7 [U]

465 32 0
                                    

အပိုင်း (7)

ပုံမှန်အတိုင်း မနက်စောစောကျန်းမာရေးအရ ပြေးနေစဉ် အရှေ့ က လာနေတဲ့ ဆိုင်ကယ်တစီး…..
ဟာ ဘယ်လိုမောင်းနေတာလဲ…

အတွေးမဆုံးခင်မှာတင် တိုက်မိတော့မဲ့အခြေအနကနေ မြန်မြန် ဆန်ဆန် ရှောင်လိုက်ပေမဲ့ ဘေးနားက Drain ထဲ ခြေချော်ကျကာ ခြေဆစ်နာပြီး လဲကျသွားခဲ့တဲ့ Saint….

ဆိုင်ကယ်ကို လှမ်းကြည့်လိုက်တော့ နံပါတ်ပြား မပါသလို မျက်နှာအထိဖုံးတဲ့ ဆိုင်ကယ်ဦးထုတ်ကြောင့် မျက်နှာလည်း မမြင်လိုက် ရဘူး…။

"Shit.. ဒီနေ့ကျမှ ဖုန်းကလည်း ကျန်ခဲ့တယ် အကူအညီတောင်း ဖို့ ဘယ်သူမှလည်း အနားမရှိဘူး"
ထဖို့ ကြိုးစားလိုက်ပေမဲ့….

"အား... နာလိုက်တာ"

နာကျင်လွန်းတဲ့ ခြေဆစ်ကဝေဒနာကြောင့် ပြန်ဖင်ထိုင်ကျသွား တယ်…။

"မင်းအရမ်းနာနေလား"

နူးညံ့မှုမရှိဘဲ ပြတ်သားတဲ့အသံသြသြကြောင့် ကျွန်တော် မော့ကြည့်လိုက်တော့...

ဟာ ဆိုင်မှာတွေ့ ခဲ့တဲ့ ကိုလူချောပဲ…

"အရမ်းမနာပါဘူးဗျာ"

"အဟက် မနာဘူးသာပြောတယ် မင်းမျက်နှာက ငိုတော့မယ် ..လာ ငါ တွဲထူ ပေးမယ်"

ကျွန်တော့်ရဲ့ဂျိုင်းအောက်ကနေ လက်နှစ်ဖက်လျှိုပြီး ဆွဲထူ လိုက်တဲ့ သူ့ကို မော့ကြည့်လိုက်တော့….
ထူထဲတဲ့ မျက်ခုံး
စူးရှတဲ့မျက်ဝန်း
ဖြောင့်စင်းနဲ့ နှာတံနဲ့အတူ
အညိုရောင်ပြေပြေသန်းနေတဲ့ နှုတ်ခမ်းထူထူတစုံက
အကြည့်လွှဲဖို့ မေ့နေမိတဲ့အထိ ဆွဲဆောင်မှုရှိတယ်….။

***********

ကျွန်တော့်ကို သတိလက်လွတ်မော့ကြည့်နေတဲ့ မျက်ဝန်း ဝိုင်းဝိုင်းလေးရယ်၊ တခုခု ပြောချင်ပုံပေါ်တဲ့ စိုစိုရဲရဲ နှုတ်ခမ်းပါးပါးလေး ရယ်က တစ်ခဏတာ မြင်သက် ငေးမောမိစေတယ်တဲ့လား…

တော်စမ်း Perth အဲဒါ မင်းရဲ့မကောင်းဆိုးဝါးကောင်ပဲ….

***********

ကြည်လင်နေတဲ့ မျက်နှာကနေ ချက်ချင်းတည်သွားပြီး မျက်မှောင်တချက်ကျုံ့လိုက်တာ မြင်လိုက်ရတော့.’ဘာလို့လဲ ကျွန်တော် ကြည့်နေမိလို့ သဘောမကျလို့များလား’ ဆိုတဲ့စိတ်နဲ့ ခေါင်းငုံ့မျက်နှာ လွှဲလိုက်မိတယ်…။

"မင်းကို ငါ အိမ်ပြန်လိုက်ပို့မယ်… ဆေးခန်းလည်း အရင်ဝင်ပို့ ပေးမယ်… လာ ငါ့ကားရှေ့နားမှာ ရပ်ထားတယ်"

" ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ"

ဆေးခန်းကနေ အိမ်ပြန်လမ်းတလျှောက် စကားမပြောဖြစ်ဘဲ ငြိမ်သက်စွာ လိုက်လာမိတယ်…။

" မင်း အိမ်ရောက်ပြီ"

" ဟုတ်ကဲ့"

ကျွန်တော် ကားပေါ်ကဆင်းလိုက်တော့ ဆေးခန်းက စည်းပေး လိုက်တဲ့ ပတ်တီးအဖွေးသားကို မြင်သွားတဲ့အဖေက ပန်းပင်ရေလောင်း နေရင်းကနေ ရေပိုက်ပြစ်ချကာ ပြေးလာပြီး…

"သားလေး Saint ဘာဖြစ်တာလဲ … ဘယ်လိုဖြစ်တာလဲ"

"သားခြေခေါက်လဲလို့ ခြေဆစ်နာသွားတာပါ ဖေဖေ..မစိုးရိမ်ရပါ ဘူး"

Saint ကို ကားပေါ်က တွဲကူဆင်းပေးမလို့ ကားတံခါးဖွင့်ပြီး ထွက်ဖို့အပြင်  စိုးရိမ် တကြီးပြေးလာတဲ့ လူတယောက်…

စိတ်ပူနေတာ အတိုင်းသားပေါ်လွင်နေတဲ့ အသံ….
Perth ကားကို တရကြမ်း မောင်းထွက်လာလိုက်တယ်….။

တသက်လုံးမေ့မသွားတဲ့ အဖေ့ရဲ့မျက်နှာ
ကျွန်တော့်ကိုဘယ်ချိန်လာရှာမလဲလို့ နှစ်နှစ်ဆယ်လုံး မျှော်လင့် နေမိတဲ့ အဖေ့ရဲ့မျက်နှာက ပြန်တွေ့လိုက်ချိန်မှာ သူစိုးရိမ်ပူပန်နေတာက Saint ကိုတဲ့လား…

အဖေ ကျွန်တော့်ကိုရော ဒီလိုစိုးရိမ်စိတ်နဲ့ တကြိမ်လောက် တောင် ရှာခဲ့ဖူးရဲ့လား ဖေဖေ…

ပါးပြင်ပေါ် အတားအဆီးမရှိ စီးကျလာတဲ့ မျက်ရည်ကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပြစ်လိုက်ပြီး…

" မင်းဆီက ငါပိုင်သမျှအရာအားလုံး ပြန်ယူမယ် Saint"

***********

ကျေးဇူးတင်စကားလည်း မပြောလိုက်ရ၊ အိမ်ထဲလည်း မဖိတ် လိုက်ရ၊ နာမည်တောင် မမေးလိုက်ရသေးတဲ့ သူ….

ဘာလို့ ချက်ချင်းကားကို တရကြမ်းမောင်းထွက်သွားတာပါလဲ…

"သား သူငယ်ချင်းလား အိမ်ထဲတောင် မဝင်တော့ဘူးလား"

"သားကို ဒီမနက် ကူညီခဲ့တာပါ.. ဖေဖေ သားနောက်တစ်ခါ တွေ့မှ  အိမ်ကို ဖိတ်ခဲ့ပါ့မယ်"

" အေးပါ လာလာ အထဲဝင်  ဖြေးဖြေးလျှောက် သား"

" ဟုတ်"

သူ ကျွန်တော့်အိမ် ဘယ်လိုသိတာလဲ???
ကျွန်တော်ကားပေါ်မှာ ပြောပြလိုက်မိလို့လား???
ပြီးတော့ ဘာလို့လဲ .. အဲလိုကြီး ဘာလို့ထားခဲ့တာလဲ???

နာမည်တောင် မသိလိုက်ရဘဲ အခုလိုထားခဲ့တာ ကျွန်တော့် ရင်ထဲ ဟာနေတယ်
နောက်တစ်ကြိမ် ပြန်ဆုံခွင့် ရနိုင်ပါ့မလားဗျာ….။

●●●●● (7) ●●●●●

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now