3 [Z]

464 14 0
                                    

အပိုင်း (3)

ခွပ် ~~~

"မင်းတို့ တော်တော် စောက်သုံးမကျတာပဲ အရေးကြီးတဲ့ အရောင်းအ၀ယ်မို့ ငါကိုယ်တိုင်သွားခါမှ မင်းတို့ကြောင့် ကံကောင်းလို့  Jail ထဲ မရောက်တာ မင်းတို့သိလား .. ခွေးမသားတွေ"

"ဆရာ အဲဒါ ကျွန်တော်တို့ကြောင့်ဆိုတာထက် ဟိုကောင်Nicky ကြောင့်ပါ"

"Nicky ကြောင့်ချည်းပဲ မဟုတ်ဘူး Mark… အခု မြို့ကို ရောက်လာတဲ့ ဟိုရှေ့နေကြောင့်လည်း ပါတယ်…. ဘယ်လိုရှာလိုက်လို့  ဒီလိုခိုင်မာတဲ့ သက်သေတွေ ရသွားလဲမသိဘူး… Nicky မဖော်လို့ မဖြစ် လို့သာ ဖော်လိုက်တာ…မဟုတ်ရင် သူဖော်မှာ မဟုတ်ပါဘူးကွာ" 

Gun က ထပ်ပေါင်းပြီး ရှင်းပြနေတယ်…။

"ဘယ်သူကြောင့်ဖြစ်ဖြစ် အခုငါ မသေရုံတမယ် ထွက်ပြေးရ တယ်... ပစ္စည်းတွေလည်း ဆုံးရှုံးရတယ်… အဲဒါမင်းတို့ သိလား ဟမ် ? အခုမှ ဟိုလွှဲဒီလွှဲနဲ့ မင်းတို့စောက်ပြစ်ပေါ့အောင် ဟောင်မနေနဲ့  တောက်"

ပုံမှန်အားဖြင့် အနေတည်တယ်…။ သို့သော် စိတ်တိုလာရင် ရိုင်းစိုင်းတဲ့ဘက် ရောက်သွားတတ်တဲ့ပုံစံက ငယ်ကတည်းက တည်ရှိရာ နယ်ပယ်ရဲ့သင်ကြားမှုကြောင့် ဖြစ်ပေလိမ့်မည်..။

ဆရာတပည့်ဆက်ဆံရေးက အပေါင်းအသင်းမဆန်သလို အလုပ်ရှင်လည်း မဆံတာမို့ ၀န်တခုလို ပိုပိုကဲကဲကြောက်ရွံစရာ မလိုပေမဲ့ စိတ်ဆိုးချိန်ဆို နေစရာမရှိ လောက်အောင်တော့ ထိတ်လန့်စရာကောင်း အောင် ကြမ်းတမ်းတာမို့ စကားကိုအပြစ်လွတ် လျှောက်လွှဲချက်မျိုးစုံကို တစ်ယောက်တစ်ပေါက် ပြောပြနေမိကြတော့တယ်..။

"ဟုတ်ကဲ့ဆရာ ကျွန်တော်တို့ နောက်မဖြစ်စေရပါဘူး..ပြီးတော့ ကျွန်တော်တို့ နောက်ဆို သတိထားမှဖြစ်ပါ့မယ် ဆရာ…. အဲ့ရှေ့နေက အရမ်းတော်တယ်.. နဂိုက ကျွန်တော်တို့မိလည်း ကြံဖန်လိုက်ရင် အဆင် ပြေတယ်
ဒီရှေ့နေ့က ကျွန်တော် ငွေခင်းတာတောင် ဂရုမစိုက်ဘူး ဆရာ ရောက်ရောက်ချင်းမှာပဲ ဘယ်သူမှမလိုက်နိုင်တဲ့ ၂လောင်းပြိုင်အမှုကို ဖော်နိုင်လို့ အရမ်းနာမည်ကောင်းရနေတာ သူက တကယ်လည်း အရည် ချင်းရှိတယ် ဆရာ"

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now