Extra

380 23 1
                                    


EXTRA

အဝေးကို ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်…။

အနောက်ကနေ ဖိနပ်မပါဘဲ ပြေးလိုက်လာတဲ့ ချစ်ရသူရဲ့ ပုံရိပ် ကြောင့် အသည်းတွေကြွေမွမတတ်ခံစားရတယ်…။

နောက်ကြည့်မှန်ထဲက မြင်နေရတဲ့ ပြေးလွှားနေတဲ့ သဏ္ဍာန် လေးက ဆုံးဖြတ်ချက်တွေကို တွန့်ဆုတ်စေခဲ့တယ်…။ ခေါင်းမာမယ် ဆိုတာသိလို့ ပြင်စေချင်တဲ့စိတ်နဲ့ အနားက ထွက်လာခဲ့ပေမဲ့ တကယ် တမ်းကျ အရိပ်အောက်ကတောင် ထွက်သွားဖို့ ခဲယဉ်းနေခဲ့တယ်

ခုလို ကားနောက် ပြေးလိုက်နေတဲ့ပုံစံက ပိုလို့ ပစ်မသွားရက် အောင် လုပ်နေသလိုပဲ…။

●●'ဆက်ပြေးမလိုက်နဲ့လေကလေးရာ မင်းရူးနေလား? ချော်လဲ ရင် မင်းနာလိမ့်မယ်..ရပ်လိုက်တော့ကွာ' ●●

စိတ်ထဲကတားနေပေမဲ့ ကားကိုရပ်ကာ နောက်ပြန်လှည့်ဖို့ တွေ ဝေနေမိတယ်.. အခုချိန် ကိုယ်လျော့လိုက်ရင် ဆက်ကာ ခေါင်းမာနေဦးမဲ့ ချစ်သူအကြောင်း ကိုယ်သာအသိဆုံး…။

နောက်ကြည့်မှန်က မြင်နေရတဲ့ ချစ်သူကို ကြည့်ရင်း တွေဝေ စိတ်က ကြီးမားလာသလောက် ဦးနှောက်ကလည်း နောက်ပြန်လှည့်ဖို့ တားဆီးနေတယ်…။

တသွင်သွင်စီးကျနေတဲ့ မျက်ရည်တွေက အရှိန်ပြင်းတဲ့ တောင် ကျရေအလား…။

ရပ်တန့်လို့လည်းမရ တားဆီးလို့လည်းမရ

အမြင်တွေက မသဲကွဲ

စိတ်တွေက ဝေေ၀၀ါး

ထိုစဉ် ~

"ဟာ.."

ဒုန်းးးးးးးးးးးးးးးး

စိတ်အာရုံ များလွန်းသောအချိန်မှာ ကားမောင်းနှင်နေခြင်း ကြောင့် တဖက်မှ ကန့်လန့်ဖြတ်မောင်းဝင်လာသော ကားကို ခေါင်းတည် ၍ တိုက်မိတော့မည့် အခြေအနေကို ရှောင်ရှားရန် ရုတ်တရက် ကားကို ဘေးသို့ ဆွဲချလိုက်သော်လည်း မောင်းနှင်လာသည့် အရှိန်ကြောင့် လမ်း လယ်ပလက်ဖောင်းကို ကျော်ကာ တဖက်ရှိ မီးဓါတ်တိုင်ကိုပါ ဆင့်ကဲ တိုက်မိပြီးနောက် ခါးရိုးမှ နာကျင်မှုနဲ့အတူ 'ဒီမြင်ကွင်းကို ကလေး မမြင် လိုက်ပါစေနဲ့' ဆိုတဲ့ ရင်တွင်းဆုတောင်းမှုတစ်ခုသာ ကျွန်တော့်ဘ၀ အမှောင်မကျခင် နောက်ဆုံးသိလိုက်မိတဲ့ ခံစားချက် ဖြစ်တော့တယ်..။

Fake Love (S1) & Away From Fake Love (S2) {Complete}Nơi câu chuyện tồn tại. Hãy khám phá bây giờ