AFFL 15

226 29 2
                                    

အပိုင်း (15)

Monday , After Dinner

မိသားစုခရီးလေးမှာ ပျော်ရွှင်ခဲ့ကြရသလို ဖေဖေ့နားမှာ နှစ်ပတ် လောက်နေပြီး အနားယူနေတုန်းကတော့ သာယာပေမဲ့  အခု ပြန်ရောက် လာတဲ့ တစ်လလုံးကတော့ အလုပ်တွေအားလုံးပြစ်ထားတာမို့ အခုချိန် မှာ Event အပ်သူတွေက အစုလိုက်အပြုံလိုက်အလုပ်အပ်ထားတာ ကြောင့် နှစ်ယောက်သား တော်တော်ပင်ပန်းကြတယ်…။

ပိတ်ရက်ရဲ့ညနေမို့ ညစာစားပြီးချိန် Perth ဆေးကြောကျန်ခဲ့ တုန်းမှာ ဆေးသောက်ဖို့ သတိရသွားတာမို့ ဆေးကဒ်ထဲက ဆေးတွေကို ဖြုတ်ယူ သောက်လိုက်ပြီးချိန်မှာ….

“ကလေးဘာဆေးသောက်နေတာလဲ..နေမကောင်းဘူးလား?”

Perth အနောက်ရောက်လာတာ သတိမထားမိတာကြောင့် ဆတ်ခနဲတုန်သွားတာ ဆေးကို အမြန်သိမ်းလိုက်မိတယ်…။

“ဟို..ဟို...ကိုကို..အားဆေးပါ..ဘာရယ်မဟုတ်ပါဘူး… ဒီတိုင်း ကျန်းမာရေးအတွက် နဂိုသောက်ဖူးတဲ့ အားဆေးပြန်သောက်နေတာ”

“သြော်..အင်းပါ.. အားဆေးပဲ သောက်မနေနဲ့.. ထမင်းလည်း များများစား… အခုတလော အရမ်းအစားနည်းနေတာ ကိုကို သတိထား မိတယ်..”

ထစ်ထစ်ငေါ့ငေါ့ဖြေဆိုမှုအပေါ် ကိုကို မရိပ်မိတာ တော်ပါသေး ရဲ့ …။ အခြေအနေတခုကို မရိပ်မိအောင် ထိန်းသိမ်းဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ…။

အပြစ်သားတယောက်လို စိုးရိမ်ထိတ်လန့်မှုတွေ ကြီးစိုးနေ တယ်ဆိုတာ Saint အသိဆုံးပဲ…။

ဒါပေမဲ့ ခေါင်းမာတတ်တဲ့ ဗီဇရယ်… ဖြစ်ချင်တာကိုဖြစ်အောင် လုပ်တတ်တဲ့စိတ်ရယ်..Perth ကို ချစ်တဲ့ စိတ်ရယ်ကြောင့်
ဒီဝန်ကို Saint ပင်ပင်ပန်းပန်း ထမ်းနေမိတာပါ…။
ထိတ်လန့်မှုကို သတိမထားမိစေရန် အလို့ငှာ….
ကိုကို လက်မောင်းလေးကို တွဲပြီး ၀ရံတာဘက်လမ်းလျှောက် သွားရင်း

“အစားနည်းတာတော့ မဟုတ်ပါဘူး ကိုကိုရယ်.. အလုပ်က လည်း နည်းနည်းများနေလို့ မောတာနဲ့ မစားနိုင်ဖြစ်နေတာပါ"

၀ရံတာရောက်တော့ Perth က ၀ရံတာကို ကျောမှီရင်း Saint ကို ရင်ခွင်ထဲ ဖက်ထားကာ Saint ကလည်း ခါးလေးဖက်ပြီး ပုခုံးလေး ပေါ်ခေါင်းမှီရင်း ညနေဆည်းဆာလေဖြူးဖြူးလေးကြားမှာ အလုပ်နား ရက်လေးကို အေးအေးချမ်းချမ်း အတူဖြတ်သန်းနေတယ်…။

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now