                    

#Unicode

အခန်း(၂၆) ထူးဆန်းသည့်ပုံပြင်-(၂)

အနောက်ကိုဆုတ်ကာ သူက ထပ်ပြီးတော့ ပိုပြီးနီးနီးကပ်ကပ်ကြည့်လိုက်သည်။ တစ်ခြားခြေလက်၄ဖက်ဟာလည်း လူခြေလက်များပင်ဖြစ်သည်။ သို့ပေမယ့် အရေပြားကတော့ ကွဲအက်နေကာ အသားကိုလည်း မြင်သာအောင်ပြထားသည်။ အရမ်းကိုပုပ်သိုးဆွေးမြေ့နေသည်မှာ ၎င်းတို့၏ပုံသဏ္ဍာန်ကို အတော်လေးဖော်ယူရပါ၏။

ယွင်ရှဲ့သည် ကျန်းရွှင်းယီအတွက် အတော်လေးစိတ်သောကရောက်သွားမိသည်-- သာမန်လူတွေတောင် ဒီလိုအရာမျိုးကို ကြည့်ရှုဖို့ရာ အဆင်မပြေပေ။ အထူးသဖြင့် အလွန်အမင်း ဇီဇာကြောင်သည့် တစ်ယောက်ဆိုရင် ပိုဆိုးသေးပေါ့။

ကျန်းရွှင်းယီသည် နောက်ဆုံးတွင်တော့ လက်ကို သန့်ရှင်းအောင် ဆေးကြောပြီးသွားလေပြီ။ သို့ပေမယ့် လမ်းလျှောက်လာရင်း ထိုအရာကို ကြည့်နေရင်းဖြင့် သူ၏လွမ်းဆွေးဖွယ်ရာ မှတ်ဉာဏ်တွေကို ပြန်လည်နှိုးဆွခံလိုက်ရသည်။ သူ၏လေသံသည် အလွန်အမင်း မပျော်ရွှင်နေပါချေ။
"သောက်ကျိုးနဲ ဒါကဘာကြီးလဲ! လူတစ်ယောက်ကို လိပ်ခွံထဲထည့်တဲ့အထိ ဘယ်သူက ဒီလောက် ကောက်ကျစ်ရတာလဲ!!"

ဒုတိယစာကြောင်းကိုကြားလိုက်ရတော့ ယွင်ရှဲ့ရယ်လိုက်သည်။ ကျန်းရွှင်းယီ၏စိုက်ကြည့်ခြင်းကို ခံလိုက်ရတော့ သူက မပြုံးမိအောင် ထိန်းထားပါ၏။
"ကိုယ်မသိဘူးလေ။ အနီးတစ်ဝိုက်ကလူတွေကို ကိုယ်တို့ ဘာလို့မမေးရမှာလဲ"

ကျန်းရွှင်းယီသည် သိုဝှက်ထားသည့်ဆိုလိုရင်းဖြင့် ပြောလိုက်သည်။
"ဘယ်သူက မေးဖို့ အကောင်းဆုံးဖြစ်မလဲ?"
သူ၏မေးခွန်းသည် ယွင်ရှဲ့အား ဦးတည်နေသည်ဖြစ်သော်လည်း သူ၏အကြည့်စူးစူးကတော့ လူအုပ်ကြီးကို လိုက်ကြည့်နေလေသည်။ ရွာသားတွေသည် ဘာမှရှင်းရှင်းလင်းလင်း မသိပေမယ့် ထိုစူးရှသည့်မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရတော့ အလိုလိုပဲ စိတ်မသိုးမသန့်သလိုတောင် ခံစားလိုက်ရပါ၏။ နောက်ဆုံးတွင်တော့ ကျန်းရွှင်းယီ၏အကြည့်တွေက နေရာတစ်ခုတွင် မြဲမြံသွားပါ၏။ သူ၏နှုတ်ခမ်းစွန်းလေးက အပေါ်သို့တွန့်ကွေးသွားကာ အပြုံးရေးရေးလေးပေါ်လာသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now