AFFL 5

282 26 0
                                    

အပိုင်း (5)

2:00PM

အခုဆို ကျွန်တော်တို့နှစ်ယောက် Cake ဆိုင်လေးမှာ အတူ ပြန်နေတယ်…။

ဆိုင်ပိတ်တဲ့ Monday လိုနေ့မျိုးမှ အိမ်ကြီးဆီကိုတော့ တပတ် တခါမှ ပြန်နေတယ်…။

Event အတွက် ပြင်ဆင်ပေးရတာမျိုးမရှိတဲ့အချိန် ဆိုင်က ၀န်ထမ်းတွေနဲ့ပဲ ထားခဲ့လို့ရတဲ့အခါမျိုးဆို ဖေဖေဆီသွားကြတယ်…။

Saint ရဲ့ဆိုင်လေးက ချစ်စရာကောင်းသလို အောင်လည်း အောင်မြင်တယ်…။

ညနေစောင်းဆို မိသားစုလေးတွေ လာစားကြတာများတယ်..။

Cake အရသာလေးတွေက အရမ်းမချိုအီပဲ အရသာစိမ့်စိမ့် လေးတွေမို့ ကလေးလေးတွေကလည်း ကြိုက်ကြတော့ မိသားစုလေး တွေလည်း အလာများသလို Cake အပြင် ကော်ဖီနဲ့ Shake တွေပါ ရနို်င်တာမို့  အတွဲလေးတွေကလည်း ဆိုင်လေးကို သဘောကျကာ အေးချမ်းစွာ လာထိုင်ကြတာများတယ်…။

နဂိုက Saint ကိုပိုးပန်းပြီးလာထိုင်တဲ့ ကောင်မလေးတွေလည်း ရှိသလို အခု Perth နဲ့ လက်ထပ်လိုက်တာသိလိုက်လို့ လာအားပေးတဲ့ Fudanshi ကောင်လေးတွေ နဲ့ Fujoshi မလေးတွေလည်းတိုးလာတယ်
ဆိုင်ဝန်ထမ်း ရှစ်ယောက်ရှိပြီး  Saint ကို ကူဖို့ Cake ပညာရှင် နှစ်ယောက်ကိုလည်း ငှားထားတယ်…။

Event တွေ ဆက်တိုက်များတဲ့နေ့မျိုးဆို Part-Time ဆင်းတဲ့ ကျောင်းသူလေးတွေကို ရံဖန်ရံခါ ခေါ်ရတာမျိုးလည်း ရှိတယ်…။
အခုတော့ Perth ကပါ ဆိုင်မှာအတူကူလုပ်ပေးတာပေါ့…။

အခုဆို ကျွန်တော်တို့ အိမ်ထောင်သက်တမ်းက ခြောက်လ ဖြစ်နေပြီမို့ အစစနေသားတကျနဲ့ ပျော်ရွှင်နေကြတယ်လေ…။

ဒီနေ့တော့မွေးနေ့ပွဲတခုမှာ မွေးနေ့ကိတ် နဲ့ Decoration ကို လက်ခံထားတာကြောင့်  Saint နဲ့ ၀န်ထမ်းကောင်မလေးသုံးယောက် ကို ပွဲရှိရာဟိုတယ်သို့ Perth က ကားမောင်းလိုက်ပို့ပေးတယ်…။

ပွဲမှာ Saint ပြင်ဆင်တာတွေ ကူပေးနေရင်း ခန်းမထဲကို ပြေးဝင်လာတဲ့ ကလေးလေးတယောက်က Perth ကို ၀င်တိုက်မိပြီး ဖင်ထိုင်လျက် ချော်လဲသွားတော့ Perth က ဆွဲထူပြီး…

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now