AFFL 14

246 21 0
                                    

အပိုင်း (14)

Sunday , Early Morning

“Baby.. Wake Up..”

“အင်..ကိုကို..ဘာလို့လဲ..”

“ထတော့ .. အားလုံး.ကလေးကို စောင့်နေတယ်”
“ဘာလို့ စောင့်နေတာလဲ..”

ပြူတင်းအပြင်ဘက်ကြည့်လိုက်တော့ နေေ၇ာင်ခြည်မြင်သာရုံ အချိန် မိုးတောင်ကောင်းကောင်းမလင်းသေးတာမို့…

“ကိုကို..မိုးတောင်မလင်းသေးဘူး..”

အိပ်ရေးမ၀လို့ စူထွက်လာလို့ နှုတ်ခမ်းလေးကို  Perth က သူ့ နှုတ်ခမ်းအတွင်းသားထဲအထိရောက်အောင် တချက်ငုံလိုက်ပြီး…

“Phuket (ဖူးခက်) သွားမလို့လေ မလိုက်ဘူးလား..”

“ဟမ်..Phuket..”

“မလိုက်ချင်လည်းကျန်ခဲ့ပါ..တို့သားအဖတွေပဲသွားတော့မယ်”

Perth က ရုပ်တည်ကြီးနဲ့စရင်း ထထွက်သွားဖို့လုပ်တော့ အတင်းအိပ်ရာပေါ်က လူးလဲထကာ Perth လက်ကိုဆွဲပြီး…

“ကိုကိုကလဲ..ကလေးမလိုက်ဘူးလို့ မပြောပါဘူး..ဒါပေမဲ့..”

ရေကြောက်တတ်တဲ့သူကို ပင်လယ်ဆီ ခေါ်သွားမယ်ဆို တော့  Perth စနေတယ်ပဲ ထင်နေတာပေါ့…။

“ကလေး မကြောက်နဲ့နော်.. ကလေး ရေကြောက်မှန်း သိပါ တယ် ဒါပေမဲ့ ပင်လယ်ကို သက်သက်ရွေးလိုက်တာ.. ကလေး ရေကူး တတ်တာပဲလေ.. စိတ်ကဖြစ်နေတဲ့ ကြောက်စိတ်ကို အစွဲမထားစေချင် ဘူး.. အဲတော့ အဲ့ကြောက်စိတ်ကို ကြိုးစားဖျောက်ကြရအောင် နော်.. ကိုကိုလည်း အနားမှာရှိနေတာပဲ.. ကလေးကို ဘယ်တော့မှ ကိုကို ပစ်မထားဘူးဆိုတာ ယုံတယ် မလား?”

ငယ်ငယ်တုန်းက Perth ကို ကယ်ရင်း ရေနစ်ခဲ့ရလို့ ရလာတဲ့ ကြောက်ရွံမှုက  အခုအသက်အရွယ်ထိ ပါလာတာကို Saint လည်း မကြိုက်ပါဘူး…။
ကိုယ်တိုင်လည်း ရေကူးတတ်တာပဲ…
ဟုတ်တယ် ..ကိုကိုပြောသလို စိတ်ကဖြစ်နေတာ...

အခု ကိုကို အနားမှာ ရှိနေပြီပဲ ..ဘာကြောင့် ကြောက်ရမှာလဲ…

ကိုကိုသာ ရှိရင် ငါအားလုံးကို ရင်ဆိုင်နိုင်တာပဲ…
“ကလေး..”

‘လိုက်လေမလား’ မျှော်လင့်ချက်လေး မ၀ံ့မရဲနဲ့ ခေါ်လိုက်တော့

Fake Love (S1) & Away From Fake Love (S2) {Complete}जहाँ कहानियाँ रहती हैं। अभी खोजें