AFFL 8

209 24 0
                                    

အပိုင်း (8)

At Por Home , Tuesday 5:30 PM

“ကိုကို.. ကိုကို”

လက်မောင်းလေးလှုပ်ကာနှိုးလာတဲ့ Saint ကြောင့် Perth နိုး လာတယ်…။

“ထတော့နော် ကိုကို.. ညနေစောင်းနေပြီ နေမကောင်းဖြစ်နေ ဦးမယ်”

“အင်း ကိုကိုအိပ်တာကြာသွားတယ်.. ဖေဖေ ဘယ်လိုနေသေး လဲ ကလေး…”

“ဖေဖေအဆင်ပြေတယ် ကိုကို.. Normal ပြန်ဖြစ်သွားပြီ ကလေး အခုပဲ ဖေဖေ့ကို Pressure တိုင်းပေး ရေချိုးပေးပြီးမှ ကိုကို့ကို လာနှိုးတာ…”

“အင်း.. တော်သေးတာပေါ့..”

“အင်းလေ.. ကလေးမှာ စိတ်ပူလိုက်ရတာ..”

“ကလေးရယ် စ်ိတ်လေးဘာလေးထိန်းပါ..ဖေဖေက ဆရာဝန်ပါ  ကျန်းမာရေးကို ကလေးထက်နားလည်ပါတယ်..”

“ဖေဖေက ဘုရားစူးဆရာဝန် ကိုကိုရ သူများကို ဆေးကုတာ သာ တော်တာ သူကိုယ်တိုင်ကကျ ဆေးသောက်အရမ်းပျင်းပြီး အရမ်း ပေတာ.. ဆေးတခါတိုက်ရင် ခလေးဆေးတိုက်ရတာထက်ဆိုးတယ် အခန်းပတ်မပြေးတာပဲ ရှိတယ်.. အသေချော့တိုက်ရတာ.. ဆရာဝန် ဆိုတော့ သူသိသူတတ်ကလည်း လုပ်သေးတာ.. ဖေဖေ့ကို ဆေးတိုက် မလား ကျားမြီးဆွဲမလားဆို .. ကျားမြီးပဲ ပြေးဆွဲချင်တယ်..တကယ်”

Saint က စောင်လေးကို ခေါက်ရင်း ဖေဖေအကြောင်းကို အတင်းတုပ်ပြောနေတယ်…။
အတင်းတုပ်နေတာလေးကို ကုတင်ပေါ် ပက်လက်လှန်ရင်း ပြုံး ကြည့်နေမိတာ..
ဘယ်လိုပုံစံလေးမှန်းကိုမသိဘူး…။

လက်ကလည်း စောင်ခေါက်မပြတ်…
နှုတ်ခမ်းလေးကလည်း ထော်ထော်လေးနဲ့ ပြောနေတာ…

အတင်းပြောတုန်း မျက်လုံးလေးကလည်း ပုတ်ခတ် ပုတ်ခတ် လုပ်သေးတယ်…။ ဘယ်လောက်တောင် အသည်းယားစရာကောင်းလဲ ဆိုတာ မြင်နေရတဲ့ ကျွန်တော်ကိုယ်တိုင်ပဲ သိတယ်…။

“ဟားးဟားးး… ဟုတ်ပါပြီ.. ကလေးက ဖေဖေနဲ့ အမြဲအတူနေ ခဲ့ရတော့ ဖေဖေ့အကြောင်းကို ကိုကို့ထက် ပိုသိမှာပေါ့.. ဖေဖေ့ကို ဂရု စိုက်ပေးခဲ့တာတွေအတွက် ကလေးကို ကျေးဇူးတင်ပါတယ်..”

Saint က Perth ရင်ဘတ်ပေါ် ပက်လက်လေးလှန်လဲချပြီး ခေါင်းလေးမှေးတင်လာရင်း

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now