19

416 37 0
                                    

အပိုင်း (19)

စေ့ထားတဲ့တံခါးကို ခပ်ပြင်းပြင်းတွန်းဖွင့်ပြီး…

"Saint.. Saint"

အော်ခေါ်ပြေးဝင်လာတဲ့ Perthက ကုလားထိုင်တခုပေါ် လက် ပြန်ကြိုး တုပ်ခံထားရပြီး သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ချစ်သူကို မြင်လိုက် ရတဲ့ မြင်ကွင်းကြောင့် ဒေါသစိတ်တို့ ထိန်းချုပ်ဖို့ ခက်ခဲရပြီ…

"ခွေးမသား..."

ဒေါသနဲ့ Saint ရဲ့နံဘေးမှာ ရပ်နေတဲ့ Pond ကို ဆွဲထိုးဖို့ ပြေးဝင်လိုက်ပေမဲ့ လမ်းတ၀က်မှာ ခြေသလုံးကို ဖြတ်ရိုက်ခံလိုက်ရတာ ကြောင့် ဒူးညွတ်ကျသွားချိန် လူနှစ်ယောက်က တဖက်တချက် ဖမ်းချုပ် ထားလိုက်တယ်…။

"ဘယ်လိုလဲ Perth .. အရသာရှိလား? ဟားးးဟားးး. မင်းချစ်သူ မျက်နှာလေး သွေးတွေနဲ့ လှလိုက်တာကွာ"

မေ့မြောနေတဲ့  Saint မေးစေ့ကို ကုိင်ပြီးပြောနေတဲ့ Pond ကို

"မင်း Saint ကို မထိနဲ့... မင်းနဲ့ငါ့ကြားကပြသနာကို ငါနဲ့ရှင်း.. Saint နဲ့ မဆိုင်ဘူး"

ချုပ်ထားတဲ့လက်တွေကြား ရုန်းရင်း Perth အသံမာမာနဲ့ ပြော လိုက်တယ်…။

"အိုဟို... မာလှချည်လား Perth.. အခုချိန်က မင်း ဒူးထောက် တောင်းပန်ရမှာ ဟားးဟားးး"

"Saint.. Saint ကလေး မျက်လုံးဖွင့်စမ်း Saint… ကိုကိုရောက် ပြီ.."

Pond စကားတွေကို လျစ်လျူရှုပြီး သတိလစ်နေတဲ့ Saint ကို အသံပေးပြီး နိုးနေမိတယ်…။

***********

နားထဲမှာ ရွံမုန်းစရာကောင်းတဲ့ အော်ရယ်သံတခု..
နေပါဦး ဒီဆိုးရွှားတဲ့ အသံကြားကနေ တိုးတိုးလေးကြားနေရတဲ့ ရင်းနှီးနေတဲ့ အသံလေးတခု…
Ae~~ Ae လား

ကျွန်တော်အိပ်မက်မက်နေတာလား?
ကျွန်တော်ကြိုးစားပြီး မျက်လုံးဖွင့်လိုက်တယ်…။

"Saint .. Saint.. ကလေး သတိရပြီလား?? ကိုကိုပြောတာ ကြား လား Saint"

"Ae~~"

အခြေအနေတွေ နားမလည်စွာနဲ့ ဒူးညွှတ်ထိုင်ကျနေရင်း ဖမ်းချုပ် ခံထားရတဲ့ Ae ကို မြင်လိုက်ရတယ်…။

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now