20

448 41 10
                                    

အပိုင်း (20)

ဖြေးညှင်းစွာ တိုက်ခိုက်နေတဲ့ လေပြေလေညှင်းလေးတွေကြား ထဲ မတ်တပ်ရပ်နေတဲ့ အဖြူရောင်နတ်သားလေးတပါး…

ချောမောလွန်းတဲ့ ထိုနတ်သားရဲ့အသွင်အပြင်ကို ကောင်းကင် က ကြယ်လေးတွေမမှီသလို ထိုနတ်သားလေးရဲ့မျက်ဝန်းထဲက အလွမ်း တွေလောက်လည်း ကောင်းကင်က တိမ်လေးတွေ မမဲနက်နိုင်ပါဘူး

အလွမ်းတွေဖုံးလွှမ်းထားတဲ့ မျက်ဝန်းလေးတွေ ပြန်လည် မကြည်လင်နိုင်ခဲ့တာ ခုဆို ဥတုရာသီ ခုနှစ်လ်ီတောင် ဖြစ်နေခဲ့ပြီလေ..။

●●ကလေးအနားမှာ ကိုကိုမရှိတာ ခုနှစ်နှစ်ပြည့်ပြီကိုကို●●

ဒီလိုနေ့လေးရဲ့ဒီနေရာလေးမှာ ကလေးတယောက်တည်းမွေးနေ့ ပွဲ ကျင်းပခဲ့ရတာတော့ ငါးကြိမ်ရှိနေပြီကိုကို…

အချစ်တွေစတင်ခဲ့တဲ့ ဒီနန်းတော်ထဲမှာ ဘာလို့ ကလေး တယောက်တည်း နေနေရတာလဲ ??
ဘာလို့ကလေးကို တယောက်တည်းထားရက်ရတာလဲ ကိုကို ??

***********

လွန်ခဲ့ပြီးသော ခုနှစ်နှစ်ကာလ…
တသက်လုံးအတွက် ရင်နင့်စရာအကောင်းဆုံးမြင်ကွင်း ဖြစ် တည်ခဲ့ရာ ညလေးတည…
ရင်ခွင်ထဲမှာ သွေးအလိမ်းလိမ်းနဲ့ မြင်ရက်စရာမရှိတဲ့ Perth ကို ပွေ့ဖက်ထားခဲ့ရတဲ့ ည…

ဆေးရုံတွန်းလှည်းပေါ်တင်ဆောင်သွားတဲ့ Perth ရဲ့ လက်ဖျား လေးကို ကိုင်ပြီး အပြေးလေးလိုက်လာမိတယ်…။

"Perth.. မင်းနဲ့ငါ စာရင်းမရှင်းရသေးဘူးနော်.. မင်း ပြန်မလာ ရင် တသက်လုံး ငါခွင့်လွှတ်မှာမဟုတ်ဘူး"

မျက်ရည်တွေနဲ့ အံကိုကြိတ်ရင်း ကိုင်ထားတဲ့ Perth ရဲ့ လက်ကို တင်းနေအောင် ဖြစ်ပြီး ပြောနေမိတယ်…။

ဂဏှာမငြိမ်စွာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း

●●Perth.. ပြန်လာပါကွာ.. ငါ့အချစ်ကိုလိမ်ညာစော်ကားခဲ့တဲ့ Ae ကို မုန်းပေမဲ့ Perth နဲ့တော့ ငါမှာဖြေရှင်းစရာတွေရှိသေးတယ်.. မင်းပြန် လာမှဖြစ်မယ် Perth ●●

"Saint."

"Tin.." အပြေးရောက်လာတဲ့ Tin ကို ပုခုံးပြေးဖက်ကာ

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now