6 [U]

517 31 4
                                    

အပိုင်း (၆)

"တရားခံရှေ့နေ စမေးနိုင်ပါပြီ"

Saint တရားသူကြီးမင်းကို ခေါင်းညွှတ်အရိုအသေပေးပြီး မျက်မြင်သက်သေရှေ့မှာ ရပ်လိုက်ကာ စတင်မေးလိုက်တယ်….။

"မင်းအော်သံကြားလိုက်တဲ့အချိန်မှာ ထမင်းစားခန်းထဲ ထမင်း စားနေတယ်လို့ ဖြေထားတယ်နော်"

"ဟုတ်ပါတယ်"

"မင်းထမင်းမစားခင် ဘာလုပ်နေလဲ"

"အခန်းထဲမှာ လေ့ကျင့်ခန်းလုပ်နေခဲ့ပါတယ်"

"ပြီးတော့ရော..."

"ရေချိုးပြီး အောက်ထပ်ဆင်းလာပါတယ် "

"အဲ့အချိန် မင်းအစ်ကိုက ဘာလုပ်နေတာမြင်လဲ"

"ဧည့်ခန်းမှာ TV ထိုင်ကြည့်နေပါတယ်"

"မင်း ဘာဆက်လုပ်လဲ"

"အကို့ကို ထမင်းစားမလားမေးပြီး သူမစားသေးဘူးဆိုလို့ ထမင်းစားဖို့ ထမင်းစားခန်းထဲ သွားခဲ့ပါတယ်"

"ဒါနဲ့ မင်းက အမြဲ လေ့ကျင့်ခန်း လုပ်တတ်တာလား"

"Objection Sir. ဒါက မျက်မြင်သက်သေအတွက် မသက်ဆိုင် တဲ့ မေးခွန်းပါ.. စိတ်မရှည်အောင် လုပ်နေသလိုပါပဲ"

တရားလိုရှေ့နေမှ ကန့်ကွက်ပြောဆိုသံ ချက်ချင်းထွက်လာခဲ့ တယ်…။

"လေးစားပါတယ် တရားသူကြီးမင်းခင်ဗျ.. ကျွန်တော် လိုအပ်တဲ့ သက်သေအတွက် မေးမြန်းခြင်း ဖြစ်ပါတယ်… ဆက်လက်မေးမြန်းခွင့် ပေးစေလိုပါတယ်… ဒါက Privacy ဆိုပေမဲ့ မျက်မြင်သက်သေက သူတစ်ယောက်တည်းရှိတာမို့ ကျွန်တော့်မေးခွန်းတွေကို လက်ခံဖြေစေ ချင်ပါတယ်"

တရားသူကြီးမင်းက တချက် စဉ်းစားဟန်ဖြင့်…

"ခွင့်ပြုပါတယ်"

တရားလိုရှေ့နေလည်း စောဒက မတက်ရဲတော့ပဲ ပြန်လည်ထိုင် လိုက်တယ်…။

"ဖြေပါဦး မင်းကအမြဲ လေ့ကျင့်ခန်း လုပ်တတ်တာလား ဆိုတာ"

"ဟုတ်ကဲ့ ကျောင်းပြီးလို့ ကျူရှင်ကပြန်လာတာနဲ့ Gym ဝင်ပါ တယ်… ပြီးမှ အိမ်ပြန်ပါတယ်"

"အိမ်ပြန်ရောက်တော့ရော?"

"အိမ်ပြန်ရောက်ရင် ရေမချိုးခင် အကြောလျော့လေ့ကျင့်ခန်း နည်းနည်းလုပ်ပြီး ရေချိုးတယ်…ပြီးရင် Shakeနဲ့Protein သောက်ပြီး အနားယူပါတယ်…အိပ်ရာဝင်ပါတယ်"

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now