AFFL 1

544 36 0
                                    

Unicode

အပိုင်း (1)

ခုနှစ်နှစ်ဆိုတဲ့ ကာလမှာ…
ပြောင်းလဲသွားတာက Perth က အသားတော်တော်ညိုသွားပြီး ပိန်သွားတယ်…။

မပြောင်းလဲတာက Perth ရဲ့ အချစ်တွေ
ဘယ်တော့မှလည်း ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ ယုံကြည် တယ်…။

မယုံကြည်လို့လည်း မရဘူးလေကိုကို…
ကိုကို့အချစ်တွေကို ကံကြမ္မာကြီးကတောင် အရှုံးပေးပြီး ကိုကုိ့ ကို ကလေးနား ပြန်ပို့ပေးလိုက်ရပြီလေ…။

အနားပြန်ရောက်နေပြီဖြစ်တဲ့ ချစ်သူကို ရင်ခွင်ထဲကနေ ခေါင်း လေးမော့ကြည့်ပြီး ကြည့်မ၀ ရှုမ၀ …
အတွေးတွေကလည်း အဆုံးမသတ်နဲ့လေ…။

ဧည့်ခန်းဆိုဖာကျယ်ကြီးပေါ် ခြုံစောင်ခပ်ပါးပါးသာ လွှမ်းခြုံ ထားတဲ့ ချစ်သူနှစ်ဦးကတော့   နွေရာသီပူလောင်နေလည်း သူတို့က တော့ အေးမြနေတယ်…။

လွမ်းရတဲ့ရက်တွေအတိုးချ ချစ်မိနေတာ မိုးလင်းတာတောင် အလွမ်းမပြေဖြစ်နေရတာ…။

ကိုယ့်ကို ရင်ခွင်ထဲထည့်ပြီး အိပ်စက်နေတဲ့ ချစ်ရသူ ကိုကို့ကို မျက်တောင်မခတ် ကြည့်နေရတာနဲ့ကိုက တကမ္ဘာလုံးကို မေ့သွားမိပြီ လား ထင်ရတယ်…။

"ကလေး ကြည့်လို့မ၀သေးဘူးလား"

မျက်လုံးဖွင့်မလာဘဲ ရုတ်တရက်ထွက်လာတဲ့ ကိုကို့အသံ ကြောင့် လန့်သွားသလို ရှက်လည်းသွားတယ်…။

ခိုးကြည့်ပါတယ်ဆိုမှ သူကအိပ်ချင်ယောင်ဆောင်နေတယ်ပေါ့

"အာ .. ကိုကို"

ရှက်နေမိတာမို့ ရင်ဘတ်ကို ခပ်ဖွဖွထုကာ ဟန်ဆောင်ထိန်းမရ တဲ့ အသံနဲ့ ပြောလိုက်မိမှ
ကိုယ်တော်က မျက်လုံးဖွင့်လာတာ နဖူးကိုငုံ့နမ်းပြီး ရင်ခွင်ထဲ တင်းနေအောင် ထပ်တိုးဆွဲဖက်ထားလိုက်တယ်…။

"လွမ်းတယ် ကလေးရယ်"

"ကိုကို .. ဒီတသက်လွမ်းတယ်ပြောတာ ပြီးပါဦးမလား?"

ရင်ခွင်ထဲက မော့ကြည့်ကာမျက်လုံးလေးစွေပြီး ပိုကိုပိုတယ် ဆိုတဲ့ မျက်နှာပေးလေးနဲ့ ပြောလာတဲ့ ချစ်စရာကောင်းလွန်းသူ Saint ကို စချင်လာတာကြောင့် နည်းနည်းရစ်မယ် စ်ိတ်ကူးမိပြီး…

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now