[၂၈] ဟွမ်ဝေ၏ပုံပြင်။

3.5K 735 13
                                    

#Unicode

အခန်း(၂၈) ဟွမ်ဝေ၏ပုံပြင်

ကျန်းရွှင်းယီသည် ခါတိုင်းလိုပဲ တိုတိုပြတ်ပြတ်သာ ပြောလိုက်၏။
"ပြောလေ"

ဟွမ်ဝေသည် မတုံ့ပြန်နိုင်ခင်မှာ ခေတ္တမျှ ချောင်းဟန့်လိုက်သေးသည်။ သူသည် ခြေမကြွတကြွလှမ်းကာ ကျန်းရွှင်းယီနား နီးနီးကပ်ကပ်တိုးလာပြီးတော့ စကားပြောရန် လုပ်လိုက်ချိန်မှာပဲ ယွင်ရှဲ့သည် မပျော်ရွှင်စွာနဲ့ပဲ သူ့အား တားမြစ်လာ၏။
"မင်း စကားပြောမယ်ဆိုလဲ၊ ပြောလေ။ ဘာလို့ ဒီလောက်တောင် နီးကပ်နေရတာလဲ?"

"...."
ကျန်းရွှင်းယီသည် ယွင်ရှဲ့ဆီသို့ မျက်လုံးလှိမ့်လိုက်၏။ ဟွမ်ဝေကတော့ အရင်ဆုံးရှင်းပြဖို့ အရမ်းကိုလိုအပ်နေသည်ဟုသာ ခံစားရတာကြောင့် သူသည် ခြေတစ်လှမ်းနောက်ပြန်ဆုတ်လိုက်ကာ ပြောလိုက်သည်။
"ခုနကဖြစ်သွားခဲ့တာက...ကျွန်တော် တကယ်ပဲ မျိုးရိုးမြင့်မြတ်သူနှစ်ယောက်ကို ရိုးရိုးစိုင်းစိုင်းနဲ့ မှားယွင်းဆက်ဆံမိပါတယ်။ ဒါပေမယ့် မတိုင်ခင်တုန်းကလည်း ကျန်းဟူမှော်ဆရာတွေအများကြီးက ဒီကိုလာခဲ့ကြတယ်ဆိုတာ အမှန်ပါပဲ။ သူတို့က ပိုက်ဆံတွေအများကြီး ယူပြေးရုံသာမကပဲ လူတွေကို သူတို့ရဲ့အသက်ဆုံးရှူံးစေတဲ့အထိ လိမ်လည်လှည့်ဖြားခဲ့ပါသေးတယ်။ ကျွန်တော်က အဲ့လိုအခြေအနေမျိုးကို မုန်းတယ်ဗျ။ ဒါကြောင့် ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို ခဏတာအထင်လွဲသွားရတာပါ။"

ကျန်းရွှင်းယီသည် ထိုစကားလုံးများနှင့်ပတ်သတ်၍ တစ်စုံတစ်ခု မှန်မနေသည်ကို ချက်ချင်း ကြားလိုက်ရကာ မေးမြန်းလိုက်သည်။
"အရင်တုန်းကလူတွေအများကြီးလာခဲ့သေးတယ်? မြစ်ထဲမှာပေါ်လာတဲ့မူမမှန်မှုက မကြာသေးခင်ကမှ ဖြစ်ပျက်ခဲ့တာမဟုတ်ဘူးလား? ဒီတစ်ခုတည်းအတွက်နဲ့ လူတွေအများကြီးကို ဖိတ်ကြားဖို့လိုလို့လား?"

ဟွမ်ဝေသည် သူ့အား တအံ့တသြကြည့်လာကာ ခေတ္တမျှ အေးခဲနေပြီးနောက်တွင်တော့ ပြန်ဖြေလာသည်။
"ဟင့်အင်း။ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီရွာက နဂိုကတည်းက တစ္ဆေရွာ(ကျိန်စာသင့်နေသည့်ရွာ) ဖြစ်နေတာကြောင့်ပဲ။ ဒီမှာ ထူးဆန်းတဲ့အရာတွေအများကြီး မကြာခဏဖြစ်လေ့ရှိတယ်။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now