4 [U]

493 30 0
                                    

အပိုင်း (4)

"သား သွားမှာနှင့်..ဖေဖေလိုက်ခဲ့မယ်.. အသိတယောက်တွေ့လို့ နှုတ်ဆက်လိုက်ဦးမယ် "

"ဟုတ် ဖေဖေ"

Saint ကားတံခါး Lock ချကာ ဆိုင်ထဲ ၀င်လာခဲ့ချိန်မှာ ဖခင် ဖြစ်သူကတော့ တစ်ဖက်လမ်းမှာ ဈေးဝယ်နေတဲ့ မိတ်ဆွေကို နှုတ်ဆက်ဖို့ သွားတယ်…။ Saint ဆိုင်ထဲ ရောက်တော့ ညစာစားချိန်မို့ လူတွေ ပြည့်ကျပ်လို့ စားပွဲအလွတ်နေရာ မရှိသလောက်ပဲ…။

ဆိုင်ရဲ့ထောင့်တစ်နေရာမှာ ရှားရှားပါးပါး ခုံအလွတ်တစ်ခုံ ရှိနေတာကို စားပွဲထိုးမလေး ညွှန်ပြလို့ တွေ့ရလိုက်တော့ ၀မ်းသာသွားရ တယ်…။

***********

စိတ်ရှုပ်ရှုပ်နဲ့ ညနေစာစားရင်း သောက်ဖို့ တစ်ယောက်တည်း ထွက်လာပြီး ဆိုင်လာထိုင်နေမိတဲ့ Perth ကတော့ ဆေးလိပ်မီးညှိဖို့ ဘောင်းဘီအိတ်ထဲက မီးခြစ်ကိုယူပြီး ဆေးလိပ်ကို မီးညှိ၍ တစ်ချက် ဖွာကာ ခေါင်းမော့လိုက်တဲ့အချိန် မျက်လုံးရှေ့  မီးခိုးတွေ ကြားကနေ မြင်လိုက်ရတဲ့ ပုံရိပ်လေးတခု….

အဖြူရောင်ရှပ်အင်္ကျီလက်ရှည်လေးကို တစ်တောင်ဆစ်နားထိ သပ်သပ်ရပ်ရပ်ခေါက်တင်ထားပြီး ဂျင်းဘောင်းဘီအနက် ဒူးတိလေး ၀တ်ထားပုံလေးက ပေါ့ပါးပြီး အဖြူရောင်နတ်သားလေးတပါး မီးခိုးငွေ့ တွေကြား တဖြေးဖြေးလျှောက်လာသလို မြင်ယောင်နေမိတယ်…။

မျက်လုံးရှေ့က ဆေးလိပ်မီးခိုးငွေ့တွေ ပြယ်သွားချိန်မှာ အနား ကို နီးသထက်နီးလာတဲ့ ပုံရိပ်လေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့ အချိန်မှာ Perth အသက်ရှူဖို့ မေ့သွားတဲ့အထိ အံ့သြမှင်သက်နေမိတယ်
ဒါက လူသားရော ဟုတ်ရဲ့လားကွာ……

သူ ကျွန်တော့်စားပွဲကို ဖြတ်ကျော်လျှောက်သွားပြီး ဘေးတဖက် ထောင့်က ခုံမှာ ထိုင်ဖို့ စတီးကုလားထိုင်ကို ဆွဲထုတ်လိုက်လို့ အသံထွက် လာမှ ကျွန်တော် သတိပြန်ဝင်သွားတယ်…။

••ဘာလဲကွာ…. ယောက်ျားတစ်ယောက်ကို အဲလို သတိ လက်လွတ် ငေးတဲ့အထိ ဖြစ်တာ မင်းစောက်ရူးလား Perth ••

မဆီလျော်တဲ့ အတွေးတွေ ခေါင်းထဲ ရောက်လာတော့ စိတ် အာရုံ ပိုနောက်ရပြီမို့ အိမ်ပြန်ရန်သာ ဆုံးဖြတ်လိုက်တယ်…။

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now