10

514 35 0
                                    

အပိုင်း(10)

"မင်း အဆင်ပြေရဲ့လား"

Saint တံခါးဖွင့်သံကြားလို့ ပြူတင်းပေါက်ကို မျက်နှာမူထိုင်နေ ရင်း လှည့်ကြည့်လိုက်တဲ့အချိ်န် Perth ရဲ့ မေးသံလေးပါ ကြားလိုက်ရ တယ်…။

"ဟုတ်ကဲ့ ကျွန်တော်အဆင်ပြေပါတယ်…ကျေးဇူးတင်ပါတယ်…ပထမတစ်ခါရော၊ အခုရော ကျေးဇူးတင်စကား သေချာမပြောရသေးဘူး Khun ~~???"

"ငါ့နာမည် Ae "

"ဟုတ် Khun Ae"

"Ae ပဲခေါ်ပါ "

"ဟုတ်ကဲ့ Ae..  ကျွန်တော်က Saint ပါ"

"အင်း. မင်းဘာစားချင်လဲ ငါမသိလို့ အဆင်ပြေရာဝယ်ခဲ့တယ်.. ငါပြင်ပေးမယ်.. စားလိုက်ဦး"

"ကျေးဇူးတင်ပါတယ် Ae"

Ae တဲ့ … ကျွန်တော် အန္တရာယ်ဖြစ်တိုင်း ကျွန်တော့်ရှေ့ ရောက် ရောက်လာပြီး ကူညီတတ်တဲ့ ကျွန်တော်ရဲ့Hero…

***********

ကျွန်တော်ဝယ်လာတဲ့ ညစာကို အားရပါးရစားနေတဲ့ မကောင်း ဆိုးဝါးလေး…

အခုမှစသိတဲ့သူ ဝယ်လာတာကို ယုံယုံကြည်ကြည်စားနေတာ… တစ်ခါထဲသာ အဆိပ် ထည့်သတ်ရင်သေမယ်…

အဖေကိုလည်း စိတ်ပူမှာစိုးလို့ မခေါ်ဘူးတဲ့
ရဲလည်းမတိုင်ချင်ဘူးတဲ့  သူ့အလုပ်တွေထိခိုက်မှာစိုးတယ်တဲ့

ဘယ်လိုဟာလေးမှန်းမသိဘူး နားလည်ရခက်လိုက်တာ..
တမျိုးလည်းကောင်းပါတယ် ငါအာရုံမစားရဘူးပေါ့…

"မင်း အေးဆေးစား… ပြီးရင် ခုံကိုသာ ဘေးတွန်းထားလိုက်... မနက်ဖြန်မနက် စောစောငါလာခဲ့မယ်… ဆရာဝန်ကြီးလာကြည့်ပြီးရင် မင်း အိမ်ပြန်ရပြီ ငါလိုက်ပို့မယ် "

"Ae.."

"ပြော"

'ပြော' ဆိုတော့လည်း ဘာပြောရမလဲ သေချာမသိပါ.. အနားက ထွက်မသွားစေချင်တဲ့ စိတ်ဖြစ်နေတာကို ကိုယ်တိုင်က ထူးဆန်းသလို ခံစားနေရတယ်…။

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now