[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။

2.3K 410 6
                                    

!Unicode!

အခန်း(၅၇) ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။

ကျန်းရွှင်းယီအနည်းငယ်အံ့အားသင့်မိသည်။
"မင်းက ဒီမှာ နှစ် ၂၀ လုံးလုံး သူလျိုအဖြစ်နေနေခဲ့တယ်? ဒါဆို မင်းအဖေ..."

ကျိုးကျန့်ဖန်သည် ခါးသက်သက်အပြုံးဖြင့် ခေါင်းငြိမ့်ပြလာသည်။
"အဖေဒါကိုသိတယ်။ သူဆုံးသွားပြီလို့ငါသိတဲ့အချိန်မှာတောင် ငါသူ့ကိုပြန်သွားမတွေ့ခဲ့ဘူး။ ငါက တကယ်ပဲ သားသမီးကောင်းမပီသဘူးပဲ။"

ကျန်းရွှင်းယီဟာ သူ၏ပုခုံးကို ဖိညှစ်လိုက်သည်။ ယွင်ရှဲ့၏မျက်လုံးသည် သူတို့နှစ်ဦးကြားကို စိုက်ကြည့်နေခဲ့သည်။
"ဒါပေမယ့် မီးတောက်ဂိတ်ဝဂိုဏ်းက မကျော်ကြားဘူးလေ။ ငါသိချင်မိတယ်: မင်းဒီလိုမျိုးသူလျိုအဖြစ်နေရလောက်တဲ့အထိ ဘာကများထိုက်တန်နေလို့လဲ။"

ကျိုးကျန့်ဖန်သည် သူ၏ပုခုံးကား နည်းနည်းယားယံလာသလို ရုတ်တရက်ခံစားလိုက်ရသည်။ ကျန်းရွှင်းယီလက်ပြန်ရုတ်သွားချိန်မှာ သူကူကယ်ရာမဲ့စွာဖြင့် ပုခုံးကို ပွတ်ပြီးနောက် ပြောလိုက်သည်။
"မီးတောက်ဂိတ်ဝလို့ အခုမှခေါ်တွင်တာလေ။ အဲ့ဒါကြောင့် မင်းမကြားဖူးတာအံ့သြစရာမရှိပါဘူး။ ဒါပေမယ့် ညီအစ်ကိုယွင်ကတော့ လွန်ခဲ့တဲ့နှစ်၃၀လောက်က ဂိုဏ်းကြီး၈ဂိုဏ်းဝန်းရံတာခံခဲ့ရတဲ့ ရွှေယန်နန်းတော်အကြောင်းကို သိသင့်တယ်လေ၊ ဟုတ်တယ်မလား။ အဲ့ဒါက မီးတောက်ဂိတ်ဝဂိုဏ်းရဲ့ တည်ထောင်သူအစစ်ပဲ။"

အခြေအနေကား မမျှော်လင့်ထားစွာဖြင့် မြင့်တက်လာလေပြီ: အရင်ရက်တွေတုန်းက ရွှေယန်နန်းတော်ကို လူတိုင်းသိကြကာ မရယ်မောခဲ့သူတစ်ဦးတစ်ယောက်မျှမရှိပေ။ ၎င်းသည် အလွန်ကျော်ကြားလှသောကျင့်စဥ်ဖြစ်၏။ ကျန်းရွှင်းယီ၏အမြင်ကတော့ ၎င်းဟာ ဖလွင်ကုန်း*နှင့်ဆင်တူသည်ဟု ထင်မိသည်။ ဂိုဏ်းထဲရှိ တပည့်ဂိုဏ်းသားအားလုံးသည် ရူးသွပ်နေကြကာ --နှင့်လူသတ်မှုကို ကျူးလွန်ခဲ့ကြသည်။ သူတို့ရူးသွားချိန်တွင် အစိုးရတောင်မှ သူတို့ကိုရန်မစရဲပေ။ ပြီးတော့ ရွှေယန်နန်းတော်၏မကောင်းသောအပိုင်းမှာ သူတို့သည် လူသားတွေကိုဓာတ်ပြုကာ ဇီဝဆိုင်ရာနှင့် ဓာတုဗေဒဆိုင်ရာ လက်နက်များကို လေ့လာပြီး အထူးသဖြင့် အလောင်းတွေနှင့်ပတ်သတ်ရခြင်းကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် အမတကျင့်ကြံရေးလောကသည် ဒါကိုသည်းမခံနိုင်တော့ပေ။ ဤအရာကား မဖြစ်မနေတိုက်ထုတ်ရခြင်း၏အကြောင်းပြချက်ဖြစ်ကာ ကြီးကြီးမားမားပေးဆပ်လိုက်ပြီးနောက်၌မူ၊ ၎င်းဟာ နောက်ဆုံးတော့ မြေခသွားရပေသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now