AFFL 12

205 26 0
                                    

အပိုင်း (12)

Friday 10:00 AM

Perth တယောက် Saint ဖုန်းကိုခေါ်နေတာကြာပြီ.. ဖုန်းသာ ၀င်ပြီးမကိုင်ဘူး…။

အပေါ်ထပ်မှာဖုန်းထားပြီးဆိုင်ထဲ ရောက်နေတယ်ထင်တယ်..။

ဆိုင်ဖုန်းခေါ်လိုက်တော့ မန်နေဂျာဖြစ်သူကောင်လေး လာကိုင် တယ်…။

“အကိုလေး Saint က မမ ChaAm နဲ့ အပြင်လိုက်သွားတယ် ခင်ဗျ”

“ChaAm နဲ့လား”

“ဟုတ် အကိုလေး”

“ဘာကိစ္စနဲ့လို့ ပြောသွားလဲ”

“မပြောသွားဘူးအကိုလေး”

“အေးအေး..မင်းအကိုဖုန်းမကိုင်လို့ စိတ်ပူလို့ ဆိုင်ဖုန်းကို ဆက်လိုက်တာ.. Saint ပြန်လာရင် အကို့ဆီ ဖုန်းဆက်ခိုင်းလိုက်နော်..”

“ဟုတ်..ကျွန်တော် ပြောလိုက်မယ်ခင်ဗျ”

ဖုန်းချပြီးတဲ့အထိစိတ်ထဲ ဘ၀င်မကျစိတ်က ကြီးစိုးနေတယ်…။

တခါမှ အဲလိုမပြောမဆိုဘဲမသွားဖူးဘူး…။
အခုလိုဖုန်းမကိုင်တာမျိုးလည်းမလုပ်ဖူးသလို Perth မပါဘဲ လည်း ဘယ်တော့မှ အဲလိုလိုက်မသွားတတ်ဘူး…။

အခုဘာဖြစ်လို့ လိုက်သွားတာလဲ…။
ChaAm နဲ့ စိတ်မချတာတော့ မဟုတ်ပါဘူး…။
ChaAm ဆိုတာ Saint နဲ့ အထက်တန်းအထိ အတူတူ ခင်မင် ကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေထဲကတယောက်…။

University ရောက်မှာသာ တက်ရောက်တဲ့ ကျောင်းမတူကြလို့ ကွဲသွားကြတာ…။

ChaAm က သားဖွားမီးယပ်အထူးကုဖြစ်တဲ့အပြင်  ကျန်ခဲ့တဲ့ လကမှ သူလွယ်ထားရတဲ့ ခလေးလေးအတွက် Baby Shower ပွဲလေး လုပ်လို့တောင် ကျွန်တော်တို့နှစ်ယောက် သွားခဲ့ကြသေးတာပဲ…။
စိတ်မချတာ မဟုတ်ပေမဲ့ တခါမှအခုလို မသွားဖူးတော့ နည်းနည်း စ်ိတ်အလိုမကျဖြစ်ချင်နေတာ…။
ဘာလို့ အခုလိုလုပ်လဲဆိုတာ ဖုန်းပြန်ဆက်လာမှ သေချာမေး ရမယ်….။

***********

Friday 12:00 PM
နှစ်နာရီကြာတဲ့အထိ Saint ဖုန်းလည်းပြန်ခေါ်မလာ ဖုန်းလည်း မကိုင်မို့  အစကစိတ်အလိုမကျတာ…
နောက်တော့ စိတ်တိုလာတာ…
အခုကျတော့ စ်ိတ်ပူတဲ့အဆင့်ကို ရောက်သွားပြီ…။
ဘာဖြစ်နေလို့လဲ…

Fake Love (S1) & Away From Fake Love (S2) {Complete}Kde žijí příběhy. Začni objevovat