AFFL13

205 23 0
                                    

အပိုင်း (13)

Saturday , Early Morning

ဖုန်းဝင်လာတဲ့ အသံကြောင့်  Perth အိပ်ရာက နိုးလာကာ ဖုန်း Screen ပေါ်က နံပါတ်လေးက Saint နံပါတ်မို့ နာရီပါ တချက်ကြည့်မိ ချိန် မနက် 6:00 ပဲ ရှိနေသေးကို အစောကြီးဆက်လို့ စိတ်ပူသွားတယ်

“ကလေး ..ဘာဖြစ်လို့လဲ. အစောကြီးဆက်တာ.. နေမကောင်း လို့လား”

“နေကောင်းပါတယ် ကိုကိုရဲ့.. ကလေးကြောင့် ကိုကို နိုးသွား တာလား?”

“အင်း.. ရပါတယ်.. အရမ်းအစောကြီးမှ မဟုတ်တော့တာ.. ကိုကိုလည်း အိပ်ရေးဝနေပါပြီ”

“ဟုတ်..ကိုကို့ကို ပြောစရာရှိလို့ ..”

“အင်း..ပြော.ကလေး”

“ကလေး .. နက်ဖန်မှ ပြန်ဆင်းလာမယ်လို့ ပြောမလို့.. ခဏနေ Event သွားပြင်ရင် အလုပ်ရှုပ်ပြီးမပြောမိမှာစိုးလို့..”

“ဟမ်.. ဘာလို့လဲ ကလေး.. ကိုကိုက ကလေးညနေစောင်း လောက် ရောက်မယ်ဆိုပြီး ပျော်နေတာကို”

“ဟုတ်..ကိုကို..တောင်းပန်ပါတယ်နော်.. ကလေး .. ဟို...ဟို... ညနေကျရင် သူငယ်ချင်းတယောက်ရဲ့ Wedding Dinner  ကို လာဖို့ ဖိတ်ထားလို့ပါ.. အတင်းလာဖို့ ပြောနေတာနဲ့လေ အားနာလို့… အဲဒါ ကြောင့် သွားမှကောင်းမယ်မို့ပါ”

●●အသွားအလာမညီ ထစ်အနေတဲ့ စကားသံတွေ ကိုကို သတိမထားမိပါစေနဲ့●●

“ဘယ်သူငယ်ချင်းလဲ .. ကိုကိုသိလား?”

“အထက်တန်းတုန်းက သူငယ်ချင်းပါကိုကို.. ကိုကိုနဲ့ မဆုံဖူး ဘူး”

“ကလေးသူငယ်ချင်းတော်တော်များများ ကိုကိုသိပါတယ်..”

“ဟိုလေ..ကိုကို..သူက နယ်ပြောင်းသွားတည်းက မတွေ့ဖြစ် တော့တာ.. ညကမှ ChaAm ဆီက ဖုန်းနံပါတ်ရပြီး ဖုန်းခေါ်ပြောလာလို့ ..အဲဒါကြောင့်..”

“အင်းပါ.. မဖြစ်မနေသွားရမှာဆိုရင်တော့လည်း ကိုကိုက ဆက်လွမ်းရုံပဲ ရှိတာပေ့ါ..သွားသွား..”
အလိုမကျတဲ့အသံနဲ့ အနည်းငယ် ခပ်တည်တည် ပြောလိုက်မိ တာကြောင့်..

“ကိုကိုကလဲ.. ကလေးက အားနာလို့ပါ.. ကိုကို ဒီနေ့ ပြန်လာ စေချင်ရင် ညကျ Wedding Dinner သွားပြီးတာနဲ့ ညတွင်းချင်း ပြန်ဆင်း လာခဲ့မယ်လေ..”

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now