14

508 35 0
                                    

အပိုင်း (14)

သုံးလေးရက်လောက်ကြာတော့ Saint လည်း တော်တော် သက်သာနေပြီ…။

Perth က Saint ကောင်းကောင်းသေချာနေကောင်းမှ ခရီးသွား မယ်ပြောပြီး Saint နားမှာ နေပေးနေဆဲပါပဲ…။

Saint တရေးနိုးတော့ ဘေးမှာ Ae ရှိမနေခဲ့ဘူး... Saint လည်း ရေထသောက်ရင်းနဲ့ Ae ကိုရှာမိတယ်. အခန်းထဲမတွေ့လို့ အိမ်ရှေ့ထွက် ကြည့်တော့ အိမ်ပြင်ကနေဝင်လာတဲ့ Ae ကိုတွေ့ လိုက်ရတယ်..။

"Ae ညသန်းခေါင်ကြီး ဘယ်သွားတာလဲ"

"သြော် အိပ်မပျော်လို့ ခြံထဲဆင်းပြီး ခဏလမ်းလျှောက်တာ."

"Ae ဗိုက်ဆာလို့ အိပ်မပျော်တာလား.. ဗိုက်ဆာနေလား တခုခု လုပ်ပေးရမလား "

"မဆာပါဘူး ဒီတိုင်းပဲ လမ်းဆင်းလျှောက်တာပါ… မင်းအိပ်တော့ လေ… မနက်မြို့ပြင်ကို အမှုကိစ္စသွားမယ်ဆို… ကားမောင်းရမှာ အ်ိပ်ရေး ဝအောင်အိပ်.... လာ"

"ဟုတ်ကဲ့"

***********

ခရီးသွားရမယ်ဆို စောစောနိုးနေတတ်တဲ့ အကျင့်အတိုင်း Saint နိုးလာခဲ့တယ်…။

နိုးလာတော့ ဘယ်ဘယ်မှာအိပ်နေတဲ့ Ae ကို ကြည့်လိုက်ချိ်န်မှာ
ပက်လက်လေးအ်ိပ်ရင်း ခေါင်းကို ဘယ်ဘက်စောင်းထားတာမို့ Ae မျက်နှာကို မြင်နိုင်ဖို့ Saint ခေါင်းကို အနည်းငယ် မြှင့်အုံးလိုက်တော့
မြင်နေရတဲ့ ညာဘက်နှာဖျားစွန်းက မှဲ့လေးရယ်
ညာဘက် လည်တိုင်ပေါ်က မှဲ့နီသေးသေးလေးရယ်က
Ae မျက်နှာပေါ်နေရာယူထားတာ မနာလိုလိုက်တာဗျာ

အတွေးနဲ့တင် ရပ်မပစ်လိုက်နိုင်တဲ့စိတ်ကြောင့် ကော့ညွှတ်နေ တဲ့ မျက်တောင်လေးနဲ့အတူ
ဆွဲမက်ဖွယ်ကောင်းလွန်းတဲ့ မျက်ခွံအစ်အစ်လေးကို နိုးသွားမှာ စိုးတဲ့စိတ်နဲ့ ဖွဖွလေးနမ်းလိုက်တယ်…။

"Good Morning Ae~~"

တိုးတိုးလေးပြောပြီး ခရီးသွားဖို့ ရေမိုးချိုး ပြင်ဆင်နေလိုက် တယ်..။

***********

မင်းဘာလုပ်လိုက်တာလဲ Saint
ငါတို့က ညီအစ်ကိုတွေလေ.. ယောက်ျားတွေလေ..
မင်းကို ငါနမ်းလိုက်မိတာက အချစ်ပါမသွားဘူး Saint
မင်းကို တခဏတာရူးသွပ်မိရုံပဲ အခု မင်းအဲလိုလုပ်လိုက်တာက
ငါ မင်းကိုမုန်းရတာ ပင်ပန်းလာတဲ့ စိတ်ကို တွန်းကန်နိုင်ဖို့ ခက်ခဲ စေတယ်…
မင်းအဲလိုတွေမလုပ်ပါနဲ့ Saint ရာ…

Fake Love (S1) & Away From Fake Love (S2) {Complete}Kde žijí příběhy. Začni objevovat